YinThway Maternal & Child Call Center

YinThway Maternal & Child Call Center ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး

မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသမှမဆို ဆက်သွယ်နိုင်ခြင်း

24 နာရီပိတ်ရက်မရှိခေါ်ဆိုမှုအကြိမ်အရေအတွက်၊ အချိန်အကန့်အသတ်မရှိခေါ်ဆိုဆွေးနွေးနိုင်ခြင်း

မည်သည့်ဖုန်းနံပါတ်နှင့်မဆို ဆက်သွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင် (သို့မဟုတ်) Baby လေးတို့ရဲ့ အခြေအနေ‌ နှင့် ဆေးမှတ်တမ်း၊ ဆေးပုံတို့ကို ဓာတ်ပုံ သို့မဟုတ် Video များဖြင့်ပေးပို့ဆွေးနွေးပေးနိုင်ခြင်း

ဆေးမှတ်တမ်းအခြေပြု စနစ်ဖြစ်ခြင်း (Electronic Medical Record)

မိသားစုဆရာဝန်တစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဖွင့်ဟဆွေးနွေးနိုင်ခြင်း၊ နွေးထွေးမှုကို ခံစားရခြင်း

ဖုန်းခေါ်ဆိုလိုက်သည်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် ဆရာဝန် အဆင်သင့်ရှိနေခြင်း၊ ချက်ချင်း တိုင်ပင်ဆွေးနွေးနိုင်ခြင်း

Mobile Banking၊ အွန်လိုင်း Payment များမှတဆင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း

တစ်လစာ Member ဝင်မယ်ဆိုရင် ဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ် နှင့် တစ်လစာအတွက် 5,000 ကျပ် စုစုပေါင်း (10,000) ကျပ်သာ ကျသင့်မှာပါ။

သုံးလစာဝင်မယ်ဆိုရင် တစ်သက်တာဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ်နှင့် သုံးလစာအတွက် 15,000 ကျပ် စုစုပေါင်း 20,000 ကျပ်ပါရှင့်

အီလက်ထရောနစ်ဆေးမှတ်တမ်း EMR အတွက် Member စဝင်တဲ့တစ်ကြိမ်သာပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းထပ်တိုးမည်ဆိုပါက တစ်လလျှင် 5000 ကျပ်ဖြင့် မေမေတို့အဆင်ပြေရာ လအလိုက် Member သက်တမ်းတိုးနိုင်မှာပဲဖြစ်ပါတယ်ရှင့်။

ကလေးတွေရဲ့ပျော်ရွှင်ကျန်းမာခြင်းဟာ ကမ္ဘာကြီးကို ပိုမိုလှပစေမှာ 🤍🌷ယနေ့ဖေဖော်ဝါရီလ (၁၃) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကလေးများ...
13/02/2026

ကလေးတွေရဲ့ပျော်ရွှင်ကျန်းမာခြင်းဟာ ကမ္ဘာကြီးကို ပိုမိုလှပစေမှာ 🤍🌷

ယနေ့ဖေဖော်ဝါရီလ (၁၃) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကလေးများရဲ့ ပျော်ရွှင်ကျန်းမာခြင်း‌တွေကို ကိုယ်စားပြုတဲ့ ကလေးများနေ့ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့နေ့လေးမှာ ကလေးများအားလုံးကျန်းမာပျော်ရွှင်ပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ကောင်းမွန်စွာ ရှင်သန်နိုင်တဲ့ ပန်းကောင်းလေးများဖြစ်ကြပါစေကြောင်း "YinThway " မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်

#ကလေးများနေ့

ကလေးငယ်ရဲ့ကျန်းမာရေးအတွက် မေမေတို့  သိထားသင့်တဲ့ ကလေးငယ်ဖြည့်စွက်စာ 🍤🩺ကလေးငယ် အသက် (၆) လပြည့်ပြီဆိုတာနဲ့ မိခင်နို့တစ်မျိ...
12/02/2026

ကလေးငယ်ရဲ့ကျန်းမာရေးအတွက် မေမေတို့ သိထားသင့်တဲ့ ကလေးငယ်ဖြည့်စွက်စာ 🍤🩺

ကလေးငယ် အသက် (၆) လပြည့်ပြီဆိုတာနဲ့ မိခင်နို့တစ်မျိုးတည်းက လိုအပ်တဲ့ အာဟာရကို လုံလောက်စွာမပေးနိုင်တော့တာကြောင့် ဖြည့်စွက်စာကို စတင်ကျွေးဖို့လိုအပ်ပါပြီ။

ဖြည့်စွက်စာကျွေးနေရင်းနဲ့ပဲ အသက် (၂) နှစ်ကျော်ထိ မိခင်နို့ကိုဆက်လက်တိုက်ကျွေးလို့ရပါတယ်။

ဖြည့်စွက်စာ ကျွေးတဲ့အခါမှာ အသက်အပိုင်းအခြားအလိုက် လိုအပ်တဲ့အစာအုပ်စု‌‌တွေကို ကျွေးနိုင်မှသာ ကလေးငယ်အတွက် အကျိုးရှိစေမှာပါ

🩺🤍 အသက် (၆) လမှ( ၁၂ ) လ

ကလေးငယ်ကို အသက် (၆) လအထိမိခင်နို့ တိုက်ကျွေးပြီး ဖြည့်စွက်စာစတင်ကျွေးမယ်ဆိုရင် အာဟာရဖြစ်စေတဲ့ အသားတမျိုးမျိုးကို ညက်‌‌ အောင်ကြိတ်ပြီး ဆန်နဲ့ရောပြုတ်ပေးတာ၊၊ ငါး၊ပဲ၊တို့ကို ကျေညက်အောင်ပြုတ်‌ချေပြီး ဆီလေလက်ဖက်ရည်ဇွန်းတဇွန်းစာထည့်ကာ တစ်ရက်ကို( ၂) ကြိမ်မှ (၃) ကြိမ်အထိ ကျွေးလို့ရပါတယ်။

ငှက်ပျောသီးလိုနူးညံ့တဲ့အသီး၊ဘိန်းမုန့်၊မုန့်စိမ်းပေါင်းတို့လို့ အာဟာရဖြစ်ပြီးနူးညံ့တဲ့မုန့်တွေကိုလည်းကျွေးလို့ရပါတယ်။

🩺🤍အသက် (၁၂) လမှ (၂) နှစ်

အသက် (၁၂) လမှစတင်ကာ ဖြည့်စွက်စာအနေနဲ့ မိသားစုစားတဲ့အစားအစာအကုန်ကျွေးလို့ရနေပါပြီ၊ ပူလွန်း၊စပ်လွန်း၊ချဉ်လွန်းတာတွေကိုတော့ရှောင်ကြည်ပေးပါနော်။

အသီးအရွက်၊အသီးအနှံနဲ့၊ သရေစာမုန့်အနေနဲ့ ကြက်ဉပြုတ်၊ပေါင်မုန့်လို နူးညံ့တာမျိုးတွေကျွေးပေးလို့ရပါတယ်။

အသက် (၂) နှစ်အထိ မိခင်နို့တိုက်ကျွေးလို့ရပါတယ်နော်။

🩺🤍 အသက် (၂) နှစ်မှ (၅) နှစ်

မိခင်နို့ဆက်မတိုက်ရတော့တဲ့ဒီအရွယ်မှာ ကလေးငယ်ကို မိသားစုစားသလိုမျိုး တနေ့ (၃) ကြိမ် ထမင်းနဲ့ကြက်ဉုပဲ၊ငါး၊ပုစွန် အစရှိတာတွေကို တွဲဖက်ကျွေးပေးရပါမယ်။

သရေစာအနေနဲ့ နွားနို့၊မိုင်လို၊ ပူတင်းလိုအာဟာရဖြစ်တာတွေကို ကျွေးလို့ရပါတယ်။

ဖြည့်စွက်စာမကျွေးခင် အထူးသတိထားရမဲ့အရာကတော့

▪️ပြင်ဆင်မဲ့လက်၊ပန်းကန်ခွက်‌ေယာက်၊အသီးအရွက်၊အသားငါးတို့ကိုသန့်ရှင်းအောင်ဆေးကြောပြင်ဆင်ပါ

▪️အသီးအနှံကျွေးမယ်ဆိုရင် လတ်ဆတ်တာကိုပဲ ရွေးချယ်ကျွေးပါ

▪️ကလေးကိုကျွေးတဲ့အခါ ဝါးကျွေးတာမျိုးမလုပ်ဘဲ ဇွန်းနဲ့ပဲချေကျွေးပါ

▪️ကလေးကိုကျွေးတဲ့အခါမှာ နည်းနည်းစီချော့ကျွေးပါ

ကလေးငယ်တွေဟာ တစ်ယောက်နဲ့တစ်ယောက်အာဟာရဓာတ်လိုအပ်ချက်မတူညီတတ်ကြတာမို့ အခုဖော်ပြခဲ့တာတွေဟာ ယေဘုယျသာဖြစ်ပါတယ်။

ဖြည့်စွက်စာမကျွေးခင် မေမေတို့အနေနဲ့ ကလေးငယ်ကို ဆရာဝန်နဲ့ပြသကာ လိုအပ်တဲ့အာဟာရနဲ့ ကျွေးရမဲ့ အစာအုပ်စုကို သေချာတိုင်ပင်ပေးဖို့အရေးကြီးပါတယ်။

၆-၁၂လအတွင်း ကလေးအတွက်ဆို ဆား၊ ငံပြာရည်မထည့်ပဲ ကျွေးရတာမို့ အိမ်မှာပဲချက်ပြုတ်ကျွေးပါ၊ ဖို့၊ အပြင်ကဝယ်ထားတဲ့မုန့်ပဲသရေစာတွေ မကျွေးပါနဲ့နော် ။

ဆရာဝန်နဲ့မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် မကျွေးပါနဲ့နော် မေမေတို့ရှင်📌

ဖြည့်စွက်စာကျွေးတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ညီညွတ်စွာမကျွေးတတ်ရင် ၊ ဆရာဝန်နဲ့တိုင်ပင်မှုမရှိရင် နစ်နာသူဟာ မေမေတို့ရဲ့ ကလေးငယ်လေးဖြစ်တာမို့ YinThway Call Center က မျှဝေဖော်ပြလိုက်တဲါ ဒီစာလေးကို ဖတ်ရှုပြီး သိမ်းထားဖို့၊ပြန်လည်မျှ‌ဝေဖို့
‌လည်း မမေ့ပါနဲ့နော်။


#ကလေးငယ်ဖြည့်စွက်စာ

#ကလေးငယ်ကျန်းမာရေး

ကလေးဖြည့်စွက်စာ ကျွေးခြင်းဆိုင်ရာ မေမေတို့မျှဝေပေးပါ 🫶🤍ကလေးဖြည့်စွက်စာဟာ အကျွေးမှားရင် နစ်နာစေတဲ့ အရေးကြီးဆုံးအရာဖြစ်တာမ...
09/02/2026

ကလေးဖြည့်စွက်စာ ကျွေးခြင်းဆိုင်ရာ မေမေတို့မျှဝေပေးပါ 🫶🤍

ကလေးဖြည့်စွက်စာဟာ အကျွေးမှားရင် နစ်နာစေတဲ့ အရေးကြီးဆုံးအရာဖြစ်တာမို့ သက်ဉီးမေမေတွေအတွက် စိုးရိမ်စရာကောင်းတဲ့ မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် YinThway ရဲ့ follower မေမေတို့အနေနဲ့ အခုမှ ကလေးလေးကို စတင်ပိုင်ဆိုင်ထားတဲ့ သက်ဉီးမေမေတွေကို စာနာသောအားဖြင့်" ကလေးဖြည့်စွက်စာကို ဘယ်အချိန်ကစကျွေးရမလဲ" ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ကောမန့်မှာမျှဝေ ဖြေဆိုပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။ 🤍

နောက်ရက်မှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး YinThway က မျှဝေပေးမှာမို့ Page လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ 🩺🤍


#ကိုယ်ဝန်ဆောင်
#မိခင်နှင့်ရင်သွေး
#ကလေးဖြည့်စွက်စာ

ကိုယ်ဝန်ဆောင်ချိန် သိချင်တာတွေ အရမ်းကိုများနေပြီလား 💬⁉️ကိုယ်ဝန်ဆောင်မေမေတွေဟာ ရင်သွေးလေးစတင်လွယ်ထားရချိန်ကနေ မွေးဖွားသည်...
05/02/2026

ကိုယ်ဝန်ဆောင်ချိန် သိချင်တာတွေ အရမ်းကိုများနေပြီလား 💬⁉️

ကိုယ်ဝန်ဆောင်မေမေတွေဟာ ရင်သွေးလေးစတင်လွယ်ထားရချိန်ကနေ မွေးဖွားသည်အထိ ခက်ခဲပြီးစိန်ခေါ်မှုများတဲ့ ခရီးလမ်းကို တစ်ယောက်တည်းကြံ့လျှောက်လှမ်းရသူတွေပါ။

ဒီလိုခရီးလမ်းမှာ မသိတာရှိရင်မေးဖို့၊ ဝေခွဲမရတာတွေကို အဖြေရှာဖို့ နေရာကောင်းတစ်ခုမရှိဘူးဆိုရင် သာမန်ထက် ပိုပင်ပန်းရမှာအသေအချာပါပဲ။😞

မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ခရီးကို ဝေခွဲမရတဲ့မေးခွန်းတွေနဲ့ မဖြတ်သန်းရစေဖို့🩺 YinThway Call Center 🤍ရှိပါတယ်။

YinThway Call Center မှာ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်သိထားသင့်တဲ့

▪️ကျန်းမာရေးနဲ့အာဟာရဆိုင်ရာအကြောင်းအရာတွေ

▪️ကိုယ်ဝန်ဆောင်ကာလအလိုက်ပြောင်းလဲမှုတွေ

▪️စိတ်ကျန်းမာရေးနှင့် နေထိုင်ရမဲ့ပုံစံတွေ

▪️မွေးဖွားခါနီးကြိုတင်ပြင်ဆင်သင့်တာတွေ

အစရှိတဲ့ မေမေတို့သိထားသင့်ပြီး သိချင်နေတဲ့ မေးခွန်းများစွာကို (၂၄) နာရီ(၇) ရက်လုံးမှန်ကန်တဲ့ အဖြေကို ကျွမ်းကျင်ပညာရှင်များက ဖြေကြားပြောပြပေးနေတာပဲဖြစ်ပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ ခက်ခဲတဲ့မေးခွန်းပဲဖြစ်ဖြစ်၊ သေးငယ်တဲ့စိုးရိမ်မှုလေးပဲဖြစ်ဖြစ် YinThway မှာမန်ဘာဝင်ထားရုံနဲ့ မေးမြန်းနိုင်မှာပါ။

ပင်ပန်းတဲ့ခရီးလမ်းမှာ မရေရာ မသေချာ ဝေဝါးခြင်းတွေနဲ့ ရှေ့ဆက်တာဟာ မေမေတို့အတွက် ပိုမိုပင်ပန်းစေမှာမို့ အဖော်ပြုပေးမဲ့ YinThway ကို အတူလိုက်ခွင့်ပေးဖို့ ဆုံးဖြတ်ပြီးရင် Page Chat box ကို ဆက်သွယ်လိုက်ပါနော်။🤍🩺



#ကိုယ်ဝန်ဆောင်

(၂၀၂၆ )ရဲ့ ဇန်နဝါရီလကုန်သွားပေမဲ့ YinThway မှာ မန်ဘာဝင်ဖြစ်ရဲ့လား⁉️💬 (၂၀၂၆) ရဲ့ ပထမဆုံးလကုန်ဆုံးပြီး ချစ်ခြင်းမေတ္တာတွေန...
01/02/2026

(၂၀၂၆ )ရဲ့ ဇန်နဝါရီလကုန်သွားပေမဲ့ YinThway မှာ မန်ဘာဝင်ဖြစ်ရဲ့လား⁉️💬

(၂၀၂၆) ရဲ့ ပထမဆုံးလကုန်ဆုံးပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ ဖေဖော်ဝါရီလကို ရောက်ရှိလာပါပြီ မေမေတို့ရေ

အချိန်ဆိုတာ စောင့်ဆိုင်းပြီးဆွဲထားသင့်တဲ့ အရာမဟုတ်သလို မေမေတို့ရင်သွေးငယ်လေးတွေရဲ့ ကျန်းမာရေးကလည်း အချိန်ဆွဲထားသင့်တဲ့အရာမဟုတ်ပါဘူး။☹️

(၂၀၂၅ ) တစ်နှစ်လုံး ကုန်ဆုံးပြီးလို့ (၂၀၂၆ )ရဲ့ တစ်လတောင် ကုန်ပေမဲ့ ရင်သွေးငယ်ကျန်းမာရေးအတွက် အဆင်သင့် ဆက်သွယ်စရာနေရာတစ်ခုမပြင်ဆင်ပေးထားဖြစ်လို့ နောက်ကျနေပြီ မထင်ပါနဲ့အုံး။

YinThway မှာ ဆေးခန်းတစ်ခါသွားပြစာတောင်မရှိတဲ့ ပမာဏလေးနဲ့ မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေကို ကျန်းမာရေး‌မေးမြန်းမှုတွေလုပ်လို့ရအောင် စီစဉ်ပေးထားတာမို့

ဖေဖော်ဝါရီလမှာ အဖိုးတန်ရင်သွေးလေးအတွက်( ၂၄) နာရီ (၇) ရက် ကျန်းမာရေး မေးမြန်းနိုင်အောင် စီစဉ်ထားချင်တယ်ဆိုရင်တော့ ဆုံးဖြတ်ချက် မြန်မြန်ချပြီး Page chatbox ကို ဆက်သွယ်လိုက်ပါနော်။


#ကလေးငယ်

31/01/2026

ကိုယ်ဝန်ဆောင်ကာလမှာ နှစ်ယောက်စာ စားရမယ်ဆိုတာ အမှန်ပဲလား 💬

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ပတ်ဝန်းကျင်က လူတွေအများဆုံးပြောလေ့ရှိတာဟာ ဗိုက်ထဲက ကလေးအတွက် နှစ်ယောက်စာ စားပေးရမယ်ဆိုတာပါပဲ။

မေမေတို့ကိုယ်တိုင်လည်း ကလေးငယ်လေးအာဟာရပြည့်ဝဖို့ နှစ်ယောက်စားရမယ်လို့ တွေးဖူးကြမှာပါ။ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်ကာလမှာ နှစ်ယောက်စာစားဖို့ လိုအပ်လားဆိုတဲ့ အကြောင်းကို YinThway Call Center က မျှဝေပေးသွားမို့ follow လုပ်ပြီး အဆုံးထိနားထောင်ကြည့်ပေးပါနော်။

#ကိုယ်ဝန်ဆောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးအတွက်ဘယ်မှာတိုင်ပင်ရမလဲ 🤰⁉️ရင်သွေးလေးကိုစတင်ပြီး ကိုယ်ဝန်ဆောင်ထားရပြီဆိုတာနဲ့ မေမေတို့ရဲ...
29/01/2026

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးအတွက်ဘယ်မှာတိုင်ပင်ရမလဲ 🤰⁉️

ရင်သွေးလေးကိုစတင်ပြီး ကိုယ်ဝန်ဆောင်ထားရပြီဆိုတာနဲ့ မေမေတို့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုနဲ့ စိုးရိမ်စိတ်တွေဟာ ဖြစ်ပေါိလာကြရပါတယ်။

" စိုးရိမ်စိတ်များတာကပုံမှန်ပဲလား "

" ဘာတွေစားပြီးဘာတွေမစားဘဲနေရမလဲ"

" ဒီလိုနေတာကမှန်ရဲ့လား "

အစရှိသဖြင့် မေးခွန်းပေါင်းများစွာကို ကျန်းမာရေးပညာရှင်ဆီခဏခဏသွားမေးဖို့ လူရော၊အချိန်ပါ အဆင်မပြေဘူးဆိုရင်တော့ မှန်ကန်တိကျတဲ့ အဖြေရရှိဖို့ ✨YinThway Call Center ✨ ရှိပါတယ်။

YinThway မှာ

🩺🤍မေမေတို့ရုတ်တရက်သိချင်လာတဲ့ မေးခွန်းများစွာအတွက် (၂၄) နာရီ(၇) ရက် ပိတ်ရက်မရှိဖြေကြားမှု

🩺🤍 ပါမောက္ခဆရာဝန်များ၏လမ်းညွှန်မှု

🩺🤍 ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အတွက် လိုအပ်သမျှ အကြံပြုမှု

အစရှိတာတွေကို ဖုန်းလေးဆက်လိုက်ရုံနဲ့ ရရှိနိုင်အောင်စီစဉ်ပေးထားပါတယ်။

YinThway ငယ်လေးကျန်းမာစွာမွေးဖွားလာဖို့ ကိုယ်ဝန်ဆောင်မေမေရဲ့ ကျန်းမာမှုက အရေးကြီးဆုံးဖြစ်တာမို့

ဗိုက်ဖုံးအင်္ကျီတစ်ထည်စာ ပမာဏလေးနဲ့ ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးကို YinThway နဲ့အတူ စောင့်ရှောက်ကြရအောင်နော်။ 🤍

မန်ဘာဝင်လိုပါက

📲Page Chat Box

📞09774778000 လိုင်းခွဲ(၂ )


#ကိုယ်ဝန်ဆောင်

26/01/2026

ကိုယ်ဝန်ဆောင်သည်မေမေတွေ အုန်းသီးအဖတ်စားလို့ရလား 🥥🩺

ကိုယ်ဝန်ဆောင်မေမေ အုန်းရည်သောက်လို့ရတယ်ဆိုတဲ့ အကြောင်းကို YinThway က မျှဝေပြီးပြီဆိုတော့ အုန်းသီးဖတ်စားလို့ရလားမေးထားတဲ့ မေမေတို့အတွက် Video လေးနဲ့ ရှင်းပြမျှဝေထားတာမို့ မေမေတွေအတွက်အကျိုးရှိရင် ပြန်လည်မျှဝေသွားပေးပါအုံးနော်။ 🤍🫶

#ကိုယ်ဝန်ဆောင်
#အုန်းသီးအဖတ်

ကလေးနေမကောင်းလို့ ပူပန်ရတဲ့အပူဟာ ဘယ်အပူနဲ့မှ မတူဘူးမဟုတ်လား 💔⁉️ကိုယ့်ရင်သွေးငယ်လေး နေမကောင်းပြီး မှိုင်တွေနေရတာကို မြင်ရ...
23/01/2026

ကလေးနေမကောင်းလို့ ပူပန်ရတဲ့အပူဟာ ဘယ်အပူနဲ့မှ မတူဘူးမဟုတ်လား 💔⁉️

ကိုယ့်ရင်သွေးငယ်လေး နေမကောင်းပြီး မှိုင်တွေနေရတာကို မြင်ရတာဟာ မိဘတိုင်းအတွက် စိတ်မချမ်းမြေ့စရာပါ။

"ငါ့ကလေးလေးဘာဖြစ်တာလဲ၊ ဘယ်လိုလုပ်ပေးရမလဲ" ဆိုတဲ့စိုးရိမ်စိတ်တွေက ကြီးစိုးလာတတ်ကြပါတယ်။

ဒီလိုအချိန်မျိုးမှာ အရေးကြီးဆုံးက ကျန်းမာရေးလမ်းညွှန်မှုကို အချီန်မီရရှိဖို့ဖြစ်ပါတယ်။

မေမေတို့ရဲ့ကလေးငယ်တွေ နေကောင်းကျန်းမာပြီး ရင်ထဲကအပူတွေငြိမ်းဖို့✨ YinThway Call Center ✨ရှိပါတယ်။

နေမကောင်းလို့ပူပန်
နေရချိန်မှာ အဝေးကြီးသွားစရာမလိုဘဲ YinThway ကို ဖုန်းတစ်ချက် ကောက်ဆက်လိုက်ရုံပါပဲ။

အသက်သာဆုံးနှုန်းထားဖြင့် မန်ဘာဝင်ထားရုံနဲ့ ကလေးနေမကောင်းလို့ ပူပန်ရခြင်းတွေကို YinThway Call Center က ဖြေရှင်းပေးမှာမို့

မေမေတို့ရဲ့ကလေးငယ်လေးအတွက် တွေဝေခြင်းမရှိဘဲ အခုပဲဆက်သွယ်လိုက်ပါနော်။ 🤍

မန်ဘာဝင်လိုပါက

📲Page Chat Box

📞09774778000 လိုင်းခွဲ(၂ )


#မိခင်နှင့်ရင်သွေး

20/01/2026

Baby blue ဆိုတဲ့ ကလေးမွေးပြီးခါစစိတ်ခံစားမှုအပြောင်းအလဲ ရောဂါဟာ မေမေတို့အတွက် တကယ်ကိုပင်ပန်းရစေပါတယ်။ ဒီလိုအချိန်မှာ မေမေတို့အနေနဲ့ ဘယ်လိုလုပ်သင့်လဲဆိုတာ YinThway မှ အကြံပြုမျှဝေထားတာမို့ Video လေးကို အဆုံးထိကြည့်ပေးပါနော်။

မေမေတို့အနေနဲ့ Babyblue ကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြတ်သန်းကြလဲ နည်းလမ်းကောင်းတွေထပ်သိသေးရင်လည်း မေမေအချင်းချင်းစာနာသောအားဖြင့် ပြောပြမျှဝေပေးခဲ့ပါအုံးနော်။ 🤍



#ကလေးမွေးပြီးခါစစိတ်ခံစားမှု

၂၀၂၆ အတွက် ရင်သွေးလေးကို ဘာတွေပြင်ဆင်ပေးပြီးပြီလဲ 💬🩺နှစ်တစ်နှစ်ကို ကူးပြောင်းလာလို့ လဝက်ဆိုတဲ့ အချိန်တစ်ခုကိုတောင် ရောက်...
18/01/2026

၂၀၂၆ အတွက် ရင်သွေးလေးကို ဘာတွေပြင်ဆင်ပေးပြီးပြီလဲ 💬🩺

နှစ်တစ်နှစ်ကို ကူးပြောင်းလာလို့ လဝက်ဆိုတဲ့ အချိန်တစ်ခုကိုတောင် ရောက်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ်က ကလေးငယ်‌လေးနေမကောင်းဖြစ်တဲ့အခါ ဘယ်သွားရမလဲ၊ဘယ်သူ့မေးရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှု‌တွေ၊ မလိုအပ်ဘဲကုန်ကျခဲ့တဲ့ စားရိတ်စက‌တွေကို မေမေတို့မှတ်မိအုံးမှာပါ။

အတွေ့အကြုံရပြီးသား နှစ်သစ်မှာတော့ မေမေတို့အနေနဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် သေချာပြင်ဆင်ထားသင့်ပါပြီနော် ။❗

ကလေးငယ်လေးနေထိုင်မကောင်းဖြစ်တာနဲ့ ကျန်းမာရေးပညာရှင်ရဲ့ အကြံပြုချက်ရရှိဖို့အတွက်တော့ YinThway ရှိပါတယ်။

(၂၄) နာရီ (၇) ရက်လုံး ညနက်သန်းခေါင်ဖြစ်နေသည့်တိုင်အောင် ကလေးငယ် ကျန်းမာရေးအတွက် ဖုန်းတစ်ချက် ကောက်ဆက်ရုံနဲ့ ကျန်းမာရေးအကြံပြုချက်တွေကိုရယူနိုင်မှာဖြစ်ပါတယ်။

YinThway မှာ( ၂၀၂၅)တစ်နှစ်လုံး မန်ဘာမဝင်ဖြစ်ခဲ့လို့ စိုးရိမ်ပူပန်ခဲ့ရတာတွေကို ဒီ (၂၀၂၆) မှာထပ်ပြီးတွေဝေမနေသင့်တော့တာမို့

(၂၀၂၆ )မှာ‌မေမေတို့ရဲ့ ကလေးငယ်ကျန်းမာရေးအတွက် စိတ်ချရစေဖို့ မန်ဘာဝင်ရင်ကောင်းမလားဆိုတဲ့ အတွေးကို လက်တွေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့နော်။ 🫶🤍



#ကိုယ်ဝန်ဆောင်
#ကလေးငယ်

ကလေးငယ်ကိုဂရုစိုက်တဲ့မေမေတိုင်းရှိထားသင့်တဲ့  App 🩺🤍ရင်သွေးငယ်လေးကို စောင့်ရှောက်ရတာဟာ မေမေတို့အတွက် မလွယ်ကူပေမဲ့လည်း အပ...
16/01/2026

ကလေးငယ်ကိုဂရုစိုက်တဲ့မေမေတိုင်းရှိထားသင့်တဲ့ App 🩺🤍

ရင်သွေးငယ်လေးကို စောင့်ရှောက်ရတာဟာ မေမေတို့အတွက် မလွယ်ကူပေမဲ့လည်း အပြုံးမပျက်ချစ်မေတ္တာထည့်ကာ စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးလေးဟာ မေမေပဲဖြစ်ပါတယ်။

တိုးတက်လာတဲ့နည်းပညာတွေနဲ့ အမှီ မေမေတို့ရဲ့ ကလေးငယ်စောင့်ရှောက်မှုကဏ္ဍမှာ အကူအညီဖြစ်မဲ့အရာတွေလည်း ထွက်ပေါ်လာတာကြောင့် အသုံးချတတ်ဖို့တော့လိုလာပါပြီနော်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးမိခင်နှင့်ကလေးကျန်းမာရေးအခြေပြု Call Center ဖြစ်တဲ့ YinThway ဟာ မေမေတို့အတွက် App တစ်ခုလည်း စီစဉ်ပေးထားပါတယ်။

ဖုန်းထဲမှာအခမဲ့ download လုပ်ထားလို့ရတဲ့ ဒီ App ထဲမှာ

🩺🤍ကလေးငယ်ရဲ့အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှုအဆင့်ကို ကြည့်လို့ရတဲ့ features

🩺🤍 ကလေးငယ်ကာကွယ်ဆေးထိုးသင့်တဲ့အသက်အရွယ်နဲ့ ကာကွယ်ဆေးအကြောင်းအရာ

🩺🤍 ကလေးငယ်အတွက် မေမေတို့ဖတ်ရှူလေ့လာသင့်တဲ့ ကျန်းမာရေးဆောင်းပါးများ

အစရှိတာတွေအပြင် မေမေတို့ကိုယ်တိုင်အတွက်ပါ အသုံးဝင်တဲ့ features လေးတွေထည့်ပေးထားပါတယ်။

YinThway App လေးကို ဒေါင်းလုခ်လုပ်ထားလိုက်ရင် ကာကွယ်ဆေးထိုးဖို့မေ့တာတွေ၊ ဖွံ့ဖြိုးမှုမှန်ရဲ့လား ဆိုတဲ့အတွေးတွေကိုသက်သာစေပြီး မေမေတို့ကလေးငယ်လေးရဲ့ ကျန်းမာရေးကို စနစ်တကျ‌
စောင့်ကြည့်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။

ကလေးကျန်းမာရေး နေ့စဉ်မှတ်တမ်းကိုလည်း မှတ်ထားလို့ရတာကြောင့် ချစ်ရတဲ့ ရင်သွေးငယ်အတွက် သီးသန့်မှတ်စုစာအုပ်လေးလိုဖြစ်နေမှာပါ။

အခမဲ့ ဒေါင်းလုခ်လုပ်ထားရတာထက်ပိုတဲ့ အသုံးဝင်မှုက YinThway က ဖန်တီးပေးထားတာမို့ အခုပဲလက်စွဲတော် App အဖြစ် ဖုန်းထဲမှာ ‌ထည့်ထားလိုက်တော့နော်။

ဒေါင်းရမဲ့ link လေးကိုလည်း ကောမန့်မှာ ထည့်ထားပေးပါတယ်ရှင့် ။🤍



#မေမေနဲ့ကလေးကျန်းမာရေး

Address

Yangon

Alerts

Be the first to know and let us send you an email when YinThway Maternal & Child Call Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YinThway Maternal & Child Call Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ရင်သွေး ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ...

မိမိ ရင်သွေးလေးကို နည်းစနစ်တကျ ပြုစု ပျိုးထောင်ဖို့ ဘယ်သူနဲ့ တိုင်ပင်မလဲ?ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။ကျွမ်းကျင် ဆရာဝန် ၁ ယောက်နဲ့ သီးသန့် အချိန်ယူပြီး အေးအေးဆေးဆေး ဆွေးနွေးလို့ရတာကြောင့် မိမိ ရင်သွေးလေးအတွက် စိတ်ချလက်ချ အကြံရယူနိုင်တယ်။မွေးစ မှ လက်ရှိ အခြေအနေထိ ကလေး ကျန်းမာရေး အခြေအနေများကို မှတ်တမ်းတင် သိမ်းဆည်းပေးထားပြီးတဲ့အပြင် ဖြေကြားပြီးတိုင်းမှာ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ထပ်မံမှတ်တမ်းတင် ထားပေးတယ်။ကုသဖို့ထက် ဆွေးနွေးတိုင်ပင်ဖို့ကို သာရည်ရွယ်ထားပြီး ဆေးရုံဆေးခန်းကို မသွားခင်/ သွားပြီး မှာလည်း ဆွေးနွေးတိုင်ပင်နိုင်တယ်။မိမိရင်သွေး ကို နည်းစနစ်တကျ ပြုစုပျိုးထောင်ဖို့ မိသားစု ဆရာဝန်ကဲ့ သို့ အချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရပြီး ဒီအခွင့်အလမ်း တွေ ရရှိဖို့ အတွက် မန်ဘာဝင်ထားလိုက်ရအောင်မန်ဘာဝင်ရန်အတွက်ဖုန်းဖြင့်စုံစမ်းရန် > ၀၉၇၉၉၂၂၅၅၆၆Messenger တွင်စုံစမ်းရန် > https://m.me/yinthwaymm


  • ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။

  • စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။

  • နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။