SHWE INLAY Medical Centre

SHWE INLAY Medical Centre No.346, Corner of 49th Street and Merchant Road, Naing Group Condo, Botahtaung Tsp, Yangon, Myanmar.

13/02/2026

အစိုးရရုံးပိတ်ရက်တွေမှာဆေးခန်းလေးဖွင့်ပေးထားပါတယ်နော်
Sunday တရက်ပဲပိတ်ပါတယ်ရှင့်

27/01/2026

📌လက်ရှိလူပြောများနေတဲ့ Nipah Virus

အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်တွင် Nipah Virus ကူးစက်မှု အတည်ပြုလူနာ အနည်းဆုံး ၅ ဦးရှိကြောင်း အတည်ပြုထားပါတယ်။ ဒီလူနာများနဲ့ နီးကပ်ဆက်သွယ်ခဲ့သူများ အနီးစပ်ဆုံး ၁၀၀ ဦးခန့်ကို quarantine ထားပြီး စောင့်ကြည့်နေပါတယ်။ (Source : Wikipedia , https://evrimagaci.org/gpt/nipah-virus-outbreak-in-west-bengal-sparks-urgent-response-525248?srsltid=AfmBOoohvs7kZpn2Ti0TtdPh5DrUz-hq06qHEwUkrKrhog926yjPII1_)

အိမ်နီးချင်းထိုင်းနိုင်ငံမှာ အတည်ပြုကူးစက်မှု မတွေ့ရှိသေးသော်လည်း နယ်စပ်စစ်ဆေးရေးနှင့် ပြည်တွင်းစောင့်ကြည့်မှုများကို ပိုမိုတင်းကြပ်စွာလုပ်ဆောင်နေပါတယ်။

💠Nipah Virus ဆိုတာဘာလဲ

တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သော Virus ဖြစ်ပါတယ်။ Zoonotic virusပါ။ Fruit bats of the Pteropodidae က Virus ပိုးရဲ့ လက်ခံကောင်ပါ။ ရောဂါပိုးရှိတဲ့အညစ်အကြေး၊တံတွေးတို့နဲ့တိုက်ရိုက်ထိတွေ့ထားတဲ့ အသီးအနှံ၊စားစရာတွေကနေ လူကိုကူးစက်တတ်ပြီး လူကနေ လူအချင်းချင်းလည်း ထပ်ကူးစက်နိုင်ပါတယ်။

💠လက္ခဏာများနှင့် ပြင်းထန်မှု

Nipah virus ကူးစက်မှုသည် လက္ခဏာအနည်းငယ်ပြသောသူများအဆင့်ကနေ ပြင်းထန်လူနာများအထိ လက္ခဏာမတူညီနိုင်ပါဘူး။

အများဆုံးတွေ့ရသော လက္ခဏာများကတော့

▪️အဖျားကြီးခြင်း
▪️ခေါင်းကိုက်ခြင်း
▪️ကိုယ်လက်နာခြင်း
▪️မောပန်းခြင်း၊စိတ်ရှုပ်ထွေးခြင်း
▪️အသက်ရှူခက်ခြင်း
▪️ချောင်းဆိုးခြင်း
▪️ဦးနှောက်ရောင်ရမ်းခြင်း (encephalitis) (အဆိုးဆုံးအဆင့်အနေနဲ့)သတိလစ်ခြင်း၊ သေဆုံးနိုင်ခြင်းတို့အထိဖြစ်နိုင်ပါတယ်။

ကူးစက်မှုများတွင် သေဆုံးမှုနှုန်း ၄၀% မှ ၇၅% အထိ ရှိနိုင်သော်လည်း ဖြစ်ပွားရာဒေသနှင့် ဆေးကုသမှုအပေါ် မူတည်၍ ကွာခြားနိုင်ပါတယ်။ ရောဂါပိုးကူးစက်ချိန်ကနေ လက္ခဏာပြသချိန်ဟာ ၄-၁၄ရက်ဖြစ်ပြီး တချို့ case တွေမှာ ၄၅ရက်အထိလည်းကြာနိုင်ပါတယ်။

💠ကုသမှုနှင့် ကာကွယ်ဆေး

ယခုအချိန်အထိ Nipah virus အတွက်အထူးပြု antiviral ဆေးမရှိသေးသလို လူအတွက် အတည်ပြုကာကွယ်ဆေးလည်း မရှိသေးပါ။ WHO ရဲ့ ထုတ်ပြန်ချက်အရဖြစ်ပါတယ်။

💠ကုသမှုမှာတော့

▪️လက္ခဏာများကို ထိန်းချုပ်ကုသခြင်း
▪️နောက်ဆက်တွဲ complication မဖြစ်အောင် စောင့်ကြည့်ကုသခြင်းတို့ကို အခြေခံထားပါတယ်။

💠ကာကွယ်ခြင်း

ကူးစက်မှုအန္တရာယ်လျော့ချရန်

▪️လင်းနို့များနဲ့မလိုအပ်ဘဲ မထိတွေ့စေရေး
▪️အသီးအနှံများကို သေချာသန့်စင်ပြီးမှ စားရန်ဖျော်ရည်များကို မသန့်ရှင်းပါက မသောက်ပါရန်
▪️ငှက်ကိုက်ထားတဲ့အသီးအနှံများမစားရန်
▪️လက်သန့်ရှင်းရေးကောင်းစွာ လိုက်နာရန်
▪️ဖျားနာနေသူများနှင့် နီးကပ်ထိတွေ့မှု လျော့ချရန်ကို သတိပေးထားပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုတော့ ဒေသ၊နိုင်ငံအလိုက်လုပ်ဆောင်ကြပါတယ်။
ထိတွေ့မှုရှိသူများကို quarantine ထားခြင်း၊ Contact tracing ဆောင်ရွက်ခြင်း၊ ဆေးရုံများ၊ နယ်စပ်များတွင် စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ခြင်းတို့ဖြစ်ပါတယ်။

Nipah virus ဖြစ်ပွားမှုများသည် ရှားပါးပြီး ဒေသအလိုက်သာ ဖြစ်ပွားလေ့ရှိပါတယ်။ COVID-19 လို အလွန်အမင်း ပြန့်ပွားသည့် virus တော့မဟုတ်ပါဘူး။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ယခုအချိန်အထိ အတည်ပြုလူနာ မတွေ့ရှိသေးပါဘူး။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

Hello 📣📣📣ဒီနေ့မှာတော့ ဆေးခန်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင့်📣📣📣
05/01/2026

Hello 📣📣📣
ဒီနေ့မှာတော့ ဆေးခန်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင့်📣📣📣

ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံး “ Happy New Year “ပါရှင့်ဒီနေ့ 1st Jan မှာမင်မင်တို့ staff party လေးရှိလို့ဆေးခန်းကိုနေ့တ...
01/01/2026

ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံး “ Happy New Year “ပါရှင့်
ဒီနေ့ 1st Jan မှာမင်မင်တို့ staff party လေးရှိလို့ဆေးခန်းကိုနေ့တဝက်သာ(၉:၀၀-၁၂:၀၀)ထိသာဖွင့်လှစ်မှာဖြစ်ပါတယ်ရှင့်
ဒီနေ့ဆေးစစ်တဲ့သူများကတော့ 2&3Jan ရက်လေးတွေကနှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်တာကြောင့် 5 Jan မှသာအဖြေများထုတ်ယူနိုင်မှာဖြစ်ပါကြောင်း လေးစားစွာဖြင့်ကြိုတင်အသိပေးအပ်ပါတယ်ရှင့်
နှစ်သစ်မှာကျန်းမာပျော်ရွှင်ကြပါစေကြောင်း ရွှေအင်းလေးအထူးကုဆေးခန်း မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 😇🙏

🎉 Happy New Year 2026 🎉May this year bring you closer to your dreams and fill your days with laughter and love. 🥳👏🎊🎉
31/12/2025

🎉 Happy New Year 2026 🎉
May this year bring you closer to your dreams and fill your days with laughter and love. 🥳👏🎊🎉

🎉 New Year Holiday Announcement 🎉Our SHWE INLAY MEDICAL CENTRE will be closed from 2 to 4 January 2026.We will reopen on...
29/12/2025

🎉 New Year Holiday Announcement 🎉

Our SHWE INLAY MEDICAL CENTRE will be closed from 2 to 4 January 2026.
We will reopen on 5 January 2026.
1st January will open only half-day 9:00-12:00.
Thank you and Happy New Year to you all! ❄️🎉🎊

အားလုံးကတင်ပေးဖို့တောင်းဆိုနေကြတဲ့ Updated SRPS List 2025ကိုယ်တင်ထားတဲ့ SRPS company က DMA (Department of Marine Adminis...
29/12/2025

အားလုံးကတင်ပေးဖို့တောင်းဆိုနေကြတဲ့ Updated SRPS List 2025
ကိုယ်တင်ထားတဲ့ SRPS company က DMA (Department of Marine Administration) ကခွင့်ပြုချက်ရထားတဲ့ company ဟုတ်မဟုတ်ကို ဝင်ရှာပီး confirm လုပ်လို့ရနိုင်ပါတယ်
အလိမ်ခံရတဲ့သတင်းတွေကြားရတာလဲစိတ်မကောင်းလို့အားလုံးပဲအထူးသတိထားကြဖို့အကြံပေးရင်းတင်ပေးလိုက်ပါတယ်ရှင်

DMA website ဖြစ်တဲ့ dma.gov.mm တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
Source: dma.gov.mm

ခုတလော ဆေးခန်းကို Google Mapကနေထောက်ရင် တချို့က၅၅လမ်းဘက် အဟောင်းဘက်ကိုရောက်သွားကြတယ်ဆိုလို့ mapလေး ပြန် shareပေးလိုက်ပါတ...
25/11/2025

ခုတလော ဆေးခန်းကို Google Mapကနေထောက်ရင် တချို့က၅၅လမ်းဘက် အဟောင်းဘက်ကိုရောက်သွားကြတယ်ဆိုလို့ mapလေး ပြန် shareပေးလိုက်ပါတယ်နော်

တကယ်လို့ Mapမှာရှာလို့ရှိရင်လဲ လိပ်စာလေးက ၄၉လမ်းထိပ် ကုန်သည်လမ်းမပေါ်က Merchant Suite Condominium ကိုထောက်ပီးလာရင်လဲရပါတယ်နော်

Find local businesses, view maps and get driving directions in Google Maps.

မနက်ဖြန်ဆေးခန်းတရက်ပိတ်ပါတယ်ခင်ဗျာ 📣စနေနေ့ဖွင့်ပါတယ်ခင်ဗျာ 🩺Sunday ကတော့ပုံမှန်ပိတ်နေကျအတိုင်းပိတ်ပါတယ်ခင်ဗျာ
13/11/2025

မနက်ဖြန်ဆေးခန်းတရက်ပိတ်ပါတယ်ခင်ဗျာ 📣
စနေနေ့ဖွင့်ပါတယ်ခင်ဗျာ 🩺
Sunday ကတော့ပုံမှန်ပိတ်နေကျအတိုင်းပိတ်ပါတယ်ခင်ဗျာ

🪔🪔🪔သီတင်းကျွတ်အခါသမယလေးမှာ 🪔🪔🪔ယနေ့ ၁ရက်နေ့မှစ၍ စီးပွါးလာဘ်လာဘများဆပွါးတိုးပြီး ကျမ်းမာသုခနှင့်ပြည့်စုံနိုင်ကြပါစေကြောင်း...
01/10/2025

🪔🪔🪔သီတင်းကျွတ်အခါသမယလေးမှာ 🪔🪔🪔

ယနေ့ ၁ရက်နေ့မှစ၍ စီးပွါးလာဘ်လာဘများဆပွါးတိုးပြီး ကျမ်းမာသုခနှင့်ပြည့်စုံနိုင်ကြပါစေကြောင်း

🕯️SHWE INLAY MEDICAL CENTRE 🕯️မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 😇🙏

🌕သီတင်းကျွတ်လပြည့်နေ့လေးတစ်ရက် ဆေးခန်းပိတ်မည်ဖြစ်ကြောင်းကိုလည်းကြိုတင်အသိပေးအပ်ပါတယ်ရှင်

🪔🪔🪔🪔🪔🪔🪔🪔🪔🪔

လူကြီးမင်းများအားလုံးပဲမင်္ဂလာပါရှင်SHWE INLAY MEDICAL CENTRE မှာ PANAMA 🇵🇦 နှင့် LIBERIA 🇱🇷 Medical Certificate များကို...
29/09/2025

လူကြီးမင်းများအားလုံးပဲမင်္ဂလာပါရှင်
SHWE INLAY MEDICAL CENTRE မှာ
PANAMA 🇵🇦 နှင့် LIBERIA 🇱🇷 Medical Certificate များကိုတရားဝင်ထုတ်ပေးခွင့် Official Approved Medical Practitioner ရယူထားတဲ့အတွက်ကြောင့် Panama Flag နှင့် Liberia Flag များအတွက် Medical Certificate များလိုအပ်ပါက ကျမတို့ SHWE INLAY MEDICAL CENTRE က အမြဲအဆင်သင့်ရှိနေပါတယ်ရှင်

GET YOUR PANAMA & LIBERIA MEDICAL CERTIFICATE HERE!!
~ Quick and Convenient
~ Professional Service
~ Affordable Rates
~ Friendly and Supportive Environment
Contact NOW!
Ph: +95 9267638381, +95 9445678381, +95 95008571
No.346, Corner of 49th Street&Merchant Road, Botahtaung Township, Yangon, Myanmar.
Free Wifi 🛜
Easy Parking 🅿️

19/07/2025

အာဇာနည်နေ့ဆေးခန်းပိတ်ပါတယ်
တနင်္လာနေ့မှာပုံမှန်အတိုင်း
ပြန်လည်ဖွင့်လှစ်ပါမယ်ခင်ဗျာ

Address

49th Street, Merchant Road, Naing Group Condo, Botahtaung Township
Yangon
11171

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 18:00

Telephone

+9595008571

Website

Alerts

Be the first to know and let us send you an email when SHWE INLAY Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SHWE INLAY Medical Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram