Citta Consultancy - Psychological Services

Citta Consultancy - Psychological Services Citta Consultancy provides psychological consulting services and wellness programs for Myanmar People We design programs to develop your human capital.

Citta Consultancy provide trainings, research and consultation on human behavior and change processes.

💙2025 December လ စိတ္တမှ ဝန်ဆောင်မှုများ ▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို ...
01/12/2025

💙2025 December လ စိတ္တမှ ဝန်ဆောင်မှုများ

▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်ပါ Link များမှတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။🙏

✅▪️Free Services (အခမဲ့ ဝန်ဆောင်မှုများ) အကြောင်းသိလိုပါက
https://www.facebook.com/100064307727273/posts/725973456222905/?mibextid=cr9u03

✅▪️Mental Health Check Up Program အကြောင်းသိလိုပါက
https://www.facebook.com/304184276438700/posts/1638517226338725/?mibextid=cr9u03

✅▪️Career Counseling နှင့်ပတ်သတ်၍ သိလိုပါက https://www.facebook.com/304184276438700/posts/2017537881769989/?d=n

✅▪️Counselor Profile များ ကြည့်လိုပါက

https://www.facebook.com/share/p/19HETKbkZJ/?mibextid=oFDknk

✅▪️စိတ်နဲ့ခန္ဓာသဟဇာတာ ပရိုဂရမ် ( Integrative Mental Health )အကြောင်းသိလိုပါက
https://fb.watch/noNkNtZlci/?mibextid=cr9u03

✅▪️Khitthit Academy Learning Platform အကြောင်းသိရှိရန် -
https://www.facebook.com/khitthitacademy?mibextid=LQQJ4d

✅▪️Student Support Service program အကြောင်းသိလိုပါက -
https://www.facebook.com/100064307727273/posts/692329049587346/?mibextid=cr9u03

✅▪️Bridge to Future Program အကြောင်းသိရှိလိုပါက -

https://www.facebook.com/share/p/UkuegVQ8HENXdsYQ/?mibextid=WC7FNe

✅▪️Citta ရဲ့ Monthly newsletter များကို ဖတ်ရှုနိုင်ရန် website link -
https://cittaconsultancy.com/newsletter/

_________________________

စိတ္တသည် ၂၀၁၇ခုနစ်ကတည်းက ဖွဲစည်းတည်ဆောက်ထားသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသော လူမှုစီးပွားတစ်ခုဖြစ်ပါသည်။ စိတ္တ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူတို၏ လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကောင်းမွန်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ထိုသို့ အကောင်းဆုံးတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း စိတ္တအနေနှင့် ခွန်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်ဖို ရည်ရွယ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို စိတ္တတွင် ရယူနိုင်ပြီဖြစ်ပါသည်။

စိတ္တရဲ့ ဝန်ဆောင်မှုအသေးစိတ်အကြောင်းအရာအချက်အလက်များကို အသေးစိတ်စုံစမ်းလိုပါက -

▪️Facebook messenger
▪️Email - info@cittaconsultancy.com
▪️Telegram: https://t.me/citta00




အားလုံးပဲ မင်္ဂလာပါ။ 🤗စိတ္တရဲ့ ၂၀၂၅ နိုဝင်ဘာလအတွက် Newsletter လေးထွက်ရှိလို့လာပါပြီ။📢အခုတခေါက်မှာတော့ ကျွန်တော်တို့ရဲ့နေ...
30/11/2025

အားလုံးပဲ မင်္ဂလာပါ။ 🤗
စိတ္တရဲ့ ၂၀၂၅ နိုဝင်ဘာလအတွက် Newsletter လေးထွက်ရှိလို့လာပါပြီ။📢
အခုတခေါက်မှာတော့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို အကျိုးပြုပေးနေတဲ့ Happy Hormones လေးတွေအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတ​ယ်။ 🤩🍀လူတိုင်းရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကို အဖက်ဖက်ကနေ အကျိုးပြုပေးနေတဲ့ Happy Hormones လေးတွေရဲ့လုပ်ငန်းဆောင်တာတွေနဲ့ သူတို့ကို ဘယ်လိုမျိုး အကျိုးရှိအောင် အသုံးချနိုင်မလဲစတာတွေကို ကျွန်တော်နဲ့ အတူတူလေ့လာကြည့်ကြရအောင်နော်။😉

#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ #ပျော်ရွင်စေသောဟော်မုန်းများအကြောင်း

Career Counselling Program by စိတ္တ ✨📢သင်က အနာဂတ်အတွက် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို စဉ်းစားရွေးချယ်နေတဲ့ လူငယ်တစ်ယောက်...
29/11/2025

Career Counselling Program by စိတ္တ ✨📢

သင်က အနာဂတ်အတွက် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို စဉ်းစားရွေးချယ်နေတဲ့ လူငယ်တစ်ယောက် ဖြစ်ပါသလား။ အထူးသဖြင့် career လမ်းကြောင်းရွေးချယ်ရာမှာ စိတ်ဖိစီးမှုတွေ၊ အဖက်ဖက်မှ ဖိအားတွေ၊ ဝေခွဲမရဘဲ ရှုပ်ထွေးမှုတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင်တော့ စိတ္တရဲ့ Career Counseling Program က သင့်အတွက်ပဲ ဖြစ်ပါတယ်။

မိမိနှင့် အကိုက်ညီဆုံး အသက်မွေးဝမ်းကြောင်း Career တစ်ခုကို စိတ်ဖိစီးမှုကင်းဝေးပြီး ယုံကြည်မှုအပြည့်နှင့် မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ စိတ္တ မှ ၂၀၂၆ ဇန်နဝါရီမှ စတင်ပြီး Career Counseling Program ကို စတင်မိတ်ဆက်လိုက်ပါပြီ။

နောက်ထပ် သတင်းကောင်းတစ်ခုကတော့ စိတ္တရဲ့ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ Career Counseling Survey Form ကို ပါဝင်ဖြေဆိုပေးသူများထဲမှ ကံထူးရှင် ၅ ယောက်ကိုရွေးချယ်ပြီး ငွေကျပ် ၆၀၀၀၀ တန်ဖိုးရှိ Career Counseling Session ၁ ကြိမ်စီ အခမဲ့ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်ထိရောက်တဲ့ Program တစ်ခုအနေနဲ့ အားလုံးရဲ့ လက်ထဲကို ထည့်ပေးနိုင်ဖို့အတွက် တကယ်ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေ အသံတွေကို ရယူဖို့ အောက်က Career Counseling Survey Formကို ဖြေဆိုပေးကြဖို့လည်း တိုက်တွန်းလိုက်ပါရစေ။

Survey Form Link:🔗 https://forms.gle/DjAf7sJC8mabGcoN8

အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရွေးချယ်ခြင်းဆိုတာ ဘဝတစ်သက်တာအပေါ် သက်ရောက်မှုရှိတဲ့ ကြီးမားသောဆုံးဖြတ်ချက်တစ်ခု ဖြစ်တာကြောင့် Career Counseling ကို လူတိုင်း တစ်သက်မှာ တစ်ကြိမ်တော့ ရယူအသုံးပြုပြီး ကိုယ်နဲ့သင့်တော်တဲ့ Career တစ်ခု ရွေးချယ်ရာမှာ အသုံးချသင့်ပါတယ်။

စိတ္တရဲ့ Career Counseling မှာ ဘာတွေပါဝင်ပြီး ဘယ်လိုမျိုးကူညီပေးမှာလဲ?
၁။ ကိုယ်ပိုင်အားသာချက်များနှင့် ရှာဖွေသိရှိပြီး မိမိနှင့်သင့်တော်မယ့် အလုပ်အကိုင်လမ်းကြောင်းများကို ရှာဖွေစေခြင်း။
၂။ မိမိရဲ့ကျွမ်းကျင်မှုများကို စုစည်းပြီး လိုအပ်ချက်များကို ဖော်ထုတ်ပေးခြင်း။
၃။ စိတ်ဝင်စားရာ အားသန်ရာ အလုပ်အကိုင်ပေါ်အခြေခံပြီး Career Roadmap တည်ဆောက်ပေးခြင်း။
၄။ အသုံးဝင်ပြီး လက်တွေ့ကျသော အလုပ်အကိုင်ဆိုင်ရာ အကြံဉာဏ်များပေးခြင်း။
၅။ မိမိဖြစ်လိုသော အနာဂတ်ကို အတူတူ ကူညီပုံဖော်ပေးခြင်း။
၆။ အသက်မွေးဝမ်းကြောင်းအတွက် စနစ်တကျဆုံးဖြတ်နိုင်ရန် Framework ပံ့ပိုးခြင်း။
၇။ အလုပ်အကိုင်ပတ်သက်သော စိုးရိမ်ပူပန်မှုများ နှင့် စိတ်ဖိစီးမှုများကို ကိုင်တွယ်ကျော်လွှားနိုင်ရန်
ကူညီခြင်း။
၈။ မိသားစု၊ သူငယ်ချင်းကြားမှ ပေါင်းသင်းဆက်ဆံရေး အခက်အခဲများ၊ အဆင်မပြေမှုများကို ဖွင့်ဟဖော်ထုတ်နိုင်ရန် ဘေးကင်းလုံခြုံတဲ့နေရာတစ်ခု ဖန်တီးပေးပြီး စိတ်ဖိစီးမှုများကို လျော့ကျစေခြင်း။

✨ မိမိရဲ့ အနာဂတ်အတွက် အမှန်ကန်ဆုံးနှင့်အသင့်လျော်ဆုံးသော အလုပ်အကိုင်လမ်းကြောင်းကို တိကျသေချာစွာ ဆုံးဖြတ်ချင်တယ်ဆိုရင် စိတ္တရဲ့ Career Counselling က အားလုံးအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။

လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဌတစ်ခုဖြစ်တဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုအတွက် မှန်ကန်ပြီးအကျိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် တစ်သက်မှာ တစ်ခါတော့ ရယူသင့်တဲ့ Career Counselling ကို စိတ္တနှင့်အတူ ရယူဖို့ ကံစမ်းလိုက်ကြပါစို့။

📝 အခုပဲ Survey Form လေးကို ဖြည့်ပြီး Career Counseling 5 Session အခမဲ့ ရယူလိုက်ကြပါစို့။

#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

ခံစားချက်တွေဖွင့်ဟဖို့အတွက် အချိန်တစ်မိနစ်သာပေးလိုက်ပါ။ မိမိရဲ့စိတ်ကျန်းမာရေးကို အမြဲဂရုစိုက်ခြင်းက ခက်ခဲရှုပ်ထွေးတဲ့ ကိ...
25/11/2025

ခံစားချက်တွေဖွင့်ဟဖို့အတွက် အချိန်တစ်မိနစ်သာပေးလိုက်ပါ။ မိမိရဲ့စိတ်ကျန်းမာရေးကို အမြဲဂရုစိုက်ခြင်းက ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စတစ်ခုမဖြစ်သင့်ပါဘူးနော်။ စိတ္တနှင့် Counselling session များကို တစ်မိနစ်သာ အချိန်ပေးပြီး အခုပဲရယူလိုက်ပါ။ Booking တင်ဖို့အတွက် အခုပဲ စိတ္တ page messenger ကိုလာခဲ့လိုက်တော့နော်။ 🍀🤗

English Below:

Taking care of your mind shouldn’t be complicated. Book your counseling session in 60 seconds today — simply connect with us via Messenger or our chatbox to get started. 😉🤗

#စိတ်ကျန်းမာရေးအတွက်စိတ္တ #စိတ္တ

📣 နိုဝင်ဘာလအတွက် စိတ္တ ရဲ့ အမှိူက်ပုံးအစီအစဉ်လေး ပြန်လာပါပြီ‼️👊 Cittaရဲ့ “အမှိုက်ပုံး”ထဲ လတ်တလော တွေ့ကြုံခံစားနေရတဲ့ စိတ...
21/11/2025

📣 နိုဝင်ဘာလအတွက် စိတ္တ ရဲ့ အမှိူက်ပုံးအစီအစဉ်လေး ပြန်လာပါပြီ‼️

👊 Cittaရဲ့ “အမှိုက်ပုံး”ထဲ လတ်တလော တွေ့ကြုံခံစားနေရတဲ့ စိတ်ညစ်ညူးစရာ ခံစားချက်တွေ၊ အတွေးတွေကို အတူတူပစ်ကြရအောင်!

👉ကျွန်တော်တို့ရဲ့ စိတ်နဲ့ အတွေးတွေထဲမှာလည်း နေ့တဓူဝ စိတ်ညစ်ညူးစရာတွေ၊ မကောင်းတဲ့ သတင်းစကားတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စေပြီး စွန့်ပစ်ဖို့ လိုအပ်တဲ့အတွေးတွေ၊ သူများက ကိုယ့်အတွေးထဲကို လာထည့်သွားတဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို လက်ခံနေရတတ်ပါတယ်။

👆ဒီစိတ်ထဲ၊ အတွေးထဲ မှာရှိတဲ့ အမှိုက်တွေကိုရော ပုံမှန် ပစ်ကြရဲ့လား?

🙌 သင့်အနေနဲ့ စိတ်ထဲ အတွေးထဲမှာရှိနေပြီး စွန့်ပစ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေ၊ အတွေးတွေကို စွန့်ပစ်ချင်တယ် ဆိုရင်တော့ လာမယ့်အပတ် သောကြာနေ့၊ ည(၇) နာရီမှာ ပြုလုပ်မယ့် Citta ရဲ့ "အမှိုက်ပုံး" အစီအစဉ်လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။‼️

‼️ဒီအစီစဉ်ကတော့ ဝင်ကြေးအခမဲ့ ဖြစ်ပေမယ့်လည်း၊ ပါဝင်မယ့်သူများကတော့ စည်းကမ်းချက်တစ်ခုကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။

🙌 ဒါကတော့ "အမှိုက်တွေကို အိမ်ပြန်သယ်မသွားပါနဲ့"။ ဟုတ်ပါတယ်။ သင့်အမှိုက်ပဲဖြစ်ဖြစ်၊ အခြားပါဝင်ကြတဲ့သူတွေရဲ့ အမှိုက်ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ရဲ့ အမှိုက်ကိုမှ ဒီအစီစဉ်ကနေ ပြန်မသယ်သွားကြပါနဲ့နော်။‼️

✅ ဒီအစီစဉ်မှာတော့ ခံစားချက်တွေကို ရင်ဖွင့်လို့ရမယ်၊ အချင်းချင်းလည်း နားထောင်ပေးရင်း အားပေးလို့ရမယ်ဆိုတော့ အခုပဲ Register လုပ်လိုက်တော့နော်။ 👇
https://forms.gle/2n6RKZ1mZKQ9TU4v9

📅 28th, November, 2025 (Friday )
🕖 7PM





ဘဝမှာ အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Career လမ်းကြောင်းကို ရွေးချယ်ကြတဲ့အခါ ဘယ်လိုအချက်တွေကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိ...
21/11/2025

ဘဝမှာ အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Career လမ်းကြောင်းကို ရွေးချယ်ကြတဲ့အခါ ဘယ်လိုအချက်တွေကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြလဲ။ ⁉️

ကိုယ့်ရဲ့ ကျွမ်းကျင်ရာ စိတ်ဝင်စားရာတွေကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြလား။
မိဘအုပ်ထိန်းသူတွေဖြစ်စေချင်တဲ့ ဆန္ဒအတိုင်းလား။ ကိုယ့်ကိုပျော်ရွင်ပြီး သက်သောင့်သက်သာဖြစ်စေ မယ့်ရပ်ဝန်းမှာ နေနိုင်ဖို့ ဦးတည်ပြီး စဉ်းစားတာလား။ ဒါပေမယ့် ဆန္ဒ နှင့် ဘဝ ထပ်တူကျစေဖို့က အဲလောက်လွယ်ကူရိုးရှင်းနိုင်ပါ့မလား။ ⁉️

အခုတခေါက်မှာတော့ Career ရွေးချယ်ရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတွေအများကြီးထဲကမှ တချို့ကို ကောက်နုတ်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ 🙋‍♀️🤨

(၁) မိမိနှစ်သက်တဲ့ Career မျိုး မဟုတ်ဘဲ မိဘ၊ ပတ်ဝန်းကျင်မှ တွန်းအားများအပေါ် အခြေခံပြီး Career လမ်းကြောင်းအားရွေးချယ်ခြင်း။
(၂) မိမိနေထိုင်လိုသော Lifestyle ၊ မိမိရဲ့ အားနည်းချက်အားသာချက်များကို သွေဖယ်ပြီးဝင်ငွေ၊ လစာအပေါ်မူတည်ပြီး Career ရွေးချယ်ခြင်း။
(၃) မိမိနှစ်သက်မြတ်နိုးသော အလုပ်အကိုင်အတွက် မိမိသည်အရည်အချင်းပြည့်ဝမှုမရှိဟု ယုံကြည်ကာလက်မှိုင်ချခြင်း။
(၄) မိမိနှင့် လိုက်ဖက်သင့်တော်သော Career တစ်ခုတည်းရှိသည်ဟု ယုံကြည်မိပြီး တခြား Career လမ်းကြောင်းများအား ရှာဖွေ စမ်းသပ် လေ့လာခြင်းမပြုတော့ခြင်း။

လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုအတွက် မှန်ကန်ပြီးအကျိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် တစ်သက်မှာ တစ်ခါတော့ မဖြစ်မနေရယူသင့်တဲ့ Career Counseling ကို စိတ္တကနေ မိတ်ဆက်ပေးလိုက်ပါပြီ။ ရှေ့ဆက်ပြီးတော့လည်း ဘယ်လိုစိတ်လှုပ်ရှားစရာ အစီစဉ်တွေကို စိတ္တကနေ ထပ်မံတင်ဆက်ပေးအုံးမလဲဆိုတာ စောင့်ကြည့်ပေးကြပါအုံးနော်။ 💕✨
#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

အားလုံးပဲ မင်္ဂလာပါ။စိတ္တကနေ အခုတခေါက်မှာတော့ ခက်ခဲပင်ပန်းရတဲ့နေ့တွေ၊ စိတ်တွေအဆင်မပြေတဲ့အချိန်တွေမှာ စိတ်ခံစားချက်တွေ ပိ...
19/11/2025

အားလုံးပဲ မင်္ဂလာပါ။
စိတ္တကနေ အခုတခေါက်မှာတော့ ခက်ခဲပင်ပန်းရတဲ့နေ့တွေ၊ စိတ်တွေအဆင်မပြေတဲ့အချိန်တွေမှာ စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်ပြီး သက်သောင့်သက်သာဖြစ်အောင် ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုအရာတွေ ပြုလုပ်လေ့ရှိလဲဆိုတဲ့“ What is in your mental health toolkit” ဆိုတဲ့အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကျွန်မရဲ့ “Mental Health Toolkit” လေးထဲမှာ ပါဝင်တာကတော့ “ ကိုယ့်ရဲ့ အကြိုက်ဆုံးသီချင်းနှစ်ပုဒ်ကို ဆက်တိုက်နားထောင်တာ၊ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူတာ၊ ခနတစ်ဖြုတ်အိပ်စက်အနားယူတာ “ တွေပဲ ဖြစ်ပါတယ်။
သင့်ရဲ့ စိတ်ပျော်ရွင်မှု “ Mental Health Toolkit” ထဲမှာရော ဘယ်လိုအရာတွေပါဝင်သလဲဆိုတာကို အားလုံးနဲ့အတူ မျှဝေပေးသွားပါအုံးနော်။

#စိတ်ကျန်းမာရေးအတွက်စိတ္တ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့က Asean Youth Organization မှ ကြီးမှူးပြီး ပြင်သစ်ယဉ်ကျေးမှုစင်တာ (The French Inst...
07/11/2025

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့က Asean Youth Organization မှ ကြီးမှူးပြီး ပြင်သစ်ယဉ်ကျေးမှုစင်တာ (The French Institute) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Well-Being Festival: Gathering Youths Event မှာ စိတ္တကလည်း လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို အကျိုးပြုပြီး စိတ်တည်ငြိမ်အေးချမ်းမှုပေးနိုင်မယ့် Mindfulness Workshop နှင့်အတူ ပျော်ရွင်စရာလက်ဆောင်များရယူနိုင်မယ့် စိတ်ဝင်စားစရာ အစီအစဉ်တွေနဲ့ ပံ့ပိုးပါဝင်ဆင်နွဲခဲ့ပါတယ်။ စိတ်ဖိစီးမှုကင်းဝေးတဲ့ ရပ်ဝန်းလေးမှာ အချင်းချင်းချိတ်ဆက်ဖန်တီးမှုအသစ်တွေနဲ့ အတူတူ ခင်မင်မှုအသစ်တွေတိုးရင်း ပျော်ရွင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ်လို့‌ မျှော်လင့်လျက် အမှတ်တရပုံရိပ်လေးများကို ဝေမျှပေးလိုက်ရပါတယ်။

လရောင်‌ရဲ့ အေးချမ်းတည်ငြိမ်မှုစွမ်းအင်ကို အသုံးချပြီး Mindful Luna Artwork တွေ ဖန်တီးကြမယ်ဆိုရင် စိတ်ဝင်စားကြမလား? 🌕🎨🖌️“...
06/11/2025

လရောင်‌ရဲ့ အေးချမ်းတည်ငြိမ်မှုစွမ်းအင်ကို အသုံးချပြီး Mindful Luna Artwork တွေ ဖန်တီးကြမယ်ဆိုရင် စိတ်ဝင်စားကြမလား? 🌕🎨🖌️

“Mindful Luna Art” ဖန်တီးခြင်းဖြင့် ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုမိုသိရှိလာမယ့်အပြင် ထုတ်ဖော်ပြဖို ခက်ခဲတတ်တဲ့ ခံစားချက်တွေကို Artwork ပုံစံတစ်ခုအနေနဲ့ ပုံဖော်ရင်း မိမိအတွင်းစိတ်ရဲ့ အမှန်တရားကို ပြန်လည်ရှာဖွေ သိမြင်လာနိုင်မှာပဲ ဖြစ်ပါတယ်။❤️‍🩹
ဒါ့အပြင် ပစ္စုပ္ပန်ကာလရဲ့ အချိန်နဲ့ ပတ်ဝန်းကျင်မှာသာ စိတ်ကိုအာရုံပြုထားရမှာဖြစ်လို့ အတိတ်မှာကျန်ခဲ့တဲ့ အဆင်မပြေမှုတွေ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကို ခဏတာ မေ့ထားနိုင်မှာပဲဖြစ်ပါတယ်။ နောက်ပြီး Mindful Luna Art ဟာ အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး စိတ်ရဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်မှာဖြစ်လို့ အိပ်စက်မှုကို အားကောင်းစေပါသေးတယ်။ 💭
ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေဖို့ mindful Luna artworks တွေဖန်တီးရင်းကနေတဆင့် စိတ်ဖိစီးမှုတွေ လျှော့ချရင်း မိမိတို့ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုနားလည်သိရှိလာစေမှာပဲဖြစ်ပါတယ်။ ☘️

ဖန်တီးမှုတွေအတွက် ရော Emotional wellbeing အတွက်ပါ စိတ္တရဲ့ အတွေ့အကြုံရင့် Counselor ကနေ အကြံပေး လမ်းညွှန်ပေးသွားမှာဖြစ်လို့ အနုပညာအခြေခံရှိစရာမလို ၊ ပန်းချီဆွဲတတ်စရာ မလိုပါဘူးနော်။ ✌️

📍 နေရာ – စိတ္တမန္တလေးရုံး
📅 နေ့စွဲ – ၁၁ နိုဝင်ဘာ ၂၀၂၅
⌚ အချိန် _ မနက် ၁၀ နာရီမှ နေ့လည် ၁၁ နာရီခွဲအထိ
Registration Link: https://forms.gle/fTEZmL15rtuiJyG6A

စိတ္တကပြုလုပ်မယ့် ဒီ Event လေးကနေပြီးတော့ လပြည့်ညရဲ့ အေးချမ်းတည်ငြိမ်မှုကိုအခြေခံတဲ့ ဖန်တီးမှုတွေကနေတစ်ဆင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေရုံသာမက စိတ်နဲ့ ခန္ဓာ ပိုမိုချိတ်ဆက်မိကာ ငြိမ်သက်အေးချမ်းမှုတွေ ရရှိနိုင်ဖို့ ရည်ရွယ်တာမို့ ဆက်ဆက်လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ✨👋


Register လုပ်ရာမှ အခက်အခဲရှိပါက 📩 CITTA Consultancy - Psychological Services Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။
#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ

🪔မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးအန္တရာယ်အပ...
04/11/2025

🪔မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း စိတ္တမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🪔🌕

💙2025 November လအတွက် စိတ္တမှ ဝန်ဆောင်မှုများ ▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်မျာ...
01/11/2025

💙2025 November လအတွက် စိတ္တမှ ဝန်ဆောင်မှုများ

▫️စိတ္တရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်ပါ Link များမှတဆင့် ဝင်ရောက် လေ့လာနိုင်ပါတယ်ရှင်။🙏

✅▪️Free Services (အခမဲ့ ဝန်ဆောင်မှုများ) အကြောင်းသိလိုပါက
https://www.facebook.com/100064307727273/posts/725973456222905/?mibextid=cr9u03

✅▪️Mental Health Check Up Program အကြောင်းသိလိုပါက
https://www.facebook.com/304184276438700/posts/1638517226338725/?mibextid=cr9u03

✅▪️Career Counseling နှင့်ပတ်သတ်၍ သိလိုပါက https://www.facebook.com/304184276438700/posts/2017537881769989/?d=n

✅▪️Counselor Profile များ ကြည့်လိုပါက

https://www.facebook.com/share/p/19HETKbkZJ/?mibextid=oFDknk

✅▪️စိတ်နဲ့ခန္ဓာသဟဇာတာ ပရိုဂရမ် ( Integrative Mental Health )အကြောင်းသိလိုပါက
https://fb.watch/noNkNtZlci/?mibextid=cr9u03

✅▪️Khitthit Academy Learning Platform အကြောင်းသိရှိရန် -
https://www.facebook.com/khitthitacademy?mibextid=LQQJ4d

✅▪️Student Support Service program အကြောင်းသိလိုပါက -
https://www.facebook.com/100064307727273/posts/692329049587346/?mibextid=cr9u03

✅▪️Bridge to Future Program အကြောင်းသိရှိလိုပါက -

https://www.facebook.com/share/p/UkuegVQ8HENXdsYQ/?mibextid=WC7FNe

✅▪️Citta ရဲ့ Monthly newsletter များကို ဖတ်ရှုနိုင်ရန် website link -
https://cittaconsultancy.com/newsletter/

_________________________

စိတ္တသည် ၂၀၁၇ခုနစ်ကတည်းက ဖွဲစည်းတည်ဆောက်ထားသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးသော လူမှုစီးပွားတစ်ခုဖြစ်ပါသည်။ စိတ္တ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူတို၏ လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ကောင်းမွန်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ထိုသို့ အကောင်းဆုံးတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း စိတ္တအနေနှင့် ခွန်အားတစ်ခုအဖြစ် ဖြည့်တင်းပေးနိုင်ဖို ရည်ရွယ်ပါသည်။ စိတ်ပိုင်းဆိုင်ရာအကူအညီအထောက်အပံ့တို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို စိတ္တတွင် ရယူနိုင်ပြီဖြစ်ပါသည်။

စိတ္တရဲ့ ဝန်ဆောင်မှုအသေးစိတ်အကြောင်းအရာအချက်အလက်များကို အသေးစိတ်စုံစမ်းလိုပါက -

▪️Facebook messenger
▪️Email - info@cittaconsultancy.com
▪️Telegram: https://t.me/citta00




အောက်တိုဘာလအတွက် စိတ္တရဲ့ Newsletter လေး ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခေါက်မှာတော့ ယနေ့ခေတ်မှာ လူကြီးလူငယ်မရွေး တွေ့ကြုံနေရတ...
31/10/2025

အောက်တိုဘာလအတွက် စိတ္တရဲ့ Newsletter လေး ထွက်ရှိလို့လာပါပြီ။
ဒီတစ်ခေါက်မှာတော့ ယနေ့ခေတ်မှာ လူကြီးလူငယ်မရွေး တွေ့ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရာမှာ အင်မတန်မှ အရေးကြီးတဲ့ ခဏတာ ရပ်တန့် အနားယူခြင်း နှင့် အသစ်တစ်ဖန် ပြန်လည်ကြိုးစားခြင်း အကြာင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ ရှေ့မဆက်ချင်တော့လောက်အောင် စိတ်ပင်ပန်းစရာ အခိုက်အတန့်တွေ တွေ့ကြုံပြီး ပြိုလဲခဲ့ရင် ဘယ်လိုမျိိုး အားယူပြီး ရှေ့ဆက်လျှောက်ကြမလဲဆိုတာကို Doctor Slump စီးရီးထဲက ဇာတ်ဆောင်အမျိုးသမီးကို inspired ယူပြီး အတူတူဆက်လက်ဖတ်ရှုလိုက်ကြရအောင်နော်

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959960989551

Alerts

Be the first to know and let us send you an email when Citta Consultancy - Psychological Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Citta Consultancy - Psychological Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Citta Consultancy was founded in 2014 and company registration within Myanmar completed in September 2017. The purpose of Citta Consultancy is to shift paradigms for the heart/mind of individuals and organizations so that they can resolve and heal, transform, and grow to their fullest potential. We accomplish this through seminars and workshops, creativity and design thinking, cultural brokerage, consultation, and qualitative assessments, conducting training, research and consultation on human behavior and change processes, and design and implementation of wellness programs to transform and develop organizations’ and communities’ most valuable assets – the human and social capital. Our website is http://cittaconsultancy.com.

Applying Scaffolding Services, our consultation and training target resolution of human problems, transformation of systemic cultures, and growth of your creative potentials. Each consultation and workshop is tailored to your specific needs. We provide initial assessment and follow up evaluations to assure the gains are enduring. Click on the links below to learn more:


  • Resolution

  • Transformation