အသည်းရောဂါကုကြမယ်

  • Home
  • အသည်းရောဂါကုကြမယ်

အသည်းရောဂါကုကြမယ် “ကူ၍လည်းကုသည်၊ ကုနိုင်အောင်လည်းကူကြမည်”
“Not to be treated, but to be eliminated. Every percentage matters.

Do beyond clinical care.”

22/02/2026

“ကူ၍လည်းကုသည်၊ ကုနိုင်အောင်လည်းကူကြမည်”

💚ကူကုကုကူ💚

——
“အခက်အခဲဆုံးကာလတွေကို လူနာတွေနဲ့အတူ ဖြတ်ကျော်ခဲ့တဲ့ “အသည်းရောဂါကုကြမယ်”

ကိုဗစ်ကာလအတွင်းနဲ့ နောက်ဆက်တွဲကာလတွေမှာဆေးခန်းများ ပိတ်ထားရပေမယ့် “ဓာတ်ခွဲစစ်ဆေးမှုအခြေပြု ထိရောက်တဲ့ အွန်လိုင်းကုသမှုစနစ်” နဲ့ လူနာပေါင်း ၈၀% ကို ကုသမှု အဆက်မပြတ်စေဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။

အိမ်အရောက်ဆေးပို့စနစ်နဲ့ အတိုးမဲ့ အရစ်ကျ အစီအစဉ်တွေက၊ နောက်ကျပေးသွင်းနိုင်ခြင်းတွေနဲ့ လူနာတွေရဲ့ ကျန်းမာရေးအတွက်ရော၊ စားဝတ်နေရေးအတွက် ဝန်မပိစေဘဲ ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

“ကူကု၊ကုကူ” အစီအစဉ်ရဲ့ (၆) နှစ်ပြည့် အမှတ်တရအနေနဲ့… ရပ်နားထားတဲ့ လူနာသစ်လက်ခံမှုတွေကို ပြန်လည်စတင်တော့မယ့်အပြင်၊ လူနာရော ဆရာဝန်ပါ အကျိုးရှိစေမယ့် အစီအစဉ်သစ်တစ်ခုကို လာမယ့် ရက်သတ္တပါတ်အတွင်း မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

#ကူကုကုကူ

#အသည်းရောဂါကုကြမယ်







✅ 📲မိမိတို့ပတ်ဝန်းကျင်က အသည်းဝေဒနာရှင် မိတ်ဆွေများအတွက် သတင်းကောင်းဖြစ်စေဖို့ အခုပဲကုသိုလ်ယူမျှဝေလိုက်ကြရအောင် 🤳🏼 💚

22/02/2026

“ကူ၍လည်း ကုကြသည်… ကုသနိုင်အောင်လည်းကူကြမည်”

#ကူကုကုကူ

#အသည်းရောဂါကုကြမယ်





လက်ရှိအချိန်မှာ… အသည်းရောဂါလူနာတစ်ယောက်အနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲဆုံးအရာကဘာဖြစ်မလဲ? ၁) ဆေးဝါးများလွယ်လင့်တကူမရရှိနိုင...
19/02/2026

လက်ရှိအချိန်မှာ… အသည်းရောဂါလူနာတစ်ယောက်အနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲဆုံးအရာကဘာဖြစ်မလဲ?

၁) ဆေးဝါးများလွယ်လင့်တကူမရရှိနိုင်တာ

၂) ယခင်ပြသနေကျ ဆရာဝန်/ဆေးခန်းနဲ့ အဆက်အသွယ်ပြတ်တောက်နေတာ

၃) ၃-၆ လ ပုံမှန်သွေးစစ်ဆေးမှုတွေမပြုလုပ်ဖြစ်တာကြာပြီး မိမိအသည်းအခြေအနေအမှန်ကိုမသိနေတာ

အခြားမိမိတို့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို Comment ကွန်းမန့်မှာမျှဝေပေးခဲ့နိုင်ပါတယ်။

—-
About Us

အဖွဲ့အစည်းအကျဉ်း


၂၀၁၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း အသည်းရောင်အသားဝါ ကုသမှုလိုအပ်ချက်များအတွက် ပူးပေါင်းကူညီကုသပေးရာမှ ၂၀၁၉-၂၀၂၂ ကိုဗစ်နှင့်ဆက်စပ် ကာလများအတွင်း ရပ်ဝေးလူနာများ ကုသမှုလက်လှမ်းမီရန် ထိရောက်သည့် အွန်လိုင်းကုသမှုစနစ်သစ်ကို အကောင်အထည်ဖော်ခဲ့ပြီး အခက်အခဲများကြား ကုသမှုများဆက်လက်ဆောင်ရွက်နိုင်ရန် … ကုန်ကျစရိတ်အခက်အခဲများကိုပါ ကူညီဖြေရှင်းပေးနိုင်ခဲ့သည့် အသည်းစောင့်ရှောက်မှုကွန်ယက်

#အသည်းရောဂါကုကြမယ်

#ကူကုကုကူ

မကြာမီ လူနာအသစ်အဟောင်းတွေနဲ့ စာဖတ်ပရိတ်သက်တွေအတွက် အကျိုးတကယ်ရှိစေမယ့် အစီအစဥ်အသစ်တစ်ခုကို မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ် .....
18/02/2026

မကြာမီ လူနာအသစ်အဟောင်းတွေနဲ့ စာဖတ်ပရိတ်သက်တွေအတွက် အကျိုးတကယ်ရှိစေမယ့် အစီအစဥ်အသစ်တစ်ခုကို မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ် ...

အချိန်နဲ့တစ်ပြေးညီ အကြောင်းအရာမျှဝေခြင်းတွေကို သိရှိနိုင်ဖို့ အင်တာနက်အသုံးပြုသူတွေအတွက် ပိုအဆင်ပြေလွယ်ကူစေတဲ့ TikTok အကောင့်ဖွင့်ဖို့စဥ်းစားနေပါတယ်။

လက်ရှိမိမိနေထိုင်ရာ အရပ်ဒေသမှာ မိမိအနေနဲ့
1️⃣TikTok အသုံးပြုတာများလား❓
2️⃣Facebook ဖွဘုတ် အသုံးပြုတာများလား❓ဆိုတာကိုလည်း
👇 Comment 👇 မှာတစ်ချက်လောက် 💬 မျှဝေပေးသွားပါအုံး။

#အသည်းရောဂါကုကြမယ်
#ကူကုကုကူ

10/02/2026

“ဘယ်တုန်းကနောက်ဆုံးလဲ?” 👇

ဘီပိုးဝေဒနာရှင်များအတွက် နှစ်ရှည်ကုသမှုခရီးလမ်းမှာ အရေးကြီးဆုံးက "အဆက်မပြတ်ဖို့" ပါပဲ။

၁။ ဆရာဝန်နောက်ဆုံးပြခဲ့တာ ဘယ်တုန်းကလဲ?
၂။ ပိုးကောင်ရေ နောက်ဆုံးစစ်ခဲ့တာ ဘယ်တုန်းကလဲ?
၃။ ဆေးပုံမှန်သောက်ဖြစ်ရဲ့လား?

အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ မေ့သွားလို့ပဲဖြစ်ဖြစ်... အခုပဲ သင့်ရဲ့ကုသမှုမှတ်တမ်းလေးတွေကို ပြန်ရှာကြည့်ပါ။ "အသည်းရောဂါကုကြမယ်" အဖွဲ့သားများမှ အတူတူ ဆွေးနွေးအဖြေရှာပေးပါရစေ။

(ကျန်ရှိသောအချက်များကို Comment တွင်ဆက်လက်ဖတ်ရှုပါ သို့မဟုတ် Message ပို့၍ တိုင်ပင်နိုင်ပါသည်)

#အသည်းရောဂါကုကြမယ် #အသည်းကျန်းမာရေး #ဘီပိုးစီပိုး #ကူကုကုကူ

09/02/2026

"ဟိုး...ရှေးရှေးတုန်းက"
---

ဒီပို့စ်က ... နှစ်ရှည် စောင့်ကြည့်/ကုသဖို့လိုတဲ့ ဘီပိုးဝေဒနာရှင်များ "ကို အဓိကရည်ရွယ်ပါတယ်

(ဘီ)ပိုးက (စီ)ပိုးလို လပိုင်းနဲ့ ကုသပျောက်ကင်းတာမဟုတ်မှန်းတော့ "အသည်းရောဂါကုကြမယ်" ရဲ့ လူနာများသို့မဟုတ် စာဖတ်ပရိသတ်များအနေနဲ့ သိပြီးဖြစ်မည်ဟု ယူဆပါတယ်။

အရှင်းပျောက်ဖို့ဆိုတာထက် ... "အသည်းမခြောက်ဖို့၊ အသည်းကင်ဆာမဖြစ်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်ကိုယ်စီနဲ့ နှစ်နဲ့ချီမယ့် ကုသမှု ခရီးလမ်းကို အားထုတ်မှု တစ်ခုပြုပြီးစတင်ခဲ့ကြတဲ့ သူများဖြစ်ကြသည့်အလျှောက်
ဒီမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စေချင်ပါတယ်...

၁။ အသည်းနဲ့ပတ်သက်ပြီး ဆရာဝန်ပြဖြစ်တာ ဘယ်တုန်းက နောက်ဆုံးလဲ?

၂။ ပိုးကောင်ရေ (Viral Load)/ ပိုးခွံကြီး (qHBsAg) ဘယ်တုန်းက နောက်ဆုံး စစ်ခဲ့တာလဲ?

၃။ ဆေး ဆက်မသောက်ဖြစ်တော့တာ ဘယ်လောက်ကြာပြီလဲ?

အလုပ်တွေ၊ စိုးရိမ်ပူပန်မှုတွေကြားထဲ ကျန်းမာရေးအပူကိုထပ်ဖြစ်စေတာမျိုးမဟုတ်ဘဲ အနည်းဆုံး
- ကုသမှုမှတ်တမ်းလေးတွေ ရသလောက်ပြန်လည် စုဆောင်းမိစေဖို့
- စုဆောင်းမိသလောက်ကနေ အချိန်ကာလပေါ်မူတည်ပြီး လုပ်သင့်/စစ်သင့်တာနဲ့ လုပ်နိင်/စစ်နိုင်တာကြားထဲ ဆွေးနွေးအဖြေရှာပေးနိုင်ဖို့နဲ
- ရှေ့ဆက်ပြီး ... အသည်းရောဂါကုကြမယ်အနေနဲ့ အသည်းလူနာများအတွက် အမှန်တကယ်အကူအညီဖြစ်စေမယ့်အရာတွေကို ကူညီပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်...

#အသည်းရောဂါကုကြမယ် #အသည်းကျန်းမာရေး #ဘီပိုးစီပိုး #ကူကုကုကူ


(Comment တွေမှာ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး သင်ဘာတွေ ခံစားမိလဲ၊ သိချင်တာလေးတွေ ရေးခဲ့ပါ။ အတူတူ ဆွေးနွေးကြရအောင်။)

အသည်းရောဂါကုကြမယ် ရဲ့ အသည်းရောင် အသားဝါ B ပိုး ကုသနေသူများအတွက် သတင်းကောင်းပါမိုးရာသီ promotion အနေနဲ့ နေ့စဉ်သောက်နေရသော...
22/05/2025

အသည်းရောဂါကုကြမယ် ရဲ့ အသည်းရောင် အသားဝါ B ပိုး ကုသနေသူများအတွက် သတင်းကောင်းပါ
မိုးရာသီ promotion အနေနဲ့ နေ့စဉ်သောက်နေရသော ဆေးများထဲက စရိတ်မျှပေးသက်သာနှုန်းထား အနေဖြင့်တစ်လ 45000 ကျပ်သာ ကျသင့်မှာပါရှင့်

အသည်းရောင် အသားဝါ C ပိုး (HCV) သည် နာတာရှည်ရောဂါဖြစ်စေနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့် အသည်းပျက်စီးခြင်းတို့က...
17/05/2025

အသည်းရောင် အသားဝါ C ပိုး (HCV) သည် နာတာရှည်ရောဂါဖြစ်စေနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့် အသည်းပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သည်။သို့သော် ယနေ့ခေတ်တွင် Hepatitis C ကို ၉၅-၉၉%အထိ ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်သည်
အသည်းရောင် အသားဝါ C ပိုး (Hepatitis C) ကုသရေး ခရီးစဉ်မှာ ဆေးသောက်ရန်ကြာမြင့်ချိန် ၆ လဝန်းကျင်သာ ရှိပါသည် ။ ပျောက်ကင်းဖို့လည်းရာခိုင်နှုန်းများတာမို့ ကူးစက်ခံရသူတွေအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရစေဖို့ လက်ရှိ ကိုယ့်အနီးဝန်းကျင်ရှိ ချစ်ခင်သူများကို မကူးစက်စေဖို့ နဲ့ ကိုယ်တိုင် ရောဂါကင်းရှင်းပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ကုသဖို့လိုအပ်ပါသည်။

အရေးကြီးသော အချက်များ
✅ HCV ပိုးရှိသူများသည် အရက်လုံးဝမသောက်သင့်ပါ
✅ ကုသမှုအောင်မြင်ပါက ဆရာဝန် ဖြင့် medical check up 6 လတကြိမ် ပြန်ပြဖို့လိုပါသည်
Cပိုး ပျောက်သွားသော်လည်း အသည်းအခြေအနေစောင့်ကြည့်ရန်နှင့် အသည်းခြောက် အသည်းကင်ဆာ ဖြစ်နိုင်ချေ risk ရှိသေးသောကြောင့် စောစောသိနိုင်ရန် ပြသသင့်ပါသည်
✅ HCV ကာကွယ်ဆေးမရှိသေးပါ(သို့သော် ကုသနိုင်သော ဆေးများရှိပါသည်)။
✅HCV ပိုးရှိမရှိ သံသယရှိပါက တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့်သာ ပြသပါ
ဆေးမြီးတို ဖြင့်ကုသခြင်းကို ရှောင်ပါ

ကုသရေးကုန်ကျစရိတ်များအတွက်လည်း ပူပင်စရာမလိုပဲ အတိုးမဲ့ အတိုးမဲ့ အရစ်ကျ ကုသနိုင်ပြီး မြန်မာနိုင်ငံမည်သည့်နေရာကမဆို ဆွေးနွေးကုသနိုင်တာမို့ အသေးစိတ်သိရှိလိုသည်များကို chat box သို့ viber phone number တွင် စာရိုက်မေးမြန်းနိုင်ပါတယ်ရှင့်

၃နှစ် သောက်လာတယ်။ ၁ နှစ် ၈ လဆေးပြတ်သွားတယ်။ အသားတွေယားလို့ပြန်ပြတယ်။ ပိုးကောင်ရေ သိန်း ၄,၅၀၀ ကျော်၈ လသောက်တယ်။ ၁ နှစ်ခွဲ...
25/04/2025

၃နှစ် သောက်လာတယ်။ ၁ နှစ် ၈ လဆေးပြတ်သွားတယ်။ အသားတွေယားလို့ပြန်ပြတယ်။ ပိုးကောင်ရေ သိန်း ၄,၅၀၀ ကျော်

၈ လသောက်တယ်။ ၁ နှစ်ခွဲလောက်ဆေးပြတ်သွားတယ်။ ပြန်ပြတယ် အသည်းအင်ဇိုင်း ၄ ဆနဲ့ ။

လွန်ခဲ့တဲ့ ၅ နှစ်က ပိုးကောင်ရေရာဂဏန်း၊ အသည်းအားဆေးနဲ့ပဲနေလိုက်တယ်။ ဗိုက်အောင့်လို့ပြန်ပြတယ်။ PLT 20 ကျော်နဲ့ အသည်းခြောက်နေပြီ။

အချိန်တွေနှမြောပါ

ပိုက်ဆံတွေနှမြောပါ

မိသားစုကိုနှမြောပါ

အနာဂတ်အိပ်မက်တွေကိုနှမြောပါ။

​မသောက်ခင်ကတည်းက အနည်းဆုံး (၃) နှစ်စာ အဘက်ဘက်ကိုထည့်သွင်းစဉ်းစားပါ။ "ဆေးမပြတ်ရ"လို့အလကားမှာတာမဟုတ်ပါ။ မိမိသဘောဖြင့် ဖြတ်လျှင် အထက်ပါအတိုင်းဖြစ်တတ်ပါသည်​။

နှစ်ရှည် (၃ နှစ်အထက်) သောက်လာသူများ ဖြတ်၍ရနိုင်သော အကြောင်းအချက်များကိုက်ညီလျှင် ဆေးဖြတ်ပေးနိုင်​သော အခြေအနေအချို့ရှိပါသည်။ ၎င်းအချက်များအတိုင်း ကိုက်ညီမှုရှိမရှိ သွေးစစ်ဆေးစစ်များပြုရပါသည်။

ဘီပိုးကုသမှုသည် ခရီးရှည်တစ်ခုထွက်ရသည်နှင့်တူပါသည်။ လမ်းတစ်လျှောက် ချွတ်ချော်မသွားဘဲ အရှင်းပျောက်ကင်းသည့်ပန်းတိုင်ကိုရောက်သူများ​သည် တစ်နေ့တစ်လုံးကို ရက်ထောင်နဲ့ချီ မပျက်မကွက်သောက်နိုင်ခဲ့ခြင်း၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာနေထိုင်ခြင်း၊ ၃-၆လ ရက်ချိန်းများအား မှန်မှန်ပြန်ပြခြင်း စသည့် ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ရှည်၊သည်းခံမှုများ​၏ အကျိုးကျေးဇူးကို ခံစားကြရသူများသာ ဖြစ်ကြလေ​၏။

👏👏👏

#အသည်းရောဂါကုကြမယ်


17/02/2025

“အသည်းရောဂါကုကြမယ်”

ဆေးအလှူ အသည်းရောဂါကုကြမယ်တွင် ဆေးကုသမှု ခံယူနေသူ တဦးမှ ဆေးဝယ်ရင်း မတတ်နိုင်သော လူနာများအတွက်ဆေးဖိုးရန်ပုံငွေအလှူ 90000 က...
21/10/2024

ဆေးအလှူ
အသည်းရောဂါကုကြမယ်တွင် ဆေးကုသမှု ခံယူနေသူ တဦးမှ ဆေးဝယ်ရင်း မတတ်နိုင်သော လူနာများအတွက်ဆေးဖိုးရန်ပုံငွေအလှူ 90000 ကျပ် လှူဒါန်းပါတယ် ရှင့်

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေသော ကုန်စျေးနှုန်းမြင့်မားမှု လမ်းပန်းဆက်သွယ်ရေးများကြန့်ကြာနေမှု ဝင်ငွေလျော့နည်းလာမှုတို့ကြေ...
27/09/2024

မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေသော ကုန်စျေးနှုန်းမြင့်မားမှု လမ်းပန်းဆက်သွယ်ရေးများကြန့်ကြာနေမှု ဝင်ငွေလျော့နည်းလာမှုတို့ကြောင့် စားဖို့နေဖို့ သာ အဓိကဖြစ်လာကြပြီး ကျန်းမာရေးကို ဂရုမထားနိုင်ကြသူများပြားလာကြပါတယ် အရမ်းကို အန္တရာယ်ရှိပါတယ်
နာတာရှည်အသည်းရောင်အသားဝါရှိသူများ အနေနဲ့
ရေတိုအတွက်သာကြည့်မယ်ဆို ရေရှည်မှာ အသည်းခြောက် အသည်းကင်ဆာ ဖြစ်လာနိုင်ပြီး အလုပ်ပျက် အကိုင်ပျက် ကုသမှုစရိတ်ပိုကုန်ပြီး လူနာအနေနဲ့ရော မိသားစုပါ ရောဂါရဲ့ဆိုးကျိုးဒဏ်တွေကို ခံစားရနိုင်ပါတယ်
အသည်းရောဂါကုကြမယ် အနေနဲ့ ဆေးစကုဖြစ်သွားဖို့နဲ့ ဆေးကုသနေဆဲလူနာများဆေးမပြတ်ဖို့ရာ အခက်အခဲ
အနည်းငယ်ကို ကူညီဖို့ “ကူကု ကုကူ” အစီအစဉ်လေးရှိပါတယ်
ကူကု၊ ကုကူ
------------
​"အသည်းရောဂါကုကြမယ်" သည်မြန်မာနိုင်ငံတွင် များပြားလှစွာသော အသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုး လူနာများ ကုသမှုလိုအပ်ချက်အတွက် တစ်တပ်တစ်အားအဖြစ် ၂၀၂၀ ခုနှစ် ဧပြီလမှ စ၍ ဆေးခန်း(၃) ခုဖြင့် စတင် ကူညီကုသပေးခဲ့ပါသည်။ ကနဦးကာလကတည်းက ပိုးထိန်းဆေးသောက်၍ ကုသမှုခံယူခဲ့သော လူနာများပင်လျှင် ပထမ တစ်နှစ်ဆေးသောက်ရည်မှန်းချက်ဖြစ်သော ၁၂ လပြည့်သွေးစစ်ဆေးမှုတွင်း သွေးတွင်းပိုးကောင်ရေကင်းစင်ခြင်း Viral Load Undetected များရရှိခဲ့ပြီး၎င်းတို့​၏ ဒုတိယနှစ်ကုသမှုများကို ဆက်လက်လုပ်ဆောင်နေကြကာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြပါသည်။ နယ်ဘက်သို့ နေရပ်ပြောင်းရွေ့မှု ပြုခဲ့ကြသူများပင်လျှင် အွန်လိုင်းကုသမှုဖြင့် မိမိသက်ဆိုင်ရာ ဆရာဝန်နှင့် အဆက်အသွယ်မပြတ်ပဲ ကုသမှုခံယူနိုင်ခဲ့ကြပြီး အသည်းရောဂါကုကြမယ်ဘက်မှ ၎င်းလူနာများအားလုံး မြန်မာနိုင်ငံ​၏မည်သည့်နေရာတွင်မဆို ဆေးဝါးပြတ်လပ်မှု၊ အချိန်မတန်ပဲ ဆေးသောက်ရပ်နားမှုများ မဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ရာတွင် နိုင်ငံတွင်းဖြစ်ပေါ်နေသော အကြောင်းအမျိုးမျိုးကြောင့် ကုသမည့်ဆရာဝန် ၊ တိတိကျကျလိုက်နာကုသမှုခံမည့် လူနာရှိရုံနှင့် မလုံလောက်ပဲ ဝင်ငွေလျော့ကျမှုများကြောင့် အများစုမှာ ဆေးဆက်သောက်ရန် ခက်ခဲလျက်ရှိပြီး အသည်းရောဂါကုကြမယ်အနေဖြင့် ကူ၍ကုသနေရုံဖြင့် မလုံလောက်တော့ပဲ ကုသမှုခံယူနိုင်ရန် ငွေကြေးပိုင်းဆိုင်ရာနှင့် အခြားသက်ဆိုင်ရာ အခက်အခဲများအတွက်ပါ ကူညီီနိုင်ရန် ၂၀၂၁၊ မေလမှစ၍ "ကူကု၊ ကုကူ" အစီအစဉ်ကိုစတင်ခဲ့ပါသည်။

လက်ရှိအထိ "ကူကု၊ကုကူ" လှုပ်ရှားမှုအောက်မှ "တစ်လကူ" အစီအစဉ်အကြောင်း အသေးစိတ်ကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။

✅ တစ်လကူ (၁)

၁ သိန်းနှင့်အထက်ကျသင့်သော မည်သည့်ပေးချေမှုမဆို အတွက် ၅၀% နောက်ကျပေးသွင်းခွင့်

---
"တစ်လကူ" အစီအစဉ်လျှောက်ထားသူများသည် အသည်းရောဂါကုကြမယ်မှ လူနာစာရင်းဝင် ID ရှိထားသူဖြစ်ပြီး ကုသမှုခံယူသည့် ကာလတစ်လျှောက် သတ်မှတ်ထားသော လူနာစည်းကမ်းများကို ချိုးဖောက်ခဲ့ဖူးခြင်း မရှိသူဖြစ်ရမည်။

အထက်ပါ လူနာများသည် နိုင်ငံသားမှတ်ပုံတင်ကတ်/ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်​ (ရှေ့/နောက်)​ ကို ကြည်လင်ပြတ်သားစွာ ရိုက်ထားသော JPEG ပုံ (သို့) PDF file အား အသည်းရောဂါကုကြမယ် Viber 09668428421 သို့ပေးပို့လျှောက်ထားရန်ဖြစ်သည်။

"တစ်လကူ" အတွက် နောက်ကျပေးသွင်းငွေကို သတ်မှတ်ထားသည့်နေ့ရက်ထက် ကျော်လွန်ပေးသွင်းမှုများအတွက် ပထမအကြိမ် သတိပေးစာ၊ ဒုတိယအကြိမ်တွင် အသည်းရောဂါကုကြမယ် ​၏ လူနာစာရင်းမှ ပယ်ဖျက်သွားမှာဖြစ်ပါသည်။

#အသည်းရောဂါကုကြမယ်

#တစ်လကူ

#ကူကုကုကူ



Address

549

11072

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 15:30
Saturday 09:00 - 12:00

Telephone

+959668428421

Website

Alerts

Be the first to know and let us send you an email when အသည်းရောဂါကုကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အသည်းရောဂါကုကြမယ်:

  • Want your practice to be the top-listed Clinic?

Share

အသည်းရောင်ရောဂါကင်းစင်၊ မြန်မာပြည်တစ်ခွင်

မြန်မာနိုင်ငံအဝှမ်း အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိမရှိ အခမဲ့စစ်ဆေးပေးခြင်း၊

အသည်းရောဂါအကြောင်း ကျန်းမာရေး ပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် တိုင်းနယ်ပြည်နယ်အသီးသီးတွင် ဟောပြောခြင်း၊

ဘီပိုး၊ စီပိုးရှိသူများကို အလုံးစုံ အခမဲ့အစီအစဉ်များ၊ စားရိတ်မျှပေး အစီအစဉ်များ ဖြင့် နီးစပ်ရာ မြန်မာအသည်းဖောင်ဒေးရှင်းအသင်းခွဲများတှငျ ကုသေ‌ပေးခြင်း၊