Venus Skinlux

Venus Skinlux Providing the best At Home Spa care products for you Your Perfect Beauty Partner

standard for “Traveling Light” just got a severe upgrade. 🚗💨✈️You’ve packed your essentials: sunscreen, passport, headph...
11/04/2026

standard for “Traveling Light” just got a severe upgrade. 🚗💨✈️
You’ve packed your essentials: sunscreen, passport, headphones. But have you packed your Companion? 🤫
Meet the Traveling Companion Venus Products. 🛁✨ The star of your upcoming adventures is finally here.

👉 Ready to travel lighter and shine brighter!

ခရီးသွားရင်ခေါ်သွားနော် ✨🧳ဗီးနက်စ်လေးတို့ ခရီးသွားတဲ့အခါ ထုပ်ပိုးရတာ ပေါ့ပါးစေပြီး Spa အတွေ့အကြုံကိုပါ တစ်ပါတည်း သယ်ဆောင...
10/04/2026

ခရီးသွားရင်ခေါ်သွားနော် ✨🧳

ဗီးနက်စ်လေးတို့ ခရီးသွားတဲ့အခါ ထုပ်ပိုးရတာ ပေါ့ပါးစေပြီး Spa အတွေ့အကြုံကိုပါ တစ်ပါတည်း သယ်ဆောင်သွားနိုင်ဖို့ Venus Skinlux ရဲ့ Travel Essentials လေးတွေ မမေ့နဲ့နော်

🫧ခရီးပန်းလို့ ရေချိုးတဲ့အခါ စိတ်ကို ကြည်လင်လန်းဆန်းစေမယ့် ရနံ့မျိုးစုံနဲ့ Bath Bombs လေးတွေက ဗီးနက်စ်လေးတို့ကို အကောင်းဆုံး အနားယူခြင်းတွေကို ပေးစွမ်းမှာပါ။
🧼Shower steamer လေးကတော့ Bathtub ရှိတဲ့နေရာမျိုးမှာတောင် ရေနွေးငွေ့နဲ့အတူ ပျံ့လွင့်လာမယ့် ရနံ့သင်းသင်းလေးတွေကြောင့် ခရီးသွားရင်းပင်ပန်းသမျှကို ယူပစ်သလို ပျောက်ကွယ်သွားစေမှာပါ။
🧖🏻‍♀️ Shampoo Bar လေးတွေကတော့ Liquid ဘူးတွေလို ဖိတ်စင်မှာ စိတ်ပူစရာမလိုဘဲ နေရာယူလည်း သက်သာတာကြောင့် ခရီးဆောင်အိတ်ထဲမှာ မပါမဖြစ် ပစ္စည်းလေးတစ်ခုပေါ့။ ဦးရေပြားကို သဘာဝအတိုင်း သန့်စင်ပေးပြီး ဆံသားကို ကျန်းမာစေလို့ ခရီးသွားရင်း ဓာတ်ပုံရိုက်ရင်လည်း ဆံနွယ်လေးတွေက အမြဲအသက်ဝင်နေမှာပါ။

အခုလို နွေခရီးစဉ်လေးတွေမှာ အသားအရေနဲ့ စိတ်ကိုပါ ကြည်လင်လန်းဆန်းနေစေဖို့ Venus Skinlux ကို အဖော်မွန်အဖြစ် သယ်ဆောင်သွားဖို့ မမေ့နဲ့နော် 🥰✨

💦💦💦သကြ်န် ပိတ်ရက် ကြေညာခြင်း 💦💦💦💦                 ချစ်ခင်ရတဲ့ customers များရှင့် Venus team လေးရဲ့ production/ Page rep...
09/04/2026

💦💦💦သကြ်န် ပိတ်ရက် ကြေညာခြင်း 💦💦💦💦
ချစ်ခင်ရတဲ့ customers များရှင့် Venus team လေးရဲ့ production/ Page reply and page order လက်ခံပို့ဆောင်ပေးခြင်းများ ခေတ္တနားပါမယ်ရှင့် သကြ်န်ပိတ်ရက် 10 ရက်နေ့မှ 20 ရက်နေ့အထိ ပိတ်ပါမယ်ရှငိ 💦💦💦


💦💦💦Venus Skinlux ကို အစဥ်ဆက်မပြတ် အားပေးနေတဲ့ ချစ်ခင်ရပါသော customer များ မိတ်ဖက်အရောင်းကိုယ်စားလှယ်များသကြ်န် အခါသမယနှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး စိတ်သွားတိုင်းကိုယ်ပါ လိုအင် ဆန္ဒတစ်လုံးတစ်ဝနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှင် 🙏🙏🙏
best wishes from Venus Skinlux

Review ပေးပြီး လက်ဆောင်ယူ ❣️ဗီးနက်စ်လေးတို့ရေ... Venus Skinlux ကို အမြဲအားပေးပြီး ချစ်ခင်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတ...
05/04/2026

Review ပေးပြီး လက်ဆောင်ယူ ❣️

ဗီးနက်စ်လေးတို့ရေ... Venus Skinlux ကို အမြဲအားပေးပြီး ချစ်ခင်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🥰✨

Venus Skinlux ရဲ့ Product လေးတွေကို သုံးစွဲရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာ ဝေမျှပေးတာဟာ Venus Skinlux အတွက် တကယ့်ကို တန်ဖိုးရှိလှပါတယ်။ ဗီးနက်စ်လေးတို့ရဲ့ စကားသံတိုင်းကို အလေးထားတန်ဖိုးထားပြီး ပိုကောင်းအောင်
ကြိုးစားနေတာဖြစ်တဲ့ အတွက် Honest Review လေးတွေ ရေးပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဒါကြောင့် အမှတ်တရလက်ဆောင်လေးတွေ ပေးချင်တာနဲ့အညီ Giveaway လေးတစ်ခုလည်း စီစဉ်ပေးထားပါတယ်ရှင် 🎁💖

ဘယ်လိုပါဝင်ရမလဲဆိုတော့ -
✨ ကိုယ်သုံးဖူးတဲ့ Venus Skinlux Product လေးတွေအကြောင်း Comment မှာ မိမိရဲ့ Experience အတိုင်း Review လေးတွေ ရေးပေးရုံပါပဲ။

✨ ပါဝင်သူတွေထဲကမှ ကံထူးရှင် (၃) ဦးကို ရွေးချယ်ပြီး Venus Skinlux ဘက်ကနေ အထူးစီစဉ်ထားတဲ့ Personal Care Product လက်ဆောင်လေးတွေ ပေးသွားမှာ ဖြစ်ပါတယ်။

ကံထူးရှင်ကြေညာမည့်ရက်:
📅 ဧပြီလ ၁၈ ရက်နေ့ မှာ ကြေညာပေးသွားမှာမို့ လက်လွတ်မခံဘဲ အခုပဲ ပါဝင်လိုက်ရအောင်နော်။

ဗီးနက်စ်လေးတို့ရဲ့ Review လေးတွေကို Venus Skinlux က စောင့်မျှော်ဖတ်ရှုနေပါမယ်ရှင်🥰✨

02/04/2026

ပန်းပွင့်လေးတွေ တောင်းဆိုကြလို့ သကြ်န်ပိတ်ရက်အမှီလေးရှင် 💗
Disclaimer : No copyright infringement intended. background music is credited to rightful owners

Best seller of March 💝🌸🎁Blind Bag collection series 01 - ရင်ခုန်စရာ လက်ဆောင်လှလှလေးပါတဲ့ blind bag         Blind bag တစ်...
01/04/2026

Best seller of March 💝🌸🎁
Blind Bag collection series 01 - ရင်ခုန်စရာ လက်ဆောင်လှလှလေးပါတဲ့ blind bag
Blind bag တစ်ခုချင်းစီတိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ရနံ့တစ်ခုစီ ပုန်းကွယ်နေပါတယ်... ဘယ်ရနံ့လေးကများ ဗီးနက်စ်လေးကို ရွေးချယ်သွားမလဲ??

🌿 Stress Relief: ပင်ပန်းနွမ်းနယ်မှုတွေကြားမှာ စိတ်အေးချမ်းမှုကို ရှာဖွေဖို့ Floral Scent
🛀 Spa Day: ကိုယ်စိတ် ပြန်လည်လန်းဆန်းစေမယ့် Spa အထိအတွေ့ Citrus Scent
🌲 Forest Hug: သဘာဝတောအုပ်လေးရဲ့ နွေးထွေးအေးချမ်းတဲ့ Woody Scent
✨ THE ULTRA-RARE SECRET CHASER: ???? ✨

Blind Bag တွေကြားထဲမှာ တစ်ခါမှမထုတ်ဘူးသေးတဲ့ အထူးသီးသန့် Exclusive အဖြစ်ဆုံး လျှို့ဝှက်ရနံ့နဲ့ Solid Perfume လေးလည်း ပုန်းကွယ်နေပါတယ်။

ဒီ Secret Chaser နဲ့အတူ သူ့ရဲ့ Reveal Card လေးကို ပိုင်ဆိုင်မယ့် ကံထူးရှင်က ဘယ်သူဖြစ်မလဲ? 🌕🩶

လျှို့ဝှက်ရနံ့လေးကို ရှာဖွေလိုက်နော် 🔎🎁

ကိုယ် Care နေတဲ့ Skin က ကိုယ့်ကိုပြန်မ Care တဲ့အခါ 🥀😅Skincare ပစ္စည်းတွေအများကြီးဝယ်၊ Research တွေအသေအချာလုပ်ပြီး စနစ်တက...
29/03/2026

ကိုယ် Care နေတဲ့ Skin က ကိုယ့်ကိုပြန်မ Care တဲ့အခါ 🥀😅

Skincare ပစ္စည်းတွေအများကြီးဝယ်၊ Research တွေအသေအချာလုပ်ပြီး စနစ်တကျသုံးနေပါရဲ့နဲ့ ဘာလို့ ရလဒ်က ထင်သလောက်မကောင်းတာလဲဆိုတာ စဉ်းစားစရာပါပဲ။ ဒါဟာ တကယ်တော့ အခြေခံအကျဆုံး အချက်တွေကို ကျော်သွားမိလို့ ဖြစ်နိုင်ပါတယ်နော်။ ဒီနေ့မှာတော့ အရေးကြီးကြောင်း ခဏခဏကြားဖူးနေပေမယ့် ပေါ့လျော့မိကြတဲ့ အချက်လေးတွေ Venus ကမျှဝေပေးမယ်နော် ✨

🫩 အဆင့်တွေ အများလွန်းခြင်း: "ဆရာများ သားသေ" ဆိုသလိုပဲ Skincare Step တွေ အများကြီးလုပ်တာက အသားအရေကို ပိုပြီး Stress ရစေပါတယ်။ တစ်ခါတလေ နာမည်ကြီးနေလို့ဆိုပြီး ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေကို စမ်းသုံးမိတာကလည်း Skin Barrier ကို ပျက်စီးစေတဲ့ အဓိကအချက်ပါပဲ။

👉🏻သန့်စင်မှု အားနည်းခြင်း: "ဒီတစ်ခါတော့ Makeup မဖျက်ဘဲ အိပ်လိုက်လည်း ရပါတယ်လေ" ဆိုတဲ့ အတွေးက ချွေးပေါက်ပိတ်တာနဲ့ ဝက်ခြံတွေကို ဖိတ်ခေါ်လိုက်တာပါပဲ။

☀️ နေလောင်ကာကွယ်မှု မေ့လျော့ခြင်း: ဘယ်လောက်ကောင်းတဲ့ Skincare တွေသုံးသုံး Sunscreen သုံးဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ဗီးနက်စ်လေးရဲ့ အားထုတ်မှုတွေက အချည်းနှီး ဖြစ်သွားနိုင်ပါတယ်ရှင်။

🍔စားသောက်မှုပုံစံ: အသားအရေဟာ အတွင်းပိုင်းကျန်းမာရေးနဲ့လည်း ဆက်စပ်နေပါတယ်။ အချိုဓာတ်များလွန်းတာ ဒါမှမဟုတ် Inflammatory ဖြစ်စေတဲ့ အစားအသောက်တွေ (ဥပမာ- ဆီကြော်၊ အစပ်) ကို အလွန်အကျွံစားတာက အသားအရေကို ရောင်ရမ်းစေပြီး ပိုပြီး Hostile ဖြစ်လာစေပါတယ်။

🛌 ခေါင်းအုံးစွပ် မလဲခြင်း: ကိုယ့်မျက်နှာနဲ့ နေ့တိုင်းထိတွေ့နေတဲ့ ခေါင်းအုံးစွပ်တွေမှာ ပုန်းအောင်းနေတဲ့ ဖုန်မှုန့်နဲ့ ပိုးမွှားတွေကလည်း အသားအရေကို အလုပ်မလုပ်အောင် ဟန့်တားနေတတ်ပါတယ်နော်။

အလှအပဆိုတာ အပြင်ပန်းတင်မကဘဲ အတွင်းပိုင်းရော၊ အခြေခံအကျဆုံး အလေ့အကျင့်လေးတွေကိုပါ ဂရုစိုက်မှ ရရှိနိုင်တာပါ ဗီးနက်စ်လေးတို့ရေ။ 🥰✨

ဗီးနက်စ်လေးတို့ရော... အခုပြောပြတဲ့အချက်တွေထဲက ဘယ်အချက်ကို အမြဲမှားလုပ်မိနေလဲဟင်? ပြောပြပေးခဲ့ပါဦးနော်။ တခြား သိချင်တာရှိရင်လည်း Venus Skinlux က အမြဲဖြေပေးဖို့ အသင့်ရှိပါတယ်ရှင်။ ✨💖

Venus Skinlux ရဲ့ နွေစာလေးတစ်ခု 🌞 🧴🌿နွေအပူဒဏ်ကြောင့် အသားအရေ ခြောက်သွေ့တာ၊ နီမြန်းတာနဲ့ ကြည်လင်မှုမရှိတော့ဘဲ ညစ်နွမ်းသွာ...
28/03/2026

Venus Skinlux ရဲ့ နွေစာလေးတစ်ခု 🌞 🧴🌿

နွေအပူဒဏ်ကြောင့် အသားအရေ ခြောက်သွေ့တာ၊ နီမြန်းတာနဲ့ ကြည်လင်မှုမရှိတော့ဘဲ ညစ်နွမ်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အသားအရေကို ပြန်လည်လန်းဆန်းစေဖို့ Kombucha Serum က အကောင်းဆုံး "နွေစာ" လေးပါပဲ။

💦Serum ထဲမှာပါဝင်တဲ့ HA (Hyaluronic Acid) နဲ့ B5 တို့က နွေပူပူမှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အလွှာလိုက် ဖြည့်ဆည်းပေးပြီး အသားအရေကို စိုပြေနေစေမှာပါ။

☀️ Kombucha ရဲ့ အာနိသင်ကြောင့် ညစ်နွမ်းနေတဲ့ အသားအရေကို ပြန်လည်ကြည်လင်ဝင်းပလာစေလို့ နွေမှာလည်း Glow နေတဲ့ Skin လေးကို ပိုင်ဆိုင်နိုင်မှာပါ။

🌬️ အသားထဲကို စိမ့်ဝင်လွယ်ပြီး စေးကပ်မှုမရှိတဲ့အတွက် အခုလို ပူအိုက်တဲ့ ရာသီဥတုမှာ သုံးရတာ တကယ့်ကို သက်သောင့်သက်သာ ရှိစေပါတယ်။

နွေအပူဒဏ်ကြားမှာလည်း ဗီးနက်စ်လေးတို့ရဲ့ အသားအရေလေး ကြည်လင်အေးမြနေဖို့ ဒီ Kombucha Serum လေးကို Routine ထဲကို ခေါ်ထားလိုက်တော့နော်💖✨

Thank you so much our Miriam 💐🌸🛁💗for sharing details review on our selfcare products 💝
27/03/2026

Thank you so much our Miriam 💐🌸🛁💗for sharing details review on our selfcare products 💝

26/03/2026

Today popup store at Laik Pyar event 🌸🦋
Thank you each & every customers 💝

disclaimer: I claim that I do not own the rights to this music. All rights belong to the owner

ဗီးနက်စ်လေးတို့ရေ... ပူပြင်းလှတဲ့ နွေရာသီကြောင့် ရှိပြီးသား အကြည်ဓာတ်လေးလျော့ပြီး အသားအရေ ညစ်နွမ်းတာနဲ့ အမြဲ ချွေးစေးပြန...
23/03/2026

ဗီးနက်စ်လေးတို့ရေ... ပူပြင်းလှတဲ့ နွေရာသီကြောင့် ရှိပြီးသား အကြည်ဓာတ်လေးလျော့ပြီး အသားအရေ ညစ်နွမ်းတာနဲ့ အမြဲ ချွေးစေးပြန်နေတာမျိုး မဖြစ်ရအောင် Body Care Routine လေးကို ဒီလို ပြောင်းလဲကြည့်ရအောင်နော်။ ✨
☀️

နွေမှာလည်း အသားလေးအေးဖို့ 🌿

၁။ ချည်သားပွပွလေးတွေ ဝတ်ဆင်ပါ 👕
အခုလို ပူအိုက်တဲ့အချိန်မှာ ကျပ်ထုတ်နေတဲ့ အဝတ်အစားတွေထက် လေဝင်လေထွက်ကောင်းတဲ့ ချည်သား (Cotton) ပွပွလေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါမှ ချွေးပေါက်ပိတ်တာနဲ့ အသားအရေ ယားယံတာတွေကို သက်သာစေမှာပါရှင်။
၂။ ရေဓာတ်ကို အပြင်ကရော အတွင်းကပါ ဖြည့်တင်းပါ 💧
တစ်နေ့ကို ရေများများသောက်ပေးရုံတင်မကဘဲ ရေချိုးပြီးတိုင်း အသားအရေကို ရေဓာတ်ထိန်းပေးမယ့် ပစ္စည်းလေးတွေ သုံးပေးဖို့ လိုပါတယ်နော်။

၃။ အညစ်အကြေးတွေကို ပုံမှန်ဖယ်ရှားပါ ✨
ချွေးနဲ့ ဖုန်မှုန့်တွေကြောင့် ချွေးပေါက်ပိတ်ပြီး အသားအရေ Texture ပျက်စီးတာမျိုး မဖြစ်အောင် တစ်ပတ်ကို (၂) ကြိမ်ခန့် Body Scrub လုပ်ပေးသင့်ပါတယ်ရှင်။

နွေရာသီမှာ ဗီးနက်စ်လေးတို့ အတွက် အဆင်ပြေဆုံး Venus Skinlux Product လေးတွေကတော့:
🌿 Organic Shikakai Powder: အသားအရေကို သဘာဝအတိုင်း အေးမြသန့်စင်စေဖို့။
🧼 Natural Exfoliating Scrub: ချွေးပေါက်ထဲက အညစ်အကြေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးဖို့။
🌼 Solid Perfume : ချွေးထွက်များတဲ့ ရာသီဥတုမို့ အမြဲမွှေးနေဖို့ ✨
🧼 Natural Shampoo Bars: ဦးရေပြားကို လန်းဆန်းစေပြီး ဆံသားကို သဘာဝအတိုင်း သန့်စင်ပေးဖို့။

နွေအပူဒဏ်ကြားမှာလည်း 𝐕𝐞𝐧𝐮𝐬 𝐒𝐤𝐢𝐧𝐥𝐮𝐱 နဲ့အတူ အမြဲအေးမြကြည်လင်နေပါစေ ဗီးနက်စ်လေးတို့ရေ 💖✨

So much light in these radiant smiles! 💖We're celebrating World Down Syndrome Day 💝( photo permission from these beautif...
21/03/2026

So much light in these radiant smiles! 💖
We're celebrating World Down Syndrome Day 💝
( photo permission from these beautiful ladies. )

Thank you for letting us share your joy!

Address

တေးနုယဉ်လမ်း
Yangon
11061,11062,11063

Telephone

+9595114849

Website

http://forms.gle/jf99ScVWRRDurC7E7, http://fb.me/venusskinlux

Alerts

Be the first to know and let us send you an email when Venus Skinlux posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Venus Skinlux:

Share