15/04/2026
ရိုးတွင်းခြင်ဆီ အစားထိုးခြင်း မလုပ်ခင် သိထားသင့်သည်များ
ရိုးတွင်းခြင်ဆီအစားထိုးကုသမှု (𝐁𝐨𝐧𝐞 𝐌𝐚𝐫𝐫𝐨𝐰 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭) ဆိုတာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တာမို့ မလုပ်ဆောင်မီ အောက်ပါအချက်များကို သေချာစွာ သိရှိနားလည်ထားရန် လိုအပ်ပါတယ်။ ✨
၁။ 𝐇𝐋𝐀 𝐌𝐚𝐭𝐜𝐡𝐢𝐧𝐠 (မျိုးရိုးဗီဇ တိုက်ဆိုင်စစ်ဆေးခြင်း)
အလှူရှင်နှင့် လူနာ၏ သွေးဆဲလ်များ ကိုက်ညီမှု ရှိ၊ မရှိကို HLA Typing ဖြင့် အသေးစိတ် စစ်ဆေးရပါတယ်။ များသောအားဖြင့် မောင်နှမအရင်းအချာများနဲ့ ကိုက်ညီမှုအရှိဆုံး ဖြစ်ပါတယ်။ ✅
၂။ 𝐎𝐫𝐠𝐚𝐧 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐓𝐞𝐬𝐭𝐬 (ကိုယ်တွင်းအင်္ဂါများ စစ်ဆေးခြင်း)
ကုသမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် နှလုံး၊ အဆုတ်၊ အသည်းနှင့် ကျောက်ကပ် လုပ်ဆောင်ချက်များကို စစ်ဆေးမှုများ ကြိုတင်ပြုလုပ်ရပါမယ်။ ✅
၃။ 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐢𝐧𝐠 𝐏𝐡𝐚𝐬𝐞 (ကြိုတင်ဆေးသွင်းခြင်း)
အစားထိုးကုသမှု မစတင်မီ ရက်အနည်းငယ်အလိုတွင် ခန္ဓာကိုယ်အတွင်းရှိ ပျက်စီးနေသော ဆဲလ်များကို ဖယ်ရှားရန်နှင့် ဆဲလ်သစ်များကို လက်ခံနိုင်ရန် Chemotherapy ခံယူရပါမယ်။ ✅
၄။ 𝐈𝐬𝐨𝐥𝐚𝐭𝐢𝐨𝐧 𝐑𝐨𝐨𝐦 (ပိုးမွှားကင်းစင်ခန်း ပြင်ဆင်ခြင်း)
ကုသမှုခံယူနေစဉ်အတွင်း ခုခံအား အလွန်နည်းပါးနေမည်ဖြစ်၍ ဆေးရုံရှိ အဆင့်မြင့် 𝐇𝐄𝐏𝐀-𝐟𝐢𝐥𝐭𝐞𝐫𝐞𝐝 ပိုးမွှားကင်းစင်ခန်းများတွင် သီးသန့်နေထိုင်ရန် ပြင်ဆင်ရပါမည်။ ✅
၅။ 𝐂𝐚𝐫𝐞𝐠𝐢𝐯𝐞𝐫 (ပြုစုစောင့်ရှောက်မည့်သူ)
ရိုးတွင်းခြင်ဆီအစားထိုး ကုသခြင်းဟာ ရေရှည်ကုသမှုဖြစ်၍ လူနာ၏ စိတ်ပိုင်းဆိုင်ရာနှင့် သန့်ရှင်းရေးပိုင်း ဝေယျာဝစ္စကို အနီးကပ် ဂရုစိုက်ပေးနိုင်မည့် ပြုစုစောင့်ရှောက်သူ တစ်ဦး အမြဲရှိနေရန် လိုအပ်ပါတယ်။ ✅
💡𝐖𝐞𝐂𝐚𝐫𝐞 ၏ အထူးဝန်ဆောင်မှုများအိန္ဒိယနိုင်ငံ၏ သွေးရောဂါအထူးကု ထိပ်တန်းဆေးရုံကြီးများဖြစ်တဲ့ 𝐀𝐩𝐨𝐥𝐥𝐨, 𝐌𝐚𝐱 ဆေးရုံကြီးများတွင် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုကို သင့်တင့်သောကုန်ကျစရိတ် ဖြင့်
စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန် 𝐖𝐞𝐂𝐚𝐫𝐞 မှ အစအဆုံး တာဝန်ယူဝန်ဆောင်မှု ပေးနေပါတယ်။
✅ အိန္ဒိယဆရာဝန်ကြီးများနှင့် ဆေးမှတ်တမ်းများ အခမဲ့ ပြသပေးခြင်း
✅ ဗီဇာ၊ လေယာဉ်လက်မှတ်နှင့် တည်းခိုနေထိုင်ရေး စီစဉ်ပေးခြင်း
✅ ဆေးရုံရောက်သည်မှ ကုသရေးလုပ်ငန်းစဉ် အစအဆုံးကို ဘာသာပြန်ဝန်ဆောင်မှုဖြင့် အနီးကပ်ကူညီပေးခြင်း
စတဲ့ ဝန်ဆောင်မှုများအပြင် လူနာနှင့် လူနာရှင်များလိုအပ်တဲ့ ကိစ္စအဝဝကို မိသားစုဝင် တစ်ဦးကဲ့သို့ စေတနာ၊ မေတ္တာထားပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံခြားဆေးရုံများမှာ ရိုးတွင်းခြင်ဆီအစားထိုးလိုပါက WeCare ရဲ့ messenger link https://m.me/wecarehealthcaremyanmar
ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
❝𝐖𝐞𝐂𝐚𝐫𝐞 , 𝐜𝐚𝐫𝐢𝐧𝐠 𝐟𝐨𝐫 𝐲𝐨𝐮, 𝐥𝐢𝐤𝐞 𝐨𝐧𝐥𝐲 𝐟𝐚𝐦𝐢𝐥𝐲 𝐜𝐚𝐧.❞
နိုင်ငံရပ်ခြားသို့ ဆေးသွားရောက်ကုသခြင်းနှင့်ပတ်သက်ပြီး အသေးစိတ် ထပ်မံစုံစမ်းသိရှိလိုသည်များရှိပါက-
…………………………………………………………………………………
WeCare Health Care Services Co.,Ltd.
ရန်ကုန်ရုံး
📍 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
📲 ဖုန်း 09970716074, 09885373256 , 095373256
…………………………………………………………………………………
မန္တလေးရုံး
📍 အမှတ်၁၈၅၊ ၃၅လမ်း၊ ၇၇×၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📲 ဖုန်း 09451922992
#အိန္ဒိယဆေးရုံ
#အိန္ဒိယဆေးကု
#ဘန်ကောက်ဆေးရုံ
#ဘန်ကောက်ဆေးကု