Kembangan Specialist Centre

Kembangan Specialist Centre Where Medical and Aesthetic Services are Provided at International Level!
(288)

📢မင်္ဂလာပါရှင်...ဆေးခန်းလာပြမည့် မိဘပြည်သူများ အဆင်ပြေစေရန်အတွက် ကျွန်ုပ်တို့ Kembangan ဆေးခန်းကို (၁၂) ရက်နေ့မှ (၁၇) ရက...
11/02/2026

📢မင်္ဂလာပါရှင်...

ဆေးခန်းလာပြမည့် မိဘပြည်သူများ အဆင်ပြေစေရန်အတွက် ကျွန်ုပ်တို့ Kembangan ဆေးခန်းကို (၁၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဆက်တိုက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

သတိပြုရန်မှာ (၁၅) ရက်နေ့ တစ်ရက်သာ ဆေးခန်းပိတ်မှာဖြစ်ပြီး ကျန်ရှိတဲ့ရက်တွေမှာတော့ ပုံမှန်အတိုင်း လာရောက်ပြသနိုင်ပါတယ်ရှင်။

🗓️ ပိတ်ရက်: ၁၅ ရက်နေ့ (တစ်ရက်တည်းသာ)
⏰ ဖွင့်ချိန်: မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

အချစ်ဆုံးအတွက် အလှဆုံး Valentine Day လက်ဆောင် 💘✨ချစ်သူကို အလှဆုံးလက်ဆောင်ပေးချင်တဲ့သူတွေအတွက်ရော၊ Single ဖြစ်နေတဲ့သူတွေအ...
10/02/2026

အချစ်ဆုံးအတွက် အလှဆုံး Valentine Day လက်ဆောင် 💘✨

ချစ်သူကို အလှဆုံးလက်ဆောင်ပေးချင်တဲ့သူတွေအတွက်ရော၊ Single ဖြစ်နေတဲ့သူတွေအတွက်ပါ အလှပဆုံး Version တစ်ခုနဲ့ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ဖို့ Skin Wellness & Aesthetic Clinic က One Day Flash Sale အစီအစဉ်လေး လုပ်ပေးထားပါတယ်ရှင်။

🌹 Glow Like a Rose!

ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို ချက်ချင်းလန်းဆန်းစေပြီး အတွင်းပိုင်းကနေ ကြည်လင်ဝင်းပလာစေမယ့် Skin Booster Treatment ကို တစ်ရက်တည်း အထူးစျေးနှုန်းနဲ့ ရယူနိုင်မယ့် အခွင့်အရေးလာပါပြီနော်..

❇️Normal Price: ~~300,000 MMK~~

❇️Valentine’s Special: 250,000 MMK (50,000 တောင် သက်သာသွားမှာနော်!)

✨ Skin Booster က ဘာတွေလုပ်ပေးမှာလဲ?

👉အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး Glass Skin လို ပြောင်ပြောင်တင်းတင်းလေး ဖြစ်စေမယ်။

👉ချွေးပေါက်ကျဉ်းစေပြီး အသားအရေကို နုပျိုစေမယ်။

👉မိတ်ကပ်လိမ်းရင်လည်း ကွက်တာမျိုးမရှိဘဲ တစ်နေကုန် Glow နေစေမှာပါ။

👉 Collagen အသစ်ထွက်စေပြီး Regeneration အာနိသင်ရစေခြင်း၊အရေပြားအပေါ်ယံအလွှာကိုကာကွယ်ပေးပြီး အစိုဓာတ်ပြည့်၀စေခြင်း၊
အရေပြားcell အတွင်းပိုင်းအထိ ထိရောက်စွာ ပြုပြင်ပေးနိုင်လို့ ပျက်စီး ဆုံးရှုံးခြင်းကြောင့်ဖြစ်တဲ့ လဏ္ခာတွေကိုလျှော့ချပေးနိုင်ပါတယ်။

⏰ ဘယ်တော့လဲ?

ဒီ Promotion လေးက ဖေဖော်ဝါရီလ ၁၄ ရက် (Valentine's Day) တစ်ရက်တည်းသာ ဖြစ်လို့ အခုကတည်းက Booking တင်ထားဖို့ လိုမယ်နော်။

ကိုယ့်ရဲ့ Special Someone ကို Surprise Gift ပေးချင်တာလား? ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် Care လုပ်ချင်တာလား?အလှဆုံးလက်ဆောင်လေးအတွက် Ready ဆိုရင် ခုပဲ Kembangan ကိုဆက်သွယ်လိုက်တော့နော်..

> "Because your skin deserves to be loved too." 💖

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

✨ခေါင်းအစ ခြေအဆုံး လှပဖို့အတွက် February လရဲ့ အထူးပရိုမိုးရှင်းများ ✨မင်္ဂလာပါ ပျိုမေတို့ရေ... 💖ဖေဖော်ဝါရီလဆိုတာ "ချစ်ခြ...
01/02/2026

✨ခေါင်းအစ ခြေအဆုံး လှပဖို့အတွက် February လရဲ့ အထူးပရိုမိုးရှင်းများ ✨

မင်္ဂလာပါ ပျိုမေတို့ရေ... 💖

ဖေဖော်ဝါရီလဆိုတာ "ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့လ" လို့ အားလုံးက သတ်မှတ်ထားကြတယ်မလား? အဲဒီတော့ တခြားသူတွေကို မချစ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဂရုစိုက်ပြီး Glow အောင် လုပ်ထားဖို့ မေ့လို့မရဘူးနော်။

ဒီလမှာ ကိုယ့်ရဲ့ အလှအပအတွက် စိတ်ပူနေရတဲ့ အချက်လေးတွေကို ဖြေရှင်းပေးနိုင်မယ့် Treatment (၄) မျိုးကို အတန်ဆုံး Discount တွေနဲ့ စီစဉ်ပေးထားပါတယ်။ ဘယ် Treatment က ဘာတွေ ကောင်းလဲဆိုတာ သေချာလေး ဖတ်ကြည့်ပေးဦးနော်... 👇

✨ Hair Removal (25% OFF)

အမွှေးအမျှင်တွေ ခဏခဏရိတ်နေရတာ အသားအရေ ကြမ်းလာသလို ခံစားရတယ်မလား? Kembangan ရဲ့ Hair Removal Treatment က အမြစ်ကနေ ဖယ်ရှားပေးတာမို့ အသားအရေက Baby Skin လေးလို ချောမွေ့သွားမှာပါ။ ဒီလမှာ အများဆုံး Discount ဖြစ်တဲ့ 25% တောင် ပေးထားတာနော်။

✨ Scar Laser Treatment (20% OFF)

ဝက်ခြံအမာရွတ် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ အမာရွတ်တွေကြောင့် Concealer တွေ အထပ်ထပ် ဖုံးနေရတာ ပင်ပန်းနေပြီဆိုရင် Laser နဲ့ ဖြေရှင်းလိုက်ပါ။ အမာရွတ်ကို ပါးလျသွားစေပြီး အသားအရေ ညီညာသွားအောင် ကူညီပေးမှာမို့ 20% လျော့ဈေးနဲ့ အမြန်လေး လာလုပ်လိုက်တော့နော်။

✨ Exo Treatment - Face/Hair (20% OFF)

အသားအရေက ဘာလိမ်းလိမ်း မကြည်ဘူး၊ ညစ်နွမ်းနေသလို ဖြစ်နေရင် (ဒါမှမဟုတ်) ဆံပင်တွေ အရမ်းကျွတ်နေရင် နည်းပညာသစ် Exosome နဲ့ ကုသကြည့်ဖို့ အကြံပေးပါရစေ။ ဆဲလ်အသစ်တွေကို ပြန်လည် နိုးကြားစေတာမို့ မျက်နှာဆိုရင် မှန်ကြည့်တိုင်း ကျေနပ်နေမှာဖြစ်သလို ဆံကေသာအတွက်လည်း အားဖြည့်ပေးပါတယ်။ ဒီလမှာ 20% OFF တောင်ရနိုင်မှာပါနော်။

✨ Eye Lid / Eye Bag (15% OFF)

မျက်အိတ်ဖောင်းတာ၊ မျက်ခွံတွဲကျတာတွေက လူကို ရှိရင်းစွဲ အသက်ထက် ပိုအိုစာသွားစေတတ်ပါတယ်။ မျက်ဝန်းလေးတွေ ကြည်လင်တောက်ပပြီး နုပျိုသွားဖို့အတွက် ဒီ Treatment ကို 15% OFF နဲ့ စိတ်ချလက်ချ ပြုပြင်နိုင်ပါပြီရှင်။

🗓 တစ်ဖေဖော်ဝါရီလလုံး (Whole February)
Promotion က တစ်လလုံးဆိုပေမယ့် စောစောလာပြီး အလှပြင်ထားမှ Valentine’s Day မှာ အလှဆုံး ဖြစ်နေမှာနော်။ 😉
ဒီ Treatment တွေနဲ့ ပတ်သက်ပြီး ကိုယ့်
အသားအရေနဲ့ ကိုက်ညီမှု ရှိမရှိ တိုင်ပင်ဆွေးနွေးချင်ရင်လည်း Chat Box မှာ အခုပဲ M
essage ပို့လိုက်ပါ သို့မဟုတ် ဖုန်းလေး ဆက်လိုက်ပါနော်...
-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

အမျိုးသားတွေ အဖြစ်များတဲ့ရောဂါ (၅) မျိုး"ကျန်းမာရေးဆိုတာ ကားတစ်စီးလိုပါပဲ။ ပုံမှန် Service မစစ်ရင် လမ်းခုလတ်မှာ ထိုးရပ်သ...
26/01/2026

အမျိုးသားတွေ အဖြစ်များတဲ့ရောဂါ (၅) မျိုး"

ကျန်းမာရေးဆိုတာ ကားတစ်စီးလိုပါပဲ။ ပုံမှန် Service မစစ်ရင် လမ်းခုလတ်မှာ ထိုးရပ်သွားနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း တိတ်တဆိတ် ဒုက္ခပေးတတ်တဲ့ ရောဂါတွေကတော့ -

၁။ "နှလုံးသားရေးရာကိစ္စ" (Cardiovascular Disease)

ဒါက အချစ်ရေးကို ပြောတာမဟုတ်ဘဲ နှလုံးသွေးကြောပိတ်တာကို ပြောတာပါ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

* ဘာကြောင့်လဲ: ဆေးလိပ်သောက်ခြင်း၊ အဆီအစိမ့်စားခြင်းနဲ့ စိတ်ဖိစီးမှုတွေကြောင့်ပါ။

ကာကွယ်နည်း: "ဝမ်းဗိုက်အဆီကို လျှော့ပါ"။ ခါးအတိုင်းအတာ ၃၅ လက်မထက် ကျော်လာရင် သတိထားရပါတော့မယ်။

၂။ "ဆီးကျိတ် - အမျိုးသားတို့ရဲ့ အားနည်းချက်" (Prostate Problems)

အသက် ၅၀ ကျော်လာတဲ့ အမျိုးသားအတော်များများဟာ ဆီးသွားရခက်တဲ့ ပြဿနာကို ရင်ဆိုင်ရပါတယ်။

လက္ခဏာ: ညဘက် ဆီးခဏခဏထသွားရတာ၊ ဆီးသွားရင် တစ်စက်စက်ကျနေတာမျိုးပါ။

Tips:ခရမ်းချဉ်သီးမှာပါတဲ့ Lycopene ဓာတ်က ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်လို့ ခရမ်းချဉ်သီး များများစားပေးပါ။

၃။ "သွေးတိုးရောဂါ" (The Silent Killer - Hypertension)

သွေးတိုးရောဂါဟာ ဘာလက္ခဏာမှ မပြဘဲ ရုတ်တရက် လေဖြတ်တာ၊ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။

* သတိပြုရန်: အငန်ကဲတာနဲ့ အရက်သောက်တာက သွေးတိုးကို "Turbo" တပ်ပေးသလို အရှိန်တက်စေပါတယ်။

၄။ "အမျိုးသားဟော်မုန်း အားနည်းခြင်း" (Low Testosterone)

ဒါကို "Andropause" လို့လည်း ခေါ်ပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ စိတ်ဓာတ်ကျတာ၊ အမောမခံနိုင်တာနဲ့ လိင်စိတ်ဆန္ဒ လျော့နည်းလာတာတွေ ဖြစ်တတ်ပါတယ်။

* ဖြေရှင်းနည်းအနေနဲ့ အလေးမတဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ ဇင့် (Zinc) ဓာတ်ပါတဲ့ အစားအစာတွေစားတာက သင့်ကို ပြန်လည်လန်းဆန်းစေမှာပါ။

၅။ "အသည်းရောဂါ" (Liver Disease)

မြန်မာအမျိုးသားတွေမှာ အဖြစ်အများဆုံးက အသည်းခြောက်တာနဲ့ အသည်းကင်ဆာပါ။ အရက်ကြောင့်တင်မကဘဲ အသည်းရောင်အသားဝါ (B) ပိုး၊ (C) ပိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

💡 "Superman" တစ်ယောက်လို ကျန်းမာနေစေဖို့ Secret Hacks (၃) ခု
* "Color Your Plate": သင့်ထမင်းပန်းကန်ထဲမှာ အရောင်အသွေးစုံတဲ့ အသီးအရွက်တွေ ပါပါစေ။ အသားချည်းပဲ စားတာက သင့်ကို "အိုမင်း" စေပါတယ်။

"Check Your Numbers": သင့်ဖုန်း Password ကို မှတ်ထားသလိုပဲ သင့်ရဲ့ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ဂဏန်းတွေကို မှတ်ထားပါ။

"Talk It Out": စိတ်ညစ်တာကို ရင်ထဲမှာ မြိုသိပ်မထားပါနဲ့။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အစိမ်းလိုက် ဝါးစားပစ်နိုင်ပါတယ်။

ဒါ့အပြင်"အမျိုးသားတစ်ယောက်ရဲ့ အစွမ်းအစဆိုတာ သူ့ရဲ့ ကြွက်သားထုထဲမှာတင် ရှိတာမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ကို ဘယ်လောက် ဂရုစိုက်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။"

ဒါကြောင့် ကိုယ့်ရဲ့ကျန်းမာရေးကို အမြဲမျက်ခြေမပြတ်စောင့်ကြည့်နေနိုင်ဖို့အတွက် ကျွန်မတို့ Kembangan မှာ Medical Check up အပြင် အမျိုးသားကျန်းမာရေးဆိုင်ရာ ရောဂါအမျိုးမျိုးကိုလည်း ဆရာဝန်ကြီးတွေနဲ့ လာရောက်ပြသ ကုသနိုင်ပါတယ်ရှင့်...

ကဲ..ဒါဆို အမျိုးသားတို့အတွက် သတိထားသင့်တဲ့ ရောဂါတွေအကြောင်း ပြောပြပြီးပြီဆိုတော့ အမျိုးသားတို့ကျန်းမာရေးဂရုစိုက်ပြီး ကျန်းမာသန်စွမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြမယ်လို့ထင်ပါတယ်နော်...

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#ကမ်ဘန်ဂန်

🎉Better Service, Better Care! ✨ Kembangan Specialist Center ရဲ့ Grand Opening ပုံရိပ်များ 📸ကျွန်တော်တို့ Kembangan Speci...
14/01/2026

🎉Better Service, Better Care! ✨ Kembangan Specialist Center ရဲ့ Grand Opening ပုံရိပ်များ 📸

ကျွန်တော်တို့ Kembangan Specialist Center ကို စတင်တည်ထောင်ကတည်းက လူနာများစွာကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီးနောက် အခုဆိုရင် ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ Grand Opening အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

ဆေးခန်း စတင်ဖွင့်လှစ်ချိန်ကစလို့ အခက်အခဲများစွာမှာ အတူရှိပေးခဲ့တဲ့ ဝန်ထမ်းများ၊ ယုံကြည်အားကိုးခဲ့တဲ့ လူနာရှင်များနှင့် လုပ်ငန်းဖော်ဆောင်ဖက်များကို အမှတ်တရ ဂုဏ်ပြုချင်ပါတယ်။ 💐

အခုဆိုရင် ကျွန်တော်တို့ ဆေးခန်းမှာ ပိုမိုစုံလင်တဲ့ အထူးကုဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာအသစ်များနဲ့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို အဆင့်မြင့်ဆုံး စောင့်ရှောက်ပေးဖို့ အသင့်ရှိနေပါပြီ။

ဒီနေ့အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးကြတဲ့ ဧည့်သည်တော်များ၊ ဆရာဝန်ကြီးများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ Specialist Center အနေနဲ့ လူနာတိုင်းကို အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်သွားဖို့ အစဉ်အမြဲ အသင့်ရှိနေမှာပါ။ 🩺🤝

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

"အမဲစက်နဲ့ တင်းတိပ်တွေကို အမြစ်ပြတ်အောင် ကုလို့ရလား?"🧐မှန်ကြည့်လိုက်တိုင်း ပါးပေါ်က အမဲစက်တွေ၊ တင်းတိပ်တွေကိုကြည့်ပြီး စ...
12/01/2026

"အမဲစက်နဲ့ တင်းတိပ်တွေကို အမြစ်ပြတ်အောင် ကုလို့ရလား?"🧐

မှန်ကြည့်လိုက်တိုင်း ပါးပေါ်က အမဲစက်တွေ၊ တင်းတိပ်တွေကိုကြည့်ပြီး စိတ်ညစ်နေရပြီလား? 😔
"ဒါကြီးက ပျောက်ပါဦးမလား"၊ "ဘယ်လောက်ထိ ကုရမှာလဲ" ဆိုတာ တင်းတိပ်ပြဿနာရှိသူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းတွေပါ။ အဖြေကတော့... "စနစ်တကျ ကုသရင် သက်သာပျောက်ကင်းနိုင်ပါတယ်၊ ဒါပေမဲ့ ဇွဲတော့လိုတယ်" ဆိုတာပါပဲ။

တင်းတိပ်ဆိုတာ အရေပြားရဲ့ အနက်ရှိုင်းဆုံးအလွှာထိ အမြစ်တွယ်တတ်တဲ့သဘောရှိလို့ အပေါ်ယံလိမ်းဆေးတစ်ခုတည်းနဲ့တင် မလုံလောက်တာမျိုး ဖြစ်တတ်ပါတယ်။

🏠 အိမ်မှာပဲ ကုသခြင်း (Home Care Routine)

အိမ်မှာလိမ်းတဲ့ Cream တွေ၊ Serum တွေဟာ တင်းတိပ်အသစ်မဖြစ်အောင် တားဆီးပေးနိုင်သလို၊ အပေါ်ယံအလွှာက အမဲစက်လေးတွေကို မှိန်သွားအောင် ကူညီပေးနိုင်ပါတယ်။

* အားသာချက်: ကုန်ကျစရိတ်သက်သာတယ်၊ နေ့စဉ်ပုံမှန်လုပ်လို့ရတယ်။

* အားနည်းချက်: အချိန်အကြာကြီး (လနဲ့ချီ) စောင့်ရတယ်၊ အမြစ်နက်တဲ့ တင်းတိပ်တွေကိုတော့ ထိထိရောက်ရောက် မဖယ်ရှားနိုင်ပါဘူး။

🏥 ဆေးခန်းမှာ Treatment ယူခြင်း (Professional Clinic Treatments)

Kembangan ဆေးခန်းမှာဆိုရင်တော့ Laser (လေဆာ)၊ Whitening Facial Peeling ဒါမှမဟုတ် Skin Booster တွေကို သုံးပြီး ကုသပါတယ်။

* အားသာချက်: အရေပြားအတွင်းပိုင်းထိ ရောက်တဲ့အတွက် သိသိသာသာ မြန်မြန်ဆန်ဆန် သက်သာစေတယ်။ ဆရာဝန်ကိုယ်တိုင် အသားအရေကို စစ်ဆေးပြီးမှ လုပ်တာမို့ ပိုစိတ်ချရတယ်။

* အားနည်းချက်: ကုန်ကျစရိတ်ရှိမယ်၊ ဒါပေမဲ့ ရလဒ်ကတော့ စိတ်ကျေနပ်မှု ပိုရစေပါတယ်။

❇️ဒါဆို ဘာကိုရွေးရမလဲ? 🤔

တကယ်တော့ ဒီနှစ်ခုစလုံးဟာ "တွဲလုပ်မှ" အထိရောက်ဆုံးပါ။ ဆေးခန်းမှာ Treatment ယူပြီး အိမ်မှာ Sunscreen (နေလောင်ကာ) မလိမ်းဘူး၊ Skincare သေချာမလုပ်ဘူးဆိုရင် တင်းတိပ်တွေက ပြန်ပေါ်လာဦးမှာပါပဲ။

ဒါ့အပြင် တင်းတိပ်ကုသမှုမှာ အရေးကြီးဆုံးက "နေရောင်ကို ရှောင်ဖို့" နဲ့ "စိတ်ရှည်ဖို့" ပါ။ တစ်ခါတည်းနဲ့ ပျောက်သွားတာမျိုးထက် တဖြည်းဖြည်းချင်း ကြည်လင်လာတာမျိုးက ပိုပြီး ကျန်းမာတဲ့ အသားအရေကို ရစေပါတယ်။

✨ သင့်မှာရော... ဘယ်လောက်ကုကု မပျောက်နိုင်တဲ့ အမဲစက်တွေ ရှိနေလား? ကိုယ့်အသားအရေအတွက် ဘယ်လို Treatment မျိုးက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သိချင်ရင်တော့ ကျွန်မ Kembangan မှာ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634



#တင်းတိပ်နှင့်အမဲစက် #အသားအရေထိန်းသိမ်းနည်း #ကမ်ဘမ်ဂန်

✨၂၀၂၆ ခုနှစ်သစ်မှာ ပိုမိုလှပတဲ့ V-Shape မျက်နှာလေးနဲ့ ယုံကြည်မှုအပြည့် ရှိကြစို့! 🌟နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ဖိ...
06/01/2026

✨၂၀၂၆ ခုနှစ်သစ်မှာ ပိုမိုလှပတဲ့ V-Shape မျက်နှာလေးနဲ့ ယုံကြည်မှုအပြည့် ရှိကြစို့! 🌟

နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ဖို့၊ ပိုပြီး Glow ဖို့ ဆုံးဖြတ်ထားတဲ့ ပျိုမေတို့အတွက် သတင်းကောင်းရှိပါတယ်ရှင်။ 😍

အသားအရေတွန့်တာ၊ အရေးအကြောင်းတွေကြောင့် စိတ်ညစ်နေရလား? ခွဲစိတ်စရာမလိုဘဲ သိသိသာသာ မျက်နှာသွယ်လျပြီး နုပျိုသွားစေမယ့် HIFU Treatment ရှိနေပြီလေ။

✨ HIFU က ဘာတွေထူးခြားလဲ? ✨
• V-Shape ပေါ်လွင်စေခြင်း: မေးစေ့အောက်က အဆီနဲ့ အသားအရေတွန့်ခြင်းတွေကို သိသိသာသာ လျော့ကျစေပါတယ်။

• အသားအရေ တင်းရင်းစေခြင်း: Collagen ထွက်နှုန်းကို မြှင့်တင်ပေးလို့ အသားအရေက အတွင်းပိုင်းကနေ တင်းရင်းလာမှာပါ။

• နာကျင်မှုမရှိခြင်း: ခွဲစိတ်စရာမလို၊ အပ်နဲ့ထိုးစရာမလိုဘဲ အချိန်တိုအတွင်း လုပ်ဆောင်နိုင်ပါတယ်။

🔥 New Year Special Promotion! 🔥
ဇန်နဝါရီလတစ်လလုံးအတွက် 30% OFF တောင် Discount ပေးထားတာမို့ အခုပဲ Appointment ယူလိုက်တော့နော်!

📍 Kembangan Specialist Centre မှာ ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် စိတ်ချလက်ချ ဝန်ဆောင်မှုပေးနေတာမို့ Quality အတွက်တော့ လုံးဝ စိတ်ပူစရာမလိုပါဘူးရှင်။

📅 Promotion ကာလ: ဇန်နဝါရီလတစ်လလုံး

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

နှစ်သစ်မှာ အလှပဆုံး Version နဲ့ ဖြတ်သန်းဖို့ အခုပဲ Message Box ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါပြီ။ ✨💙

🎊 New Year, New Version: အသစ်စက်စက် အလှတရားတွေနဲ့ ၂၀၂၆ ကို ဖြတ်သန်းကြစို့! ✨နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုလှပတဲ့ Versio...
01/01/2026

🎊 New Year, New Version: အသစ်စက်စက် အလှတရားတွေနဲ့ ၂၀၂၆ ကို ဖြတ်သန်းကြစို့! ✨

နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုလှပတဲ့ Version တစ်ခုအနေနဲ့ မြင်ချင်နေပြီလား? 🥳 Kembangan Specialist Centre ကနေ ချစ်ရတဲ့သူတွေအတွက် January တစ်လလုံး ခံစားခွင့်ရမယ့် Special Promotion ကြီးကို ယူဆောင်လာပါပြီ! 🎁

စိတ်ညစ်ရတဲ့ အသားအရေပြဿနာတွေကို နှုတ်ဆက်ပြီး ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းသစ်စဖို့ အခုပဲ ကြည့်လိုက်ရအောင်... 👇

🌟 အထူး Promotionအစီအစဉ် (၃) မျိုး 🌟

၁။ Facial Treatment (Buy 2 Get 1 FREE!) 🧖‍♀️

ကြည်လင်ပြီး Glow တဲ့ အသားအရေလေး ရဖို့အတွက် Facial Treatment (၂) ကြိမ်ယူတာနဲ့ (၁) ကြိမ် Free ထပ်ရဦးမှာနော်။ သူငယ်ချင်းတွေနဲ့ စပ်တူယူမလား၊ ကိုယ်တိုင်ပဲ တဝကြီး Treatment ယူမလား... အရမ်းတန်နေပြီ!

၂။ Tattoo Removal (30% OFF!) ⚡️

အရင်က ထိုးထားပြီးမကြိုက်တော့လို့ပဲဖြစ်ဖြစ်၊ စိတ်မပါတော့လို့ပဲဖြစ်ဖြစ် ဖျက်ချင်နေတဲ့ တက်တူးတွေရှိလား? အမာရွတ်မကျန်စေဘဲ ခေတ်မီစက်ကိရိယာတွေနဲ့ ဖျက်ပေးမယ့် Tattoo Removal ကို (၃၀ )ရာခိုင်နှုန်း တောင် လျှော့ပေးထားပါတယ် နော်..

၃။ HIFU Treatment (30% OFF!) ✨

ခွဲစိပ်စရာမလိုဘဲ မျက်နှာသွယ်သွယ်လျလျနဲ့ နုပျိုမှုကို ပြန်လည်ပိုင်ဆိုင်ဖို့ HIFU Treatment ကိုလည်း ၃၀ ရာခိုင်နှုန်း Discount နဲ့ ပြုလုပ်နိုင်ပါပြီ။

⏳ Promotion ကာလလေးက​တော့
ဇန်နဝါရီလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်လလုံးဖြစ်တာကြောင့်ဒီနှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး လက်ဆောင်ပေးဖို့ မမေ့နဲ့နော်။ ပရိုမိုးရှင်းက တစ်လပဲဆိုတော့ အမြန်ဆုံး Booking တင်ထားမှ စိတ်ချရမယ်နော်။ 😉

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

📍 ဆက်သွယ်ရန် ဖုန်းနံပါတ်များ -
📞 09 772 458 611
📞 09 795 899 634

🎉✨"ပျော်ရွှင်စရာ နှစ်သစ်ကူး အခါသမယလေး ဖြစ်ပါစေကြောင်း Kembangan Specialist Center မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။...
30/12/2025

🎉✨"ပျော်ရွှင်စရာ နှစ်သစ်ကူး အခါသမယလေး ဖြစ်ပါစေကြောင်း Kembangan Specialist Center မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🙏

နိုင်ငံတကာနှစ်သစ်ကူး အားလပ်ရက်ဖြစ်သော ၁.၁.၂၀၂၆ (ကြာသပတေးနေ့) တွင် ကျွန်ုပ်တို့ ဆေးခန်းကို ခေတ္တပိတ်ထားမည် ဖြစ်ပြီး ၂.၁.၂၀၂၆ (သောကြာနေ့) တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားပါမည် ဖြစ်​ကြောင်း ကြိုတင်အသိ​ပေး​အ​ကြောင်းကြားအပ်ပါတယ်ရှင့်
…🥰🥰

အားလုံးပဲ ကျန်းမာလှပတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။ ✨

ကျေးဇူးတင်ပါတယ်။

KEMBANGAN SPECIALIST CENTRE🏥
#ကန်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
☎️Tel : ‪09 772 458 611‬၊ 09 795 899 634၊
09 448 026 197
Google Map
https://maps.app.goo.gl/JyZVJpL1szvKBErv7?g_st=iv

☃️🎄Christmas ပွဲတော်အနေနဲ့ ကျွန်‌တော်တို့ #ကမ်ဘန်ဂန်အထူးကုဆေးခန်း (  Specialist Centre) 2025 ခုနှစ် အတွက်ကုသိုလ်ဖြစ်ဆေး​...
27/12/2025

☃️🎄Christmas ပွဲတော်အနေနဲ့ ကျွန်‌တော်တို့ #ကမ်ဘန်ဂန်အထူးကုဆေးခန်း ( Specialist Centre) 2025 ခုနှစ် အတွက်ကုသိုလ်ဖြစ်ဆေး​ခန်းမှပုံရိပ်များကိုမျှဝေလိုက်ပါတယ်။

🎊နှစ်စဉ် ပြည်သူလူထုအတွက်ပြန်လည်အကျိုးပြုတဲ့အစီအစဉ်လေး ပြုလုပ်ရတဲ့အတွက်လည်းဝမ်းမြောက်မိပါတယ်။

🎊ဝိုင်းဝန်းကူညီခဲ့ကြတဲ့ အထူးကုဆရာဝန်များ ဆေးခန်းမှပင်တိုင်ဆရာဝန်များ Kembangan Management Team, သူနာပြုများနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။

🎊 Thuwunna Clinic မှ ညီကိုမောင်နှမ လုပ်ဖော်ကိုင်ဖက်တွေလည်းလာရောက်အားဖြည့်ကူညီမှုများအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

🎊ဆေးပစ္စည်းများ နှင့် အစားအသောက်များကိုပံ့ပိုးကူညီခဲ့ကြတဲ့ ဆေးကုမ္ပဏီများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

🎄✨ မွန်မြတ်လှတဲ့ Christmas အခါသမယမှာ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်ကြည်နူးရပါစေကြောင်း    မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ...
25/12/2025

🎄✨ မွန်မြတ်လှတဲ့ Christmas အခါသမယမှာ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်ကြည်နူးရပါစေကြောင်း မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🎄✨

📣📣📣25th December 2025 (Christmas Day) မှာ ဆေးခန်း တစ်ရက်ပိတ်ကြောင်းအကြောင်းကြားအပ်ပါတယ်။📣📣📣

ကျေးဇူးတင်ပါတယ်။

KEMBANGAN SPECIALIST CENTRE🏥
#ကန်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
☎️Tel : ‪09 772 458 611‬၊ 09 795 899 634
Google Map
https://maps.app.goo.gl/JyZVJpL1szvKBErv7?g_st=iv

❄️☃️"ဖြူစင်တင်းရင်း အရေးအကြောင်းကင်းစင်တဲ့ ဆောင်းရာသီလေးကို ပိုင်ဆိုင်လိုက်ပါ ✨"Carbon Laser And Harmony XL Pro 50% Off ...
24/12/2025

❄️☃️"ဖြူစင်တင်းရင်း အရေးအကြောင်းကင်းစင်တဲ့ ဆောင်းရာသီလေးကို ပိုင်ဆိုင်လိုက်ပါ ✨"

Carbon Laser And Harmony XL Pro 50% Off Promotion

ဆောင်းလေအေးလေးတွေကြောင့် အသားအရေ ခြောက်သွေ့တာ၊ အမည်းစက်တွေ ပိုထင်ရှားလာတာနဲ့ ဝက်ခြံကြောင့် စိတ်ညစ်နေရပြီလား? ❄️
Kembangan Specialist Centre ရဲ့ အထူးအစီအစဉ်နဲ့အတူ သင့်ရဲ့ အသားအရေကို ပြန်လည် နုပျိုတောက်ပအောင် ဖန်တီးလိုက်ပါနော်..

✅ ရွေးချယ်သင့်တဲ့ Treatments များ-

• Carbon Laser: ချွေးပေါက်ကျယ်တာ၊ ဆီပြန်တာနဲ့ အသားအရေ ညစ်နွမ်းတာတွေကို ချက်ချင်း သက်သာစေပြီး မျက်နှာလေးကို Glass Skin လို ကြည်လင်ဝင်းပစေပါတယ်။

• Harmony XL Pro: ခေတ်မီနည်းပညာမြင့် စက်ပစ္စည်းကို အသုံးပြုပြီး အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

🎁 Special Promotion!

အထူးပရိုမိုးရှင်းအနေနဲ့
ဒီ Treatments နှစ်မျိုးလုံးကို ဒီဇင်ဘာတစ်လလုံး 50% OFF နဲ့ ပြုလုပ်နိုင်မယ့် အခွင့်အရေးကြီးကို လည်း လက်ဆောင်ပေးထားပါတယ်နော်။ 😍

ဒါဆို အသားအရေ ထိန်းသိမ်းဖို့ အချိန်မဆွဲပဲ ဆောင်းရာသီမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လှပနေဖို့ အခုပဲ Appointment ရယူလိုက်ပါနော်...

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
• 09 772 458 611
• 09 795 899 634

Address

No. 171, Shwe Gon Dine Lane, West Shwe Gon Dine Qr, Near AYA Bank, Bahan Tsp
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772458611

Alerts

Be the first to know and let us send you an email when Kembangan Specialist Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kembangan Specialist Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram