04/12/2024
✴️✴️အသိပေးကြေငြာခြင်း ✴️✴️
ဘကြီးဆရာတိုင်းရင်းဆေးဝါးများကို အရည်အသွေးပြည့်မီစွာ ဈေးနှုန်းမပြောင်းလဲပဲရောင်းချလာခဲ့ သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
ယခုအခါ ထပ်မံ၍မြင့်တက်လာနေသောဈေးနှုန်းများ၊ ကုန်ကြမ်းအချို့ပြတ်လတ်မှု့များအပြင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် လက်ရှိကိုယ်စားလှယ်ဆိုင်များတွင် ကျန်ရှိသောဆေးများမှအပ ထပ်မံရောင်းချခြင်းကို 'လအနည်းငယ်ခန့် ရပ်ဆိုင်းထားမည်' ဖြစ်ကြောင်း ဘကြီးဆရာတိုင်းရင်းဆေးဝါး များကိုစဉ်ဆက်မပြတ်အားပေးကြသော မိဘပြည်သူများအား အသိပေး အကြောင်းကြားပါရစေရှင်။ 🙏🏼
ယခင်အတိုင်းမပြောင်းလဲသော အရည်အသွေး၊ ပိုမိုကောင်းမွန်သော ထုတ်ပိုးမှု့နှင့် ဆန်းသစ်သောအသွင်ပြင် သင့်တင့်သောဈေးနှုန်းတို့ဖြင့်ပြန်လည်ရောင်းချပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျှက်ရှိကြောင်းကိုလည်း ထပ်လောင်းအသိပေးပါရစေရှင်...... 🍀
ဘကြီးဆရာတိုင်းရင်းဆေးများကို သတိတရနဲ့ ယုံကြည်အားထားပြီး အမြဲအားပေးကြသော သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီကိုလဲ ကျေးဇူးများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏