22/11/2025
စောစီးစွာသိရရင် သက်တမ်းစေ့နေနိုင်မဲ့ #အစာအိမ်ကင်ဆာ
Gastric Cancer Screening is right for you!
သေဆုံးမှုအများဆုံး ကင်ဆာရောဂါတွေထဲမှာ အစာအိမ်ကင်ဆာ (Gastric Cancer) လည်း ပါဝင်ပါတယ်။ အစာအိမ်ကင်ဆာဟာ အစာအိမ် အတွင်းနံရံမှာ ကင်ဆာဆဲလ်တွေ ကြီးထွားလာတာ ဖြစ်ပြီး
🥓 စားသောက်မှုပုံစံ၊
🧬မျိုးရိုးဗီဇ နဲ့
🦠Helicobacter pylori ပိုးတွေကြောင့် အဖြစ်များပါတယ်။
အစာအိမ်ကင်ဆာရောဂါဟာ နောက်ကျမှ သိရရင် သေဆုံးနိုင်ခြေ မြင့်မားတယ် ဆိုပေမဲ့ ရောဂါလက္ခဏာတွေ မပြခင် #စောစီးစွာသိနိုင်ခဲ့ရင်တော့ ကုသနိုင်တဲ့ရောဂါမျိုးပါ။
❓ဘယ်လိုလူတွေက အစာအိမ်ကင်ဆာ ရှိမရှိ စစ်ဆေးခြင်း (Gastric Cancer Screening) လုပ်သင့်သလဲ?
📌China, Japan, South Korea စတဲ့ အစာအိမ်ကင်ဆာ အဖြစ်အများဆုံး High risk area တွေမှာ နေထိုင်တဲ့ အသက် ၄၀ ကျော်သူတိုင်းဟာ ၂ နှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။
📌ကျန်တဲ့ low risk area တွေမှာ နေထိုင်သူတွေအနေဖြင့် နာတာရှည် အစာအိမ်ရောင်ရောဂါ (chronic gastritis) ရှိရင်၊ မိသားစုထဲမှာ gastric cancer ဖြစ်ဖူးသူ ရှိရင်၊ မျိုးရိုးဗီဇဆိုင်ရာ ရောဂါ (Lynch syndrome) ရှိရင် ပုံမှန်စစ်ဆေးသင့်ပါတယ်။
Gastric Cancer Screening အမျိုးအစား ၂ မျိုးရှိပြီး နှစ်မျိုးစလုံးက #နာကျင်မှုမရှိဘဲ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေပါ။
🔍 - အစာအိမ်နဲ့ အူလမ်းကြောင်း အထက်ပိုင်း အတွင်းကို မှန်ပြောင်းနဲ့ တိုက်ရိုက်ကြည့်ရှုခြင်း ဖြစ်ပြီး စောစောသိနိုင်တဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
🔍 (Barium Swallow X ray) - Barium အရည်ကို မျိုချပြီး X ray ရိုက်ကူးကာ အစာအိမ်နဲ့အူလမ်းကြောင်းကို ကြည့်ခြင်းဖြစ်ပြီး အစောပိုင်းကင်ဆာ အဆင့် ရှာဖွေနိုင်မှု နည်းပါတယ်။ အထူးသဖြင့် သေးငယ်ပြီး ပြားနေသော အကျိတ်တွေကိုတော့ မမြင်နိုင်တာမျိုးပါ။ အသားစကိုလည်း တခါတည်း ယူလို့တော့ မရနိုင်ပါ။
လေ့လာချက်များအရ အစာအိမ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိရန် ဆိုပါက မှန်ပြောင်းနဲ့ တိုက်ရိုက်ကြည့်ရှုခြင်း (Gastroscopy) သည် ဓာတ်မှန်ရိုက်ခြင်း (Contrast Radiography) ထက် ပို၍ ထိရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်။
Bumrungrad Hospital မှာ Gastric screening အပြင် Helicobacter pylori infection ရဲ့ risk factors တွေကို တိုင်ပင်ဆွေးနွေးတာ၊ screening ရလဒ်အပေါ် မူတည်ပြီး ကုသပေးတာတွေလည်း လုပ်ဆောင်ပေးပါတယ်။
အစာအိမ်ကင်ဆာကို စောစီးစွာ သိခဲ့ရင် #ခွဲစိတ်စရာမလိုဘဲ #မှန်ပြောင်းဖြင့်ဖြတ်ထုတ်ခြင်း (endoscopic resection) ဖြင့် ဖယ်ရှားကုသနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အဆင့်မီ Bumrungrad International Hospital ကြီးရဲ့ Digestive Disease Center မှ အထူးကျွမ်းကျင်တဲ့ Specialists ဆရာဝန်များက နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေ၊ စက်ပစ္စည်းကိရိယာတွေ အသုံးပြုပြီး အစာအိမ်ကင်ဆာကို စောစီးစွာ ရှာဖွေခြင်းနဲ့ တစ်ဦးချင်းစီနှင့် သင့်တော် လိုက်ဖက်တဲ့ ကုသစောင့်ရှောက်ခြင်းတွေကို ပြုလုပ်ပေးနေပါတယ်။
စောစီးစွာ သိရှိရခြင်းက အစာအိမ်ကင်ဆာအတွက် အကောင်းဆုံးအဖြေပါ။
Your Health is Luxury. Protect it early.
Gastric Cancer Screening နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက YIM services ရဲ့ messenger မှာ လာရောက်ဆွေးနွေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်နော်။
𝐘𝐚𝐧𝐠𝐨𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
✨ 𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥