Sitagu Asia Royal Sleep Lab & Sleep Disorder Clinic

Sitagu Asia Royal Sleep Lab & Sleep Disorder Clinic Obstructive sleep apnea or OSA is a common sleep disorder. Welcome to Our Sleep Lab!

📣 သင်နေ့စဉ်အိပ်စက်အနားယူနေတဲ့အချိန်မှာ အမှန်တကယ်အနားရပါသလား ❗🤗ဒီအပတ်မှာတော့ ကျွန်မတို့ ညအိပ်ချိန်မှာ အိပ်ရေးကောင်းကောင်း...
27/02/2024

📣 သင်နေ့စဉ်အိပ်စက်အနားယူနေတဲ့အချိန်မှာ အမှန်တကယ်အနားရပါသလား ❗

🤗ဒီအပတ်မှာတော့ ကျွန်မတို့ ညအိပ်ချိန်မှာ အိပ်ရေးကောင်းကောင်းရဖို့ လုပ်ဆောင်သင့်တဲ့အမူအကျင့်လေးတွေကို ဆွေးနွေးသွားကြရအောင်နော်!

✅ ရုံးဖွင့်ရက်တွေတင်မကပဲ ပိတ်ရက်တွေနဲ့ ခရီးသွားတဲ့အချိန်တွေမှာလည်း အချိန်မှန်မှန်အိပ်ရာဝင်ပြီး အိပ်ရာထတဲ့အလေ့အကျင့်လေး💪သတ်မှတ်ထားသင့်ပါတယ်

✅ နေ့ခင်းနေ့လည်တစ်ရေးတစ်မောအိပ်စက်ခြင်း😪ဟာလည်း ညဘက်ကောင်းမွန်စွာအိပ်စက်အနားယူခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သလောက်ရှောင်သင့်ပါတယ်

✅ အရက်ဘီယာသောက်သုံးခြင်း🍺🥃ဟာ ညနက်ပိုင်းတွေမှာ မကြာခဏနှိုးထခြင်း(repeated awakenings) ဖြစ်စေနိုင်တဲ့အတွက် အိပ်ရာမဝင်ခင် ၃-၄ နာရီအတွင်းရှောင်ကြဉ်သင့်ပါတယ်...

✅ ဆေးလိပ် 🚬၊ ကဖင်းဓာတ်ပါသော ကော်ဖီ☕၊ လက်ဖက်ရည်၊ ဆိုဒါပါသောအချိုရည်များ 🥤သောက်သုံးခြင်းသည်လည်း ကောင်းမွန်စွာအိပ်စက်အနားယူခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်

✅ တချို့သောသောက်ဆေး💊များသည်လည်း အလွန်အမင်းအိပ်ငိုက်ခြင်း🥱/အိပ်မပျော်ခြင်း🥴စတဲ့ side effect တွေရှိနိုင်တဲ့အတွက် ဆရာဝန်နှင့်သေချာဆွေးနွေးပြီးမှသာသောက်သုံးသင့်ပါတယ်

✅ အိပ်ရာမဝင်ခင်အချိန်တွင် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း🏋️၊ ဦးနှောက်နှိုးကြားစေသော activities များပြုလုပ်ခြင်းကိုလည်းရှောင်ကြဉ်သင့်ပါတယ်

✅ စိုးရိမ်ပူပန်မှုများပြားနေခြင်းဟာလည်း အိပ်မပျော်ခြင်း/အိပ်ရခက်ခြင်းစသည်များဖြစ်စေနိုင်ပါတယ်.. သင့်ရဲ့စိုးရိမ်ပူပန်နေတဲ့အချက်များကို ညနေခင်းပိုင်းလေးတွေမှာ အချိန်အနည်းငယ်ပေးပြီးရေးချတာမျိုး🗒၊ နောက်တစ်ရက်လုပ်ဆောင်ရမယ့်အလုပ်တွေကိုကြိုပြီး plan ချထားတာမျိုး📝လုပ်ပေးသင့်ပါတယ်..

✅ တချို့သောသူတွေအတွက် အိပ်ရာထဲမှာတီဗီကြည့်ခြင်း📺၊ ဖုန်းသုံးခြင်း📱ကအိပ်စက်ခြင်းကို အထောက်အကူပြုနိုင်တယ်လို့ထင်ကြပေမယ့် တကယ်တမ်းမှာတော့ တီဗီ/ဖုန်းကနေထွက်တဲ့အလင်းတွေဟာလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်...🤯

ဖြစ်နိုင်ရင်တော့ အိပ်ခန်းထဲကညအိပ်မီး🕯နဲ့ အခန်းအပူချိန်ကို သက်တောင့်သက်သာရှိတဲ့ပမာဏမှာထားပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းပတ်ဝန်းကျင်🔇🔕ဖြစ်သင့်ပါတယ်..

😵မလွှဲမရှောင်သာဖြစ်တဲ့အခြေအနေတွေမှာတော့ မျက်လုံးအုပ်တဲ့mask ဖြစ်စေ၊ နားကြပ်ဖြစ်စေအသုံးပြုနိုင်ပါတယ်...

✅ တချို့သူများကတော့⏰နာရီလက်တံသွားတဲ့အသံကို sensitive ဖြစ်တတ်တဲ့အတွက် အိပ်တဲ့အချိန်မှာ နာရီတွေကို အိပ်ခန်းထဲကဖယ်ထားသင့်ပါတယ်💤

👉အခုလို အိပ်စက်အနားယူဖို့လေ့ကျင့်ယူသင့်တဲ့ အမူအကျင့်လေးတွေကို ပြောပြထားပြီးပြီဆိုတော့ မိတ်ဆွေတို့လည်း တတ်နိုင်သလောက်လိုက်လံလုပ်ဆောင်နိုင်ရင်တော့ နေ့စဉ်ပင်ပန်းထားသမျှကို ကောင်းမွန်သော အိပ်စက်ခြင်းလေးနဲ့ သေသေချာချာအဆုံးသတ်နိုင်မှာ အမှန်ပါပဲရှင်😍🥰

💥အိပ်နေရင်းနဲ့ ကိုယ့်ဟောက်သံနဲ့ပြန်နှိုးနေတာမျိုး
💥တံတွေးသီးပြီးချောင်းဆိုးရင်းထလာတာမျိုး
💥 အိပ်နေရင်းနဲ့အသက်ရှူမဝတာမျိုး
💥 တစ်ညလုံးအိပ်ပေမယ့်လည်း လန်းဆန်းမသွားဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုး
စတဲ့လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကျွန်မတို့ Sleep Lab ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ပဲဖြစ်စေ လာရောက်ပြီး ဆရာဝန်နဲ့အခမဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်

🥰ကိုယ်တိုင်ကိုယ်ကျလာရောက်စုံစမ်းချင်တယ်ဆိုရင်တော့
https://maps.app.goo.gl/Gks7PjV1ghoQFLDh8 (အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

☎️ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 လေးကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်...

For Your Better Sleep….To Your Better Health!







🌟 Understanding the Connection Between Obesity and Obstructive Sleep Apnea (OSA) 🌙👉အဝလွန်ခြင်းနဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ(...
25/01/2024

🌟 Understanding the Connection Between Obesity and Obstructive Sleep Apnea (OSA) 🌙
👉အဝလွန်ခြင်းနဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ(OSA)ရဲ့ဆက်စပ်မှု🤔
------------------------------------------------------
🤗မိတ်ဆွေတို့ မဂ်လာပါ… ကျွန်မတို့ဒီတစ်ပတ်မှာတော့ အဝလွန်ခြင်းနဲ့ အိပ်ဟောက်ရှူပိတ်/ဝဟောက်ငိုက်တိုက်ရောဂါ(OSA)ရဲ့ ဆက်စပ်မှုလေးအကြောင်းကို လေ့လာကြည့်ကြရအောင်နော်🤩

🧐ဝိတ်များခြင်းရဲ့ ပြဿနာ🍔
~~~~~~~~~~~~~~
အဝလွန်ခြင်း အထူးသဖြင့် လည်ပင်းတစ်ဝိုက်အဆီများခြင်းဟာ အိပ်စက်နေချိန်မှာ အသက်ရှူလမ်းကြောင်း/လေပြွန်ပိတ်ဆို့ခြင်းကိုဖြစ်စေပြီး အသက်ရှူရပ်ခြင်း ကိုဖြစ်ပေါ်စေပါတယ်😣

💤 အိပ်မက်လှလှလေးများ နှောင့်ယှက်ခံရခြင်း
~~~~~~~~~~~~~~~~~~~~~~~
OSA ရောဂါဟာ ကျွန်မတို့ပုံမှန်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကောင်းမွန်စွာ မအိပ်စက်နိုင်တော့ပါ… ဒီဝေဒနာခံစားနေရသူတွေမှာ ရေရှည်နဲ့အမျှ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်မှုများရှိလာစေပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာစေပါတယ်…😵‍💫

💪မိတ်ဆွေတို့အနေနဲ့ ကုသမှုနည်းလမ်းများကို လုပ်ဆောင်မယ်ဆိုရင်တော့ ဒီအန္တရာယ်ဖြစ်စေတဲ့ OSA အိပ်ဟောက်ရှူပိတ်ရောဂါသက်သာစေမှာဖြစ်ပါတယ်ရှင်🤗

🌈 သံသရာဆိုးကိုချိုးဖျက်ခြင်း (Breaking the Vicious Cycle) 🌈
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သတင်းကောင်းတစ်ခုကတော့ ကိုယ်အလေးချိန်ကိုစနစ်တကျထိန်းသိမ်းနိုင်လျှင် OSA ရောဂါသက်သာမှုကို အထောက်အကူဖြစ်စေခြင်းပါပဲရှင်😍

👉ကျန်းမာတဲ့ Lifestyle ပြောင်းလဲမှုများဖြစ်တဲ့
✅ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း
✅အာဟာရမျှတသော အစားအသောက်များစားသုံးခြင်း
ဒီအပေါ်ကပြောပြထားတဲ့ အဓိကအရေးကြီးတဲ့အချက် (၂) ချက်ကို လိုက်နာလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ထူးခြားတဲ့ကွာခြားမှု ကိုတွေ့ရှိလာရမှာဖြစ်ပါတယ်🧐

👨‍👨‍👧‍👧မိသားစုနဲ့မိတ်ဆွေအသိုင်းအဝိုင်းရဲ့ အရေးပါမှု ❤️
~~~~~~~~~~~~~~~~~~~~~~~~~~
အပေါ်ကပြောတဲ့အချက်တွေကို သဘောတရားအရတော့ ကျွန်မတို့အားလုံးသိရှိကြပါတယ်…
ဒါပေမယ့် အမှန်တကယ်လိုက်နာဖို့အတွက်ကတော့ မိသားစုရယ်၊ သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းက ဝိုင်းဝန်းထောက်ပံ့ပြီး ကူညီဖေးမပေးမှုဟာ အင်မတန်မှ အရေးကြီးပါတယ်ရှင်…🤗

📣OSA ဝေဒနာခံစားနေရတဲ့မိတ်ဆွေတို့ကျန်းမာတဲ့ နေထိုင်မှုဘဝကိုရရှိဖို့ သေသေချာချာကူညီစောင့်ရှောက်ကုသပေးနိုင်ရန်အတွက် နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်ကြီးများနဲ့ ပြသသင့်တဲ့အပြင် ကိုယ်တိုင်ကိုယ်ကျ စိတ်လိုလက်ရ လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲပေါ့ရှင်…

❗️The Last But Not The Least ❗️
💡 အသိပညာသည်ခွန်အား 💡
~~~~~~~~~~~~~
OSA ရောဂါ(အိပ်ဟောက်ရှူပိတ်ရောဂါ)အကြောင်းမျှဝေပေးခြင်းသည် အဓိကသော့ချက်ဖြစ်ပါသည်… အဝလွန်ခြင်းနဲ့ OSA ကြားဆက်နွယ်မှုကိုနားလည်ခြင်းက ပိုမိုကျန်းမာပြီး ပြည့်စုံသောဘဝတစ်ခုတည်ဆောက်ဖို့ အထောက်အကူဖြစ်စေပါတယ်…

ℹ️OSA အကြောင်းသိကောင်းစရာများ
https://www.facebook.com/asiaroyalsleeplab/posts/pfbid028Bpatd7uF3zoaU1RnbnNF34KY7jvoCB9VUxbZVm1BqhwQFZ45m3wNu2Ys2yyEN1dl

😍မိတ်ဆွေတို့အားလုံးလည်း မိမိတို့ရဲ့ချစ်ရသောသူများကို အသိပညာများ မျှဝေပေးပြီး ပိုမိုကျန်းမာသောပြောင်းလဲမှုများ လုပ်ဆောင်နိုင်ဖို့ အားပေးလိုက်ကြရအောင်နော်💪

❤OSA ရောဂါရှိမရှိ အသေးစိတ်လေးကို သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Page လေးကိုဝင်ပြီးလေ့လာကြည့်လို့ရပါတယ်ရှင့်..

🤩ကိုယ်တိုင်ကိုယ်ကျလာရောက်စုံစမ်းချင်တယ်ဆိုရင်တော့ ကျွန်မတို့ Sitagu Asia Royal Sleep Lab ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်..
https://maps.app.goo.gl/Gks7PjV1ghoQFLDh8 (အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

☎️ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 လေးကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်...
For Your Better Sleep….To Your Better Health!






🌟 Unlocking Better Sleep: The Marvels of Myofunctional Therapy for OSA (Final Part) 💤🤩မိတ်ဆွေတို့! ဒီနေ့မှာတော့ Myofunct...
01/12/2023

🌟 Unlocking Better Sleep: The Marvels of Myofunctional Therapy for OSA (Final Part) 💤

🤩မိတ်ဆွေတို့! ဒီနေ့မှာတော့ Myofunctional Therapy ရဲ့နောက်ဆုံးလေ့ကျင့်ခန်း (၅)မျိုးအလှည့်ရောက်လာပါပြီရှင်.... 👏
🔷 Tongue Against Spoon
🔷 Spoon Hold
🔷 Button Hold
🔷 Puff
🔷 Monkey

Myofunctional Therapy ဆိုတာဘာလဲ?
-------------------------------------
ဒီ Therapy လေးထဲမှာ မိတ်ဆွေတို့ရဲ့လျှာ၊ မျက်နှာ၊ လည်ချောင်း တို့အပြင် အသက်ရှူတဲ့ပုံစံတွေကိုလေ့ကျင့်ပေးတဲ့ Exercises လေးတွေပါဝင်ပါတယ်…
🤗မိတ်ဆွေတို့ရဲ့ အပြုံးလေးပိုလှဖို့အတွက်စွမ်းဆောင်ပေးနိုင်သလို OSA (အိပ်ဟောက်ရှူပိတ်)ဝေဒနာခံစားနေရသူတွေအတွက်တော့အရမ်းအရေးပါပါတယ်ရှင်

💪မိတ်ဆွေတို့ ပြုလုပ်ရမယ့်လေ့ကျင့်ခန်းအသေးစိတ်လေးကို အောက်မှာ တစ်ပုံချင်းစီသေချာလေးရှင်းပြပေးထားပါတယ်ရှင့်

💖ဒီလေ့ကျင့်ခန်းလေးတွေမှာ မိတ်ဆွေတို့ရဲ့လည်ပင်းကြွက်သားသန်စွမ်းမှုနဲ့ လျှာအနေအထားမှန်ကန်အောင်ပြုပြင်မှုအတွက် အထောက်အကူပြုပေးတဲ့ လေ့ကျင့်ခန်းတွေပါဝင်မှာဖြစ်ပါတယ်ရှင့်

💞ရှေ့ရက်ကလေ့ကျင့်ခန်းလေးတွေကိုပါ တစ်ခါတည်းလေ့ကျင့်ချင်ရင်တော့ အောက်က link လေးကိုနှိပ်ပြီးဝင်ရောက်လေ့ကျင့်လို့ရပါတယ်ရှင့်

ℹ️လေ့ကျင့်ခန်း (၁)၊ (၂)
https://www.facebook.com/asiaroyalsleeplab/posts/pfbid02km5noxe13vkq9mze1gTPoykgJAhEaxB9AMRRmmNxhP1sD7vj2V3TCtfz7VbyUBfBl

ℹလေ့ကျင့်ခန်း (၃) မှ (၇)
https://www.facebook.com/asiaroyalsleeplab/posts/pfbid024aS6RUKPbCAyjn8dRuVXeZES1uATTur6zfV97J1akYBtx5pmBbzWBAefArCd4XDnl

✅ လေ့ကျင့်ခန်း အစအဆုံး (၁) မှ (၁၂) အထိ လုပ်ပြီးသွားတဲ့ မိတ်ဆွေတို့ .......
"🤩🤩You Guys Did A Real Good Job! Bravo & Congratulations!!👏👏👏💪💪" ပါနော်

👉ကျွန်မတို့အားလုံး အမူအကျင့်တစ်ခုကို စွဲစွဲမြဲမြဲ ဇွဲရှိရှိနဲ့လုပ်ဆောင်ပါက ဘဝရဲ့နေ့တဓူဝလုပ်ငန်းဆောင်တာတစ်ခုဖြစ်လာနိုင်သလိုမျိုး ....

🤗OSA (အိပ်ဟောက်ရှူပိတ်) ဝေဒနာခံစားနေရတဲ့မိတ်ဆွေတို့အနေနဲ့ ဒီလေ့ကျင့်ခန်းလေးတွေကိုနေ့စဉ်နဲ့အမျှ အချိန်လေး ၁၅ မိနစ်လောက်ပေးပြီး တစိုက်မတ်မတ်လုပ်ဖြစ်တယ်ဆိုရင် ဝေဒနာခံစားရတာသက်သာလာနိုင်မှာ အသေအချာပါပဲရှင် ...💖💪

ဒီလေ့ကျင့်ခန်းလေးတွေကို
✅မိတ်ဆွေတို့ရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေအသိုင်းအဝိုင်းတွေမှာလည်း OSA ရောဂါလက္ခဏာခံစားနေရတဲ့သူတွေရှိရင် ဒီလေ့ကျင့်ခန်းလေးတွေလိုက်လုပ်ပေးဖို့တိုက်တွန်းလို့ရပါတယ်ရှင်...

🟢မိတ်ဆွေတို့ခံစားနေရတဲ့လက္ခဏာတွေသက်သာအောင် စစ်ဆေးပေးဖို့နဲ့ ကုသပေးဖို့အတွက် ကျွန်မတို့ဘက်ကအလုံးစုံကူညီဖေးမမှုများပေးမှာဖြစ်တဲ့အတွက် SAR Sleep Lab ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ အချိန်မရွေးလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

🟢Sleep Lab တည်နေရာ
https://maps.app.goo.gl/Gks7PjV1ghoQFLDh8
(အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

🟢ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်
For Your Better Sleep….To Your Better Health!

Credit to : https://www.youtube.com/watch?v=65tlxqQ4A3A

🌟 Unlocking Better Sleep: The Marvels of Myofunctional Therapy for OSA (Part II) 💤🤩 ဒီနေ့မှာတော့ ရှေ့ရက်မှာပြောပြပေးထားတ...
25/11/2023

🌟 Unlocking Better Sleep: The Marvels of Myofunctional Therapy for OSA (Part II) 💤

🤩 ဒီနေ့မှာတော့ ရှေ့ရက်မှာပြောပြပေးထားတဲ့ OSA ရောဂါလက္ခဏာခံစားနေရတဲ့မိတ်ဆွေတို့အတွက် Myofunctional Therapy လေးရဲ့လေ့ကျင့်ခန်း (၁၂)မျိုးထဲက လေ့ကျင့်ခန်း (၃) မှ (၇) အထိ ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင့် 👏
🔷 Tongue on the spot & Swallow
🔷 Tongue Pop
🔷 Tongue Push-up
🔷 Tongue Pull Aerobic
🔷 Tongue Taco

💪ပြုလုပ်ရမယ့်လေ့ကျင့်ခန်းအသေးစိတ်လေးကို အောက်မှာ တစ်ပုံချင်းစီသေချာလေးရှင်းပြပေးထားပါတယ်ရှင့်

💖ဒီလေ့ကျင့်ခန်းလေးတွေမှာ မိတ်ဆွေတို့ရဲ့လည်ပင်းကြွက်သားသန်စွမ်းမှုနဲ့ လျှာအနေအထားမှန်ကန်အောင်ပြုပြင်မှုအတွက် အထောက်အကူပြုပေးတဲ့ လေ့ကျင့်ခန်းတွေပါဝင်မှာဖြစ်ပါတယ်ရှင့်

💞ရှေ့ရက်ကလေ့ကျင့်ခန်းလေးတွေကိုပါ တစ်ခါတည်းလေ့ကျင့်ချင်ရင်တော့ အောက်က link လေးကိုနှိပ်ပြီးဝင်ရောက်လေ့ကျင့်လို့ရပါတယ်ရှင့်
ℹ️လေ့ကျင့်ခန်း (၁)၊ (၂)
https://www.facebook.com/asiaroyalsleeplab/posts/pfbid02km5noxe13vkq9mze1gTPoykgJAhEaxB9AMRRmmNxhP1sD7vj2V3TCtfz7VbyUBfBl

✅နောက်ရက်တွေမှာလည်း ကျန်နေသေးတဲ့ လေ့ကျင့်ခန်းလေးတွေဆက်လုပ်လို့ရအောင် တင်ပေးသွားမှာဖြစ်ပါတယ် 😁

✅မိတ်ဆွေတို့ရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေအသိုင်းအဝိုင်းတွေမှာလည်း OSA ရောဂါလက္ခဏာခံစားနေရတဲ့သူတွေရှိရင် ဒီလေ့ကျင့်ခန်းလေးတွေလိုက်လုပ်ပေးဖို့တိုက်တွန်းလို့ရပါတယ်ရှင်...

🟢မိတ်ဆွေတို့ခံစားနေရတဲ့လက္ခဏာတွေသက်သာအောင် စစ်ဆေးပေးဖို့နဲ့ ကုသပေးဖို့အတွက် ကျွန်မတို့ဘက်ကအလုံးစုံကူညီဖေးမမှုများပေးမှာဖြစ်တဲ့အတွက် SAR Sleep Lab ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ အချိန်မရွေးလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

🟢Sleep Lab တည်နေရာ
https://maps.app.goo.gl/Gks7PjV1ghoQFLDh8
(အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

🟢ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်
For Your Better Sleep….To Your Better Health!



Credit to : https://www.youtube.com/watch?v=65tlxqQ4A3A

🌟 Unlocking Better Sleep: The Marvels of Myofunctional Therapy for OSA (Part I) 💤🤩မဂ်လာပါ မိတ်ဆွေတို့!🙏♦အရင်အပတ်တွေတုန်း...
22/11/2023

🌟 Unlocking Better Sleep: The Marvels of Myofunctional Therapy for OSA (Part I) 💤

🤩မဂ်လာပါ မိတ်ဆွေတို့!🙏

♦အရင်အပတ်တွေတုန်းကပြောထားဖူးတဲ့ OSA ခံစားနေရသူများအတွက် အရေးပါတဲ့ Myofunctional Therapy လေးအကြောင်းပြောပြချင်ပါတယ်ရှင်…

🔰Myofunctional Therapy အကြောင်းကြားဖူးကြပါသလား?
------------------------------------------------------------------------
ဒီ Therapy လေးထဲမှာ မိတ်ဆွေတို့ရဲ့လျှာ၊ မျက်နှာ၊ လည်ချောင်း တို့အပြင် အသက်ရှူတဲ့ပုံစံတွေကိုလေ့ကျင့်ပေးတဲ့ Exercises လေးတွေပါဝင်ပါတယ်…

🤗မိတ်ဆွေတို့ရဲ့ အပြုံးလေးပိုလှဖို့အတွက်စွမ်းဆောင်ပေးနိုင်သလို OSA (အိပ်ဟောက်ရှူပိတ်)ဝေဒနာခံစားနေရသူတွေအတွက်တော့အရမ်းအရေးပါပါတယ်ရှင် 🌈

🔰Myofunctional Therapy ရဲ့အရေးပါအရာရောက်ပုံများ
-------------------------------------------------------------------
💖Strengthening Airway Muscles

ဒီလေ့ကျင့်ခန်းလေးတွေဟာ မိတ်ဆွေတို့ရဲ့အသက်ရှူလမ်းကြောင်းကိုဖွင့်ပေးတဲ့ ကြွက်သားတွေသန်စွမ်းအောင်ကျင့်ပေးပါတယ်…
💪ကြွက်သားများသန်စွမ်းလာလျှင် အိပ်နေစဉ်အတွင်း အသက်ရှူလမ်းကြောင်းပိတ်တာ တွေကိုသက်သာအောင်လုပ်ပေးနိုင်တဲ့အတွက် OSA ရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်…😍

💖Improved Tongue Posture
လျှာရဲ့နေရာအနေအထားကိုပြင်ဆင်ပေးပါတယ်… လေ့ကျင့်ခန်းလေးလုပ်ပေးခြင်းအားဖြင့် လျှာအနောက်ဘက်ကိုပျော့ကျပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းမှ အထိုက်အလျောက်သက်သာစေပါတယ်…🤩

💖Enhanced Swallowing Coordination
မှန်ကန်သောနည်းစနစ်နဲ့မြိုချခြင်းဟာလည်း ကြွက်သားတွေရဲ့လိုက်လျောညီထွေဖြစ်မှုကို အထောက်အကူပြုစေပါတယ်..လေ့ကျင့်ခန်းလုပ်ပေးပါက ကြွက်သားများလိုက်လျောညီထွေပိုဖြစ်နိုင်ပြီး အသက်ရှူခြင်းကိုပိုမိုကောင်းမွန်စေပါတယ် 👏

💖Reduced Mouth Breathing
ပါးစပ်မှအသက်ရှူခြင်းသည် အိပ်ဟောက်ရှူပိတ်ရောဂါကိုပိုဆိုးစေပါတယ်…. Myofunctional therapy သည် နှာခေါင်းမှအသက်ရှူခြင်းကို ပိုမိုအားပေးပြီး အသက်ရှူလမ်းကြောင်းပုံမှန်အတိုင်းပွင့်စေရန် အထောက်အကူပြုပါတယ်ရှင်…🤩

😁ဒီလိုကောင်းကျိုးတွေကိုသိရှိပြီးရင်တော့ OSA ရောဂါလက္ခဏာခံစားနေရတဲ့ မိတ်ဆွေတို့ အချိန်လေးပေးပြီး အောက်မှာပါတဲ့ပုံလေးတွေအတိုင်းတစ်ပုံချင်းစီကြည့်ပြီး လိုက်လေ့ကျင့်လိုက်ကြရအောင်နော်!💪

ဒီအပတ်မှာတော့ လေ့ကျင့်ခန်း စုစုပေါင်း (၁၂) မျိုးရှိတဲ့အထဲမှာမှ
🔷အသက်ရှူလေ့ကျင့်ခန်း (Breathing Exercise)
🔷နှာခေါင်းမှအသက်ရှူခြင်း (Nasal Breathing)
(၂)မျိုးကို အရင်တင်ပေးပါမယ်နော်

✅နောက်ရက်တွေမှာလည်း လေ့ကျင့်ခန်းလေးတွေဆက်လုပ်လို့ရအောင် တင်ပေးသွားမှာဖြစ်ပါတယ်ရှင့် 😁

✅မိတ်ဆွေတို့ရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေအသိုင်းအဝိုင်းတွေမှာလည်း OSA ရောဂါလက္ခဏာခံစားနေရတဲ့သူတွေရှိရင် ဒီလေ့ကျင့်ခန်းလေးတွေလိုက်လုပ်ပေးဖို့တိုက်တွန်းလို့ရပါတယ်ရှင်...

🟢မိတ်ဆွေတို့ခံစားနေရတဲ့လက္ခဏာတွေသက်သာအောင် စစ်ဆေးပေးဖို့နဲ့ ကုသပေးဖို့အတွက် ကျွန်မတို့ဘက်ကအလုံးစုံကူညီဖေးမမှုများပေးမှာဖြစ်တဲ့အတွက် SAR Sleep Lab ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ အချိန်မရွေးလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

🟢Sleep Lab တည်နေရာ
https://maps.app.goo.gl/Gks7PjV1ghoQFLDh8
(အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

🟢ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်
For Your Better Sleep….To Your Better Health!



Credit to : https://www.youtube.com/watch?v=65tlxqQ4A3A

🌟 Managing Obstructive Sleep Apnea (OSA): Exploring Treatment Options 🌙⚠ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) 💤 ရဲ့ ဝေဒနာတွေခံစား...
11/10/2023

🌟 Managing Obstructive Sleep Apnea (OSA): Exploring Treatment Options 🌙

⚠ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) 💤 ရဲ့ ဝေဒနာတွေခံစားနေရတဲ့သူတွေ တစ်ကမ္ဘာလုံးမှာ သန်းနဲ့ချီပြီးရှိနေတာ မိတ်ဆွေတို့သိပါသလား?

😵‍💫ဒီ ရောဂါကြောင့် မိတ်ဆွေတို့ရဲ့ နေ့တဓူဝလုပ်ငန်းဆောင်တာတွေမှာ အနည်းနဲ့အများထိခိုက်မှုတွေရှိလာနေတာတွေ့ရပါတယ်…

💪ဒါပေမယ့် မိတ်ဆွေတို့ မျှော်လင့်ချက်ရှိပါသေးတယ်…ဘယ်အရာမဆို ဘယ်အချိန်စစ၊ စလုပ်တဲ့အချိန်ကအမြတ်ပဲဖြစ်ပါတယ်…

💟ကဲ…ဒါဆိုဒီ အိပ်ဟောက်ရှူပိတ်ရောဂါသက်သာအောင်ဘယ်လိုနည်းလမ်းလေးတွေရှိနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်!

🍀 Lifestyle Changes (လူနေမှုပုံစံပြောင်းလဲခြင်း) 🍀
------------------------------------------------
Basic အခြေခံဖြစ်တဲ့
❤ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းခြင်း
❤အိပ်ရာဝင်ခါနီး အရက်၊ ဘီယာ၊ ဆေးလိပ်၊ အိပ်ဆေး တတ်နိုင်သမျှရှောင်ခြင်း၊ သုံးစွဲမှုလျှော့ချခြင်း
❤ဘေးတစောင်းအိပ်ခြင်း စတဲ့အပြုအမူလေးတွေနဲ့စတင်ကြည့်လိုက်ရင် ကွာခြားမှုသိသိသာသာ တွေ့လာနိုင်ပါတယ်ရှင်

🍀 လည်ပင်းကြွက်သားလေ့ကျင့်ခန်းများလုပ်ခြင်း 🍀
-------------------------------------------------
ဒီလေ့ကျင့်ခန်းလေးကတော့ဘယ်သူမဆိုအလွယ်တကူ ပြုလုပ်လို့ရပြီး OSA ရောဂါကိုလည်းသက်သာစေပါတယ်ရှင်
လေ့ကျင့်ခန်းပြုလုပ်ပုံအသေးစိတ်လေးကို မကြာခင်အချိန်အတွင်းမှာ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့်🙏

🍀 CPAP စက်တပ်ခြင်း 🍀
--------------------------
CPAP စက်တပ်ပြီးကုသခြင်းကတော့ ပိတ်ဆို့နေတဲ့ အသက်ရှူလမ်းကြောင်းကို ပွင့်အောင်တွန်းအားပေးထားတဲ့နည်းနဲ့ လေထုထဲကအောက်စီဂျင်တွေ အိပ်နေတဲ့အချိန်မှာ ကောင်းကောင်းရအောင်လုပ်ပေးထားတာ ဖြစ်ပါတယ်ရှင်

🍀 ခွဲစိတ်ကုသခြင်း 🍀
-----------------------
နားနှာခေါင်းလည်ချောင်းပြဿနာရှိတဲ့သူတွေမှာ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်ပြသပြီး လိုအပ်ပါက အာသီးကြီးလျှင် ဖြတ်ထုတ်ပေးခြင်း၊ အသက်ရှူလမ်းကြောင်းတစ်ဝိုက်ပိတ်ဆို့နေသော တစ်ရှူးများကိုဖယ်ရှားပေးခြင်း စသည့် ခွဲစိတ်မှုများနှင့်လည်း OSA ရောဂါကိုသက်သာအောင်ပြုလုပ်နိုင်ပါတယ်ရှင်

🤩 ကျန်းကျန်းမာမာနဲ့စားသောက်ပြီး
✅အစာအငတ်ခံစရာမလိုအောင်
✅နေ့စဉ်လိုအပ်တဲ့ဗီတာမင်နှင့်သတ္တုဓာတ်များမျှတစွာရရှိနိုင်အောင်
⏩ကိုယ်အလေးချိန်လျှော့ချခြင်း..ကိုယ်အလေးချိန်ထိန်းခြင်း တို့ကိုပြုလုပ်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ SAR Sleep Lab မှာ အာဟာရဆိုင်ရာအထူးကုသမားတော်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်မှ မိတ်ဆွေတို့နှင့်ကိုက်ညီသော diet plan များဖြင့်ဆွေးနွေးကုသပေးနေပါပြီရှင်…

🤗 မိတ်ဆွေတို့ခံစားနေရတဲ့လက္ခဏာတွေသက်သာအောင် စစ်ဆေးပေးဖို့နဲ့ ကုသပေးဖို့အတွက် ကျွန်မတို့ဘက်ကအလုံးစုံကူညီဖေးမမှုများပေးမှာဖြစ်တဲ့အတွက် SAR Sleep Lab ကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ အချိန်မရွေးလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

🟢 Sleep Lab တည်နေရာ 🟢
https://maps.app.goo.gl/Gks7PjV1ghoQFLDh8
(အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

☎️ ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်

For Your Better Sleep….To Your Better Health!

🌙 Discovering About The Sleep Study Test 🛌မဂ်လာပါ..မိတ်ဆွေတို့ရေ…✅ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) အကြောင်းကိုအရင် post တွေမ...
10/10/2023

🌙 Discovering About The Sleep Study Test 🛌
မဂ်လာပါ..မိတ်ဆွေတို့ရေ…

✅ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) အကြောင်းကိုအရင် post တွေမှာသေချာဆွေးနွေးပြီးပြီဆိုတော့ ရှိမရှိဘယ်လိုစစ်ဆေးရမလဲဆိုတာ စိတ်ဝင်စားကြမှာပါ…

💤 ဟုတ်ပါတယ်…. မိတ်ဆွေတို့အနည်းနဲ့အများသိရှိပြီး ကြားဖူးပြီးဖြစ်ကြတဲ့ Sleep Study (ခ) Sleep Test နဲ့ စမ်းသပ်ပြီးသိရှိနိုင်ပါတယ်… မိတ်ဆွေတို့အမေးများတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးပါရစေဗျ…

ℹ Sleep Study (ခ) Sleep Test ဆိုတာဘာလဲ?
Sleep Study ဆိုတာ စက်ဖြင့် မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လိုအပ်တဲ့ sensor ကြိုးတွေ တပ်ဆင်ပြီး တစ်ညတာအိပ်စက်နေချိန်မှာဖြစ်ပေါ်နေတဲ့ wave လှိုင်းတွေကို မှတ်သား၍ မှတ်တမ်းပြန်ထုတ်ပေးတဲ့ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်ခင်ဗျာ

ℹ Sleep Study ကိုဘယ်မှာလုပ်လို့ရလဲ?
Sleep Study ကို အာရှတော်ဝင်ဆေးရုံကြီးရဲ့ မျက်နှာချင်းဆိုင်လမ်းမှာ ရှိတဲ့ Sitagu Asia Royal Sleep Lab မှာတစ်ညတာ လာရောက်စမ်းသပ်လို့ရပါတယ်ဗျ…
💟ဒါ့အပြင် စမ်းသပ်မယ့်သူကဆေးရုံတက်နေလို့မလာနိုင်တာဖြစ်စေ၊ မိမိတို့ကိုယ်ပိုင်နေအိမ်မှာပဲစမ်းသပ်ချင်လို့ဖြစ်စေ ကျွန်တော်တို့ရဲ့ကျွမ်းကျင်တဲ့ Technician များမှ သေချာလာရောက်တပ်ဆင်ပေးတဲ့ ဝန်ဆောင်မှုလေးရှိပါတယ်ဗျ

ℹ Sleep Study စမ်းသပ်ရင်ဘာတွေသိရမလဲ?
Level 1 Polysomnography Sleep Study Test လုပ်ပါက အိပ်ဟောက်ရှူပိတ်ရောဂါ(OSA) အပြင် အခြားသော အာရုံကြောနှင့်ကြွက်သားဆိုင်ရာရောဂါများကိုလည်းအဖြေထုတ်ပေးနိုင်ပါတယ်…
Level 3 Sleep Study မှာ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) တစ်မျိုးတည်းကိုသာအဓိကအဖြေရှာစမ်းသပ်ပေးသော Test ဖြစ်ပါတယ်

ℹ Level 1 Sleep Study ရဲ့ အားသာချက်ဘာတွေရှိလဲ?
ကျွန်တော်တို့ SAR Sleep Lab မှ တတ်ကျွမ်းသော Sleep Technician များ ကိုယ်တိုင်တစ်ညလုံး စမ်းသပ်သူအားသေချာစောင့်ကြည့်ပေးသည့်စနစ်ပါဝင်ခြင်း ၊ အမှန်တကယ်အိပ်ပျော်ခြင်းရှိမရှိတိုင်းတာနိုင်ခြင်း ၊ တတ်ကျွမ်းသော Sleep Technician မှ manual scoring လုပ်ပေး၍တိကျသောအဖြေများထုတ်ပေးနိုင်ခြင်းတို့ ဖြစ်ပါတယ်ခင်ဗျ…

ℹ Level 3 Sleep Study ရဲ့အားသာချက်ဘာတွေရှိလဲ?
Portable Device ဖြစ်သည့်အတွက် တပ်ဆင်ရလွယ်ကူခြင်း၊ အိမ်တိုင်ရာရောက်လိုက်လံတပ်ဆင်စစ်ဆေးပေးနိုင်ခြင်းဖြစ်ပါတယ်ဗျ...

⚠မိတ်ဆွေတို့လည်း OSA အိပ်ဟောက်ရှူပိတ်ရောဂါ ရှိမရှိကို သေချာစမ်းသပ်စစ်ဆေးတာအကောင်းဆုံးပါဗျ…OSA ရောဂါကိုမကုသဘဲထားပါက အရေးကြီးတဲ့ကျန်းမာရေးအခြေအနေများဖြစ်လာနိုင်ပါတယ်…⚠
https://www.facebook.com/photo?fbid=827437382513491&set=a.296986832225218

❤မိတ်ဆွေတို့ရဲ့မိသားစုဝင်တွေမှာ OSA ရောဂါရှိမရှိ အသေးစိတ်လေးကို သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Page လေးကိုဝင်ပြီးလေ့လာကြည့်လို့ရပါတယ်ခင်ဗျ..

🤩ကိုယ်တိုင်ကိုယ်ကျလာရောက်စုံစမ်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Sitagu Asia Royal Sleep Lab ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ..
https://maps.app.goo.gl/Gks7PjV1ghoQFLDh8 (အာရှတော်ဝင်ဆေးရုံမျက်နှာချင်းဆိုင် Dent Asia Royal Clinic သွားနှင့်ခံတွင်းဆေးခန်း အပေါ်ထပ် ၆လွှာ)

☎️ဖုန်းနဲ့ဆက်သွယ်မေးမြန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့ Hotline Phone 09765415463 လေးကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်ဗျ...

For Your Better Sleep….To Your Better Health!




💢Know the danger of Obstructive Sleep Apnea💢မိတ်ဆွေတို့ရေ…😴ကျွန်မတို့အားလုံး တစ်နေ့တာပင်ပန်းလာသမျှကို အားအင်ပြန်လည်ဖြည့်...
06/10/2023

💢Know the danger of Obstructive Sleep Apnea💢

မိတ်ဆွေတို့ရေ…
😴ကျွန်မတို့အားလုံး တစ်နေ့တာပင်ပန်းလာသမျှကို အားအင်ပြန်လည်ဖြည့်တင်းဖို့ ညတိုင်းကောင်းကောင်းမွန်မွန်အိပ်စက်အနားယူချင်ကြပါတယ်...🥱

😱သို့ပေမယ့် အိပ်ဟောက်ရှူပိတ်ရောဂါ(OSA) ကိုခံစားနေရတဲ့အခါ ညတိုင်း အိပ်ပျော်ရင် အသက်ရှူရပ်ရပ်သွားတာ အိပ်မက်ဆိုးကြီးတစ်ခုလိုဖြစ်နေမှာပါ…😱

ဒါကြောင့် ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူနိုင်ဖို့ ဖြစ်နေတဲ့ အိပ်ဟောက်ရှူပိတ်ရောဂါကို သေသေချာချာကုသရမှာဖြစ်ပါတယ်..💊

⭐အိပ်ဟောက်ရှူပိတ်ရောဂါဆိုတာဘာလဲ?
------------------------------------------
https://www.facebook.com/asiaroyalsleeplab/posts/pfbid04oj9GVEoqV6FwMdz9Y8UysRtCA5ja9C7DRe8KZyWbzic6sZ4VGbuBbPNxguKiimrl

⚠️အိပ်ဟောက်ရှူပိတ်ရောဂါ ကုသမှုမခံယူလျှင်ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲပြဿနာများ⚠️
🔹သွေးတိုးရောဂါ
🔹နှလုံးရောဂါ
🔹နှလုံးခုန်နှုန်းမမှန်ခြင်း
🔹နှလုံးသွေးကြောကျဉ်းရောဂါ
🔹လေဖြတ်ရောဂါ
🔹ဆီးချိုသွေးချိုရောဂါ
🔹စိတ်ကျရောဂါ
🔹အသည်းအဆီဖုံးခြင်း၊ အဆုတ်သွေးဖိအားများခြင်း
🔹အာရုံစိုက်ရခက်ခြင်း၊ မှတ်ဉာဏ်ထိခိုက်လာခြင်းစတဲ့ရောဂါတွေအပြင်

❗️အိပ်ဟောက်ရှူပိတ်ရောဂါရှိတဲ့သူတွေမှာ ခွဲစိတ်ကုသမှုပြုလုပ်ရင် အန္တရာယ်ပိုများတာတွေရှိနိုင်ပါတယ်

⚠️ဒါ့အပြင် နေ့လည်နေ့ခင်းပင်ပန်းနွမ်းနယ်ခြင်း၊ ကားမောင်းနေစဉ် မကြာခဏ အိပ်ငိုက်ငိုက်သွားခြင်း စတာတွေဖြစ်လာနိုင်တဲ့အတွက် ကားတိုက်ခြင်းများဖြစ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိဖြစ်နိုင်ပါတယ်ရှင်⚠️

ℹ️နောက်ရက်မှာတော့ အိပ်ဟောက်ရှူပိတ်ရောဂါရဲ့ကုသမှုနည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်...

✅OSA ရောဂါရှိမရှိစစ်ဆေးစမ်းသပ်ခြင်းတယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ Hotline Phone 09765415463 ကို ဆက်သွယ်ဘိုကင်တင်လို့ရပါတယ်ရှင်

❤️For Your Better Sleep...... To Your Better Health!❤️


သင်၏ဟောက်ခြင်းပြဿနာကို လက်မနှေး sleep study test ဖြင့် OSA ရောဂါရှိမရှိစစ်ဆေးပြီး အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်ရှင့် For ...
06/10/2023

သင်၏ဟောက်ခြင်းပြဿနာကို လက်မနှေး sleep study test ဖြင့် OSA ရောဂါရှိမရှိစစ်ဆေးပြီး အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်ရှင့်

For your better sleep..to your better health!
Booking တင်လိုပါက 09765415463 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

😴အိပ်နေတုန်းဟောက်လွန်းရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲ?
💨ဟောက်တယ်ဆိုတာ အိပ်ပျော်နေတုန်းမှာ အသက်ရှူသံတွေ ဆူညံပြင်းထန်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ အိပ်ရင်းနဲ့ ဟောက်လွန်းတာက စိတ်အနှောင့်အယှက် ဖြစ်စေပြီး အိပ်ရေးမဝတဲ့အပြင် ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။
💡ဟောက်သံဘယ်ကစလာသလဲ?
🔑အိပ်ပျော်နေတုန်းမှာ အာခေါင်ကြွက်သားတွေ လျော့လာတာ၊ လျှာကအနောက်ဖက်ကို လန်ကျလာတာမျိုးတွေကြောင့် အသက်ရှူလမ်းကြောင်း ပိတ်စေပြီး ဟောက်တတ်ပါတယ်။ မရှင်းလင်းတဲ့ အသက်ရှူလမ်းကြောင်းတလျှောက် ဖြတ်သွားရတဲ့လေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတွေရဲ့ ပျော့တဲ့နံရံတွေကို တိုက်ခတ်လှုပ်ခါစေတဲ့အတွက် ဟောက်သံတွေ ထွက်လာပါတော့တယ်။
📌အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာဟာ
▶လည်ပင်းတလျှောက် အသားပို၊ အဆီပိုတွေ များနေခြင်း၊
▶အိပ်တဲ့ပုံစံ အနေအထား၊
▶အခြားရောဂါအခံတွေပေါ်မှာလည်း မူတည်ပါတယ်။ ဟောက်တာက ဆိုးလာပြီးရင် အိပ်နေရင်း အောက်ဆီဂျင်နည်းသွားတဲ့ အိပ်၊ဟောက်၊ရှူ၊ပိတ် (𝐎𝐛𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐞 𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚 - 𝐎𝐒𝐀) ရောဂါအဆင့် ဖြစ်လာပါတယ်။ ဒီရောဂါကြောင့် အသက်ရှူလမ်းကြောင်း ၉၀%လောက်ပိတ်ကာ အောက်ဆီဂျင်ကျပြီး ကာယကံရှင်ကိုယ်တိုင် မသိလိုက်ဘဲ အသက်ဆုံးပါးသွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားပါတယ်။
🔼ဒါ့အပြင် 𝐎𝐒𝐀 ရောဂါကြောင့် ဆက်စပ်ပြီး
🔸နာတာရှည်နှလုံးရောဂါ၊ နှလုံးခုန်မူမမှန်ခြင်း၊
🔸သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊
🔸ဆီးချိုရောဂါ၊ အသည်းအဆီဖုံးခြင်း၊ အဆုတ်သွေးဖိအားများခြင်း၊
🔸အာရုံစိုက်ရခက်ခြင်း၊ မှတ်ဥာဏ်ထိခိုက်လာခြင်း စတာတွေပါ ဆက်ရှိလာတတ်ပါတယ်။
🔼သွေးတိုးရောဂါရှိသူ အများစုဟာလည်း 𝐎𝐒𝐀 ရောဂါနဲ့ ဆက်စပ်နေပြီး ထိန်းချုပ်ရခက်တဲ့ သွေးတိုးကို ဖြစ်စေပါသေးတယ်။
😴အိပ်၊ဟောက်၊ရှူ၊ပိတ် (𝐎𝐒𝐀) ရောဂါကြောင့် အိပ်ရင်းကနေ စက္ကန့်ပိုင်းစီလောက် အသက်ရှူ ရပ်ရပ်သွားပါတယ်။ ရပ်သွားလို့ လန့်နိုးလာပြီးရင် တစ်ညလုံး ခဏခဏ ပြန်လန့်နိုးရင်း အိပ်ရေးမဝတွေ ဖြစ်လာပြီး နေ့ခင်းပိုင်းတွေမှာပါ ငိုက်ငိုက်သွားပါတယ်။ စိတ်ကိုဘယ်လိုပဲထိန်းထိန်း အကျယ်ကြီးဟောက်ရင်း အိပ်ပျော်သွားတတ်ပါတယ်။ အန္တရာယ်အရှိဆုံးကတော့ ယာဥ်မောင်းနေရင်း အိပ်ပျော်သွားတာမျိုးပါပဲ။
📋𝐎𝐒𝐀 ရောဂါ ဖြစ်နိုင်ချေ များသူများ
အသက်ကြီးသူများ၊ အမျိုးသားများ၊ အဝလွန်သူ၊ အရက်သောက်သူ၊ အိပ်ဆေးသောက်သူ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ ရှိသူများ၊ အာသီးကြီးသူ၊ နှခေါင်းအကန့်စောင်းသူတွေမှာ အဖြစ်များတတ်ပါတယ်။
📚ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ
▶ပက်လက်အိပ်ခြင်းက ဟောက်တာကို ပိုဆိုးစေပါတယ်။ ဘေးစောင်းပဲအိပ်ပါ။ ခေါင်းအုံးများကို သန့်ရှင်းစွာထားပါ။ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အိပ်ဆေးများကို လုံးဝမသောက်သင့်ပါ။
▶အိပ်စက်ချိန်ကို ပုံမှန်ထားရှိပါ။ အိပ်ရာမဝင်မီ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးတာ၊ နှာခေါင်းကို ဆေးကြောသန့်စင်တာမျိုး ပြုလုပ်ပါ။
▶ရေနွေးပူပူသောက်ပါ။ ဆားရည်ဖြင့် အာလုပ်ကျင်းပါ။ နှာခေါင်း၊ အာခေါင်အတွင်း စိုထိုင်းမှုရှိအောင် ရေကိုဂရုစိုက်ပြီး သောက်ပေးပါ။
▶အရက်၊ ဆေးလိပ်၊ ကွမ်းယာများ ရှောင်ကြဥ်ပါ။ အိပ်ခါနီးအရက်သောက်တာ၊ အမူးလွန်ပြီး အိပ်ပျော်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
▶ဆီကြော်စာ၊ အပူအစပ်များရှောင်ပါ။ အစာများများစားပြီး တန်းအိပ်တာမျိုး မလုပ်ပါနှင့်။
▶ကိုယ်အလေးချိန်ထိန်းပါ။ ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းများလုပ်ပါ။
🚨𝐎𝐒𝐀 ရောဂါကို ဖော်ထုတ်နိုင်ဖို့ ဆရာဝန်နှင့်ပြသပြီး 𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐮𝐝𝐲 ပြုလုပ်နိုင်ပါတယ်။ သက်သာလာအောင် 𝐂𝐏𝐀𝐏 ကိရိယာအကူနှင့် အိပ်စက်နိုင်ပါတယ်။ 𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 လို့ခေါ်တဲ့နည်းနဲ့ ပျော့တွဲနေတဲ့ တစ်ရှူးတွေကို တင်းရင်းအောင် လုပ်ပေးတာ၊ အာသီးကြီးနေရင် ဖြတ်ထုတ်ပေးတာ၊ လည်ချောင်းတဝိုက် လမ်းကြောင်းထဲက ပိတ်ဆို့နေတဲ့ တစ်ရှူးတွေကို ခွဲစိတ်ဖယ်ရှားပေးတာမျိုးတွေနဲ့လည်း ကုသနိုင်ပါတယ်။
💊𝐎𝐒𝐀 ရောဂါရှိသူ အများစုက သူတို့ကိုယ်သူတို့ သတိမထားမိကြပါဘူး။ သာမန်ဟောက်တယ်လို့ပဲ အများစုက ထင်ကြပါတယ်။ ဒါကြောင့်မို့ နောက်ဆက်တွဲဆိုးကျိုးတွေ မများခင်မှာ ကုသနိုင်အောင် စောစီးစွာရောဂါရှာဖွေ စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်။
*****
🏥အာရှတော်ဝင်ဆေးရုံတွင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ပြင်ပလူနာဌာန (𝐎𝐏𝐃)မှာ သက်ဆိုင်ရာ ရောဂါအလိုက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်ရှင်။
🏥ဆရာဝန်ကြီးများ ဆေးခန်းထိုင်ချိန် အပြောင်းအလဲ ရှိပါသဖြင့် 𝐎𝐏𝐃 𝐁𝐨𝐨𝐤𝐢𝐧𝐠 ပေးခြင်းနှင့် အခြားအသေးစိတ် သိရှိလိုခြင်း များအတွက် ဖုန်း 𝟎𝟏 𝟕𝟓𝟑𝟖𝟎𝟓𝟓, 𝟎𝟗 𝟕𝟕𝟖𝟕𝟕𝟖𝟖𝟖𝟓 သို့ ဆက်သွယ်နိုင်ပါတယ်။
💻𝐕𝐢𝐛𝐞𝐫 𝐁𝐨𝐨𝐤𝐢𝐧𝐠 𝐏𝐡𝐨𝐧𝐞 𝟎𝟗 𝟗𝟕𝟏𝟖𝟎𝟒𝟕𝟎𝟓 သို့ ပြသမည့် နေ့နှင့်အချိန်၊ ပြသမည့် လူနာအမည်၊ ပြသမည့် ဆရာဝန်အမည်၊ အထူးကု ဘာသာရပ်အမည်များကို ပြသမည့်နေ့ မတိုင်မီ ၂ပတ်အလိုတွင် ပေးပို့နိုင်ပါတယ်။
💻𝐓𝐞𝐥𝐞-𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 နှင့် ပြသလိုပါက ဖုန်း 𝟎𝟗 𝟕𝟔𝟓𝟒𝟎𝟖𝟔𝟎𝟔, 𝟎𝟗 𝟕𝟔𝟓𝟒𝟖𝟎𝟕𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်။
💐ဝေဒနါများ သက်သာပျောက်ကင်းပြီး ကျန်းမာရွှင်လန်းကြပါစေလို့ အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။🙏
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐬𝐥𝐞𝐞𝐩𝐟𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧.𝐨𝐫𝐠/𝐬𝐧𝐨𝐫𝐢𝐧𝐠

🌟✨ မနက်ဖြန်တိုင်းအတွက် ပိုကျန်းမာအောင်ကြိုးစားလိုက်ရအောင်! 🌟✨ဒီနေ့မှာတော့ အရေးကြီးတဲ့ Topic လေးတစ်ခုကို မီးမောင်းထိုးပြခ...
30/09/2023

🌟✨ မနက်ဖြန်တိုင်းအတွက် ပိုကျန်းမာအောင်ကြိုးစားလိုက်ရအောင်! 🌟✨

ဒီနေ့မှာတော့ အရေးကြီးတဲ့ Topic လေးတစ်ခုကို မီးမောင်းထိုးပြချင်ပါတယ်ရှင်!
⏩ "OSA (အိပ် ဟောက် ရှူ ပိတ်) ရောဂါခံစားနေရသူများအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းရဲ့ အရေးပါအရာရောက်ခြင်း" ⏪

👉 မိတ်ဆွေတို့သတိထားမိပါသလား?

🤔 ကိုယ်အလေးချိန်များလာတဲ့အချိန်...အထူးသဖြင့် လည်ပင်းပတ်လည်မှာ အဆီတွေစုလာတဲ့အချိန်
😴 ညအိပ်ရင် "ဟောက်" တာပိုဆိုးလာတာ၊
⚠ အချိန်ကြာလာတဲ့အခါ "အသက်ရှူတစ်ချက်တစ်ချက်ရပ်" သွားတာတွေကို မိတ်ဆွေတို့သတိပြုမိကြပြီလား?

✅ သတိပြုမိခဲ့တယ်ဆိုရင်တော့ မိတ်ဆွေတို့ မှန်နေပါပြီ... အဝလွန်ခြင်းနဲ့ OSA ရောဂါဟာ အမှန်တကယ်ဆက်စပ်မှုရှိနေတာပါ...😱

💪 ဒါပေမယ့် မိတ်ဆွေတို့လုံးဝစိတ်ဓာတ်ကျစရာမလိုပါဘူး! OSA ရောဂါ ခံစားနေရတာတွေသက်သာအောင် လုပ်နိုင်ဖို့ မျှော်လင့်ချက်တွေရှိနေပါပြီ.... 💪💚

❗️ What is OSA? ❗️
------------------
အသေးစိတ်လေးကို အောက်က link လေးမှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်
https://www.facebook.com/asiaroyalsleeplab/posts/pfbid028PspWS7BKbW4AdSF4gkkUrjL3AgP349VdbPZg7ztBDEvtkTx3GhDr6D5XSZ9KhXGl

🍏 ဘာကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်းဟာ OSA အတွက်အရေးကြီးသလဲ?
✅ OSA ရောဂါ ပြင်းထန်မှုကို လျော့ကျစေတယ်
✅ ကောင်းမွန်သောအိပ်စက်ခြင်းကိုရရှိစေတယ်
✅ အဝလွန်ခြင်းနဲ့ OSA ရောဂါကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အန္တရာယ်တွေလျော့နည်းစေတယ်

အခုလို ကောင်းကျိုးတွေကိုသိပြီဆိုရင် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းဟာ အကောင်းဆုံးနည်းလမ်းပါ...

ဒီလို 🥑အသေးစိတ် Diet Plans စားသောက်မှုပုံစံ🥦တွေကို တတ်ကျွမ်းတဲ့ သမားတော်ကြီးနဲ့တိုင်ပင်ဖို့အတွက် ကျွန်မတို့ SAR Sleep Lab ရဲ့ Obesity & Nutrition Clinic မှာ

🔹"ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုသမားတော်ကြီး)"🔹 နဲ့
⭐️အပတ်စဉ်သောကြာနေ့ (၃)နာရီတိုင်း⭐️
မှာ လာရောက်တိုင်ပင်လို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင့်...

မိတ်ဆွေတို့ရဲ့ချစ်ရသူတွေထဲမှာ OSA ရောဂါနဲ့ အဝလွန်ခြင်းကို ခံစားနေရရင် လက်ဆင့်ကမ်းပေးဖို့ Post လေးကို share ပေးနိုင်ပါတယ်ရှင်...

ဆရာမကြီးနဲ့ booking တင်ချင်တယ်ဆိုရင် 📞 09765415463, 09443993636 တို့ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်ရှင်...









📣 Exciting News! 🌟🌟ကျွန်တော်တို့ Sitagu Asia Royal Sleep Lab မှာ အသစ်ထပ်တိုးရရှိလာနိုင်မယ့် "Obesity & Nutrition Clinic"...
25/09/2023

📣 Exciting News! 🌟

🌟ကျွန်တော်တို့ Sitagu Asia Royal Sleep Lab မှာ အသစ်ထပ်တိုးရရှိလာနိုင်မယ့်
"Obesity & Nutrition Clinic" လေးကို ဒီအပတ် သောကြာနေ့မှစ၍ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ...📣

😴 Obstructive Sleep Apnea (OSA) အိပ်၊ ဟောက်၊ ရှူ၊ ပိတ် ရောဂါဖြစ်စေသော အဓိက အကြောင်းအရာများတွင် အဝလွန်ခြင်းသည် ထိပ်ဆုံးကပါဝင်ပါသည်။

😟 အဝလွန်ခြင်းကြောင့် လည်ပင်းကြွက်သားတွင် အဆီများပိုများလာပြီး အိပ်ပျော်နေစဉ်တွင် လေပြွန်ကို ဖိနိုင်ခြေများသည့်အတွက် ဟောက်သံထွက်ခြင်းနှင့် အသက်ရှူရပ်ခြင်းတို့ကို ဖြစ်ပေါ်လာစေသည်။

✅ OSA ရောဂါ ကုသရာတွင် Auto CPAP ကို အသုံးပြု၍ အိပ်စက်ခြင်းအပြင် မိမိတို့၏ ခန္ဓာကိုယ်အလေးချိန်ကို ‌လျော့ချခြင်းသည်ပို၍ထိရောက်စေသော ကုသမှုတစ်ခုဖြစ်ပါသည်။

✅ ကိုယ်အလေးချိန်လျော့ချသည့်နည်းလမ်းများစွာရှိသည့်အနက် ကျန်းမာရေးထိခိုက်မှုမရှိစေဘဲ ကိုယ်အလေးချိန်ကို ထိရောက်စွာလျော့ချနိုင်ရန် နားလည်တတ်ကျွမ်းသော အထူးကုသမားတော်များနှင့် တိုင်ပင်ဆွေး‌နွေးသင့်ပါသည်။

🔜😍 ကျွန်တော်တို့၏ SAR Sleep Lab တွင် OSA ရောဂါဝေဒနာခံစားနေရသော လူနာများအတွက် စားသောက်မှုပုံစံများ၊ ကိုယ်အလေးချိန်လျော့ချမှု နည်းစနစ်များကို "အာဟာရအထူးကု သမားတော်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်" မှ အပတ်စဉ်သောကြာနေ့တိုင်း အသေးစိတ်တိုင်ပင်ဆွေးနွေးကုသပေးမည်ဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။🤩

👉Booking ရယူရန်။ ။ Hotline no. 09765415463, 09443993636

🌜⭐ Calculating OSA Risk with STOP-BANG ⭐🌛Obstructive Sleep Apnea (OSA) (အိပ် ဟောက် ရှူ ပိတ် ရောဂါ)----------------------...
23/09/2023

🌜⭐ Calculating OSA Risk with STOP-BANG ⭐🌛

Obstructive Sleep Apnea (OSA) (အိပ် ဟောက် ရှူ ပိတ် ရောဂါ)
----------------------------------------------------------------
⭐OSA ရောဂါရဲ့ လက္ခဏာများကို ကျွန်တော်တို့ရဲ့ page မှာ အသေးစိတ်ဖတ်ရှုလို့ရပါတယ်ခင်ဗျ ✨

OSA ရောဂါဖြစ်နိုင်ခြေကို တိုင်းတာတဲ့ အချက်အလက်လေးတွေကိုအောက်မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ 🌙✨

🤔 "STOP-BANG!"
-------------------
"STOP-BANG" ဆိုတာဘာကြီးလဲ? ဒါလေးကတော့ နိုင်ငံတကာမှာ အသုံးများတဲ့ OSA ရောဂါ ဖြစ်နိုင်‌ခြေကို ခန့်မှန်းပေးနိုင်တဲ့ Questionnaire လေးပါဗျ

မေးခွန်းတစ်ခုချင်းစီအတွက် "Yes✅" or "No❌" ဆိုပြီး ဖြေပေးရုံပါပဲခင်ဗျာ...
🗒စာရွက်လေးနဲ့ 🖊ဘောပင်လေးတော့လိုပါလိမ့်မယ်ဗျ!

🅾️ S - Snoring: ညအိပ်တိုင်းကျယ်လောင်စွာဟောက်ပါသလား?

🛏️ T - Tiredness: နေ့လည်နေ့ခင်းပင်ပန်းနွမ်းနယ်တာ၊ အိပ်ငိုက်တာတွေဖြစ်နေပါသလား?

🏭 O - Observed apnea: ညအိပ်နေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သင်အသက်ရှူရပ်နေတာကိုတွေ့ပါသလား?

🧔 P - High blood Pressure: သွေးတိုးရောဂါရှိပါသလား၊ ကုသမှုခံယူနေပါသလား?

🌫️ B - BMI over 35: အရပ်အမြင့်နဲ့အလေးချိန်အချိုးချထားခြင်းအညွန်းကိန်း (BMI) ၃၅ နှင့်အထက်ရှိပါသလား?

🅰️ A - Age over 50: အသက် ၅၀ နှင့်အထက်ဟုတ်ပါသလား?

🚬 N - Neck circumference: လည်ပင်းပတ်လည် အတိုင်းအတာ မှာ အမျိုးသားများတွင် (၁၇) လက်မ နှင့်အထက်၊ အမျိုးသမီးများတွင် (၁၆) လက်မနှင့်အထက် ရှိပါသလား?

🍻 G - Gender: အမျိုးသားဖြစ်နေပါသလား?

အဖြေလေးတွေကိုစုပြီး "Yes ✅တစ်ခု" ကို (၁) မှတ်နှုန်းနဲ့ ပေါင်းလိုက်ကြရအောင်!
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
✅ 0-2 မှတ် - OSA ဖြစ်နိုင်ခြေနည်းသည်
⚠️ 3-4 မှတ် - OSA ဖြစ်နိုင်ခြေ အလယ်အလတ်ရှိသည်
🚩 5-8 မှတ် - OSA ဖြစ်နိုင်ခြေ မြင့်မားသည်

ရမှတ်များလေလေ OSA ဖြစ်နိုင်ခြေလည်းများလေပါခင်ဗျ 📈

🚨 OSA ရောဂါဖြစ်နိုင်ခြေများနေရင်ဘာလုပ်ရမလဲ? 🚨
----------------------------------------------------
OSA ရောဂါဖြစ်နိုင်ခြေနှုန်းဟာ "အလယ်အလတ်" နှင့် "မြင့်မား" နေတဲ့အဖြေကိုရရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ ပြသဆွေးနွေးပြီး လိုအပ်တာတွေဆက်လက်လုပ်ဆောင်သင့်ပါတယ်ဗျာ...

😇မိတ်ဆွေတို့လည်း ရထားတဲ့အဖြေလေးတွေကို Comment ထဲမှာ ပါဝင်ဆွေးနွေးလို့ရပါတယ်ဗျ

🔹Sleep Apnea ဆိုတဲ့ အခြေအနေရှိမရှိစမ်းသပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Hotline Ph : 09765415463 ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်း booking တင်လို့ရပါတယ်ခင်ဗျ...💬💤

Address

No. 11 , Room No. BSH-02 , Baho Road , Sanchaung Townshop
Yangon
11111

Alerts

Be the first to know and let us send you an email when Sitagu Asia Royal Sleep Lab & Sleep Disorder Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sitagu Asia Royal Sleep Lab & Sleep Disorder Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram