Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ

  • Home
  • Myanmar
  • Yangon
  • Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ

Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ Psychological and Consultancy Services
စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေး၊ ကုသမှုများနှင့် သင်တန်းများ


12/03/2025

“ရုံးပိတ်ရက်ကြေငြာခြင်း”
Reach Out Myanmar ၏ တပေါင်းလပြည့်ရုံးပိတ်ရက်သည် (၁၂.၃.၂၀၂၅) မှ (၁၆.၃.၂၀၂၅)ထိ ဖြစ်ပြီး တနလ်ာနေ့တွင်ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

16/10/2024



16/10/2024

“သီတင်းကျွတိရုံးပိတ်ရက်ကြေငြာခြင်း”
Reach Out Myanmar ၏သီတင်းကျွတ်ကာလရုံးပိတ်ရက်သည် (၁၆.၁၀.၂၀၂၄) မှ (၂၀.၁၀.၂၀၂၄)ထိ ဖြစ်ပြီး တနလ်ာနေ့တွင်ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်းအားအသိပေးအပ်ပါသည်။

သီတင်းကျွတ်ပိတ်ရက် အခါသမယမှာ Reach Out Myanmar မှ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်…
ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယ ဖြစ်ကြပါစေ။

12/04/2024

🙏🏻💦 မင်္ဂလာရှိသော နှစ်သစ်ကူး အတာသင်္ကြန် ဖြစ်ပါစေနော်

မကြာမီ ကျရောက်တော့မယ့် မြန်မာ့ ရိုးရာ နှစ်သစ်ကူး အတာ သင်္ကြန်ကာလလေး ကို Reach Out Myanmar မှ ပျော်ရွှင်စွာ ကြိုဆိုလိုက်ပါတယ်နော် !!

"Reach Out Myanmar Office" ကို သင်္ကြန် ကာလ ပိတ်ရက် အနေနဲ့ '12 April 2024' ရက်​နေ့ မှ 21 April 2024' ရက် နေ့ အထိ ပိတ်ထားမှာ ဖြစ်ပြီး ‘22 April 2024’ ရက်နေ့လေးမှာ ပုံမှန် အချိန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမှာ ကို လေးစားစွာ နဲ့ အသိပေး အကြောင်းကြား အပ်ပါတယ် ရှင့် 🙏🏻💦

🕘 Opening Hours
9 AM to 5 PM | Monday to Friday

Contact Number - 09767128927

12/04/2024




🕘 Opening Hours


25/12/2023

နှစ်သစ်ကူးရုံးပိတ်ရက် ကြေညာခြင်း

Reach out Myanmar office ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှ ဇန်နဝါရီ ၇ ရက်နေ့ထိ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသဖြင့် Ph call အ၀င်မှားနှင့် Chatbox တြင္ စုံးစမ်း​မေးြမန်းထားသည်များကို ဇန္နဝါရီ ၈ ရက်နေ့တွင် ဝန်ဆောင်မှုများအား ပုံမွန္ေဆာင္ရြက္ပေးသ်ားမည်ဖြစ်​ကြောင်း ​လေးစားစွာဖြင့်အသိ​ပေးအပ်ပါတယ်ရှင့်။

26/11/2023

“တန်ဆောင်တိုင်ရုံးပိတ်ရက်ကြေငြာခြင်း”
Reach Out Myanmar ၏တန်ဆောင်တိုင်ရုံးပိတ်ရက်သည် (၂၇.၁၁.၂၀၂၃) တနင်္လာနေ့ဖြစ်ပြီး (၂၈.၁၁.၂၀၂၃)အင်္ဂါနေ့တွင်ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်းအားအသိပေးအပ်ပါသည်။

ကျေးဇူးတင်ပါသည်။

ကိုယ်ချင်းစာစိတ်နဲ့ နေ့စဉ်ဘဝအပိုင်း ၁ (အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် အခြေခံသဘောတရား)ကိုယ်ချင်းစာစိတ်က လူတိုင်းရဲ့ နေ့စဉ်ဘဝ...
23/09/2023

ကိုယ်ချင်းစာစိတ်နဲ့ နေ့စဉ်ဘဝ
အပိုင်း ၁ (အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် အခြေခံသဘောတရား)

ကိုယ်ချင်းစာစိတ်က လူတိုင်းရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာ ဘယ်လိုပါဝင်နေသလဲ? ကိုယ်နဲ့ ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာ "ကိုယ်ချင်းစာစိတ်နဲ့ နေ့စဉ်ဘဝ” ခေါင်းစဉ်အောက်ကနေ အပိုင်းလိုက်ခွဲပြီး ဆွေးနွေးသွားပါမယ်။

ကိုယ်ချင်းစာစိတ် (Empathy) ဟာ မွေးကတည်းက အလိုလိုပါလာတဲ့ စိတ်မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီတိုင်း တည်ဆောက်ယူရတဲ့အရာပါ။ ကိုယ့်ကို ပြုစုစောင့်ရှောက်သူ၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အပေါ်မှာ မူတည်ပြီး တချို့လူတွေဟာ ကိုယ်ချင်းစိတ်နဲ့ ကြီးပြင်းလာကြပြီး အချို့မှာတော့ ပါမလာကြပါဘူး။

ကိုယ်ချင်းစာစိတ်ဆိုတာ ဘာလဲ??

ကျွန်မတို့ နည်းလည်ထားတာ၊ လွယ်လွယ်ပြောနေကြတာက တစ်ဖက်လူနေရာကို ဝင်ခံစားပေးတာပါ။ ဥပမာ- သူငယ်ချင်းအမေရုတ်တရက်ဆုံးပါသွားတဲ့အခါ သူ့နေရာကဝင်ပြီး ငါ့အမေသာဆို ဆိုတဲ့စိတ်နဲ့ ဘယ်လောက်များ ဝမ်းနည်းခံစားနေရမလဲ ကိုယ်ချင်းစာပေးတာ။
ကိုယ်ချင်းစာစိတ််ထားတော့မယ်ဆိုရင် “ငါသာဆိုရင်” ဆိုတဲ့ အတွေးကို ထားခဲ့ဖို့လိုပါတယ်။ လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ ဘဝအခြေအနေ၊ လုပ်ရပ် (ဆုံးဖြတ်ချက်)၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ စိတ်နေသဘောထား၊ စဉ်းစားတွေးခေါ်မှု၊ ယုံကြည်မှု စတာတွေအပေါ် သူ့ဘဝထဲဝင်ပြီး သူဘာကြောင့် ဒီလိုလုပ်ရတယ်၊ ခံစားရနေတယ်၊ ပြုမူပြောဆိုလိုက်တယ်၊ ဒီလိုအတွေးရှိနေတယ်စသည်ဖြင့် နားလည်အောင်ကြိုးစားခြင်းက မှန်ကန်တဲ့ ကိုယ်ချင်းစာစိတ််ပါပဲ။ ကိုယ်ချင်းစာစိတ်ဆိုတာ တစ်ဖက်လူရဲ့ အမှန်၊ အမှား ဝေဖန်ပိုင်းခြားဖို့ လက်ခံဖို့ထက် နားလည်နိုင်ဖို့ပါပဲ။ “ငါ” ဆိုတာကိုကြီး သူ့ဘ၀ထဲ ဆွဲခေါ်သွားရင်တော့ ကိုယ်ချင်းစာချင်းထက် ခံရသူကို အပြစ်တင်မိတဲ့ လုပ်ရပ်တွေ ပေါ်လာနိုင်တော့ပါပဲ။

ပိုနားလည်လွယ်အောင် နောက်post မှာ ဥပမာတစ်ခုချင်းစီနဲ့ ပြောပြပေးပါမယ်။ စာအရှည်ကြီးဖတ်ရရင် ပျင်းသွားမှာစိုးလို့ပါ။

အောက်ကဓာတ်ပုံကို ကြည့်ပြီး ကိုယ်ချင်းစာစိတ် (empathy) ၊သနားစိတ် (sympathy) နဲ့ ဥပေက္ခာစိတ် (apathy) ကို ဘယ်လိုနားလည်ထားလဲ သိထားလဲဆိုတာ comment မှာ ပြောပြပေးသွားပါဦး

Next post ~ ကိုယ်ချင်းစာစိတ် vs ခံရသူကို အပြစ်တင်ခြင်း (victim blaming)

Love, Trust, Communication က Relationship တစ်ခုစီတိုင်းရဲ့ ပင်မ ထောက်တိုင် ၃ ခုပဲ။ Relationship ဆိုတာနဲ့ ချစ်သူ စုံတွဲအက...
11/09/2023

Love, Trust, Communication က Relationship တစ်ခုစီတိုင်းရဲ့ ပင်မ ထောက်တိုင် ၃ ခုပဲ။ Relationship ဆိုတာနဲ့ ချစ်သူ စုံတွဲအကြား ဆက်ဆံရေးတစ်ခုထဲကို ပြောတာမဟုတ်ဘူး။ မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ လုပ်ငန်းခွင် Relationship အကုန်ပါတယ်။

ဒီ ၃ခုထဲက တစ်ခုခု အခြေခံမကောင်းလို့ ယိုင်နဲ့ ပြိုလဲ လာပြီဆိုရင် ကျန်တာဘယ်လောက်ခိုင်ခိုင် ပဋိပက္ခ စတော့တာပဲ။

အချစ် (မေတ္တာ) တွေ အများကြီးရှိပြီး ယုံကြည်မှု မရှိရင်လဲ အလုပ်မဖြစ်ဘူး။
အချစ်တွေရော ယုံကြည်မှုတွေရော ရှိပါရဲ့ ရှင်းလင်းတဲ့ အပြုသဘောဆောင်တဲ့ two ways communication မရှိရင် ဘာစကားပြောပြော စိတ်ညစ်စရာ နားလည်မှု လွဲစရာတွေများပြီး အလုပ်မဖြစ်ပြန်ဘူး။

Healthy Relationship ဖြစ်ဖို့ အလုပ်ဖြစ်တဲ့ relationship တစ်ခု တည်ဆောက်ဖို့ ဒီ၃ခုကို ဟန်ချက်ညီအောင် ထိန်းဖို့လိုတယ်။ အပြောလွယ်သလောက် လုပ်ဖို့ခက်တာလဲ Relationship ပါပဲ။ နောင်အခါ အကျယ်တဝင့် ဆက်ရေးပါဦးမယ်။
ကိုယ့်ထင်မြင်ချက်တွေလဲ ရေးပေးခဲ့ဦးနော်။

Address

Building 31, Room 16, 3rd Floor, Uwisara Housing, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959767128927

Alerts

Be the first to know and let us send you an email when Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category