22/11/2025
ရေချိုးနေတုန်း_ရှူရှူးပေါက်ရင်_ကျောက်ကပ်ပျက်တတ်တာ_ဟုတ်လား
မတ်တပ်ရပ်ပြီး_သွားတဲ့အတွက်_ဆီးက_အရှိန်နဲ့သွားရလို့ပါတဲ့
😅😅😅
ဆီးသွားခြင်း (Peeing/Urination)
ဆီးသွားတယ် ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ရေတေ၊ ဓာတ်ဆားတွေ၊ Protein (အသားဓာတ်)တွေကို သုံးစွဲဖျက်ဆီးပြီးရလာတဲ့ Urea၊ သောက်လိုက်တဲ့ ဆေးတွေ၊ အဆိပ်အတောက်အချို့ နဲ့ Bacteria ပိုး အနည်းငယ် ပါဝင်ပါတယ်။
👉 ဆီး သွားရင် ဘာဖြစ်လဲ ဆိုတော့ ကောင်းပါတယ်။ ကျောက်ကပ် လုံးဝ လုံးဝ မပျက်ပါဘူး
👉 ဆီး မသွားပဲ ခဏ ခဏ အောင့်ထားတတ်ရင်သာ ဆီးပိုးဝင်ခြင်း အပါအဝင်၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ထိခိုက်တတ်တာပါ။
___________
အဲ့တော့ ရေချိုးနေတုန်း_ဆီးသွားသင့်လား ⁉️
တချို့ပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကတော့ သွားသင့်တယ် လို့တောင် နှိုးဆော်ကြပါတယ်၊ Campaign တွေတောင်ရှိပါတယ်။
လူတစ်ယောက်က တစ်နေ့ တစ်ခါ ဆီးသွားဖို့ရေသုံးတာ တစ်နှစ်ဆိုရင် Gallon 1,100 ရှိပါတယ်တဲ့။ (အနောက်နိုင်ငံတွေက သုတေသနပါ)
👉 ရေချိုးတုန်း ဆီးသွားလိုက်ရင် အဲ့လောက်ရေ ပမာဏ မပြုန်းတီးတော့ဘူးပေါ့။
ကျန်းမာရေးရှူထောင့်ကနေ ဆိုရင်
ကျန်းမာနေတဲ့ လူတစ်ယောက်ဟာ ဆီးထဲမှာ Bacteria ပိုး အနည်းငယ်သာ ပါဝင်တတ်ပေမယ့်။
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ (Urinary Tract Infection) လူတစ်ယောက်ရဲ့ ဆီးထဲမှာပေါ့ Bacteria တွေ အများကြီး ပါဝင်ပါတယ်။
👉 မိမိ အတွက်ဆိုရင် ပေါင်/ခြေထောက်တွေမှာ အနာရှိခဲ့ရင် ဆီးထဲက Bacteria တွေဝင်သွားနိုင်တဲ့ အတွက် ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူက ရေချိုးနေတုန်းဆီး မသွားသင့်ပါဘူး။
👉 အဲ့လိုပဲ ထပ်တူစဉ်းစားလိုက်ရင် ခြေထောက်မှာ အနာရှိတဲ့သူတွေက အများသုံးရေချိုးခန်းတွေမှာ ရေမချိုးသင့်ပါဘူး
ရေချိုးခန်းထဲမှာက ရေချိုးရင် အညစ်အကြေးက ဆီး တစ်မျိုးထဲ မဟုတ်ပါဘူး
- ဆံပင်တွေ
- အရေပြားတွေ
- ခန္ဓာကိုယ်မှ ထွက်တဲ့ တခြားအရည်တွေ( ချွေး)
- တချို့ဆို ရေချိုးတုန်း တံထွေးထွေးကြသလို၊ နှပ်ညှစ်တတ်ကြပါတယ်။
အဲ့ဒါကြောင့် လူအသုံးများရင် ရေချိုးခန်းကို တစ်ပတ်-နှစ်ပတ်လျှင် တစ်ကြိမ်လောက် သေသေချာချာ ဆေးသင့်ပါတယ်။
___________
ရေချိုးနေတုန်းဆီးသွားရင် ဘာဖြစ်လဲဆိုတော့
- ဘာမှမဖြစ်ပါဘူး (ဘာကျောက်ကပ်မှ မပျက်ပါဘူး)
- ရေချွေတာရာရောက်ပါတယ်
ဒါပေမယ့်
- ဆီးပိုးဝင်နေတဲ့ လူကတော့ ရေချိုးနေတုန်း ဆီးမသွားသင့်ပါဘူး
ကိုယ့်ခြေထောက်မှာအနာရှိရင် ပိုးဝင်နိုင်သလို၊ အများသုံးရေချိုးခန်းမှာဆို ပိုပြီးမလုပ်သင့်ပါဘူး
- ခြေထောက်မှာ အရေပြားလန်နေတဲ့အနာရှိနေရင် အများသုံးရေချိုးခန်းမှာ မချိုးပါနဲ့ (လူတော်တော်များများက ရေချိုးရင်း ရှူးပေါက်တတ်ပါတယ်)
တချို့ လူယုတ်မာတွေ ဆိုရင် ရေကူးကန်ထဲမှာပါ ဆီးသွားတတ်ပါတယ်။ (ရေကူးကန်ထဲမှာတော့ ပိုးသတ်ဆေးခပ်ထားတဲ့အတွက် ပိုးကူးဖို့အခွင့်အရေးနည်းတယ် ဆိုပေမယ့် ခန္ဓာကိုယ်မှာ အရေပြားလန်နေတဲ့အနာရှိရင် အများသုံးရေကူးကန်မှာ ရေမကူးသင့်ပါဘူး)
"ရေချိုးတုန်း ဆီးသွားရင် ကျောက်ကပ်ပျက်တတ်တယ်" လို့ပြောတာ အိမ်က လူကြီးတွေဖြစ်နေရင် ဒီစာပြပြီး သွားငြင်းမနေပါနဲ့ 😀 ရေချိုးခန်းကူဆေး ပေးလိုက်ကြပါ။
(Ref; healthline)
(Photo credit; shape )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
Crd
#ရေချိုး
#ကျောက်ကပ်
#ဆီး