Yan Min Aung

Yan Min Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Min Aung, Astrologist & Psychic, Yangon.

လောကဓံတရား (၈) ပါး
29/12/2025

လောကဓံတရား (၈) ပါး

29/12/2025

✿ အမှတ်မလွတ်နှင့်
════════
ကမ္မဋ္ဌာန်းသမား၏တာဝန်ကား
မှတ်ချက်ယူရန်သာတည်း။
ကမ္မဋ္ဌာန်းသမား၏ ခံစားခွင့်ကား
အမှတ်မိ၍ သိ,သိနေခြင်းတည်း။
တရားသူကြီးသည် အမှုဖြစ်ရန် လှုံ့ဆော်သူမဟုတ်၊ တစ်ဖက်သား ထိခိုက်နစ်နာစေရန် လုပ်ကြံနေသူလည်း မဟုတ်၊ ရာထူးမြဲရန် ဖန်တီးနေ သူလည်း မဟုတ်။
စင်စစ် ...၊
ပေါ်ပေါက်လာသောအမှုနှင့် အမှုလက်သည်ကိုသိရန်၊ အမှု ဖြစ်ပွားခဲ့ပုံ၊ အမှုသွားအမှုလာကို လေ့လာရန်၊ အမှုသည်တရားခံကို တစ်ဖက်တရားလိုကာယကံရှင်၏နစ်နာမှုတန်ဖိုးသို့လိုက်၍ လည်းကောင်း၊ အမှုသည်၏ ဖြစ်ပွားခဲ့မှုစေတနာသို့လိုက်၍ လည်းကောင်း ထိုနှစ်ခု တစ်ခုခုသို့ အခြေတည်ကာ ဥပဒေကြောင်းကို ပြောပြရန်မျှသာ။ယနေ့ ထောင်ကျနေသော တရားခံမှန်သမျှ တရားသူကြီးချ၍ကား မဟုတ်ပြီ။
အထက်ပါ လောကီထုပ္ပတ် လူတို့ဇာတ်ကို ရိပ်မိနေချေသော် ကမ္မဋ္ဌာန်းသမားမည်သည်တရားရှာဖွေနေသူလည်းမဟုတ်၊ လုပ်ကြံဖန်တီး နေခြင်းလည်းမဟုတ် ဆိုသည်ကို သတိရလာစေ၏။ ကမ္မဋ္ဌာန်းသမား မည်သည် ပေါ်သောအမှုရှု၍ ပေါ်ပုံကို ရိပ်မိစေခြင်းမျှသာတည်း။
တရားကား သဘောမျှသာဟူသော သဘာဝတည်း။ ဓမ္မတာများကို ဆို၏။ ထိုသဘောကို ရိပ်မိဉာဏ်ဝင်ဆန့်လာစေရန် သတိဖြင့်မှတ်ရာပေး၊ ထိုမှတ်ရာအတိုင်း အောက်မေ့အမှတ်ရနေလျှင် ကမ္မဋ္ဌာန်းသမား တာဝန် ကျေပွန်ပြီ၊ အပြသမားကား သဘာဝ၏ တာဝန်သာဖြစ်ပြီး သင်ကား အကြည့်သမားသက်သက်တည်း။
ဤ၌အမှတ်ရမှုဟူသည် ပွဲကြည့်စဉ်က ထားရှိသော သတိမျိုးသို့ မှတ်ခဲ့၊ အောက်မေ့မှုဟူသည် ပွဲပြန်မှ နောက်တစ်ဖန် ပြန်အမှတ်ရနေသော သတိမျိုးသို့ မှတ်ခဲ့။ ပညတ်သမားရှေ့၌ ပညတ်စကားပြော၍ ရှင်းလင်းနေ ရသည်မှာ စကားသာရှည်လျားပြီး စကားသာ လက်ဝင်၏။ အသားပါဖို့ကား ခက်ခဲလှချေ၏။
အကယ်တိ ...၊
ပရမတ်သမားရှေ့၊ ပရမတ်နားကို ပညတ်စကားဖြင့်ပင် သွားပြောက အမှတ်မလွတ်နှင့် ဟူသည့် ပညတ်စကားတစ်လုံးတည်းဖြင့်ပင် အားလုံးပြီးစီးကြောင်း အာမခံလို၏။
#မဟာဗောဓိမြိုင်ဆရာတော် #နယသင်္ခေပကထာ
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည် #သြ၀ါဒ_၁၀၀_၅

Send a message to learn more

29/12/2025

✿ သတိအင်အား၏ စွမ်းပကား
════════════
သတိကား မှတ်ရုံဆိုသည်ကို ပြဆိုခဲ့ပြီးဖြစ်၏။
ထိုမှတ်ရုံဆိုသော စကားထဲ၌ စိတ်ပွား,ပွားခြင်း၊
အောက်မေ့ဆင်ခြင်ခြင်းလည်း ပါဝင်၏။
တစ်ဖန်-
စေ့စပ်ခြင်း၊ စူးစိုက်ခြင်းနှစ်ပါးလည်း အပါ အဝင်ပင် ဖြစ်ချေ၏။
ဆိုပါစို့ - ပွဲကြည့်နေစဉ်တုန်းအခါက သင်သည် ပွဲခင်း၏ဇာတ်ခုံနှင့် သင့်မျက်ခွက်တည်တည်ထားပေးကာ ကြည့်နေရုံမျှဖြင့် မှတ်ခြင်း၊ အမှတ်မိနေခြင်း၊ မလွတ်တမ်းစေ့စပ်သေချာခြင်း၊ အစ-အဆုံးလေ့လာနေခြင်း ထိုလေးမျိုးပါဝင်နေပြီး ဖြစ်သည်ကို သတိပြုသင့်၏။
ထိုလေးမျိုးပါဝင်နေချေရာ ပေါ်ရာအာရုံ၌ သတိအမှတ်စဉ်တင်ထား ပေးရုံမျှဖြင့် -
၁။ မိမိစိတ် မိမိပိုင်ဆိုင်ပြီး ဖြစ်နေတော့၏။ တမင်ချုပ်တည်းစရာ မလိုပြီ။
၂။ ကိလေသာအားလုံးကိုလည်း ပယ်ပြီးဖြစ်တော့၏။ တမင်သတ်ပုတ်နေစရာ မလိုပြီ။
၃။ သိစရာကိစ္စကိုလည်း သိပြီးဖြစ်နေ၏။ တမင်ရှာဖွေနေစရာမလိုပြီ။
သို့ကြောင့် သတိသည် တစ်ချက်ခုတ် သုံးချက်ပြတ်စေသော စွမ်းပကားရှင်တည်း။
၁။ ဆိုကြပါစို့ သင်သည် နှာသီးဝရှုကွက်သို့ သတိတင်ထားပြီး လေ၏နှာဖျားနှာဝသို့ တိုက်ခတ်၍ ဝင်လာနေသည်ကို ဝင်သည်ဟု စိတ်ပွားမှတ်ချက် တစ်ချက်ပေးလိုက်သည်နှင့် ဝင်မှန်းသိသိသော အသိသည် ဘွားကနဲပေါ်စေ၏။ သို့ကြောင့် တစ်ချက်မှတ် တစ်ချက်ပင် မိမိစိတ်အပိုင်ရနေကြောင်း သိသာ၏။ ထိုဝင်မှန်းသိလိုက်သောအသိ၌ ငါဟူ၍လည်းကောင်း၊ လေဟူ၍လည်းကောင်း၊ ငါကပင် ငါ့နှာခေါင်းပေါက်မှ လေကို ရှူသွင်းလိုက်သည် ဟူ၍လည်းကောင်း ထိုအသိမျိုးမတိုးသာပြီ။
သို့ကြောင် ငါ၊ ငါ့ပစ္စည်း၊ ငါပိုင်သည်ဟူသော မာန၊ တဏှာ၊ ဒိဋ္ဌိတို့လက်မှ မိမိအသိလွတ်ခဲ့၍ မိမိ၏လက်တွင်း လည်စင်းခံပေးနေတော့လေရာ ယင်းဝင်မှန်းသိကား အပိုင်သိတည်း။
၂။ တစ်ဖန်-ထိုသို့တစ်ချက်မှတ်လိုက်စဉ်အတွင်း ခံအောင့်မေ့မှု သတိအားကြောင့် လှုပ်သွားသည်၊ အေးသွားသည်၊ နွေးသွားသည် စသည် အသိ တစ်မျိုးလည်း နောက်တိုးကပ်၍ နောက်တိုးကပ်၍ ပါပြန် ပါပြန်သေး၏။ ထိုအသိကား သိစရာရှိရာ သိ-သိပေးနေခြင်း မည်၏။ သို့ကြောင့် တစ်ချက်မှတ်၊ တစ်ချက်ပင်သိရမည့်ကိစ္စ သိသိနေပါကြောင်း ထင်ရှား၏။ ထိုလှုပ်သိ၊ အေးသိ စသည် သိသိနေသောအသိ၌ ငရုတ်သီးစားကြည့်သော ကမ္မဋ္ဌာန်းသမားသည် ငရုတ်သီး၏ စပ်မှန်းသိ (သာမန်သိ) မှု၊ စပ်နေပုံအခြင်းအရာထိ သိရှိလာသော် ငရုတ်သီးစားရင်းက ထိုင်သောကမ္မဋ္ဌာန်းကိစ္စ ပြီးစီးရဘိသို့ ဤလေနှင့် နှာဝတို့တိုက်ရာ၌လည်း ဝင်မှန်းသိမှ ဝင်နေပုံ အခြင်းအရာသိသို့ ခရီးဆက်လာသော် လေကိုရှုလျက်က ကြည့်သော ကမ္မဋ္ဌာန်းသမား၏ သိစရာကိစ္စ ပြီးစီးနေပြီးသား ဖြစ်တော့၏။
၃။ တစ်ဖန်-ထိုသို့တစ်ချက်မှတ်လိုက်စဉ် စိတ်သည်လေ၏ တိုးဝှေ့တိုက်ခိုက်နေပုံ အခြင်းအရာ၌သာ ဝင်စားနေခိုက်ဖြစ်သဖြင့် အာရုံသစ်များ နောက်ဆီသို့ မလိုက်ပါမိခြင်း၊ အာရုံဟောင်းများကိုလည်း ဖော်လှန်လျက် က စားမြုံ့မပြန်မိခြင်းများ အကျိုးဖြစ်ထွန်းလာရာ ပယ်ရမည်ကိလေသာများကိုလည်း လျှပ်တစ်ပျက် ပယ်ရှောင်ပယ်အားဖြင့် ပယ်ပြီးသားပင် ဖြစ် နေချေတော့၏။
သို့ကြောင့် သင့်သတိတစ်ချက်၏ စွမ်းပကားနည်းသည်ဟု မဆိုသာပြီ။
က။ အားယူစကမ္မဋ္ဌာန်းသမား၏ မှတ်ချက်တစ်ချက်သည်
တစ်ကျပ်တန် ငွေသားကောက်ရသည်ပမာရှိ၏။
ခ။ မလှုပ်မယှက် သမာဓိဘက်သို့ တက်မိလာသောသူ၏
မှတ်ချက်တစ်ချက်သည်ကား တစ်ဆယ်တန်မျှ တန်ဖိုးရှိ၏။
ဂ။ မဂ်သို့ကျပြီးသူ၏ လက်ဝယ်ရှိ မှတ်ချက်တစ်ချက်ကား
တစ်ရာမျှပင် တန်ကြေးထိုက်၏။
တစ်ကျပ်တန်ဆယ်ကြိမ်ကောက်က တစ်ဆယ်အလိုလိုဖြစ်၏။
၄င်းနည်းအတူ တစ်ဆယ်တန်ဆယ်ကြိမ်ယူကလည်း
တစ်ရာအလိုလိုဖြစ်သည်ကို သတိပြု။
#မဟာဗောဓိမြိုင်ဆရာတော် #နယသင်္ခေပကထာ
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည် #သြ၀ါဒ_၁၀၀_၆

Send a message to learn more

29/12/2025

✿ အမှတ်မလွတ်နှင့်
════════
ကမ္မဋ္ဌာန်းသမား၏တာဝန်ကား မှတ်ချက်ယူရန်သာတည်း။
ကမ္မဋ္ဌာန်းသမား၏ ခံစားခွင့်ကား အမှတ်မိ၍ သိ,သိနေခြင်းတည်း။
တရားသူကြီးသည် အမှုဖြစ်ရန် လှုံ့ဆော်သူမဟုတ်၊ တစ်ဖက်သား ထိခိုက်နစ်နာစေရန် လုပ်ကြံနေသူလည်း မဟုတ်၊ ရာထူးမြဲရန် ဖန်တီးနေ သူလည်း မဟုတ်။
စင်စစ် ...၊
ပေါ်ပေါက်လာသောအမှုနှင့် အမှုလက်သည်ကိုသိရန်၊ အမှု ဖြစ်ပွားခဲ့ပုံ၊ အမှုသွားအမှုလာကို လေ့လာရန်၊ အမှုသည်တရားခံကို တစ်ဖက်တရားလိုကာယကံရှင်၏နစ်နာမှုတန်ဖိုးသို့လိုက်၍ လည်းကောင်း၊ အမှုသည်၏ ဖြစ်ပွားခဲ့မှုစေတနာသို့လိုက်၍ လည်းကောင်း ထိုနှစ်ခု တစ်ခုခုသို့ အခြေတည်ကာ ဥပဒေကြောင်းကို ပြောပြရန်မျှသာ။ယနေ့ ထောင်ကျနေသော တရားခံမှန်သမျှ တရားသူကြီးချ၍ကား မဟုတ်ပြီ။
အထက်ပါ လောကီထုပ္ပတ် လူတို့ဇာတ်ကို ရိပ်မိနေချေသော် ကမ္မဋ္ဌာန်းသမားမည်သည်တရားရှာဖွေနေသူလည်းမဟုတ်၊ လုပ်ကြံဖန်တီး နေခြင်းလည်းမဟုတ် ဆိုသည်ကို သတိရလာစေ၏။ ကမ္မဋ္ဌာန်းသမား မည်သည် ပေါ်သောအမှုရှု၍ ပေါ်ပုံကို ရိပ်မိစေခြင်းမျှသာတည်း။
တရားကား သဘောမျှသာဟူသော သဘာဝတည်း။ ဓမ္မတာများကို ဆို၏။ ထိုသဘောကို ရိပ်မိဉာဏ်ဝင်ဆန့်လာစေရန် သတိဖြင့်မှတ်ရာပေး၊ ထိုမှတ်ရာအတိုင်း အောက်မေ့အမှတ်ရနေလျှင် ကမ္မဋ္ဌာန်းသမား တာဝန် ကျေပွန်ပြီ၊ အပြသမားကား သဘာဝ၏ တာဝန်သာဖြစ်ပြီး သင်ကား အကြည့်သမားသက်သက်တည်း။
ဤ၌အမှတ်ရမှုဟူသည် ပွဲကြည့်စဉ်က ထားရှိသော သတိမျိုးသို့ မှတ်ခဲ့၊ အောက်မေ့မှုဟူသည် ပွဲပြန်မှ နောက်တစ်ဖန် ပြန်အမှတ်ရနေသော သတိမျိုးသို့ မှတ်ခဲ့။ ပညတ်သမားရှေ့၌ ပညတ်စကားပြော၍ ရှင်းလင်းနေ ရသည်မှာ စကားသာရှည်လျားပြီး စကားသာ လက်ဝင်၏။ အသားပါဖို့ကား ခက်ခဲလှချေ၏။
အကယ်တိ ...၊
ပရမတ်သမားရှေ့၊ ပရမတ်နားကို ပညတ်စကားဖြင့်ပင် သွားပြောက အမှတ်မလွတ်နှင့် ဟူသည့် ပညတ်စကားတစ်လုံးတည်းဖြင့်ပင် အားလုံးပြီးစီးကြောင်း အာမခံလို၏။

#မဟာဗောဓိမြိုင်ဆရာတော် #နယသင်္ခေပကထာ
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည် #သြ၀ါဒ_၁၀၀_၅

Send a message to learn more

29/12/2025

✿ နည်းလမ်းသည် သွားလမ်း၏ ခရီးသွားမြေပုံ
═══════════════════
❖ လမ်းသည်လည်း မဂ္ဂင်ဟူသော အမည်ခံဖြင့်
သာသနာတွင်းဝယ် ထင်လင်းစွာ တည်ရှိနေပါ၏ ။
❖ စခန်းသည်လည်း ဥာဏ်စဉ်ဟူသော သဘာဝဖြင့်
ထင်ရှားလျက်သာ ရှိပါချေ၏ ။
❖ နန်းသည်လည်း အအေးဓာတ် ၊ အငြိမ်းဓာတ်အားဖြင့်လည်းကောင်း ၊ ခံစားခွင့်ရသူတိုင်းက ဖောက်သည်ချသဖြင့်လည်းကောင်း
တိတိပပကြီး ပေါ်လွင်ထင်ရှား၍ နေပါချေသေး၏ ။
ထိုနန်းသို့ ထိုလမ်း ၊ ထိုစခန်းမှ သွားကြရာတွင်
သွားနည်းခေါ် စုရပ်များကား သုံးဆယ့်ရှစ်မျိုးတည်း။
ထိုထိုသွားနည်း - မည်သည့်နည်းဖြင့် သွားသွား
နန်းဝင်ကား တစ်ခုတည်း ၊ တစ်ကြောင်းတည်းသာတည်း။
သင်ကား ဘဝသမုဒယ ၊ ကာမဒုက္ခ ၊ ကာမသမုဒယ ၊ ဘဝဒုက္ခ တို့မှ လွတ်မြောက်လိုပြီလော ၊ သို့တည်းမဟုတ် ဆက်နေလိုသေး သလော၊
သင့်ကိုယ်သင် မေးကြည့်သင့်ပြီ။
အကယ်တိတိ
လွတ်မြောက်လိုပါပြီဟူ၍ သင်သည် သင့်ထံမှ
အတွင်းကျကျ အဖြေမှန်ရချေသော်
သင့်လက်ထဲရှိ ဘဝနှင့် အချိန်အခါသည်
လမ်းဖွင့်ပေးသောအလား -
❖ ဘဝကလည်း အရာရာ အမှန်သိ သိစေသော လူ့ဘဝ ...၊
❖ သာသနာကလည်း လွတ်မြောက်ရာလမ်းကိုသာ ပြတတ်သော
နိယျာနိက သာသနာနှင့် ပွင့်ရာအချိန်အခါ ...
သည်ဘဝ, သည်အခါမျိုးမှာမှ - သင်မသွားဖြစ်ခဲ့သော်
လမ်းအပြစ်ကား မဟုတ်တော့ပြီ။
#မဟာဗောဓိမြိုင်ဆရာတော် #နယသင်္ခေပကထာ
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည် #သြ၀ါဒ_၁၀၀_၇

Send a message to learn more

Think ...
29/12/2025

Think ...

29/12/2025

အသိဉာဏ်နည်းခြင်းနှင့်ကြီးခြင်း၏အကြောင်းကံ
တချို့လူက တတ်သိနားလည်တဲ့သူထံ ချဉ်းကပ်ပြီး မမေးတတ်ဘူး။မသိနားမလည်တာကိုမေးသင့်တာပဲ။ မသိမေး မစင်ဆေး ဆိုတဲ့ မြန်မာစကားပုံအရ မသိရင် မေးသင့်တာပဲ။ဒါပေမယ့် တချို့လူက မမေးမြန်းခြင်းမရှိဘဲ ပုံတော်သလို နေနေတယ်။ အဲဒါဟာပြုသင့်တဲ့ကျင့်ဝတ် ချွတ်ယွင်းနေတာပဲ။ လောကမှာစီးပွားရေးရာနှင့်စပ်ပြီးမသိနားမလည်တာကို သိနားလည်အောင် မေးရတယ်။သင်ကြားသင့်တာ ဆိုရင်လည်း သင်ကြားလေ့လာရတယ်။အဲဒီလို မေးသင့်တာမေးပြီးတော့ သင်ကြားလေ့လာသင့်တာကို လေ့လာပါမှ တတ်သိနားလည်ပြီး စီးပွားဖြစ်အောင် လုပ်ကိုင်နိုင်တယ်။အဲဒါလိုပဲသံသရာရေးနှင့်စပ်ပြီးတော့လည်း မသိနားမလည်တာကိုမေးသင့်တာပဲ။ ကုသိုလ်ဆိုတာ ဘယ်လိုဟာလဲ။ဘယ်လိုဟာကို ကုသိုလ်ခေါ်ပါသလဲ။အကုသိုလ်ဆိုတာဟာ ဘယ်လို ဟာလဲ။ဘယ်လိုဟာကို အကုသိုလ်လို့ခေါ်ပါသလဲ။ ဘယ်လိုအမှုက အပြစ်ရှိပါသလဲ။ဘယ်လိုအမှုကအပြစ် ကင်းပါသလဲ။ဘယ်လိုဟာကို မှီဝဲသင့် ပြုလုပ်သင့်ပါ သလဲ။ဘယ်လိုဟာကို မမှီဝဲသင့် ရှောင်သင့်ပါသလဲ။ ဘယ်လိုအမှုကိုပြုရင် ရှည်စွာသောကာလပတ်လုံး အကျိုးမဲ့ဆင်းရဲကိုဖြစ်ပါသလဲ။ဘယ်လိုအမှုပြုရင်တော့ အကျိုးများဖို့ ချမ်းသာဖို့ဖြစ်ပါသလဲလို့ မေးသင့်တယ်။
ဒါပေမယ့် အသိအလိမ္မာပညာဘက်မှာ စိတ်မဝင်စားတဲ့ သူက အဲဒီလိုစုံးစမ်းမေးမြန်းခြင်းမပြုဘဲ မိမွေးတိုင်း ဘမွေးတိုင်း ပုံတော်သလိုနေနေတယ်တဲ့။အဲဒီလို မမေးတော့ မသိရဘူး။မသိတော့ မတော်မသင့်တာ တွေလည်း ပြုမိတာပေါ့။ဒါကြောင့်အဲဒီလို ကုသိုလ်ရေးနဲ့စပ်ပြီး မမေးမြန်းမလေ့လာတဲ့သူဟာ မတော်တာကိုပြုမိတဲ့အတွက် သေပြီးတဲ့အခါ အပါယ်ငရဲကိုကျရောက်တတ်တယ်။လူ့ဘဝရောက် လာလည်း ကုသိုလ်ပညာရေးဘက်မှာ မမေးမြန်းမလေ့လာခဲ့သောကြောင့် အသိဉာဏ်ကင်း မဲ့တဲ့ လူဗာလံ လူမိုက်ဖြစ်တတ်ပါတယ်တဲ့။
မသိ နားမလည်တာကို မေးမြန်းစုံစမ်းရင် သင်ကြားလေ့လာရင်တော့ တတ်သိနားလည်တယ်။ တတ်သိနားလည်တဲ့အလျောက် မတော်မသင့်တာကို မပြုဘူး။သင့်တော့်တဲ့အမှုကိုသာပြုတယ်။ဒါကြောင့် သေပြီးတဲ့အခါ နတ်ရွာသုဂတိကို ရောက်ရတယ်။ လူဖြစ်လာရင်လည်း ရှေးကအသိလိမ္မာပညာဘက်မှာ မေးမြန်း သင်ကြားလေ့လာခဲ့သောကြောင့် ဉာဏ်ပညာ ကြီးသူ ဉာဏ်ပညာထက်သူဖြစ်ပါတယ်တဲ့။
မေးမြန်းရင် ဉာဏ်ကြီးတယ်တဲ့။ဘယ်လိုမေးရမလဲဆို တော့ ကုသိုလ်ဟာ ဘယ်ဟာလဲ။ဘယ်ဟာက ကုသိုလ်လဲ စသည်ဖြင့်မေးဖို့ပါပဲ။ကုသိုလ်ဆိုတာ ကောင်းတဲ့တရားပဲ။အနဝဇ္ဇလို့ဆိုရတဲ့ အပြစ်ကင်းတဲ့ တရားပဲ။သေဝိတဗ္ဗလို့ဆိုရတဲ့ မှီဝဲသင့်တဲ့တရားပဲ။မှီဝဲ သင့်ရင် ပြုလုပ်သင့်တာပဲ။ အဲဒီကုသိုလ်တရားကိုပြု လုပ်ရင် ယခုမျက်မှောက်မှာရော နောင်သံသရာတစ်လျှောက်လုံးမှာရော အကျိုးများဖို့ ချမ်းသာသွားဖို့ဖြစ်တယ်။အကုသိုလ်ဆိုတာတော့ မကောင်းတဲ့တရား မကောင်းကျိုးပေးတတ်လို့ အပြစ်ရှိတဲ့တရား မမှီဝဲသင့် မပြုသင့်တဲ့တရားဘဲ။ပြုလို့ ရှိရင် ယခု မျက်မှောက်မှာရော နောက်သံသရာတစ်လျှောက်လုံးမှာရော အပါယ်ငရဲ စသည်ကိုကျရောက်ပြီး အကျိုးမဲ့ဖြစ်စေတဲ့တရားဆိုး ဆင်းရဲဒုက္ခရောက်စေတတ်တဲ့တရားဆိုးပဲ။အဲဒီ ကုသိုလ်နဲ့ အကုသိုလ်ကိုခွဲခြားပြီး သိနားလည် ထားဖို့လိုပါတယ်။
အကုသိုလ်ဆိုတာ အကျဉ်းချုပ်အားဖြင့် ဒုစရိုက် ၁၀ပါး ပါပဲ။ကုသိုလ်ဆိုတာ အကျဉ်းချုပ်အားဖြင့် သုစရိုက် ၁၀ပါး ပါပဲ။တစ်နည်းအားဖြင့်ကုသိုလ်ဆိုတာ ဒါန သီလ ဘာဝနာ ဒီသုံးပါးပါပဲ။ဒါနဆိုတာအများက သိနားလည်ပြီးဖြစ်နေလို့ ပြောစရာမလိုပါဘူး။ သီလဆိုတာ မတော်မသင့်ပြုတဲ့ ပြောတဲ့ ကိုယ်အမှု နှုတ်အမှုမှ ကြဉ်ရှောင်ခြင်းပါပဲ။သရုပ်အားဖြင့်ဖော်ပြ ရလျှင် ကာယဒုစရိုက် ၃ ပါး ဝစီဒုစရိုက် ၄ ပါးတို့မှ ကြဉ်ရှောင်ဖို့ပါပဲ။ဘာဝနာဆိုတာကတော့ စိတ်တည်ငြိမ် အောင်အားထုတ်ရတဲ့ သမထဘာဝနာနဲ့ သစ္စာလေးပါး အမှန်တရားသိအောင်အားထုတ်ရတဲ့ ဝိပဿနာဘာဝ နာလို့ ၂မျိုးရှိတယ်။
ဗြဟ္မဝိဟာရ တရားတော်
မဟာစည်ဆရာတော်ဘုရားကြီး

Send a message to learn more

29/12/2025

◾"ဉာဏ်ပညာ"ကို(၃)မျိုး ခွဲ၍ဆိုကြ၏။
▪️"သုတမယဉာဏ်"ဆိုသည်မှာ-
"ကြားနာမှတ်သားထားသော အမြင်ဉာဏ်"ကို
ခေါ်သည်။
▪️"စိန္တာမယဉာဏ်"ဆိုသည်မှာ-
"ဆင်ခြင်ဉာဏ်"(ဝါ)
"ဦးနှောက်ဖြင့် ဝေဖန်ချင့်ချိန်၍ ရသောဉာဏ်"ကို
ခေါ်သည်။
▪️"ဘာဝနာမယဉာဏ်"ဆိုသည်မှာ-
"စိတ်မျက်စိ ဖြင့် ထင်ထင်ရှားရှားကြီး
သိမြင်ရသော ဉာဏ်"ကို ခေါ်သည်။
◾"သုတမယပညာ"ဆိုသည်မှာ-
"သုတ"သည်"ကြားနာခြင်း"အနက်ရှိ၍
သူတစ်ပါး ပြောစကားကို
ကြားနာမိခြင်းဖြစ်သည်။
"စာဖတ်ခြင်း၊ တရားနာခြင်း"တို့မှ
သိရှိမှတ်သားရသော "ပညာ"ဖြစ်သည်။
"သူတစ်ပါးရရှိသည့် အသိဉာဏ်"ကို
"မိမိပိုင်အဖြစ် လက်ခံထားသော အသိဉာဏ်"မျိုးဖြစ်သည်။
ထိုသို့ လက်ခံခြင်း သည်-
"မသိမှု"(အဝိဇ္ဇာ)ကြောင့် ဖြစ်နိုင်၏။
ဥပမာ-
"အယူဝါဒ"တစ်ခုခုကို-
"အမှန်တရား"အဖြစ် ယုံကြည်ကြသော
လူ့အသိုက်အဝန်းတစ်ခု တွင် မွေးဖွားသူသည်-
ထို"အယူ"ကိုပင် ဝေဖန်စစ်ကြောခြင်း မပြုမူ၍
အလိုအလျောက် လက်ခံလေ့ ရှိ၏။
▪️"လက်ခံယုံကြည်မှု"သည်-
"လောဘ စေ့ဆော်မှု"ကြောင့်လည်း ဖြစ်နိုင်၏။
ထို အသိုက်အဝန်းတွင်-
ဩဇာ ရှိသော"ခေါင်းဆောင်ပုဂ္ဂိုလ်"တို့က
နောက်လိုက် တို့အား
မက်လုံးကြီးကြီး ပေးထားကြ၏။
"ရိုးရာကိုးကွယ်မှု"ကို "ကိုးကွယ်သူ"တို့သည်
နောင်ဘဝတွင်-
"ကောင်းကင်ဘုံ"ဆိုသည်မှာ၊
"သုခ အတိဘုံ"ခေါ် "ထူးဆန်းသည့်
ပျော်ရွှင်ချမ်းသာမှုကို စံစားရသော ဘုံဘဝ"ဟူ၍
ဟောပြောထားကြ၏။
▪️ထို့ပြင်လည်း "အယူဝါဒတစ်ခု"ကို
"လက်ခံယုံကြည်ခြင်း"သည်
"အကြောက်တရား"ကို အခြေခံ၍လည်း
ဖြစ်နိုင်၏။
"အယူဝါဒ ဆရာ"တို့သည် လူထုစိတ်မှာ
မတင်မကျဖြစ်နေကြသည် ကို တွေ့ရလျှင်-
"ရိုးရာအယူမှ သွေဖည်သူတို့အဖို့
ငရဲကျလိမ့်မည်"ဟူ၍ "တမလွန်ဘဝ" တွင်
ကြောက်ကြစမြဲဖြစ်လေရာ မယုံတစ်ဝက်နှင့်ပင်
ထိုသူ တို့သည် ကြိတ်မှိတ်ပြီး
ယုံလိုက် ရလေသည်။
"အယူဝါဒတစ်ခု"ကို-
▪️မသိနားမလည်၍ပင်၊
လက်ခံယုံကြည်သည်ဖြစ်စေ၊
▪️လောဘတိုက်တွန်း၍၊
ယုံကြည်သည်ဖြစ်စေ၊
▪️ကြောက်၍၊
ယုံကြည်သည်ဖြစ်စေ၊
"သူတစ်ပါး ဟောပြောတိုက်တွန်းခြင်းကြောင့်
လက်ခံယုံကြည်ခြင်း"ဆိုသည်မှာ-
မိမိ"ပင်ကို အသိဉာဏ်ဖြင့် ယုံကြည်ခြင်း"
မဟုတ်ဘဲ၊
▪️တစ်ဆင့်စကားဖြင့် ယုံကြည်ခြင်း၊ (တစ်နည်းအားဖြင့်)
▪️"သူတစ်ပါး၏ ပညာကို အငှားယုံကြည်ခြင်း"
မျှသာဖြစ်လေသည်။
◾"ဒုတိယအမျိုးအစားပညာ"သည်ကား-
ဆင်ခြင်တွေးဆပြီး ယုံကြည်သော
အမှန်တရား ဖြစ်သည်။
အယူဝါဒတစ် ရပ်ကို-
-ဖတ်ရှုခြင်းကြောင့်ဖြစ်စေ၊
-ကြားနာခြင်း ကြောင့်ဖြစ်စေ၊
မိမိ တွေးခေါ်စိစစ်မှု အရ-
အကြောင်းယုတ္တိတန်သည်၊
အကျိုးဖြစ်ဖွယ်ရှိသည်၊
လက်တွေ့ကျသည်-ဟူ၍
စိတ်တွင်ကျေနပ်လျှင် တွေးကြံမှုအဆင့်၌
"အမှန်တရားဖြစ်သည်"ဟု မှတ်ယူ၏။
ထို့သို့စဉ်းစား၍ ဆုံးဖြတ်သော၊
"အမှန်တရား"ဆိုသည်မှာလည်း-
မိမိကိုယ်တိုင် "ဒိဌဓမ္မ သိရသောဉာဏ်"မဟုတ်၊
သူတစ်ပါးထံမှ ကြားသိရချက် ပေါ်တွင်
"ဆင်ခြင်ဉာဏ် ဖြင့်ဝေဖန်ပြီးလက်ခံထားသော
ပညာ"သာလျှင်ဖြစ်ပေသည်။
◾"တတိယအမျိုးအစားပညာ"သည်ကား-
▪️ကိုယ်တွေ့သိရသောအမှန်တရား၊
▪️"နဖူးတွေ့ဒူးတွေ့" သိရသော အမှန်တရား၊
▪️ကိုယ်တိုင်မျက်မှောက်ပြုရသော တရားမျိုး
ဖြစ်သည်။
ဤ"အမှန်တရား"ကို၊
"မျက်ဝါးထင်ထင်သိမြင်သူ"သည်
"ကိုယ်ပိုင် ပညာကို ရရှိသူ"ဖြစ်၏။
မိမိ ဘဝတစ်ခုလုံး အပြောင်းလဲကြီး
ပြောင်းလဲစေသော အသိဉာဏ်ဖြစ်၏။
စိတ်၏ အနေအထား လုံးလုံးကြီး
ပြောင်းလဲသွားစေသော"ပညာ"ဖြစ်လေသည်။
"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]
━━━━━━━━━━━
▪မှီခိုရာ ကျမ်းကိုး▪
━━━━━━━━━━━
("The Art Of Living"
S.N Goenka.
"အနေတတ်ပါစေ"။
Credit to "ဦးတင်ဦး(မြောင်)" မြန်မာပြန်

Send a message to learn more

27/12/2025

မီးလျှံကြားက ရေ (သို့) သုံး ....... စွဲ
••••••••••••••••••••••••••••••••••
လူတွေ ဘယ်လောက်ပဲ အလုပ်များများ
စာရင်းချုပ်ကြည့်လိုက်တော့
ကြိုက်လို့လုပ်တာနဲ့
မကြိုက်လို့လုပ်တာ
ဒီနှစ်ခုပဲရှိတယ်။
ကြက်တွေ ဝက်တွေ သတ်စား
နေကြတယ် ကြိုက်လို့။
ခြင်တွေ ကြမ်းပိုးတွေ
သတ်ပစ်နေကြတယ် မကြိုက်လို့။
(((ကြိုက်တာပဲလုပ်လုပ်
မကြိုက်တာပဲ လုပ်လုပ်
အပြစ်ကတော့ မကင်းပါဘူး။
ရန်တွေ ဒဏ်တွေကတော့
သင့်ပြီးရင်း သင့်နေမှာပါပဲ။)))
လုပ်တာကိုက ရန်မကင်း ဒဏ်မကင်း
အလုပ်တွေ လုပ်ခဲ့ကြတာကို။
လူ့ဘဝဆိုတာ ရတောင့်ရခဲ
တကယ့် ဒုလ္လဘ ရှားပါးပစ္စည်း။
"ဘဝသမ္ပတ္တိ"လို့ ဆိုရတယ်။
အဲဒီမှာ " #ဘောဂသမ္ပတ္တိ"လို့ခေါ်တဲ့
တိုက်တာစည်းစိမ် ရွှေငွှေတွေနဲ့ပါ
ပြည့်စုံလာပြီဆိုရင်…
#ကံကုသိုလ်ကြောင့် ဖြစ်လာတဲ့ကံ
အကျိုးပေးကို မခံစားရဘူး မဟုတ်ပါဘူး။
ခံစားရပါတယ်။ဒါပေမယ့် မခံစားတတ်ရင်
ငရုပ်ပူလောင်သလို ဒုက္ခများလိမ့်မယ်။
သုံးမကုန် စွဲမကုန် ပေါများလာပြီဆိုတော့
ဟိုဟာလိုချင် ဒီဟာလိုချင် တစ်ခု ရိုးတော့
တစ်မျိုးပြောင်းပြီး သိမ်းပိုက်ချင်တဲ့
တပ်မက်တဲ့ ရာဂဆိုတဲ့ ကိလေသာက ထကြွလာမယ်။
🤲"ပိုက်ဆံရှိ ဘာမဆို ရနေတာပဲ" ဆိုတဲ့
"ရှိမာန" တက်ကြွမှုကလည်း နှိပ်စက်မှန်း
မသိ နှိပ်စက်နေလိမ့်မယ်။
🤲"ငါလုပ်ရင် ဘာမဆို ဖြစ်တာပဲ"ဆိုတဲ့
ငါစွဲ ဒိဋ္ဌိကလည်း ငယ်ထိပ်တက်နေပြီ။
🤲"ငါ ငါပိုင်တယ် ငါ့ပစ္စည်း"ဆိုတဲ့ ဒိဋ္ဌိကပဲ
ရှေ့တန်းမှာ နေရာယူထားပြီ။
((("ပြည့်စုံတယ်" ဆိုတဲ့ လူတွေဘက်မှာ
ရာဂ မာန ဒိဋ္ဌိတွေနဲ့ အလုပ်လုပ်နေတာ။)))
ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ
ရန်ကင်း ဒဏ်ကင်းတဲ့ ဘဝကို မရကြဘူး။
ကိုယ်ချမ်းသာပေမယ့်
စိတ်သောက တစ်ခု မဟုတ် တစ်ခု
ရောက်နေတတ်ကြတာပဲ။
အဲ… လူ့ဘဝတော့ ရောက်ပါရဲ့။
ကံကုသိုလ် နည်းခဲ့လို့ ဘောဂသမ္ပတ္တိ
မပြည့်စုံတဲ့ မရှိဆင်းရဲသားများကျတော့…
"မခံချင်တဲ့စိတ်" ဆိုတဲ့ ဒေါသ
အမှားအမှန် ခွဲခြားမသိတဲ့ မောဟ
ဝေဝေဝါးဝါး ဆုံ့ဆိုင်း ဆုံ့ဆိုင်းဖြစ်နေတဲ့
ဝီစိကိစ္ဆာတွေနဲ့ အလုပ်လုပ်နေကြတယ်။
ဒေါသ မောဟ ဝီစိကိစ္ဆာတွေနဲ့
လုပ်နေသမျှ ရန်လည်းမကင်း
ဒဏ်လည်း မကင်းပါဘူးဗျာ။
ကိုယ်ရောစိတ်ပါ မချမ်းသာတတ်ပါဘူး။
အဲဒီတော့ လူတွေဖြစ်နေတာက
မီးလျှံကြားမှာ ရေလိုက်ရှာနေသလိုပါပဲ။
မီးလောင်ပြင်ဆိုတာ
ကိလေသာတွေကြား
ဖြတ်သန်းသွားလာနေသမျှ ပူနေမှာပဲ။
ရန်သင့် ဒဏ်သင့်နေမှာပဲ။
ကိလေသာနဲ့ ဆက်ဆံနေသမျှ
ကိလေသာကို လက်ခံနေသမျှ
မလိုချင်ပါဘူးဆိုတဲ့ ရန်တွေ
ဒဏ်တွေ ရနေဦးမှာပဲ။
တကယ့်တကယ်ကျတော့
ဒီရန်တွေ ဒဏ်တွေဆိုတာ
သူများက ပေးတာထက်
ကိုယ့်ကိုယ်တွင်းက ဖြစ်ပေါ်နေတာ များပါတယ်။
အဝေးကပစ်တဲ့ ခဲက ရှောင်လို့ရပါတယ်။
အနီးက ကပ်ပစ်တဲ့ ခဲက ရှောင်ရခက်ပါတယ်။
စီးပွားရှာချင်တဲ့ လောဘဆိုတာ
လူတိုင်းရဲ့ကိုယ်တွင်းမှာ ရှိနေတာပဲ။
ဆဒ္ဒန်ဆင်မင်းလို အတွင်းရန် ရှာနိုင်ရမယ်။
ဂျပန်တော်လှန်ရေးတုန်းက
ဗိုလ်ချုပ်အောင်ဆန်း စစ်ထွက်မိန့်ခွန်း ပြောသလို
"အနီးကပ် ရန်သူကို ရှာပြီးတိုက်ကြ"ဆိုတာ
ဒီမှာတော့ လောဘ ဒေါသ မောဟ တဏှာ
မာန ဒိဋ္ဌိတွေကို အသတ်ခိုင်းနေတာ။
တစ်နေ့ တစ်နေ့ ကိုယ်ပိုင်စိတ်နဲ့ လုပ်ခဲ့တဲ့
အလုပ်ရယ်လို့ ဘယ်နှစ်ခု ရှိခဲ့လို့လဲ။
ကြိုက်စိတ် မကြိုက်စိတ်က
ခိုင်းလို့ လုပ်ခဲ့ရတာတွေချည်းပဲ။
ဒါကြောင့်လည်း …
ရန်သင့် ဒဏ်သင့်ခဲ့ကြတာ။
လူ့ဘဝဆိုတာ ကာမကုသိုလ်ကြောင့်
ရလာတဲ့ ကာမဘဝ။
ကာမအာရုံတွေ မခံစားရဘူး မဟုတ်ပါဘူး။
မခံစားတတ်လို့ ဒုက္ခရောက်နေကြတာပါ။
ဝက်သားကြိုက်တော့ ဝက်တစ်ဖတ်အတွက် ဝက်ဇာတ်ခင်းနေကြတယ် မဟုတ်လား။
လူ့ဘဝဆိုတာ
တိရစ္ဆာန်ဘဝ တစ်ရာလောက် ကျင်လည်ပြီးမှ
ရလာရောက်ဘာရတဲ့ ဒုလ္လဘ ဘဝ။
အမွေရတဲ့ပစ္စည်း ဖဲပေါင်ရိုက်သလို
အလဟဿ ဖြုန်တီးမပစ်ပါနဲ့။
အဲဒီတော့ ပဲလှော်ဝါးရင်း လှည်းစီးရင်းဆိုသလို
ပဲလှော်ဝါးလည်းမပျက် လှည်းစီးလည်းမပျက်
အောင် အာရုံခံစားနည်း မှန်မှန်နဲ့သာခံစားကြပါ။
အရာဝတ္ထုတိုင်းတို့၏ အကြား
တရား လမ်းသလားပြနေသည်။
သည့်အတူ လူတို့တွင်လည်း..
လောဘကြီးသူသည်
မည်သူ့တွေ့တွေ့
ပစ်ချွဲချွဲနှင့်သာ ဆက်ဆံမည်။
သင့်မို့လို့ မထင်နှင့်။
ဒေါသကြီးသူသည်
မည်သူ့တွေ့တွေ့
ဆတ်ဆတ်ကြဲဖြင့်သာ ဆက်ဆံမည်။
သင့်မို့လို့ မထင်နှင့်။
မောဟကြီးသူသည်
မည်သူ့တွေ့တွေ့
မျက်နှာမွဲဖြင့်သာ ဆက်ဆံမည်။
သင့်မို့လို့ မထင်နှင့်။
လောက၌ မည်သည့်အရာမဆို
သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ..
သူ့သဘော သူ့သတ္တိ သူ့အစွမ်းပြလျက်သာ
သွားလာ ကျက်စားနေသည်ချည်း ဖြစ်ကြ၏။
ကျွန်တော့်သဘောက "သည်လိုပါ"
ဟူ၍ တရားပြနေကြပါသည်။
ကျွန်မသဘောက "သည်အတိုင်းပါ"
ဟူ၍ တရားပြနေကြပါသည်။
#တရားမပြသောအရာဝတ္ထုဟူ၍
#တစ်ခုမျှမရှိသည်ကို
#ဤနေရာမှနေ
#မှတ်ချက်ချခဲ့ပါလေ။
သင်သည် ငရုတ်သီး၏ အရသာပေါ်တွင်
မှတ်ချက်တင်၍ စားသုံးနေပါပြီ။
ထိုစဉ် ငရုတ်စပ်က လျှာသို့ကပ်လိုက်သောအခါ
ထိုငရုတ်စပ်၏ သတ္တိအတိုင်း လျှာကလေးလည်း
လိုက်၍စပ်နေပါသည်ကို သိရလျှင်..
ငရုတ်စပ်၏ သဘောဆိုသောအရာနှင့်
သင့်အထိတို့ ချိတ်မိသွားကြပြီ။
တစ်ဖန် … ငရုတ်စပ်က လှုပ်လျက်က
စပ်သည့်နည်းတူ လျှာပြင်ကလေးကလည်း
လှုပ်လျက်က စပ်နေပါသည်ကို သိရလျှင်
ငရုတ်စပ်နှင့် သင့်သတိ ပေါင်းမိနေကြပြီ။
တစ်ဖန် ထိုငရုတ်စပ်၏သဘာဝ
အမူအရာသို့ လိုက်ပါလျက်ကသာ
လျှာက စပ်နေပါသည်။
အသိကလည်း သိသိပေးနေပါသည်။
တစ်ဖန် အသိလေးက
ထပ်မံ၍စပ်လိုပါသဖြင့်
ငရုတ်နှင့်လျှာ တွေ့ပေးနေပါသည်။
ထိုအသိလေးတွေ့ပေးသည့်အတိုင်းပင်
ငရုတ်နှင့် လျှာတို့လည်း စပ်ဖြစ်နေကြပါ
သည်ကို မှတ်ချက်ယူနေသော သင်သည်...
ထိုစပ်ဖြစ်နေကြသော
ငရုတ်နှင့်လျှာတို့က တခြားတစ်နေရာက…
ထိုငရုပ်နှင့်လျှာတို့၏ စပ်ဖြစ်နေပုံကို
သိသိနေသော အသိလေးက
တခြားတစ်နေရာက…
ဤသို့သာ သဘောပေါက် ရ်ိပ်မိသွားပါသော်
သင်ကား ဉာဏ်သားကလေး ဖွားမြင်သွားခဲ့ပြီ။
#တရားဆိုသည်မှာ
#သဘောဟူသောအချက်
#သင်မမေ့သင့်။
((ထိုသဘော၏ လှုပ်ရှားနေပုံ အခြင်းအရာကို သဘောပေါက်သွားသော်
တရားသဘော ပေါက်သူ ဆိုရ၏။)))
(((သဘော၏ သဘာဝလက္ခဏာ လှုပ်ရှားပုံ
တွေ့သိသွားသဖြင့် တရားတွေ့သည် ဆိုရ၏။)))
(((ထိုသဘောလေးကို သူ့အရှိအတိုင်း မြင်သိလာ
ပြီ ဖြစ်သဖြင့်လည်း တရားမြင်သည် ဆိုရ၏။)))
လျှာနှင့်တွေ့တိုင်း အစပ်သည် လှုပ်ရှားပြနေဦးမည်။
တစ်ဖန် အစပ်၏ အတွေ့အထိတိုင်း
လျှာကလေးလည်း လှုပ်ရှားနေဦးမည်။
ထိုနှစ်ဦးနှစ်ဖက်တို့ ဖောက်ပြန်လျက်က
ဖျက်ဆီးနေကြပါသည်ကို မှတ်ချက်ယူ။
သတိ၏နောက်၌ရှိသော အသိကလေးက
လည်း အသိပေး၍ပေး၍ နေဦးမည်ဆိုက..
ထိုငရုတ်သီးသဘောကို ဆက်လက်၍
အရေးယူစစ်ဆေး ရှုမှတ်ပေးနေရပါမည်။
တွေ့နေရခြင်းသည်
ရှိနေကြသေး၍သာ
ဆိုသည်ကို မမေ့သင့်။
ထိုအတွေ့ကို မျက်ခြေမပြတ်
ရှုမှတ်လျက်က ၎င်းတို့
ပြတ်တောက်သွားပါသော်ကား...
ငရုတ်စပ်တရား အသွားဆုံးပြီ ဟူ၍သာ
တစ်ထစ်ချ မှတ်ချက်ချလိုက်ကြပေတော့။
ထိုသို့ ငရုပ်စပ်သဘောကို "မရှိရာမှ လာ၍
မရှိရာ ပြန်သွားချေပြီ" ဟူ၍ သူ့သဘော
ရိပ်မိသွားသော်…
ဘယ်အရာမဆို သဘောပေါက်နိုင်မည်။
ဘယ်အရာမျှ တရားမလွတ် ဆိုသည်ကိုလည်း
ပိုင်ပိုင်ကြီး မှတ်ချက်ချနိုင်သွားပြီ။
ထိုအခါ....
တရားကိုလည်းကောင်း၊တရားသားကို အားဖြင့်
ထုတ်ယူကြည့်ရသည်ကိုလည်းကောင်း
ကာမအရသာအကြား ဓမ္မအရသာ လမ်းသလားနေပါသည်ကို လည်းကောင်း သဘောပေါက်နေပြီဖြစ်ရာ.....
ပဲလှော်ဝါးရင်း လှည်းစီးရင်းက
ခရီးပြင်းနှင်တော့မည်မှာ မလွဲပြီ။
ကြိုက်တာတွေ လိုက်လုပ်နေသမျှ
မကြိုက်တာတွေပဲ ရလိမ့်မယ်။
လိုချင်တာတွေနောက် လိုက်နေသမျှ
မလိုချင်တာတွေပဲ ရလိမ့်မယ်။
အာရုံခံစားတဲ့နေရာမှာ သူ့ဘက်
လိုက်မခံစားပါနဲ့။
သူ့ဘက် လိုက်ခံစားတယ်ဆိုတာ မြင်ရင်
မြင်တယ်နဲ့ မပြီးဘဲ မောင်ဘယ်သူပဲ
မဘယ်သူပဲ စွဲနေကြတယ်။
ကြည့်ပြီရင်း ကြည့်နေချင်တယ်။
ဒီအစွဲက မြင်ပြီးရင် မြင်ချင်နေတယ်။
သံသရာတစ်ခုလုံး အဆုံးမရှိ
ဒုက္ခပေးနေတာ ဒီအစွဲပဲ။
အဲဒီတော့ အစွဲမပါတဲ့ ခံစားနည်းဆိုတာ
မြင်ရင် မြင်တယ် တော်ပြီ။ ရပ်တော့။
ဖြတ်တော့။
မောင်ဘယ်သူ မဘယ်သူ ဆိုတဲ့
အစွဲပါလာရင် ဒုက္ခများမယ်။
တို့လာခဲ့ရတဲ့ ဘဝတွေက
တိရစ္ဆာန်တွေလို ဘဝရိုင်းတွေက လာခဲ့ကြတာ။
စိတ်ရိုင်းတွေက ပါလာပြီးသား။
ယဉ်ကျေးအောင် လေ့ကျင့်မပေးရင်
ဒီစိတ်က ရိုင်းသည်ထက် ရိုင်းနေမှာ။
စိတ်ကိုနိုင်တာ သတိတစ်လုံးပဲရှိတယ်။
တရားထိုင်ဖို့ မအားသေးပါဘူး
ဆိုရင်လည်း ဇွတ်မခိုင်းပါဘူး။
ဘာလုပ်လုပ် ဘယ်အာရုံ
ခံစားခံစား သတိတစ်လုံး ကြားခံထားပါ။
အာရုံတွေကတော့
သူကလည်း လာတိုက် ကိုယ်ကလည်း
သွားတိုက်နေကြနဲ့ တိုက်နေ ခံနေကြမှာပဲ။
အဲဒီအတိုက်အခံကြားမှာ သတိရှိနေရင်
ဒါ တရားရှိနေတာပါပဲ။
မြင်တာ ကြားတာ နံတာ စားတာ
ထိတွေ့တာ ဘာပဲလုပ်လုပ် သတိပါနေရင်
ဘယ်သူမှလာပြီး နှိပ်စက်လို့ မရတော့ဘူး။
ကိုယ်က သွားပြီး နှိပ်စက်စရာလည်း မလိုတော့ဘူး။
သတိ အစောင့်ချထားလို့ နှိပ်စက်တာ
မခံရတော့ရင် ရန်ကင်း ဒဏ်ကင်း
အပြစ်ကင်းတဲ့ဘဝကို ရပါပြီဗျာ။
#သုံးတာသုံးမစွဲမိပါစေနဲ့။
ကြက်သားစားရင် ကြက်နဲ့
ချိုတာနဲ့ ကြားမှာ သတိရှိနေပါစေ။
ချိုတာကို စားပြီး ကြက်ကို မစွဲမိပါစေနဲ့။
သတိပါတဲ့ အာရုံခံစားနည်းကို ရပါမှ
ရန်ကင်း ဒဏ်ကင်းတဲ့
ဘဝတွေကို ရကြပါလိမ့်မယ်။
သဘောပေါက်ကြပြီ ထင်ပါရဲ့ဗျာ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Send a message to learn more

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yan Min Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram