25/01/2026
[ စေတနာဖြူဆေးခန်း ရန်ကုန် ] တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ အမြန်အလိုရှိသည်။
ကျွန်ုပ်တို့၏ ဆေးခန်းတွင် တက်ကြွထက်သန်ပြီး မိမိကဏ္ဍအလိုက် ကျွမ်းကျင်စွာ တာဝန်ယူနိုင်မည့် ဝန်ထမ်းကောင်းများကို နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။
📢၁။ Sample Collector (၄) ဦး
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် စနစ်တကျနှင့် တိကျသေချာစွာ ဆောင်ရွက်နိုင်သူများအတွက် အထူးအခွင့်အရေးဖြစ်ပါသည်။
📢၂။ သန့်ရှင်းရေးဝန်ထမ်း - (၄) ဦး
ဆေးခန်းပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်ပြီး ပိုးမွှားကင်းစင်သော ဧရိယာဖြစ်အောင် တာဝန်ယူနိုင်သူ ဖြစ်ရမည်။
ကျန်းမာရေးနှင့် ညီညွတ်သော စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။
ခံစားခွင့်နှင့် လုပ်ငန်းခွင်အခြေအနေ
✨တစ်ပတ်လျှင် (၆) ရက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ တစ်ပတ်လျှင် (၁) ရက် အပတ်စဉ်မှန်မှန် နားရက် ရရှိပါမည်။
-✨ အရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ ထိုက်ထိုက်တန်တန် ညှိနှိုင်းပေးအပ်ပါမည်။
- ✨စည်းကမ်းရှိပြီး ရေရှည်လက်တွဲလိုသူများအတွက် ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် ရာထူးတိုးတက်မှု အခွင့်အလမ်းများ ရှိပါသည်။
လျှောက်ထားရန် လိုအပ်ချက်များ
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါစာရွက်စာတမ်းများနှင့်အတူ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
ကိုယ်ရေးရာဇဝင် (CV Form)ကို viber 09780702476 သို့ပို့ပေးနိုင်ပါသည်။
ဓာတ်ပုံ (၂) ပုံ
ပညာအရည်အချင်း အထောက်အထားမိတ္တူများ
သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ် (ရှိပါက ယူဆောင်လာရန်)
ဆက်သွယ်ရန်လိပ်စာ:
[ အမှတ် (၄၁၆) သိမ်ဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်] သိမ်ဖြူဈေးမှတ်တိုင်သို့ 111 , 112 , 113 , 25 , 20 , 64 , 43 ကားများ စီး၍လာနိုင်ပါသည်ခဗျာ။
ဖုန်းနံပါတ်: [ ]
(မှတ်ချက် - မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ပုဇွန်တောင်မြို့နယ် ၊ တာမွေမြို့နယ် တစ်ဝိုက်တွင် နေထိုင်သူများကို ဦးစားပေး ရွေးချယ်သွားပါမည်။)
🏥 ၄၁၆ သိမ်ဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့
☎️
09420444324
09260102855
09772828628
တွင် နံနက် ၈ နာရီ မှ ည ၉ နာရီအတွင်း ဖုန်းဆက်စုံစမ်းနိုင် ၊ နံမည်ပေးနိုင်ပါသည်။
စနေ တနင်္ဂနွေ နံနက် ၉ နာရီမှ ည ၉ နာရီ
ကျေးဇူးတင်ပါတယ်။
စေတနာဖြူအထူးကုဆေးခန်း
#အထူးကုဆေးခန်း
#အထူးကုဆရာဝန်
#စေတနာဖြူအထူးကုဆေးခန်း
#ကလေးဆရာဝန်
#ကလေးအထူးကုဆေးခန်း
#ကလေးအထူးကု