14/01/2026
စိတ်နဲ့ကိုယ် ငြိမ်းချမ်းစေဖို့... လာစားကြမယ်! 🍵
𝐋𝐞𝐭'𝐬 𝐑𝐞𝐥𝐚𝐱 𝐒𝐩𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 က သင့်ရဲ့ အားလပ်ရက်နေ့ကိုပိုပြီးထူးခြားစေမည့် မြန်မာရိုးရာဧည့်ဝတ်ကျေပွန်မှုလေးနဲ့ ကြိုဆိုနေပါတယ်။
SPA လာရင် ကုသမှုကိုပဲ ခံစားမယ့်အစား၊ မြန်မာ့ရိုးရာအချိုပွဲလေးတွေနဲ့ ရေနွေးကြမ်းစစ်စစ်ကို သာယာတဲ့ပတ်ဝန်းကျင်လေးထဲ ထည့်သွင်းခံစားလိုက်ပါ။
☕မြန်မာ့ဓလေ့ကို ခေတ်သစ်အနားယူမှုနဲ့တွဲဖက်ခံစားကြည့်လိုက်ပါ
SPA ဆိုတာ ခန္ဓာကိုယ်အတွက်တင်မဟုတ်ပါဘူး။ စိတ်နဲ့ကိုယ်အတွက်ပါ ကျေနပ်စေတဲ့ အတွေ့အကြုံဖြစ်သင့်ပါတယ်။
ဒါကြောင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်နေ့များမှာ Let's Relax Spa Myanmar သို့လာရောက်တဲ့ ဧည့်သည်တော်တိုင်းအတွက် ရိုးရာဓလေ့အဖြစ်...
မြန်မာရိုးရာအချိုပွဲ နှင့် ရေနွေးကြမ်းစစ်စစ် ကို အခမဲ့ ကျွေးမှာပါ။
သတိပြုရန် : အချိုပွဲအမျိုးအစားများသည် ရာသီနှင့် ရရှိနိုင်မှုအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။