
  • Home
  • Myanmar
  • Yangon

ပေါ့ပေါ့ပါးပါး ဝိတ်ချမယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပေါ့ပေါ့ပါးပါး ဝိတ်ချမယ်, Yangon.

Yoga ကျင့်ပြီး ဝိတ်ချမယ်....🧘‍♀️ယောဂကျင့်တာဟာ ကျန်းမာနုပျိုစေပြီး ခန္ဓာကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှုကို အားကောင်းစေတ...
06/03/2020

Yoga ကျင့်ပြီး ဝိတ်ချမယ်....🧘‍♀️

ယောဂကျင့်တာဟာ ကျန်းမာနုပျိုစေပြီး ခန္ဓာကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှုကို အားကောင်းစေတာမို့ မင်မင်တို့အတွက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတစ်ခုပါနော်...

ဒါဆို လှပတဲ့ ခန္ဓာကိုယ်‌လေး ပိုင်ဆိုင်ဖို့အတွက် ခု မင်မင်ပြောပြတဲ့ ယောဂကျင့်စဉ် (၃)မျိုးကို လိုက်လုပ်ကြည့်ကြရအောင်....🧘‍♀️
ခု ပြောပြပေးမယ့် ယောဂ ကျင့်စဉ်တွေကို သဲတို့လိုက်လုပ်တဲ့အခါ ခက်ခဲစွာ စီစဉ်ဖို့မလိုပဲ...
စိတ်ရော ကိုယ်ပါ ငြိမ်းအေးနေမှာပါ‌...

ယောဂ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်က ပေါင်းစပ်ခြင်းဆိုတော့ မင်မင်တို့ရဲ့ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ် ငြိမ်းအေးမှုနဲ့ ကျန်းမာရေးကို ဆက်သွယ် ပေါင်းစည်းပေးတာပဲဖြစ်ပါတယ်နော်...🥰

🧘‍♀️အရင်ဆုံး ယောဂကျင့်ဖို့ အခင်းတစ်ခုကို ယူပါနော်... အခင်းပေါ်မှာ ခြေထောက် နှစ်ဖက်ကို အနည်းငယ် ခွဲပြီး မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ လက်အုပ်ချီတဲ့ သဏ္ဌာန် ထိကပ်ထားလိုက်ပါနော်.... အသက်ရှူထုတ်ပြီး ဒူးကို တဖြည်းဖြည်းချင်း ကွေးပြီး ထိုင်ချပါ.... ခေါင်းကို မတ်မတ်ထားပြီး ၃ စက္ကန့် သို့မဟုတ် ၄ စက္ကန့်လောက် ထိုင်ပြီးတာနဲ့ တဖြည်းဖြည်း ပြန်ပြီး ထပြီး မတ်မတ်ရပ်၊ အသက်ကို အဆုတ်ထဲရောက်အောင် အဝ ရှူသွင်းပါ...ပြီးရင်တော့ အသက်ရှုထုတ်ပြီး ခုနက ပြောခဲ့တဲ့ အတိုင်း တနေ့ကို ၅ ကြိမ်လောက် လေ့ကျင့်ပေးပါနော်...
ဒီကျင့်စဥ်လေးကို Malasana လို့ ခေါ်ပါတယ်နော်...

🧘‍♀️ ယောဂအခင်းပေါ်မှာ မတ်မတ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို စုကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပါ... ပြီးရင် ခေါင်းကို မော့ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ် ဆန့်တန်းကာ အသက်ရှူထုတ်ပြီး ဒူးကို တဖြည်းဖြည်းကွေးလိုက်ပါနော်....ခန္ဓာကိုယ်က ကုလားထိုင်ပေါ် ထိုင်နေဟန် ပုံစံ အတိုင်း ကွေးယူလိုက်ပြီး ကိုယ်ကို ပြန်မတ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါ… ပြီးရင်တော့ ခုနကအတိုင်း တစ်နေ့ ၅ ကြိမ် ၆ ကြိမ် လုပ်ပါနော်...
ဒါကတော့ Utkatasana ကျင့်စဉ်ဖြစ်ပြီး တင်ပါးတွေ လျော့တွဲ အိကျလာတာကို ကာကွယ်ပေးတာပါနော်...

🧘‍♀️ညောင်းနေပြီလား...သဲတို့ရေ...
ဒီတစ်ခါတော့ လှဲပြီးလုပ်ရမယ့် ယောဂကျင့်စဉ်လေးကိုပြောပြမယ်နော်... ဒီနည်းက မခက်ခဲ မပင်ပန်းတဲ့ အပြင် ကျန်းမာရေး အတွက် အရမ်းကောင်းပါတယ်နော်...
အခင်းပေါ်မှာလှဲပြီး ခြေဆန့် လက်ဆန့် ဖြေလျှော့ပြီး ပက်လက်လှန်ပြီး လှဲလိုက်ပါ...
မျက်စေ့ကို ပိတ်ပြီး အသက်ကို တဖြည်းဖြည်း ရှူသွင်းပါနော်... ပြီးရင် တဖြည်းဖြည်း အသက်ရှူထုတ်ပါ...တနေ့ကို ၅ မိနစ်လောက် အချိန်ယူ လေ့ကျင့်သင့်ပါတယ်နော်... Savasanaလို့ ခေါ်တဲ့ ဒီကျင့်စဉ်က ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အောက်စီဂျင် ပြည့်ဝဖို့ အထောက်အကူ ပြုတာမို့ ဒီကျင့်စဉ်‌လေးကို သေချာကျင့်စေချင်ပါတယ်နော်...

မင်မင်ရဲ့ သဲတို့ရော ယောဂကျင့်တဲ့သူတွေ ရှိလား...မကျင့်ရသေးတဲ့ သဲတို့ကလည်း ‌ဖြေးဖြေးချင်းကျင့်ရင်း သွယ်လျတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်ကြပါစေနော်....

🧘‍♀️ပင်ပန်းမယ်ထင်လို့ မလုပ်သေးတဲ့သူငယ်ချင်းတွေကို Mention ခေါ်ပြီး တူတူတွဲလုပ်ကြည့်နော်...ပျော်စရာ ကောင်းမှာပါရှင့်....🥰

Korea Cele လေး‌ေတွ ဘယ်လိုဝိတ်ချ...🤔သဲတို့ရေ ကိုရီးယားက Cele လေးတေွကိုကြည့်လုိက်ရင် သေးသွယ်လှပ ပေါ့ပါးနေတာပဲနော်...💃ဒီတော...
05/03/2020

Korea Cele လေး‌ေတွ ဘယ်လိုဝိတ်ချ...🤔

သဲတို့ရေ ကိုရီးယားက Cele လေးတေွကိုကြည့်လုိက်ရင် သေးသွယ်လှပ ပေါ့ပါးနေတာပဲနော်...💃

ဒီတော့ မင်မင်က SECRET အဖွဲ့ဝင် Sunhwaရဲ့ ဝိတ်ချတဲ့နည်း‌ေလးကို ‌‌ေြပာပြချင်ပါတယ်နော်...
တကယ်တော့ ဒီDiet Plan က Sunhwa တစ်ယောက်တည်းတင်မဟုတ်ပါဘူး...SECRET Team တစ်ခုလုံးရဲ့ Diet Plan ဆိုလည်း မမှားပါဘူးနော်...
ကဲ....သူတို့ ဘယ်လို Diet လုပ်လဲ...ဆက်ဖတ်ကြည့်လိုက်နော်...😊

တနင်္လာနေ့
နံနက်ခင်း - နံရိုးကင် ၁ ခု၊ ပန်းသီး ၁ လုံး၊ အာလူး၁ လုံး၊ နို့ ၁ခွက်
နေ့လည်စာ - ကြက်သားရင်ပုံအသုပ်
ညစာစားပွဲ - ချယ်ရီခရမ်းချဉ်သီး ၈ လုံး၊ သခွားသီး ၁

အင်္ဂါနေ့
နံနက်ခင်း - ပေါင်မုန့်တစ်ချပ် ၊ အဆီနည်းသောနို့
၁ခွက်
နေ့လည်စာ - အာလူးပြုတ် ၁ လုံး
ညစာ - စတော်ဘယ်ရီ ၈ ခု၊ ချယ်ရီခရမ်းချဉ်သီး ၅ လုံး

ဗုဒ္ဓဟူးနေ့
နံနက်ခင်း - အချပ်တစ်ထောင့်၊ အဆီနည်းသောနို့
နေ့လည်စာ - အာလူးပြုတ် ၁ လုံး, ချယ်ရီခရမ်းချဉ်သီး
ညစာ - စတော်ဘယ်ရီ ၅ ခု၊ သခွားသီး ၁လုံး

ကြာသပတေးနေ့
နံနက်ခင်း - ပေါင်မုန့်တစ်ချပ်၊ အဆီမပါသောနို့
နေ့လည်စာ - ကြက်သားရင်သား, စတော်ဘယ်ရီ ၈
ညစာ - ချယ်ရီခရမ်းချဉ်သီး ၅ လုံး၊ သခွားသီး ၁

သောကြာနေ့
နံနက်ခင်း - ပေါင်မုန့် ၁ ခု၊ ပန်းသီး ၁ လုံး
နေ့လည်စာ - ကြက်ဥ ၂လုံး ၊ သခွားသီး ၁၊ ချယ်ရီခရမ်းချဉ်သီး ၅ လုံး
ညစာ - စတော်ဘယ်ရီ ၁၀ ခု၊ သခွားသီး ၁

စနေနေ့
နံနက်ခင်း: ပေါင်မုန့်ချပ်တစ်ထောင့်၊ အဆီနည်းသောနို့
နေ့လည်စာ - အာလူးပြုတ် ၁ လုံး
ညစာ - ချယ်ရီခရမ်းချဉ်သီး ၃ လုံး

တနင်္ဂနွေနေ့
နံနက်ခင်း - နံရိုး ၁ ပေါင်၊ ပန်းသီး ၁ ခု၊ အဆီနည်းသောနို့ ၁ ခွက်
နေ့လည်စာ - အာလူးပြုတ် ၁လုံး
ညစာ -သခွားသီး ၁ လုံး

Wow....သူတို့ Diet Plan ကတကယ်မလွယ်ဘူးဆိုပေမယ့် မဆိုးပါဘူးနော်...😊
အနာခံမှ အသာစံရမယ်ဆုိတော့ လှချင်တဲ့သူတွေ အတွက် လိုက်လုပ်သင့်တဲ့ Diet Planလေးပါနော်...☺️

ဒါဆို ဘယ်သူတွေ ကိုရီးယား Celeလေးတွေကို သွယ်လျ ပေါ့ပါး လှပဖို့ Diet Planလေးလိုက်လုပ်မလဲ...
မင်မင့်ကို Comment မှာ ပြောပေးဦးနော်...လူများရင် မင်မင်လဲပါမယ်လေ...😁 အဖော်ရတာပေါ့လို့...

ဂေါ်ဖီထုပ် ချိုချိုလေးနဲ့ ဝိတ်ချမယ်...🥗သဲတို့ရေ... ဂေါ်ဖီထုပ်တစ်မျိုးတည်း အဓိကစားပြီး ရက်တိုတိုနဲ့ ဝိတ်ချလို့ရပါတယ်နော်....
04/03/2020

ဂေါ်ဖီထုပ် ချိုချိုလေးနဲ့ ဝိတ်ချမယ်...🥗

သဲတို့ရေ... ဂေါ်ဖီထုပ်တစ်မျိုးတည်း အဓိကစားပြီး ရက်တိုတိုနဲ့ ဝိတ်ချလို့ရပါတယ်နော်....
ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာလေးလည်း
မမေ့သင့်တာမို့ ဒီဝိတ်ချနည်းလေးကို ရက်ဆက်ပြီး လုပ်ဖို့ အဆင်မပြေပါဘူးနော်....🙅

ဒါဆို မင်မင်တို့ စကြရအောင်...💁
ဂေါ်ဖီထုပ်က ကြော်စားစား၊ ပြုတ်စားစားချိုတဲ့ ပင်ကို အရသာလေးရှိတယ်နော်...😋
ဂေါ်ဖီထုပ်မှာ အဆီနဲ့ ကယ်လိုရီဟာ မပါသလောက်ကိုနည်းပြီး အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာမို့ ရက်တိုတိုနဲ့ ဝိတ်ကျနိုင်တာပါနော်...

💁ပထမဆုံးရက်မှာတော့ ဂေါ်ဖီထုပ်ဟင်းရည်နဲ့ အသီးအနှံတွေပဲစားပေးရမှာပါနော်...ပြီးရင်
အသီးအနှံတွေစားနိုင်ပါတယ်နော်...ငှက်ပျောသီးမပါဘူးနော်...
သောက်စရာအနေနဲ့ကတော့ အချိုမပါတဲ့ လက်ဖက်ရည်၊ ရေတို့ပဲ သောက်ပေးပါနော်

💁ဒုတိယရက်မှာတော့ ဂေါ်ဖီထုပ်ဟင်းရည်အပြင် အသီးအရွက်တွေပါစားရပါမယ်...သဲတို့ကြိုက်တဲ့ အသီးအရွက်မှန်သမျှ အစိမ်းပဲဖြစ်ဖြစ် ပြုတ်ပြီးပဲဖြစ်ဖြစ် စိတ်ကြိုက်စားပါ...ဒိနေ့မှာ အသီးအနှံတော့ မစားရတော့ဘူးနော်....

💁တတိယရက်ကတော့ ပထမရက်နဲ့ ဒုတိယရက်အရောပေါ့‌နော်....
ဂေါ်ဖီထုပ်ဟင်းရည်အပြင် အသီးအနှံနဲ့ အသီးအရွက်တွေ စိတ်ကြိုက်စားလိုက်ပါနော်....

💁၄ ရက်မြောက်နေ့မှာတော့ ဂေါ်ဖီထုပ်ဟင်းရည်အပြင် ငှက်ပျောသီးနဲ့ မလိုင်ထုတ်ထားပြီးသားနွားနို့ပါ သောက်လို့ရပါပြီရှင့်....
တစ်နေ့လုံး ဟင်းရည်သောက်ရင်း ငှက်ပျောသီး (၈)လုံးလောက် မလိုင်ထုတ်ထားတဲ့နွားနို့စိတ်ကြိုက်သောက်လိုက်ပါနော်....
ဒီနေ့တော့ သဲတို့ရဲ့ အချိုစားချင်စိတ်နည်းနည်းတော့ အဆင်ပြေသွားမှာပါနော်....

💁၅ ရက်မြောက်နေ့ကတော့ ဂေါ်ဖီဟင်းရည်အပြင်အသားနဲ့ ခရမ်းချဉ်သီးတွေစားရ‌ေတာ့မှာပါ.....
ဒီနေ့မှာ မဖြစ်မနေလုပ်ရမှာက အရင်ရက်က
စားထားတဲ့အစာတွေမှာပါတဲ့ Uric Acid ဓာတ်တွေကို ကိုယ်ထဲကနေ ရှင်းလင်းရေးလုပ်ဖို့ ရေ ၆ ခွက်ကနေ ၈ ခွက်လောက် အနည်းဆုံးသောက်ပေးရမှာပါ....
ပြီးရင်တော့ တစ်နေ့တာအတွက် ဂေါ်ဖီထုပ်ဟင်းရည်အနည်းဆုံးတစ်ခွက်နဲ့အတူ အသား ၁၀ အောင်စ ကနေ ၁၂ အောင်စလောက်နဲ့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီး ၆ လုံးလောက် စားပေးပါ‌နော်...
အသားကတော့ ကြက်သား (အရေခွံရှောင်) (သို့) ငါးကို ကင်ပြီးဖြစ်ဖြစ် ပြုတ်ပြီးဖြစ်ဖြစ် စားပါ... ဒါပေမဲ့ အသားကို တစ်မျိုးပဲစားရမှာနော်...

💁၆ ရက်မြောက်နေ့ကလည်း အသားနဲ့ အသီးအရွက်တွေစားရမယ့်နေပါပဲ.... ဒီနေ့လည်း တစ်နေ့တာအတွက် ဂေါ်ဖီထုပ်ဟင်းရည် အနည်းဆုံးတစ်ခွက်နဲ့ ပထမရက်မှာစားသလို အသားနဲ့ စိတ်ကြိုက် အသီးအရွက်တွေစားလို့့ပါတယ်နော်....
အစိမ်းရောင် အသီးအရွက်တွေစားနိုင်ရင်တော့ အကောင်းဆုံးပေါ့....အသီးအရွက်ဆိုလို့ အာလူးတော့မစားရဘူးနော်....😁

💁၇ ရက်မြောက်နေ့တော့ရောက်လာပါပြီ။ ဒီနေ့ကတော့ ဆန်လုံးညိုနဲ့ အသီးအရွက်တွေအပြင် အချိုမပါတဲ့ သစ်သီးတွေပါစားလို့ရမယ့်နေ့ပါပဲနော်...ဂေါ်ဖီထုပ်ဟင်းရည်ကိုလည်း အနည်းဆုံး တစ်ခွက်လောက်သောက်ဖို့ မမေ့နဲ့နော်...

တစ်ပါတ်လောက်ဆိုရင် သဲတို့ခန္ဓာကိုယ်လေး တော်တော်ကိုယ်ရေစစ်သွားပါပြီနော်...
တစ်ယောက်တည်း Diet လုပ်တာထက်စာရင် သူငယ်ချင်းတွေပါ ပါတော့ ပိုအားရှိတာပေါ့....(မုန့်စားဖို့ဟုတ်ဘူးနော်😁) သူတို့ကိုလည်း မဲဆွယ်ဖို့ Mention ခေါ်လိုက်ဦးနော်....🥰








💁၅ ရက်မြောက်နေ့ကတော့ ဂေါ်ဖီဟင်းရည်အပြင်အသားနဲ့ ခရမ်းချဉ်သီးတွေစားရ‌တော့မှာပါ.....

💁၆ ရက်မြောက်နေ့ကလည်း အသားနဲ့ အသီးအရွက်တွေစားရမယ့်နေပါပဲ.... ဒီနေ့လည်း တစ်နေ့တာအတွက် ဂေါ်ဖီထုပ်ဟင်းရည် အနည်းဆုံးတစ်ခွက်နဲ့ ပထမရက်မှာစားသလို အသားနဲ့ စိတ်ကြိုက် အသီးအရွက်တွေစားလို့ပါတယ်နော်....



3 ရက်တည်းနဲ့ ပွဲတက်ဖို့ ဝိတ်ချမယ့် သဲတို့အတွက်...😍သဲတို့ရေ...ဝိတ်ချတာ အချိန်ယူရတယ်ဆိုပေမယ့်... မင်္ဂလာဆောင် နဲ့ပွဲတက်ဖို...
26/02/2020

3 ရက်တည်းနဲ့ ပွဲတက်ဖို့ ဝိတ်ချမယ့် သဲတို့အတွက်...😍

သဲတို့ရေ...ဝိတ်ချတာ အချိန်ယူရတယ်ဆိုပေမယ့်... မင်္ဂလာဆောင် နဲ့ပွဲတက်ဖို့ရှိတဲ့ သဲတို့အတွက် အမြန်နည်းလမ်းလေး တစ်ခုလောက် မျှပေးချင်လို့ပါနော်...👰

အမြန်ဆုံးလည်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းအောင် ရေသောက်ပြီး ဝိတ်ချရမှာပါနော်...🥛
ရေကိုသောက်သုံးတာဟာ ကြွက်သားတွေကိုအားဖြည့်ပေးတဲ့အပြင် အစာမစားဘဲ ဗိုက်ပြည့်နေစေမှာဖြစ်လို့ပါနော်...
ဝိတ်ချမယ့် မင်မင်တို့အနေနဲ့ ရေကိုပဲ သောက်သုံးတာကြောင့် ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ မလိုလားအပ်တဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ရေကဖယ်ရှားပေးပြန်တယ်နော်...👍

3daysWwater Diet က ရေကိုပဲသောက်ရတာမို့အကုန်အကျသက်သာစေတယ်လေ...😁ရေသောက်ပြီး ဝိတ်ချတာက (၃)ရက်အတွင်းကို (၃)ပေါင်ကနေ (၅)ပေါင်ထိကျစေတာမို့ ရက်ကပ်ပြီး ပွဲတက်ရမယ့် သဲတို့အတွက် လုံးဝအမိုက်စား Plan ပါနော်...😊

Water Diet လုပ်ပြီး ကျန်တဲ့ရက်တွေမှာ အစားအသောက်မဆင်ခြင်ဘူးဆို‌ရင်တော့ ကျပြီးသားကိုယ်အလေးချိန်တွေ ပြန်တက်နိုင်တာ မမေ့ရဘူးနော် သဲတို့...😉

🙅ဒါပေမယ့် ဒီအမြန်နည်းလမ်းလေးကို တစ်လမှာ (၃)ရက်ထက် ပိုမလုပ်ဖို့တော့ သတိပေးချင်ပါတယ်ရှင်...
🙅 ကိုယ်ခံအားနည်းတဲ့သူေတွ၊ မကြာခဏနေမကောင်းဖြစ်တဲ့သူ‌ေတွနဲ့ ရောဂါတစ်ခုခုကြောင့် ခွဲစိတ်မှုခံယူထားပြီးတဲ့သူတွေက‌ေတာ့ ဒီနည်းလမ်းကို လုံးဝအသုံးမပြုဖို့ ပြောချင်ပါတယ်နော်...

ကဲ...ဒါဆို ကိုယ်ခံအားကောင်းကောင်းနဲ့ ဝိတ်ချမယ်ဆိုတဲ့ သဲတို့ရေ... Ready to Go ဆိုတာနဲ့ Yes လို့ Commentမှာ မန့်ခဲ့ဦးနော်...👍

ယုန်လေးတွေလို ဝိတ်ချရအောင်...🐇🥕သဲတို့ရေ...မင်မင်တို့က အသီးဖျော်ရည်တွေသောက်ရင် ဝိတ်ကျတယ်ဆိုတာတော့သိကြတယ်နော်...ဒါပေမယ့် တ...
23/02/2020

ယုန်လေးတွေလို ဝိတ်ချရအောင်...🐇🥕

သဲတို့ရေ...မင်မင်တို့က အသီးဖျော်ရည်တွေသောက်ရင် ဝိတ်ကျတယ်ဆိုတာတော့သိကြတယ်နော်...
ဒါပေမယ့် တစ်ချို့အသီးဖျော်ရည်တွေက
ဝိတ်ချတဲ့နေရာမှာ မကိုက်ညီတာလေးတွေရှိပါတယ်နော်...

ဘယ်လို အသီးဖျော်ရည်က ပိုပြီး ထောက်ကူပေးလဲ ဆိုတာ ကြည့်ရအောင်...😊

မုန်လာဥနီဖျော်ရည်🥕...
ယုန်လေးတွေ အရမ်းကြိုက်တဲ့ မုန်လာဥနီကို သူတို့ဆီက နည်းနည်းလောက် ခွဲယူရအောင်နော်...😁

🥕မုန်လာဥနီကို တော်တော်များများကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်နော်...ဘာလို့ဆို ချိုစိမ့်တဲ့သူ့အရသာနဲ့ ကိုက်စားရင် တဂျွတ်ဂျွတ်နဲ့မို့ မင်မင်ဆို သိပ်ကြိုက်ပေါ့...
မုန်လာဥနီ ဟာ ကယ်လိုရီပါဝင်မှုနည်းပြီး ဖိုင်ဘာအမျှင်ဓါတ် အပြည့်ပါဝင်တာကြောင့် ဝိတ်လျှော့တဲ့ အသီးဖျော်ရည်အနေနဲ့ ရွေးစရာ တစ်ခုပါနော်...

🥕အမျှင်ဓါတ်ပြည့်ဝစွာပါဝင်တဲ့ မုန်လာဥနီဟာ အဆာလည်းခံပြီး ဗိုက်ပြည့်လွယ်တာကြောင့် ဝိတ်လျှော့မယ့်သဲတို့ရေ သောက်သင့်နေပါပြီနော်...

🥕ဝမ်းမှန်စေပြီး အဆီတွေကိုလောင်ကျွမ်းစေလို့ ဝမ်းဗိုက်ချပ်ချပ်လေးလည်းဖြစ်စေမှာနော်...😍

🥕မုန်လာဥနီက အသားလှပြီး မျက်စိကိုလည်းအားကောင်းစေတာ သဲတို့သိပြီးသားပါနော်...👀

🥕မုန်လာဥနီ ဖျော်ရည် သောက်တဲ့အခါ မကြိုက်တဲ့ သဲတို့လည်း ရှိနိုင်တာဆိုတော့...
အရသာပိုရှိအောင်သောက်ချင်တယ်ဆိုရင် ပန်းသီး၊ လိမ္မော်သီး စတဲ့ ကယ်လိုရီနည်းတဲ့ အသီးလေးတွေနဲ့ ရောပြီး သောက်လို့ရပါတယ်လို့...🍎🍊

ကဲ...ဝိတ်လျှော့ပြီး မျက်မှန်ပါချွတ်လို့ လှသထက်လှအောင် ပြင်ဆင်ကြရအောင်...💃

💁 မင်မင်နဲ့အတူ မုန်လာဥနီဖျော်ရည် သောက်မယ့် သဲတို့ကComment မှာ Yes လို့ မန့်ခဲ့ကြပါဦးနော်...🥰

တိုင်းရင်းသားညီကို မောင်နှမများရဲ့ စုပေါင်းညီညွတ်မှုကြောင့် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂)ရက်နေ့မှာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ပ...
12/02/2020

တိုင်းရင်းသားညီကို မောင်နှမများရဲ့ စုပေါင်းညီညွတ်မှုကြောင့် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂)ရက်နေ့မှာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုနေ့ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ (၇၃)နှစ်ပြည့်ခဲ့ပါပြီနော်...
ကျွန်တော်တို့ ပေါ့ပေါ့ပါးပါး ဝိတ်ချမယ် အဖွဲ့သားများမှ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုပါတယ်ခင်ဗျာ...

Water diet...💧or အလွယ်ဆုံးဝိတ်ကျနည်း ရေနဲ့ ဝိတ်ချတဲ့နည်းလမ်းကို တချို့‌သဲတုိ့လည်းသိပြီးသားဖြစ်မယ်လို့ မင်မင်ထင်ပါတယ်...ဒ...
30/01/2020

Water diet...💧or အလွယ်ဆုံးဝိတ်ကျနည်း

ရေနဲ့ ဝိတ်ချတဲ့နည်းလမ်းကို တချို့‌သဲတုိ့လည်းသိပြီးသားဖြစ်မယ်လို့ မင်မင်ထင်ပါတယ်...
ဒီတော့ သိပြီးသားသူတွေက ဘာကြောင့်ရေကဝိတ်ကျတာလဲ သိအောင်၊ မသိသေးတဲ့သဲတို့က tryကြည့်ဖို့ရယ် မင်မင် ပြောပြပါမယ်နော်...😊

ဦးဆုံးအနေနဲ့ ရေရဲ့ သဘာဝက အစာစားချင်စိတ်ကိုလျော့ပါးစေပါတယ်နော်...ရေအဝသောက်လုိက်တဲ့အခါ အစာအိမ်သည်ပြည့်နေပြီလုိ့ ခံစားရတဲ့အတွက် အစာမစားဖုိ့ ဦးနှောက်ဆီသို့အချက်ပြပါတဲ့အတွက် ဝိတ်ကျစေပါတယ်နော်...😱

မင်မင်တို့က ရေငတ်တဲ့အခါမှာ တစ်ခုခုစားချင်တယ်လို့ ထင်မိပါတယ်...ဒါ‌ေကြာင့် တစ်ခုခုစားဖို့ မလုပ်ခင် ရေကိုသောက်မယ်ဆိုရင် အစာကို အများကြီးမစားဖြစ်တော့လို့ ဝိတ်ကျဖို့ အကူအညီ ရမှာပါရှင်...😎

ရေက ကိုယ်တွင်းကယ်လိုရီကို လောင်ကျွမ်းစေပါတယ်နော်..ခန္ဓာကိုယ်က စွမ်းအင်ကို အစာခြေဖို့ အတွက် ရေကိုအပူပေးပြီး အသုံးပြုတာကြောင့် မင်မင်တို့အနေနဲ့ ရေသောက်ခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို ဖြစ်စေပါတယ်နော်...

မင်မင်တို့ ခန္ဓာကိုယ်ဟာ ရေဓါတ်ခမ်းခြောက်တဲ့အခါ ကိုယ်တွင်းအညစ်အကြေးတွေကို စွန့်ထုတ်ဖို့ ခက်ခဲပါတယ်....ဒါကြောင့် ရေများများသောက်ခြင်းက
ကိုယ်တွင်းအညစ်အကြေးကို သန့်စင်ပေးတာကြောင့်
ဝိတ်ချဖို့ အထောက်အကူပြုပါတယ်နော်...

မင်မင်တို့ ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ရေဟာ ကြွက်သား၊တစ်ရှူး‌နဲ့ အဆစ်တွေကို မှန်ကန်စွာရွေ့လျားစေပါတယ်နော်...
နှလုံးနှင့်အခြားကိုယ်တွင်းအင်္ဂါ‌ေတွကုိလည်း လေ့ကျင့်ခန်းလုပ်နေတဲ့ချိန် ထိရောက်စွာလုပ်နိုင်ဖို့ ရေက ထောက်ပံ့ပေးပါတယ်နော်...👍

ကဲ...ဒါဆို ရေက မင်မင်တို့အတွက် ဝိတ်ကျစေတာအပြင် ကိုယ်တွင်းအင်္ဂါတွေအတွက်လည်း ကောင်းစွာ အလုပ်လုပ်ပေးဖို့ ထောက်ပံ့ပေးတာကြောင့် ဒီနေ့ကစပြီး ရေကို ပုံမှန်ထက် ပိုသောက်ပါလို့ အကြံပြုရင်း သူငယ်ချင်းတွေဆီကိုလဲ Share ပေးလိုက်ပါဦးနော်...☺️

27/01/2020
🐭🐭🐭 GONG XI FA CAI 🐭🐭🐭÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ပျော် ရွှင်စရာ 2020 တရုတ်(ကြွက်နှစ်)နှစ်သစ်ကူးလေးပါ 😍😍မင်မင့် သဲလေးတို့...
25/01/2020

🐭🐭🐭 GONG XI FA CAI 🐭🐭🐭
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ပျော် ရွှင်စရာ 2020 တရုတ်(ကြွက်နှစ်)နှစ်သစ်ကူးလေးပါ 😍😍

မင်မင့် သဲလေးတို့အားလုံး စားသမျှ ဝိတ်မတိုးပဲ နှစ်ကူးကနေ စလင်းဘော်ဒီလေးတွေ ရကြပါစေနော် 😍😍

လေ့ကျင့်ခန်းလုပ်ရင် ဘယ်အဆင့်ကစလုပ်ရမလဲ...🤔သဲတို့‌ရေ ခုဆိုအလုပ်က ပြန်တာနဲ့ အိမ်တန်းမပြန်တော့ပဲ 🏋️Gym လေးဝင်ဆော့မှ ဆိုတာလေ...
24/01/2020

လေ့ကျင့်ခန်းလုပ်ရင် ဘယ်အဆင့်ကစလုပ်ရမလဲ...🤔

သဲတို့‌ရေ ခုဆိုအလုပ်က ပြန်တာနဲ့ အိမ်တန်းမပြန်တော့ပဲ 🏋️Gym လေးဝင်ဆော့မှ ဆိုတာလေးခေတ်စားနေတယ်နော်...

အရင်တုန်းက ရုံးဆင်းအိမ်တန်းပြန်တဲ့သူတွေအစား ခု ရုံးဆင်းရင် gym လေးဝင်ဆော့လိုက်ရမှ၊ ငါဝလာပြီ gym သွားလိုက်ဦးမှ ဆိုတဲ့ သဲလေးတွေ ပိုများလာတာ မင်မင်တော့ သတိထားမိလာပါတယ်နော်...😊

ဒါဆိုရင် ဒီလို လေ့ကျင့်ခန်းလုပ်တဲ့ သဲတို့တွေမှာ ဘယ်ကစလုပ်ရမလဲ တွေးမိကြမှာပါနော်...🤔
လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုပြီးတန်းလုပ်လိုက်ရုံပဲလား...အရင်ဆုံး ဘာတွေ လုပ်သင့်သေးလဲ ....
လေ့ကျင့်ခန်း ဆိုတာ သူ့အဆင့်အတိုင်းလုပ်မှ ကြွက်သားတွေကို ထိခိုက်တာနည်းပြီး ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်‌နော်...
ဒီတော့ ဘယ်အဆင့်လေးတွေက စလုပ်မလဲ...မင်မင် ပြောပြမယ်နော်...

လုပ်ရမယ့် အဆင့်တွေကတော့....
🏃သွေးပူလေ့ကျင့်ခန်း
-အကြောလျှော့
-လေ့ကျင့်ခန်းလုပ်
-နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားအောင် ငြိမ်ငြိမ်လေး‌နေ
-အကြောပြန်ဆန့်
စတဲ့ အဆင့် ၅ ဆင့်အတိုင်းသွားရပါမယ်‌
‌နော်...
လေ့ကျင့်ခန်းတန်းလုပ်၊ တန်းရပ်တာမျိုး မလုပ်သင့်ပါဘူး သဲတို့ရေ...

💁လေ့ကျင့်ခန်းလုပ်ချိန် အလုပ်လုပ်ရဆုံးက နှလုံးဆိုတော့ နှလုံးနဲ့ ပက်သက်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဘယ်ဘက်ရင်ဘတ်အော့င်တာ၊ ဘယ်ဘက်လည်ပင်း၊ လက်မောင်းတွေ နာတာတွေ လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ ဖြစ်ဖြစ်၊ လုပ်ပြီးရင်ဖြစ်ဖြစ် ပေါ်လာတဲ့အခါ မပေါ့ဆဘဲ ဆရာဝန်ဆီ ချက်ချင်းသွားပါနော်...

ရေဓါတ်ခမ်းခြောက်ပြီး ပင်ပန်းလွန်းလို့ မူးလဲသွားတာ၊ ချွေးစေးတွေ ပြန်တာမျိုး ဖြစ်ခဲ့ရင်လည်း အားဖြည့် အချိုရည်တွေ ချက်ချင်းသောက်ဖိူ့ လိုပါတယ်နော်...🍹

ပြီးတော့ ဘယ်အရာဖြစ်ဖြစ် ပုံမှန်ပဲ ကောင်းတဲ့အတွက် လေ့ကျင့်ခန်းအများကြီးလုပ်လေ ပိုကောင်းလေဆိုတာ မမှန်ပါဘူး‌ေနာ်...
မြန်မြန်ပိန်ချင်၊ တက်ချင်တယ်ဆိုပြီး နေ့တိုင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူးနော်...
ကိုယ်ခန္ဓာကို အနားပေးဖို့လည်း လိုသေးတဲ့အတွက် ၄ ရက်ဆော့ ၁ ရက်နားတာက အကောင်းဆုံးပါပဲနော်...
အရမ်းခိုင်းပြီး အနားမပေးရင် ကျန်းမာရေး ယိုယွင်းလာပြီး နောက်ပိုင်း ရေရှည် လေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်လို့ ဂရုစိုက်ပေးနော်...

တစ်ပါတ်ကို အနည်းဆုံး လေ့ကျင့်ခန်း ၃ နာရီလုပ်သင့်တယ်ဆိုတော့ တစ်နေ့ နာရီဝက်လောက်ပေါ့နော်...
ဒါမှမဟုတ် တစ်နေ့ ၁ နာရီနဲ့ တစ်ပါတ်ကို လေ့ကျင့်ခန်း ၆ နာရီလုပ်ပေးလို့လည်းရပါတယ်‌ေနာ်...😊
ဒါဆိုရင် လေ့ကျင့်ခန်း ဘယ်လိုစလုပ်ရမလဲ သိပြီဆိုတော့ ရုံးဆင်း Gym ဆော့ရင် ပေါ့ပေါ့ပါးပါးလေးနဲ့ ဝိတ်လျှော့နိုင်ကြပါစေနော်...💃

မျက်နှာကြီး ဖောင်းထွက်နေပြီလားး....😏သဲတို့ရေ...ပါးဖောင်းဖောင်းလေးနဲ့ဆို အရမ်းချစ်စရာကောင်းတဲ့ cutties လေးတွေ ဖြစ်ပေမယ့် ...
23/01/2020

မျက်နှာကြီး ဖောင်းထွက်နေပြီလားး....😏

သဲတို့ရေ...ပါးဖောင်းဖောင်းလေးနဲ့ဆို အရမ်းချစ်စရာကောင်းတဲ့ cutties လေးတွေ ဖြစ်ပေမယ့် ....
မျက်နှာကြီး ပြဲဖောင်းကားနေရင်တော့ ကြည့်ရဆိုးတယ်လို့ ခံစားရပြီး စိတ်ညစ်ရမှာပါနော်...

တချို့ကတော့ မွေးကတည်းကဗီဇအရ မျက်နှာကြီးမျိုးမို့ မျက်နှာပြဲတာက ကြည့် ကောင်း‌ပေမယ့်
မင်မင်တို့လို ၀လို့ပြဲကွဲလာတဲ့မျက်နှာကြီးကတော့ စိတ်ဆင်းရဲစရာပါပဲနော်...😔

မင်မင်ကတော့ ခန္ဓာကိုယ်က အရမ်းကြီးလှမနေရင်တောင် မျက်နှာလေးက သူ့ဟာနဲ့သူ ကျစ်ကျစ်လျစ်လျစ်ပါးပါး တင်းတင်းလေးဆိုရင် မိတ်ကပ်ပဲလိမ်းလိမ်း ၊ သဘာဝတိုင်းပဲနေနေကြည့်လို့ ကောင်းနေမှာ သေချာတယ်လို့ တွေးမိတာပါပဲ သဲလေးတို့ရယ်...

ဒီတော့ မင်မင်လို မျက်နှာကြီး ပြဲကွဲလာလို့ စိတ်ညစ်ရပါတယ်ဆိုတဲ့ သဲလေးတို့အတွက် မျက်နှာ ကျစ်ကျစ်သေးသွယ်အောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ Try ကြည့်မလဲ ပြောပြမယ်နော်...

💁ပထမဆုံး နေ့တိုင်း အနည်းဆုံး ၂နာရီလောက်တော့ချွေးထွက်အောင်‌နေပါနော်...
ဘာလို့ဆို ၀တဲ့သူချင်းတူရင်တောင် အားကစားတစ်ခုခု ဒါမှမဟုတ် လှုပ်ရှားမှုများတဲ့သူက ချွေးထွက်နည်းသူထက်ပိုပြီး မျက်နှာလေးကို တင်းရင်းကျစ်လျစ်ကြည်လင်စေလို့ပါနော်...

💁ပြီးတော့ ညအိပ်တဲ့အခါ မှောက်ပြီးမအိပ်ရဘူး‌ေနာ်...မှောက်အိပ်တတ်တဲ့အကျင့် ရှိရင်တေ့ သတိလေးထားပြီး ပြင်ပေးနော်... ဘာလို့ဆို မှောက်အိပ်ရင် ရင်ဘတ်ပုံပျက်ပြီး မျက်နှာကြီးဖောင်းလာလို့ပါနော်....

💁နောက်တစ်ခုက မျက်နှာလေ့ကျင့်ခန်းလုပ်ဖုိ့ အချိန်အနညငယ်ပေးပါနော်...ကျန်တဲ့နေရာကို လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်တောင် အလုပ်လုပ်နေရင်းနဲ့ပဲဖြစ်ဖြစ်၊ စာလေ့လာနေရင်းနဲ့ပဲဖြစ်ဖြစ် မျက်နှာနဲ့ပါးကိုလေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်‌ေနာ်...
ပါးစပ်ကို အို ပုံစံလုပ်ပြုလုပ်ပေးတာမျိုး အ..အာ အား ဆိုပြီးအသံထွက်တာမျိုးကို ကြုံရင်ကြုံသလိုလုပ်ပေးမယ်ဆိုရင် မင်မင်တို့ရဲ့ ပါးရိုးတွေကို ပုံကျလှပစေပြီး မျက်နှာကြီးပြဲကွဲနေတာမျိုးမဖြစ်စေတော့ပါဘူးနော်...

💁ရေဓာတ်များတဲ့ လူတစ်ယောက်ရဲ့မျက်နှာက ပုံမှန်ထက်ပိုပြီးကြည်လင်းတင်းရင်းစေတာမုိ့ ရေမျများသောက်ဖို့ လိုပါတယ်နော်...

💁မျက်နှာကျစ်လျစ်ဖို့ဆိုရင် အသားငါးတွေချည်းစားနေလို့မဖြစ်ဘူး‌ေနာ် သဲတို့...အသီးရွက်မကြိုက်လည်းအသီးရွက်ကိုအားထားပြီးအသားငါးကိုသင့်တင့်သလောက်ပဲစားသင့်တာမို့ အသီးအရွက် များများစားပါနော်...

💁နောက်ဆုံးအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ညနေ၆နာရီကျော်တာနဲ့ အဆီများပြီး ကယ်လိုရီများတဲ့ထမင်း လိုမျိုိး အစားစာတွေကို ဘာမှမစားတာအကောင်းဆုံးပါပဲနော်...

ကဲ...ဒါဆိုရင်တော့ လှလှပပ ကျစ်ကျစ်လစ်လစ် သွယ်လျတဲ့ 👩ချစ်စဖွယ်မျက်နှာလေး ပိုင်ဆိုင်ဖို့ မင်မင်နဲ့ အတူလိုက်လုပ်မယ့် သဲတို့ရှိရင် Comment မှာ YES လို့ မန့်ခဲ့ကြပါဦးနော်...😘

ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆု့းလဲ....🤔သဲတို့ရေ...လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ မင်မင်တို့ လှဖို့အတွက်တင်မဟုတ်ဘူးန...
22/01/2020

ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆု့းလဲ....🤔

သဲတို့ရေ...

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ မင်မင်တို့ လှဖို့အတွက်တင်မဟုတ်ဘူးနော် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးရှိတယ်ဆိုတာ သဲတို့လည်းသိပြီးဖြစ်မယ်လို့ မင်မင်ထင်ပါတယ်နော်...
နေ့တိုင်းမှန်မှန် လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကြွက်သား‌ေတွနဲ့ အကြောအချဉ်တွေ ပြေလျော့စေတယ်လေ...

အစာခြေစနစ်ကို ကောင်းမွန်စေပြီးတော့ ကျန်းမာအသက်ရှည်၊ အိုမင်းရင့်ရော်ခြင်းကိုပါ နှေးကွေးတာ‌ေစတာ‌ေပါ့....

ပြီးတော့ မင်မင်တို့ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ မင်မင်တို့ကိုလှစေတယ်လေ....💃

ကဲ...ဒါဆို ဘယ်အချိန်တွေက မင်မင်တို့ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးလဲ...🤔

မနက်ခင်းလားး၊ ညနေဘက်လားး??

ဒါမှမဟုတ် ဘယ်အချိန် လုပ်လုပ် ရလဒ်က အတူတူပဲလား ဆိုတာ မင်မင်ပြောပြချင်လို့ပါနော်...😊

💁မနက်ခင်း လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ညလုံးပေါက် အိပ်စက်ထားတဲ့ မင်မင်တို့ခန္ဓာကိုယ်တွင်း ကလီစာတွေက အိပ်ရာနိုးနိုးချင်းမှာ လျင်မြန်စွာ အလုပ်လုပ်နိုင်ခြင်းမရှိသေးပါဘူး‌ေနာ်....
ဒီတော့ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေ့တာအတွက် စိတ်အာရုံနိုးကြားတက်ကြွစေဖို့နဲ့ အားအင်တွေ ပြည့်ဝစေဖို့ ကောင်းစွာကူညီပေး နိုင်ပါလိမ့်မယ်နော်...

တစ်ခုကတော့ မနက်ခင်းအိပ်ရေးမဝတဲ့အခါမျိုးမှာတော့ လေ့ကျင့်ခန်းလုပ်တာက ပိုပြီး အားယူရနိုင်ပါတယ်နော်...

💁မနက်ပိုင်းမထနိုင်လို့ ညနေဘက်မှာ လေ့ကျင့်ခန်းလုပ်မယ်ဆုိရင်‌ေတာ့ တစ်နေ့လုံး အစားအစာတွေစားပြီး၊ အလုပ်လုပ်ပြီးတဲ့အချိန်ဖြစ်တာမို့ အားအင်တွေလည်း ပိုရှိနေတဲ့အတွက် လေ့ကျင့်ခန်းကို ပိုပြီးအားစိုက်လုပ်လို့ရနိုင်ပါတယ်နော်...
ညနေဘက်အချိန်မှာ ကြွက်သားနဲ့ အရိုးအဆစ်တွေ ပြေလျော့နေတဲ့အတွက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရှိန်အများကြီး ယူဖို့တော့မလိုဘူးပေါ့နော်...
မနက်ခင်းထက်စာရင် အားအင်ပိုရှိနေတဲ့အတွက် အလေးတွေမတဲ့အခါ ပိုပြီးအားစိုက်ထုတ်နိုင်သလို ပိုကောင်းတဲ့ရလဒ်ကိုလည်း ရနိုင်ပါတယ် သဲတို့ရေ...

ညနေ ၄ နာရီမှ ၇ နာရီအတွင်း အချိန်မှာ ကြွက်သားထုကို တည်ဆောက်ဖို့ အကောင်းဆုံးဖြစ်တာကြောင့် ခန္ဓာကိုယ်ကျစ်လျစ်အောင် ဆော့ချင်တဲ့ သဲတို့အတွက် ပြေပါတယ်နော်...
ဒီတော့ အလေးမတဲ့သူတွေအတွက်ရော၊ ပေါ့ပေါ့ပါးပါး ယောဂကျင့်တဲ့သူတွေအတွက်ရော လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်နော် သဲတို့...

တစ်ခုကတော့...လေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ အိပ်ချိန်နဲ့ အရမ်းနီးကပ်သွားတဲ့အခါ ကိုယ်ခန္ဓာအပူချိန်၊ ဇီဝကမ္မပြောင်းလဲ ဖြစ်ပျက်ခြင်းနဲ့ နှလုံးခုန်နှုန်းမြင့်တက်လာတာကြောင့် ကောင်းစွာအိပ်ပျော်နိုင်ဖို့ အချိန်ပိုကြာတတ်ပါတယ်နော် သဲတို့...

ဒီတော့ မင်မင်အနေနဲ့ ခြုံပြောရမယ်ဆိုရင်တော့ အလှအပထက် ကျန်းမာရေးကို ပိုအလေးထားတဲ့သူ၊ ကိုယ်အလေးချိန် ကျလိုသူ၊ မနက်စောစောထနိုင်သူတွေအတွက် မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုအဆင်‌ေပြပြီး ပိုသင့်တော်ပါတယ်နော်...

ကြွက်သားထုတည်ဆောက်လိုတဲ့ အမျိုးသားတွေ၊ ခန္ဓာကိုယ်အလှအပကို ဦးစားပေးသူတွေအတွက်တော့ ညနေပိုင်းအချိန်က ပိုပြီးကောင်းပါတယ်နော်....

ဘယ်လိုအချိန်ပဲ လုပ်လုပ် လေ့ကျင့်ခန်းလုပ်တာက မင်မင်တို့အတွက် အဘက်ဘက်က အကျိုးရှိတာဖြစ်လို့ သဲတို့လည်း ကိုယ်ဘယ်လိုလှချင်လဲ တွေးပြီး အကောင်းဆုံးအချိန်မှာ လေ့ကျင့်ရင်း လှပကျန်းမာ နိုင်ကြပါစေနော်...😊

⛔ ဒီ Page က အကြောင်းအရာတွေက ကိုယ်တိုင်ဖန်တီးရေးသားထားသော အကြောင်းအရာများ ဖြစ်သည့်အတွက် ကူးယူဖော်ပြခွင့်မပြုပါ... လွတ်လပ်စွာ Share လို့ရပါတယ် ⛔

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when ပေါ့ပေါ့ပါးပါး ဝိတ်ချမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share