19/03/2026
🥰A Generous Donation for Life-Saving Care🥰
✨We are deeply grateful to ATOM for their generous donation of a Hemodialysis (HD) Machine to Muslim Free Hospital.✨
💕Today, we had the honor of hosting the Atom team at a Donation Ceremony held at our 5th Floor Meeting Room. The event was marked by inspiring speeches from Mr. Ahmad (CEO of ATOM) and Mr. U Thein Hoke (CCAO of ATOM), followed by a warm Welcome Address from our Medical Superintendent, Dr. Mariam.💕
🌟The ceremony included the presentation of Atom’s CSR video, a glimpse into our hospital’s profile, and the official handover of the gift. We concluded the formalities by presenting a Certificate of Appreciation to Atom for their invaluable support to our institution.⭐️
🫶🏻The morning ended with a group photo and a tour of our HD unit, led by our Medical Superintendent and Executive Committee members.🫶🏻
💝Thank you, Atom, for helping us save lives and serve the community better. Together, we make a difference.💝
🥰မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံသို့ Atom Myanmar Limited မှ ကျောက်ကပ်ဆေးလူနာများအတွက် ကျောက်ကပ်သွေး သန့်စင်စက် (Fresenius Hemodialysis Machine, Made in Germany) အသစ် တစ်လုံးအား လှူဒါန်းခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည် ။🥰
💕ယနေ့ (၁၉-၀၃-၂၆) ရက် ၊ ကြာသပတေး နေ့တွင် ၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ ၅ လွှာ ရှိ အစည်းအဝေးခန်းမ၌ Atom Myanmar Limited အား ဂုဏ်ပြုသောအားဖြင့် ကျောက်ကပ်သွေး သန့်စင်စက် လှူဒါန်းသည့်အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပါသည်။💕
🌟အဆိုပါအခမ်းအနားတွင် Atom Myanmar Limited ၏ CEO ဖြစ်သူ Mr. Ahmad နှင့် CCAO ဖြစ်သူ U Thein Hoke တို့၏ အဖွင့်အမှာစကားများ၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၏ ဆေးရုံအုပ်ကြီး Dr. Mariam ၏ ကြိုဆိုနှုတ်ခွန်းဆက်နှင့် ကျေးဇူးတင်စကား ပြောကြားခြင်း ၊🌟
💕Atom Myanmar Limited ၏ Corporate Social Responsibility (လူမှုအကျိုးပြုလုပ်ငန်းများ) ဗီဒီယို နှင့် ၊ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၏ နောက်ခံသမိုင်းကြောင်း ကို ရှင်းလင်းတင်ပြခြင်း အပြီးတွင် Atom Myanmar Limited မှ ကျောက်ကပ်သွေးသန့်စင်စက်အားလွှဲပြောင်းပေးအပ်ခဲ့ပြီး မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ မှ Atom Myanmar Limited သို့ ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခြင်း အစီအစဥ်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ 💕
⭐️နောက်ဆုံးအစီအစဉ်အနေဖြင့် Atom Myanmar Limited မှ ဂုဏ်သရေရှိဧည့်သည်တော်များ နှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း ၊ ဆေးရုံအုပ်ချုပ်ရေး အဖွဲ့နှင့် ဆေးရုံအုပ်ကြီးတို့မှ ဦးဆောင်ကာ ကျောက်ကပ်သွေးသန့်စင်ဌာနသို့ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။⭐️
🫶🏻လူနာများ၏အသက်ကိုကယ်တင်ရန်နှင့် လူ့အဖွဲ့အစည်းအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ကူညီပံ့ပိုးပေးခဲ့သည့် Atom Myanmar Limited ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင် အနာဂတ်၌ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြ ပါသည်။🫶🏻