ရွှေဂျိုးဖြူ ပုန်းရည်ကြီး

  • Home
  • Myanmar
  • Yangon
  • ရွှေဂျိုးဖြူ ပုန်းရည်ကြီး

ရွှေဂျိုးဖြူ ပုန်းရည်ကြီး No I No mine

31/07/2021
23/10/2016

နာမည်ကျော်တရုတ်စာရေးဆရာတစ်ဦးဟာ ဂျာမဏီမှာ ဂျာမန်အဘိုးအိုတစ်ဦးရဲ့အိမ်တစ်အိမ်မှာ ငှားနေခဲ့ဖူးတယ်။
တရက်မှာ စာရေးဆရာက မတော်တဆဖန်ခွက်တစ်ခုကို လုပ်ခွဲလိုက်မိတယ်။ သူက ဂျာမန်အဘိုးအိုကို ချက်ချင်းဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။
အဘိုးအိုက “ကိစ္စမရှိပါဘူး.. ခင်ဗျား မတော်တဆဖြစ်တာပဲ။ အဲဒီဖန်ခွက်မျိုးက ဈေးမကြီးဘူး။ မနက်ဖြန် ကျွန်တော်တစ်လုံးပို့လိုက်မယ်” လို့ဆိုတယ်။
နောက်တစ်ရက်မှာ အဘိုးအိုဖန်ခွက်လာပို့ပါတယ်။ သူက အိမ်ထဲဝင်တာနဲ့ စာရေးဆရာကို “ဟိုဖန်ခွက်ကွဲစတွေရော” လို့မေးတယ်။ စာရေးဆရာက “ကျွန်တော် လဲကျင်းပြီး အပြင်ထုတ်လိုက်ပြီ”လို့ဆိုတယ်။
အဘိုးအိုက အိမ်တံခါးအမြန်ဖွင့်ပြီး အမှိုက်အိတ်ကိုဆွဲဖွင့်တယ်။

ပြီးတော့ နောက်လှည့်ပြီး “ခင်ဗျား မနက်ဖြန်ကျရင် အိမ်ပြောင်းတော့၊ ခင်ဗျားကို ကျွန်တော်ဆက်မငှားချင်တော့ဘူး”လို့ ဆိုတယ်။ အဘိုးအိုဟာ တစ်ဘက်ကပြောရင်း တစ်ဘက်မှာ ဘောလ်ပင်၊ တံမြက်စည်း၊ ညှပ်နဲ့ အမှိုက်အိတ်ကိုယူပြီး အိမ်ပြင်ဖက်က အမှိုက်အိတ်ကိုသွန်ချပြီး အမှိုက်အမျိုးအစားခွဲတော့တယ်။ သူဟာ အသေးစိတ်ခွဲပါတယ်။
မိနစ်အနည်းငယ်အကြာမှာ ဖန်ခွက်ကွဲစတွေက တခြားအမှိုက်အိတ်တစ်ခုထဲရောက်သွားတယ်။ အမှိုက်အိတ်ပေါ်မှာ “သတိ.. ဖန်ခွက်ကွဲစပါသည်”လို့ သူရေးလိုက်တယ်။ နောက်အမှိုက်အိတ်တစ်ခုပေါ်မှာက “ဘေးကင်းသည်” လို့ရေးလိုက်တယ်။
စာရေးဆရာက ရုတ်တရက်သူမောင်းထုတ်ခံရတာကို နားမလည်နိုင်ဖြစ်နေခဲ့တယ်။ အဘိုးအိုကို သူမေးလိုက်တယ်… “ဘာဖြစ်လို့လဲ.. ကျွန်တော်ဖန်ခွက်လုပ်ခွဲလိုက်လို့လား”
အဘိုးအိုက ခေါင်းခါပြရင်း “မဟုတ်ဘူး… ခင်ဗျားရဲ့ရင်ထဲမှာ တခြားလူမရှိလို့” လို့ဆိုတယ်။
အခုနားက အဘိုးအို အမှိုက်အမျိုးအစားခွဲတာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရလို့ရယ်၊ အခု အဘိုးအိုပြောလိုက်တဲ့ စကားတစ်ခွန်းရယ်ကြောင့် စာရေးဆရာ မျက်နှာထူပူသွားခဲ့တယ်။
ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်၊ အလေးနက်ထားသင့်တာကို အလေးနက်ထားတာဟာ အဘိုးအိုရဲ့ရင်ထဲ တခြားသူကိုထည့်ထားလို့ဖြစ်တယ်။
အမှိုက်အိတ်ပေါ်မှာ အဘိုးအိုရေးထားတဲ့စကားလုံးတွေ သိပ်မများဘူး။ လက်ရေးလည်း မလှဘူး။ ဒါပေမယ့် အဲဒီစကားလုံးတွေထဲမှာ လှပမှု၊ နွေးထွေးမှုတွေပါနေခဲ့တယ်။ ဘောလ်ပင်ချင်းအတူတူပါပဲ.. ဒါပေမယ့် အမှိုက်အိတ်ပေါ် အဘိုးအိုလေးလေးနက်နက်ရေးလိုက်တဲ့ စကားလုံးတွေက စာရေးဆရာစာရွက်ပေါ်ရေးလိုက်တဲ့ လှပတဲ့စကားလုံးတွေထက် ပိုတောက်ပလင်းလက်နေခဲ့ပါတယ်။
**** ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်။

Credit.. Nine Sanay @ နိုင်းနိုင်းစနေ

05/09/2016
05/09/2016

ကိုယ့်ကိုယ်ကိုရဲ့ အကောင်းဆုံး..
===============
သင်ဟာ ဘယ်လောက်တော်တော်၊ ဘယ်လောက်ထူးချွန်ထူးချွန် နောက်ထပ် အိုင်းစတိုင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။
သင်ဟာ ဘယ်လောက်ပဲလှလှ နောက်ထပ် အင်ဂျလီနာဂျိုလီတစ်ယောက် မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် သင်ဟာ မောင်ဖြူဆိုရင် မောင်ဖြူတစ်ယောက်ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ ထူးချွန်လို့ရပါတယ်။
သင်ဟာ မလှဆိုရင် မလှတစ်ယောက်ရဲ့ အလှပဆုံးအလှနဲ့ လှပလို့ရပါတယ်။
တစ်ခြားဘယ်သူ့ကိုမှ မတုပပါနဲ့။ သင့်ကိုယ်သင်ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ ရှင်သန်ရပ်တည်ပါ။

အကောင်းဆုံးဖြစ်အောင်နေထိုင်ခြင်း
================
သင့်ရဲ့ အကောင်းဆုံးပုံစံ (Best version) ရအောင် ဘယ်လိုနေထိုင်မလဲ?

► ယုံကြည်မှုတည်ဆောက်။

သင်ဟာ သင့်ရဲ့အကောင်းဆုံးပုံစံတွေနဲ့ ရပ်တည်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရင်ထဲမှာ ကိန်းအောင်းနေဖို့ လိုပါတယ်။
သူများတွေကို အားကျပြီး အားငယ်မနေပါနဲ့။ သင်လည်းပဲ သင့်ကိုယ်ပိုင်ဟန်တစ်ခုနဲ့ အကောင်းဆုံးလုပ်နိုင်ပါတယ်။ ယုံကြည်ထားပါ။
► သွားရမယ့်ခရီးကို မမေ့နဲ့။

သင့်ရဲ့ရည်မှန်းချက်က သင့်ရဲ့လမ်းပြမြေပုံပဲ။ အကောင်းဆုံးလုပ်ဖို့ဆိုရင် ဘာလုပ်ရမလဲဆိုတာ သိဖို့လိုတယ်။ သင်သွားနေတဲ့ခရီးကို
ဘယ်တော့မှ မမေ့ပစ်နဲ့။ ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေး..။
► လုပ်နိုင်သမျှရဲ့ အစွမ်းကုန်။

တစ်နာရီစာဖတ်နိုင်ရင် တစ်နာရီစာဖတ်။ တစ်နာရီ လေ့ကျင့်ခန်းလုပ်နိုင်ရင် တစ်နာရီလုပ်။ ကိုယ်အားထုတ်နိုင်တဲ့ ပမာဏအတိုင်း
မလျော့တဲ့ အားထုတ်မှုနဲ့ အလုပ်လုပ်။ ဘဝအတွက်ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ်၊ တိုးတက်ရေးအတွက်ပဲဖြစ်ဖြစ်။
အဆုံးစွန်ဆုံးထိရောက်အောင် ကြိုးစား။
► ထက်မြက်မှုတွေ ပေါ်လွင်ပါစေ။

ကိုယ့်ကိုယ်ကို ထားတဲ့ ယုံကြည်မှုတွေက ပတ်ဝန်းကျင်အပေါ် လွှမ်းမိုးနေပါစေ။ သိမ်ငယ်နေတဲ့ သွင်ပြင်၊ အားငယ်နေတဲ့ သွင်ပြင်တွေ၊
စိတ်ဓါတ်ကျနေတဲ့ပုံစံတွေကို မေ့ပစ်လိုက်ပါတော့။
► အရှုံးမပေးတဲ့စိတ်ကိုသွင်းထား။

သင် စိတ်ဓါတ်ကျမယ်။ ကျရှုံးမယ်။ စိတ်ဆင်းရဲမယ်။ နာကျင်မယ်။ ဒါသဘာဝပဲ။ လူတိုင်းဖြစ်တတ်တယ်။
ပြန်ရုန်းထမယ်ဆိုတဲ့စိတ်မျိုးကိုပဲ ရင်ထဲအပြည့်ထည့်ထား။
► အပြန်အလှန်လေးစားမှု။

သင်ရဲ့ အပြုအမူတွေက အကောင်းဆုံးဖြစ်လာတာနဲ့အမျှ သင့်ကိုယ်သင် လေးစားတတ်လာပါလိမ့်မယ်။
ဒီလိုပဲ တစ်ဖက်သားကိုလည်း လေးစားတတ်ဖို့ လိုပါမယ်။

သင့်ကိုယ်သင်ရဲ့ အကောင်းဆုံးပုံစံများဖြင့် ရပ်တည်နိုင်ကြပါစေ..
______________
လေးစားမှုများဖြင့်....
ရွှေညာမောင် (Focus Youth)

Focus Youth E-magazine ၏ August Issue အား အောက်ပါ Link မှတစ်ဆင့် အခမဲ့ Dowload ရယူနိုင်ပါပြီ။
Download Link -
http://bit.ly/SepLink1 (6 MB)

(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)

02/09/2016

S-U-C-C-E-S-S ရဲ့ ဆိုလိုရင်းကို သိပြီလား..
=======================

Success (အောင်မြင်မှု) တစ်ခု ဖြစ်အောင် ဘယ်လိုလုပ်မလဲ?
Success ဆိုတာရော ဘာလဲ?
Success
======
S = S-ee your goal
U = U-nderstand the obstacles
C= C-reate a positive attitude
C= C-lear the doubts in your mind
E= E-mbrace the challenge
S= S-tay on track
S= S-how the world you can do it
S (See your goal)

သေချာပါတယ်။ အောင်မြင်ဖို့အတွက် အရင်ဆုံးလိုအပ်တာ သင့်ရဲ့ ရည်မှန်းချက်ပါပဲ။ သင်ဘာဖြစ်ချင်လဲ သင့်ကိုယ်သင်မေးပါ။
ရင်ထဲက ဖြစ်လာတဲ့ ဆန္ဒတစ်ခုဟာ သင့်ဘဝမှာ အောင်မြင်ဖို့အတွက် ပန်းတိုင်တစ်ခုပါပဲ။
U (Understand the obstacles)

အဲဒီ့ပန်းတိုင်တစ်လျှောက် ဘယ်လိုအခက်အခဲတွေ၊ အတားအဆီးတွေ ကြုံလာနိုင်မလဲဆိုတာ သိထားရပါမယ်။
ဒါမှလည်းပဲ ကိုယ့်အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရမှာပါ။ ဒီလို ကြိုတင်ပြင်ဆင်မှုတွေဟာ တကယ်တမ်း အခက်အခဲတွေကို
နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လာရချိန်မှာ အရမ်းအသုံးဝင်တဲ့ ပြင်ဆင်မှုတွေ ဖြစ်မှာပါ။
C (Create a positive attitude)

အပြုသဘောဆောင်တဲ့စိတ်တစ်ခု လိုအပ်ပါတယ်။ ဒီပန်းတိုင်ကိုသွားတဲ့လမ်းမှာ စိတ်ဓါတ်တွေကျမယ်၊ အားငယ်စရာတွေကြုံမယ်၊
အရှုံးပေးချင်လောက်အောင် ဖြစ်နိုင်တဲ့အတွက် ခိုင်မာတဲ့ စိတ်ဓါတ်တစ်ခုကို တစ်ခါတည်း ပြင်ဆင်သွားရပါမယ်။
C (Clear the doubts in your mind)

လူတွေက မလုပ်နိုင်ပါဘူး လို့ ထပ်တလဲလဲ ပြောမယ်။ လူတွေက ဝေဖန်မယ်။ တိုက်ခိုက်မယ်။ ဒီစကားသံတွေကတစ်ဆင့်
သင့်ကိုယ်သင် သံသယဝင်လာမယ်ဆိုရင် သင်လိုချင်တဲ့နေရာကို ရောက်ဖို့ ခဲယဉ်းသွားပါပြီ။ သင့်ရဲ့လုပ်နိုင်စွမ်းရည်အပေါ်
ဘယ်တော့မှ သံသယမဝင်ပါနဲ့။
E (Embrace the challenge)

အောင်မြင်ချင်ရင် အားထုတ်ရမယ်။ အခက်အခဲတွေကို ကျော်လွှားရမယ်။ စိန်ခေါ်မှုတွေကို လက်ခံရင်ဆိုင်နိုင်စွမ်း ရှိရမယ်။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဒါတွေကို လုပ်နိုင်ဖို့ လုံလောက်တဲ့ စွမ်းအားတွေရှိတယ်လို့။ စွမ်းအားတွေ မရှိသေးဖူးလား?
ရှိအောင် အားထုတ်လိုက်ပါ။ လိုအပ်တဲ့စွမ်းရည်မှန်သမျှဟာ သင်ကြိုးစားယူလို့ရပါတယ်။ အဲဒါကို ယုံပါ။
S (Stay on track)

အရေးကြီးပါတယ်။ အရှုံးတွေနဲ့ ကြုံမှာဖြစ်လို့ စိတ်ဓါတ်ကျပြီး လက်မလျော့ဖို့ လိုပါတယ်။
ပြန်ထပါ။ ဦးတည်ရာလမ်းကြောင်းပေါ် ပြန်လျှောက်ပါ။ တစ်နေ့တော့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးကိုမွေးပါ။
S (Show the world you can do it)

သင် လုပ်နိုင်ခဲ့ပြီ.. အောင်မြင်မှုနဲ့ ထိုက်တန်ခဲ့ပြီဆိုတဲ့အကြောင်း သက်သေပြလိုက်ပါ။
__________
လေးစားမှုများဖြင့်
ရွှေညာမောင် (Focus Youth)
Ref: Kapeleris

Focus Youth E-magazine ၏ August Issue အား အောက်ပါ Link မှတစ်ဆင့် အခမဲ့ Dowload ရယူနိုင်ပါပြီ။
Download Link -
http://bit.ly/AugLink (4.92 MB)

(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)

Address

Yangon
123456789

Telephone

+959454123199

Website

Alerts

Be the first to know and let us send you an email when ရွှေဂျိုးဖြူ ပုန်းရည်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category