TOP 7 Clinic & Pharmacy

TOP 7 Clinic & Pharmacy Health Education Page GP Clinic and Drug Store

လက်ရှိ လှိုင်သာယာအမှိုက်ပုံမီးလောင်မှုနဲ့ ကျန်းမာရေးနောက်ဆက်တွဲပြဿနာများTOP 7 Clinic & Pharmacyလက်တလော ရန်ကုန်၊ လှိုင်သာ...
24/04/2018

လက်ရှိ လှိုင်သာယာအမှိုက်ပုံမီးလောင်မှုနဲ့ ကျန်းမာရေးနောက်ဆက်တွဲပြဿနာများ

TOP 7 Clinic & Pharmacy

လက်တလော ရန်ကုန်၊ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမီးလောင်မှုကြောင့် လေကြောင်းသင့်မြို့နယ်တွေမှာ မီးခိုးမှိုင်းနဲ့ အနံ့အသက်ဆိုးတွေပြန့်နှံ့နေတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့မြို့ကြီးတွေမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့် မီးခိုးမှိုင်းတွေဖုံးလွှမ်းလေ့ရှိပါတယ်။ ဥပမာအနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စက်မှုဇုံ၊ စက်တပ်မော်တော်ယာဉ် အစရှိတာတွေပေါ့။ တစ်ခါတစ်ရံမှာ အနီးနားတောအုပ်တစ်ခုခုမီးလောင်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အမေရိကန်၊ သြစတေးလျနဲ့ ဥရောတို့မှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဆိုရင် တောမီးလောင်ပြီး မီးခိုးမှိုင်းတွေ ဝေနေတတ်ပါတယ်။ အရှေ့တောင်အာရှမှာတော့ မီးခိုးမှိုင်းပြဿနာက နှစ်စဉ်ကြုံနေကျပြဿနာတစ်ခုပါ။ များသောအားဖြင့် မေနဲ့ အောက်တိုဘာလတွေမှာ ဖြစ်လေ့ရှိပါတယ်။ အခုရန်ကုန်မှာ ကြုံနေရတာကတော့ ဧက (၃၀၀) လောက်ရှိတဲ့ အမှိုက်ပုံကြီး ဧက (၁၀၀)လောက် မီးလောင်နေတဲ့ ပြဿနာပါ။

ရေတိုကျန်းမာရေးပြဿနာများ

- မျက်စိကျိန်းစပ်ခြင်း၊ မျက်ရည်အလွန်အကျွံထွက်ခြင်း၊ မျက်မှေးရောင်ရမ်းခြင်း
- နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း
- လည်ပင်းယားယံခြင်း၊ လည်ပင်းခြောက်ခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်း
- ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
- အဆုတ်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ အသက်ရှူလမ်းကြောင်းကာကွယ်ရေးစနစ် အားလျော့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအိမ်အောင့်ခြင်း၊ မီးခိုးမှိုင်းသင့်ထားတဲ့ ရေတွေကိုသောက်ရင် ရေကတစ်ဆင့်ဖြစ်တတ်တဲ့ ရောဂါများဖြစ်ပွားခြင်း
- စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း လက္ခဏာတွေဖြစ်တဲ့ အိပ်ရေးပျက်ခြင်း၊ အကူအညီကင်းမဲ့သလိုခံစားရခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် စိတ်ဝင်စားမှုလျော့ကျခြင်း၊ စိတ်အလိုမကျဖြစ်ပြီး စိတ်ဆတ်နေခြင်း

ဆိုခဲ့တဲ့ ပြဿနာတွေကတော့ ခပ်ပျော့ပျော့သာဖြစ်ပြီး မီးခိုးမှိုင်းရှောင်ပြီး အိမ်ထဲအောင်းနေရင်း အနည်းနဲ့အများသက်သာသွားမှာပါ။ ဒါပေမဲ့ နဂိုကတည်းက အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ နှလုံးနဲ့သွေးကြောဆိုင်ရာပြဿနာရှိသူတွေခမျာတော့ မီးခိုးမှိုင်းကြောင့် ရှိရင်းစွဲရောဂါတွေကို အားပေးသလိုဖြစ်ပြီး ရောဂါကြွလာနိုင်ပါတယ်။ သူတို့က သာမန်ကျန်းမာသူတွေထက် မီးခိုးမှိုင်းဒဏ်ကို ပိုခံစားရမှာဖြစ်ပါတယ်။

ရေရှည်ကျန်းမာရေးပြဿနာများ

- အထက်မှာပြောခဲ့သလို နဂိုရှိရင်းစွဲရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။ အထူးသဖြင့် နှလုံးနဲ့ သွေးကြော ပြဿနာတွေကို အခြေအနေဆိုးစေနိုင်ပါတယ်။

- နှလုံးနဲ့ သွေးကြောရောဂါတွေကြောင့် သက်တမ်းစေ့မနေနိုင်တော့ဘဲ အစောတလျင် အသက်ဆုံးရှုံးမှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။

- အဆုတ်ခဲခြင်း (အဆုတ်အမာရွတ်ထင်ခြင်း)၊ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ပျက်ယွင်းခြင်း၊ အသည်းလုပ်ဆောင်ချက်ပျက်ယွင်းခြင်း

- အင်ဆူလင် ဟော်မုန်း Resistance ဖြစ်စေခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါဖြစ်နိုင်ခြေပိုများခြင်း

- လူကြီးတွေမှာ ထိပ်ခတ်နာဖြစ်ခြင်း (ခေါင်းရိုးလိုဏ်ခေါင်းနာ)ဖြစ်ခြင်း၊ ကလေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း

- ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်ကျနိုင်ခြေ၊ ကလေးကိုယ်အလေးချိန်မပြည့်ဘဲမီးဖွားနိုင်ခြေ၊ ခြေလက်အင်္ဂါမစုံနိုင်ခြေနဲ့ အသေမွေးခြင်းများဖြစ်ပွားနိုင်ခြေ မြင့်မားလာခြင်း

- ဦးနှောက်အိုမင်းရင့်ရော်မှုဖြစ်စေခြင်း

အကြံပြုချက်များ

- မလိုအပ်ဘဲအပြင်မထွက်ပါနဲ့။ အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အိမ်ထဲမှာပဲနေသင့်ပါတယ်။ နှာခေါင်းစည်း ဝတ်ဆင်ထားပါ။

- အိမ်နဲ့ ရုံးတံခါးတွေကို ပိတ်ထားပါ။

- လေသန့်စင်စက်များတပ်ဆင်ပါ။

- တပ်ဆင်ထားတဲ့ လေအေးပေးစက်တွေကို မှန်မှန်ဆေးပေးပါ။

- ရောဂါရှိသူတွေအနေနဲ့ သောက်နေတဲ့ဆေးတွေကို မပျက်မကွက်မှန်မှန်ဆက်သောက်ပါ။

- ရေများများသောက်ပါ။ လတ်လတ်ဆတ်ဆတ်အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များစားသုံးပါ။

- အိမ်အတွင်း မီးခိုးထွက်ခြင်းကို အတတ်နိုင်ဆုံးထိန်းချုပ်ပါ။ မီးသွေးမီးဖို၊ ဂတ်စ်မီးဖို၊ ဖယောင်းတိုင်တို့ကို မလိုအပ်ဘဲ မဖွင့် မထွန်းပါနဲ့။

- အပြင်မှာ အမြင်မှုန်ဝါးနေရင် မလိုအပ်ဘဲ ကားမမောင်းပါနဲ့။

Photo taken from Ministry of the Environment and Water Resources [SG]

Dr. Chit Swe

သားလေးလား၊ သမီးလေးလား အတည်ပြုပေးမယ့် အာထရာဆောင်းအာထရာဆောင်းဓာတ်မှန်ဟာ ဆရာဝန်တွေအတွက် သန္ဓေသားရဲ့ ကျန်းမာရေးအခြေအနေကို စေ...
18/02/2018

သားလေးလား၊ သမီးလေးလား အတည်ပြုပေးမယ့် အာထရာဆောင်း

အာထရာဆောင်းဓာတ်မှန်ဟာ ဆရာဝန်တွေအတွက် သန္ဓေသားရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ဖို့အရေးပါတဲ့ စစ်ဆေးမှုတစ်ခုဖြစ်နိုင်သလို မိခင်တွေအတွက်လည်း သူတို့ရင်သွေးလေးဟာ ကျားလား၊ မလား သိနိုင်ဖို့ ဆုံးဖြတ်ပေးနိုင်တဲ့ ကိရိယာတစ်ခုပါပဲ။

လေ့လာမှုတစ်ခုအရ သန္ဓေသားရဲ့ လိင်ကို အာထရာဆောင်းနဲ့ကြည့်တဲ့အခါ မှန်ကန်မှု ၉၈% ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မှန်ကန်ဖို့အတွက် အာထရာဆောင်းရိုက်တဲ့အချိန်၊ သန္ဓေသားရဲ့ အနေအထား၊ အမွှာဟုတ်မဟုတ်နဲ့ ကိုယ်ဝန်ဆောင်ရဲ့ ခန္ဓာကိုယ်အရွယ်အစား အစရှိတဲ့အချက်တွေက အရေးပါ ပါတယ်။

ကျွန်မကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတဲ့မေးခွန်းကို ဆရာဝန်တော်တော်များများ ကြုံဖူးကြမှာပါ။ မိဘတွေဟာ ကိုယ်ဝန် ၁၈-၂၀ ပတ် (၄ လခွဲနဲ့ ၅ လ) ဝန်းကျင်မှာ အာထရာဆောင်းရိုက်တတ်ကြပါတယ်။ အဲဒီအချိန်ကာလဟာ ကလေးငယ်ရဲ့ လိင်ကို အဆုံးဖြတ်ပေးနိုင်ပါပြီ။ ဒါပေမဲ့ အမြဲတမ်းတော့မဟုတ်ပါဘူး။ ကလေးငယ်ဘယ်လိုအနေအထားနဲ့ ရှိနေသလဲ၊ တည့်တည့်လား၊ ဇောက်ထိုးလား၊ ကျောပေးထားလား၊ မျက်နှာပေးထားလားဆိုတာက အတိအကျအဖြေပေးနိုင်ဖို့ အရေးပါတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်ဟာ ယောက်ျားလေးဆိုရင် အာထရာဆောင်းရိုက်တဲ့ဆရာဝန်အတွက် လွယ်ကူစွာပိုတွေ့နိုင်ပါတယ်။

တစ်ချို့မိဘတွေက ကိုယ်ဝန်ဗိုက်ထွက်ပုံ၊ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်း၊ မိခင်ရဲ့ ရုပ်အဆင်းကို ကြည့်ပြီး သန္ဓေသားဟာ ကျားလား၊ မလားဆိုတာကို ခန့်မှန်းလို့ရတယ်ထင်ပါတယ်။ ဒီလိုအယူအဆတွေဟာ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေခဲ့တာကြာပါပြီ။ သိပ္ပံနည်းအရကြည့်မယ်ဆိုရင် အဲဒီအယူအဆတစ်ခုကိုမှ အတည်မပြုနိုင်သေးပါဘူး။

ဒီတော့ ဆရာဝန်က အာထရာဆောင်းကြည့်နေရဲ့သားနဲ့ မေမေ့ရဲ့ ရင်သွေးလေးကို ကျားလား မလားမပြောနိုင်ဘူးဆိုရင်လည်း ဒေါတွေခီးပြီး စိတ်ပျက်မသွားပါနဲ့ဦး။ သိပ်မကြာခင်ပြန်လည်သိရမှာပါ။ အကောင်းဆုံးကတော့ ယောက်ျားလေးအဝတ်အစား၊ မိန်းကလေးအဝတ်အစားဆိုပြီး ခွဲဝယ်တာမျိုးမလုပ်ဖို့ သားလေးမွေးမွေး၊ သမီးလေးမွေးမွေးအဆင်ပြေမယ့်ဟာမျိုးတွေသာ ဝယ်စုပါလို့ အကြံပြုချင်ပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

(ဒေါက်တာချစ်ဆွေ)

ကျန်းမာရေးဗဟုသုတတွေအတွက် TOP 7 Clinic & Pharmacy ကို Like လုပ်ထားဖို့မမေ့ပါနဲ့။

ဝက်ခြံအကြောင်း တစ်စေ့တစ်စောင်းဝက်ခြံဟာ နာတာရှည် အရေပြားရောင်ရမ်းနာတစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံကြောင့် မျက်နှာ၊ ပုခုံး၊ လည်က...
13/01/2018

ဝက်ခြံအကြောင်း တစ်စေ့တစ်စောင်း

ဝက်ခြံဟာ နာတာရှည် အရေပြားရောင်ရမ်းနာတစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံကြောင့် မျက်နှာ၊ ပုခုံး၊ လည်ကုတ်၊ နောက်ကျော၊ ရင်ဘတ်နဲ့ လက်မောင်းတို့မှာ အဖုအပိန့်တွေထတတ်ပါတယ်။ ဝက်ခြံအမျိုးအစားအမျိုးမျိုးရှိပါတယ်။
ကြီးကောင်ဝင်စအရွယ်မှာ ဝက်ခြံအပေါက်များပါတယ်။ အဲဒီအရွယ်မှာ အဆီကျိတ်ဂလင်းတွေ အလုပ်စလုပ်လို့ပါ။ ဒါပေမဲ့ အသက်အရွယ်အပိုင်းခြားမရွေးဝက်ခြံပေါက်တတ်ပါတယ်။ ဝက်ခြံဟာ အန္တရာယ်မရှိပေမယ့် မျက်နှာမှာ အမာရွတ်တွေ ချိုင့်ခွက်တွေကျန်ခဲ့တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေမှာပါရှိတဲ့ အဒရီနယ်ဂလင်းအကျိတ်ကနေ ထုတ်လွှင့်လိုက်တဲ့ ကျားဟော်မုန်းတွေဟာ အဆီကျိတ်ဂလင်းတွေကို အလုပ်လုပ်စေပါတယ်။ ငယ်ရွယ်စဉ်လူတော်များများ ဝက်ခြံနဲ့ မကင်းခဲ့ကြပါဘူး။

ဝက်ခြံအကြောင်း နည်းနည်းလေ့လာကြည့်ရအောင်။

- ဝက်ခြံဟာ မွေးညင်းပေါက်အခြေမှာရှိတဲ့ အဆီကျိတ်ဂလင်းတွေကြောင့် ဖြစ်ရတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။

- အသက် ၁၁ နှစ်နဲ့ ၃၀ အကြား လူ ၄ဦးလျင် ၃ ဦး ဝက်ခြံပေါက်ပါတယ်။

- အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် အရေပြားမှာ အမာရွတ်ကျန်တတ်ပါတယ်။

- ဝက်ခြံအနေအထားအပေါ်မူတည်ပြီး ကုသမှုတွေကွဲပြားပါတယ်။
ဝက်ခြံပေါက်နိုင်ခြေများတဲ့အချက်တွေကတွေထဲမှာ မျိုးရိုးလိုက်ခြင်း၊ ဓမ္မတာစက်ဝန်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစည်းခြင်း၊ ပူပြီးစိုစွတ်တဲ့ ရာသီဥတု၊ ဆီအခြေခံမိတ်ကပ်များအသုံးပြုခြင်း၊ ဝက်ခြံညှစ်ခြင်းတို့ပါဝင်ပါတယ်။

ရောဂါလက္ခဏာများ

- အဆံဖြူ (အပေါက်ပိတ်ဝက်ခြံ)
- အဆံမည်း (အပေါင်ပွင့် ဝက်ခြံ)
- နာတဲ့ အနီရောင် ဖောင်းကြွလုံးလေးများ (ဝက်ခြံဖု)
- ဝက်ခြံထိပ်ဖျားမှာပြည်တည်ခြင်း (ပြည်တည်အနာဖု)
- အရေပြားအောက်မှာပေါက်တဲ့ ကြီးမားပြီး နာကြင်တဲ့ အနာခဲ
- အရေပြားအောက်မှာပေါက်တဲ့ နာကြင်ပြီး ပြည်တည်နေတဲ့ ဝက်ခြံဖု

ဝက်ခြံဘာကြောင့်ဖြစ်

ဝက်ခြံဖြစ်စေတဲ့အဓိကအကြောင်းအရင်း ၄ ခုရှိပါတယ်။

- အဆီပြန်များခြင်း
- မွေးညင်းပေါက်တွေထဲမှာ ဆီနဲ့ အရေပြားဆဲလ်အသေတွေပိတ်ဆို့ခြင်း
- ဘက်တီးရီးယားပိုးမွှား
- ကျားဟော်မုန်း (အန်ဒရိုဂျင်) ထုတ်လုပ်မှုအဆမတန်များပြားခြင်း

ဝက်ခြံကိုပိုဆိုးစေတဲ့အချက်များ

ဟော်မုန်း - ကြီးကောင်ဝင်စ ယောက်ျားလေး မိန်းကလေးတိုင်းမှာရှိတဲ့ အန်ဒရိုဂျင် ကျားဟော်မုန်းထုတ်လုပ်မှု များပြားခြင်းဟာ အဆီကျိတ်တွေကို ကြီးထွားစေပြီး အဆီထုတ်လုပ်မှုမြင့်တက်စေပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ သန္ဓေတားဆေးများ သောက်ခြင်းတွေဟာလည်း အဆီထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ သွေးထဲမှာ အန်ဒရိုဂျင်ဟော်မုန်းနည်းပါးခြင်းကလည်း ဝက်ခြံကို ပိုဆိုးစေပါတယ်။

ဆေး - တစ်ချို့ဆေးတွေဟာ ဝက်ခြံကိုပိုဆိုးစေပါတယ်။ ဥပမာ ကော်တီကို စတီးရွိုက်များ၊ တက်စတိုစတီရုန်းနဲ့ လစ်သီယမ်။

အစားအစာ - အဆီထုတ်ထားသောနို့၊ ကဆီဓာတ်အလျှံပယ်ပါဝင်တဲ့အစား

အစာများ - ဥပမာ ထမင်း၊ ပေါင်မုန့်၊ အာလူးကြော် အစရှိတာတွေက ယက်ခြံကိုပိုဆိုးစေပါတယ်။ ချောကလတ်ဟာလည်း ဝက်ခြံကိုပိုဆိုးနိုင်တယ်ဆိုပြီး ပြောဆိုချက်တွေရှိပါတယ်။

စိတ်ဖိစည်းမှု - စိတ်ဖိစည်းမှုများပြားခြင်းကလည်း ဝက်ခြံကိုပိုဆိုးစေပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ကျန်းမာရေးဗဟုသုတတွေအတွက် TOP 7 Clinic & Pharmacy ကို Like လုပ်ထားဖို့မမေ့ပါနဲ့။

ယူသနေးစီယား (Euthanasia) သို့မဟုတ် ညင်သာစွာဇိဝိန်ခြွေပေးခြင်းယူသနေစီးယားဟူသည်Euthanasia ဆိုတာက မူရင်း ဂရိဘာသာစကားကနေဆင်း...
29/12/2017

ယူသနေးစီယား (Euthanasia) သို့မဟုတ် ညင်သာစွာဇိဝိန်ခြွေပေးခြင်း

ယူသနေစီးယားဟူသည်

Euthanasia ဆိုတာက မူရင်း ဂရိဘာသာစကားကနေဆင်းသက်လာတာ။ အဓိပ္ပာယ်ကတော့ ကောင်းမွန်စွာသေခြင်း (Good Death) ပါ။ အင်္ဂလိပ်လို ယူပြီးဘာသာပြန်လိုက်တော့ လွယ်ကူစွာသေခြင်း သို့မဟုတ် ညင်သာစွာဇိဝိန်ခြွေပေးခြင်း (mercy Killing) လို့ အဓိပ္ပာယ်ရတယ်။ ယူသနေးစီယားကို ရှေး ဂရိတွေနဲ့ ရောမတွေက သဘောတူခဲ့ကြတယ်။ အာရှရဲ့အယူဝါဒသုံးခု ဗုဒ္ဓ၊ ဂျပန်တွေကိုးကွယ်တဲ့ ကာမီနိုမီချီလို့ခေါ်တဲ့ ရှင်တိုနဲ့ ကွန်ဖြူးရှပ်အယူဝါဒတို့မှာလည်း ယူသနေးစီယားကို လက်ခံကြတယ်။ ဒါပေမဲ့ တစ်ဆူတည်း ဘုရား (ဖန်ဆင်းရှင်၊ ထာ၀ရဘုရား) အယူဝါဒ ဘာသာတရားသုံးခုဖြစ်တဲ့ ဂျူး၊ အစ္စလာမ်နဲ့ ခရစ်ယာန် တို့မှာတော့ လက်မခံဘူး။ အစ္စလာမ်ဘာသာမှာတော့ ယူသနေစီးယားအမျိုးအစားတစ်မျိုးဖြစ်တဲ့ Passive Euthanasia ကို လက်ခံတယ်ဆိုတဲ့ အဆိုတွေရှိပါတယ်။

ဒါပေမဲ့လည်း ယူသနေးစီယားကို ဘာသာတရားပေါ်မမူတည်ဘဲ သူ့ဟာနဲ့သူ ထောက်ခံတဲ့လူ၊ မထောက်ခံတဲ့လူတွေကတော့ နိုင်ငံတိုင်းမှာ ရှိနေတယ်။ ယူသနေးစီယားလုပ်ဖို့အတွက် လူနာနှစ်မျိုးနှစ်စားမှာ အကျုံး၀င်ပါတယ်။ (၁) ရှင်လျက်သေနေတဲ့ လူနာ (ဥပမာ - ကိုမာ)။ သဘောက နိုးတော့နိုးနေတယ်။ ဒါပေမဲ့ မိမိကိုယ်ကိုယ် သို့မဟုတ် ပတ်၀န်းကျင်ကို ဘာမှမသိတော့ဘူး။ သူ့ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကလည်း သွားပြီ။ သူအသက်ရှင်ဖို့အတွက် အသက်ကယ်ပစ္စည်းတွေ ဖြစ်တဲ့ အသက်ရှူစက်တွေ၊ နှလုံးစက်၊ အဆုတ်စက်တွေ၊ သွေးကြောကနေ အာဟာရဖြည့်တင်းပေးရတာတွေ လုပ်နေရတယ်။ ပြန်ကောင်းဖို့လည်း မရှိတော့ဘူး။ လုံး၀ဥဿုံ မှီခိုနေရတဲ့ ရှင်လျက်သေတဲ့လူနာပေါ့။ (၂) နောက်တစ်မျိုးကတော့ အသိရော သတိရောရှိတယ်။ သူက အသက်ကယ်ပစ္စည်းတွေပေါ်မှာတော့ မမှီခိုနေရဘူး။ ဒါပေမဲ့ သူခမျာ ရောဂါနောက်ဆုံးအဆင့်ခံစားနေရပြီး မခံမရပ်နိုင်လောက်အောင် နာကျင်မှုဝေဒနာကို ခံစားနေရတယ်။ နောက်ပြီး ပြန်မကောင်းနိုင်တော့တဲ့ စိတ်ရောဂါ၊ လူဖြစ်ရှုံးနေတဲ့ ရောဂါတစ်ခုခု ခံစားနေရတယ်။ ဒီနှစ်မျိုးပေါ့။

ယူသနေးစီယားအမျိုးအစားများ

Active ယူသနေးစီယား။ ဒါကတော့ စေခိုင်းလို့လုပ်ရတာ။ သဘောက တစ်စုံတစ်ယောက်ကို သတ်ခိုင်းတာပါ။ ဥပမာ ဆေးထိုးသတ်တာမျိုးဆိုပါတော့။
Passive ယူသနေးစီယား။ ဒါကတော့ သေတော့မယ်လူနာတစ်ယောက်ကို ပေးသေလိုက်တဲ့သဘော။ ဆိုလိုတာက အသက်ကယ်ပစ္စည်းတွေအပေါ် မှီခို ရှင်သန်နေရတဲ့ လူနာကို အသက်ကယ်ပစ္စည်းတွေ ဖြုတ်ပေးလိုက်တာ။ Passive ကို အစာရေစာ(အာဟာရ) ဖြတ်တောက်လိုက်ခြင်း၊ ဆေးဝါးဖြတ်တောက်လိုက်ခြင်း၊ ကုသမှုရပ်နားလိုက်ခြင်း၊ အသက်ကယ် CPR မလုပ်တော့ခြင်း၊ အသက်ကယ်ပစ္စည်းတွေ ဖြုတ်လိုက်ခြင်း နဲ့ လုပ်ကြတယ်။ လူနာကို သေမယ့်အတူတူ အသက်မကယ်တော့ဘဲ သူခံစားနေရတဲ့ရောဂါနဲ့ ပေးသေလိုက်တဲ့သဘောပါ။

အာဟာရဖြတ်တောက်လိုက်ခြင်းဆိုရာမှာ သာမန်အာဟာရဆိုတာနဲ့ ဆေးပညာအရ ပေးတဲ့ အာဟာရဆိုပြီး ခွဲခြားထားတယ်။ ဆေးပညာအရဆိုရာမှာ သွေးကြောကတစ်ဆင့်၊ နှာခေါင်းပိုက်က တစ်ဆင့် ပေးတာကို ဆိုလိုတာပါ။
ယူသနေးစီယားကို လူနာကိုယ်တိုင် ဆုံးဖြတ်နိုင်သလို (အသိစိတ်မရှိတော့တဲ့လူနာတွေမှာ) ကျန်းမာရေး၀န်ထမ်း (အထူးသဖြင့်ဆရာ၀န်) က ဆုံးဖြတ်နိုင်ပါတယ်။

လူနာက ဆုံးဖြတ်လို့ ညင်သာစွာဇိဝိန်ခြွေပေးခြင်းကတော့ Voluntary။ အသိစိတ်မရှိတော့တဲ့ လူနာကို ကျန်းမာရေး၀န်ထမ်းက ဆုံးဖြတ်ပေးတာကတော့ Non-voluntary။ ဒီတော့ Non-voluntary ဆိုတာ လူနာရဲ့သဘောထားနဲ့ ဆန့်ကျင်ကောင်းဆန့်ကျင်နေပါလိမ့်မယ်။ ကိုယ်မှမသိရတာကိုး။ လူနာရှင် (မိသားစုဝင်၊ အိမ်ထောင်ဖက်) ရဲ့ သဘောထားကလည်း အရေးကြီးပါတယ်။

ယူသနေးစီယားနဲ့ လူ့ကျင့်၀တ်

အောက်မှာဖော်ပြမှာကတော့ ဥရောပနဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးငြင်းခုံမှုတွေပါ။ Active ယူသနေးစီယားအတွက် အရေးပါတဲ့ သဘောတူညီမှုနှစ်ခုကတော့

(၁) ဘယ်အရာကမှ မကယ်နိုင်လောက်တော့တဲ့ထိအောင် မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်ဆိုင်ရာ ဝေဒနာများခံစားနေခြင်းတွေမှာ လုပ်သင့်တယ်။

(၂) လက်တွေ့ဝါဒီ (Utilitarian) တွေကတော့ ယူသနေးစီယားကို တောင်းဆိုခွင့်ရှိသော (Desirable) လို့ ယုံကြည်ကြတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးအဆင့် ကင်ဆာလို သေကိုသေတော့မယ့် အခြေအနေ Terminally Ill လူနာတွေအနေနဲ့ ဆိုးဝါးရက်စက်လွန်းတဲ့ ဝေဒနာကို မခံစားသင့်ဘူး၊ လွတ်မြောက်သင့်တယ်လို့ သူတို့က ယုံကြတယ်။
အောက်ဖော်ပြပါနှစ်ခုကတော့ ဆန့်ကျင်တဲ့ အယူအဆပါ။

(၁) သတ်တယ်ဆိုကတည်းက လူ့ကျင့်၀တ်အရ မှားယွင်းနေသလို ဘာသာတရားတိုင်းကလည်း တားမြစ်ထားတယ်။

(၂) Terminal Condition ဝေဒနာရှင်တွေအတွက် ပြန်ကောင်းလာနိုင်တဲ့ မမျှော်လင့်ပဲ ကုသမှုတစ်စုံတစ်ရာ ပေါ်လာနိုင်တယ်။

တရား၀င်အောင်လုပ်ခြင်း

ဥရောပနဲ့ အမေရိကားမှာတော့ ယူသနေးစီယားကို တရား၀င်လုပ်သင့်မလုပ်သင့် ဆိုတာနဲ့ ပတ်သက်ပြီး အခြေအတင်ငြင်းခုံမှုတွေ ဆက်လက်ဖြစ်နေဆဲပါ။ တရား၀င်စေချင်သူတွေက လူတိုင်းက မည်သူတစ်ဦးတစ်ယောက်ရဲ့ Right ကိုမှ မထိခိုက်ဘဲ ကိုယ့်အသက်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်၊ ကိုယ့်ရွေးချယ်ခွင့်ကို ဘယ်သူကမှ မစွက်ဖက်သင့်ဘူးလို့ ဆိုကြတယ်။

ဆန့်ကျင်သူတွေကတော့ လူ့အသက်ကို တန်ဖိုးမထားရာရောက်တယ်လို့ ဆိုကြပြန်တယ်။ ဒါ့အပြင် ယူသနေးစီယားကို ရာဇ၀တ်မှုကျူးလွန်လိုတဲ့ ရည်ရွယ်ချက်နဲ့ အလွဲသုံးစားလုပ်မယ့် အန္တရာယ်ရှိတယ်လို့ ထောက်ပြကြပြန်တယ်။ ငွေကုန်ကြေးကျများလာခြင်းကလည်း ယူသနေးစီယားလုပ်ဖြစ်အောင် တွန်းပို့သလို ဖြစ်နိုင်တယ်။ သဘောက မိသားစု၀င်ထဲက တစ်ယောက်ယောက်က နာတာရှည်ရောဂါလည်းဖြစ်နေတယ်၊ ပြန်ကောင်းဖို့လည်း မရှိတော့ဘူး ဆိုတဲ့အနေအထားမှာ သက်ဆိုင်ရာမိသားစုတင်မက အစိုးရအတွက်ပါ အဲဒီလူနာအတွက် စရိတ်စက ၀န်ထုတ်၀န်ပိုးဖြစ်လာနိုင်တယ်။ သေတော့မယ် လူနာကြီးကို အသက်ကယ်ကိရိယာတွေအသုံးပြုပြီး အသက်ဆွဲဆန့်နေမယ်ဆိုရင် မလိုလားဘဲ အလေအလွင့်ဖြစ်မယ်၊ သူ့ကိုအသက်ကယ်နေတဲ့ကိရိယာတွေနဲ့ အသက်ရှင်နိုင်ခြေရှိတဲ့လူကို ကူညီပေးလိုက်ရင် ပိုအကျိုးရှိတယ်ဆိုတဲ့အယူအဆတွေလည်း ရှိနေကြာင်းပါ။

အားလုံးကျန်းမာချမ်းသာကြပါစေ။

ကျန်းမာရေးဗဟုသုတတွေအတွက် TOP 7 Clinic & Pharmacy ကို Like လုပ်ထားဖို့မမေ့ပါနဲ့။

မှားယွင်းနေသော ကျန်းမာရေးအယူဆ (၁၀) ချက်တစ်ပုံချင်းထောက်ကြည့်ပါအားလုံးကျန်းမာချမ်းသာကြပါစေ။ကျန်းမာရေးဗဟုသုတတွေအတွက် TOP 7...
22/10/2017

မှားယွင်းနေသော ကျန်းမာရေးအယူဆ (၁၀) ချက်

တစ်ပုံချင်းထောက်ကြည့်ပါ

အားလုံးကျန်းမာချမ်းသာကြပါစေ။

ကျန်းမာရေးဗဟုသုတတွေအတွက် TOP 7 Clinic & Pharmacy ကို Like လုပ်ထားဖို့မမေ့ပါနဲ့။

“ဒေါင်းကလေးတွေ”“ဒီကလေးတွေက တစ်ကမ္ဘာလုံးဘယ်နေရာမှာပဲကြည့်ကြည့် ရုပ်တွေအကုန်အတူတူပဲ။ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကပ္ပလီ၊ ဗမာပဲဖြစ...
13/10/2017

“ဒေါင်းကလေးတွေ”

“ဒီကလေးတွေက တစ်ကမ္ဘာလုံးဘယ်နေရာမှာပဲကြည့်ကြည့် ရုပ်တွေအကုန်အတူတူပဲ။ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကပ္ပလီ၊ ဗမာပဲဖြစ်ဖြစ် အကုန်ရုပ်တူကြတယ်။ သူတို့က သိုက်ကလာကြတာလေ။ အသက်လည်း သိပ်မရှည်ကြဘူး။ သိုက်ကပြန်ခေါ်သွားရော။” ဆိုတဲ့စကားအဆုံးမှာ ဂမ္ဘီရ၊ ဗေဒင်၊ ယတြာ၊ ဒြပ်ရိုက် ဒြပ်စင်တွေ မယုံကြည်သော ကျွန်ုပ်တစ်ယောက် စိတ်ဝင်တစားတော့ရှိသွား၏။ အရပ်ပုပု၊ ဂင်တိုတို၊ ခါကိုင်းကိုင်းနှင့် မျက်နှာက မွန်ဂိုရုပ်သဏ္ဍန်ပေါက်နေသော ဆယ်ကျော်သက်ဟု ခန့်မှန်းနိုင်သည့် ကလေးငယ်တစ်ယောက်ကို လက်ညှိုးထိုးကာ အမယ်အိုတစ်ယောက်က သူ့အဖော်ကိုပြောပြနေခြင်းဖြစ်သည်။ ကလေးငယ်ကို ကျွန်ုပ်လှည့်ကြည့်ကြည့်မိခြင်း “ဒီရုပ်မှဘာမှန်းမသိရင် ဆရာဝန်လုပ်မနေနဲ့တော့” ဟူသည့် ကျွန်ုပ်ဆရာတစ်ပါး၏ စကားကို နားထဲပြန်ကြားယောင်လာသည်။

“ဒီကလေးတွေရဲ့ရုပ်တွေက မွန်ဂိုလေးတွေနဲ့တူတယ်”
“သူတို့က ဥာဏ်ရည်မမှီဘူး”
“သူတို့က စောစောသေတယ်”

ထိုကလေးငယ်များနှင့်ပတ်သတ်၍ သူတို့လေးတွေအကြောင်း မသင်ခင်ကတည်းက ကျွန်ုပ်ကြားဖူးနားဝရှိခဲ့၏။ ပတ်ဝန်းကျင်တွင်လည်း မြင်ဘူးနေသောကြောင့်ဖြစ်မည်၊ စိတ်လည်းဝင်စားသည်။ ထိုကလေးငယ်များသည် ဥာဏ်ရည်မမှီကြသလို ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုတွင်လည်း နှောင့်နှေးတတ်ကြသည်။

ကံမကောင်းအကြောင်းမလှသည်ဟုပင်ဆိုရပေမည်။ ထိုကလေးငယ်များကို “ Down's Syndrome” ဟုခေါ်သည်။ အရပ်ခေါ် “ဒေါင်းကလေး” ဟု သုံးနှုံးကြသည်ကိုလည်း ကြားဘူးသည်။

“ဘာလဲဟဲ့ ဒေါင်းကလေး”

ဒေါင်းကလေးဖြစ်ရသည့်အကြောင်းအရင်းမှာ Nondisjunction ကြောင့်ဖြစ်သည်။ ဒေါင်းကလေးဖြစ်နိုင်သည့်အခြေအနေသုံးခုရှိသည်။

(၁) Trisomy 21
(၂) Translocation
(၃) Mosaic

ဒေါင်းကလေးအများစုမှာ နံပါတ် (၁) အမျိုးအစားများဖြစ်ကြသည်။ ဆေးလောကသားမဟုတ်သူများနှင့်ယင်းအသုံးအနှုံးများမှာ အနည်းငယ်တော့စိမ်းနေပေမည်။ လေစိမ်းတိုက်သည်ဟုထင်လဲမတတ်နိုင်။ ကျွန်ုပ်ပြောပြချင်သည်မှာထိုအကြောင်းမဟုတ်။

Down's Syndrome သည်မျိုးရိုးလိုက်သည်။ သို့သော် ကေ့စ်အများစုက မျိုးရိုးမလိုက်တတ်ပေ။

ဒေါင်းကလေးများကို သုံးနှုံးခေါ်ဝေါ်သည့်အခြားကင်ပွန်းများကိုလည်း မှတ်သားထားသင့်သည်။ ယင်းတို့မှာ ...

47,XX,+21
47,XY,+21
Down's syndrome
trisomy 21
trisomy G တို့ဖြစ်သည်။

“ဒေါင်းကလေးမှာ ဘာချွတ်ယွင်းလဲ”

ဒေါင်းကလေးများသည် မွေးရာပါနှလုံးရောဂါဝေဒနာရှင်များဖြစ်တတ်သည်။ ကြွက်သားအားနည်းတတ်ကြသည်။ ဥာဏ်ရည်နိမ့်ပါးကြသည်။ ဥာဏ်ရည်နိမ့်ပါးသောကြောင့် ဆုံးဖြတ်ချက်၊ မှတ်ဥာဏ်၊ တွေးခေါ်ခြင်းများအားနည်းကြသည်။ ဘာသာစကားတတ်ကျွမ်းမှုနှောင့်နှေးတာကြောင့် စကားပြောလည်းနောက်ကျတတ်သည်။ စကားပြောလျှင်လည်း နားလည်ရခက်သည်။ စိတ်မူမမှန်တတ်ကြပေ။ လူမှုပေါင်းသင်းဆက်ဆံရေးအားနည်းမည်ဆိုသည်ကိုတော့ အထွေအထူးမပြောချင်တော့ပါ။ ဒေါင်းကလေးတစ်ဝက်နီးပါးတွင် သာမန်လူ၌ အသက်၅၀ကျော်မှဖြစ်တတ်သော အယ်ဇိုင်းမားရောဂါကိုလည်း ငယ်ငယ်ရွယ်ရွယ်တွင်ခံစားရတတ်သေး၏။

ထို့အပြင်ဆိုးဝါးသောကျန်းမာရေးပြသနာများကိုလည်းရင်ဆိုင်ရတတ်သည်။
(၁) Gastroesophageal Reflux ဟုခေါ်သော အစာအိမ်မှ အက်ဆစ်များ အစာရေမျိုပေါ်သို့ ပြန်ဆက်တက်တတ်သည့်ဝေဒနာ
(၂) Celiac Disease ဟုခေါ်သော Gluten ပရိုတိန်းမတည့်သည့်ဝေဒနာ
(၃) ဒေါင်းကလေး ၁၅ရာခိုင်နှုန်းနီးပါးမှာ သိုင်းရွိုက်ဂလင်းအားနည်းမှုကြောင့် သိုင်းရွိုက်ဟော်မုန်း နည်းပါးသည့်ပြသနာ
(၅) မျက်စိဝေဒနာများ
(၆) ဒေါင်းကလေးအနည်းစုတွင် လူကီးမီးယားဟုခေါ်သော သွေးကင်ဆာလည်း ဖြစ်နိုင်သေး၏။

“ဒေါင်းကလေးဘယ်လောက်များလဲ”

ကလေးအယောက် ၈၀၀ မွေးလျှင် ဒေါင်းကလေးတစ်ယောက်ပါနိုင်၏။ အမေရိကန်နိုင်ငံ၌ နှစ်စဉ်ကလေးငယ် ၅၃၀၀ ခန့်သည် ဒေါင်းကလေးအဖြစ်လူ့လောကကြီးသို့ရောက်လာတတ်၏။ အသက်အရွယ်မရွေးပဲ မိခင်တိုင်းမှ ဒေါင်းကလေးများမွေးနိုင်သည်။ သို့သော် မိခင် အသက်ကြီးလာလေလေ ဒေါင်းကလေးမွေးရန် ရာခိုင်နှုန်းများလေလေဖြစ်သည်။

ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ဤသို့သော်ဒေါင်းကလေးများကို မြင်ရတတ်၏။ ထိုကလေးများ၏ အခွင့်အရေးကိုလေးစားရမည်။ ထိုကလေးများကိုကြင်နာရမည်။ မဟုတ်တမ်းတရား ဒဏ္ဍာရီဆန်ဆန် စွပ်စွဲချက်များ၊ စော်ကားမှုများ၊ ဝေဖန်သမုတ်မှုများ မလုပ်သင့်ပေ။ လူတိုင်းသည် ကလေးသူငယ်အခွင့်အရေးလေးစားသူဖြစ်သင့်သည်။ ဆရာတစ်ပါးပြောဘူးသည်။ “ကလေးတွေကိုမချစ်တတ်သ၍ အဲဒီလူဘယ်တော့မှလူကြီးမဖြစ်ဘူး” ဟူ၏။ ကျွန်ုပ်ကိုယ်တိုင်လည်း လူကြီးဖြစ်ရန်ကြိုးစားနေသူဖြစ်သည်။

Address

Anawmar Street 7
Yangon
11231

Telephone

+959425820154

Website

Alerts

Be the first to know and let us send you an email when TOP 7 Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram