Citta Consultancy - Psychological Services

Citta Consultancy - Psychological Services Citta Consultancy provides psychological consulting services and wellness programs for Myanmar People We design programs to develop your human capital.

Citta Consultancy provide trainings, research and consultation on human behavior and change processes.

💙2026 April လ စိတ္တမှ ဝန်ဆောင်မှုများ ▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရ...
01/04/2026

💙2026 April လ စိတ္တမှ ဝန်ဆောင်မှုများ

▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်ပါ Link များမှတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။🙏

✅▪️Free Services (အခမဲ့ ဝန်ဆောင်မှုများ) အကြောင်းသိလိုပါက
https://www.facebook.com/100064307727273/posts/725973456222905/?mibextid=cr9u03

✅▪️Mental Health Check Up Program အကြောင်းသိလိုပါက
https://www.facebook.com/304184276438700/posts/1638517226338725/?mibextid=cr9u03

✅▪️Career Counseling နှင့်ပတ်သတ်၍ သိလိုပါက https://www.facebook.com/304184276438700/posts/2017537881769989/?d=n

✅▪️Counselor Profile များ ကြည့်လိုပါက

https://www.facebook.com/share/p/19HETKbkZJ/?mibextid=oFDknk

✅▪️စိတ်နဲ့ခန္ဓာသဟဇာတာ ပရိုဂရမ် ( Integrative Mental Health )အကြောင်းသိလိုပါက
https://fb.watch/noNkNtZlci/?mibextid=cr9u03

✅▪️Khitthit Academy Learning Platform အကြောင်းသိရှိရန် -
https://www.facebook.com/khitthitacademy?mibextid=LQQJ4d

✅▪️Student Support Service program အကြောင်းသိလိုပါက -
https://www.facebook.com/100064307727273/posts/692329049587346/?mibextid=cr9u03

✅▪️Bridge to Future Program အကြောင်းသိရှိလိုပါက -

https://www.facebook.com/share/p/UkuegVQ8HENXdsYQ/?mibextid=WC7FNe

✅▪️Citta ရဲ့ Monthly newsletter များကို ဖတ်ရှုနိုင်ရန် website link -
https://cittaconsultancy.com/newsletter/

_________________________

စိတ္တသည် ၂၀၁၇ခုနစ်ကတည်းက ဖွဲစည်းတည်ဆောက်ထားသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသော လူမှုစီးပွားတစ်ခုဖြစ်ပါသည်။ စိတ္တ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူတို၏ လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကောင်းမွန်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ထိုသို့ အကောင်းဆုံးတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း စိတ္တအနေနှင့် ခွန်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်ဖို ရည်ရွယ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို စိတ္တတွင် ရယူနိုင်ပြီဖြစ်ပါသည်။

စိတ္တရဲ့ ဝန်ဆောင်မှုအသေးစိတ်အကြောင်းအရာအချက်အလက်များကို အသေးစိတ်စုံစမ်းလိုပါက -

▪️Facebook messenger
▪️Email - info@cittaconsultancy.com
▪️Telegram: https://t.me/citta00




#

🍀အားလုံးပဲ မင်္ဂလာပါ။ စိတ္တမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မတ်လရဲ့ Newsletter မှာတော့ စိတ်ချမ်းသာပြီး မိမိတို့ရဲ့ စိတ်လေး က...
31/03/2026

🍀အားလုံးပဲ မင်္ဂလာပါ။ စိတ္တမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မတ်လရဲ့ Newsletter မှာတော့ စိတ်ချမ်းသာပြီး မိမိတို့ရဲ့ စိတ်လေး ကြည်လင်လန်းဆန်း‌နေဖို့ ဘဝနေထိုင် စောင့်ရှောက်ထိန်းသိမ်းနည်းတွေထဲကမှ လောကဓံ လှိုင်းလုံးတွေနဲ့ ကြုံတွေ့လာရတဲ့အခါ မိမိတို့ရဲ့ စိတ်ကျန်းမာ ချမ်းသာရေးအတွက် ဘယ်လိုမျိုး ထိထိရောက်ရောက် ကျင့်သုံးကိုင်တွယ်သွားနိုင်မလဲဆိုနဲ့ ပတ်သတ်ပြီး ပညာရှင်တွေ အသုံးပြုလေ့ရှိကြတဲ့ နည်းလမ်းတွေကို ‌ဝေမျှပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။✨

🌊“Mindful Padauk Dancing" Event💃  (သင်္ကြန် နွေဉီး တူးပို့…တူးပို့ )🎶🌤နွေဦးရောက်လာပြီဆိုတာနဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်န...
30/03/2026

🌊“Mindful Padauk Dancing" Event💃
(သင်္ကြန် နွေဉီး တူးပို့…တူးပို့ )🎶

🌤နွေဦးရောက်လာပြီဆိုတာနဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်နှလုံးသားထဲ အမြဲကိန်းအောင်းနေတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ အငွေ့အသက်တွေကိုစတင် ခံစားလာရပါတယ်။
🌊သင်္ကြန်ရဲ့ အငွေ့အသက်တွေလို့ ပြောလိုက်ရင် ရွှေဝါရောင် တဝင်းဝင်းနဲ့ ပိတောက်ပန်းတွေ ၊ တူးပို့ တူးပို့ အစရှိတဲ့ သင်္ကြန်ကာလမှာမှ အသက်ဝင်တဲ့ သင်္ကြန်သီချင်းတွေ၊ ချစ်ခင်မှုနဲ့ ကြည်စယ်မှုတွေပါဝင်နေတဲ့ မုန့်လုံးရေပေါ် ဖြူဖြူလုံးလုံးလေးတွေကိုပါ တွဲမြင်မိလာတော့တာပါပဲ။ 🥰
🌊သင်္ကြန်ရဲ့အငွေ့အသက်လို့ ပြောလိုက်တာနဲ့၊ သင်္ကြန်သီချင်းတွေ ကြားလိုက်ရတာနဲ့ စိတ်ထဲမှာ တစ်မျိုးတစ်မည်တော့ ခံစားသွားရသလိုလိုပါပဲ။
▫️ဒါကြောင့် အခုလာမယ့် ဧပြီလမှာ သင်္ကြန်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို သုံးသပ်မျှဝေရင်း တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေ ဖန်တီးနိုင်ဖို့ မြန်မာရိုးရာအတာသင်္ကြန်အငွေ့အသက်လေးတွေ ပျံ့လွင့်နေမယ့်

📍Citta ရဲ့ Mindful Padauk Dancing Event လေးမှာ ပါဝင်ဆင်နွဲရင်း ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ကို ဂရုစိုက်လိုက်ကြရအောင်။🥰

💃ကခုန်ခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ ကခုန်နေတဲ့အခိုက်အတန့်လေးကို သတိနဲ့ယှဉ်ပြီး အာရုံစိုက်လိုက်တဲ့အခါ စိုးရိမ်ပူပန်စိတ်တွေကို လျော့နည်းစေပြီး စိတ်နဲ့ ခန္ဓာကို ဆက်သွယ်ပေးမှာပဲ ဖြစ်ပါတယ်။

🌊ဆိတ်ငြိမ်တဲ့ ကိုလိုနီခေတ် အဆောက်အဉီးနဲ့ ခြံဝန်းကျယ်ကြီးရှိရာ Turquoise Mountain Myanmar မှာ ပြုလုပ်သွားမယ့် စိတ္တရဲ့ “သင်္ကြန် Mindful Padauk dancing Event “💃 လေးမှာ သင်္ကြန်ရောက်တိုင်း အမြဲကြားနေရစမြဲဖြစ်တဲ့ “တူးပို့၊ တူးပို့”🎶 သီချင်းနဲ့ ပျော်ရွှင်စွာ ဝိုင်းဖွဲ့ကကြမယ်။ စိတ်ခံစားချက်ေတွကို နားလည်သိရှိပြီး လက်ရှိအချိန်ကို အာရုံစူးစိုက်ရင်း စိတ်နဲ့ခန္ဓာကို ပြန်လည်ချိတ်ဆက်ကြမယ်။ 💖
ဝင်ကြေး အခမဲ့ဖြစ်လို့ အမြန်လေး Register လုပ်ထားမှ စိတ်ချရမယ်နော် 😉

📌 Registration Link:
https://forms.gle/7dw8tQihLPpuWNEq8

✅ Free Entry
✅ Date - 4th April , 2026 (Saturday)
✅ Time - 10 AM - 12 PM

📍 Turquoise Mountain Myanmar - အမှတ် ၄၇ ဘီ၊ ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

#စိတ္တ

အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ ဆရာမအိမ့်မှူးခင်ရဲ့ လက်ဆောင်စကားလေးကို ဖော်ပြရင်း March လရဲ့ Counselor’s Journey နောက်ဆ...
28/03/2026

အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ ဆရာမအိမ့်မှူးခင်ရဲ့ လက်ဆောင်စကားလေးကို ဖော်ပြရင်း March လရဲ့ Counselor’s Journey နောက်ဆုံးအပတ်လေးကနေ နှုတ်ဆက်လိုက်ချင်ပါတယ်။ ☺️

“စိတ်ဒဏ်ရာတွေရရှိစေတာက ကျွန်မတို့ကိုယ်တိုင် ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ ကပ်တွယ်သွားရတဲ့စိတ်ဒဏ်ရာတွေကိုတော့ ကိုယ်တိုင်ကပဲ ကုစားသွားရမှာပါ။ သူများတွေကို ပေးဖြစ်နေတဲ့ စာနာစိတ်နဲ့ ကြင်နာစိတ်တို့ကို ကိုယ့်ကိုယ်ကိုယ်လည်း ပေးကြည့်ပါ။ ဒါဟာ ပထမဆုံးနဲ့ အရေးအကြီးဆုံးခြေလှမ်း ဖြစ်တာကြောင့်ပါ” ♥️

ဆရာမရဲ့ လက်ဆင့်ကမ်းချင်တဲ့စကားလေးကနေ ခွန်အားနဲ့ ငြိမ်းချမ်းခြင်းကို ရရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆရာမရဲ့ Professional Profile ကို ဖတ်ရှု့ဖို့ ဒီlink ကို နှိပ်ပါရှင်။
https://www.facebook.com/share/p/1PKVHzjBbB/?mibextid=wwXIfr

နောက်လတွေမှာလည်း အပတ်စဉ်တိုင်းမှာ စိတ္တရဲ့ Wellness Counselor တွေအကြောင်းပြောပြမယ့် Counselor’s Journey နဲ့ ပြန်တွေ့ဆုံကြပါမယ်နော်။

Counseling session များအပါအဝင် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး စုံစမ်းလိုပါက -
▶️ စိတ္တရဲ့ page ဖြစ်တဲ့ Citta Consultancy - Psychological Services မှာသော်လည်းကောင်း၊
▶️ Email - info@cittaconsultancy.com ကနေသော်လည်းကောင်း၊
▶️ Phone number - 09 965 121 551 ကနေသော်လည်းကောင်း.. ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ☺️

တစ်နှစ်တောင် ဖြတ်သန်းလာခဲ့ကြပြီနော်… 🗓️ငလျင်ရဲ့အသံတွေ၊ ကြောက်ရွံ့မှုတွေ၊ ပျက်စီးမှုတွေက တချို့အတွက် မေ့လို့ရပြီးသား ဖြစ်...
28/03/2026

တစ်နှစ်တောင် ဖြတ်သန်းလာခဲ့ကြပြီနော်… 🗓️

ငလျင်ရဲ့အသံတွေ၊ ကြောက်ရွံ့မှုတွေ၊ ပျက်စီးမှုတွေက တချို့အတွက် မေ့လို့ရပြီးသား ဖြစ်နိုင်ပေမယ့်
တချို့အတွက်တော့ အခုထိ အတိတ်မှာပဲရှိနေနိုင်ပါသေးတယ်။😪
💔 Trauma ဆိုတဲ့စိတ်ဒဏ်ရာက “အချိန်ကကုစားပေးတယ်” ဆိုတာအမြဲမှန်နေမှာမဟုတ်ပါဘူး
💭 တစ်ခါတစ်လေ အချိန်နဲ့အတူ အမှတ်တရတွေ ပိုထွက်လာတတ်တာမို့
ဒီလိုနေ့မျိုးမှာ
🕯️ မေ့မရတဲ့သူတွေကို သတိရခွင့်ပေးလိုက်ကြရအောင်
🤍 ကိုယ်တိုင်နဲ့ အခြားသူတွေကို နူးညံ့စွာ ဆက်ဆံကြရအောင်
🫂 "နင့်အတွက်ငါရှိတယ်နော်" ဆိုတဲ့ စကားလေးကို မချွေတာပဲ ပြောကြရအောင်
Healing ကုစားတယ်ဆိုတာ အမြန်မဟုတ်ဘူး😴
ဒါပေမယ့်… တစ်ယောက်တည်းလဲမဟုတ်ပါဘူးနော်။💪
အားလုံးနဲ့အတူ စိတ္တက အမြဲ တသားတည်း အတူရှိနေပါတယ်လို့ ပြောလိုက်ပါရစေ။ ✨🍀

စိတ္တရန်ကုန်ရုံးတွင် တာဝန်ထမ်းဆောင်ရန် Program Manager ရာထူးဖြင့် ဝန်ထမ်းခေါ်ယူနေပါသဖြင့် စိတ်ပါဝင်စားသူများ လာရောက်လျှေ...
28/03/2026

စိတ္တရန်ကုန်ရုံးတွင် တာဝန်ထမ်းဆောင်ရန် Program Manager ရာထူးဖြင့် ဝန်ထမ်းခေါ်ယူနေပါသဖြင့် စိတ်ပါဝင်စားသူများ လာရောက်လျှောက်ထားနိုင်ပါသည်။

ရာထူး: Program Manager
လစာ: ညှိနှိုင်း

လုပ်ငန်းတာဝန်များ:
Program နှင့် Project များအတွက် အသေးစိတ် Plan ရေးဆွဲခြင်း၊ အချိန်မီပြီးစီးအောင် စီမံခန့်ခွဲခြင်း။

လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာ Team များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း။

Program Performance များကို စောင့်ကြည့်စစ်ဆေးပြီး Report များ ပြင်ဆင်တင်ပြခြင်း။

အဖွဲ့အစည်းတွင်းရှိ Counselorများ၊ အလုပ်သင်များနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း။

ဘတ်ဂျက်နှင့် အသုံးစရိတ်များကို စနစ်တကျ စောင့်ကြည့်ထိန်းသိမ်းခြင်း။

လိုအပ်သော အရည်အချင်းများ:
Organizational Psychology သို့မဟုတ် Business Administration ဘွဲ့ရရှိထားသူဖြစ်ရမည်။

Program သို့မဟုတ် Project Management ပိုင်းတွင် အတွေ့အကြုံ (၂) နှစ် ရှိရမည်။

Microsoft Office နှင့် Project Management Tools များ အသုံးပြုနိုင်ရမည်။

Communication ကောင်းမွန်ပြီး ပြဿနာများကို အဖြေရှာနိုင်သူဖြစ်ရမည်။

အလုပ်ချိန်: 9:00 AM ~ 5:00 PM (တစ်ပတ် ၅ရက်/ နာရီ ၄၀)

ပိတ်ရက်: တနင်္ဂနွေနှင့် တနင်္လာနေ့ (Sunday & Monday) နှင့် အစိုးရရုံးပိတ်ရက်များ

ခံစားခွင့်များ:
- Salary, Health Care Allowanceနှင့် Counseling Allowance ခံစားခွင့်
- လစဉ် Self Care Allowance
- Personal development အတွက် လိုအပ်ပါက Internal/External Training များ တက်ရောက်ခွင့်
- အလုပ်သက်တမ်း (၃) နှစ်ပြည့်ပါက Profit-sharing (ရှယ်ယာ) ရရှိနိုင်မည့် အခွင့်အလမ်း

လူထုရဲ့စိတ်ကျန်းမာရေးနှင့် လူမှုအကျိုးသက်ရောက်မှု လုပ်ငန်းများကို စိတ်ပါဝင်စား ပြီး ကူညီပါဝင်လုပ်ဆောင်လိုသောသူဖြစ်ပါက ဦးစားပေးမည်။

📲 Apply Now

Phone - 09-960989551, 09-960948120

📩 လျှောက်ထားလိုသူများအနေဖြင့် CV ကို email ဖြင့်ပေးပို့နိုင်ပါသည်။

📧 Email: zintswe@cittaenterprises.com

info@cittaconsultancy.com

💘ဒီအပတ်ရဲ့ Feel Good Friday အနေနဲ့ သတိပေးချင်တာလေးကတော့ 🧐အခုတစ်ပတ်မှာ ပြီးမြောက်အောင်မြင်ခဲ့တဲ့ အရာတစ်ခုချင်းစီကို ပြန်တ...
27/03/2026

💘ဒီအပတ်ရဲ့ Feel Good Friday အနေနဲ့ သတိပေးချင်တာလေးကတော့ 🧐
အခုတစ်ပတ်မှာ ပြီးမြောက်အောင်မြင်ခဲ့တဲ့ အရာတစ်ခုချင်းစီကို ပြန်တွေးပြီး မိမိကိုယ်ကို အသိအမှတ်ပြု ဂုဏ်ယူဖို့ မမေ့နဲ့အုံးနော်။🌿🎉

"🌺နူးညံပေမဲ့ သန်မာတဲ့ အမျိုးသမီးများအတွက် စိတ္တရဲ့ Women Mental Health Program🌷”အမျိုးသမီးတွေဟာ ဘဝမှာ ပြောင်းလဲမှု များစ...
25/03/2026

"🌺နူးညံပေမဲ့ သန်မာတဲ့ အမျိုးသမီးများအတွက်
စိတ္တရဲ့ Women Mental Health Program🌷”

အမျိုးသမီးတွေဟာ ဘဝမှာ ပြောင်းလဲမှု များစွာကို ကျော်ဖြတ်နေချိန်တိုင်းမှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ များစွာ ရှိနေပါတယ်။
အသက်အရွယ်အလိုက် ဟော်မုန်းအပြောင်းအလဲ၊ လောကဓံ အပြောင်းအလဲ၊ ပတ်ဝန်းကျင် အပြောင်းအလဲတွေကို ကြံ့ကြံ့ခံနေရချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကလည်း သိသိသာသာ ရိုက်ခတ်လာပါတော့တယ်။ ဒါတွေကို လျစ်လျှုရှုဖို့ ကြိုးစားလိုက်တဲ့အခါမှာ စိတ်ကျန်းမာရေးနဲ့အတူ ခန္ဓာကိုယ်ကိုပါ ထိခိုက်လာတတ်ကြပါတယ်။
စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲကြောင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများသာမက စိတ်ခံစားချက်အလိုက် ပြုမူမိတဲ့ မကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံတွေကနေလည်း မလိုလားအပ်တဲ့ ရေရှည်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲ?
ကိုယ့်ရဲ့ စိတ်ခံစားချက်၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပြဿနာတွေကို ကိုယ်တိုင်က သတိပြုမိဖို့ လိုသလို ကိုယ့်အတွက် လုံခြုံ စိတ်ချရတဲ့ တယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ Citta ရဲ့ Women's Mental Health Program ရှိနေပါပြီ။ ✨🍀

Citta ရဲ့ Consultation Service ကနေတစ်ဆင့် အမျိုးသမီးတွေအတွက်
✅ အသက်အရွယ်အလိုက် ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို နားလည်ပေးခြင်း။
✅ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ လွတ်လပ်စွာ ရင်ဖွင့်တိုင်ပင်နိုင်ခြင်း။
✅ ကျွမ်းကျင်သူများမှ မှန်ကန်တဲ့ ကိုင်တွယ်ဖြေရှင်းနည်းလမ်းများ လမ်းညွှန်ပေးခြင်း။ စတာတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် စိတ်ကျန်းမာရေးအတွက် ကျွမ်းကျင်တဲ့ ပညာရှင် များစွာ ရှိတာကြောင့် သင့်အတွက် ယုံကြည်စွာ ရင်ဖွင့်တိုင်ပင်နိုင်တဲ့ ရပ်ဝန်းတခုအဖြစ် Citta က ရှိနေပေးမှာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းဟာ စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာနဲ့ အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ထိုက်တန်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုအတွက် အခုပဲ Citta ရဲ့ Page Messenger ကနေတစ်ဆင့် Booking ရယူနထုင်ပါပြီ။ 🥳💪
#စိတ်ကျန်းမာရေးအတွက်စိတ္တ

🍀Mindful Monday လေးမှာ လုပ်ငန်းခွင်ကို ပြန်ဝင်ကြမယ့်သူတွေအတွက် စကားလက်ဆောင်ကတော့📝တနင်္လာနေ့မှာ ရက်သတ္တပတ်တစ်ခုကို စတင်ဖိ...
23/03/2026

🍀Mindful Monday လေးမှာ လုပ်ငန်းခွင်ကို ပြန်ဝင်ကြမယ့်သူတွေအတွက် စကားလက်ဆောင်ကတော့
📝တနင်္လာနေ့မှာ ရက်သတ္တပတ်တစ်ခုကို စတင်ဖို့ အလျင်လိုစရာမလိုပါဘူးနော် — မိမိကိုယ်ကို ချစ်ခင် ကြင်နာမှုအပြည့်နဲ့ ဖြည်းဖြည်းချင်း သွားရင်းနဲ့လည်း ပန်းတိုင်ကိုရောက်နိုင်ပါတယ်။ 🌿💪

မတ်လ လဆန်းပိုင်းက စိတ္တကနေ “Yes We Can”မှ လူငယ်များအတွက် စိတ်ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမ...
22/03/2026

မတ်လ လဆန်းပိုင်းက စိတ္တကနေ “Yes We Can”မှ လူငယ်များအတွက် စိတ်ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အထောက်အပံ့ပေးရန် ဂီတနှင့် စိတ်ဝင်စားစရာ ကစားနည်းများပါဝင်တဲ့ အစီအစဉ်တစ်ခုကို အတူတကွကျင်းပပြုလုပ်ခဲ့ပါတယ်။🥁🎵🪈
ဂီတနဲ့ အပြန်အလှန် ဆက်သွယ်ဖော်ပြနိုင်တဲ့ လှုပ်ရှားမှုတွေကတဆင့် ပါဝင်သူများအနေနဲ့ မိမိတို့ကိုယ်ကိုယ် လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ခဲ့ကြပါတယ်။ ထို့အပြင် အခြားသူများနှင့်ခံစားချက်ခြင်း ပိုမိုချိတ်ဆက်နိုင်ခဲ့ရုံသာမက မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်အတွက် စိတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ နည်းလမ်းများကိုလည်း အတူတူ လေ့လာနိုင်ခဲ့ကြပါတယ်။🥳✨
#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ပတ်မှာတော့ မတ်လ Counselor’s Journey အစီအစဉ်ရဲ့ တတိယအပတ်အနေနဲ့ စိတ္တရဲ့ Wellness Counselor တစ်...
21/03/2026

အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ပတ်မှာတော့ မတ်လ Counselor’s Journey အစီအစဉ်ရဲ့ တတိယအပတ်အနေနဲ့ စိတ္တရဲ့ Wellness Counselor တစ်ဦးဖြစ်တဲ့ ဆရာမ အိမ့်မှုးခင်ညွှန်းပေးချင်တဲ့ စာအုပ်တအုပ်အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။🍀

ဆရာမအိမ့်မှူးခင်ညွှန်းပေးချင်တဲ့ စာအုပ်လေးကတော့ Matthew McKay, PH.D. နဲ့ Jeffrey C.Wood, PSY.D. တို့ ရေးသားထားတဲ့ workbook လေးတခုပါ။ နာမည်ကတော့ The Dialectical Behavior Therapy Diary: monitoring your emotional regulation day by day ဆိုတာလေးပဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေးမှာဆိုရင် DBT နဲ့ ဆက်စပ်ပြီး မိမိရဲ့ စိတ်နဲ့ခန္ဓာကို ဘယ်လိုစောင့်ရှောက်လို့ ရနိုင်မလဲဆိုတာလေးအပြင် စာအုပ်ဖတ်သူကိုယ်တိုင်ပါ လိုက်လုပ်နိုင်တဲ့ worksheet paper တွေလည်း ပါပါသေးတယ်။ Worksheet တွေကလည်း တထိုင်တည်းရေးလိုက်လို့ ပြီးသွားမျိုးမဟုတ်ဘဲ တရက်ထက်တရက် ကိုယ့်ရဲ့ခံစားချက်တွေကို လိုက်ကြည့်ရင်း၊ ထိန်းညှိရင်း ရေးသွားနိုင်တာဖြစ်လို့ မိမိရဲ့ ပြောင်းလဲလာမှုတွေကိုလည်း ပြန်မြင်နိုင်မှာပါ။ ♥️

မတ်လရဲ့ Counselor’s Journey လေး မပြီးဆုံးခင် ဆရာမအိမ့်မှူးခင်ရဲ့ လက်ဆောင်စကားလေးကို ဖတ်ရှု့ဖို့ နောက်အပတ်ကို စောင့်မျှော်ပေးကြပါဦးနော်။

ဆရာမရဲ့ Professional Profile ကို ဖတ်ရှု့ဖို့ ဒီlink ကို နှိပ်ပါရှင်။
https://www.facebook.com/share/p/1PKVHzjBbB/?mibextid=wwXIfr

Counseling session များအပါအဝင် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး စုံစမ်းလိုပါက -
▶️ စိတ္တရဲ့ page ဖြစ်တဲ့ Citta Consultancy - Psychological Services မှာသော်လည်းကောင်း၊
▶️ Email - info@cittaconsultancy.com ကနေသော်လည်းကောင်း၊
▶️ Phone number - 09 965 121 551 ကနေသော်လည်းကောင်း.. ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ☺️

🍀အားလုံးပဲ မင်္ဂလာပါ။ ✨🍀စိတ္တကနေ ပြီးခဲ့တဲ့အပတ်က ငါးစို့တိုက် နဲ့ အေးရိပ်မွန် အမျိုးသမီးနှင့် သီလရှင်ကျောင်းတွေမှာ ပညာသင...
21/03/2026

🍀အားလုံးပဲ မင်္ဂလာပါ။ ✨🍀
စိတ္တကနေ ပြီးခဲ့တဲ့အပတ်က ငါးစို့တိုက် နဲ့ အေးရိပ်မွန် အမျိုးသမီးနှင့် သီလရှင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ အမျိုးသမီးငယ်လေးများအတွက် ဆယ်ကျော်သက်အရွယ်နဲ့ ပညာရေးဆိုင်ရာ စိတ်ဖိစီးမှုတွေကို သိရှိနားလည် ကိုင်တွယ်နိုင်စေဖို့နဲ့ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြသတတ်အောင် ကိုယ်တိုင်သာမက ပတ်ဝန်းကျင် မိသားစုနဲ့ စာသင်ခန်းထဲမှာလည်း စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်စောင့်ရှောက်မှုတွေ ပြုလုပ်လာနိုင်အောင် Educational and emotional workshop တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ 💪💕

#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959960989551

Alerts

Be the first to know and let us send you an email when Citta Consultancy - Psychological Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Citta Consultancy - Psychological Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Citta Consultancy was founded in 2014 and company registration within Myanmar completed in September 2017. The purpose of Citta Consultancy is to shift paradigms for the heart/mind of individuals and organizations so that they can resolve and heal, transform, and grow to their fullest potential. We accomplish this through seminars and workshops, creativity and design thinking, cultural brokerage, consultation, and qualitative assessments, conducting training, research and consultation on human behavior and change processes, and design and implementation of wellness programs to transform and develop organizations’ and communities’ most valuable assets – the human and social capital. Our website is http://cittaconsultancy.com.

Applying Scaffolding Services, our consultation and training target resolution of human problems, transformation of systemic cultures, and growth of your creative potentials. Each consultation and workshop is tailored to your specific needs. We provide initial assessment and follow up evaluations to assure the gains are enduring. Click on the links below to learn more:


  • Resolution

  • Transformation