Kaung Mon General & Aesthetic Clinic

Kaung Mon General & Aesthetic Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Mon General & Aesthetic Clinic, Family doctor, အမှတ် ၉၅၇ ၁၀ ရပ်ကွက် ဓမ္မရာဇာလမ်း တောင်ဥက္ကလာပမြို့နယ် , ပဒေသာစျေးအနီး, Yangon.

ကောင်းမွန် ဆေးခန်း( ၁ + ၂ ) တွင်-အထွေထွေရောဂါကုဆရာဝန်များ-အထွေထွေရောဂါကု သမားတော်-ကလေးအထူးကုဆရာဝန်-သားဖွားနှင့်မီးယပ်အထူ...
11/11/2021

ကောင်းမွန် ဆေးခန်း( ၁ + ၂ ) တွင်

-အထွေထွေရောဂါကုဆရာဝန်များ
-အထွေထွေရောဂါကု သမားတော်
-ကလေးအထူးကုဆရာဝန်
-သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်
-အရိုးအထူးကုဆရာဝန်
-ခွဲစိတ်အထူးကုဆရာဝန် များဖြင့်ပြသနိုင်ပါပြီခင်ဗျာ

2.11.21 ( Tuesday) တွင် “ကောင်းမွန် (၂) ဆေးခန်း”စတင်ဖွင့်လှစ်ပါပြီခင်ဗျကောင်းမွန် (၁) နှင့် ကောင်းမွန် (၂) ဆေးခန်း နှစ်ခ...
01/11/2021

2.11.21 ( Tuesday) တွင် “ကောင်းမွန် (၂) ဆေးခန်း”
စတင်ဖွင့်လှစ်ပါပြီခင်ဗျ

ကောင်းမွန် (၁) နှင့် ကောင်းမွန် (၂) ဆေးခန်း နှစ်ခုစလုံးကိုလတ်တလောအခြအနေများကြောင့်

မနက် ၇:၀၀ နာရီ မှ နေ့လည် ၁၂:၀၀ နာရီ
ညနေ ၃:၀၀ မှ ည ၉:၀၀ အထိ ပြောင်းလဲဖွင့်လှစ်ထားပါသည်ခင်ဗျ

မကြာမီ ၂၄ နာရီဝန်ဆောင်မှု ပြန်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ…

လိပ်စာ-

“ကောင်းမွန် ဆေးခန်း (၁)”
အမှတ် ၉၅၇ ၁၀ ရပ်ကွက် ဓမ္မရာဇာလမ်း တောင်ဥက္ကလာပမြို့နယ်
ပဒေသာစျေးအနီး
09251889966

“ကောင်းမွန် ဆေးခန်း (၂)”
အမှတ်၁၃၆ အထက်ပုဇွန်တောင်လမ်း
ပုဇွန်တောင်စာတိုက်ရှေ့
မဂ်လာတောင်ညွန့်မြို့နယ်
09255177776

🗣ကောင်းမွန် ၂၄ နာရီ ဆေးခန်း ( တောင်ဥက္ကလာပ ) ဆေးခန်းကို ကိုဗစ် နှင့် လတ်တလောအခြေအနေများကြောင့် ဆေးခန်းဖွင့်ချ်န်အား ⏰ မန...
26/10/2021

🗣ကောင်းမွန် ၂၄ နာရီ ဆေးခန်း ( တောင်ဥက္ကလာပ )

ဆေးခန်းကို ကိုဗစ် နှင့် လတ်တလောအခြေအနေများကြောင့် ဆေးခန်းဖွင့်ချ်န်အား

⏰ မနက် ၇:၀၀ မှ နေ့လည် ၁၂:၀၀

⏰ ညနေ ၃:၀၀ မှ ည ၉:၀၀ အထိ

ပြောင်းလဲဖွင့်လှစ်ထားပါတယ်ခင်ဗျာ…

မကြာမီ ၂၄ နာရီ ဝန်ဆောင်မှုပြန်ပေးန်ုင်အောင်ကြ်ုးစားပါ့မယ်ခင်ဗျာ….

အမှတ် ၉၅၇ ၁၀ ရပ်ကွက် ဓမ္မရာဇာလမ်း တောင်ဥက္ကလာပမြို့နယ်
ပဒေသာစျေးအနီး

09-251-88-99-66

24/02/2019

Pre-Menstrual Syndrome
( ရာသီမလာခင် ဖြစ်တတ်တာတွေ)

မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မ-မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက်လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ Follicle Stimulating Hormone (FSH) နဲ့ Leutenizing Hormone (LH) ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလ တလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီ ဆိုတာဆင်းပြီ။ တယောက်မှာ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။

ဦးနှောက်ထဲမှာ Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ဆိုတဲ့နေရာရာက အရေးပါတယ်။ ရေငတ်တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံးး ဆိုပါတော့။

ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေ-သီအိုရီတွေ များလေပေါ့။

မေးတဲ့သူ ပြောပြတာတွေက Book picture ဆေးစာအုပ်ထဲကနဲ့ တူလှတယ်။ လူအတော်များများဟာ ကိုယ်ဖြစ်နေတာကို အသေအခြာ မပြောတတ်ကြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ Emotional စိတ်လှုတ်ရှားမှု (ဝမ်းသာ-ဝမ်းနည်း)၊ Mood swings စိတ်မူ အပြောင်းအလဲတွေ ဖြစ်တယ်။ တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။

ရုပ်ပိုင်းပြောင်းတာတွေက -
• Fatigue အားယုတ်နေတာ၊
• Bloating ရင်ကယ်နေတာ၊
• Breast tenderness ရင်သားနာတာ၊
• Acne ဝက်ခြံထွက်တာ၊
• Appetite changes စားခြင်စိတ် မတူဖြစ်လာတာ၊
• Food cravings ခြင်ခြင်းတပ်တာ။
• ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။
• Uterine cramping သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် Constriction ညှစ်တာ-တင်းတာတာနဲ့ Relaxation လျော့တာဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ်တယ်။

စိတ်မူအပြောင်းအလဲက အရေးပါတယ်။ Crying ငိုခြင်ငိုမယ်၊ Oversensitivity သိပ်အကဲဆတ်မယ်၊ Rapidly changing အလျင်အမြန် ပြောင်းလဲပြီး Unpredictable moods ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။

• Depression စိတ်ဓါတ်ကျတယ်၊
• Sadness ဝမ်းနည်းတယ်၊
• Lack of motivation စိတက်ကြွမှု နည်းမယ်၊
• Irritability စိတ်တိုတယ်၊
• Aggression ဇွတ်လုပ်ခြင်တယ်၊
• Less patience သည်းခံစိတ် လျော့မယ်၊
• Increased stress ပူပင်စိတ် များမယ်၊
• Anxiety စိုးရိမ်စိတ် ကဲမယ်၊
• Nervousness ဂနာမငြိမ် ဖြစ်နေမယ်၊
• Melancholy ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်၊

တချို့မှာ Relief အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။
• Release လွတ်လပ်သွားသလို၊
• New beginning အသစ် အစပျိုးလာသလို၊
• Invigoration အားအင် ပြန်ပြည့်သလို၊
• Connection with nature သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊
• Creative energy စိတ်သစ် ရလာလာတာလိုလို၊
• Exhilaration လွတ်မြောက်တာလိုလို၊
• Increased s*x drive လိင်စိတ်ပိုလာမယ်၊
• More intense or***ms လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။

PMS ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ ပြုပြင်လို့ နိုင်တာတွေ ရှိပါတယ်။ Lifestyle changes လူနေမှုပုံစံ ပြုပြင်ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။
• အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊
• Alcohol အရက်၊ Caffeine (ကေဖင်း) ပါတဲ့အစာ၊ Meat အသား၊ Fatty foods ဆီများတာ နဲ့ Refined Sugar သကြားတွေက ပိုဆိုးစေတယ်။
• ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။
• Drink ginger root tea ချင်းမြစ်ပြုတ်သောက်တာ ကောင်းတယ်၊
• Breathe deeply အသက်ပြင်းပြင်းရှူပါ၊
• ကိုယ့်အတွက် အချိန်ကို ယူပါ။
• Or**sm လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။
• Exercise ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
• Socialize လူတော-သူတော ဝင်ရောပါ။

ရာသီလာတုံး သုံးရတဲ့ အတွင်းခံပစ္စည်းကို Chlorine-free biodegradable 100% cotton tampons သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ LunaPads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါတယ်။ Diva cup ခေါ်တဲ့ Organic Tampon (အော်ဂဲနစ်-တမ်ပွန်) တွေလဲ ရှိသေးတယ်။

ဆေးတွေလဲ သုံးရတတ်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။
• Oral contraceptive pills (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်။

လိုအပ်ရင် စိတ်အထူးကု-ဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။

Credit - ဆရာကြီး Dr. တင့်ဆွေ

14/09/2018

ကျွန်တော်တို့

ကောင်းမွန် ၂၄ နာရီ
အထွေထွေရောဂါကုဆေးခန်း သည်

Mayo ကဲ့သို့ ကမ္ဘာ့အဆင့်မီဓါတ်ခွဲခန်းဝန်ဆောင်မှုကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးသော

International Laboratory Service နဲ့ချိတ်ဆက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့်...
ကျွန်တော်တို့ဆေးခန်းတွင် လူကြီးမင်းတို့ စိတ်တိုင်းကျ

-သွေးစစ်မှုများ ( Laboratory)
-ECG
-ဒစ်ဂျစ်တယ် ဓါတ်မှန် ( Digital X Ray)
-အာထရာစောင်း (Ultrasound ) စစ်ဆေးမှုများကို တိကျမှန်ကန်သော အဖြေ များရရှိစေရန် Elotus နဲ့ အတူပူးပေါင်းကာ
အကောင်းဆုံးဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ခင်ဗျာ....

လိပ်စာ- အမှတ် ၉၅၇ ၊၁၀ ရပ်ကွက် ဓမ္မရာဇာလမ်း တောင်ဥက္ကလာပမြို့နယ်
Ph- 09 251 88 99 66

ကျွန်တော်တို့ကောင်းမွန် ၂၄ နာရီ အထွေထွေရောဂါကုဆေးခန်း သည်Mayo ကဲ့သို့ ကမ္ဘာ့အဆင့်မီဓါတ်ခွဲခန်းဝန်ဆောင်မှုကို မြန်မာနိုင်...
31/08/2018

ကျွန်တော်တို့

ကောင်းမွန် ၂၄ နာရီ
အထွေထွေရောဂါကုဆေးခန်း သည်

Mayo ကဲ့သို့ ကမ္ဘာ့အဆင့်မီဓါတ်ခွဲခန်းဝန်ဆောင်မှုကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးသော

International Laboratory Service နဲ့ချိတ်ဆက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့်...
ကျွန်တော်တို့ဆေးခန်းတွင် လူကြီးမင်းတို့ စိတ်တိုင်းကျ

-သွေးစစ်မှုများ ( Laboratory)
-ECG
-ဒစ်ဂျစ်တယ် ဓါတ်မှန် ( Digital X Ray)
-အာထရာစောင်း (Ultrasound ) စစ်ဆေးမှုများကို တိကျမှန်ကန်သော အဖြေ များရရှိစေရန် Elotus နဲ့ အတူပူးပေါင်းကာ
အကောင်းဆုံးဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ခင်ဗျာ....

လိပ်စာ- အမှတ် ၉၅၇ ၁၀ ရပ်ကွက် ဓမ္မရာဇာလမ်း တောင်ဥက္ကလာပမြို့နယ်
Ph- 09 251 88 99 66

မင်္ဂလာပါခင်ဗျာ...လူကြီးမင်းတို့ရဲ့ကျန်းမာရေး ဆိုင်ရာကိစ္စအဝဝ အတွက် ကျွန်တော်တို့ ကောင်းမွန် ၂၄နရာရီ အထွေထွေရောဂါကုဆေးခန...
27/08/2018

မင်္ဂလာပါခင်ဗျာ...

လူကြီးမင်းတို့ရဲ့ကျန်းမာရေး ဆိုင်ရာကိစ္စအဝဝ အတွက် ကျွန်တော်တို့ ကောင်းမွန် ၂၄နရာရီ အထွေထွေရောဂါကုဆေးခန်းမှ ၂၄နရာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ခင်ဗျာ...

စနစ်တကျသင်တန်းတက်မြောက်အောင်မြင်ပြီးထားသော သူနာပြုလေးများရဲ့ ချိုသာသောအပြုံး....
နွေးထွေးပျူငှာစွာ ကြိုဆိုမှုနဲ့အတူ
ဆေးခန်းပြပြီးသွားတဲ့အချိန်တိုင်းမှာ လူနာတစ်ယောက်ချင်းစီအတွက် တာဝန်ကျဆရာဝန်များနဲ့ တစ်ယောက်ချင်းဆွေးနွေးတိုင်ပင်ဖို့အတွက် သီးသန့်အချိန်သတ်မှတ်ပေးထားခြင်း....

ယုံကြည်စိတ်ချရသော ဓါတ်ခွဲခန်းနှင့်ချိတ်ဆက်ထားခြင်းကြောင့် လူကြီးမင်းတို့စစ်ဆေးလိုသမျှသော စစ်ဆေးချက်များအားလုံးကို တစ်နေရာတည်းတွင်ရရှိနိုင်ခြင်း...

အမှတ် ၉၅၇ ၊ ဓမ္မရာဇာလမ်း ၊ ၁ဝ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်မြို့

Hot Line - 09-251-88-99-66 သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ...

Address

အမှတ် ၉၅၇ ၁၀ ရပ်ကွက် ဓမ္မရာဇာလမ်း တောင်ဥက္ကလာပမြို့နယ် , ပဒေသာစျေးအနီး
Yangon

Telephone

+959251889966

Website

Alerts

Be the first to know and let us send you an email when Kaung Mon General & Aesthetic Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category