Yan Min Aung

Yan Min Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Min Aung, Astrologist & Psychic, Yangon.

🌑 မနက်ဖန် နေကြတ်မယ်။ မြန်မာက မမြင်ရပါ။
16/02/2026

🌑 မနက်ဖန် နေကြတ်မယ်။ မြန်မာက မမြင်ရပါ။

16/02/2026

အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ်

အဝိဇ္ဇာ ပိတ်ကာဆို့၊
မိစ္ဆာမြို့ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊
လွင့်စင်မည်မလွဲ၊
အရွတ်စု အပုတ်ကောင်ကို၊
အဟုတ်ယောင် မှားဖို့ ဖန်နဲ။

အသုဘ ရုပ်တစ္ဆေငယ်၊
မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရေ စိုတရွှဲဟာမို့၊
ယိုမစဲ သူ့မှာ၊
သွေးသည်းချေ ပြည် သလိပ်တွေက၊
တည်မဆိတ် လျှမ်းပြည့်သည်သာ၊

သို့ကလောက် ရွံစရာကို၊
လွန်တဏှာ မက်စွဲပါလို့၊
စက်ဝဲမှာတပေပေ၊
မွန်းကြပလေ၊
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊
အပန်းမပြေ ဟိုက်မောရှာကြလေး။
တဏှာပူးတဲ့ အရူးတွေမှာ
အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊
အဟိုက်မပြေ ပင်ပန်းရှာကြလေး။

လယ်တီဆရာတော်

Send a message to learn more

✿ တန်းမြင့်ခုန်သမား══════တန်းမြင့်ခုန်သမား၏ အမြင့်ခုန်နှုန်းထားကို မြင့်လျှင်မြင့်သလောက် မိုးသို့ဝင့်တက်နေချေတော့ရာ အနီး...
16/02/2026

✿ တန်းမြင့်ခုန်သမား
══════
တန်းမြင့်ခုန်သမား၏ အမြင့်ခုန်နှုန်းထားကို
မြင့်လျှင်မြင့်သလောက် မိုးသို့ဝင့်တက်နေချေတော့ရာ
အနီးမျှမက အဝေးကပင် မြင်နိုင်ရာ၏ ။
သို့သော် ...
ထိုအမြင့်ကား အသွားအပြန်ကြား ခဏနားမျှဖြစ်ရာ
တန်းပေါ် ကျော်ပြီးနောက် တန်းအောက်ကျမည်မှာ မုချပင်။
သည့်ပမာလျှင် ...
သိက္ခာရှင် အရိယာအရှင်ကြီးများ၏
ကျော်ကြားမှုမျိုး မဟုတ်လေသမျှ
ကျော်ကြားအပြီး ကျော်ကျသို့သာ။
#မဟာဗောဓိမြိုင်ဆရာတော်
#သာရဏီယကထာ #သုဝဏ္ဏသျှမ်
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည်
#ဥပမာ-၁၀၀(၅)

✿ တန်းမြင့်ခုန်သမား
══════
တန်းမြင့်ခုန်သမား၏ အမြင့်ခုန်နှုန်းထားကို
မြင့်လျှင်မြင့်သလောက် မိုးသို့ဝင့်တက်နေချေတော့ရာ
အနီးမျှမက အဝေးကပင် မြင်နိုင်ရာ၏ ။

သို့သော် ...
ထိုအမြင့်ကား အသွားအပြန်ကြား ခဏနားမျှဖြစ်ရာ
တန်းပေါ် ကျော်ပြီးနောက် တန်းအောက်ကျမည်မှာ မုချပင်။

သည့်ပမာလျှင် ...
သိက္ခာရှင် အရိယာအရှင်ကြီးများ၏
ကျော်ကြားမှုမျိုး မဟုတ်လေသမျှ
ကျော်ကြားအပြီး ကျော်ကျသို့သာ။

#မဟာဗောဓိမြိုင်ဆရာတော်
#သာရဏီယကထာ #သုဝဏ္ဏသျှမ်
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည်
#ဥပမာ-၁၀၀(၅)

16/02/2026

သံဝေဂလင်္ကာရှစ်ပိုဒ်

၁။နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
၃။ ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏။
၄။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
၅။ တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံး ရှိချေ၏။
၆။ ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
၈။ ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။

လယ်တီဆရာတော်

Send a message to learn more

16/02/2026

"ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး"

by လယ်တီဆရာတော်

၁။ မိုက်မလင်းနိုင်လို့၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မှီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့၊ ရဟတ်ဗွေ။ ။

၂။ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံမှီခုခေတ်၊ မြန်ခင်းဇမ္ဗူ၊ မှန်ကင်း ငယ်ထူ၊ လူ့ထက်လူဖြစ်ပါလျက်၊ အနှစ်ကယ် မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ် ယောင်ယောင်၊ အမြင်မဖြောင့်၊ အဉာဉ်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ် ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွေ့ငယ်ချီ၊ ထိထီဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ကယ် ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာ ကြွေတော့တယ်၊ အသေသတ် လက်မရွံ့ကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှာကြ၊ စိုးနှောင့်သင်္ချေ။ ။

၃။ သို့ပါမူလဲ၊ ပူနွယ်ဆွေးကျယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင် ဘဝလျဉ်၊ အစဉ်ငတ်ဟာမို့၊ မသတ်ကယ်အာသာ၊ အာရုံဓမ္မ ပြာပုံမွမှာ၊ ရသရှာလျက်၊ ငါတလူလူ ပမာမူ၊ ရွာသူတို့ဝက်၊ အစာများထူ၊ အသားလူ၊ ဆူလေလေ ခက်ပါလျက်၊ ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ၊ သူမင်းဘဲ ထင်လိုက်လို့၊ ရွှင်နိုင်မျှ ဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်းစေဘို့၊ ဖော်သင်းရွေ၊ မိတ်သင် ယှက်သည့်ပြင်၊ ခင်မက်ဘွယ် အရံစုံပ၊ မာန်တဂုဏ်၊ဟန်ပုံနှင့် ဖုံးရှာကြ၊ ရှုံးပလေ၊ ထုံးမြေပြာစု၊ မိတ်တွေမို့။ ။

၄။ငါတစ်လုံးနယ်၊ အနှုန်းကျယ်၊ သုံးသွယ်မြုံသိုက်၊ ဘုံတလှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြူမချန် - လူလျှံတောက်ညီး၊ အမြဲတစေ မစဲချွေ၊ အသေမီးတဲ့၊ အပြီးငယ် ကုန်စင်၊ ဘုံတခွင်ကို၊ အတွင်လောင်မြိုက်၊ အပြောင်တိုက်လို့၊ အမိုက်ကယ်ဝဋ်နွယ်၊ အဖြစ်မစဲ၊ သစ်သစ်လဲ၊ သဲသဲကြွယ်လည်း၊ အကယ်မလောက်၊ သူကသာ မောက်တော့၊ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တစ်ခုသာ ဝင်ကြရ၊ သင်္ခတရုပ်နာမ်ငယ်၊ အဟုတ်ဉာဏ် မတင်စီးနိုင်ရ၊ သည်မီးတာ ဘယ်တစ်ကိန်းမှာမှ၊ ငြိမ်းပါ့မယ်လို့။ ။

၁၂၅၆ ခုနှစ်အတွင်း ကင်းဝန်မင်းကြီးထံပေးပို့သော သံဝေဂလေးချိုးကြီး

Send a message to learn more

✿ ဆရာ════ ❖ ဆရာဟူသည် အရာရာကို ချိန်ဆပေးတတ်သူတည်း။❖ လှည်းကုန်သည်တို့၏ ရှေ့သွားဦးစီး သတ္ထာခေါ်ဆရာကြီးပမာတည်း။❖ ဆရာဟူသည် မိ...
15/02/2026

✿ ဆရာ
════
❖ ဆရာဟူသည် အရာရာကို ချိန်ဆပေးတတ်သူတည်း။
❖ လှည်းကုန်သည်တို့၏ ရှေ့သွားဦးစီး သတ္ထာခေါ်ဆရာကြီးပမာတည်း။
❖ ဆရာဟူသည် မိမိကိုယ်တိုင်ကျင့်ပြီး သိပြီးသောအတိုင်း နောက်လိုက်တို့အား ကျင့်စေသိစေတတ်သူတည်း။
❖ ရောဂါသည်တို့ အားကိုးရာဆေးသမား, ကိုယ်ဖော်ဆေး ကိုယ်ပင်အလျှင်စားပြပြီးမှ ကျနစွာကုသပေးသော အာစရိယဆရာကြီးပမာတည်း။
- သတ္ထာ – ရှေ့သွားဦးစီး။
- အာစရိယာ – ရှေ့သွားကျင့်ပြလေသူ။
ထိုနှစ်ဆူ ဘယ်သူဖြစ်စေ, မိမိပြီးစီး နောက်လိုက်တို့အပေါ် အကြီးအမှူးပြုလုပ်လိုသော် –
နောက်လိုက်တို့၏ အပြစ်အနာ အဆာများကို စေ့စပ်သေချာစွာ,
❖ ကာလ – အချိန်အခါနှင့်ချင့်လျက်က,
❖ ဒေသ – နေရာဒေသ အသုံးအနှုန်းများနှင့်ဆင့် ချင့်လျက်က
❖ ပယောဂ – ကျူးလွန်သူ၏ လုံ့လအားဖြင့်ဆင့် ချင့်လျက်က
စေ့စေ့ပေါက်ပေါက်, တောက်တောက်ခါခါ ကာယကံရှင်နှင့် ကျန်နောက်လိုက်အားလုံးတို့၏ ဉာဏ်ထားအကြား ဘွားဘွားကြီး ပေါ်လွင်လာသည်အထိ အပြစ်ပြ ပြောဆိုတတ်ရာ၏။ မကျူးမိရန်၏ စောင့်စည်းကျိုးကိုလည်း ထိုးထိုးထွင်းထွင်း၊ လင်းလင်းကွက်ကွက် အချက်မြင်သိသည်အထိ ဖော်ပြပြောဆိုတတ်ရာ၏။
အပြစ်ပြောသေချာ အကျိုးမှာတိကျ,
ထိုသတ္ထ၊ ထိုအာစရိယမျိုးကိုမှ အားမကိုး
မည်သူကို အားကိုး ရမည်နည်း။
အပြောလည်းကွက်တိ၊ အလုပ်လည်းလက်ရှိ,
ထိုအာစရိယ.. ထိုပညာရှိမျိုးကိုမှ မခိုကိုး၊ မည်သူ့ထံ ခိုကိုးရမည်နည်း။
#မဟာဗောဓိမြိုင်ဆရာတော်
#သာရဏီယကထာ #သုဝဏ္ဏသျှမ်
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည်
#ဥပမာ-၁၀၀(၇)

✿ ဆရာ
════
❖ ဆရာဟူသည် အရာရာကို ချိန်ဆပေးတတ်သူတည်း။
❖ လှည်းကုန်သည်တို့၏ ရှေ့သွားဦးစီး သတ္ထာခေါ်ဆရာကြီးပမာတည်း။
❖ ဆရာဟူသည် မိမိကိုယ်တိုင်ကျင့်ပြီး သိပြီးသောအတိုင်း နောက်လိုက်တို့အား ကျင့်စေသိစေတတ်သူတည်း။
❖ ရောဂါသည်တို့ အားကိုးရာဆေးသမား, ကိုယ်ဖော်ဆေး ကိုယ်ပင်အလျှင်စားပြပြီးမှ ကျနစွာကုသပေးသော အာစရိယဆရာကြီးပမာတည်း။
- သတ္ထာ – ရှေ့သွားဦးစီး။
- အာစရိယာ – ရှေ့သွားကျင့်ပြလေသူ။
ထိုနှစ်ဆူ ဘယ်သူဖြစ်စေ, မိမိပြီးစီး နောက်လိုက်တို့အပေါ် အကြီးအမှူးပြုလုပ်လိုသော် –
နောက်လိုက်တို့၏ အပြစ်အနာ အဆာများကို စေ့စပ်သေချာစွာ,
❖ ကာလ – အချိန်အခါနှင့်ချင့်လျက်က,
❖ ဒေသ – နေရာဒေသ အသုံးအနှုန်းများနှင့်ဆင့် ချင့်လျက်က
❖ ပယောဂ – ကျူးလွန်သူ၏ လုံ့လအားဖြင့်ဆင့် ချင့်လျက်က
စေ့စေ့ပေါက်ပေါက်, တောက်တောက်ခါခါ ကာယကံရှင်နှင့် ကျန်နောက်လိုက်အားလုံးတို့၏ ဉာဏ်ထားအကြား ဘွားဘွားကြီး ပေါ်လွင်လာသည်အထိ အပြစ်ပြ ပြောဆိုတတ်ရာ၏။ မကျူးမိရန်၏ စောင့်စည်းကျိုးကိုလည်း ထိုးထိုးထွင်းထွင်း၊ လင်းလင်းကွက်ကွက် အချက်မြင်သိသည်အထိ ဖော်ပြပြောဆိုတတ်ရာ၏။

အပြစ်ပြောသေချာ အကျိုးမှာတိကျ,
ထိုသတ္ထ၊ ထိုအာစရိယမျိုးကိုမှ အားမကိုး
မည်သူကို အားကိုး ရမည်နည်း။

အပြောလည်းကွက်တိ၊ အလုပ်လည်းလက်ရှိ,
ထိုအာစရိယ.. ထိုပညာရှိမျိုးကိုမှ မခိုကိုး၊ မည်သူ့ထံ ခိုကိုးရမည်နည်း။

#မဟာဗောဓိမြိုင်ဆရာတော်
#သာရဏီယကထာ #သုဝဏ္ဏသျှမ်
#ငြိမ်းချမ်းသာ စုစည်းပူဇော်သည်
#ဥပမာ-၁၀၀(၇)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yan Min Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share