Myat Mon Yadanar Special Healthcare Clinic

Myat Mon Yadanar Special Healthcare Clinic ✅ISO 9001:2015✅
✨Approval by Department of Marine✅
✨DMA Approved Medical Center✅
✨Approval By PANAMA✅
✨Approval MALAYSIA MARINE ✅
✨Oversea Medical Checkup✅

02/12/2025

🍀မင်္ဂလာရှိတဲ့ ‌ဒီနေ့လေးမှာတော့ မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးရဲ့ 'Director မအိရွှေစင်'မှ မြတ်မွန်ရတနာဝန်ထမ်းမိသားစုများကို နှစ်သစ်အကြိုလက်ဆောင်များနှင့် ဆုမဲများဖောက်ပေးခြင်း ပျော်ရွှင်စရာအစီအစဉ်လေး ကိုပြုလုပ်ပေးခဲ့တဲ့ မှတ်တမ်းပုံရိပ်လေးများကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်...😍🥳
✨အားလုံးပဲပျော်ရွှင်စရာ Sweet December လေးဖြစ်ကြပါစေ❄️☃️
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


🦷သွားမှာ ကျောက်တွေတည်နေပြီလား…????😥✴️သွားကျောက်တည်တယ်ဆိုတာက စားလိုက်တဲ့အစာရဲ့ စားကြွင်းစားကျန်တွေ၊ တံတွေးမှာ ပါဝင်တဲ့ သတ...
28/11/2025

🦷သွားမှာ ကျောက်တွေတည်နေပြီလား…????😥

✴️သွားကျောက်တည်တယ်ဆိုတာက စားလိုက်တဲ့အစာရဲ့ စားကြွင်းစားကျန်တွေ၊ တံတွေးမှာ ပါဝင်တဲ့ သတ္တုဓါတ်တွေ အနည်ကျပြီး ဖြစ်လာတာပါ။ ၎င်းအနည်များက သွားတွေမှာကပ် တွယ်လာပြီး သွားဖုံးအောက်ကို တဖြည်းဖြည်းချင်းစားသွားပါတယ်။ ကပ်တွယ်နေတဲ့ ကျောက်များက သွားကို အပေါ်တစ်လွှာဖုံးထားသလို ဖြစ်နေပါတယ်။ ပွယောင်းယောင်း လေးဖြစ်နေတဲ့အတွက် စားသောက်လိုက်သမျှက အလွယ်တကူ စွန်းထင်းနိုင်ပါတယ်။ သွားကျောက်များသည် သွားကြားနဲ့ သွားအခြေမှာ ရှိနေတဲ့ အတွက် သွားနှင့်ခံတွင်း ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။
သွားကျောက်တည်ခြင်းကြောင့် ဘက်တီးရီးယားများ ပေါက်ပွားလာသည့်အတွက်
🚫 ခံတွင်းအနံ့ဆိုးခြင်း
🚫 အပေါ်ကြွေလွှာပျက်စီးပြီး သွားကျဉ်ခြင်း၊ သွားအပေါက်ဖြစ်ခြင်း၊ သွားကျိုးခြင်း တို့ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် သွားဖုံးရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။
🦷 သွားဖုံးရောင်ခြင်း
🦷 သွားဖုံးများရေစီးကမ်းပြိုခြင်း
🦷 သွားဖုံးများနီမြန်းပြီး ကြွတက်လာခြင်း
🦷 သွားတိုက်ရင် သွေးထွက်ခြင်း
🦷 သွားဖုံးများနာခြင်း စတာတွေဖြစ်လာပါတယ်။
ဒီအခြေအနေများထက် ပိုဆိုးလာပြီဆိုရင်တော့ သွားပတ်လည် အခြေကနေရောင်လာ ပြီး
💥 အစာဝါးရင်နာတာ
💥 သွားတွေကျွတ်ထွက်တာ
💥 သွားကြားမှာ ပြည်တည်တာတွေပါ ခံစားလာရပါတယ်။ အဆုတ်နှင့် နှလုံးကိုပါ ထိခိုက်နိုင်ပါတယ်။
ယခုလို သွားကျောက်တည်ခြင်း ဖြစ်လာပြီဆိုရင် ကျောက်များကို ခြစ်ထုတ်ဖယ်ရှား လိုက်တာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သွားအခြေအနေကို အမြဲ ဂရုစိုက်ပြီး သွားကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ အများစုကတော့ ၆ လတစ်ကြိမ် သွားကျောက်ခြစ်ခြင်းကို ပြုလုပ်လာကြပါတယ်။ ဘယ်လောက်ကြာ တစ်ခါ ခြစ်သင့်၊ မခြစ်သင့် ဆိုတာက ကိုယ့်ရဲ့ခံတွင်း ဘယ်လောက်သန့်ရှင်းမှုရှိနေလဲ ဆိုတာနဲ့ သွားဆရာဝန်ရဲ့ အကြံပြုချက်ပေါ်မူတည်ပါတယ်။ ✅
💁ဒါကြောင့် မိမိတို့ရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လိုရင်ပဲ ဖြစ်ဖြစ်၊ သွားကျောက်များခြစ်ဖို့ပဲ ဖြစ်ဖြစ် မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီး ရဲ့ သွားနှင့်ခံတွင်း ဆေးခန်းကြီးမှ အမြဲစောင့်ကြိုနေပါတယ်။ ကျွမ်းကျင်ဝါရင့် သွားနှင့် ခံတွင်း အထူးကု ဆရာဝန်ကြီးများကိုယ်တိုင် စနစ်တကျ အသေးစိတ်ဆွေးနွေးပေးပြီး အကောင်းမွန်ဆုံးကုသမှုများကို ပြုလုပ်ပေးနေတာကြောင့် မြတ်မွန်ရတနာ သွားနှင့် ခံတွင်းအထူးကု ဆေးခန်းကြီးကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…🧑‍⚕️🤗
သွား‌‌ကျောက်များခြစ်ဖို့အတွက် Booking ဝန်ဆောင်မှုနဲ့ ကျန်းမာရေးနှင့်ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။



27/11/2025

🍀အားလုံးပဲမင်္ဂလာပါရှင့်...🙏
💁‍♀️ဒီနေ့မှာတော့ အမျိုးသမီး‌လေးတို့ရဲ့ ကျန်းမာရေးမှာ အရေးကြီးတဲ့ ရင်သားကင်ဆာ ရောဂါအကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်...
ရင်သားကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ❓ ဘယ်လိုအ‌ခြေအ‌နေ‌တွေက ရင်သားကင်ဆာကို ဖြစ်စေနိုင်သလဲ❓
ဆိုတဲ့အကြောင်းကို မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီး၏ အထွေထွေရောဂါကုဆရာဝန် Dr. သိန်းသိန်းဦးမှ ဖြေကြာပေးထားတာလေးကို တင်ဆက်ပေးလိုက်ပါရစေ..
✨အမျိုးသမီးလေးများအားလုံး ရင်သားကင်ဆာ ရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်🙏🙏
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


🇰🇷 Korea EPS အကြို ဆေးစစ်ခြင်း (Pre-Medical Checkup) ✅*********************************🇰🇷 Korea EPS Program (Employment ...
27/11/2025

🇰🇷 Korea EPS အကြို ဆေးစစ်ခြင်း (Pre-Medical Checkup) ✅
*********************************
🇰🇷 Korea EPS Program (Employment Permit System) မှတဆင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ရန်လျှောက်ထားသူများအတွက် အကြိုဆေးစစ်ခြင်း (Pre-Medical Checkup) သည် အရေးကြီးသော အဆင့်တစ်ခုဖြစ်ပါသည်။

👩‍🔬 အကြိုဆေးစစ်ခြင်း ဘာကြောင့် လိုအပ်လဲဆိုရင်... ?

EPS တာဝန်ခံထားသော HRD Korea မှ သတ်မှတ်ထားတဲ့ ကျန်းမာရေးအခြေအနေများနှင့် ကိုက်ညီမှသာ ဝန်ထမ်းအဖြစ် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ( EPS )အတွက် လျှောက်ထားမည့်သူသည် ဆေးစစ်ခြင်းဖြင့် ကိုယ်တိုင်၏ ကျန်းမာရေးအခြေအနေကို အတည်ပြုရမှာဖြစ်ပါတယ်..
🇰🇷 Korea EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်မည့်သူများအတွက် ( EPS ) အကြိုဆေးစစ်ခြင်းကို အသိအမှတ်ပြုဆေးခန်းဖြစ်တဲ့ မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကုဆေးကြီးမှာ လာရောက်ပြီး အကောင်းဆုံးဝန်ဆောင်မှု ( One Stop Service ) ဖြင့် ဆေးစစ်နိုင်ပါတယ်နော်... 👩‍⚕️ 📢
Registration သွင်းခြင်းမှစ၍ သွေးပေါင်ချိန်၊ အရပ်တိုင်း ပေါင်ချိန်ခြင်း၊ သွေးစစ် ဆီးစစ်ခြင်း၊ ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်း၊ မျက်စိ အဝေးအနီး စမ်းသပ်ခြင်း၊ ဆရာဝန်နှင့် တွေ့ဆုံပြီး စမ်းသပ်စစ်ဆေးခြင်း တို့ကို One Stop Service ဖြင့် စိတ်တိုင်း ကျဆောင်ရွက်ပေးနေပါပြီ 😊
EPS စနစ်နဲ့ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ စတင်ကြိုးစားလိုသူတိုင်း ကျန်းမာရေး အထူးဂရုစိုက်ပြီး ဆေးကြိုတင်၍ စစ်ကြည့်သင့်တာကြောင့် ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်တိုင်းမှာ တိကျမြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ရလဒ်တွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့ မြတ်မွန်ရတနာအထူးကုဆေးခန်းကြီးမှ အသင့်ရှိနေပါတယ်
📌 EPS ဖြင့် တောင်ကိုရီးယားသွားချင်ပါက – ကျန်းမာရေးကောင်းမွန်မှုသည် ပထမဆုံး အောင်မြင်မှုအပေါ် အခြေခံဖြစ်ပါသည်။
ဆေးစစ်ဝန်ဆောင်မှုများ ရယူလိုပါက👇
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။



-MedicalCheckup

💁‍♀️မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးတွင် နေ့စဉ် နံနက် ( 8:00 A.M ) မှ ည ( 7:00 P.M ) အထိ အော...
26/11/2025

💁‍♀️မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးတွင် နေ့စဉ် နံနက် ( 8:00 A.M ) မှ ည ( 7:00 P.M ) အထိ အောက်ပါအထူးကုသမားတော်ကြီးများမှ ကြည့်ရှု့ကုသပေးနေပြီဖြစ်ပါကြောင်းသတင်းကောင်း ပါးအပ်ပါတယ်ရှင်...👨‍⚕️👩‍⚕️
🌟အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသလိုပါက ကြိုတင်၍ Booking ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်နော်🤗
👉Booking ဝန်ဆောင်မှုနှင့် ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှုများရယူလိုပါက..
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543, 01-383818
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


🔬မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး၏ ဓါတ်ခွဲခန်း ဝန်ဆောင်မှု 🩸🧑‍🔬🩸သွေးစစ်ခြင်းဆိုတာ ကျွမ်းကျင်...
26/11/2025

🔬မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီး၏ ဓါတ်ခွဲခန်း ဝန်ဆောင်မှု 🩸🧑‍🔬

🩸သွေးစစ်ခြင်းဆိုတာ ကျွမ်းကျင်သော Lab Technician များမှ သေချာစွာပြင်ဆင်ပြီး သွေးနမူနာများကို အနုကြည့်မှန်ပြောင်း အောက်တွင် စစ်ဆေးပါက သွေးစစ်ချက် အများစုအတွက် သတင်းအချက်အလက် များကိုကောင်းစွာ ရရှိနိုင်ပါသည်။ ရောဂါအများစုရဲ့ အဖြေကိုရှာ နိုင်ရန်အတွက် သွေး၊ ဆီး၊ ဝမ်း နှင့် သလိပ် တို့ကို ဓါတ်ခွဲစစ်ဆေးမှသာ တိကျသေချာသော ဆေးစစ်ချက်အဖြေများကို ရရှိနိုင်မှာဖြစ်ပြီး လိုအပ်သော ကုသမှုများကို ကောင်းစွာခံယူနိုင်မှာပဲ ဖြစ်ပါတယ်။ ✨
🔬အနုကြည့်မှန်ပြောင်းအောက်တွင် သွေးနီဥ၊ သွေးဖြူဥ၊ သွေးဆဲလ်မွှားများအာလုံးရဲ့ အရွယ် အစား၊ ပုံစံ၊ အရောင်များကို သေချာစွာတွေ့မြင်ရပါတယ်။
သွေးစစ်ခြင်းသည် ဆေးနှင့် ကုသမှုများ၏ သွေးဆဲလ်များပေါ်တွင်သက်ရောက်မှုနှင့် ပတ်သက်ပြီး သိရှိစေနိုင်သလို ထိုသို့ စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ဆရာဝန်ကြီးများမှ မွေးရာ ပါရောဂါများနှင့် အခြားရောဂါများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ 🧑‍⚕️
🇯🇵ဂျပန်နိုင်ငံ၏ အသိအမှတ်ပြုထားသော ISO 9001 – 2015 လက်မှတ်ရရှိထားတဲ့ မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးမှာရှိတဲ့ ဓါတ်ခွဲခန်း (MMY Diagnostic Medical Laboratory ) တွင် အကောင်းဆုံးသော စက်ကိရိယာများဖြင့် အရည်အသွေးပြည့်ဝသော ဓါတ်ခွဲ စစ်ဆေးမှု များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါအပ်ပါတယ်။ 🏥
✔️သွေး၊ ဆီး၊ ဝမ်း၊ သလိပ် နှင့် အခြား ဆက်စပ်ရောဂါများ အဖြေရှာခြင်း၊
✔️အသည်းရောင်အသားဝါ အေ၊ဘီ၊ စီ၊ HIV ရောဂါများနှင့် အခြားကူးစက်ရောဂါများအဖြေရှာခြင်း၊
✔️CP ( Auto ) သွေးဆဲလ်များအားစစ်ဆေးခြင်း
✔️ESR ( သွေးနီဥ အနည်ထိုင်နှုန်းစစ်ဆေးခြင်း )
✔️VDRL ( ကာလသားရောဂါပိုး စစ်ဆေးခြင်း )
✔️TB ( ICT ) ( TB ရောဂါပိုးစစ်ဆေးခြင်း )
✔️HbA1C ( ၃ လအတွင်းရှိ သွေးတွင်း သကြားဓါတ်စစ်ဆေးခြင်း )
✔️Lipid Profile ( Total Cholesterol, HDL, LDL, Triglyceride ) ( သွေးတွင်းအဆီဓါတ်များ စစ်ဆေးခြင်း )
✔️Liver Function Test ( ALT, AST, GGT, Total Bilirubin, Alkaline Phosphatase ) ( အသည်းလုပ် ဆောင်ချက်များစစ်ဆေးခြင်း )
✔️Renal Function Test( Uera , Creatine and Electrolytes ) ( ကျောက်ကပ် လုပ်ဆောင်ချက်များ စစ်ဆေးခြင်း )
✔️Bone & Joint ( RA, A*O Titre, Uric Acid ) ( အရိုးရောဂါများအတွက် စစ်ဆေးခြင်း )
✔️Urine RE ( ဆီးစစ်ဆေးခြင်းနှင့် ဆီးပိုးမွေး၍ စစ်ဆေးခြင်း )
✔️Stool RE ( ဝမ်းစစ်ဆေးခြင်း)
✔️ကင်ဆာဇီဝ အမှတ်အသားများ စစ်ဆေးခြင်း
✔️အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးပေးခြင်း
စတဲ့ စုံလင်တဲ့ ဆေးစစ်ခြင်းများကို အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် မှန်ကန်တိကျသော အဖြေရှာမှုများကို ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ ✨
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။



24/11/2025

✨အရေပြားဆိုတာ လူခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်း‌တွေထဲမှာ အရေးကြီးတဲ့ အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်...
💁‍♀️ဒီနေ့မှာတော့ အရေပြားကျန်းမာရေးနဲ့ ပတ်သက်ပြီး နေ့စဉ်ဘဝမှာ ဆောင်ရန်ရှောင်ရန်နည်းလမ်းကောင်းလေးတွေကို အရေပြားအထူးကု‌ဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းစိုးမှ ပြန်လည်မျှဝေပေးထားတာလေးတွေကို တင်ဆက်ပေးလိုက်ပါရစေ...🥰
အရေပြားဆိုင်ရာ ပြဿနာများကို
အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသလိုပါက ကြိုတင်၍ Booking ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်နော်👨‍⚕️
Booking ဝန်ဆောင်မှုနှင့် ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှုများရယူလိုပါက..👇
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543, 01-383818
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


🏠🩺သင့်အိမ်မှာတင် ကျန်းမာရေးကုသစောင့်ရှောက်မှုခံယူဖို့အတွက် မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကု‌‌ ဆေးခန်းကြီးရဲ့ အိမ်...
22/11/2025

🏠🩺သင့်အိမ်မှာတင် ကျန်းမာရေးကုသစောင့်ရှောက်မှုခံယူဖို့အတွက် မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့် အထူးကု‌‌ ဆေးခန်းကြီးရဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုက အသင့်ရှိနေပါတယ်နော်👩‍⚕️
..............................................................
👴👵ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ၊ ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်နေသူများ၊ အသက်ကြီးတဲ့ ဖေဖေ၊ မေမေ၊ ဖိုးဖိုးဖွားဖွားများ ဆေးကုသမှု ခံယူဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့ ဒုက္ခမှ ကင်းဝေးစေရန် စိတ်ချယုံကြည်ရသော ကျန်းမာရေး ဝန်ဆောင်များကို ဆရာဝန်များနှင့် ကျွမ်းကျင် သူနာပြုများက အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုများ ပြုလုပ်ပေး‌နေပါတယ်။👩‍⚕️👨‍⚕️
မြတ်မွန်ရတနာ အဆင့်မြင့်‌ ရောဂါရှာ‌ဖွေ‌ရေးနှင့် အထူးကုဆေးခန်းကြီး၏ အိမ်ပင့် ဝန်ဆောင်မှုတွင်...
✅ အထွေထွေရောဂါကုဆရာဝန်နှင့် ပြသနိုင်ခြင်း
✅ ဆေးထိုးခြင်း/ ဆေးသွင်း ( IV, Drip ) သွင်းပေးခြင်း၊
✅ဆေးထိုးပိုက် ( Cannula ) ထည့်ပေးခြင်း၊
✅သွေးဖောက် / သွေးစစ်ဆေးပေးခြင်း၊
✅နှာခေါင်းပိုက်ထည့်ခြင်း၊ ဆီးပိုက်ထည့်ခြင်း၊ အစာပိုက်ထည့်ခြင်း၊
✅ဆီး / ဝမ်း/ သလိပ် စစ်ခြင်း၊
✅ ECG ရိုက်ခြင်း၊
✅ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊
✅အရိုးအကြောနှင့် ပတ်သတ်သော Physiotherapy Treatment များလုပ်ပေးခြင်း စတဲ့ ကျန်းမာရေး ဝန်ဆောင်မှုများစွာ ရရှိနိုင်တာဖြစ်လို့ အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လာပြီဆိုရင် မြတ်မွန်ရတနာရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးကို ဖုန်းလေးဆက်ပြီး သတိရလိုက်ပါနော်…📱🤗✨

ဆရာဝန်ကြီးများနှင့်ပြသရန် Booking ဝန်ဆောင်မှုနှင့် ကျန်မာရေး‌ ဆေးစစ်ခြင်း ဝန်ဆောင်မှုများရယူလိုပါက👇
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။



💁‍♀️မှန်ကန်တဲ့ရွေးချယ်မှုတိုင်းဟာ ကောင်းမွန်တဲ့ရလာဒ်တွေကို အမြဲထွက်ပေါ်စေပါတယ်✨🏥မြတ်မွန်ရတနာ အဆင့်မြင့် ရောဂါရှာဖွေရေးနှ...
21/11/2025

💁‍♀️မှန်ကန်တဲ့ရွေးချယ်မှုတိုင်းဟာ ကောင်းမွန်တဲ့ရလာဒ်တွေကို အမြဲထွက်ပေါ်စေပါတယ်✨
🏥မြတ်မွန်ရတနာ အဆင့်မြင့် ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကြီးတွင် စံချိန်စံနှုန်းပြည့်မီသည့် အရည်အသွေးမြင့် ခေတ်မှီစက်ကိရိယာများဖြင့် ကျန်းမာရေး စစ်ဆေးခြင်းဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်လျက်ရှိပါတယ်…👩‍⚕️

✅တိကျသောရလဒ်များ၊ စစ်ဆေးရရှိသောအဖြေများပေါ်မူတည်၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့်လည်း ထိရောက်သောကုသမှုများကိုတိုင်ပင်ဆွေးနွေး ကုသနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ဆေးခန်းသွားရောက်ပြရန် အခက် အခဲရှိသူများအတွက်လည်း အိမ်တိုင် ရာရောက် ဝန်ဆောင်မှုများပါ ရှိကြောင်း သတင်းကောင်းပါးလိုက်ပါတယ်🏡

ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ 📑

📍 ECG ( 12 Leads ) ( နှလုံးအီးစီဂျီစက်ဖြင့် စစ်ဆေးခြင်း )
📍X ray ( ဓါတ်မှန်ရိုက်ခြင်း )
📍Ultrasound ( USG Abdomen ) ( ဝမ်းဗိုက်ဓါတ်မှန် အာထရာဆောင်းရိုက်ခြင်း )
📍Dental ( သွားနှင့် ခံတွင်း ကုသခြင်း )
📍Physiotherapy ( အရိုး၊အကြောနှင့် အဆစ်ပြန်လည်သန်စွမ်းရေး ကုသခြင်း )
📍MMY Diagnostic Laboratory - ဓာတ်ခွဲခန်း ( ဆီးစစ်ခြင်း၊ သွေးစစ်ခြင်း၊ သလိပ်စစ်ခြင်း၊
ကူးစက်ရောဂါအမျိုးမျိုး စစ်ဆေးခြင်းနှင့် ဓါတ်ခွဲရှာဖွေခြင်း )
📍 Medical Check Up ( ကျန်းမာရေးစစ်ဆေးခြင်း ဝန်ဆောင်မှု )
📍DMA ( သင်္ဘောသား ဆေးစစ် )
📍 Specialist ( အထူးကု ဆရာဝန်ကြီးများ )
📍 Home Care Services ( အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု )
အထက်ပါ ကျန်းမာရေးကုသဝန်ဆောင်မှုများကို မြတ်မွန်ရတနာ အထူးကုဆေးခန်းကြီးတွင်ပိတ်ရက်မရှိ နေ့စဉ် ဝန်ဆောင်မှု ရယူနိူင်ပါပြီနော်🥰
ကျန်းမာရေးနဲ့ပတ်သတ်သော ဝန်ဆောင်မှုများကိုရယူလိုပါက
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။



နှလုံးသွေးကြော ကျဉ်း/ပိတ် ရောဂါ💥🫀နှလုံးသွေးကြောကျဉ်းတဲ့ရောဂါက အဖြစ်အများဆုံး ရောဂါတစ်ခုထဲမှာ ပါဝင်ပါတယ်။ 🩸နှလုံးရဲ့ လုပ်...
20/11/2025

နှလုံးသွေးကြော ကျဉ်း/ပိတ် ရောဂါ💥
🫀နှလုံးသွေးကြောကျဉ်းတဲ့ရောဂါက အဖြစ်အများဆုံး ရောဂါတစ်ခုထဲမှာ ပါဝင်ပါတယ်။
🩸နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပံ့ပိုးနေတဲ့ အဓိက သွေးလွှတ်ကြောအတွင်းသို့ သွေးထောက်ပံ့မှု အလုံအလောက်မရှိတာကိုနှလုံးသွေးကြောပိတ်တယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။
👉အစပိုင်းမှာ ရင်ဘတ်အောင့်တာ၊ ရင်ဘတ်နာတာအပြင် အခြား ပြင်းထန်တဲ့ လက္ခဏာတွေ မရှိပေမယ့် ရုတ်တရက်ဆိုသလို နှလုံးရပ်သွားနိုင်ပါတယ်။ 🚫
နှလုံးသွေးကြော ကျဉ်းတာကို ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကတော့
🟢 သွေးတွင်းကိုလက်စထရော မများအောင်နေခြင်း
🟢 လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
🟢 အသီးအနှံများ ပိုမိုစားသုံးခြင်း
🟢 အရက်နှင့် ဆေးလိပ်များ ရှောင်ကြဉ်ခြင်း
🟢 အိပ်ရေးဝအောင် အိပ်စက်ခြင်း
🟢 သွေးတွင်း သကြားဓာတ်ကို ထိန်းညှိခြင်း စတဲ့ နေ့စဉ်ဘဝမှာ ဂရုစိုက်နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။
🔺နှလုံးသွေးကြောကျဉ်းခြင်းကို စစ်ဆေးဖို့
ECG ရိုက်ခြင်း၊ Echo စက်ဖြင့် စစ်ဆေးဝြင်း၊ CT calcium သွေးကြောအတွင်း ကယ်လ်ဆီယမ်ပမာဏစစ်ဆေးခြင်းတို့ကို ပြုလုပ်မှသာ အမှန်တကယ်သေချာတဲ့ ရလာဒ်ကို ရရှိမှာပါ။

🔴 နှလုံးအောင့်တိုင်း သွေးကြောကျဉ်းတာမဟုတ်သော်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ စစ်ဆေးသင့်တဲ့ ရောဂါပဲဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်း/ ပိတ်ခြင်းနှင့် ပတ်သက်ပြီး တတ်ကျွမ်းသော ဆရာဝန်ကြီးများဖြင့် ပြသစစ်ဆေးလိုပါက မြတ်မွန်ရတနာ ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းကြီးမှာလာရောက်ပြီး နှလုံးအထူးကုသမားတော်ကြီးများဖြင့်ပြသဆွေးနွေး စစ်ဆေးနိုင်ပါတယ်နော်..👩‍⚕️
ဆရာဝန်ကြီးများနှင့်ပြသရန်အတွက် Booking ဝန်ဆောင်မှုများရယူလိုပါက👇
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။




🍀မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေးရေးနှင့် အထူးကုဆေးခန်းကြီးတွင် အရေပြာဆိုင်ရာ ပြဿနာများဖြစ်တဲ့📌 မျက်နှာအလှကို ပျက်စေတ...
18/11/2025

🍀မြတ်မွန်ရတနာ အဆင့်မြင့်ရောဂါရှာဖွေးရေးနှင့် အထူးကုဆေးခန်းကြီးတွင် အရေပြာဆိုင်ရာ ပြဿနာများဖြစ်တဲ့
📌 မျက်နှာအလှကို ပျက်စေတဲ့ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ နှင့် မှဲ့ခြောက်အမျိုးမျိုး
📌 ဦးရေပြားနှင့် ဆံပင်ရောဂါအမျိုးမျိုး
📌 ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူရောဂါအမျိုးမျိုး
📌 အရေပြား၊ လက်သည်း၊ ခြေသည်း မှိုစွဲခြင်းရောဂါအမျိုးမျိုး
📌 အရေပြား အသားပိုများ၊ မွေးရာပါအမှတ်၊ အရေပြားပေါ်ရှိအမာရွတ်အမျိုးမျိုး စတဲ့ အရေပြားပြဿနာအမျိုမျိုးတို့ကို အရေပြားအထူးကုဆရာဝန်ကြီးကိုယ်တိုင် သေချာစွာဆွေးနွေးပေးပြီး လိုအပ်သောကုသမှုများကိုလည်း ခေတ်မှီစက်ကိရိယာဖြင့် စနစ်တကျကုသပေးလျက်ရှိပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...✨
ဆရာဝန်ကြီးများနှင့်ပြသရန်အတွက် Booking ဝန်ဆောင်မှုများရယူလိုပါက👇
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09 754555543,
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။


🌎 World Diabetes Day🎗နိုဝင်ဘာလ (14 )ရက်နေ့ဟာ “ကမ္ဘာ့သွေးချိုဆီးချိုရောဂါနေ့” ဖြစ်ပါတယ်။📅ကမ္ဘာအနှံ့ ဆီးချိုရောဂါအတွက် အသိ...
14/11/2025

🌎 World Diabetes Day🎗
နိုဝင်ဘာလ (14 )ရက်နေ့ဟာ “ကမ္ဘာ့သွေးချိုဆီးချိုရောဂါနေ့” ဖြစ်ပါတယ်။📅
ကမ္ဘာအနှံ့ ဆီးချိုရောဂါအတွက် အသိပညာပြန့်ပွားရေးအတွက်ကျင်းပခြင်းဖြစ်ပါတယ်။သွေးချို ဆီးချိုရာဂါကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အမြင်အာရုံ ထိခိုက်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း တို့အပြင် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ရသည်အထိ ဖြစ်နိုင်ပါတယ်။😥

📑သွေးချို ဆီးချိုရောဂါ
မဖြစ်အောင်
✳️ အမျှင်ဓာတ်ပါသောအစားအစာများများစားပါ။
✳️ အာဟာရမျှတစွာစားသုံးပါ။
✳️ အဆီ နှင့် အချိုများသောအစားစာများကိုရှောင်ပါ။
✳️ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း
မှန်မှန်လုပ်ပါ။
✳️ စိတ်ဖိစီးမှုကို လျှော့ချပါ။
အထက်ဖော်ပြပါအချက်များကို လိုက်နာပြီး သွေးချိုဆီးချိုဖြစ်နိုင်ချေကို လျှော့ချခါကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။🙏
✨မိမိတို့ကိုယ်တိုင်နဲ့ မိမိတိုရဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့သူတိုင်း အဖြစ်များလာတဲ့ ဆီးချို‌ ရောဂါအကြောင်းကို သိကြပြီး ကာကွယ်နေထိုင်ခြင်းဖြင့် သက်တမ်းတိုးကြပါစို့!!!👍
🏥 𝑴𝒚𝒂𝒕 𝑴𝒐𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉𝒄𝒂𝒓𝒆 𝑪𝒍𝒊𝒏𝒊𝒄 Page Messenger (or) Hotline Number
📲 09-420105421, 09-944046000, 09-754555543.
🏥 လိပ်စာ- အမှတ်- ၃၅၇/၃၅၉ (ပထမထပ်)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးကားမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။



Address

No. 357/359, Thein Phyu Road (1st Floor), Thein Phyu Bus Stop, Mingalar Taung Nyunt Township
Yangon
11181

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959420105421

Website

Alerts

Be the first to know and let us send you an email when Myat Mon Yadanar Special Healthcare Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myat Mon Yadanar Special Healthcare Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram