Heart & Vascular Centre -Victoria Hospital

Heart & Vascular Centre -Victoria Hospital နှလုံးနှင့်သွေးကြောရောဂါအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောဌာန

နှလုံးနှင့်သွေးကြောရောဂါများအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြော အထူးကုဌာန။
(၁) နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း(Angiogram)
(၂) ၂၄နာရီ အရေးပေါ် နှလုံးသွေးကြောချဲ့ကုသခြင်း(Angioplasty)
(၃) နှလုံးနှိုးဆွစက်(Pacemaker)တပ်ဆင်ခြင်း
(၄)မွေးရာပါနှလုံးအပေါက်ပါသောလူနာများအား မခွဲစိတ်ပဲ Device ထည့်၍ကုသခြင်း(ASD device closure)

မိဘပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အစဥ်အမြဲ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိသော ဝိတိုရိယဆေးရုံတွင် နှလုံးသွေ...
26/01/2026

မိဘပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အစဥ်အမြဲ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိသော ဝိတိုရိယဆေးရုံတွင် နှလုံးသွေးကြောဓာတ်မှန်ရိုက်ကူး စစ်ဆေးမှုခံယူခဲ့သော အန်တီ ဒေါ်လှမြင့်မှ ဆေးရုံ၏ဝန်ဆောင်မှုများ၊ ကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုများနှင့် ပတ်သက်၍ ပြောကြားချက်များကို ဖော်ပြပေးလိုက်ရပါသည်။

" အရင်ကတည်းက ဆီးချိုရောဂါအခံရှိလို့ ဆီးချိုဆေးတွေကို အမြဲသောက်နေရပါတယ်။ အခုဖြစ်ပေါ်တဲ့ နှလုံးရောဂါကလည်း ဆီးချိုကနေတစ်ဆင့် ကူးသွားတဲ့သဘောရှိတယ်။ နှလုံးရောဂါလက္ခဏာစပြပုံကတော့ ရင်ဘတ်နဲ့ကျောနဲ့ ညှပ်ပြီးအောင့်တာပါ။ ရောဂါလက္ခဏာအရ နှလုံးနဲ့သက်ဆိုင်လိမ့်မယ်လို့ယူဆပြီး နှလုံးအထူးကုဆရာဝန်ကြီးနဲ့ပြသကြည့်ပါတယ်။ Medical Checkup လုပ်ရာမှာလည်း နှလုံးလက္ခဏာဖြစ်တာကြောင့် ကုသဖို့ရန်အတွက် ဆရာဝန်ကြီးကပဲ ဝိတိုရိယ နှလုံးနှင့်သွေးကြောစင်တာကိုခေါ်လာပေးတာ။ သွေးကြောဓာတ်မှန်ရိုက်ကြည့်တော့ ပင်မသွေးကြောကြီးကသိမ်ပြီး အနည်းငယ်အဆီဖုံးတာနဲ့ သွေးကြောလက်တက်မှာ အနည်းငယ်သွေးကြောပိတ်တာမျိုးလောက်ပဲရှိတာကြောင့် ထိုးဆေး၊ သောက်ဆေးလောက်နဲ့ပဲအဆင်ပြေသွားပါတယ်။ ပိတ်နေတဲ့သွေးကြောလေးကိုတော့ ဆေးနဲ့ပဲတဖြည်းဖြည်းဖျော်ချသွားရမှာပါ။ ဆေးကုသမှုခံယူရာမှာ အစစအရာရာအဆင်ပြေခဲ့သလို ဝန်ဆောင်မှုအားလုံးကလည်း ပြည့်စုံကောင်းမွန်ပါတယ်။ ဝိတိုရိယဆေးရုံမှာက ကျန်းမာရေးစောင့်ရှောက်မှုကောင်းပြီး ကုသရေးပစ္စည်းတွေလည်းအစုံအလင်ရှိတာကြောင့် ရွေးချယ်ကုသသင့်ပါတယ်။ လိုအပ်ချက်ရယ်လို့ မရှိပါဘူး။"

အကောင်းဆုံးသောကျန်းမာရေးဝန်ဆောင်မှုများနဲ့အတူ ခေတ်မီစက်ကိရိယာများဖြင့် နိုင်ငံတကာအဆင့်မီ ဝိတိုရိယဆေးရုံမှ မိဘပြည်သူများရဲ့ ကျန်းမာရေး အတွက် စိတ်ရောကိုယ်ပါဖိဖိစီးစီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် လာရောက်စစ်ဆေးကုသမှုခံယူခဲ့သည့် အန်တီ ဒေါ်လှမြင့် ကိုလည်း မိသားစုနှင့်အတူ နှစ်ပေါင်းများစွာပျော်ရွှင်သောဘဝများပိုင်ဆိုင်နိုင်ရပါစေလို့ နိုင်ငံတကာအဆင့်မီဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(HVC) မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞

#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

နေ့စဥ်သောက်သုံးနေကြတဲ့  အချိုရည်တွေက  သကြားဓာတ်ပမာဏ မြင့်မားစွာပါဝင်နေတာကြောင့် လန်းဆန်းမှုကို ပေးစွမ်းနိုင်သော်လည်း ရေရ...
24/01/2026

နေ့စဥ်သောက်သုံးနေကြတဲ့ အချိုရည်တွေက သကြားဓာတ်ပမာဏ မြင့်မားစွာပါဝင်နေတာကြောင့် လန်းဆန်းမှုကို ပေးစွမ်းနိုင်သော်လည်း ရေရှည်တွင် နှလုံးကျန်းမာရေး ကို သိသာစွာ ထိခိုက်စေနိုင်ပြီး နှလုံးသွေးကြော ဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။
အချိုရည်တွေမှာပါဝင်တဲ့ ပြုပြင်ထားသော သကြားဓာတ်များက ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိသောအခါ အားအင်အဖြစ် ပြောင်းလဲအသုံးမပြုနိုင်ပါက အဆီအဖြစ်သို့ ပြောင်းလဲကာ ခန္ဓာကိုယ်‌နေရာအနှံ့အပြားတွင် စုပုံလာနိုင်ပါတယ်။ အထူးသဖြင့် အသည်းတွင် အဆီများ စုပုံလာစေနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။

🥤 အချိုရည်သောက်သုံးမှု များလာမယ်ဆိုရင် သွေးတွင်းသကြားဓာတ်များလာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို နှစ်ဆမှ လေးဆအထိ မြင့်တက်စေနိုင်သော အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။



🥤 အချိုရည်များသည် ခန္ဓာကိုယ်တွင်းရှိ ရောင်ရမ်းမှု ဖြစ်စဉ်ကိုလည်း အားပေးနိုင်ပါတယ်။ နာတာရှည် ရောင်ရမ်းမှုသည် သွေးကြောနံရံများကို ပျက်စီးစေပြီး သွေးကြောနံရံတွင် အဆီများ စုပုံခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။

🥤 ထို့ပြင် အချိုရည်များတွင် ကယ်လိုရီပါဝင်မှု မြင့်မားသော်လည်း အာဟာရဓာတ် ပါဝင်မှု နည်းပါးသောကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။ အဝလွန်ခြင်းသည် သွေးတိုးခြင်း၊ သွေးတွင်း ကိုလက်စထရော မညီမျှခြင်းနှင့် ဆီးချိုရောဂါတို့၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး ယင်းအချက်များသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို တိုက်ရိုက် မြင့်တက်စေပါတယ်။

ဒါကြောင့်မို့လို့ ကျန်းမာသန်စွမ်းတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အချိုရည်သောက်သုံးမှုကို လျှော့ချပြီး အချိုရည်များအစား ရေသန့် (သို့မဟုတ်) သဘာဝသစ်သီးစစ်စစ် ကို ပြောင်းလဲသောက်သုံးသည့် အလ့အကျင့်လေးကို ပြောင်းလဲပြင်ဆင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

#𝐇𝐕𝐂



❤️

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ အနားယူနေစဉ်အတွင်း နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ အတွင်း ရှိရပါမယ်။ အကယ်၍ ...
21/01/2026

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ အနားယူနေစဉ်အတွင်း နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ အတွင်း ရှိရပါမယ်။ အကယ်၍ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၆၀ အောက် လျော့နည်းနေမယ်ဆိုရင် ဒါကို နှလုံးခုန်နှေးခြင်း (Bradycardia) လို့ ခေါ်ဆိုပါတယ်။

အိပ်ပျော်နေတဲ့အချိန်မှာ နှလုံးခုန်နှေးတာဟာ ပုံမှန်ဖြစ်နိုင်ပေမယ့် သာမန်အချိန်တွေမှာ အကြောင်းရင်းမရှိဘဲ နှလုံးခုန်နှုန်း နှေးနေခြင်းဟာ ကျန်းမာရေးအတွက် သတိပြုစရာတစ်ခုပဲဖြစ်ပါတယ်။နှလုံးခုန်နှုန်း နှေးကွေးတဲ့အခါ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေ လုံလောက်စွာ မရောက်ရှိတော့တာကြောင့် အောက်ပါတို့ကို ခံစားရနိုင်ပါတယ် -

💞မူးဝေခြင်း

💞မောပန်းခြင်း၊ အားနည်းခြင်း

💞ရင်ဘတ်အောင့်ခြင်း (သို့မဟုတ်) ရင်တုန်ခြင်း။

💞သတိလစ်ခြင်း (သို့မဟုတ်) သတိလစ်ချင်သလို ဖြစ်ခြင်း။

💞မှတ်ဉာဏ်ဝေဝါးခြင်း (သို့မဟုတ်) အာရုံစူးစိုက်မှု အားနည်းခြင်း။

နှလုံးခုန်နှေးခြင်းကို ဖြစ်စေတဲ့ အချက်တွေကတော့ -

💠အသက်အရွယ်ကြောင့် နှလုံးကြွက်သားနှင့် လျှပ်စစ်စီးဆင်းမှုစနစ် ပျက်စီးခြင်း

💠နှလုံးသွေးကြောပိတ်ရောဂါ သို့မဟုတ် နှလုံးရောဂါအခံရှိခြင်း

💠သိုင်းရွိုက်ဟော်မုန်းနည်းသည့်ရောဂါ (Hypothyroidism)

💠သွေးတိုးကျဆေး သို့မဟုတ် နှလုံးဆေးအချို့၏ ဘေးထွက်ဆိုးကျိုးများ

💠သွေးတွင်း ဓာတ်ဆားဓာတ် (Electrolytes) မမျှတခြင်း

နှလုံးကျန်မာရေးကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်ခြင်းနှင့် ဆေးလိပ်၊အရက်ကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်းစတဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ပြီး သွေးတိုးနှင့် ဆီးချိုရောဂါရှိပါက စနစ်တကျကုသမှု ခံယူသင့်ပါတယ်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

#𝐇𝐕𝐂

#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

19/01/2026

🌟တစ်လလျှင်တစ်ကြိမ်သာရရှိနိုင်သော သွေးကြောဆိုင်ရာရောဂါအမျိုးမျိုးကို အိန္ဒိယနိုင်ငံမှ 👨🏼‍⚕️𝐃𝐫. 𝐒𝐚𝐢 𝐊𝐚𝐧𝐭𝐡 𝐃𝐞𝐞𝐩𝐚𝐥𝐚𝐦 ဖြင့်ပြသနိုင်သော အခွင့်အရေးကြီးပြန်လည်‌ရောက်ရှိလို့လာပါပြီ .. 📣

ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောဆိုင်ရာရောဂါအမျိုးမျိုးကို ခွဲစိတ်စရာမလိုတဲ့ နည်းပညာဖြင့် 𝐃𝐫. 𝐒𝐚𝐢 𝐊𝐚𝐧𝐭𝐡 𝐃𝐞𝐞𝐩𝐚𝐥𝐚𝐦 က ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ (HVC) တွင် (𝟐𝟑.𝟏.𝟐𝟎𝟐𝟔) ရက်နေ့နှင့် (𝟐𝟒.𝟏.𝟐𝟎𝟐𝟔)ရက်နေ့များ၌ လာရောက်ကုသပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုက်ပါတယ်။

ပြသနိုင်မည့် ရောဂါများမှာ -
💝 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများကို ကုသခြင်း
💝 ကင်ဆာရောဂါကြောင့် ဖြစ်သော သွေးကြောဆိုင်ရာရောဂါများကို ကုသခြင်း
💝 ကျောက်ကပ်ရှိသွေးကြောဆိုင်ရာ‌ရောဂါများကို ကာကွယ်ကုသခြင်း
💝 သားဖွားမီးယပ်ဆိုင်ရာ သွေးကြောရောဂါများကို ကုသခြင်း
💝ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ သွေးကြောရောဂါ အမျိုးမျိုးကို ကုသခြင်း
💝 အသည်းရှိ သွေးကြောရောဂါများကိုကုသခြင်း
💝 အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာသွေးကြောရောဂါများကို ကုသခြင်း
💝 သွေးလွှတ်ကြောမကြီးတွင် ဖြစ်တတ်သော ရောဂါများကို ကုသခြင်း
💝 သွေးခဲကြောင့် အဆုတ်သွေးကြောပိတ်ခြင်းကို ကုသခြင်း
💝 သိုင်းရွိုက်အကျိတ်ကို ခွဲစိတ်စရာမလိုပဲကုသပေးခြင်း
💝အဆုတ်သွေးလွှတ်ကြောနှင့် သွေးပြန်ကြောရှိ မူမမှန်သောဆက်သွယ်မှုများအား ပိတ်ဆို့ကုသခြင်း
💝အဆုတ်လေပြွန်ရှိ သွေးလွှတ်ကြော သွေးယိုခြင်းအား သွေးကြောပိတ်ကုသခြင်း
စတာတွတွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခွင့်အရေးကိုလက်လွှတ်မခံဘဲ ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ (HVC)သို့ ကြိုတင်စာရင်ပေးသွင်းနိုင်ပါကြောင်း သတင်းစကားပါးအပ်လိုက်ပါရစေ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။



📌  ခြေထောက်သွေးကြောထုံးရောဂါဖြစ်လာပြီဆိုပါက နာကျင်မှုမရှိ ခွဲစိတ်စရာမလိုဘဲ 𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 ကုသ နည်းလမ်းနှင့်𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐚𝐥...
17/01/2026

📌 ခြေထောက်သွေးကြောထုံးရောဂါဖြစ်လာပြီဆိုပါက နာကျင်မှုမရှိ ခွဲစိတ်စရာမလိုဘဲ 𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 ကုသ နည်းလမ်းနှင့်𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐚𝐥𝐚𝐭𝐢𝐨𝐧(𝐑𝐅𝐀) နည်းလမ်းများဖြင့်ကုသမှုခံယူနိုင်ပြီး ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ တွင် 👨🏽‍⚕️အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြော အထူးကုပြည်ပဆရာဝန်ကြီး 𝐃𝐫.𝐂.𝐑𝐚𝐠𝐡𝐮 ဖြင့် ကုသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

💠 ခွဲစိတ်စရာမလို ခါးဆစ်ရိုးထုံဆေး/မေ့ဆေးမလို
(𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭)

ပျက်စီးနေသော 𝐯𝐞𝐢𝐧𝐬 များအား 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐠𝐥𝐮𝐞 သုံး၍ အပြင်ဘက်မှဖိခြင်းဖြင့် ကုသသောနည်းလမ်းဖြစ်ပါသည်။ သွေးကြောများကိုပိတ်ရန်အတွက် အထူးထုတ်လုပ်ထားသော 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐠𝐥𝐮𝐞 အား ပျက်စီးနေသောသွေးပြန်ကြောအတွင်းသို့ထည့်ပြီး ပိတ်လိုက်ခြင်းဖြင့် ကျန်းမာသောသွေးကြောများအတွင်းသို့ သွေးပြန်လည်စီးဆင်းစေရန်ကုသသောနည်းလမ်းမျိုးဖြစ်ပါသည်။

💠 မခွဲစိတ်ဘဲ 𝐑𝐅𝐀 နည်းဖြင့်ကုသခြင်း
𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐄𝐧𝐞𝐫𝐠𝐲 ကိုအသုံးပြုပြီး ပျက်စီးနေသောသွေးကြောများအား အပူပေး၍ သွေးကြောနံရံများကို ဖျက်စီးပြီး ကုသသောနည်းလမ်းဖြစ်ပါသည်။ ထိုနည်းဖြင့် ခြေထောက်မှသွေး ကြောထုံးများကို ပိတ်ပေးပြီး ကောင်းသောသွေးကြောများ သို့ သွေးများပြန်လည် စီးဆင်းစေခြင်းဖြင့် ကုသသောနည်းလမ်းမျိုးဖြစ်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

#𝐇𝐕𝐂

💠 သွေးကြောထုံးခြင်း ရောဂါဟာ ခန္ဓာကိုယ် ရဲ့ ခြေထောက်နေရာတွေမှာ အဖြစ်များပြီး သွေးကြောလေးများ ကောက်ကွေး၍ ပေါ်ထွက်နေတတ်သော ...
17/01/2026

💠 သွေးကြောထုံးခြင်း ရောဂါဟာ ခန္ဓာကိုယ် ရဲ့ ခြေထောက်နေရာတွေမှာ အဖြစ်များပြီး သွေးကြောလေးများ ကောက်ကွေး၍ ပေါ်ထွက်နေတတ်သော ရောဂါဖြစ်ပါတယ်။

💠 သွေးကြောထုံးရောဂါဖြစ်ကြောင်းကို ဘယ်လိုသိရှိနိုင်မလဲ ?

🔸 အရေပြားရောင်ခြင်း၊ ယားယံခြင်း
🔸 ခြေထောက်များတင်းသည်ဟု ခံစားရခြင်း
🔸 ဖောရောင်လာခြင်း
🔸 သွေးကြောများ မာလာခြင်း
🔸 သွေးကြောများ အပြာရောင်သန်းခြင်း
🔸 ခြေထောက်များ လေးလံကိုက်ခဲခြင်
🔸 ခြေထောက်များ ရောင်ရမ်းခြင်း
🔸 ခြေထာက်များထုံကျင်ခြင်း အစရှိသောရောဂါလက္ခဏာများကိုကြည့်၍ သိနိုင်ပါတယ်။

📌 ထိုကဲ့သို့ခြေထောက်သွေးကြောထုံးရောဂါဖြစ်လာပြီဆိုပါက နာကျင်မှုမရှိ ခွဲစိတ်စရာမလိုဘဲ 𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 ကုသ နည်းလမ်းနှင့်𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐚𝐥𝐚𝐭𝐢𝐨𝐧(𝐑𝐅𝐀) နည်းလမ်းများဖြင့်ကုသမှုခံယူနိုင်ပြီး ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ တွင် အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြော အထူးကုပြည်ပဆရာဝန်ကြီး 𝐃𝐫.𝐂.𝐑𝐚𝐠𝐡𝐮 ဖြင့်ကုသနိုင်ပါကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ် ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

#𝐇𝐕𝐂

#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

15/01/2026

Carotid Cavernous Fistula (CCF) ရောဂါကို ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (HVC) တွင် ပထမဦးဆုံး ကုသအောင်မြင်ခဲ့သည့် မရွှန်းသော်တာအောင် ၏ ကိုယ်တိုင်တွေ့ကြုံခဲ့သော အတွေ့အကြုံများကို ဝေမျှခဲ့သည့် Video လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သွေးကြောရောဂါအမျိုးမျိုးကိုအမြန်ဆုံးကုသနိုင်ရန် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (HVC) ၌ ပြည်တွင်းပြည်ပအတွေ့အကြုံရှိ ဝါရင့်အထူးကုဆရာဝန်ကြီးများနှင့်တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူနိုင်မည့်အပြင် ခွဲစိတ်စရာမလိုသည့် နည်းပညာဖြင့် Dr. Sai ကိုယ်တိုင် တစ်လလျှင်တစ်ကြိမ် လာရောက်ကုသပေးမှာ ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

12/01/2026

🌟 အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း(၂၅)နှစ်ကျော်အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီးနှင့်ပြသနိုင်မည့်အခွင့်အရေး ❗❗❗

အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်
📆 2026 January 14,15,16 ရက်တို့တွင် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) ၌
လာရောက်ကုသနိုင်မည်ဖြစ်ပါကြောင်းအသိပေးသတင်းစကားပါးအပ်ပါသည်။
အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်ပြသနိုင်မည့် နှလုံးရောဂါဆိုင်ရာအထွေထွေရောဂါများတွင် -
🚨 နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း ( 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦)
🚨 သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း (𝐕𝐞𝐧𝐨𝐮𝐬 𝐓𝐡𝐫𝐨𝐦𝐛𝐨𝐥𝐲𝐬𝐢𝐬)
🚨 နှလုံးအဆို့ရှင်ကျဉ်းခြင်းကို မခွဲစိတ်ဘဲ အဆို့ရှင်ချဲ့ကုသခြင်း (𝐏𝐞𝐫𝐜𝐮𝐭𝐚𝐧𝐞𝐨𝐮𝐬 𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐌𝐢𝐭𝐫𝐚𝐥 𝐕𝐚𝐥𝐯𝐮𝐥𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 လက်နဲ့ခြေထောက်သွေးကြောချဲ့ကုသခြင်း (𝐏𝐞𝐫𝐢𝐩𝐡𝐞𝐫𝐚𝐥 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 မွေးရာပါ နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်စရာမလိုဘဲ (𝐃𝐞𝐯𝐢𝐜𝐞) ဖြင့် ကုသခြင်း
🚨 ခြေထောက်သွေးကြောထုံးခြင်းကို မခွဲစိတ်ဘဲ ( 𝐑𝐅𝐀/𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 )နည်းဖြင့် ကုသခြင်း
🚨 နှလုံးသွေးကြောနှစ်နေရာနှင့်အထက်ကျဉ်းခြင်းပိတ်ခြင်းကို မခွဲစိတ်ဘဲ (𝐒𝐭𝐞𝐧𝐭) ထည့်၍ ကုသခြင်း (𝐂𝐨𝐦𝐩𝐥𝐞𝐱 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာတွင် အနာကျက်နှုန်းမြန်အောင် သွေးလွှတ်ကြောချဲ့ပေးခြင်း (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐅𝐨𝐨𝐭 𝐔𝐥𝐜𝐞𝐫 𝐑𝐞𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧)
အကောင်းဆုံးသောနှလုံးကျန်းမာရေးဝန်ဆောင်မှုများနှင့်အတူ ကျန်းမာပျော်ရွှင်သောမိသားစုဘဝများကိုပိုင်ဆိုင်ကြစေဖို့ ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) တွင်လာရောက်ကုသနိုင်ကြောင်းမိဘပြည်သူများထံသို့ သတင်းစကားပါးအပ်ပါသည်။
📌 ကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်စေဖို့ နှလုံးနှင့်သွေးကြောကျန်းမာရေးကို မမေ့မလျော့ဘဲ စစ်ဆေးထိန်းသိမ်းရင်းကျန်းမာရေးအသိပညာများကိုလည်း အချိန်နှင့်တပြေးညီ လေ့လာကြပါစို့။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။




အရက်သောက်ခြင်းနှင့် နှလုံးကျန်းမာရေးအန္တရာယ်အရက်‌သောက်ခြင်းသည် လူမှုရေးအရ ပျော်ရွှင်မှုနှင့် အပန်းဖြေမှုများကို ပေးစွမ်း...
09/01/2026

အရက်သောက်ခြင်းနှင့် နှလုံးကျန်းမာရေးအန္တရာယ်အရက်‌သောက်ခြင်းသည် လူမှုရေးအရ ပျော်ရွှင်မှုနှင့် အပန်းဖြေမှုများကို ပေးစွမ်းနိုင်သော်လည်း အလွန်အကျွံ သောက်သုံးခြင်းက သင့်၏ နှလုံးအပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်း‌တော်တော်များများအပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပါသည်။ နှစ်ရှည်လများ အရက်ကို ပမာဏများများ သောက်သုံးသူများတွင် နှလုံးနှင့်ဆက်စပ်သော ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ခြေ အလွန်များပါသည်။ ထိုပြဿနာများမှာ...
✅ နှလုံးသွေးကြောကျဉ်းပြီး သွေးတိုးစေနိုင်ပါသည်။
✅ နှလုံး၏ လျှပ်စစ်စနစ်ကို ထိခိုက်‌‌စေနိုင်ပြီး နှလုံးခုန်နှုန်း မူမမှန်မှုများ ဖြစ်စေနိုင်ပါသည်။
✅ နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းကို လျော့နည်းစေပြီး နှလုံးအလုပ်မလုပ်ခြင်းအထိ ဖြစ်လာနိုင်ပါသည်။
✅ သွေးထဲတွင် အဆီပမာဏများလာ၍ သွေးကြောများကျဉ်းစေနိုင်ပါသည်။
✅ ကယ်လိုရီများခြင်းကြောင့် ကိုယ်အလေးချိန်တိုး၍ နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုများစေပါသည်။ထို့ကြောင့် အရက်သည် နှလုံးကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အရာတစ်ခုဖြစ်သောကြောင့် အရက်အလွန်အကျွံသောက်ခြင်း၏ ဆိုးကျိုးများကို သိရှိပြီး ထိန်းချုပ်ခြင်း (သို့မဟုတ်) လုံးဝရပ်တန့်ခြင်းဖြင့် နှလုံးကျန်းမာ‌ရေးကို ကာကွယ်သင့်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐇𝐕𝐂

မိဘပြည်သူများ၏နှလုံးကျန်းမာရေးစောင့်ရှောက်မှုများအတွက်အစဥ်အမြဲ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိသော ဝိတိုရိယဆေးရုံနှလုံးနှင...
09/01/2026

မိဘပြည်သူများ၏နှလုံးကျန်းမာရေးစောင့်ရှောက်မှုများအတွက်အစဥ်အမြဲ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိသော ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(HVC) တွင် အသက်အန္တရာယ်စိုးရိမ်ရသည့်အ‌ခြေအနေမှ အရေးပေါ်နှလုံး‌သွေးကြောချဲ့ကုသမှု‌ အောင်မြင်ခဲ့သည့် ဦးတင်၏ မှတ်ချက်ပေးမှုများကို မိဘပြည်သူများထံမျှဝေပေးလိုက်ရပါသည်။

ဦးတင်

"ရောဂါလက္ခဏာစတင်ခဲ့ပုံကတော့ရင်ခေါင်းထဲမှာအောင့်လာတာပါ။ ညဘက်အိပ်ရင်လည်းလက်ချောင်းတွေကပ်နေတတ်တယ်။ ဒီလက္ခဏာတွေပြနေတာကတော့(၂) နှစ်လောက်ရှိပါပြီ။ဒါပေမယ့် နှလုံးရောဂါလို့တော့မထင်မိဘူးပေါ့။ လယ်ယာအလုပ်ကလည်းနေပူ မိုးရွာ မရှောင် အကုန်လုပ်နေတာဆို လေအောင့်၊ လေချုပ်တယ်ထင်ပြီး ပုံမှန်အတိုင်းပဲနေခဲ့မိတာ။ ဒီကြားထဲမှာတော့ ရင်ခေါင်းအောင့်လိုက်ပျောက်လိုက်နဲ့ပဲ ပုံမှန်အလုပ်တွေကို ဆက်လုပ်နေခဲ့လိုက်တာ။အဲ့လိုနေလာရင်းကနေ လက္ခဏာဆိုးဆိုးဝါးဝါး ဖြစ်မယ့်နေ့မှာ ဦးလေးကလယ်ထဲကိုမြေဆီသွားကြဲတာ။ မြေဆီကြဲရင်းနဲ့ ရင်ညွန့်တွေအောင့်ပြီးအရမ်းမောကြပ်လာတယ်။ အသက်ပုံမှန်ပြန်ရှူကြည့်ပြီး ဘယ်လိုမှမခံနိုင်တော့တဲ့အဆုံးဦးလေးတို့ ရွာဘက်မှာရှိတဲ့ဆေးခန်းမှာ သွားပြတော့ သွေးကြော ၂ ချောင်းပိတ်နေတယ်တဲ့။၁ ‌ချောင်းက လုံးဝပိတ်သွား ပြီးတော့ ကျန် ၁ ချောင်းကလည်းပိတ်လုနီးပါအခြေအနေဖြစ်နေပြီ။ မကုသဘဲနေမယ်ဆိုရင် အန္တရာယ်ရှိပြီးအသက်ရှင်ဖို့အခွင့်အရေးက ၅၀/၅၀ အနေအထားမှာပဲရှိတယ်၊ ကုသလိုက်မယ်ဆိုရင်တော့အခွင့်အရေးကကိုယ့်ဘက်ကသာသွားမှာဖြစ်တယ်။ ဒါကြောင့် ဝိတိုရိယဆေးရုံကိုမဖြစ်မနေသွားပါဆိုပြီး ဒီမှာရှိတဲ့ ဆရာဝန်ကြီးနဲ့ချိတ်ဆက်ပေးတာကြောင့်လာရောက်ကုသဖြစ်တာပါ။ လက်တွေ့စစ်ဆေးကြည့်ပြီးမှနှလုံးရောဂါဆိုတာသိလိုက်ရတာ။ နှလုံးသွေးကြောပိတ်တဲ့ရောဂါကိုလည်း အခုမှ နဖူးတွေ့ ဒူးတွေ့ကြုံဖူးလိုက်တာပါ။ ဝိတိုရိယဆေးရုံကိုရောက်တော့လည်းအရေးပေါ်ကုသမှုတွေချက်ချင်းဆောင်ရွက်ပေးတယ်။ သွေးကြော ၁ ချောင်းကို Stent ထည့်ကုသပြီးနောက်ထပ်တစ်ချောင်းကို Balloon နဲ့ချဲ့ပြီးကုသတာ(၁၅) မိနစ်လောက်ပဲကြာတယ်။ ကုသမှုခံယူပြီးကတည်းက ရင်ခေါင်းအောင့်တာ၊ လက်ချောင်းကပ်တာတွေလည်း မရှိတော့ဘဲ ပုံမှန်ပကတိအနေအထားဖြစ်နေပါပြီ။

ဆေးရုံရဲ့ဝန်ဆောင်မှု၊ ဆရာဝန်ကြီးရဲ့ကုသမှုကောင်းတွေနဲ့အတူ CCU မှာရှိတဲ့ကလေးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအားလုံးကလည်း ပြည့်စုံပါတယ်။ အစစအရာရာဂရုတစိုက်ရှိကြတာကြောင့်ဦးလေးကတောင် ပြန်ပြီးအားနာနေရတာပါ။

ဦးလေးအနေနဲ့လည်း လေထိုး လေအောင့်လောက်ပဲထင်ပြီးတော့ လေဆေးသောက်လိုက်၊အလုပ်ထွက်လုပ်လိုက်နဲ့ အမှတ်တမဲ့ နေလိုက်မိတာပေါ့။ အကြံပြုစကားအနေနဲ့ပြောရရင်လည်းကိုယ့်အသက်လောက် ဘယ်အရာမှတန်ဖိုးမရှိတာကြောင့် နှလုံးရောဂါလက္ခဏာဆိုတာကိုသိပြီဆိုတာနဲ့ ကျွမ်းကျင်တဲ့နှလုံးအထူးကုဆရာဝန်ကြီးတွေနဲ့ကြိုတင်ပြီးတော့ကုသသင့်တာပေါ့နော်" စသဖြင့် နှလုံးနှင့်သွေးကြောစင်တာ CCU တွင်တက်ရောက်ကုသမှုခံယူခဲ့သော မှတ်ချက်ပေးခဲ့မှုများကို မိဘပြည်သူများထံသို့မျှဝေပေးလိုက်ရပါသည်။

အကောင်းဆုံးသောကျန်းမာရေးဝန်ဆောင်မှုများနဲ့အတူ ခေတ်မီစက်ကိရိယာများဖြင့် နိုင်ငံတကာအဆင့်မီ ဝိတိုရိယဆေးရုံမှ မိဘပြည်သူများရဲ့ ကျန်းမာရေး အတွက် စိတ်ရောကိုယ်ပါဖိဖိစီးစီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် ကုသမှုခံယူခဲ့သည့် ဦးတင် ကိုလည်း မိသားစုနဲ့အတူ နှစ်ပေါင်းများစွာပျော်ရွှင်သောဘဝများပိုင်ဆိုင်နိုင်ရပါစေလို့ နိုင်ငံတကာအဆင့်မီဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(HVC) မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞

#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

🌟 အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း(၂၅)နှစ်ကျော်အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီးနှင့်ပြသနိုင်မည့်အခွင့်အရေး ...
05/01/2026

🌟 အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း(၂၅)နှစ်ကျော်အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီးနှင့်ပြသနိုင်မည့်အခွင့်အရေး ❗❗❗

အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်
📆 2026 January 14,15,16 ရက်တို့တွင် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) ၌
လာရောက်ကုသနိုင်မည်ဖြစ်ပါကြောင်းအသိပေးသတင်းစကားပါးအပ်ပါသည်။
အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်ပြသနိုင်မည့် နှလုံးရောဂါဆိုင်ရာအထွေထွေရောဂါများတွင် -
🚨 နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း ( 𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦)
🚨 သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း (𝐕𝐞𝐧𝐨𝐮𝐬 𝐓𝐡𝐫𝐨𝐦𝐛𝐨𝐥𝐲𝐬𝐢𝐬)
🚨 နှလုံးအဆို့ရှင်ကျဉ်းခြင်းကို မခွဲစိတ်ဘဲ အဆို့ရှင်ချဲ့ကုသခြင်း (𝐏𝐞𝐫𝐜𝐮𝐭𝐚𝐧𝐞𝐨𝐮𝐬 𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐌𝐢𝐭𝐫𝐚𝐥 𝐕𝐚𝐥𝐯𝐮𝐥𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 လက်နဲ့ခြေထောက်သွေးကြောချဲ့ကုသခြင်း (𝐏𝐞𝐫𝐢𝐩𝐡𝐞𝐫𝐚𝐥 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 မွေးရာပါ နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်စရာမလိုဘဲ (𝐃𝐞𝐯𝐢𝐜𝐞) ဖြင့် ကုသခြင်း
🚨 ခြေထောက်သွေးကြောထုံးခြင်းကို မခွဲစိတ်ဘဲ ( 𝐑𝐅𝐀/𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 )နည်းဖြင့် ကုသခြင်း
🚨 နှလုံးသွေးကြောနှစ်နေရာနှင့်အထက်ကျဉ်းခြင်းပိတ်ခြင်းကို မခွဲစိတ်ဘဲ (𝐒𝐭𝐞𝐧𝐭) ထည့်၍ ကုသခြင်း (𝐂𝐨𝐦𝐩𝐥𝐞𝐱 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
🚨 ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာတွင် အနာကျက်နှုန်းမြန်အောင် သွေးလွှတ်ကြောချဲ့ပေးခြင်း (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐅𝐨𝐨𝐭 𝐔𝐥𝐜𝐞𝐫 𝐑𝐞𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧)
အကောင်းဆုံးသောနှလုံးကျန်းမာရေးဝန်ဆောင်မှုများနှင့်အတူ ကျန်းမာပျော်ရွှင်သောမိသားစုဘဝများကိုပိုင်ဆိုင်ကြစေဖို့ ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) တွင်လာရောက်ကုသနိုင်ကြောင်းမိဘပြည်သူများထံသို့ သတင်းစကားပါးအပ်ပါသည်။
📌 ကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်စေဖို့ နှလုံးနှင့်သွေးကြောကျန်းမာရေးကို မမေ့မလျော့ဘဲ စစ်ဆေးထိန်းသိမ်းရင်းကျန်းမာရေးအသိပညာများကိုလည်း အချိန်နှင့်တပြေးညီ လေ့လာကြပါစို့။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။




❤️ အဝလွန်ခြင်းသည် ခန္ဓာကိုယ်အတွင်း မကောင်းသော အဆီဓာတ်(ကိုလက်စထရော) 𝐥𝐞𝐯𝐞𝐥ကို မြင့်တက်စေနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ...
04/01/2026

❤️ အဝလွန်ခြင်းသည် ခန္ဓာကိုယ်အတွင်း မကောင်းသော အဆီဓာတ်(ကိုလက်စထရော) 𝐥𝐞𝐯𝐞𝐥ကို မြင့်တက်စေနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။

ခန္ဓာဗေဒလိုအပ်ချက်အရ အဝလွန်သော သူများသည် သာမန်လူများထက် အောက်ဆီဂျင်နှင့် အာဟာရဓာတ်ကို ပို၍ လိုအပ်ပါသည်။ ထိုသို့လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ပိုမို ထောက်ပံ့ပေးရသောကြောင့် ပိုများသော သွေးပမာဏကို ခန္ဓာကိုယ်အတွင်း လည်ပတ် သွားလာနိုင်စေရန်အတွက် “𝐁𝐥𝐨𝐨𝐝 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞” အား မြှင့်တင်ပေးရန် လိုအပ်လာပါသည်။ ထိုကဲ့သို့ 𝐁𝐥𝐨𝐨𝐝 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞 မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးတိုးခြင်း၏ အကျိုးဆက်များ အနေဖြင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး နှလုံးရုတ်တရက်ဖောက်ပြန်ခြင်း (𝐇𝐞𝐚𝐫𝐭 𝐚𝐭𝐭𝐚𝐜𝐤) ကို ဖြစ်ပေါ်ခံစားရစေနိုင်ပါသည်။

⚠️ ထို့အပြင် အဝလွန်သူများသည် သာမန်သူများထက် ဆီးချိုရောဂါဖြစ်ပွါးနိုင်ခြေ ပိုများပြီး ဆီးချိုရောဂါဖြစ်ပွားခြင်းသည်လည်း နှလုံးရောဂါဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

ထို့ကြောင့် နေ့စဉ်လူနေမှုဘဝများတွင် နှလုံးကျန်းမာရေးကောင်းမွန်စွာဖြင့် ကျန်းမာပျော်ရွှင်ပြီး အဝလွန်ခြင်းမဖြစ်ရအောင်၊ မိမိတို့၏ ခန္ဓာကိုယ်အလေးချိန်အား ထိန်းသိမ်းနေထိုင်ခြင်းသည်လည်း အလွန်အရေးကြီး ပါသည်။

💓ဝိတိုရိယဆေးရုံ၊ နှလုံးနဲ့သွေးကြောစင်တာမှာ အကောင်းဆုံးသော နှလုံးကျန်းမာရေးဝန်ဆောင်မှုများ ကိုဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါလိုက်ပါရစေ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ

𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :

📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐇𝐕𝐂

Address

Mindhama Road
Yangon
11061

Alerts

Be the first to know and let us send you an email when Heart & Vascular Centre -Victoria Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Heart & Vascular Centre -Victoria Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

[Unicode font]

ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာသည် အမှတ်(၆၈) တော်ဝင်လမ်း (၉)မိုင် မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိပြီး နှလုံးနှင့်သွေးကြောရောဂါခံစားနေရသူများကို နိုင်ငံတကာအဆင့်မီ စက်ကိရိယာများဖြင့် ဝါရင့်ကျွမ်းကျင် နှလုံးအထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကုသမှုများပြုလုပ်ပေးနေသော အထူးကုစင်တာတစ်ခုဖြစ်ပါသည်။

ထို့အပြင် ယခင်က နိုင်ငံခြားသို့ သွားရောက်ကုသမှုခံယူရသော နှလုံးကျန်းမာရေးဝန်ဆောင်မှုများကို ကိုယ့်နိုင်ငံအတွင်းမှာ ကုန်ကျစရိတ်ပိုမိုသက်သာစွာဖြင့် ကုသမှုခံယူနိုင်ရန် အထူးအလေးထားဆောင်ရွက်လျက်ရှိသော အထူးကုစင်တာတစ်ခုလည်း ဖြစ်ပါသည်။

ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာတွင်