08/02/2020
1️⃣ တပို့တွဲလပြည့်
သြဝါဒပါတိမောက်
အခါတော်နေ့
2️⃣ မြန်မာ့ရိုးရာ ထမနဲထိုးလှူပွဲနေ့
3️⃣ မြန်မာ့သနပ်ခါးနေ့
⭐ ❝ တပို့တွဲလပြည့်
သြဝါဒပါတိမောက်
အခါတော်နေ့ ❞ ⭐
🌍 မြတ်စွာဘုရားရှင် ... သည်
မဟာသက္ကရာဇ် ၁၀၃- ခုနှစ်၊
တပို့တွဲလပြည့်နေ့၌
"သာဝကသန်နိပါတ"
တပည့်အားလုံးစုံညီစည်းဝေးပွဲတွင်
သြဝါဒပါတိမောက် ပြတော် မူခဲ့၏။
⭐ အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေစ သံဝရော။
မတ်တညုတာ စ ဘတ်တသ်မိံ၊
ပန်တဉ်စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ။
ဧတံ ဗုဒဓြါန သာသနံ။
(သာဓု၊ သာဓု၊ သာဓု)
🔵 ဒီထဲမှာ မြန်မာလိုအကျဉ်းချုံး
ပြောရရင်
အချက်(၆)ချက်ပါတယ်။
🛑 ဗုဒ္ဓဘာသာဝင် ကျင့်ရမယ့် ...
အမြင့်ဆုံးပန်းတိုင်ရောက်ဖို့
လုပ်ပုံလုပ်နည်း Method ထဲမှာ ...
အဲဒီ အမြင့်ဆုံးပန်းတိုင်ရောက်အောင်
အသုံးပြုရမယ့် နည်းလမ်း
Method က (၆)ခုရှိတယ်။
🔺 နံပါတ်(၁) - ပထမအချက်က
"အနုပဝါဒေါ" ဆိုတာ ...
သူများကို မကောင်းမပြောနဲ့တဲ့။
သူများ မကောင်းပြောဖို့အတွက်ဆိုရင်
သူများ မကောင်းကြောင်း တွေးရတယ်။
လူတစ်ယောက် ကောင်းကွက်တွေ
ဘယ်လောက်ပဲများများ
မကောင်းတာကိုပဲ ကြည့်တယ်။
မကောင်းတာ ပြောတယ်။
"အနုပဝါဒေါ"
သူများ မကောင်းတာ မပြောနဲ့။
နံပါတ်(၂) - “အနုပဃာတော”
သူများကို မနှိပ်စက်နဲ့။
မကောင်း မပြောနဲ့ဆိုတာက
ဝစီကံ အကုသိုလျ မလုပျနဲ့။
ဝစီကံ ဒုစရိုက်(၄)ပါး မလုပ်နဲ့ရှောင်ပါ။
“အနုပဃာတော”
အကြမ်းမဖက်နဲ့ဆိုတာ
ကာယကံ ဒုစရိုက်တွေမလုပ်နဲ့။
နံပါတ်(၃) - က ...
“ပါတိမောက္ခေစ သံဝရော”
မိမိရဲ့ မျက်စိ၊ နား၊ နှာခေါင်း
Senses တွေခေါ်တာပေါ့၊
မျက်စိနဲ့ အပြင်ကအာရုံကိုယူတယ်၊
နားနဲ့အပြင်ကအာရုံကို ယူတယ်၊
အပြင်လောကနဲ့ အတွင်းလောက က
နား၊ မျက်စိ ကနေတဆင့်
ဆက်သွယ်တယ်၊
နားနဲ့တဆင့် ဆက်သွယ်တယ်၊
နှာခေါင်းကနေ တဆင့်
ဆက်သွယ်တယ်။
လျှာကနေ တဆင့် ဆက်သွယ်တယ်။
ခန္ဓာကိုယ်အသိကနေ
ဆက်သွယ်တယ်။
အဲလိုဆက်သွယ်တဲ့ နေရာဌာန (၅)ခု၊
စိတ်ပါရင် (၆)ခု၊ အဲဒီ (၆)ခု ကိုလည်း
"သံဝရော” စောင့်ရှောက်ပါ။
မျက်စိစောင့်ရှောက်
နားကိုစောင့်ရှောက်
မြတ်စွာဘုရား ဒီလောက်ပဲပြောတာ။
နံပါတ် (၄) -
“မတ်တညုတာ စ ဘတ်တသ်မိံ”
အစားအသောက်ကိုလည်းပဲ
အတိုင်းအတာသိပါ။
ကျန်းမာရေးအတွက်လည်း
လိုအပ်တယ်။
ကိုယ့်ရှိတဲ့ဟာ ...
တခြားသူတွေ သုံးဖို့အတွက်လည်း
လိုအပ်တယ်၊ မျှသုံးရမယ်။
ကမ္ဘာကြီးပေါ်မှာရှိတဲ့ ရေက
အကန့်အသတ်ရှိတယ်။
သုံးချင်တဲ့စိတ်က
အကန့်အသတ်မရှိဘူး။
ဒါကြောင့် မျှသုံးရမယ်။
🔵 နံပါတ် (၅) - “ပန္တဥ္စ သယနာသနံ”
ဆိတ်ငြိမ်တဲ့နေရာမှာ နေကြပါ၊
မြတ်စွာဘုရားက။
ဒါ ၀ိနည်းထဲမှာပါတယ်။
တချို့ပြောတာက ၀ိနည်းဆိုရင်
ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး
ဆိုပြီးတော့ မလုပ်ရတဲ့ “၀ါရိတ္တသီလ”၊
အဲဒါတွေပဲပြောတယ်။
ပြီးတော့ ထင်တယ်။
အမှန်ကတော့
လုပ်ရမယ့်ဟာတွေလည်း ပြောတယ်။
🔺 နောက် တချို့က ၀ိနည်းက
သီလအကြောင်းပဲ ပြောတယ်လို့
ထင်တယ်။
အမှန်က ‘သီလ’ အကြောင်းတင်
ပြောတာ မဟုတ်ဘူး။
ဒီ သြ၀ါဒပါတိမောက်ထဲကို ကြည့်၊
‘သမာဓိ’ အကြောင်းလည်း ပါတယ်၊
‘ပညာ’ အကြောင်းလည်း ပါတယ်၊
သိက္ခာ သုံးရပ်လုံး ပါတယ်။
သိက္ခာဆိုတာ Training ပြောတာနော်၊
လေ့ကျင့်တာကို ပြောတာ။
ခဏခဏ ကောင်းတာကို ပြန်လုပ်တာ၊
အဲဒါကို သိက္ခာခေါ်တယ်။
မြန်မာစကားသုံးတဲ့ အိန္ဒြေသိက္ခာနဲ့
တခွားစီပဲ။
နံပါတ်(၆) - နောက်ဆုံးတစ်ခုက
“အဓိစိတ္တေ စ အာယောဂေါ” -
စိတ်ကိုလည်းပဲ တည်ငြိမ်အောင်
ဖြူစင်အောင် တရားအားထုတ်ပါ။
ဒီအချက်(၆)ချက်က
နောက်ဆုံးတစ်ပုဒ်၊
တတိယတစ်ပုဒ်။
ပြန်ပြီးတော့ အကျဉ်းချုံးမယ်ဆိုရင်
သူတစ်ပါးအပေါ်မှာ
မကောင်းတာ မပြောနဲ့၊
မကောင်းတာ မလုပ်နဲ့၊
လူတွေနဲ့ ဆက်ဆံပြီးတော့နေတာ။
နောက်တစ်ခုက
မိမိရဲ့ မျက်စိ နား နှာခေါင်း၊
ဒီ ဒွါရတွေကို ဣန္ဒြေကို
စောင့်ရှောက်ပါ။
နောက်တစ်ခုက
အစားအသောက် အတိုင်းအတာသိပါ၊
moderation ရှိရမယ်။
ဆိတ်ငြိမ်တဲ့နေရာ နေပါ။
နောက်ဆုံးကျတော့ စိတ်ကိုဖြူစင်အောင်
တရားကျင့်ပါ။ ဒါက Method ။
ဗုဒ္ဓဘာသာ ကျင့်ရမယ့် Method
ကျင့်ရမယ့် နည်းလမ်း။
ဒီ(၆)ခုနဲ့ Method က မြတ်စွာဘုရား
အကုန်လုံး ခြုံငုံမိတယ်။
💥 အဲတော့ သြ၀ါဒပါတိမောက်ကို
နှစ်(၂၀)လုံးလုံး မြတ်စွာဘုရား
ဥပုသ်နေ့တွေဆိုရင် မြတ်စွာဘုရား
ကိုယ်တော်တိုင်
ဒီ စာကြောင်း(၈)ကြောင်းကို
ရွတ်ပြတယ်။
ရဟန်းတော်တွေကလည်း လာတယ်။
ပထမဦးဆုံးရွတ်တဲ့ အကြိမ်ကတော့ ...
ရာဇဂြိုလ်မြို့ ဝေဠု၀န်ကျောင်း
မြတ်စွာဘုရား အဲဒီမှာ ၀ါ(၃)၀ါ ဆိုတယ်။
တစ်နေ့မှာ
တပို့တွဲလပြည့်ရောက်တော့
ထမင်းနဲထိုးတဲ့အချိန် တပို့တွဲလပြည့်နေ့
ချိန်းဆိုမှုလည်းမရှိဘူး၊
Appointment လည်းမရှိဘူး၊
အဲဒါ ရဟန်းတော် (၁၂၅၀)
ဝေဠု၀န်ကျောင်းကို ရောက်လာတယ်။
မြတ်စွာဘုရား ရှိတဲ့နေရာကို
ရောက်လာတယ်၊ နံပါတ်(၁)။
နံပါတ်(၂) ရဟန်းတော်တွေ(၁၂၅၀)
အားလုံးက ရဟန္တာတွေ၊
နံပါတ်(၃) အကုန်လုံး ဧဟိဘိက္ခုနဲ့
ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေ
အဲ့ဒီကို ရောက်လာတယ်။
🔺 ရောက်လာတဲ့အခါကျတော့
မြတ်စွာဘုရားက ရဟန္တာတွေကို
ပြန်ပြီးတော့ ဆုံးမတယ်။
နောက်ပိုင်းကျတော့ ...
ရဟန္တာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း
ဒါလေး ဆုံးမတယ်။
ဆုံးမတဲ့ဟာကို ခေါင်းစည်းအနေနဲ့
အကျဉ်းချုပ်ရင် ...
နံပါတ်(၁)က ...
အခွခေံမူဝါဒ Principle
အဲ့ဒါ ပြောပြတယ်၊ ချမှတ်ပြတယ်။
💥 နံပါတ်(၂)က ...
အမြင့်ဆုံးပန်းတိုင် Ideal
အဲ့ဒါကို ရှင်းပြတယ်။
နံပါတ်(၃)ကျတော့
အဲဒီအမြင့်ဆုံးပန်းတိုင်ဆီကို
ရောက်အောင်
သွားပုံသွားနည်း Method
အဲဒါကို ရှင်းပြတယ်။
🔵 “Principle, Ideal and Method
အခြေခံမူ၀ါဒ၊ အမြင့်ဆုံးပန်းတိုင်၊
အမြင့်ဆုံးပန်းတိုင်ကို
ရောက်အောင်သွားတဲ့နည်း” အဲဒီသုံးခု။
အဲဒီ သုံးခုကို “သြ၀ါဒပါတိမောက်”
လို့ခေါ်တယ်။
လွယ်လွယ်ကူကူနားလည်အောင်ဆိုရင်
- သူများမကောင်းကြောင်းမပြောနဲ့၊
- အကြမ်းမဖက်နဲ့၊
- သည်းခံပါ၊
- အစားအသောက်ဆင်ခြင်ပါ၊
- အနေအထိုင်ဆင်ခြင်ပါ
- တရားထိုင်ပါ။
ဒါကို သြ၀ါဒပါတိမောက်လို့ခေါ်တယ်။
🔴 ဒါက ၀ိနည်းပိဋကတ်ရဲ့ အမြုတေပဲ။
၀ိနည်းပိဋကတ်ရဲ့ အခြေခံပဲ။
ဒီကနေပြီးတော့ ၀ိနည်းပိဋကတ်
ဖြစ်လာတယ်။
အဲဒီ ၀ိနည်းပိဋကတ်ကိုပဲ
သံဃာတော်အရှင်သူမြတ်များက
မြို့နယ်တွေမှာ ၀ိနည်းစာတော်ပြန်ပွဲ
လုပ်ကြတယ်။
ဒါအရေးကြီးတဲ့ဟာတွေ။
၀ိနည်းသိက္ခာပုဒ်ကို
ရွတ်ဆိုတာလည်း ရွတ်ဆိုတာပေါ့၊
ပြန်ဆိုတာလည်း ပြန်ဆိုတာပေါ့။
ဒါပေမဲ့ ဒကာတွေအနေနဲ့
ဒီ၀ိနည်းဆိုတာ ဘာပြောတာတုန်း၊
သူရဲ့အနှစ်သာရကို ရချင်ရင်
ဒီနေ့ သြ၀ါဒပါတိမောက်နဲ့
ဘုန်းဘုန်းက အဲဒီ အနှစ်သာရလေးကို
ပြောပေးတယ်။
💥 ဒါကြောင့် ၀ိနည်းဟာ ...
သံဃာတွေအတွက်ပဲ၊
ဘုန်းကြီးအတွက်ပဲ မထင်နဲ့၊
အခုပြောခဲ့တဲ့ဟာ ... လူတွေအတွက်
အများကြီး အသုံး၀င်ပါတယ်။
အလုပ်မှာ သုံးတတ်ရင်
အလုပ်မှာ ညီညွတ်မှု ရှိတယ်။
တိုးတက်မှု ရှိတယ်။
ရပ်ကွက်ထဲမှာ အသုံးပြုနိုင်ရင်
Apply လုပ်နိုင်ရင်
ရပ်ကွက်ထဲမှာ ညီညွွတ်မှု ရှိတယ်။
ငြိမ်းချမ်းမှု ရှိတယ်။
🔺 အားလုံးကျန်းမာချမ်းသာကြပါစေ။
(သာဓု၊ သာဓု၊ သာဓု)
💥 ကျေးဇူးတော်ရှင်Oxfordဆရာတော်
ဒေါက်တာဓမ္မသာမိ
“သြ၀ါဒပါတိမောက် (၈.၁.၂၀၁၈)”
တရားတော် မှ ...
♦Photo Credit : 💠Original
Uploader🔶
♦ Credit : 💠ThazinHteik🔶
ဇာ ဏီ
မှတ်ချက်။ ။🔘 ၂၂၇-သွယ်သော
ဝိနည်းတော် တွင် ...
"ပါတိမောကျပွရာ၌
ပြောင်လှောင်မှု မပြု ရ"
ဟု ဝိနည်း အမှတ်စဉ် (၁၂၂)အဖြစ်
ပညတ်တော်မူထား၏။
◼◼◼◼◼◼◼◼◼◼◼◼◼◼
သာသနာတော်နှစ် ၂၅၆၃
၁၃၈၁၊ တပို့တွဲ လဆန်း (၁၅)ရက်
သြဝါဒပါတိမောက်အခါတော်နေ့
( စနနေ့ ) 8-2-2020
★ ★ ★ ★ ★ ★ ★ ★
ဆရာ ဦးသန်းဦး(ငြိမ်း)၊
အထက(၇)၊ မန္တလေး၊
ဒေါ်ဝင်းရီီ မိသားစု ကောင်းမှု
နိဗ္ဗာန်ဆု နတ်လူ သာဓု ခေါ်စေသော် ... ။
■□■□■□■□■□■□■□■□■□■
💠 ဓမ္မကို ဖြန့်ဝေသောသူသည် ...
"သာသနာပြု သူ" မည်ပါ၏။
ဓမ္မကို ဖြန့်ဝေခြင်းမှာ ...
"ပတ်တိဒါနကုသိုလျ" ဖွစျပါ၏။
ထိုကြောင့် ... 📖🖍💻မိမိတို့၏
အပေါင်းအသင်းမိတ်ဆွေများ
သိရှိ/ မှတ်သား/ အသုံးချ နိုင်စေရန်
ခွင့်မတောင်းဘဲ (share/copyလုပ်)
လွတ်လပ်စွာ မျှဝေ/ မိတ္တူ ကူး
ခွင့်ပြုပါသည်။💠