YinThway Maternal & Child Call Center

YinThway Maternal & Child Call Center ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး

မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသမှမဆို ဆက်သွယ်နိုင်ခြင်း

24 နာရီပိတ်ရက်မရှိခေါ်ဆိုမှုအကြိမ်အရေအတွက်၊ အချိန်အကန့်အသတ်မရှိခေါ်ဆိုဆွေးနွေးနိုင်ခြင်း

မည်သည့်ဖုန်းနံပါတ်နှင့်မဆို ဆက်သွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင် (သို့မဟုတ်) Baby လေးတို့ရဲ့ အခြေအနေ‌ နှင့် ဆေးမှတ်တမ်း၊ ဆေးပုံတို့ကို ဓာတ်ပုံ သို့မဟုတ် Video များဖြင့်ပေးပို့ဆွေးနွေးပေးနိုင်ခြင်း

ဆေးမှတ်တမ်းအခြေပြု စနစ်ဖြစ်ခြင်း (Electronic Medical Record)

မိသားစုဆရာဝန်တစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဖွင့်ဟဆွေးနွေးနိုင်ခြင်း၊ နွေးထွေးမှုကို ခံစားရခြင်း

ဖုန်းခေါ်ဆိုလိုက်သည်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် ဆရာဝန် အဆင်သင့်ရှိနေခြင်း၊ ချက်ချင်း တိုင်ပင်ဆွေးနွေးနိုင်ခြင်း

Mobile Banking၊ အွန်လိုင်း Payment များမှတဆင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း

တစ်လစာ Member ဝင်မယ်ဆိုရင် ဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ် နှင့် တစ်လစာအတွက် 5,000 ကျပ် စုစုပေါင်း (10,000) ကျပ်သာ ကျသင့်မှာပါ။

သုံးလစာဝင်မယ်ဆိုရင် တစ်သက်တာဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ်နှင့် သုံးလစာအတွက် 15,000 ကျပ် စုစုပေါင်း 20,000 ကျပ်ပါရှင့်

အီလက်ထရောနစ်ဆေးမှတ်တမ်း EMR အတွက် Member စဝင်တဲ့တစ်ကြိမ်သာပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းထပ်တိုးမည်ဆိုပါက တစ်လလျှင် 5000 ကျပ်ဖြင့် မေမေတို့အဆင်ပြေရာ လအလိုက် Member သက်တမ်းတိုးနိုင်မှာပဲဖြစ်ပါတယ်ရှင့်။

မေတ္တာရွှန်းဝေဆာ တန်ဆောင်မုန်းအချိန်အခါ 🤍🪔ယနေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလအခါတော်နေ့) ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မြန်မ...
04/11/2025

မေတ္တာရွှန်းဝေဆာ တန်ဆောင်မုန်းအချိန်အခါ 🤍🪔

ယနေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလအခါတော်နေ့) ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများရဲ့ ချစ်စရာဓလေ့များစွာနဲ့ စည်ကားတဲ့ ရက်မြတ်လေးလည်းဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ မိသားစုတိုင်းရဲ့ ချစ်ခင်စွာချက်ပြုတ်လှူဒါန်းမှုများ၊ ရပ်ကွက်တိုင်း၊လမ်းတိုင်း မှာ စတုဒီသာ အလှူ၊ကထိန်အလှူများနဲ့ ပျော်ရွှင်ရယ်မောသံများနဲ့ ပြည့်နှက်နေတတ်ပါတယ်။

ဒီလိုနေ့ထူးနေ့မြတ်လေးမှာ မေတ္တာဓာတ်တွေဟာဖြန့်ကျက်ဝေဆာပြီး စိတ်နှလုံးလည်းရွှင်ပြုံးကြတာမို့ အလွန်ကို မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်လေးဖြစ်ပါတယ်။

ဒီလိုထူးမြတ်လှတဲ့နေ့လေးမှာ မေတ္တာစိတ်အပြည့်အဝနဲ့ ကြည်နူးပျော်ရွှင်ကာကုသိုလိအမှုပြုနိုင်ကြစေကြောင်း YinThway Mathernal & Child Call Center မှ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဆုတောင်းအပ်ပါတယ်။


#တန်ဆောင်မုန်းလပြည့်နေ့

သင့်ကလေးငယ်အတွက် နိုဝင်ဘာလမှာတော့ YinThway မှာ မန်ဘာဝင်ပေးလိုက်ပါနော် 🩺🤍ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် (၂၄) နာရီ (၇) ရက်လုံး...
01/11/2025

သင့်ကလေးငယ်အတွက် နိုဝင်ဘာလမှာတော့ YinThway မှာ မန်ဘာဝင်ပေးလိုက်ပါနော် 🩺🤍

ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် (၂၄) နာရီ (၇) ရက်လုံး အဆင်သင့်ရှိနေတဲ့ Call center တစ်ခုလုံးရှိမှန်းသိပေမဲ့ မလိုအပ်သေးပါဘူးလို့ မေမေတို့ တွေးကောင်းတွေးနိုင်ကြပါတယ်။

မန်ဘာဝင်ရတာကုန်ကျစရိတ်အပိုဖြစ်သွားမှာလား

မေမေတို့ရဲ့ ဒီလိုအတွေးတွေဟာ တကယ်ကို အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေနဲ့တွေ့မှသာ မန်ဘာဝင်ထားခဲ့လိုက်ရင်ကောင်းမှာပဲ ဆိုတဲ့ အတွေးကိုဖြစ်စေမှာပါ။ ☹️

ကုန်လွန်သွားတဲ့လတွေမှာ ကလေးကဘာမှသိပ်မဖြစ်ဘဲ စိုးရိမ်တကြီးအပင်ပန်းခံခဲ့ရတာတွေ၊ ငွေကုန်ကြေးကျများခဲ့တာတွေကို ဒီနိုဝင်ဘာလမှာ ထပ်သယ်ပိုးထားအုံးမလို့လား မေမေတို့ရယ်

YinThway Callcenter က မေမေတို့ဈေးတခါသွားစာတောင်မရှိတဲ့ နှုန်းထားလေးနဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် အချိန်ပြည့်အဆင်သင့်ရှိနေပေးမှာပါ။

ဒါကြောင့် အရင်လတွေက အပိုကုန်မှာလားဆိုတဲ့အတွေးတွေကို လွှင့်ပစ်ပြီး ဒီနိုဝင်ဘာလမှာတော့ YinThway မှာ မန်ဘာဝင်ထားကာ စိတ်ချမ်းသာမှုကို ရယူလိုက်ပါနော်။🫶🩺


28/10/2025

မေမေတို့အနေနဲ့ မိခင်နို့ရည်သိမ်းဆည်းချင်ပေမဲ့ ကလေးလေးအတွက် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ဒီ Video လေးထဲမှာ သေချာပြောပြပေးထားတာမို့ အဆုံးထိကြည့်ပြီး သိချင်တာရှိသေးရင်လည်း မေးခဲ့လို့ရပါတယ်နော်။🩺🤍


#မိခင်နို့ရည်သိမ်းဆည်းပုံ

မေမေတွေရဲ့ ပင်ပန်းမှုတွေကို မျှဝေယူပေးမဲ့သူ မရှိဘူးမလား 🥺💬မေမေရယ်လို့ ဖြစ်လာပြီဆိုရင် တစ်အိမ်လုံး အလုပ်လည်း ကိုယ့်အလုပ်၊...
26/10/2025

မေမေတွေရဲ့ ပင်ပန်းမှုတွေကို မျှဝေယူပေးမဲ့သူ မရှိဘူးမလား 🥺💬

မေမေရယ်လို့ ဖြစ်လာပြီဆိုရင် တစ်အိမ်လုံး အလုပ်လည်း ကိုယ့်အလုပ်၊ ကလေးကိစ္စလည်းလုပ်ရနဲ့ နားချိန်မရအောင် ပင်ပန်းလာကြရပါတယ်။

အလုပ်တွေ ပင်ပန်းရတာထက် ကလေးငယ်လေးက ဘယ်လိုနေမကောင်းဖြစ်မှန်းမသိဘဲ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ရတာဟာ
တစ်အိမ်လုံးအလုပ် လုပ်နေရတာထက်ကို ပိုပင်ပန်းလှပါတယ်။ 🤦‍♀

မေမေတို့ရဲ့ အိမ်အလုပ်တွေကို ကူမလုပ်ပေးနိုင်ပေမဲ့ ကလေးငယ်ရဲ့ ကျန်းမာခြင်းအတွက် စိတ်ပင်ပန်းပူပန်ရတာတွေကိုတော့🩺 YinThway🤍 က မျှဝေယူပေးနိုင်ပါတယ်။

ကလေးငယ်ဖြစ်တဲ့ ရောဂါဟာ ဆရာဝန်ဆီချက်ချင်းပြေးဖို့လိုတာလား ၊ဘယ်လိုလုပ်ရမလဲဆိုတဲ့ စိတ်ပင်ပန်းမှုတွေက YinThway မှာ အလွန်သေးငယ်တဲ့ ပမာဏနဲ့ မန်ဘာဝင်ထားရုံနဲ့ သက်သာအဆင်ပြေသွားမှာပါ။

မေမေကအိမ်အလုပ်တွေကိုပိုအာရုံစိုက်ပါ ကလေးလေးနေမကောင်းတဲ့အခါ (၂၄) နာရီ (၇) ရက်လုံး အဆင့်သင့်ရှိနေတဲ့ YinThway ကို ဖုန်းလေးခေါ်လိုက်ပါနော်။ 🩺📞


&childcallcenter

#မေမေတို့အတွက်

မေမေတွေမဖြစ်မနေ Join ထားသင့်တဲ့  ❝  group ❞  လေးတစ်ခု YinThway  က တည်ထောင်ပေးလိုက်ပါပြီ 🥳🤍 မေမေတွေရဲ့ပင်ပန်းမှု၊အဆင်မပြေ...
25/10/2025

မေမေတွေမဖြစ်မနေ Join ထားသင့်တဲ့ ❝ group ❞ လေးတစ်ခု YinThway က တည်ထောင်ပေးလိုက်ပါပြီ 🥳🤍

မေမေတွေရဲ့ပင်ပန်းမှု၊အဆင်မပြေမှု၊စိုးရိမ်ပူပန်မှုတွေကို မေမေတွေနဲ့ထပ်တူ နားလည်ပေးနိုင်မဲ့သူကတော့ မေမေတွေ အချင်းချင်းပဲဖြစ်ပါတယ်။🥺

မိခင်တယောက်ရဲ့ နေ့စဉ်စိန်ခေါ်မှုတွေ၊ မေးစရာ မေးခွန်းများစွာနဲ့ ဘယ်သူ့ကိုတိုင်ပင်ရမလဲ မသိတဲ့ အဖော်မဲ့မှုတွေကို ဖြေရှင်းဖို့ ❞ ❝ YinThway Maternal & Child Call Center ❞ က group လေးတစ်ခုတည်ထောင်ပေးထားပါတယ်။💁‍♀

📍ဒီ group လေးထဲမှာ မေမေတို့က မိမိတို့ရဲ့အတွေ့အကြုံ၊ဗဟုသုတလေးတွေကို မျှဝေလို့ရမှာဖြစ်သလို သိလိုတဲ့ မေးခွန်းတွေကိုလည်း အားကိုးတကြီးနဲ့ မေးလို့ရမှာပဲဖြစ်ပါတယ်။

မေမေတို့သိလိုသမျှ မေးခွန်းတွေကို မေမေတွေအချင်းချင်း ပြန်ဖြေပေးကြရမယ်ဆိုပေမဲ့ အရေးကြီးပြီး မေမေတိုင်းသိသင့်တဲ့ မေးခွန်းတွေကိုတော့ ❝ YinThway ❞ ကနေ ကျွမ်းကျင်ဆရာဝန်များဆီမှာသေချာမေးမြန်းပြီး Video လေးနဲ့ အသေးစိတ်ရှင်းပြ ၊ပြောပြပေးသွားမှာလည်းဖြစ်ပါတယ်။

ဒီ gp လေးက ❝ YinThway❞ ရဲ့ မန်ဘာဝင်မေမေတွေအတွက်တင်မဟုတ်ဘဲ မေမေတိုင်းအတွက်ရည်ရွယ်ပြီးတည်ထောင်ထားတာမို့ မေမေတိုင်းပါဝင်လို့ရမှာပါရှင်။

Group ထဲက မေမေတွေအတွက် YinThway က Giveaway တွေပေးဖို့လည်း စီစဉ်ထားတာမို့

မေမေတို့ရဲ့နှလုံးသားထဲက ရိုင်းပင်းစာနာမှုတွေကို YinThway နဲ့အတူမျှဝေဖို့ gp link လေးကို နှိပ်ပြီးအခုပဲ Join လိုက်တော့နော်။🫶🩺🤍

Group Link ,

https://www.facebook.com/groups/1847295162859521/?ref=share&mibextid=NSMWBT


#မေမေတို့ရဲ့စာနာမှုတွေYinthwayနဲ့အတူမျှဝေ
#မေမေgp

22/10/2025

ကလေးမွေးဖွားဖို့သွားတယ်ဆိုတာ ဆေးရုံမှာ ရက်သတ္တပတ်အကြာနေရတဲ့အတွက် အိမ်ကနေပစ္စည်းအစုံပါသွားစေဖို့အရေးကြီးပါတယ်။

မယူမဖြစ်ယူရမယ့်ပစ္စည်းတွေဖြစ်တဲ့
-မှတ်ပုံတင်
-ဆေးမှတ်တမ်းစာရွက်စာတမ်းများ
-ငွေသား
-လက်ကိုင်ဖုန်းနဲ့ ဖုန်းအားသွင်းကြိုး (အကြာကြီး သုံးဖို့အတွက် ကြိုးရှည်တာဆို ပိုကောင်းပါတယ်။)
-စာအုပ်၊ မဂ္ဂဇင်း ဒါမှမဟုတ် သီချင်းနားထောင်ဖို့နားကြပ်တို့အပြင်...

အခြားလိုအပ်တဲ့ပစ္စည်းတွေကိုတော့ 🩺Yin Thway🤍 ရဲ့ Video လေးကို အဆုံးထိကြည့်ပြီး ပါအောင်ထည့်သွားဖို့မမေ့ပါနဲ့နော်။

အလုပ်တစ်ဖက်နဲ့ အိမ်‌ထောင့်တာဝန်တွေထမ်းဆောင်နေရတဲ့ မေမေလား❓အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့အပြ...
21/10/2025

အလုပ်တစ်ဖက်နဲ့ အိမ်‌ထောင့်တာဝန်တွေထမ်းဆောင်နေရတဲ့ မေမေလား❓

အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့အပြင် အိမ်ပြန်ရောက်ရင်လည်း ကလေးငယ်လေးရဲ့တာဝန်ကို မလစ်ဟင်းအောင်လုပ်ရတဲ့မေမေ‌ အများစုဟာ ကိုယ့်ကလေးငယ်ကို စိတ်ချရတဲ့ အုပ်ထိန်းသူ အဒေါ်၊ အဖိုး၊ အဖွားတွေနဲ့ထားခဲ့ကြတာများပါတယ်။

စိတ်ချရတဲ့သူနဲ့ထားခဲ့တာဆိုပေမယ့်လည်း ကျန်းမာရေးပြဿနာတွေ ကြုံလာခဲ့တဲ့အခါကျတော့ မေမေကအနားမှာ မရှိတဲ့အတွက်ကြောင့် ချက်ချင်းဖြေရှင်းနိုင်ဖို့ ခဲယဉ်းလှပါတယ်။🥺

အခုလိုအခက်အခဲမျိုးအတွက်ဆို မေမေနဲ့ကလေးငယ်ရဲ့ကျန်းမာရေးကို (၂၄) နာရီ (၇) ရက်ပတ်လုံးဖြေရှင်းညွှန်ပြပေးမယ့် Yin Thway မှာ Member ဝင်ထားတာ အကောင်းဆုံးပါပဲ။

Yin Thway ရဲ့ ဆရာဝန်တွေက ဘယ်အချိန်ပဲဖြစ်ဖြစ် ဖုန်းလေးတစ်ချက်ဆက်ရုံ၊ Viber မှာ တစ်ချက်လောက်မေးရုံနဲ့ အသေးစိပ်ဖြေကြားပေးသွားမှာဖြစ်လို့ မေမေတို့ရဲ့ ကလေးငယ်အပေါ်မှာထားတဲ့ ကျန်းမာရေးလစ်ဟင်းမှုတစ်ခုကို Yin Thway က ဖြည့်စွက်ပေးမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ အလုပ်ဖိအားကြောင့်မအားလပ်တဲ့မေမေတွေအားလုံးက ဘေဘီလေးရဲ့ကျန်းမာရေးကို အချိန်နဲ့တ‌ပြေးညီဖြေရှင်းနိုင်ဖို့ 🩺Yin Thway🤍 မှာ Member ဝင်ထားတာ အကောင်းဆုံးအားကိုးရာပဲဖြစ်ပါတယ်ရှင်။

သားဦးလေးကိုယ်ဝန်မို့ စိုးရိမ်ပူပန်မှုတွေများနေပြီလား⁉️ပထမဦးဆုံးကိုယ်တို့ဇနီးမောင်နှံဘဝလေးထဲကို ဝင်လာခါစဖြစ်နေတဲ့ သားဦးလေ...
18/10/2025

သားဦးလေးကိုယ်ဝန်မို့ စိုးရိမ်ပူပန်မှုတွေများနေပြီလား⁉️

ပထမဦးဆုံးကိုယ်တို့ဇနီးမောင်နှံဘဝလေးထဲကို ဝင်လာခါစဖြစ်နေတဲ့ သားဦးလေးကို တစ်ခုခုချွတ်ချော်သွားမှာ၊ မှားယွင်းသွားမှာစိုးရိမ်နေကြတဲ့ ဖေဖေနဲ့ မေမေတွေအများကြီးရှိပါတယ်။🥺

အခုလိုစိုးရိမ်နေရတဲ့ ပူပန်မှုတွေအကုန်လုံးကို ၂၄ နာရီ (၇) ရက်ပတ်လုံးဖြေရှင်းပေးနေမယ့် Yin Thway Call Center ကို အားကိုးသင့်ပါတယ်။

Yin Thway Call Center က ဆရာဝန်တွေအကုန်လုံးက မေမေနဲ့ ကလေးလေးရဲ့ကျန်းမာရေးကိစ္စအဝဝကို မေမေတို့၊ ဖေဖေတို့နဲ့ထပ်တူစိုးရိမ်ပေးပြီး လိုအပ်တဲ့အကူအညီတွေလည်းပေးသွားမှာဖြစ်ပါတယ်။

ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက် ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ မေမေနဲ့ သားဦးလေးရဲ့ ကျန်းမာရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးခွင့်ရမှာဆိုတော့ 🩺Yin Thway🤍 မှာ အခုချက်ချင်း Member လာဝင်လိုက်တော့နော်။

မိခင်နို့ရည်ကို အခန်းအပူချိန်လောက်မှာထားရင် ဘယ်အချိန်ထိအထားခံလဲ❓🍼မေမေတို့ရဲ့ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံနေတဲ့အတွက် က...
15/10/2025

မိခင်နို့ရည်ကို အခန်းအပူချိန်လောက်မှာထားရင် ဘယ်အချိန်ထိအထားခံလဲ❓

🍼မေမေတို့ရဲ့ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံနေတဲ့အတွက် ကြီးမားတင်းရင်းလာတဲ့အချိန်၊

🍼ကလေးငယ်က မိခင်နို့ရည်ကို စုပ်ယူဖို့ အားမရှိတဲ့အချိန်၊

🍼မေမေတို့က မိမိရဲ့ နို့ရည်ပြုဂလင်းက နို့ချိုထွက်တဲ့နှုန်းကို မြင့်တက်စေချင်တဲ့အချိန်နဲ့

🍼ဖခင်တစ်ယောက်အနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ကလေးငယ်ကို ယုယုယယ နို့ထွက်တိုက်ချင်တဲ့အခါမျိုးမှာ မိခင်နို့ကို နည်းလမ်းအမျိုးမျိုးနဲ့ သိမ်းဆည်းထားတတ်ကြပါတယ်။

အခုလိုသိမ်းဆည်းထားတဲ့အခါ ပုံမှန်အခန်းအပူချိန်မှာပဲသိမ်းထားမယ်ဆို ဘယ်အချိန်ထိအာနိသင်ရှိလဲ၊ အထားခံလဲဆိုတာကို မေမေတို့ သေချာသိကြရဲ့လားရှင့်။

သိတယ်ဆိုရင် အခြားမေမေတွေလည်းသိသွားရအောင် ဒီ Post ရဲ့ Comment box မှာ ရေးပေးခဲ့ကြပါဦးနော်။

အဖြေမှန်လေးကိုတော့ YinThway ကနေ Video လေးနဲ့တကွရှင်းပြပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားပြီးစောင့်ကြည့်ပေးပါဦးရှင်။


#မေမေတို့ကျန်းမာရေး

မေမေတို့ရဲ့ကလေးငယ်တွေ မျက်လုံးစောင်းတာပုံမှန်ပဲလား❓အထူးသဖြင့် မွေးခါစဘေဘီငယ်လေးတွေမှာ မျက်လုံးသူငယ်အိမ်လေးတွေ ပေစောင်းစေ...
14/10/2025

မေမေတို့ရဲ့ကလေးငယ်တွေ မျက်လုံးစောင်းတာပုံမှန်ပဲလား❓

အထူးသဖြင့် မွေးခါစဘေဘီငယ်လေးတွေမှာ မျက်လုံးသူငယ်အိမ်လေးတွေ ပေစောင်းစောင်းဖြစ်နေတတ်ကြတာကို အမြဲစောင်းသွားမလား၊ မွေးရာပါစောင်းတာလားဆိုပြီး စိုးရိမ်စိတ်များနေတဲ့မေမေတို့အတွက် 🩺YinThway🤍 မှ မျှဝေပြောပြပေးလိုက်ပါတယ်။

မွေးစကာလကနေ (၄)လ အတွင်း ​ကလေးငယ်တို့က သူတို့ရဲ့မျက်လုံးကြွက်သားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဦးနှောက်နဲ့ မျက်လုံးတွေကလည်း ပေါင်းစပ်ပြီး အတူတကွ အလုပ်လုပ်ဆောင်ဖို့ သင်ယူနေဆဲကာလ ဖြစ်ပါတယ်။

​ဒီကာလအတွင်းမှာ ကလေးငယ်တွေရဲ့ မျက်လုံးတွေက တစ်ခါတစ်ရံ စောင်းနေခြင်း၊ ခဏခဏ လွဲချော်နေခြင်း သို့မဟုတ် တစ်ဖက်စီ လှုပ်ရှားနေခြင်းမျိုး ဖြစ်နိုင်ပါတယ်။

ကလေးငယ်တို့က တစ်ခုခုကို အာရုံစိုက်ကြည့်တဲ့အခါ ဒါမှမဟုတ် ပင်ပန်းတဲ့အခါမျိုးမှာ ပိုပြီး သတိထားမိနိုင်ပါတယ်။

၄ လသားအရွယ်ရောက်တဲ့အခါမှာတော့ ကလေးငယ်တွေရဲ့ မျက်လုံးတွေဟာ အမြဲတမ်းဖြောင့်တန်းနေသင့်ပြီး အရာဝတ္ထုတစ်ခုကို မျက်လုံးနှစ်လုံးနဲ့ တစ်ပြိုင်တည်း အာရုံစိုက်ကြည့်နိုင်စွမ်း ရှိနေရမှာပဲဖြစ်ပါတယ်။

၄ လသားကျော်လွန်တဲ့အခါမှာ အောက်ပါလက္ခဏာတွေရှိနေရင် ကလေးအထူးကုဆရာဝန် ဒါမှမဟုတ် မျက်စိအထူးကုဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

၁။မျက်လုံးစောင်းတာက ဆက်ပြီးဖြစ်နေခြင်း သို့မဟုတ် ပိုပြီး မကြာခဏ ဖြစ်လာခြင်း။

၂။မျက်လုံးတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးက အထဲကို စောင်းနေခြင်း၊ အပြင်ဘက်ကို ရောက်နေခြင်း၊ အပေါ်/အောက် လွဲချော်နေခြင်း

၃။မျက်လုံးစောင်းခြင်းက တစ်ချိန်လုံး ဒါမှမဟုတ် အချိန်အကြာကြီး စောင်းနေခြင်း ဆိုတဲ့လက္ခဏာတွေက ဆရာဝန်နဲ့ပြသသင့်နေပြီဖြစ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

ကလေးငယ်တွေမှာ မျက်လုံးစောင်းခြင်းက အကြမ်းအားဖြင့် မွေးစကနေ (၄)လအရွက်အထိက ပုံမှန်ပါပဲ။ မေမေတို့ စိုးရိမ်စရာမလိုတဲ့ ကလေးငယ်ရဲ့အမြင်အာရုံစနစ်ဖွံ့ဖြိုးတိုးတက်နေတဲ့ လက္ခဏာတစ်ခုလည်းဖြစ်တယ်ဆိုတဲ့အကြောင်း 🩺Yin Thway🤍 မှ အသိပညာပေးမျှဝေလိုက်ပါတယ်ရှင်။

ကိုယ်ဝန်ဆောင်မေမေရဲ့ ပျို့အန်ခြင်းသက်သာအောင် ဘယ်လိုလုပ်ရမလဲ 🤰💬⁉️ချစ်ရတဲ့ ရင်သွေးလေးကိုအချစ်တွေနဲ့ထွေးပွေ့ပြီး ကိုယ်ဝန်ဆေ...
09/10/2025

ကိုယ်ဝန်ဆောင်မေမေရဲ့ ပျို့အန်ခြင်းသက်သာအောင် ဘယ်လိုလုပ်ရမလဲ 🤰💬⁉️

ချစ်ရတဲ့ ရင်သွေးလေးကိုအချစ်တွေနဲ့ထွေးပွေ့ပြီး ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေအများစုမှာ "Moring Sickness" လို့ခေါ်တဲ့ မူးဝေပျို့အန်ခြင်းက မကြာခဏဖြစ်တတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်အစပိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် မူးဝေပျို့အန်ခြင်းတယ်လို့အကြမ်းဖျင်းယူဆကြပေမယ့် တကယ်ဖြစ်စေတဲ့အကြောင်းအရင်းအမှန်ကို ဘယ်သူကမှသက်သေမပြနိုင်သေးပါဘူး။ ဒါပေမယ့် ဒီလိုအချိန်ဆို မေမေတို့အတွက် တကယ်ကိုပင်ပန်းကြရတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ မေမေစိတ်မညစ်ပါနဲ့ Morning Sickness ကို သက်သာစေမဲ့ နည်းလမ်းလေးတွေရှိပါတယ်။

🩺🤍 အကြိမ်ရေများများနဲ့နည်းနည်းချင်းစားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ခြင်းဖြစ်မှာစိုးရိမ်ပြီး ဘာမှမစားတာကပိုဆိုးစေပါတယ်။ စားချင်စိတ်မရှိရင်တောင်မှ နည်းနည်းနဲ့ အကြိမ်ရေများများ စားပေးတာက အော့အန်တာကို သက်သာစေမှာပါ။

🩺🤍 ရေဓာတ်ပြည့်ဝ‌အောင်နေပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ရိုးရိုးရေ၊ သစ်သီးဖျော်ရည်လေးတွေနဲ့ သစ်သီးစိတ်လေးတွေစားသောက်ပေးတာက ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။

🩺🤍အနားယူပါ

ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရင် ပျို့အန်ချင်စိတ်ပိုဖြစ်စေတာမို့ သက်တောင်သက်သာအနားယူပေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ဖြစ်တတ်တဲ့ Morning Sickness မူးဝေပျို့အန်ခြင်းဟာ ကိုယ်ဝန် (၉) ပတ်မတိုင်ခင်မှာစဖြစ်တတ်ပြီး ကိုယ်ဝန်ရဲ့ ဒုတိယ (၃) လပတ်မှာ သက်သာသွားတတ်တာမို့ 🫶

မေမေတို့စိတ်ပင်ပန်း၊စိတ်ရှုပ်မှုတွေမဖြစ်ဘဲ YinThway ကချစ်ခြင်းမေတ္တာအပြည့်နဲ့ မျှဝေထားတဲ့ အထက်ကဒီနည်းလမ်းလေးတွေအတိုင်း သက်သာအောင် ကြိုးစားကြည့်ပါနော်။

Morning Sickness ကိုခံစားရပြီးမှ နည်းလမ်းကောင်းလေးတွေနဲ့ သက်သာသွားတဲ့ မေမေတွေရှိရင်လည်း ကောမန့်မှာ မေမေအချင်းချင်း မျှဝေပေးခဲ့ပါအုံးရှင်။🫶🤍🩺


#ကိုယ်ဝန်ဆောင်မေမေပျို့အန်ခြင်းသက်သာအောင်

ချစ်ခြင်းမေတ္တာများလွှမ်းခြုံသော သီတင်းကျွတ်အချိန်အခါ🕯️🤍သီတင်းကျွတ်အခါသမယဆိုတာ လူကြီးသူမတွေ၊ မိသားစုတွေအကုန်လုံးနဲ့ ချစ်...
06/10/2025

ချစ်ခြင်းမေတ္တာများလွှမ်းခြုံသော သီတင်းကျွတ်အချိန်အခါ🕯️🤍

သီတင်းကျွတ်အခါသမယဆိုတာ လူကြီးသူမတွေ၊ မိသားစုတွေအကုန်လုံးနဲ့ ချစ်ချစ်ခင်ခင် သိုက်သိုက်ဝန်းဝန်းနဲ့ ဆုံစည်းပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဆင်နွှဲကြတဲ့ ပျော်ရွှင်စရာအခါသမယလေးပဲဖြစ်ပါတယ်။✨

မေမေတို့နဲ့အတူ ရင်သွေးငယ်တွေကလည်း ဆီမီးထွန်းခြင်း၊ ဘုရားသွားခြင်း၊ ဘိုးဘွားတို့ကိုဂါရဝပြုခြင်းစသဖြင့် ကုသိုလ်ထူးတွေကိုပွားများကြတဲ့ အခါသမယဆိုလည်းမမှားပါဘူးရှင်။

အခုလိုဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အထွဋ်အမြတ်ထား ထူးကဲပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါမှာ မေမေတို့ရော၊ ရင်သွေးငယ်တို့‌
ရော ၊မိသားစုတိုင်း ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါ‌စေ‌ကြောင်း 🩺Yin Thway🤍 မှ မေတ္တာဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။


#သီတင်းကျွတ်လပြည့်နေ့

Address

Yangon

Alerts

Be the first to know and let us send you an email when YinThway Maternal & Child Call Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YinThway Maternal & Child Call Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ရင်သွေး ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ...

မိမိ ရင်သွေးလေးကို နည်းစနစ်တကျ ပြုစု ပျိုးထောင်ဖို့ ဘယ်သူနဲ့ တိုင်ပင်မလဲ?ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။ကျွမ်းကျင် ဆရာဝန် ၁ ယောက်နဲ့ သီးသန့် အချိန်ယူပြီး အေးအေးဆေးဆေး ဆွေးနွေးလို့ရတာကြောင့် မိမိ ရင်သွေးလေးအတွက် စိတ်ချလက်ချ အကြံရယူနိုင်တယ်။မွေးစ မှ လက်ရှိ အခြေအနေထိ ကလေး ကျန်းမာရေး အခြေအနေများကို မှတ်တမ်းတင် သိမ်းဆည်းပေးထားပြီးတဲ့အပြင် ဖြေကြားပြီးတိုင်းမှာ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ထပ်မံမှတ်တမ်းတင် ထားပေးတယ်။ကုသဖို့ထက် ဆွေးနွေးတိုင်ပင်ဖို့ကို သာရည်ရွယ်ထားပြီး ဆေးရုံဆေးခန်းကို မသွားခင်/ သွားပြီး မှာလည်း ဆွေးနွေးတိုင်ပင်နိုင်တယ်။မိမိရင်သွေး ကို နည်းစနစ်တကျ ပြုစုပျိုးထောင်ဖို့ မိသားစု ဆရာဝန်ကဲ့ သို့ အချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရပြီး ဒီအခွင့်အလမ်း တွေ ရရှိဖို့ အတွက် မန်ဘာဝင်ထားလိုက်ရအောင်မန်ဘာဝင်ရန်အတွက်ဖုန်းဖြင့်စုံစမ်းရန် > ၀၉၇၉၉၂၂၅၅၆၆Messenger တွင်စုံစမ်းရန် > https://m.me/yinthwaymm


  • ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။

  • စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။

  • နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။