New Goal Yoga

New Goal Yoga healthy for daily life

ရန်ကင်း အတန်းညနေ ၅:၃၀ အတန်းလေး ဒီနေ့ ပြန်စပါပြီ 💕
07/04/2026

ရန်ကင်း အတန်း
ညနေ ၅:၃၀ အတန်းလေး ဒီနေ့ ပြန်စပါပြီ 💕


Breathwork & Soulwork ( အပြင်ကမ္ဘာမှ အတွင်းကမ္ဘာဆီသို့လျှောက်လှမ်းခြင်း)မြန်မာ့နှစ်သစ်အချိန်အခါမှစတင်ပြီး ခန္ဓာကိုယ်ပိုင...
02/04/2026

Breathwork & Soulwork ( အပြင်ကမ္ဘာမှ အတွင်းကမ္ဘာဆီသို့လျှောက်လှမ်းခြင်း)

မြန်မာ့နှစ်သစ်အချိန်အခါမှစတင်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာအထိ ကောင်းမွန်တဲ့ခံစားချက်တွေရရှိနိုင်အောင် အလေ့အကျင့်ကောင်းများပြုလုပ်ဖို့စိတ်ဝင်စားသူများကို ဖိတ်ခေါ်ပါရစေ။

မနက်စောစောထမယ်၊
အသက်ရှုလေ့ကျင့်ခန်းလုပ်မယ် (7 Chakras Balancing Breathworks)
အခြေခံယောဂလေ့ကျင့်စဉ်များပြုလုပ်ပြီး
မိမိမှာရှိတဲ့အရာတွေအတွက်ကျေးဇူးတင်ခြင်းလေ့ကျင့်စဉ်ကိုပါထည့်သွင်းလုပ်ဆောင်ကြရင်းနဲ့
ခန္ဓာကိုယ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကနေ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကိုရရှိနိုင်ဖို့ (၉)ရက်အတွင်း တနေ့တစ်နာရီအချိန်ပေးပြီး လုပ်ဆောင်ရမှာပါ။

(၉)ရက်ကစလို့ နေ့စဉ်ကိုယ်ကိုယ်တိုင်လေ့ကျင့်ပြုလုပ်နိုင်အောင်လည်းဆက်လက် လမ်းညွှန်ပြသပေးမှာပါ။

စိတ်ပါဝင်စားလို့ပါဝင်လေ့ကျင့်ချင်တယ်ဆိုရင်တော့ Happy Money 11111 တိတိနဲ့ပါဝင်နိုင်ပါတယ်ရှင်။

(၁၀.၄.၂၀၂၆) ကနေ (၁၈.၄.၂၀၂၆)ထိ မနက်စောစော (၆:၃၀-၇:၃၀)မှာ Online (Zoom to Your Home) ကနေ join နိုင်ပါတယ်။ cb မှာလည်း သိလိုသည်များကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

အခြေခံယောဂလေ့ကျင့်စဉ်များပါဝင်လို့ ယောဂဖျာနဲ့ လှုပ်ရှားလို့ကောင်းတဲ့အဝတ်အစားလေးတွေတော့လိုအပ်ပါမယ်။

မြန်မာ့နှစ်သစ်ကူးမှာ ကောင်းမွန်သောပြောင်းလဲခြင်းများရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Tr Zar
100 Hours Basic Yoga Certified & Breathwork Instructor


ယောဂနှင့်စတင်ပါကိုယ်ထိန်းချုပ်လို့မရနိုင်တဲ့ ပြင်ပအရာတွေကနေ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြင်ဆင်ထိန်းချုပ်ပေးနိုင်တဲ့အရာကတေ...
21/03/2026

ယောဂနှင့်စတင်ပါ

ကိုယ်ထိန်းချုပ်လို့မရနိုင်တဲ့ ပြင်ပအရာတွေကနေ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြင်ဆင်ထိန်းချုပ်ပေးနိုင်တဲ့အရာကတော့ ကိုယ့်ကိုယ်ကိုသိခြင်းပါပဲ။
ကိုယ့်ကိုယ်ကို သိခြင်းကို အစပြုနိင်ဖို့ ဖျာပေါ်ကနေ နေ့တနေ့ကို စတင်ရမယ်ဆို ထူးဆန်းနေမလား?

ဟုတ်ပါတယ် yoga ဖျာပေါ်ကနေ မိမိစိတ်အရည်အသွေးနဲ့ မိမိကိုယ်ကို အလုံးစုံသိခြင်းခရီးကို ထွက်နိင်ဖို့ ကျွန်မတို့ဖျာပေါ်ကနေ စတင်နိုင်ပါတယ်။

ခန္ဓာကိုယ်လှုပ်ရှားမှု အသက်ရှုနိုင်မှု စတဲ့အချက်တွေထက်ပိုတဲ့ ပိုမိုကောင်းမွန်တဲ့ဘဝနေထိုင်နည်းတစ်ခုကိုစတင်ဖို့ လိုအပ်တယ် ရရှိဖို့လည်းယုံကြည်တယ်ဆိုရင်တော့ ဖျာပေါ်ကနေ သွားနိုင်မဲ့ ခရီးတစ်ခုကို New Goal Yoga ကနေအရောက်ပို့ဆောင်ပေးနိုင်ပါတယ်။

မိတ်ဆွေတို့ဘက်ကနေ ယုံယုံကြည်ကြည်သွားမယ် ရောက်နိုင်မယ်ဆိုတဲ့ ဖွင့်ထားတဲ့စိတ်ကလေးနဲ့သာ လာရောက်ခဲ့ပါ။

စောစောထမယ်၊ အသက်ရှုမယ်၊ Yoga လေ့ကျင့်မယ်။ ရင်းနှီးဖော်ရွေတဲ့မိတ်ဆွေများနဲ့ တွေ့ဆုံမယ်။
ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတဲ့မနက်ခင်းကို မိမိကိုယ်တိုင်ဖန်တီးဖို့ New Goal Yogaရဲ့ ရုံးချိန်လွတ် မနက်စောစောအတန်းလေးကနေ ဖိတ်ခေါ်ပါတယ်နော်။

Yogaနဲ့တခါမှမထိတွေ့ဖူးသူများအတွက်လည်း Alignment & Adjustကိုမှန်ကန်စွာသင်ကြားလေ့ကျင့်ပေးမှာမို့ Beginner များအတွက်လည်း သင့်တော်အဆင်ပြေပါတယ်ရှင်။

Beginner Yoga Class
Monday & Tuesday
7:00 to 8:00 AM

Tr Zar Zar

🏡 သာကေတ သင်တန်းလိပ်စာ - အမှတ် ၅၁၆၊ ၄လွာ/ဇမ္ဗူသီရိအရှေ့၁လမ်း၊ (၆)အနောက်ရပ်ကွက်၊ သာကေတမြို့နယ် (၇ စျေးလမ်းမကြီးအနီး)

📲 ဆက်သွယ်ရန်ဖုန်း - 09254213275 သို့တိုက်ရိုက်ဆက်သွယ်နိုင်သလို Page မှာလဲ မေးမြန်းနိုင်ပါတယ်နော်...။

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။



သာ‌ကေတ တန်းခွဲလေးရဲ့  ကြားရက်နေ့ခင်းအတန်းအချိန်တွေ Yoga လေ့ကျင့်ချင်သူများ အတွက် Beginner Yoga class  Monday , Tuesday 1...
11/03/2026

သာ‌ကေတ တန်းခွဲလေးရဲ့ ကြားရက်နေ့ခင်းအတန်းအချိန်တွေ
Yoga လေ့ကျင့်ချင်သူများ အတွက်

Beginner Yoga class
Monday , Tuesday
10:00 to 11:00Am




New Goal Yoga  ရဲ့ အလှလေးတွေ 🩷😚
26/02/2026

New Goal Yoga ရဲ့ အလှလေးတွေ 🩷😚



အသက်ရှူလေ့ကျင့်ခန်းတွေက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေရနိုင်မှာလဲ?🌬🌬🌬ကျွန်မတို့တွေ ယောဂလေ့ကျင့်ခန်းတ...
20/02/2026

အသက်ရှူလေ့ကျင့်ခန်းတွေက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေရနိုင်မှာလဲ?🌬🌬🌬

ကျွန်မတို့တွေ ယောဂလေ့ကျင့်ခန်းတွေပြုလုပ်ကြတဲ့အခါမှာ အသက်ရှူနည်းစနစ်ကိုမှန်ကန်အောင် လေ့ကျင့်ကြရပါတယ်။
တကယ်တော့အသက်ရှူလေ့ကျင့်ခန်းနဲ့ ယောဂဆိုတာခွဲခြားလို့မရတဲ့အရာတွေဖြစ်တာမို့ အသက်ရှူဝအောင်လေ့ကျင့်ပေးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေဖြစ်ပေါ်စေနိုင်လဲဆိုတာဖော်ပြပေးပါရစေ။

🌬စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို လျော့ကျစေပါတယ်။ အသက်ဝဝရှူခြင်းကြောင့် အောက်ဆီဂျင်တွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားကိုရောက်ရှိသွားပြီး စိတ်ကိုတည်ငြိမ်စေတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ အလုပ်များလာပြီး စိတ်ရှုပ်တဲ့အခါ၊ဒေါသထွက်စရာကြုံလာချိန်မျိုးတွေမှာ အသက်ပြင်းပြင်းရှူသွင်းရှုထုတ်လုပ်ကြည့်ပြီးထိန်းချုပ်နိုင်ပါတယ်နော်။

🌬အိပ်ပျော်စေတယ်။ ကျွန်မတို့လူငယ်တွေမှာညနက်ထိအိပ်မပျော်တဲ့ effectတွေရလာတာအတော်ကြာပါပြီ။ အဲ့ဒီအတွက် ညအိပ်ခါနီးအသက်ဝဝရှူခြင်းကိုလေ့ကျင့်ခန်းတစ်ခုအနေနဲ့လုပ်ပေးရင် အိပ်ပျော်စေလာမှာပါ။

🌬သွေးလည်ပတ်မှုကောင်းပြီး အဆုတ်ကိုအားကောင်းလာစေပါတယ်။ သွေးလည်ပတ်မှုကောင်းတဲ့အတွက် ပိုမိုကျန်းမာလာစေပြီး အဆုတ်အားကောင်းလာရင်တော့ တော်ရုံနမိုးနီယားဝင်မှုကိုတောင်တားဆီးနိုင်လာပါတယ်နော်။

🌬ခန္ဓာကိုယ်ကိုအဆိပ်အတောက်ကင်းစေတယ်။အသားအရည်ပိုမိုကောင်းမွန်လာစေပါတယ်။

🌬အစာချေစနစ်ကိုပံ့ပိုးပေးနိုင်ပြီး ဝိတ်ကျလှပမှုကိုပေးစွမ်းပါတယ်။

🌬ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ငယ်ရွယ်နုပျိုမှုကိုပေးစွမ်းပါတယ်။

ဒါကြောင့်အသက်ဝဝရှူရင်း Poseတွေလုပ်ရတဲ့ ယောဂကျင့်စဥ်တွေကိုမှန်မှန်လုပ်ခြင်းက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ် ငြိမ်းချမ်းလှပခြင်းတွေဆီခေါ်ဆောင်ပေးသွားမှာအသေအချာပဲဖြစ်ပါတယ်နော်။💚💚


18/02/2026

ချစ်စရာညီအမ၂ယောက် ရဲ့Yoga flow လှလှလေး 💝😍




New goal Yoga ရဲ့ Yankin branch မှာ February လကစပြီး Tr.Jue ရဲ့ Yoga class လေးရှိနေပါမယ်ရှင်။Tr.Jue ကတော့ Patanjali Yoga...
18/02/2026

New goal Yoga ရဲ့ Yankin branch မှာ February လကစပြီး Tr.Jue ရဲ့ Yoga class လေးရှိနေပါမယ်ရှင်။

Tr.Jue ကတော့ Patanjali Yoga Vidya School -PVYS မှာ 200 Hours Yoga Teacher Training in Hatha & Ashtanga Yoga certificate & 100 Hour Yoga Teacher Training couse in Multi Style Yoga Certificate ရရှိထားသူလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း North -Okkalapa ရှိ Yoga Corner studio ကိုဖွင့်လှစ်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

Tr.Jue ကတော့ New Goal Yoga မှာ Fit & Flex ဖြစ်စေမယ့် Yoga လေ့ကျင့်မှုလေးတွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Tr.Jue ရဲ့ အတန်းချိန်လေးတွေကတော့ အပတ်စဉ် ကြာသပတေး နှင့် သောကြာ
ညနေ (၅:၃၀-၆:၃၀) ဖြစ်ပါတယ်။

သင်တန်းနှင့်ပတ်သက်၍အသေးစိတ်စုံးစမ်းမေးမြန်းလိုပါက New Goal Yoga Page မှာ မေးမြန်းစုံးစမ်းလို့ရပါတယ်။



ချစ်ရတဲ့ Ma Mee 🩷
16/02/2026

ချစ်ရတဲ့ Ma Mee 🩷



"V-Day မှာ Double Date မသွားဘဲ Double Fit ဖြစ်အောင် Yoga အတူတူ ဆော့ကြမယ်!" 🧘‍♂️🧘‍♀️Valentine’s Day မှာ ကိုယ့်ကိုယ်ကိုယ်ရ...
14/02/2026

"V-Day မှာ Double Date မသွားဘဲ Double Fit ဖြစ်အောင် Yoga အတူတူ ဆော့ကြမယ်!" 🧘‍♂️🧘‍♀️

Valentine’s Day မှာ ကိုယ့်ကိုယ်ကိုယ်ရော ချစ်ရတဲ့သူတွေကိုပါ Self-care လုပ်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ... ❤️

New Goal Yoga ရဲ့ အထူးအစီအစဉ်အနေနဲ့ (၃) ရက်တာအတွင်း အပ်နှံသူတိုင်းအတွက် Buy 1 Get 1 Free Promotion ပေးနေပါပြီ ‼️

ချစ်သူတင်မကဘူး သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ မောင်နှမအချင်းချင်းပဲဖြစ်ဖြစ် တစ်ယောက်ဈေးနဲ့ နှစ်ယောက် တက်ရောက်နိုင်မယ့် ဒီအခွင့်အရေးကို ...

သတ်မှတ် လူဦးရေ မပြည့်ခင် သာကေတတန်းခွဲမှာရော ရန်ကင်းတန်းခွဲမှာပါ ပေးနေပြီဖြစ်တာကြောင့် အမိအရဖမ်းဆုပ်ထားလိုက်တော့နော် 🎁

📌 သာကေတ တန်းခွဲအချိန်စာရင်း
Date - Monday, Tuesday
Time - 10:00 AM to 11:00 AM

📌 ရန်ကင်းတန်းခွဲ အချိန်စာရင်း
Date - Wednesday , Thursday
Time - 10:00 AM to 11:00 AM

သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက...
ရန်ကင်းတန်းခွဲအတွက်...
☎️ Contact : 09254213275
🏡 Address- အမှတ် ၃၈ အခန်းနံပါတ် (101) ပထမထပ် / မိုးကောင်းလမ်း / ရန်ကင်းမြို့နယ် / KBZ Bank (Moe Kaung) အပေါ်ထပ်။

သာကေတတန်းခွဲအတွက်....
☎️ Contact : 09254213275
🏡 Address - အမှတ် ၅၁၆၊ ၄လွာ/ဇမ္ဗူသီရိအရှေ့၁လမ်း၊ (၆)အနောက်ရပ်ကွက်၊ သာကေတမြို့နယ် (၇ စျေးလမ်းမကြီးအနီး)

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။




ငွေကြေး၊ ပညာရေးနဲ့ စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးကြပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ "ကိုယ့်ခန္ဓာကိုယ်" အတွက် ...
02/02/2026

ငွေကြေး၊ ပညာရေးနဲ့ စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးကြပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ "ကိုယ့်ခန္ဓာကိုယ်" အတွက် ရင်းနှီးမြှုပ်နှံဖို့ မေ့လျော့နေပါတယ်... 🤔

ဒါကြောင့် သတိလက်လွတ်မဖြစ်ရအောင် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ယောဂလေ့ကျင့်ဖို့အတွက် တိုက်တွန်းပါရစေ.. 📢

ရန်ကင်းမြို့နယ်အနီးတစ်ဝိုက် မိတ်ဆွေများအတွက် New Goal Yoga မှ ရန်ကင်းတန်းခွဲသစ်များဖွင့်လှစ်တော့မှာဖြစ်တာကြောင့် အချိန်မဆွဲဘဲ အမြန်ဆုံးစာရင်းသွင်းထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. 💁‍♀️

ခန္ဓာကိုယ်အတွက် ယောဂလေ့ကျင့်မယ်ဆိုရင်...

🧘‍♀️ ပင်ပန်းသမျှကို ယောဂကျင့်ရင်း အသက်ရှူထုတ်လိုက်တဲ့အခါ စိတ်ကြည်လင်လန်းဆန်းစေမှာပဲဖြစ်ပါတယ် ။
🧘‍♀️ အဆစ်အမြစ်တွေကို သန်မာစေပြီး၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျော့ချပေးနိုင်တဲ့ အာမခံချက်တစ်ခုပါပဲ ။
🧘‍♀️ သွက်လက်ဖျတ်လတ်ပြီး အသားရေတင်းတင်းရင်းရင်းနဲ့ ကိုယ်ဟန်အနေအထားကို ပိုမိုလှပစေမှာပဲဖြစ်ပါတယ် ။

ဒါ့အပြင် အဖွဲ့အစည်းနဲ့သင်ကြားလိုသူများ၊ တစ်ယောက်ထဲ Private class သင်ကြားလိုသူတွေအတွက်လဲ စီစဉ်သင်ကြားပေးပါတယ်ရှင်💓

အတန်းချိန်များနဲ့ သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက...
☎️ Contact : 09254213275
🏡 Address- အမှတ် ၃၈ အခန်းနံပါတ် (101) ပထမထပ် / မိုးကောင်းလမ်း / ရန်ကင်းမြို့နယ် / KBZ Bank (Moe Kaung) အပေါ်ထပ်။

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။




နေ့စဉ်ဘဝမှာ စိတ်ပင်ပန်း ဖိစီးမှုတွေများပြီး အဲ့ဒီပင်ပန်းမှုတွေကနေ ဖြေလျော့ဖို့ ခက်ခဲနေပါသလား ❓စိတ်ထောင်းလို့ ကိုယ်ကြေဆို...
01/02/2026

နေ့စဉ်ဘဝမှာ စိတ်ပင်ပန်း ဖိစီးမှုတွေများပြီး အဲ့ဒီပင်ပန်းမှုတွေကနေ ဖြေလျော့ဖို့ ခက်ခဲနေပါသလား ❓

စိတ်ထောင်းလို့ ကိုယ်ကြေဆိုတာမျိုး မဖြစ်ရအောင် စိတ်ရော ကိုယ်ခန္ဓာပါ လန်းဆန်း ကျန်းမာဖို့အတွက် သာကေတအနီးတဝိုက် မိတ်ဆွေများအတွက် New Goal Yoga မှ အနီးကပ်ကူညီပေးနိုင်ပါတယ် 😍

တစ်ခါမှ မလေ့ကျင့်သေးဖူးတာဖြစ်ဖြစ် အခြေခံကျွမ်းကျင်တဲ့ သူဖြစ်ဖြစ် Level အလိုက်အဆင်ပြေအောင် ဂရုတစိုက်လေ့ကျင့်ပြသပေးတာကြောင့် ထိရောက်မှု မြန်ဆန်ပါတယ်နော် 🔰

ဒါကြောင့် သာကေတ Yoga Studio မှာ February တန်းခွဲအတွက် စတင်လက်ခံပေးနေပြီဖြစ်လို့ ယောဂလေ့ကျင့်မယ့် မိတ်ဆွေရဲ့ စိတ်ကူးကို အခုပဲ လက်တွေ့အကောင်ထည်ဖော်လိုက်ပါ 📢

ရွေးချယ်တက်ရောက်နိုင်တဲ့ အချိန်ဇယားတွေကတော့....

TharKayTa Yoga Class
=======
🔰 Weekdays Yoga Class
Date - Thursday , Friday
Time - 5:30 PM to 6:30 PM

🔰 Weekdays Yoga Class
Date - Monday , Tuesday
Time - 10:00 Am to 11:00Am

🔰 Weekends Yoga Class
Date - Saturday, Sunday
Time - 8:30 AM to 9:30 AM
Time - 5:30 PM to 6:30 PM

🏡 သာကေတ သင်တန်းလိပ်စာ - အမှတ် ၅၁၆၊ ၄လွာ/ဇမ္ဗူသီရိအရှေ့၁လမ်း၊ (၆)အနောက်ရပ်ကွက်၊ သာကေတမြို့နယ် (၇ စျေးလမ်းမကြီးအနီး)

📲 ဆက်သွယ်ရန်ဖုန်း - 09254213275 သို့တိုက်ရိုက်ဆက်သွယ်နိုင်သလို Page မှာလဲ မေးမြန်းနိုင်ပါတယ်နော်...။

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။



Address

Zabuthiri (1) Street East , 7 Quarter, Thaketa Township , Q6W5+R 56
Yangon
11231

Telephone

+959254213275

Website

Alerts

Be the first to know and let us send you an email when New Goal Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category