Swam Htet Clinic စှမ်းထက် ဆေးခန်

Swam Htet Clinic စှမ်းထက် ဆေးခန် သင့်​​ဝေဒနာကို သင့်​မိသားစုဆရာဝန်

မိမိကိုယ်​တိုင်​စမ်းသပ်​နိုင်​​သော ရင်​သားကင်​ဆာ
11/03/2019

မိမိကိုယ်​တိုင်​စမ်းသပ်​နိုင်​​သော ရင်​သားကင်​ဆာ

စပ်​​ဆေးအန္တရာယ်
20/01/2019

စပ်​​ဆေးအန္တရာယ်

ဆီးချိုရောဂါအ​ကြောင်းသိ​ကောင်းစရာ​လေးများ============================ကမ္ဘာတဝန်းတွင် ဆီးချိုရောဂါဖြစ်ပွားခံစားနေသူ သန်း...
08/01/2019

ဆီးချိုရောဂါအ​ကြောင်းသိ​ကောင်းစရာ​လေးများ
============================

ကမ္ဘာတဝန်းတွင် ဆီးချိုရောဂါဖြစ်ပွားခံစားနေသူ
သန်းနှင့်​ချီ၍ ရှိ​​နေပါတယ်​။ မြန်​မာနိုင်​ငံမှာလည်း အဖြစ်​အများဆုံး ​ရောဂါတစ်​ခုထဲမှာပါဝင်​​နေတယ်​​ပေါ့​နော်​။

ဆီးချို​ရောဂါ စတင်ြ​ဖစ်​လာရင်​ ​​အောက်​ပါ လက္ခဏာများ
ဖြစ်​​ပေါ်လာနိုင်​ပါတယ်​။
(၁) ​ဆီးမကြာခဏ သွားချင်​လာတယ်
(၂) ​ရေမကြာခဏဆာတယ်
(၃) ဗိုက်​ခဏခဏ ဆာတယ်​။ ဒါ​ပေမယ့်​ လူက​တော့ပုံမှန်​ထက်​ပိုပိန်​လာမယ်​။
(၄) ​​မောပန်းလွယ်​လာမယ်​။ ဥပမာ​ပြောရရင်​​တော့
ပုံမှန်​​လျှောက်​​နေကျလမ်းကို​လျှောက်​တာ​တောင်​ အရင်​ထက်​ပို​မောလာမျိုး​ပေါ့​နော်

ဒါ​​ပေမယ့်​ များ​သောအားဖြင့်​ လူအများစုက အဲ့လက္ခဏာ​​တွေကို သတိမထားမိတတ်​ကြဘူး​ပေါ့​နော်​။ ဆီးချို​နောက်​ဆက်​တွဲလက္ခဏာ​တွေ​ဖြစ်တဲ့ မျက်စိ​မှုန်လာတာ၊
အနာတစ်ခုဖြစ်ပြီးရင် လွယ်လွယ်နဲ့မ​​​​​ကျက်​​တာ၊
ခြေ​​​ထောက်​တွေ ထုံကျင်​လာတာ​တွေ ဖြစ်​လာမှတာ သတိထားမိတတ်​ကြတယ်​​။

တကယ်​​တော့ ဆီးချို​ရောဂါဆိုတာ ​ရောဂါချည်းသက်​သက်​ဆိုရင်​ ​အ​နေအထိုင်​ အစားအ​သောက်​​လေး ​ဆင်​ခြင်​၊ ​နဲနဲဆိုးရင်​ ​ဆရာဝန်​​ချိန်​​ပေးတဲ့​ဆေး​လေး
ပုံမှန်​​သောက်ေ​နရုံနှင့်​ပင်​ ကုသ၍ရတဲ့​ရောဂါတစ်​မျိုး​ပါ။

ဒါ​ပေမယ့်​ အ​ပေါ်က ​ပြောထားတဲ့ လက္ခဏာ​တွေကို သတိမထားမိတတ်​တာရယ်​၊ သတိထားမိ​တော့လည်း ဆိုးဆိုးရွားရွားမဖြစ်​​သေးရင်​ ​ပေါ့ဆစွာ​နေထိုင်​မိတာ​တွေ​ကြောင့်​ မဖြစ်​သင့်​တဲ့​နောက်​ဆက်​တွဲဆိုးကျိုး
ကြီးကြီးမားမား​တွေဖြစ်​တဲ့ ​ကျောက်​ကပ်​ပျက်​စီးပြီး ​ကျောက်​ကပ်​​ဆေးရခြင်း၊ မျက်​စိကွယ်​သွားခြင်း၊ ​ခြေ​ထောက်​အနာမကျက်​ရာမှ​ ​နောက်​ဆုံး​​ခြေ​ထောက်​ဖြတ်​လိုက်​ရခြင်း၊ နှလုံး​​ကြီးခြင်း၊ ​​လေဖြတ်​​ခြင်း​တွေထိ
ဖြစ်​သွားတတ်ကြပါတယ်​။

အဲ့​တော့ ဘယ်လိုလူတွေဆီးချိုပိုဖြစ်နိုင်လဲဆိုတာ သိထား​သင့်​တယ်​​လေ​နော်​။
ဆီးချိုဖြစ်နိုင်ချေများသူ​တွေက​တော့
(၁) အသက် ၄၅ နှစ်ကျော်သူများ
(၂) အဝလွန်သူ (သို့) BMI ၂၅ ​ကျော်​သူများ
(၃) မိဘ ဆွေမျိုးနီးစပ်တွင် ဆီးချိုမျိုးရိုးရှိသူများ
(၄) သွေးတိုးရောဂါရှိသူ( သွေးပေါင် ၁၄၀/၈၀ ကျော်သူ)
(၅) ကိုယ်လက်ရှားမှုနဲသူများ အထိုင်​များသူများ ဖြစ်ပါတယ်။ ယခု​ဖော်​ပြထားတဲ့သူများက​တော့ ဆီးချိုနဲ့ပတ်​သက်​ရင်​ သူများထက်​ပိုသတိရှိရမယ့်​သူ​တွေ​ပါ။

အဲ့ဆို ဆီးချိုရှိမရှိ ဘယ်​လိုသိနိုင်မလဲ​ပေါ့
ဆီးချိုတိုင်းတဲ့စက်​​လေးနဲ့ နီးစပ်​ရာ​ဆေးခန်းမှာ ​သွေး​လေးစစ်​ကြည့်​ရုံနဲ့ ချက်​ချင်း သိရှိနိုင်ပါတယ်။
အစာစားပြီး ၂နာရီတွင်စစ်ဆေးပါက ၂၀၀mg/dL အထက်
မနက်စာမစားမီစစ်ဆေးပါက ၁၂၆mg/dLအထက်များနေပြီဆိုရင်​​တော့ ဆရာဝန်နှင့်​ ​သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အစားအ​သောက်​​​ အ​နေအထိုင်​ဆင်​ခြင်​ခြင်း၊ ​​နေ့စဉ်​အားကစား နာရီဝက်​ခန့်​ ပြုလုပ်​ခြင်း၊ ဆရာဝန်​မှညွှန်​​သော​ဆေးများ ပုံမှန်ေ​သာက်​ခြင်းဖြင့်​ ​ရောဂါကိုပိုမဆိုးလာ​အောင်​ ထိန်းထားနိုင်​ပါတယ်​။

ဆီးချို​ရောဂါဖြစ်​လာရင်​ အချို့က​ပျောက်​ချင်​​ဇောနဲ့ အစားအ​သောက်​​တွေ အရမ်း​လျှော့လိုက်​တတ်​ပါတယ်​။ တကယ်​​တော့ ဆီးချို​က အရမ်းတက်​ရင်​လည်း ဒုက္ခ​ပေးတတ်​သလို အရမ်းကျသွားရင်​လည်း ဒုက္ခ​ပေးတတ်​ပါတယ်​​နော်။

အဲ့တော့ ဆီးချိုရောဂါဖြစ်​လာရင်​ဘာ​တွေစားလို့ရလဲဆို​တာ​လေးက​မေးစရာ​ဖြစ်​လာတာ​ပေါ့။ေ​အာက်​ပါအတိုင်း သတိပြု စား​သုံးနိုင်​ပါတယ်

၁) စိတ်ကြိုက်စားသုံးနိုင်သောအစားအစာ
သကြားဓာတ်အလွန်နည်းသော အစားအစာ၊ဟင်းသီးဟင်းရွက်များ
ဥပမာ- ကန်စွန်းရွက်၊ သံပရာသီး၊ ရှောက်သီး၊အသားငါးအမျိုးမျိုး
ဥပမာ- ကြက်သား၊အမဲသား၊ဆိတ်သား

၂) အသင့်အတင့်စားနိုင်သော အစားအစာများ
ဆန်နှင့် ဆန်ထွက် ပစ္စည်းများနှင့်ပြုလုပ်ထားသော အစားအစာများ
ဥပမာ- မုန့်ဟင်းခါး၊ထမင်း၊ဆန်ပြုတ်
ဂျုံ နှင့် ဂျုံထွက် ပစ္စည်းများ
ဥပမာ- ခေါက်ဆွဲ၊ပေါင်မုန့်၊ချာပါတီ
ကစီဓာတ်များသော အစားအစာများ
ဥပမာ- အာလူး၊ပြောင်းဖူး၊ကန်စွန်းဥ

၃) လုံးဝရှောင်သင့်သောအစားအစာ
သကြားဓာတ်အလွန်များသော အစားအစာများ
ဥပမာ- ကြံသကာ၊ထန်းလျက်၊ယိုစုံမျိုးစုံ၊အရက်၊ဝိုင်၊ဘီယာ၊အချိုရည်၊သကြားလုံး၊ချောကလက်

သတိထားရမှာက​တာ့ ဆီးချိုရောဂါခံစားနေရသူများသည် အစားအစာကို အချိန်မှန်စားသုံးသင့်ပါတယ်။ သို့မှသာ သွေးတွင်းအချိုဓာတ် ပုံမှန်ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါတယ်။ ​ဆေးကိုလည်း အချိန်​မှန်​ ​သောက်​သုံးရန်​လိုအပ်​ပါတယ်​။ မိမိသ​ဘောအတိုင်း အတိုးအ​လျှော့​တွေေ​ဆးဖြတ်လိုက်တါ​​တွေ မလုပ်​သင့်​ပါ။

တကယ်​​တော့ ဆီးချို​ရောဂါဆိုတာ ဖြစ်​ပြီးရင်​ ပြန်​မ​ပျောက်​​တော့ပါဘူး။ ပိုမဆိုးအောင်​ မိမိဘက်​က ဆင်​ခြင်​​နေထိုင်​တတ်​ဖို့သာ အဓိကပါ။ မဖြစ်​ခင်​ ကြိုတင်​၍ ကာကွယ်​နိုင်​သလို ဖြစ်​ပြီးသွားရင်​လည်း ​နောက်​ဆက်​တွဲဆိုးကျိုးများ ဝင်​မလာ​အောင်​ ဆင်ြ​​ခင်​ပြီး ​နေထိုင်မယ်​ဆိုရင်​ သာမန်​လူများကဲ့သို့ပင်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​နှင့်​ သက်​တမ်း​စေ့​နေနိုင်​မယ့်​ ​ရောဂါတစ်​ခုပါ။

ဒါ​ကြောင့်​ ဖြစ်​လာပြီဆိုရင်​လည်း ဆရာဝန်​နဲ့​သေချာတိုင်​ပင်​ ​ဆွေး​နွေးပြီး ​​နေထိုင်​ကြပါ​နော်​။ ​ဆေးများကိုလည်း မိမိသ​ဘောနှင့်​ အတိုးအ​လျှော့​တွေ မလုပ်​ကြပါနဲ့​နော်​။ ​သုံးလတစ်​ခါ​လောက်​လည်း ဆရာဝန်​နဲ့ ပြန်​ပြသင့်​ပါတယ်​နော်​။ အစားအ​သောက်​လည်း ဆင်​ဆင်​ခြင်​ခြင်​ စား​သောက်​ပြီး ကိုယ်​လက်​လှုပ်​ရှားမှု​လေးလည်း ပုံမှန်​ ပြုလုပ်​ကြပါ​နော်​။

အားလုံးကျန်းမာ​ပျော်​ရွှင်​ကြပါ​စေ။

စွမ်းထက်​​ဆေးခန်း

ကလေးများဖျားလျှင်​👶👶👶က​လေး​တွေ ဖျားပြီဆို မိဘတွေမှာ ရင်ပူနေရပါတယ်။၁.ကလေးကို ရေချိုးပေးပါ (သို့) ရေပတ်တိုက်ပေးပါလည်ပင်း၊ ...
08/01/2019

ကလေးများဖျားလျှင်
👶👶👶
က​လေး​တွေ ဖျားပြီဆို မိဘတွေမှာ ရင်ပူနေရပါတယ်။

၁.ကလေးကို ရေချိုးပေးပါ (သို့) ရေပတ်တိုက်ပေးပါ
လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ရေဝတ်ကပ်ပေးပါ။ (ရေခဲရေမသုံးရ)

၂. ​ရေဓာတ်​များများဖြည့်​​ပေးပါ
အရည်များများတိုက်ပေးပါ။ ဓာတ်ဆားရည်၊ အရောင်မပါသော ဖျော်ရည်၊ နို့၊ ဆန်ပြုတ်၊ စွတ်ပြုတ်၊ ထမင်းရည် များတိုက်ပါ။

၃. အခန်းတွင်း လေဝင်လေထွက်ကောင်းပါ​စေ

၎. ပေါ့ပေါ့ပါးပါး အဝတ်သာဝတ်ဆင်ပေးပါ

၅. အဖျားကျဆေး တိုက်ပါ (ပါရာစီတမော)

၆. အဖျားကျသွားပါက မကစားပဲ မလန်းဆန်းပဲ မှိန်း​နေလျှင်​လည်း​ကောင်း ရင်​ဘတ်​ချိုင့်​ပြီး အသက်​ရှူ​ ​နေရလျှင်​လည်း​ကောင်း ​ကော်​ဖီမှုန့်​အနှစ်​ မဲမဲများအန်​လျှင်​လည်း​ကောင်း ဝမ်းမဲမဲ သွားလျှင်​လည်း​ကောင်း ခန္ဓာကိုယ်​ တစ်​​နေရာရာမှ ​သွေးယိုလျှင်​လည်း​ကောင်း အ​ရေပြားတွင်​ အနီစက်​​လေးများထွက်​လာလျှင်​လည်း​ကောင်း နီးစပ်​ရာ​ဆေးခန်းသို့ အမြန်​ပြပါ။

စွမ်းထက်​ ​ဆေးခန်း
မာလာမြိုင်​ ၁ လမ်းထိပ်​ အုတ်​ကျင်းဘူတာရုံလမ်း၊

"မိခင်​နို့ရည်​၏ အ​ရေးပါပုံများ"
02/01/2019

"မိခင်​နို့ရည်​၏ အ​ရေးပါပုံများ"

Address

Yangon

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00
Wednesday 17:00 - 21:00
Thursday 17:00 - 21:00
Friday 17:00 - 21:00
Saturday 17:00 - 21:00
Sunday 17:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Swam Htet Clinic စှမ်းထက် ဆေးခန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram