Chemist Pharmacy

  • Home
  • Chemist Pharmacy

Chemist Pharmacy နိုင်ငံခြားဆေးနှင့်တိုင်းရင်းဆေးမ?

21/01/2019

^ အံဆုံးသွား (သို့) ပုန်းနေတဲ့ကျား (သို့) Wisdom Tooth ^

- နှုတ်ကိုနှုတ်ရမည့်သွား ( အံဆုံး - Wisdom Tooth )ကိုထားထားရင်း ကယ်ကိုကယ်ရမည့်သွားပါဆုံးရှုံးရတတ်ပါသည် ။
- သို့သော် သွားကိုက်တိုင်းမနှုတ်ပါနှင့် ။ မိမိသွားကိုတန်ဖိုးထားပါ ။ သွားအမြစ်ပဲကျန်လျှင်တောင်ကယ်လို့ရပါသေးသည် ။
- သွားမနှုတ်ပါက တစ်ချောင်းမကောင်း တစ်ချောင်းသာပြန်စိုက်ရန်လိုပြီး သွားနှုတ်လိုက်ပါက ဘေးသွားများကိုတွဲပြီးပြန်စိုက်ရနိုင်ပါသည် ။

အံဆုံး (Wisdom Tooth ) ကိုနှုတ်သင့်လား?

- ဒုက္ခပေးလျှင် (သို့) ဒုက္ခပေးမည့်အလားအလာရှိလျှင်နှုတ်သင့်ပြီး Alignment ကောင်းပြီး ဘာမှဒုက္ခမပေးလျှင်ထားနိုင်ပါသည်။

နှုတ်ရင်နာမှာလားမသိဘူး?

- ထုံဆေးထိုးပြီးကျွမ်းကျင်သည့်ဆရာဝန်ကိုယ်တိုင်နှုတ်ပေးမှာဖြစ်သည့်အတွက် မနာပါ။ထုံဆေးပြေမည့်အချိန်ကိုမှန်းပြီးဆေးကြိုပေးထားမည်ဖြစ်သည့်အတွက်လဲ Post Operative Pain အနည်းငယ်သာရှိနိုင်ပါသည်။စဆုံး Operative Time နာရီဝက်ခန့်သာကြာမည်ဖြစ်သည့်အတွက်လဲ စိုးရိမ်ထိတ်လန့်နေစရာမလိုပါ။

အံဆုံး (Wisdom Tooth) ဘယ်အချိန်မှာစပေါက်လဲ?

- အံဆုံးကိုအသက် ၁၈ နှစ်တွင်စပေါက်သည်ဟုပြောထားသော်လဲ ၁၆ နှစ်နှင့် ၄ချောင်းလုံးပေါက်တဲ့သူရှိသလို အသက် ၄၀ ကျော်ထိတစ်ချောင်းမှမပေါက်တဲ့သူလဲရှိပါသည်။

ဒုက္ခပေးနိုင်မပေးနိုင်ဘယ်လိုသိနိုင်မလဲ?

- သွားဆရာဝန်နှင့်ပြသမှသာသိနိုင်ပြီး လိုအပ်ပါကသွားဓာတ်မှန်ရိုက်ရနိုင်ပါသည်။

ဘယ်လိုမျိုးဒုက္ခပေးလဲ?

- အံဆုံးတော်တော်များကအတွင်းပိုင်းနောက်ဆုံးမှာရှိသည့်အတွက်သန့်ရှင်းရေးလုပ်ရန်အလွန်ခက်ပါသည်။မြင်လဲမမြင်ရပါ။ စောင်းပေါက်သည့်အံဆုံးနှင့် ရှေ့အံသွားကြားတွင်လဲ အစာအရမ်းညှပ်လွယ်ပြီး နှစ်ချောင်းလုံးကိုခွပြီးပိုးစားတတ်ပါသည်။နောက်ဆုံးကယ်လို့မရအခြေအနေဖြစ်ပြီးရေရှည်တွင်နှစ်ချောင်းလုံးဆုံးရှုံးရနိုင်ပါသည်။အသုံးမဝင်သည့်သွားကိုကယ်ရင်းအသုံးဝင်သည့်သွားပါနှုတ်လိုက်ရသည့်အဖြစ်မျိုးဖြစ်နိုင်ပါသည်။

- အံဆုံးသွား၏တွန်းအားကြောင့် ရှေ့သွားများထပ်လာနိုင်ပြီး သွားဖုံးတွင်းအစာညှပ်ခြင်းကြောင့် လဲပိုးဝင်ပြီးယောင်လာနိုင်ပါသည်။

အံဆုံးသွားကိုက်လာလို့မကုပဲထားရင်ဘယ်လောက်ထိဖြစ်နိုင်လဲ?

- ပါးတစ်ခြမ်းလုံးယောင်ပြီးပြည်တည်လာနိုင်ပါသည်။ရေရှည်တွင်းပါးစပ်ပင်မဟနိုင်အောင်ဖြစ်ပြီးနားထင်တစ်ခြမ်းလုံးကိုက်လာပြီး ညဖက်အိပ်လို့မရသည့်အထိဖြစ်နိုင်ပါသည်။

- သွားရေးလာရေးအဆင်ပြေစေရန်အတွက် Pearl Inya Dental Clinic ကို မေတ္တာလမ်း ( တောင်ဥက္ကလာ ) ၊ မင်းရဲကျော်စွာလမ်း ( လမ်းမတော် ) နှင့် အင်းယားလမ်း ( ကမာရွတ် ) တို့တွင်ဖွင့်လှစ်ထားပါသည်။

Pearl Inya Dental Clinic ( တောင်ဥက္ကလာ )
သွား နှင့် ခံတွင်း အထူးကုဆေးခန်း

အမှတ်(၁၀၁၄) ၊ ပထမထပ် ၊ မေတ္တာလမ်း (ဝေဇယန္တာ City Mart မျက်စောင်းထိုးလမ်း ) ၊ ဝေဇယန္တာလမ်း နှင့် သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာမြို့နယ် ။
နေ့စဉ်နံနက် (၉:၀၀) နာရီမှ ည (၈:၀၀) နာရီထိ( Open Daily - ပိတ်ရက်မရှိ )
Ph : 09 771 44 55 66 , 09 772 44 55 66

Pearl Inya Dental Clinic ( လမ်းမတော် )
သွား နှင့် ခံတွင်း အထူးကုဆေးခန်း

အမှတ်(၉၅/၁၀၅) ၊ ပထမထပ် ၊ မင်းရဲကျော်စွာလမ်း ၊ ပြည်လမ်းနှင့်ဝါးတန်းလမ်းကြား (Diamond Crown Hotel ရှေ့ ၊ UMFCCI မျက်စောင်းထိုး) ၊ လမ်းမတော်မြို့နယ် ။
နေ့စဉ်နံနက် (၉:၀၀) နာရီမှ ည (၈:၀၀) နာရီထိ( Open Daily - ပိတ်ရက်မရှိ )
Ph : 09 775 771 771 , 09 775 772 772

Pearl Inya Dental Clinic ( ကမာရွတ် )
သွား နှင့် ခံတွင်း အထူးကုဆေးခန်း

အမှတ်(၉၈)၊အင်းယားလမ်း၊ကမာရွတ်မြို့နယ် (ခေမရဋ္ဌ် ရှမ်းခေါက်ဆွဲဆိုင်ဘေးကပ်လျှက်)
နေ့စဉ်နံနက် (၉:၀၀) နာရီမှ ည (၇:၀၀) နာရီထိ (Sunday တစ်ရက်ပိတ်ပါသည်)
Ph : 01 505397 , 09 5128202

21/01/2019

လည်ပင်းအရိုးကျီးပေါင်းတက်ခြင်း အကြောင်းနှင့် ခံစားရသော လက္ခဏာများ

အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးလာသော လည်ပင်းတွင် ရှိသော အရိုးများ ကြားရှိ အရိုးနုများပါး သောကြောင့် လှုပ်ရှားရခက်ခဲခြင်း၊ လှုပ်ရှားလျှင်နာခြင်း စသော ရောဂါ လက္ခဏာများ ဖြစ်ပေါ် ခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ထို အရိုးနုများပါးပြီး အရိုးအတက်ထွက် ခြင်းကြောင့် လည်းဖြစ်ပေါ်တတ်ပါသည်။ ထိုထွက်လာသော အရိုးအတက်များသည် ကျော်ရိုးမကြီးမှ ထွက်လာသော အာရုံကြောများအား ဖိမိသည့်အခါတွင် ကျီးပေါင်းလက္ခဏာများ ခံစားရလေ့ရှိပါသည်။ နာတာ၊ ကျင်တာ ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာတို့ ဖြစ်စေပါတယ်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

အရိုးကျီးပေါင်းတက်ခြင်းသည် လည်ပင်းတွင် အများဆုံးဖြစ်ပေါ်တတ်သောကြောင့် လည်ပင်းကျီးပေါင်း တက်ခြင်းဟုခေါ်ဆိုကြခြင်းဖြစ်ပါသည်။ လည်ပင်းတွင်သာမက ခန္ဓာကိုယ်၏ ကျောရိုးမကြီး တလျောက် ဖြစ်ပေါ်တတ်ပါသည်။ ကျောရိုးမကြီးတွင် အဆစ်ပေါင်း ၃၃ ဆစ်ရှိပါသည်။ လည်ပင်းတွင် ၇ ဆစ်၊ ရင်ခေါင်းတွင် ၁၂ ဆစ်၊ ခါးတွင် ၅ ဆစ်၊ တင်ပါးတွင် ၅ ဆစ်နှင့် အမြီးပိုင်းဟုခေါ်သော နေရာတွင် ၄ ဆစ်ဟူ၍ စုစုပေါင်း ၃၃ ဆစ်ရှိပါသည်။ ထို နေရာများတွင် ကျီးပေါင်း အဖြစ်များဆုံး ဖြစ်ပေါ်ပြီး ခါးနာခြင်း၊ လည်ပင်းဇက်ကြောတက်ခြင်း၊ မူးဝေခြင်း တို့သည် ကျီးပေါင်းဖြစ်ခြင်းကြောင့် ခံစားရသော ရောဂါ လက္ခဏာများ ဖြစ်ပါသည်။ လည်ပင်းမှာဖြစ်လျှင် Cervical Spondylosis ဟုခေါ်ဆိုပြီး ခါးတွင် ဖြစ်လျှင် Lower Back Spondylosis ဟုခေါ်ဆိုပါသည်။

အရိုးကျီးပေါင်းရောဂါ ဖြစ်စေသော အကြောင်းအရင်းများ

၁။အထိုင်များခြင်း။ ရုံးအလုပ်စသော ကွန်ပျူတာ အကြည့်များခြင်း။
၂။လှုပ်ရှားမှုနည်းခြင်း။ လေ့ကျင့်ခန်း လုပ်နည်းခြင်း။
၃။အဝလွန်ခြင်း။
၎။လည်ပင်းအား ယခင်က ထိခိုက်ခဲ့ဖူးခြင်း။
၅။အလေးအပင်များ အမများခြင်း။
၆။အသက်အရွက်ကြီးလာသောကြောင့် အရိုးနုများပါးလာခြင်း။
အရိုးကျီးပေါင်းရောဂါ လက္ခဏာများ
၁။လည်ပင်းလှုပ်ရှားလျှင် နာကျင်ခြင်း။ လှုပ်ရှားရခက်ခဲခြင်း။
၂။ဇတ်ခိုင်နေခြင်း။
၃။ခေါင်းကိုက်ခြင်း။
၎။မူးဝေခြင်း။
၅။လက်များ လှုပ်ရှားလျှင် ကျင်ခြင်း၊ နာခြင်း။
၆။ခေါင်းအား ဘေးဘက်သို့ ကောင်းမွန်စွာ မလှည့်နိုင်ခြင်း။
၇။ခေါင်းလှုပ်ရှားသောအခါတွင် လည်ပင်း အဆစ်များမှ အသံမြည်ခြင်း။
၈။လက်တလျှောက် အပ်နှင့် အထိုးခံရသလို ခံစားရခြင်း။
၉။လည်ပင်းတွင် Cervical Spondylosis ဖြစ်ခြင်းကြောင့် အာရုံကြောကို ဖိခြင်းကြောင့် ကိုယ်ခန္ဓာ အောက်ပိုင်းတစ်ခုလုံးအားနည်းခြင်း၊ လမ်းသွားရာတွင် ပုံမမှန်ခြင်း။
၁၀။ဆီးဝမ်းမမှန်ခြင်း။
ရောဂါ လက္ခဏာများသည် မနက်ပိုင်း အိပ်ရာထထခြင်းတွင် အဆိုးဆုံးဖြစ်ပြီး ညနေပိုင်းသို့ရောက်သော အခါတွင် တဖြည်းဖြည်းသက်သာသွားခြင်း။

အထက်ပါရောဂါလက္ခဏာများ ခံစားနေရလျှင် အရိုးကျီးပေါင်းဖြစ်နေသည်ဟု အကြမ်းဖျင်းပြောလို့ ရပါတယ်။ ထိုကဲ့သို့ ကျီးပေါင်းဖြစ်နေသည့်အခါတွင် အရင်ဆုံး မည်သည့်အဆစ်တွင် ကျီးပေါင်းဖြစ်နေသည်အား အရင်ဆုံးသိရှိအောင် ပြုလုပ်ရပါသည်။ ကျီးပေါင်းလက္ခဏာ ခံစားနေရသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းအား အရင်ဆုံး X Ray ရိုက်ကူးပြီး အရိုးတွင် ကျီးပေါင်းဖြစ်နေသည့် အခြေအနေအား သေချာစွာ ကြည့်ရှုရပါသည်။

ကျီးပေါင်းဖြစ်နေသည့် အရိုးအဆစ် တိတိကျကျ၊ ကျဉ်းနေသော ပါးနေသော အရိုးနု၏ အခြေအနေ၊ အရိုးအတက် ထွက်ခြင်း အခြေအနေ စသည်တို့အား အသေးစိတ်ကြည့် ရှုပြီး ကုသခြင်းအား ဆုံးဖြတ်ပါသည်။

အရိုးကျီးပေါင်းဖြစ်နေသည့် အခါတွင် ခံစားရသော လက္ခဏာများသည် ဆိုးသည့်အတွက် နားလည်တတ်ကျွမ်းသော အရိုး၊အကြော၊ အဆစ် အထူးကုဆရာဝန်နှင့် သေချာပြသပြီး တိုင်ပင်ကုသ သင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးသည် ကုသခြင်းဆေး သက်သက်မဟုတ်ပဲ အခြားသော နည်းလမ်းအများအပြားရှိပါသည်။ ကျီးပေါင်းတက်ခြင်းအတွက် အရိုးနုများပြန်လည်အားကောင်းစေသော အရိုးနုအားဆေးများလည်း သောက်သုံးသင့်လျှင် သောက်သုံးရနိုင်ပါသည်။ ထိုမျှသာမက အခြားသော အရိုးကျီးပေါင်းတက်ခြင်းအတွက် ခံစားနေရာသော ကျင်ခြင်း၊ မူးဝေခြင်း နှင့် အခြားသော ရောဂါ လက္ခဏာများ အတွက် ဆေးများအား သောက်သုံးသင့်ပါသည်။ လေ့ကျင့်ခန်းအား လည်း လုပ်ပေးရမည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် အရိုးကျီးပေါင်းဖြစ်နေသော နေရာနှင့် ရောဂါ အဆိုးအကောင်း အခြေအနေ အပေါ်မူတည်ပြီး လုပ်ရမည့်လေ့ကျင့်ခန်းများ သည် တူညီမည်မဟုတ်ပါ။

အရိုးကျီးပေါင်းသည် ဖြစ်ဖြစ်ချင်း စောလျှင်စွာသိရှိကုသလျှင် ပို၍ ဆိုးရွားမလာအောင် ထိန်းသိမ်းကုသ၍ ရသော ရောဂါဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အရိုးကျီးပေါင်း ခံစားနေရပါက တတ်ကျွမ်းနားလည်သော အရိုး၊ အကြော၊ အဆစ် အထူးကုသမားတော်ကြီးများနှင့် ပြသဖို့ အကြံပြုပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အရိုးကျီးပေါင်းသာမက ခါးနာခြင်း၊ လည်ပင်းကြီးပေါင်းတက်ခြင်း၊ ကျောရိုးကျီးပေါင်း တက်ခြင်းနှင့် ဒူးနာခြင်း၊ အခြားသော အရိုး၊အကြော၊ အဆစ်ရောဂါ များရောဂါများအား ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

Family Doctor အထူးကုဆေးခန်းတွင် လည်ပင်းကျီးပေါင်းတက်ခြင်း အပါအဝင် ခါးနာခြင်းအပြင် အခြားသော အရိုးအဆစ်နာကျင်ခြင်း ခံစားနေရသော မိဘပြည်သူများအတွက် ဈေးနှုန်း သက်သာသော X Ray Package အား စီစဉ်ထားရှိပါသည်။ ထို X Ray Package တွင် ပါဝင်သော ဝန်ဆောင်မှုများမှာ

၁။မိမိခံစားနေရသော ခန္ဓာကိုယ် အစိတ်အပိုင်းအား X Ray ဓာတ်မှန် ရိုက်ကူးခြင်း။ (ဓာတ်မှန် ၂ ပုံ ရိုက်ကူးခ ပါဝင်မည်ဖြစ်ပါသည်)။

၂။အရိုး၊ အကြော၊အဆစ် အထူးကုသမားတော် နှင့် ဆွေးနွေးပြသ ကုသခြင်း (စမ်းသပ်ခ) ပါဝင်မည်ဖြစ်ပါသည်။

၃။ဆေးခန်းဝန်ဆောင်ခ
တို့ပါဝင်မည်ဖြစ်ပါသည်။

ထို အရိုးကျီးပေါင်း Package အား အပြီးအစီး ငွေကျပ် ၂၁၀၀၀ ဖြင့် အထူးချိုသာသော ဈေးနှုန်းဖြင့် ဆွေးနွေးပြသ ကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
X Ray ရိုက်ပြီးသော မိဘပြည်သူများ အနေဖြင့်လည်း အရိုးအထူးကုသမားတော်နှင့် Package မလုပ်ပဲ ပုံမှန် အတိုင်း ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပြသနိုင်သော အရိုးအထူးကု သမားတော်များ မှာ

၁။ဒေါက်တာစိုးစံ
M.B.,B.S (Ygn), M.Med.Sc (Orthopedics)
Dr.Med.Sc (Orthopedics)
AO Trauma Regional Fellowship (Mumbai)
Fellowship in Pediatric Orthopedics (Seoul)
Travelling Fellowship in Paediatric Orthopedics (POSNA)
ရန်ကုန်ပြည်သူ့ အရိုးအထူးကုဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၅း၃၀ နာရီ။
တနင်္ဂနွေနေ့ နံနက် ၉ နာရီ။

၂။ ဒေါက်တာဇာခြည်ဝေလင်း
M.B.,B.S, M.Med.Sc (Int. Medicine), MRCP (UK)
Fellowship in Rheumatology (Singapore)
အတိုင်ပင်ခံ သမားတော် (Consultant Physician)
အရိုး၊အကြော၊ အဆစ် ဆေးပညာဌာန
ရန်ကုန် ကုတင် (၅၀၀) အထူးကုဆေးရုံသစ်ကြီး
တနင်္လာ၊ဗုဒ္ဓဟူး ညနေ ၅ နာရီ။
စနေနေ့ ညနေ ၅ နာရီ။

၃။ဒေါက်တာ မျိုးမင်းကျော်မြင့်
M.B.,B.S (Ygn), M.Med.Sc (Orthopedics)
ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး
နေ့စဉ် ညနေ ၅ နာရီ။

အရိုး၊ အကြော၊အဆစ် အထူးကု သမားတော် နှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၉၇၂၁၇၆၇၈၆၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

Christmas and New Year တွင် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း Medical Checkup ပြုလုပ်လိုသော မိဘပြည်သူများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package အား ပြုလုပ်နိုင်ပါသည်။

Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း
1.Chest X Ray (ရင်ဘတ်ဓာတ်မှန်)

ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း
2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်)

အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး)
3.Total Bilirubin
4.Alkaline Phosphatase
5.SGOT (AST)
6.SGPT (ALT)

သွေးတွင်း အဆီဓာတ် (၄ မျိုး)
7.Total Cholesterol
8.Triglycerides
9.HDL
10.LDL

ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး)
11.Creatinine
12.Urea
13.Sodium
14.Potassium
15.Chloride
16.Bicarbonate

17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း)

18.Uric Acid

19.Albumin(အသားဓာတ်စစ်ဆေးခြင်း)

20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း)

21.Urine RE(ဆီးစစ်ဆေးခြင်း)

လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း

22.TSH
23.Free T3
24.Free T4

နှလုံးအား အသေးစိတ်စစ်ဆေးခြင်း

25.ECG
26.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း)
27.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း
တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလကုန် အထိ လူကြီးမိဘများကို Medical Checkup ကျန်းမာရေးလက်ဆောင် ဖြင့် ကန်တော့လိုသည်ဖြစ်စေ၊ မိမိကိုယ်တိုင် Medical Checkup ပြုလုပ်လိုလျှင်ဖြစ်စေ Family Doctor မှ အထူး Promotion အစီအစဉ် ပြုလုပ်ပေးထားပါသည်။

Special Whole Body Checkup
တစ်ယောက် = 135,000 ကျပ်
နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။)

Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီ
ဖြစ်ပါသည်။

မိသားစုတိုင်း၏ မိသားစုအထူးကုဆရာဝန်ကြီးများ (Family Doctor အထူးကုဆေးခန်း) တွင် ပြသနိုင်သော ဆရာဝန်ကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများ

၁။ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင်
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK), FRCP (Edin)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၅ နာရီ။

၂။ဒေါက်တာ ဒေါ်ဆွေမွန်မြ
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK), FRCP (Edin)
Dr.Med.Sc (Gastroenterology)
Senior Consultant Gastroenterologist
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ ညနေ ၄း၃၀ နာရီ။
စနေနေ့ ညနေ ၆ နာရီ။

၃။ဒေါက်တာ မြသက်နွယ်
M.B.,B.S., M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
Consultant Gastroenterologist
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဗုဒ္ဓဟူး၊ ကြာသပတေး ညနေ ၄ နာရီ။

၎။ဒေါက်တာ စန္ဒာဝင်း
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာ၊ သောကြာ ညနေ ၅ နာရီ။
တနင်္ဂနွေနေ့ ညနေ ၆ နာရီ။

၅။ဒေါက်တာ သီတာစိုး
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေးနေ့ ညနေ ၄ နာရီ။

၆။ဒေါက်တာလင်းထက်ဦး
M.B.,B.S., M.Med.Sc (Internal Medicine), MRCP (UK)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၅ နာရီ။

၇။ဒေါက်တာသန်းသန်းအေး
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၇ နာရီ။
On Call

၈။ဒေါက်တာစုစုလှိုင်
M.B.,B.S., M.Med.Sc (Internal Medicine)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
နေ့စဉ် On Call

၉။ဒေါက်တာ ဥမ္မာညွန့်တင်
M.B.,B.S., M.Med.Sc (Internal Medicine)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။

၁၀။ဒေါက်တာ နန်းခင်ဖုန်းတင့်
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
On Call
-----------------------------------------------------------------------------------------
-----------------------------------------------------------------------------------------
အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ
၁။တွဲဖက်ပါမောက္ခ ဒေါက်တာစိန်ဝင်း
M.B.,B.S , M.Med.Sc (Int. Med)
Dr.Med.Sc (Clinical Haematology)
Fellow in Clinical Haematology and Stem Cell Transplantation (Vellore, CMC)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Daily On Call
၂။ကထိကဒေါက်တာစိန်ခိုင်
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP (UK), MRCP (London)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၆း၀၀ မှ ၉း၀၀ အထိ။
စနေ၊ တနင်္ဂနွေ နံနက် ၈း၀၀ မှ ၁၀း၀၀ အထိ။
၃။ဒေါက်တာ ကျော်စိုးလင်း
M.B.,B.S (Ygn), M.Med.Sc (Int. Med)
အထွေထွေရောဂါ အထူးကုသမားတော်
ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီး
တနင်္လာနေ့မှ တနင်္ဂနွေနေ့ အထိ နေ့စဉ် နံနက် ၇ နာရီမှ ၈း၃၀ အထိ။
တနင်္လာနေ့မှ တနင်္ဂနွေနေ့ အထိ နေ့စဉ် ညနေ ၅ နာရီမှ ၇ နာရီအထိ။
-----------------------------------------------------------------------------------------
-----------------------------------------------------------------------------------------
ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာ သူရအောင်
M.B.,B.S, M.Med.Sc (Surgey)
MRCSEd
ကထိက/ခွဲစိတ်အထူးကုဆရာဝန်
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ - ညနေ ၅နာရီမှ ၇နာရီ။
ကျန်သောရက်များ On Call.
၂။ဒေါက်တာ ငုသဉ္ဇာကျော်ကျော်
M.B.,B.S, M.Med.Sc (Surgey)
အတိုင်ပင်ခံ ခွဲစိတ်အထူးကုဆရာဝန်
အထွေထွေနှင့် အသည်းခွဲစိတ်အထူးကုဆရာဝန်
အသည်းနှင့် သည်းခြေလမ်းကြောင်းခွဲစိတ်ကု ပညာဌာန
ရန်ကုန်ကုတင် ၅၀၀ အထူးကုဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၅ နာရီ။
စနေ၊ တနင်္ဂနွေ ညနေ ၅ နာရီ။
၃။ဒေါက်တာ ဖူးပွင့်ခိုင်
M.B.,B.S (Ygn), M.Med.Sc (Surgery)
M.R.C.S (Edin)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Daily On Call
၎။ဒေါက်တာအောင်ပြည့်သူ
M.B.,B.S (Ygn)
M.Med.Sc (Surgery)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Daily On Call
------------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------------
သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီးများ
၁။ပါမောက္ခ ဒေါ်ခင်လတ်
M.B.,B.S (Ygn), M.Med.Sc (O & G)
Dr.Med.Sc (O & G)
ဗဟိုအမျိုးသမီးဆေးရုံကြီး
အင်္ဂါ၊ကြာသပတေး၊ သောကြာညနေ ၄း၀၀ မှ ည ၆း၀၀ အထိ။
၂။တွဲဖက်ပါမောက္ခ ဒေါက်တာ မြတ်ချစ်ဆွေ
M.B.,B.S (Ygn), M.Med.Sc (O & G)
Dr.Med.Sc (O & G)
ဗဟိုအမျိုးသမီးဆေးရုံကြီး
နေ့စဉ် ညနေ ၄း၃၀။
၃။တွဲဖက်ပါမောက္ခ ဒေါက်တာဝေဝေမြင့်
M.B.,B.S (Ygn), M.Med.Sc (O & G)
MRCOG (UK)
ဗဟိုအမျိုးသမီးဆေးရုံကြီး
အင်္ဂါနေ့ ညနေ ၆ နာရီ
ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။
၃။ဒေါက်တာ မီမီသက်
M.B.,B.S M.Med.Sc (O & G)
ဗဟိုအမျိုးသမီးဆေးရုံကြီး
ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ မှ ၅ နာရီ အထိ။
တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ။
၎။ဒေါက်တာ သင်းမြတ်မြတ်ရှိန်
M.B.,B.S M.Med.Sc (O & G)
နေ့စဉ် Daily On Call
၅။ဒေါက်တာဝတ်ရည်
M.B.,B.S (Ygn), M.Med.Sc(O &G)
တနလာင်္၊ဗုဒ္ဓဟူး၊သောကြာညနေ၄း၃၀မှ၇း၃၀အထိ။
ကျန်သောရက်များOn Call
၆။ဒေါက်တာသက်သက်ဆွေ
M.B.,B.S (Ygn), M.Med.Sc(O & G)
အင်္ဂါ၊ဗုဒ္ဓဟူးညနေ၄း၃၀မှ၇း၃၀အထိ။
ကျန်သောရက်များOn Call
၇။ဒေါက်တာ လဲ့ယဉ်မင်း
M.B.,B.S (Ygn), M.Med.Sc(O & G)
အင်္ဂါ၊ဗုဒ္ဓဟူးညနေ၄း၃၀မှ၇း၃၀အထိ။
ကျန်သောရက်များOn Call
--------------------------------------------------------------------------------------------------
-------------------------------------------------------------------------------------------------
ထိခိုက်ဒဏ်ရာနှင့် အရိုး၊အကြော၊အဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာစိုးစံ
M.B.,B.S (Ygn), M.Med.Sc (Orthopedics)
Dr.Med.Sc (Orthopedics)
AO Trauma Regional Fellowship (Mumbai)
Fellowship in Pediatric Orthopedics (Seoul)
Travelling Fellowship in Paediatric Orthopedics (POSNA)
ရန်ကုန်ပြည်သူ့ အရိုးအထူးကုဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၆ နာရီ။
တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ။
၂။ဒေါက်တာ မျိုးမင်းကျော်မြင့်
M.B.,B.S (Ygn), M.Med.Sc (Orthopedics)
ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး
တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ၊စနေနေ့ ညနေ ၅ နာရီ။

၃။ဒေါက်တာ ရှိန်မြင့်ဟန်
M.B.,B.S (Ygn), M.Med.Sc (Orthopedics),E.M (Dip)
YGH, Yangon Orthopaedia Hospital
Daily On Call
------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------
နှလုံးအထူးကုဆရာဝန်
၁။ဒေါက်တာ ဒေါ်ထက်ထက်မင်း
M.B.,B.S (Ygn); M.Med.Sc (Int. Med);
MRCP (UK); Dr.Med.Sc (Cardiology); FAsCC
Fellowship in Nuclear Cardiology and Cardiac CT
နှလုံးဆေးကုသဆောင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၇ နာရီ မှ ၉ နာရီ။
၂။ကထိက ဒေါက်တာစိန်ခိုင်
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP (UK), MRCP (London)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၆း၀၀ မှ ၉း၀၀ အထိ။
စနေ၊ တနင်္ဂနွေ နံနက် ၈း၀၀ မှ ၁၀း၀၀ အထိ။
၎။ဒေါက်တာသိန်းထက်သိန်း
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP (UK)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာနေ့ မှ သောကြာနေ့ အထိ နေ့စဉ် ညနေ ၅း၃၀ မှ ၆း၃၀ အထိ။
-------------------------------------------------------------------------------------------------------------------
-------------------------------------------------------------------------------------------------------------------
ဆီးနှင့် ကျောက်ကပ်အထူးကုသမားတော်များ
၁။ဒေါက်တာ မြထွေးငယ်
M.B.,B.S, M.Med.Sc (Int. Med)
MRCP (UK), FRCP (Edin)
Dr.Med.Sc (Nephrology)
ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ကြီး
ဆီးနှင့် ကျောက်ကပ် ဆေးအထူးကုဌာန
ရန်ကုန်အထူးကုဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး၊သောကြာ ညနေ ၅ နာရီ။

၂။ဒေါက်တာဝေဖြိုး
M.B.,B.S, M.Med.Sc (Int. Med)
MRCP (UK)
လက်ထောက်ကထိက
ဆီးနှင့် ကျောက်ကပ် ဆေးအထူးကုဌာန
ရန်ကုန်အထူးကုဆေးရုံကြီး
တနင်္လာ၊ဗုဒ္ဓဟူး၊စနေ၊ တနင်္ဂနွေ ညနေ ၄း၃၀။
-------------------------------------------------------------------------------------------------------------------
-------------------------------------------------------------------------------------------------------------------
အရိုး၊ အကြော၊ အဆစ်ရောဂါ အထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာစိုးစံ
M.B.,B.S (Ygn), M.Med.Sc (Orthopedics)
Dr.Med.Sc (Orthopedics)
AO Trauma Regional Fellowship (Mumbai)
Fellowship in Pediatric Orthopedics (Seoul)
Travelling Fellowship in Paediatric Orthopedics (POSNA)
ရန်ကုန်ပြည်သူ့ အရိုးအထူးကုဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၆ နာရီ။
တနင်္ဂနွေနေ့ နံနက် ၉ နာရီ။

၂။ ဒေါက်တာဇာခြည်ဝေလင်း
M.B.,B.S, M.Med.Sc (Int. Medicine), MRCP (UK)
Fellowship in Rheumatology (Singapore)
အတိုင်ပင်ခံ သမားတော် (Consultant Physician)
အရိုး၊အကြော၊ အဆစ် ဆေးပညာဌာန
ရန်ကုန် ကုတင် (၅၀၀) အထူးကုဆေးရုံသစ်ကြီး
တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့ ညနေ ၅ နာရီ။
စနေနေ့ ညနေ ၅ နာရီ။

၃။ဒေါက်တာ မျိုးမင်းကျော်မြင့်
M.B.,B.S (Ygn), M.Med.Sc (Orthopedics)
ရန်ကုန်ပြည်သူ့ အရိုးအထူးကု ဆေးရုံကြီး
နေ့စဉ် ညနေ ၅ နာရီ။
------------------------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------------------
အသည်းရောဂါ အထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာမေကြည်ကျော်
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP (UK), Dr.Med.Sc (Hepatology)
ရန်ကုန်ကုတင် ၅၀၀ ဆန့် အထူးကုဆေးရုံကြီး
အသည်းရောဂါ အထူးကုဌာန
အင်္ဂါနေ့ ညနေ ၆ နာရီ။
၂။ဒေါက်တာ ငြိမ်းမွန်ယု
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP (UK)
ရန်ကုန်ကုတင် ၅၀၀ ဆန့် အထူးကုဆေးရုံကြီး
အသည်းရောဂါ အထူးကုဌာန
တနင်္လာ၊ ကြာသပတေး၊ သောကြာနေ့ ညနေ ၅ နာရီ။
ကျန်သော ရက်များ On Call.
------------------------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------------------
ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာ ဇင်ဖြူထွန်း
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP(UK)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဗုဒ္ဓဟူးနေ့ ညနေ၅း၃၀ မှ ည ၈ နာရီအထိ။
ကျန်သောနေ့များ oncall
----------------------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------------------------
အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာ ရဲသူဟန်
M.B.,B.S (Ygn), M.Med.Sc (Int. Med)
MRCP(UK)
ရန်ကုန်ကုတင် ၅၀၀ ဆန့် အထူးကုဆေးရုံသစ်ကြီး
တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ ညနေ ၅ နာရီ။
----------------------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------------------------
ကလေးအထူးကုဆရာဝန်ကြီးများ
၁။ဒေါက်တာ သက်ထားရွှေစင်ဝင်း
M.B.,B.S , M.Med.Sc (Paed),
MRCPCH (UK)
ရန်ကုန်ကလေးဆေးရုံကြီး
တနင်္လာနေ့မှ စနေနေ့အထိနေ့စဉ် ညနေ ၅း၃၀ မှ ၇း၀၀ အထိ။
၂။ဒေါက်တာ ပြည့်ဖြိုးနိုင်
M.B.,B.S , M.Med.Sc (Paed)
ရန်ကုန်ကလေးဆေးရုံကြီး
Daily On Call
------------------------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------------------
နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်
၁။ဒေါက်တာ ငြိမ်းငြိမ်းသက်
M.B.,B.S , M.Med.Sc (ORL)
ရန်ကုန် နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး
နေ့စဉ် On Call
------------------------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------------------
သွေးရောဂါဗေဒအထူးကုဆရာဝန်ကြီး
၁။တွဲဖက်ပါမောက္ခ ဒေါက်တာစိန်ဝင်း
M.B.,B.S , M.Med.Sc (Int. Med)
Dr.Med.Sc (Clinical Haematology)
Fellow in Clinical Haematology and Stem Cell Transplantation (Vellore, CMC)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Daily On Call
----------------------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------------------------
အရေပြားရောဂါ အထူးကုဆရာဝန်ကြီးမျာ

၁။ဒေါက်တာ သီရိလှိုင်
M.B.,B.S (Ygn) M.Med.Sc (Dermatology)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးညနေ ၄း၃၀ မှ ၆း၃၀ အထိ။
ကြာသပတေး၊ သောကြာ ည ၈း၀၀ မှ ၉း၀၀ အထိ။
စနေ၊ တနင်္ဂနွေ နံနက် ၈း၀၀ မှ ညနေ ၄း၀၀ အထိ။
-----------------------------------------------------------------------------------------------------------------
-----------------------------------------------------------------------------------------------------------------
ဓာတ်မှန်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ
၁။ပါမောက္ခ ဒေါက်တာ ဒေါ်လှလှမြိုင်
M.B.,B.S (Ygn), M.Med.Sc (Radiology),
Dr.Med.Sc (Diagnostic Radiology)
တနင်္လာနေ့ မှ သောကြာနေ့ အထိ နံနက် ၉ နာရီ။

၂။ဒေါက်တာ ပပမွှန်း
M.B.,B.S, M.Med.Sc (Radiology)
Dr.Med.Sc (Radiology)
တနင်္လာ၊ ကြာသပတေး၊သောကြာ ညနေ ၅ နာရီမှ ၇ နာရီ အထိ။
စနေနေ့ နှင့် တနင်္ဂနွေနေ့ On Call

၃။ဒေါက်တာ ယမင်းရူပါထွန်း
M.B.,B.S , M.Med.Sc (Radiology), Dr.Med.Sc (Diagnostic Radiology)
တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာ ညနေ ၇း၃၀။
ကြာသပတေး၊ စနေနေ့ ညနေ ၆ နာရီ။
တနင်္ဂနွေ နေ့ On Call။

၎။ဒေါက်တာ သိင်္ဂီ
M.B.,B.S, M.Med.Sc (Radiology)
Dr.Med.Sc (Radiology)
တနင်္လာ၊ ကြာသပတေး၊သောကြာ ညနေ ၅ နာရီမှ ၇ နာရီ အထိ။
စနေနေ့ နှင့် တနင်္ဂနွေနေ့ On Call

၅။ဒေါက်တာ မေသက်ထားကြည်
M.B.,B.S , M.Med.Sc (Radiology)
ဗုဒ္ဓဟူး၊ သောကြာ ညနေ ၄း၃၀ မှ ၆ နာရီ။

-------------------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------------------
ရောဂါဗေဒအထူးကုဆရာဝန်ကြီးများ (Pathologist)
၁။ဒေါက်တာ ပြုံးပြုံးစိုး
M.B.,B.S
M.Med.Sc (Pathology)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Daily On Call

၂။ဒေါက်တာ အေးအေးလွင်
M.B.,B.S
M.Med.Sc (Pathology)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Daily On Call
------------------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------------------
မိဘပြည်သူများစောင့်ဆိုင်းချိန်အနည်းဆုံးဖြင့် မိသားစုအထူးကုဆရာဝန် ကြီးများနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် Family Doctor အထူးကုဆေးခန်းဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking ရယူနိုင်ပြီ ဖြစ်ကြောင်းမိဘပြည်သူများအားသတင်းကောင်းပါးအပ်ပါသည်။
Family Doctor အထူးကုဆေးခန်းလိပ်စာမှာအမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။

21/01/2019

ဆီးချိုရောဂါကြောင့် အချိန်နှင့်အမျှ ပျက်စီးနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများ

ဆီးချိုရောဂါ၏အဓိကဖြစ်စဉ်မှာသွေးကြောများတွင်းဖြတ်သန်းစီးဆင်းနေသောသွေးတွင်းအချိုဓာတ်များလာခြင်းကြောင့် သွေးကြောငယ်လေးများနှင့် ပင်မသွေးကြောကြီးများကိုပျက်စီးစေခြင်း ကို ဖြစ်စေပါသည်။

သွေးကြောငယ်လေးများ၏ နံရံများမှစိမ့်ထွက်မှု ကိုများလာစေသောကြောင့် သွေးကြောငယ်လေးများနှင့် အဓိကဖွဲ့စည်းအလုပ်လုပ်နေသော ကျောက်ကပ်၊ မျက်စိနှင့် အာရုံကြောငယ်လေးများကိုထိခိုက်ပျက်စီးခြင်းဖြစ်ပေါ်စေသောကြောင့် ဆီးချိုရောဂါသည် အလွန်သတိထားရသည့်ရောဂါတစ်ခုဖြစ်လာစေပါသည်။ သွေးကြောကြီး များဖြစ်သည့် နှလုံးသွေးကြောများ၊ ဦးနှောက်သွေးကြောများနှင့် ခြေလက်ရှိသွေးကြောများတွင်လည်းအလားတူစိမ့်ထွက်မှုကိုများစေပြီး အဆီများစုပုံခြင်းဖြစ်ပေါ်ကာ သွေးကြောပိတ်ခြင်းများကိုဖြစ်စေသောကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်းစသည့်ရောဂါလက္ခဏာများသည်သာမန်လူများထက်အဆများစွာ ပိုများနေရခြင်းဖြစ်ပါသည်။

ဆီးချိုကြောင့်ထိခိုက်သောနောက်ဆက်တွဲပြသနာများကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။

၁။ သွေးကြောငယ်များထိခိုက်ခြင်းကြောင့်ဖြစ်သော ဆီးချို၏ပြသနာများ
၂။ သွေးကြောကြီးများထိခိုက်ခြင်းကြောင့်ဖြစ်သော ဆီးချို၏ပြသနာများ ဟူ၍ဖြစ်ပါသည်။

ထို့ကြောင့် အကြမ်းဖျင်းအား ဖြင့် ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ် တစ်ကိုယ်လုံးမှ သွေးကြောများသည် အချိန်နှင့် အမျှ ပျက်စီးနေပြီး ဆီးချိုအား ကောင်းမွန်စွာ ထိန်းနိုင်မှသာ ထိုကဲ့သို့ ပျက်စီးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အောက်တွင် သွေးချိုဆီးချိုကြောင့် သွေးကြောငယ်များ ပျက်စီး နေခြင်း အကြောင်းအား အသေးစိတ်ရေးသားထားသည် ဖြစ်ပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင်နိုင်ပါပြီ။

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

ဆီးချိုကြောင့်သွေးကြောငယ်များထိခိုက်ခြင်းကြောင့်ဖြစ်သောပြသနာများမှာ

၁။ ဆီးချိုကြောင့်မျက်လုံးကွယ်ခြင်း

၂။ ဆီးချိုကြောင့် အာရုံကြောများပျက်စီးခြင်း

၃။ဆီးချိုကြောင့်ခြေထောက်အနာဖြစ်ခြင်းသို့မဟုတ် ခြေထောက်ပုံပျက်ခြင်း

၎။ ဆီးချိုကြောင့်ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်ပါသည်။

၁။ ဆီးချိုကြောင့်မျက်လုံးကွယ်ခြင်း

ဆီးချိုကြောင့်မျက်လုံးကွယ်ခြင်းမှာလူသိများသော်လည်းအဘယ်ကြောင့် ထိုသို့ဆက်စပ်နေကြောင်းကို သိရှိနိုင်ရန်ရှင်းပြပါမည်။

ဆီးချိုရောဂါတွင်သွေးတွင်းအချိုဓာတ်များလာသည်နှင့် အချိုဓာတ်၏ဆွဲဆောင်မှုကြောင့် သွေးများသည် လည်းအချိုဓာတ်နှင့် အတူပိုမိုလိုက်ပါပြီး သွေးစီးဆင်းမှုများလာပါသည်။ မျက်လုံးမြင်လွှာသို့သွားသောသွေးကြောများတွင်သွေးစီးဆင်းမှုများပိုမိုများပြားလာပြီး မြင်လွှာသွေးကြောနံရံလေးများသည်သွေးများ၏ရိုက်ခတ်ဖြတ်သန်းမှုများပြားလာခြင်းကိုမခံနိုင်တော့ဘဲ ပေါက်ပြဲ စိမ့်ထွက်မှုများပိုမိုများပြားလာပါသည်။
ဒုတိယ အဆင့်အနေဖြင့် မြင်လွှာပေါ်သို့သွေးများစိမ့်ထွက်ခြင်းကြောင့်သွေးကြောကျဉ်းစေသောဓာတ်များတုန့်ပြန်ထွက်လာခြင်း၊ သွေးကြောနံရံဆဲလ်များပွားလာခြင်း တို့ဖြစ်ပေါ်ပြီး မြင်လွှာသွေးရရှိမှုနည်းသွားကာမြင်လွှာသွေးငတ်ခြင်း စတင်ဖြစ်ပေါ်ပါသည်။ ထိုမှတစ်ဆင့် သွေးကြောသစ်များဖြစ်ပေါ်စေသောဓာတ် များအလိုအလျောက်ထွက်လာပြီး သွေးကြောသစ်များဖြစ်ပေါ်ခြင်း၊ သွေးများသွေးကြောတွင်းမှမြင်လွှာပေါ်သို့စိမ့်ထွက်ခြင်းဖြစ်ပေါ်ပါသည်။

အဆိုးဆုံးအခြေအနေတွင် မြင်လွှာကွာကျခြင်းထိဖြစ်ပေါ်တတ်ပါသည်။ ထိုဖြစ်စဉ်များသည် ရုတ်တရတ် မျက်စိကွယ်ခြင်း ၊တဖြည်းဖြည်းမျက်စိကွယ်ခြင်း၊ အမြင်အာရုံကျခြင်းအမျိုးမျိုး ဖြစ်နိုင်ပါသည်။ အမြင်အာရုံကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မြင်လွှာပေါ်တွင် သွေးကြောသစ်များဖြစ်ပေါ်နေခြင်းအဆင့် ရောက်လျှင် လေဆာပစ်၍ထိုသွေးကြောသစ်များကိုဖြတ်တောက်ပေးခြင်းဖြင့် မြင်လွှာလုံးဝပျက်စီးခြင်း၊ကွာကျခြင်း အဆင့် မရောက်အောင် ကာကွယ်ပေးနိုင်ပါသည်။ ဆီးချိုကြောင့် မျက်စိကွယ်ခြင်းကို ကာကွယ်ရန်အရေးကြီးသော အချက်နှစ်ခုမှာ မိမိ၏ဆီးချို control ကောင်းနေအောင်သေချာထိန်းခြင်း နှင့် ဆီးချိုရှိပြီဆိုသည်နှင့် မျက်စိကို ပုံမှန်စစ်ဆေးနေခြင်း တို့ ပြုလုပ်ပေးခြင်းဖြင့် ဆီးချိုကြောင့်မျက်စိကွယ်ခြင်းကိုကာကွယ်နိုင်ပါသည်။

ဆီးချိုရှိပြီး မျက်စိ မထိခိုက်သေးသောလူများသည် အမြင်အာရုံကောင်းနေသေးသည်ဖြစ်စေ၊ေ၀၀ါးခြင်းများစတင်ဖြစ်နေခြင်းဖြစ်စေ တစ်နှစ်တစ်ခါမျက်စိစမ်းသပ်ကုသမှုခံယူရမည်ဖြစ်ပြီး မျက်စိထိခိုက်မှု အဆင့် တစ်ခုခု သို့ရောက်နေပြီဆိုလျှင် ထို အဆင့်ပေါ်မူတည်၍ ၆လ တစ်ခါ ၃လတစ်ခါ သို့မဟုတ် ချက်ချင်း မျက်စိ စစ်ဆေးပြီး လိုအပ်သသော မျက်စိတွင်းဆေးထိုးခြင်း၊ လေဆာပစ်ခြင်းတို့ပြုလုပ်ရမည်ဖြစ်ပါသည်။

၂။ ဆီးချိုကြောင့် အာရုံကြောများပျက်စီးခြင်း

ဆီးချိုကြောင့် အာရုံကြောများပျက်စီးပုံမှာ အာရုံကြောများတိုက်ရိုက်ပျက်စီးခြင်းရှိသကဲ့သို့ အာရုံကြောအပေါ်မှကာထားသောအာရုံကြောအမြှေးများပျက်စီးခြင်း ၊ အာရုံကြောများထံ အာဟာရ များပို့ဆောင်ပေးနေသော သွေးကြောငယ်လေးများပျက်စီးခြင်း စသည့် အကြောင်းရင်းမျိုးစုံပါပါသည်။

အာရုံကြောဟုဆိုရာတွင်

၁။ လှုပ်ရှားမှု ကိုပြုလုပ်ပေးသောအာရုံကြောများ၊

၂။ အာရုံခံစားမှုကိုထိန်းချုပ်သောအာရုံကြောများနှင့် 

၃။ စိတ်ဖြင့် ထိန်းချုပ်စရာမလိုသော၊ အလိုအလျောက်တုန့်ပြန်ပေးသော အာရုံကြောများအားလုံးထိခိုက်ခြင်းဖြစ်ပေါ်ပါသည်။

အာရုံခံစားမှုကိုထိန်းချုပ်သောအာရုံကြောများထိခိုက်ခြင်းကြောင့် လက်ဖျားခြေဖျားများထုံကျဉ်ခြင်း၊ ပူခြင်း၊ပေါင်ကိုက်ခြင်းတို့ဖြစ်ပေါ်ပြီး အလိုအလျောက်တုန့်ပြန်ခြင်းကိုပြုလုပ်ပေးသည့်အာရုံကြောများထိခိုက်ခြင်းကြောင့်
အထိုင်အထတွင်မိုက်ခနဲ မူးဝေခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်းသို့မဟုတ်ဝမ်းလျှောခြင်း၊ အစာစားလျှင် ချွေးများထွက်လာခြင်း၊ အမျိုးသားများအားနည်းခြင်း၊ ဆီးမသွားနိုင်ဘဲ ဆီးအိမ်တင်းနေခြင်း၊ လှုပ်လှုပ်ရှားရှား မလုပ်ပဲ ထိုင်နေရက်နှင့် နှလုံးခုန်မြန်ခြင်း စသည့်ဆီးချို၏လက္ခဏာများ ဖြစ်ပေါ်စေပါသည်။

အာရုံကြောလက္ခဏာများသည် ဆီးချိုဝေဒနာရှင်များတွင် အဖြစ်များပြီး တစ်ခါတရံတွင်ထိုလက္ခဏာများစတင်နေမှ မိမိ တွင် ဆီးချိုရှိနေမှန်သိရှိခြင်းများရှိသကဲ့သို့ ထိုလက္ခဏာများတွင် ဆီးချိုရှိနေပြီး ကုသမှုခံယူနေသောလူများတွင်ဖြစ်ပေါ်နေခြင်းသည် ဆီးချို၏ control ထိန်းထားနိုင်မှု မကောင်းခြင်းကိုဖော်ပြပါသည်။

၃။ဆီးချိုကြောင့်ခြေထောက်အနာဖြစ်ခြင်းသို့မဟုတ် ခြေထောက်ပုံပျက်ခြင်း

အနာဖြစ်ခြင်းပြသနာသည် အထက်တွင်ဖော်ပြထားသော အာရုံကြောပျက်စီးခြင်းပြသနာ၏ နောက်ဆက်တွဲ ပြသနာပင်ဖြစ်သည်။ ထုံကျဉ်၍ အာရုံခံစားမှုကို မသိသော ခြေထောက်သည် မကြာခဏ ခလုတ်တိုက်ခြင်း၊ အနာဖြစ်နေသည့်တိုင် မိမိ အနာကို မသိခြင်း၊ အနာအတော်ရင်း၍ ရောဂါပိုးများဝင်ပြီး ပြည်များလှိုက်စားနေသည့်တိုင် နာကျင်ခြင်းကိုမခံစားရဘဲ အနာကို လျစ်လျုရှု ထား၍ ကုသမှု မခံယူခြင်း၊ ထို့ကြောင့်ပင် ရောဂါ ပိုးများအပေါ်သို့ တစ်ဆတစ်ဆ ပြန့်လာပြီး နောက်ဆုံးတွင်ခြေထောက်တစ်ခုလုံးရောင်ကိုင်း၍ ဖြတ်ပစ်ရခြင်း၊ သွေးထဲရောဂါပိုးများပြန့်သွားခြင်း ကြောင့် septicemia ဟုခေါ်သော သွေးအဆိပ်တက်ခြင်းတို့ဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးခြင်းတို့ဖြစ်ရပါသည်။

ခြေထောက်တွင် အာရုံခံစားမှု မရှိခြင်းကြောင့်ခလုတ်တိုက် မိပြီး အနာမဖြစ်သည့်တိုင် တစ်ခါတရံခြေချင်းဝတ်အဆစ်လွဲသွားလျှင် လည်း ထိုလွဲသည့် အတိုင်းပုံပျက်နေပြီးအဆစ်ရောင်ခြင်းဖြစ်ပေါ်နေသော်လည်း နာကျင်ခြင်းမရှိဘဲ ခြေချင်းဝတ်ကြီး မှာပုံပျက်၍ ရောင်ကိုင်းနေတတ်ပါသည်။ ဆီးချိုရှိသူများသည် မိမိ၏ ခြေထောက်ကို သေချာမှန်ထောင်၍ အနာရှိမရှိ ၊ အသားများတက်နေမနေ ကိုယ်တိုင်စစ်ဆေးခြင်းကို နေ့စဉ်ပြုလုပ်ရန်လိုအပ်ပါသည်။ ခြေသည်းလက်သည်းညှပ်လျှင်လည်း အသားမပါအောင်သေချာဂရုတစိုက်ညှပ်၍ အနာသေးသေးလေးဖြစ်သည်နှင့် သေချာဆေးကုသမှု ခံယူရမည့်ဖြစ်ပါသည်။

၎။ ဆီးချိုကြောင့်ကျောက်ကပ်ပျက်စီးခြင်း

ဆီးချိုသွေးချိုဝေဒနာ ရှင်များ သည် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပေါ်သည့် အရေအတွက် သည် အလွန်များပါသည်။ စစ်တမ်းများအရ ဆီးချိုဝေဒနာရှင် ၅ ယောက်လျှင် ၁ ယောက်သည် ကျောက်ကပ်ပျက်စီးပြီး နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပေါ်ပါသည်။ ထို့ကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များသည် သွေးတွင်း သကြားဓာတ်အား ထိန်းနိုင်ရန် အလွန်ပင် အရေးကြီးပါသည်။

ကျောက်ကပ်ပျက်စီးပုံပျက်စီးနည်းမှာ သွေးတွင်းသကြားဓာတ်မြင့်တက်လာသည့်အခါတွင် ကျောက်ကပ်အတွင်းသို့ သွားသော သွေးများတွင် သကြားဓာတ်များ မြင့်တက်လာပါသည်။ ထိုသကြားဓာတ်များသည် ကျောက်ကပ်တွင် ရှိသော ဆဲလ်များအား ထိခိုက်ပျက်စီးစေပြီး ကျောက်ကပ်ဆဲလ်တွင် ရှိသော အညစ်အကြေးများ စစ်ထုတ်ပေးသော ဇကာခွက်သည် မလုံခြင်း ဖြစ်ပေါ်စေပါသည်။

ထိုဇကာ ခွက်သည် မလုံပဲ အပေါက်ကဲ့သို့ ဖြစ်နေသည့်အခါတွင် သွေးတွင်းရှိ အရေးကြီးသော အသားဓာတ်များသည် ကျောက်ကပ်မှ စစ်ပေးထားနိုင်ခြင်း မရှိတော့ပဲ ဆီးအတွင်းတွင် အသားဓာတ်များ ကျပြီး ဆီးသွားသည့် အခါတွင် အမြုပ်များထခြင်းများ ဖြစ်ပေါ်စေခြင်းများ ဖြစ်ပေါ်ပါသည်။ ထို အသားဓာတ်များသည် ကျောက်ကပ်ဆဲလ်များအား တစ်ဖန်ထပ်မံပျက်စီးစေပြီး ဇကာခွက်များအား ပိုမိုပျက်စီးစေကာ သွေးတွင်းအသားဓာတ်များ ဆီးထဲသို့ပါသွားသည့်အတွက် သွေးတွင်းအသားဓာတ်များ လျော့နည်းသွားခြင်းကြောင့် ဖောခြင်းများဖြစ်ပေါ်ပြီး နာတာရှည် ကျောက်ကပ်ရောဂါ လက္ခဏာများ ခံစား ရခြင်းဖြစ်ပါသည်။

ကျောက်ကပ်ပျက်စီးနေပြီဆိုလျှင် ခံစားရသော ရောဂါလက္ခဏာများမှာ

၁။ သွေးပေါင်ချိန် ထိန်းရခက်ခဲလာခြင်း

၂။ ဆီးစစ်ဆေးကြည့်သည့် အခါတွင် ဆီးအတွင်း အသားဓာတ်များ များပြားစွာ ပါဝင်ခြင်း

၃။ မျက်လုံးတစ်ဝိုက်တွင် ဖောရောင်နေခြင်း၊ ခြေဖမိုး၊ ခြေထောက်များတွင် ဖောရောင်ခြင်း

၎။ ရုတ်တရက် ပုံမှန် သောက်သုံးနေသော ပမာဏအတိုင်းသောက်လျှင် ပို၍ သွေးချိုကျသောကြောင့် ဆေးလျော့သောက်ရန် လိုအပ်လာခြင်း

(ကျောက်ကပ်ပျက်ခြင်းကြောင့် ဆေးများသည် သွေးထဲတွင် အချိန်ပိုကြာမြင့်စွာ ရှိခြင်းကြောင့် ဆေးလျော့သောက်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ သို့သော်လည်း ထိုသို့ ဆေးလျော့သောက်ရခြင်းသည် ကောင်းသည့် လက္ခဏာမဟုတ်ပဲ ကျောက်ကပ်ပျက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း သတိပြုရန် လိုအပ်ပါသည်။)

၅။လေးလံထိုင်းမှိုင်းလာခြင်း၊ အာရုံစိုက်၍ မရခြင်း

၆။အစားအသောက်ပျက်လာခြင်း

၇။ပျို့ခြင်း၊ အန်ခြင်းများ ရှိခြင်း

၈။ အရေပြားများ ယားယံခြင်း

၉။ခန္ဓာကိုယ် သည် အားမရှိပဲ နွမ်းနယ်ခြင်း

၁၀။သွေးစစ်ဆေးကြည့်သည့်အခါတွင် Creatinine ဟုခေါ်သော ဓာတ်တစ်မျိုးသွေးတွင်းများနေခြင်း (ထို ဓာတ်သည် ကျောက်ကပ်မှ စွန့်ထုတ်ရသည် ဖြစ်ပြီး ကျောက်ကပ်မှ မစွန့်ထုတ်နိုင်သောအခါတွင် သွေးထဲ တွင် များနေခြင်းဖြစ်ပါသည်။)

၁၁။ပုံမှန်ထက်ဆီးပိုသွားခြင်းတို့ဖြစ်ပါသည်။

ထို့ကြောင့် အထက်တွင် ဖော်ပြထားသော သူများတွင် နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းအား ပိုမို ဖြစ်စေသည့်အတွက် ဆီးချိုဝေဒနာရှင်များ လုပ်ဆောင်ရမည့် အရေးကြီးဆုံး အချက် ၃ ချက်အား ဖော်ပြထားပါသည်။

၁။သွေးတွင်းသကြားဓာတ်အား ပုံမှန် ဖြစ်အောင် ထိန်းသိမ်းခြင်း။ (ဆီးချို ထိန်းနိုင်မထိန်းနိုင်အား HbA1C ဖြင့် ၃ လ တစ်ကြိမ် စစ်ဆေးရမည်ဖြစ်ပြီး HbA1C အား ၆.၅ အောက်ရောက်အောင် ဆေးဖြင့် ကုသမှု ခံယူပြီး ထိန်းထားရမည်ဖြစ်ပါသည်။)

၂။ဆီးချိုသွေးချိုဝေဒနာရှင်များ တွင် ကိုယ်အလေးချိန်များ မလာအောင် အစားအသောက်ထိန်းပြီး လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မိမိ ကိုယ်အလေးချိန်အား အတတ်နိုင်ဆုံးထိန်းရမည်ဖြစ်ပါသည်။

၃။မိမိ သွေးပေါင်ချိန်အား အမြဲတမ်း ချိန်သင့်ပြီး သွေးပေါင်ချိန်များပါက သွေးတိုးရှိပါက ထိရောက်စွာ ကုသမှု ခံယူရမည်ဖြစ်ပါသည်။ ၏
ထိုအချက် ၃ချက်အား လုပ်ဆောင်ပါက နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း မဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။

HbA1C သည် ဆီးချိုထိန်းရာတွင် မည်ကဲ့သို့ အရေးပါခြင်းအကြောင်းအား အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။

HbA1C အား မည်ကဲ့သို့တိုင်းတာသနည်း။ ဆီးချိုသွေးချို ဝေဒနာရှင်များ အတွက် မည်ကဲ့သို့ အကျိုးရှိသနည်း။

HbA1C သည် သကြားကပ်နေသော သွေးနီဥ ဖြစ်သော ကြောင့် စစ်ဆေးသော အခါတွင် သွေးဖောက်စစ်ဆေးပြီး တိုင်းတာပါသည်။ သွေးအတွင်းရှိ HbA1C ပမာဏများ မည်မျှရှိသနည်းအား ဓာတ်ခွဲ၍ စစ်ဆေးခြင်းဖြစ်ပါသည်။ သွေးတွင်းရှိ HbA1C ပမာဏများနေခြင်းသည် သွေးတွင်းသကြားဓာတ် ပိုမိုများပြားနေခြင်းဖြစ်ပါသည်။ HbA1C ပမာဏနည်းခြင်းသည် သွေးတွင်း သကြားဓာတ်နည်းခြင်းဖြစ်ပါသည်။ HbA1C စစ်ဆေးခြင်းသည် လက်ထိပ်ဖောက်စစ်ဆေးသော သွေးချိုဓာတ်များနှင့် မတူပဲ ပို၍ တိကျပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။

HbA1C စစ်ဆေးခြင်းသည် မည်ကဲ့သို့ ပို၍ တိကျသလဲ။

လက်ထိပ်ဖောက်စစ်ဆေးခြင်းသည် ယခုတိုင်းတာသည့် အချိန်တွင် ရှိသော သကြားဓာတ်သာ ပြသနိုင်ခြင်းဖြစ်ပါသည်။ အစားစားထားလျှင် တက်သည်၊ အစားမစားထားလျှင် သကြားဓာတ်ကျနေသည်။ ယခုတိုင်းတာသည့် အချိန်တွင် ရှိသော သကြားဓာတ် ပမာဏကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။

HbA1C တိုင်းတာခြင်းသည် ထိုသို့ မဟုတ်ပါ။ HbA1C ဖြစ်ရန်အတွက် အကြမ်းဖျင်း ၃လ အချိန်လိုအပ်ပါသည်။ ထိုကြောင့် သွေးနီဥသည် အချိန်ကြာကြာ သကြားဓာတ်နှင့် ထိတွေ့လျှင် HbA1C ဖြစ်ပေါ်မှု များလေဖြစ်ပါသည်။ ထို့ကြောင့် HbA1C တိုင်းတာခြင်းသည် ၃ လ လုံးလုံး သွေးတွင်းသကြားဓာတ်များ နေခြင်း ရှိမရှိ အား ဖြော်ပခြင်းဖြစ်ပါသည်။ တနည်းအား ဖြင့် ၃ လ လုံးအတွင်းရှိ သကြားပမာဏကို ပျမ်းမျှခြင်း အား ဖော်ပြခြင်းဖြစ်ပါသည်။

ထို့ကြောင့် HbA1C ၏ အားသာချက်မှာ မိမိဆေးသောက်နေသော်လည်း ဆေးအာနိသင် လုံလောက်အောင်ရရှိမရှိ၊ ဆီးချိုသွေးချို ထိန်းသိမ်းမှု ကောင်းမကောင်းအား သွေးဖောက်စစ်ဆေးကြည့်ရုံဖြင့် ၃ လ စာ မှတ်တမ်းအား တိကျသေချာစွာ သိရှိနိုင်သောကြောင့် ဆီးချိုသွေးချို ရှိသော မိဘပြည်သူများအတွက် အကောင်းဆုံးနှင့် အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါသည်။

ဆီးချိုရောဂါ ရှင်များတွင် HbA1C များနေလျှင် ဆီးချိုနှင့် ပက်သက်သည့် နောက်ဆက်တွဲ ဝေဒနာများအား ခံစားရနိုင်ခြေများ လေလေဖြစ်ပါသည်။ HbA1C စမ်းသပ်မှုကို ၃ လ တစ်ကြိမ် ဖြစ်စေ၊ ၆ လ တစ်ကြိမ်ဖြစ်စေ လုပ်ဆောင်ပေးသင့်ပါသည်။ စစ်ဆေးမှု ရလဒ် အရ မိမိအနေဖြင့် မိမိဆီးချိုရောဂါ ထိန်းသိမ်းရာတွင် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိမရှိ သိမြင်စေနိုင်ပါသည်။

ဆီးချိုသွေးချို ဝေဒနာရှင်များ သည် သွေးတွင်းသကြားဓာတ်ကို ဘယ်လို အကောင်းဆုံးထိန်းမလဲ။

ဆီးချိုသွေးချို ဖြစ်ပေါ်ပါက ဆီးချိုသွေးချို အထူးကုသမားတော်နှင့် ပြသပြီး ကုသမှု ခံယူရမည်ဖြစ်ပါသည်။ သွေးချို ကျဆေးသောက်သည့် အခါတွင် သွေးချိုသည် ကျမည်ဖြစ်ပါသည်။ ကျခြင်းသည် မထူးဆန်းပါ။ အရေးကြီးသည် မှာ တစ်နေ့ ၂၄ နာရီ ရှိသည့်နေရာတွင် မိမိခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်သည် ၂၄ နာရီလုံး သာမန်လူတစ်ယောက်၏ သကြားဓာတ် ပမာဏ Range အတွင်း ဝင်နေရန် အရေးကြီးပါသည်။ ထို့ကြောင့် ဆေးသောက်ရုံနှင့် မပြီးပဲ မိမိသောက်နေသော ဆေးသည် တကယ်တမ်း ထိရောက်မှု ရှိမရှိသည် အရေးကြီးပါသည်။ တချို့သော လူနာများတွင် ဆေးသောက်နေသော်လည်း မနက်အစားမစားမီ သကြားဓာတ်များနေခြင်း၊ အစာစားပြီး ၂ နာရီကြာ သကြားဓာတ်များနေခြင်းများရှိတတ်ပါသည်။ ထိုကဲ့သို့ ဖြစ်နေပါက သကြားဓာတ်ထိန်းရာတွင် လိုအပ်ချက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့သောလူနာများတွင် HbA1C စစ်ဆေးကြည့်ပါက များနေမည်ဖြစ်ပါသည်။ ထိုအခါတွင် ဆီးချိုသွေးချိုအထူးကု သမားတော်များမှ သောက်သုံးနေသော ဆေးများအား အထိရောက်ဆုံးဖြစ်အောင် ပြန်လည် ညှိုနှိုင်း ဆေးပြန်ချိန်ပေးမည်ဖြစ်ပါသည်။

HbA1C ပမာဏ ၆ ရာခိုင်နှုန်းသာ ရှိလျှင် ဆီးချိုရောဂါ မရှိဟုယူဆရပါသည်။ ၆ ရာခိုင်နှုန်းမှ ၆.၄ ရာခိုင်နှုန်းအထိ ရှိလျှင် ဆီးချို အစပျိုးအဆင့်၊ HbA1C 6.5% အထက်ရှိပါက ဆီးချိုရောဂါဟု သတ်မှတ်ထားပါသည်။

HbA1C များနေသည့် လူနာများအနေဖြင့်လည်း မိမိ ဆီးချိုသွေးချို ဖြစ်နေသည်အား ကြိုတင်သိရှိသည့် အတွက် အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်း၊ လိုအပ်သော ဆေးများသောက်သုံးခြင်းဖြင့် ဆီးချိုသွေးချို နောက်ဆက်တွဲ အန္တရာယ်များဖြစ်သော နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ခြေဖျားလက်ဖျားများ ထုံကျင်ခြင်း အစရှိသော နောက်ဆက်တွဲဆိုးကျိုးများအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် ဆီးချိုသွေးချို ဝေဒနာရှင်များသာမက ဆီးချိုသွေးချို ရှိမရှိ Medical Checkup လုပ်ချင်သော မိဘပြည်သူများအတွက် ဈေးနှုန်း အထူးသက်သာပြီး အကျိုးအလွန်များသော HbA1C Package အား စီစဉ်ပေးထားပါသည်။

HbA1C Package တွင် ပါဝင်သော အရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။သွေးဖောက်၍ HbA1C အား စစ်ဆေးပေးခြင်း (မိဘပြည်သူများအား ဆေးခန်းသို့ ရောက်သည့် အချိန်တွင် သွေးဖောက်၍ ချက်ချင်း စစ်ဆေးပေးမည်ဖြစ်ပြီး ၃၀ မိနစ်အတွင်း အဖြေရကာ ဆရာမ နှင့် ချက်ချင်း ဆွေးနွေးတိုင်ပင် ပြသနိုင်ခြင်း)

၂။ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကု ဌာနမှ လက်ထောက်ကထိက ဆရာမ ဇာခြည်ပြုံး ကိုယ်တိုင် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် နှင့် နေထိုင်ပုံနေထိုင်နည်း များပါ ကျန်းမာရေး ဗဟုသုတ အနေဖြင့် ၁၅ မိနစ်ခန့် ပြောကြားပေးမည်ဖြစ်ပါသည်။

၃။ဆီးချိုသွေးချို နှင့် ဟော်မုန်းအထူးကု ဌာနမှ လက်ထောက်ကထိက ဆရာမ ဇာခြည်ပြုံးနှင့် အဖြေအား ချက်ချင်းဆွေးနွေးတိုင်ပင် ပြသခြင်း၊ အဖြေအပေါ်မူတည်၍ ကုသမှုပေးခြင်း

၎။ဆေးခန်းဝန်ဆောင်ခ

တို့ပါဝင်မည်ဖြစ်ပြီး HbA1C Package တွင် ပါဝင်သော ဝန်ဆောင်မှု ၄ မျိုးပေါင်း အပြီး အစီး ၁၇၀၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေပြီးဖြစ်ပါသည်။ ထို HbA1C Package တွင် ဆေးဖိုးပါဝင်မည် မဟုတ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။
HbA1C Package အား Family Doctor အထူးကုဆေးခန်းတွင် ပြုလုပ်ရမည်ဖြစ်ပြီး ဆရာမဇာခြည်ပြုံးနှင့် Family Doctor အထူးကုဆေးခန်းတွင် ပြသရမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

HbA1C Package ပြုလုပ်လိုသော မိဘပြည်သူများ အနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၉၇၂၁၇၆၇၈၆၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။

လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ်ပါဝင်နိုင်ပါပြီ။

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

Christmas and New Year တွင် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း Medical Checkup ပြုလုပ်လိုသော မိဘပြည်သူများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package အား ပြုလုပ်နိုင်ပါသည်။

Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း
1.Chest X Ray (ရင်ဘတ်ဓာတ်မှန်)

ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း
2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်)

အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး)
3.Total Bilirubin
4.Alkaline Phosphatase
5.SGOT (AST)
6.SGPT (ALT)

သွေးတွင်း အဆီဓာတ် (၄ မျိုး)
7.Total Cholesterol
8.Triglycerides
9.HDL
10.LDL

ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး)
11.Creatinine
12.Urea
13.Sodium
14.Potassium
15.Chloride
16.Bicarbonate

17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း)

18.Uric Acid

19.Albumin(အသားဓာတ်စစ်ဆေးခြင်း)

20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း)

21.Urine RE(ဆီးစစ်ဆေးခြင်း)

လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း
22.TSH
23.Free T3
24.Free T4

နှလုံးအား အသေးစိတ်စစ်ဆေးခြင်း
25.ECG
26.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း)
27.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း
တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီလကုန် အထိ လူကြီးမိဘများကို Medical Checkup ကျန်းမာရေးလက်ဆောင် ဖြင့် ကန်တော့လိုသည်ဖြစ်စေ၊ မိမိကိုယ်တိုင် Medical Checkup ပြုလုပ်လိုလျှင်ဖြစ်စေ Family Doctor မှ အထူး Promotion အစီအစဉ် ပြုလုပ်ပေးထားပါသည်။

Special Whole Body Checkup
တစ်ယောက် = 135,000 ကျပ်
နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာစွာ Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။)

Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

Address

No. 51, Bo Min Yaung Street, Mingalar Taung Nyunt Tsp

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Chemist Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram