SPG ရွှေပုံကြီး ဆန်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • SPG ရွှေပုံကြီး ဆန်ရောင်းဝယ်ရေး

SPG ရွှေပုံကြီး ဆန်ရောင်းဝယ်ရေး အရောအနှောကင်းပြီး စိတ်တိုင်းကျအိမ်အရောက်ဝန်ဆောင်မှုပေးနိုင်တဲ့နေရာလေးပါ တန်ဖိုးထားရတဲ့မိတ်ဆွေများအတွက်စိတ်တိုင်းကျဝန်ဆောင်မှုပေးနိုင်တဲ့နေရာလေးပါ

23/11/2025
ဒီတဖြတ်‌ရောက်လာတဲ့ ဧရာရွှေဘိုရှယ် အဟောင်းပါနော် ထမင်းကချက်ပြထားတဲ့အတိုင်း စင်းကော့ပြီးထမင်းသားလှပါတယ်ရှင့်ဆန်သစ်ပေါ်ပြီး...
12/11/2025

ဒီတဖြတ်‌ရောက်လာတဲ့ ဧရာရွှေဘိုရှယ် အဟောင်းပါနော်
ထမင်းကချက်ပြထားတဲ့အတိုင်း စင်းကော့ပြီးထမင်းသားလှပါတယ်ရှင့်
ဆန်သစ်ပေါ်ပြီး စပါးအဟောင်းတွေကုန်လုနီးပါး
ဖြစ်နေပြီမို့ ကြိုဝယ်ထားသင့်တဲ့အချိန်ဖြစ်နေပါပြီရှင့်
စပါးဟောင်းကြိတ်သစ်ဆိုတော့ အဟောင်းအနံ့မနံ၊ပိုးလည်းကင်းပါတယ်နော်
ဆန်ဝယ်ရင်ယုံကြည်စိတ်ချရတာ ရွှေပုံကြီး (SPG)
ဆိုတာမမေ့နဲ့နော် အချစ်တို့🥰

🌾🌾🌾ဧရာရွှေဘိုရှယ် (အဟောင်း)
၂၄ပြည်အိတ်(၁၀၈ပေါင်)>>> ၁၇၈၀၀၀
၁၂ပြည်အိတ်(၅၄ပေါင်)>>> ၈၉၀၀၀
၆ပြည်အိတ်(၂၄ပေါင်)>>> ၄၆၀၀၀

တခြားဆန်အမျိုးအစားများနှင့်ဆီများလည်းမှာယူနိုင်ပါတယ်ရှင့်🙏

ကဲ အခုပဲဖုန်းဆက်မှာယူလိုက်တော့နော် 📱
09978009377၊09795889621

နို့ကို ခဏမေ့ထားပါ—နှမ်းစေ့ (Sesame Seeds) များသည် သဘာဝ၏ စစ်မှန်သော အရိုးတည်ဆောက်ရေး စွမ်းအားရှင်များ ဖြစ်သည်။ လေ့လာတွေ့...
11/11/2025

နို့ကို ခဏမေ့ထားပါ—နှမ်းစေ့ (Sesame Seeds) များသည် သဘာဝ၏ စစ်မှန်သော အရိုးတည်ဆောက်ရေး စွမ်းအားရှင်များ ဖြစ်သည်။ လေ့လာတွေ့ရှိချက်အသစ်များအရ ဤသေးငယ်သော အစေ့များတွင် နို့ထက် ခြောက်ဆ ပိုမိုသော ကယ်လ်ဆီယမ်ဓာတ် ပါဝင်နေပြီး၊ ဤမရှိမဖြစ်လိုအပ်သည့် သတ္တုဓာတ်၏ အကြွယ်ဝဆုံး အပင်အခြေပြု ရင်းမြစ်များထဲမှ တစ်ခု ဖြစ်လာစေသည်။ သို့သော် ၎င်းတို့၏ အကျိုးကျေးဇူးများသည် အရိုးများတွင်သာ ရပ်တန့်မနေပါ။
​💪 အရိုး၊ အဆစ်၊ အသားအရေ သုံးမျိုးစလုံးအတွက် ကောင်းမွန်ခြင်း
​အဆစ်အမြစ် ကျန်းမာရေးအတွက် Zinc: နှမ်းစေ့များတွင် သွပ် (Zinc) ဓာတ်များစွာ ပါဝင်ပြီး ၎င်းသည် အဆစ်များ ပြန်လည်ပြုပြင်ခြင်းကို ထောက်ပံ့ပေးခြင်း၊ ရောင်ရမ်းမှုကို လျှော့ချခြင်း နှင့် အရိုးနု (cartilage) ကို သန်မာပြောင်းလွယ်စေခြင်းတို့အတွက် သော့ချက်ကျသော သတ္တုဓာတ်ဖြစ်သည်။ ကယ်လ်ဆီယမ်နှင့် ဇင့်ဓာတ်တို့သည် အတူတကွ ပေါင်းစပ်၍ အရိုးပွခြင်းမှ ကာကွယ်ရန်၊ ကိုယ်နေဟန်ထား ထိန်းသိမ်းရန်နှင့် အဆစ်အမြစ် နာကျင်မှုကို သဘာဝအတိုင်း လျှော့ချရန် ရှာဖွေသူတိုင်းအတွက် အစွမ်းထက်သော တွဲဖက်တစ်ခုကို ဖွဲ့စည်းပေးသည်။
​ကော်လဂျင် ထုတ်လုပ်မှုကို အားပေးခြင်း: ဤနေရာတွင် အပိုဆုတစ်ခု ရှိပါသေးသည်။ နှမ်းစေ့များသည် ကော်လဂျင် ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးသည်။ ၎င်းတို့၏ အမိုင်နိုအက်ဆစ်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ် မြင့်မားစွာ ပါဝင်မှုကြောင့် ၎င်းတို့သည် အရေပြား၏ ပျော့ပြောင်းမှု (elasticity) ကို ထောက်ပံ့ပေးခြင်း၊ အရွတ် (tendons) များကို ခိုင်ခံ့စေခြင်း၊ နှင့် တွယ်ဆက်တစ်ရှူးများကို နုပျိုစေခြင်းတို့အတွက် အထောက်အကူပြုသည်။ ၎င်းတို့သည် အရိုး၊ အဆစ်နှင့် အသားအရေတို့အတွက် အလွန်ကောင်းမွန်သော သုံးထပ်ကွမ်း အစွမ်းထက်သူများ ဖြစ်လာစေသည်။
​🥛 နို့နှင့် မတူညီသော အားသာချက်
​နှမ်းစေ့များသည် နို့နှင့်မတူဘဲ Lactose မပါဝင်သည့်အတွက် သက်သတ်လွတ်စားသူများ သို့မဟုတ် နို့ထွက်ပစ္စည်းနှင့် ဓာတ်မတည့်သူများအတွက် အထူးသင့်လျော်သည်။ တစ်နေ့လျှင် စားပွဲတင်ဇွန်း တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းခန့် သာ စားသုံးခြင်း (ဖျော်ရည်များ၊ သုပ်ထားသော ဟင်းသီးဟင်းရွက်သုပ်များ သို့မဟုတ် မုန့်ဖုတ်ပစ္စည်းများတွင် ထည့်သွင်း၍) သည်ပင် အချိန်ကြာလာသည်နှင့်အမျှ သိသာသော ကွာခြားမှုကို ဖြစ်ပေါ်စေနိုင်သည်။
​💡 အမြင့်ဆုံး အာဟာရရရှိရန်
​ကျွမ်းကျင်သူများက အစေ့တစ်ခုလုံး (အခွံပါ) တွင် အာဟာရဓာတ် အများဆုံး ပါဝင်သည်ဟု ဆိုသည်။ ထို့ကြောင့် အမြင့်ဆုံး အကျိုးကျေးဇူးများ ရရှိရန်အတွက် အခွံမချွတ်ရသေးသော နှမ်းစေ့များ သို့မဟုတ် အစေ့တစ်ခုလုံးမှ ပြုလုပ်ထားသော တာဟီနီ (tahini) ကို ရွေးချယ်သင့်သည်။
​ဖြည့်စွက်ဆေးဝါးများ ပြည့်နှက်နေသော ကမ္ဘာတွင် တစ်ခါတစ်ရံ၌ အစွမ်းအထက်ဆုံး ဆေးဝါးသည် နှမ်းစေ့တစ်ဇွန်းမျှသာ ဖြစ်နေတတ်သည်။

🌾🌾🌾ပေါ်ဆန်းထူးရှယ် ၂၄ပြည်အိတ်(၁၀၈)ပေါင်>>> ၁၆၆၀၀၀၁၂ပြည်အိတ် (၅၄)ပေါင်>>> ၈၄၀၀၀၆ပြည်အိတ်(၂၇)ပေါင်>>> ၄၃၀၀၀ဆက်သွယ်မှာယူရန်...
10/11/2025

🌾🌾🌾ပေါ်ဆန်းထူးရှယ်
၂၄ပြည်အိတ်(၁၀၈)ပေါင်>>> ၁၆၆၀၀၀
၁၂ပြည်အိတ် (၅၄)ပေါင်>>> ၈၄၀၀၀
၆ပြည်အိတ်(၂၇)ပေါင်>>> ၄၃၀၀၀

ဆက်သွယ်မှာယူရန်📱
09978009377,09795889621

❣️အရင်တုန်းကမိန်းကလေးတစ်ယောက်ဖြစ်ရတာလှပနေဖို့ကအဓိကလို့ ထင်ခဲ့တယ် ...🌿နောက်တော့အဆင့်အတန်းနဲ့ အရည်အချင်းရှိဖို့ကအဓိကလို့ ထ...
09/11/2025

❣️အရင်တုန်းက
မိန်းကလေးတစ်ယောက်ဖြစ်ရတာ
လှပနေဖို့ကအဓိကလို့ ထင်ခဲ့တယ် ...

🌿နောက်တော့
အဆင့်အတန်းနဲ့ အရည်အချင်းရှိဖို့က
အဓိကလို့ ထင်ပြန်တယ် ...

🌿နောက်တော့
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ရှိနေဖို့က
အဓိကလို့ ထင်ပြန်တယ် ...

🌿နောက်ဆုံးကျမှ
မိန်းကလေးတစ်ယောက်မှာ
ကိုယ်ပိုင် တွေးခေါ်ဆင်ခြင်တတ်မှု
ကိုယ်ပိုင် ပင်ကိုအရည်အသွေး
ကိုယ်ပိုင် ဝင်ငွေနဲ့
လှလှပပရှင်သန်နေဖို့က
ပိုအဓိကဖြစ်တယ်ဆိုတာကို နားလည်ခဲ့တယ် ...

❣️အခုချိန်မှာတော့
မိန်းမတစ်ယောက်
ကျန်းမာနေဖို့က အဓိကဆိုတာကို
ပိုနားလည်လာတယ် ...

#နိုင်းနိုင်းစနေ

ပုဇွန်၂ကောင် ဟင်းရွက်ဆီ 1L - 120005L - 57000ဘဲလေး ဟင်းရွက်ဆီ0.9L - 70001.75L - 14000ယိုးဒယား ပဲလုံးဆီ5L - 64000📱 0997800...
21/10/2025

ပုဇွန်၂ကောင် ဟင်းရွက်ဆီ

1L - 12000
5L - 57000

ဘဲလေး ဟင်းရွက်ဆီ
0.9L - 7000
1.75L - 14000

ယိုးဒယား ပဲလုံးဆီ

5L - 64000

📱 09978009377၊09795889621

Vitamin D ချို့တဲ့နေပြီဆိုရင်တော့ - နုံးချိပြီး အားအင်ကုန်ခမ်းခြင်း- အရိုးနဲ့ ကျောနာကျင်ကိုက်ခဲခြင်း - မကြာခဏ အအေးမိဖျား...
15/10/2025

Vitamin D ချို့တဲ့နေပြီဆိုရင်တော့

- နုံးချိပြီး အားအင်ကုန်ခမ်းခြင်း
- အရိုးနဲ့ ကျောနာကျင်ကိုက်ခဲခြင်း
- မကြာခဏ အအေးမိဖျားနာခြင်း
- စိတ်အတက်အကျမြန်ပြီး ဝမ်းနည်းနေတတ်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဒါကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ ကလေးတွေဆိုရင် အရိုးပျော့ရောဂါ၊ လူကြီးတွေဆိုရင် အရိုးပွရောဂါတွေဖြစ်နိုင်ပြီး ကိုယ်ခံအားနည်းတာတွေဖြစ်နိုင်တဲ့အပြင် ဆီးချိုရောဂါနဲ့ပါ ဆက်စပ်နေနိုင်ပါတယ်။

Vitamin D ချို့တဲ့တာကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်

- မနက်ဆို 15 မိနစ်လောက် နေပူဆာလှုံပေးပါ။
- ကြက်ဥအနှစ်၊ ငါးနဲ့ မှိုတွေ စားပေးပါ။
- အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်အောင်လုပ်ပါ။
- Vitamin D အရမ်းချို့တဲ့နေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ အားဆေးတွေ သောက်သုံးပါ။

Vitamin D ပြည့်ဝနေမယ်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်၊ အသားအရည်က ဝင်းလက်တောက်ပြောင်နေမှာ ဖြစ်ပါတယ်။

ဒီအချက်အလေးတွေကို အားလုံးလည်း သိရအောင်လို့ ဒီစာလေးကို မျှဝေပေးသွားကြဦးနော်။


https://www.facebook.com/share/p/1CVXfYAbP3/

Vitamin D ချို့တဲ့နေပြီဆိုရင်တော့

- နုံးချိပြီး အားအင်ကုန်ခမ်းခြင်း
- အရိုးနဲ့ ကျောနာကျင်ကိုက်ခဲခြင်း
- မကြာခဏ အအေးမိဖျားနာခြင်း
- စိတ်အတက်အကျမြန်ပြီး ဝမ်းနည်းနေတတ်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဒါကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ ကလေးတွေဆိုရင် အရိုးပျော့ရောဂါ၊ လူကြီးတွေဆိုရင် အရိုးပွရောဂါတွေဖြစ်နိုင်ပြီး ကိုယ်ခံအားနည်းတာတွေဖြစ်နိုင်တဲ့အပြင် ဆီးချိုရောဂါနဲ့ပါ ဆက်စပ်နေနိုင်ပါတယ်။

Vitamin D ချို့တဲ့တာကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်

- မနက်ဆို 15 မိနစ်လောက် နေပူဆာလှုံပေးပါ။
- ကြက်ဥအနှစ်၊ ငါးနဲ့ မှိုတွေ စားပေးပါ။
- အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်အောင်လုပ်ပါ။
- Vitamin D အရမ်းချို့တဲ့နေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ အားဆေးတွေ သောက်သုံးပါ။

Vitamin D ပြည့်ဝနေမယ်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်၊ အသားအရည်က ဝင်းလက်တောက်ပြောင်နေမှာ ဖြစ်ပါတယ်။

ဒီအချက်အလေးတွေကို အားလုံးလည်း သိရအောင်လို့ ဒီစာလေးကို မျှဝေပေးသွားကြဦးနော်။

https://www.facebook.com/share/p/1G5MtWnJKf/
15/10/2025

https://www.facebook.com/share/p/1G5MtWnJKf/

ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်

၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

CRD......OrginalUploader

Address

No. 196, Mingalar Street, 13 Quarter, South Okkalapa Township (Next To Liquor Store)
Yangon
11091

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

959795889621

Website

Alerts

Be the first to know and let us send you an email when SPG ရွှေပုံကြီး ဆန်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share