Nyi Nyi Shin Thant

Nyi Nyi Shin Thant Other shops:
1 -Showroom
(No.326,Banyardala Road)near Thida bus stop ,Kyaukmyaunggyi Quarter,Tamwe Township, Yangon

💥💥💥
28/10/2025

💥💥💥

New Arrival 💥💥
18/10/2025

New Arrival 💥💥

11/10/2025
04/10/2025
နေအိမ်တွင် တိုင်းသော သွေးချိုတိုင်းစက်နှင့် ဆေးခန်းတွင် တိုင်းသော သွေးချိုးစက်၏ အဖြေ ကွာခြားမှု ‼️‼️သွေးချိုရောဂါရှိသောသ...
03/09/2025

နေအိမ်တွင် တိုင်းသော သွေးချိုတိုင်းစက်နှင့် ဆေးခန်းတွင် တိုင်းသော သွေးချိုးစက်၏ အဖြေ ကွာခြားမှု ‼️‼️

သွေးချိုရောဂါရှိသောသူများမိမိ၏အိမ်တွင် သွေးချိုတိုင်းစက်ဖြင့်တိုင်းသောအဖြေနှင့်
ဆေးရုံ/ဆေးခန်းသို့သွားပြီးတိုင်းသောအဖြေနှစ်ခုကွာခြားနိုင်ပါသည်။
အကယ်၍ အဖြေနှစ်ခု ကွာနေရင်တော့ ကွာခြားနိုင်သည့်အကြောင်းရင်းများစွာရှိပါသည်။❤️
🔥အ‌ဖြေနှစ်ခု အဓိကကွာခြားသည့်အကြောင်း အရင်းများကတော့🔥

♦️ဆေးရုံဆေးခန်း.....
ဆရာဝန်များသည်လက်ကိုရေနွေးနှင့်ဆေးကြောခြင်း(သွေးကြောများပွင့်စေရန်) ၊လက်ချောင်းထိပ်ကိုအရက်ပျံသန့်စင်ပြီးခြောက် သွေ့အောင်ထားမှ သွေးထုတ်ယူခြင်းစသည့်စံပြုထားသောနည်းလမ်းကိုအသုံးပြုပါသည်။

♦️အိမ်တွင်း.....
အိမ်တွင်းတိုင်းရာတွင်လက်ကိုသေချာမဆေးမိခြင်း(အစားအကြွင်းအကျန်များ၊
အချိုရည်စသည်တို့ကပ်ငြိနေခြင်း)၊အရက်ပျံကိုလုံလောက်စွာမခြင်း(သို့မဟုတ်)အရက်ပျံစိုနေစဉ်သွေးထုတ်ယူမိခြင်း(အသုံးရက်ပျံကရလဒ်ကိုသက်ရောက်မှုရှိနိုင်)၊လက်ချောင်းကိုညှစ်ပြီး‌သွေးထုတ်ယူခြင်း(တစ်ရူးအရည်များ ရောနှောကာ ရလဒ်ကိုလွဲမှားစေနိုင်)တို့ဖြစ်တတ်ပါသည်။

❗စက်၏သန့်ရှင်းမှု/အသုံးပြုမှု......
အိမ်တွင်အသုံးပြုသောစက်သည်ညံ့ဖျင်းစွာသိုလှောင်ထားမိခြင်း၊မသန့်ရှင်းခြင်း(သို့မဟုတ်) Test Strip များသက်တမ်းလွန်နေခြင်းတို့ကြောင့်မှားယွင်းသောရလဒ်ပေးနိုင်ပါသည်။

❗စက်အမှား (Machine Error)......
အိမ်သုံးသွေးချိုတိုင်းစက်များတွင်ခွင့်ပြုထားသောစက်အမှားချိန်ညှိချက်(တစ်နည်းအတည်ပြုချက်)ရှိပါသည်။ ယေဘုယျအားဖြင့် ±15% ခန့်ကွာခြားမှုရှိနိုင်ပါသည်။ဆေးရုံ/ဆေးခန်းမှသုံးသည့်စက်သည်းပို၍တိကျပြီးပုံမှန်စစ်ဆေးထားကာ ကယ်ရီဘ‌ရေးရှင်းပြုလုပ်ထားသည့်စက်များဖြစ်နေနိုင်ပါသည်

❗ တိုင်းတာသည်သွေးနမူနာ၏ ကွာခြားချက်
♦️သွေးနမူနာအမျိုးအစား....
ဆေးရုံ/ဆေးခန်းတွင် သွေးပြန်ရည်(Venous Plasma)ကိုယူ၍ဓာတ်ခွဲခန်းစက်ကြီးများဖြင့်တိုင်း တာပါသည်။ ဤနည်းလမ်းကို စံအဖြစ်သတ်မှတ်ထားပါသည်။

၏♦️အိမ်.....
အိမ်သုံးစက်များသည်သွေးကြောထိပ်ဖျား ( Capillary Whole Blood ) မှသွေးစက်ကိုယူ၍ တိုင်းတာပါသည်။

❗❗တိုင်းတာသည့်အချိန်....
အစာစားပြီးမည်မျှကြာသည်ကိုမှတ်သားထားရန်အရေးကြီးပါသည်။ဆေးခန်းသို့သွားရန်ခရီးသွားခြင်း၊စောင့်ဆိုင်းခြင်းတို့ကြောင့်အိမ်တွင် တိုင်းချိန်နှင့်ဆေးခန်းတွင်တိုင်းချိန်ကွာခြားနေပါက သွေးချိုတန်ဖိုးပြောင်းလဲမှုရှိနိုင်ပါသည်။

❗❗ရေဓာတ်ခန်း‌ခြောက်မှု....
ဆေးခန်းသို့သွားရာတွင်ရေငတ်ခြင်း၊ရေသောက်နည်းခြင်းတို့ကြောင့် သွေးချိုပမာဏအနည်းငယ်ပိုမိုမြင့်တက်နေနိုင်ပါသည်။

❗❗စိတ်ဖိစီးမှု...
ဆေးခန်းသို့သွားရသည့်စိတ်ဖိစီးမှု၊ လမ်း လျှောက်ရသည့်ပင်ပန်းမှုတို့ကြောင့်ခန္ဓာကိုယ်မှဟော်မုန်းများ(Cortisol, adrenaline) ထွက်ကာသွေးချိုတက်လာနိုင်ပါသည်။ဤအချက်ကို(White Coat Syndrome)ဟုခေါ်ဆိုနိုင်ပြီးဆေးခန်းရောက်မှသွေးတိုးတက်သကဲ့သို့သွေးချိုလည်းတတ်နိုင်ပါသည်။

👉သွေးချိုတိုင်းစက်ဖြင့် ဆက်တိုက်တိုင်းလျှင် ပထမအကြိမ် နှင့် ဒုတိယအကြိမ်အ‌ဖြေမတူညီခြင်းသည်ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ယင်းကိုဖြစ်ပေါ်စေသောအကြောင်းရင်းများစွာရှိနိုင်ပါသည်။❤️

♦️♦️♦️အဓိကအကြောင်းရင်းများ

1.စက်နှင့် Test Strip ၏သဘာဝအရ မတူညီနိုင် မှု (System Variance)

♦️ခွင့်ပြုချက်(Allowable Variance):
ကျန်းမာရေးစံချိန်စံညွှန်းအဖွဲ့များကအိမ်သုံးသွေးချိုတိုင်းစက်များအတွက် ခွင့်ပြုထားသောမှားယွင်းနိုင်မှု(Error Margin)ရှိပါသည်။ယေဘုယျအားဖြင့် ±15%ခန့် ကွာခြားခွင့်ရှိပါသည်။

💁💁ဥပမာ
သင့်အမှန်တကယ်သွေးချိုက 100 mg/dL ရှိလျှင်၊စက်က 85 mg/dL မှ 115 mg/dL ကြားတွင်ပြသနိုင်ပါသည်။ထို့ကြောင့်ဆက်တိုက်တိုင်းလျှင် 90 နှင့် 110 ကဲ့သို့ကွာခြားမှုများပေါ်ပေါက်နိုင်ပါသည်။

❗❗Test strip ၏ အရည်အ‌သွေး
Test Strip များသည်အလွန်နူးညံ့ပြီးအာရုံခံနိုင်စွမ်းရှိသောပစ္စည်းများဖြစ်သည်။

❗❗သက်တမ်းလွန်ပျက်စီးခြင်း
Test Strip များသက်တမ်းလွန်နေပါက (သို့မဟုတ်) အပူ၊စိုထိုင်းမှုဒဏ်ကြောင့်ပျက်စီးနေပါကမှားယွင်းသောရလဒ်ကိုပေးနိုင်ပါသည်။

❗❗ထုတ်လုပ်မှုကွာခြားချက်
တစ်ဘူးထဲအတွင်းမှာဖြစ်စေလတ်တ လောထုတ်ကုန်လိုင်းပြောင်းသွားလျှင်ဖြစ်‌စေ၊ Strip အလိုက် အနည်းငယ်ဆီကွာခြားမှုရှိတတ်ပါသည်။

2. တိုင်းတာမှုနည်းစနစ်အမှား(User Error)

❗လက်ချောင်းသန့်ရှင်းမှု-လက်ထိပ်တွင်အစားအကြွင်းအကျန် (ဥပမာသစ်သီးညှစ်ရည်၊သကြား)များကပ်ငြိနေပါကသွေးချိုတန်ဖိုးကိုအလွန်မြင့်တက်စေနိုင်ပါသည်။

❗သွေးနမူနာလုံလောက်မှုမရှိခြင်း-Test Strip ပေါ်သို့သွေးစက်ပမာဏလုံလောက်စွာမထည့်မိပါကစက် ကမှားယွင်းသော (အနိမ့်ဆုံး)ရလဒ်ကိုပြနိုင်ပါသည်။

❗လက်ချောင်းညှစ်ခြင်း-သွေးထွက်ရန်လက်ချောင်းကိုအလွန်အမင်းညှစ်ပါက တစ်ရူးမှအရည်များ(တစ်ရူးအရည်) ရောနှောထွက်လာပြီးသွေးချိုပမာဏကိုလွဲမှားစေနိုင်ပါသည်။

❗စက်သန့်ရှင်းမှု-စက်အတွင်းသို့ဖုန်မှုန့်(သို့မဟုတ်) အညစ်အကြေးများဝင်နေမှာကရလဒ်ကိုထိခိုက်စေနိုင်ပါသည်။

၃။ ခန္ဓာကိုယ်၏သဘာဝအလျောက်ပြောင်းလဲမှု
(Biological Variation)

❗သွေးစက်နမူနာ၏ကွာခြားချက်- လက်ချောင်းတစ်ချောင်းနှင့်တစ်ချောင်း‌၊နေရာနည်းငယ်ကွာသည့်တစ်ထိပ်တည်းမှာပင်ယူသောသွေးစက်နှစ်စက် ဂလူးကို့စ်ပမာဏ အနည်းငယ်ဆီကွာခြားနိုင်ပါသည်။

❗အချိန်ကွာခြားမှု - ပထမအကြိမ်နှင့်ဒုတိယအကြိမ်တိုင်းချိန်ကြားတွင်မိနစ်အနည်းငယ်သာကြာ‌ သောာ်လည်း ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်များသည်စက္ကန့် နှင့်အမျှပြောင်းလဲနေသောကြောင့်သွေးချိုပမာဏမှာလည်း အနည်းငယ်ပြောင်းလဲနေနိုင်ပါသည်။

၄။ ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရင်းများ
(Environment Factors)
❗အပူချိန်နှင့်စိုထိုင်းဆ -အပူချိန်ပြင်းထန်စွာပြောင်းလဲခြင်း ( အလွန်ပူခြင်း/အေးခြင်း ) နှင့်။ စိုထိုင်းဆများခြင်းတို့က Test Strip ၏ဓာတုတုံ့ ပြန်မှုကိုထိခိုက်စေနိုင်ပါသည်။

❗Batteryအားနည်းခြင်း- စက်၏Batteryအား နည်း နေပါကလျှပ်စစ်ဝင်ရိုးစွန်း မတည်ငြိမ်ခြင်းကြောင့်ရလဒ်များမတည်ငြိမ်နိုင်ပါ။
❤️အထက်ပါအကြောင်းရင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုရင်တော့❤️

❗❗၁။ တစ်ကြိမ်တည်းနှင့်ယုံကြည်ပါ
များသောအားဖြင့်ပထမအကြိမ်တိုင်းတာသောရလဒ်ကိုသာယူသင့်ပါသည်။မကြာခဏထပ်တိုင်းခြင်းသည် စိုးရိမ်စိတ်ကိုပိုမိုဖြစ်စေတတ်ပါသည်။

❗❗၂။ နည်းလမ်းမှန်အောင်ဂရုစိုက်ပါ။
🔥လက်ကို ဆပ်ပြာရေနှင့်သေချာဆေးကြောပြီး ခြောက်သွေ့အောင်သုတ်ပါ။
🔥လက်ချောင်းထိပ်ကိုအရက်ပြန်သန့်စင်ပြီး လုံးဝခြောက်သွေ့သွားမှာသွေးထုတ်ယူပါ။
🔥လက်ချောင်းကိုနှစ်မထုတ်ဘဲသဘာဝအတိုင်းထွက်လာသောသွေးစက်ကိုသာအသုံးပြုပါ။
🔥Test Strip များကိုမူလဘူးအဖုံးကိုချက်ချင်ပိတ်၍သက်တမ်းမလွန်သေးသည်ကိုအသုံးပြုပါ။

❗❗၃။စက်ကိုစစ်ဆေးပါ။
ဆေးခန်းသို့သွားပြီးသင့်စက်ကိုယူဆောင်သွားကာ ဆေးခန်းစက်နှင့် တစ်ပြိုင်နက်ယှဥ်တွဲတိုင်းကြည့်ပါ။ရလဒ်များ ဆင်တူယိုးမှား ရှိနေပါက သင့်စက်သည့်ကောင်းမွန်ပါသည်။

❗❗၄။ ပျမ်းမျှတန်ဖိုးကိုကြည့်ပါ။
သွေးချိုကိုတစ်နေ့တာအတွင်းအကြိမ်ရေများစွာတိုင်းတာပါက၊ရလဒ်တစ်ခုချင်းစီထက် တစ်နေ့တာပျမ်းမျှသွေးချိုတန်ဖိုး(Average Glucose)နှင့် ဟီမို ဂလိုဘင်အေဝန်း(HbA1c) ကိုပိုမိုအလေးထားစောင့်ကြည့်သင့်ပါသည်။

အမျိုးအစားမတူသောအိမ်သုံးသွေးချိုစက် နှစ်မျိုးကို တစ်ချိန်တည်းတိုင်းလျှင်အဖြေနှစ်ခုကွာခြားခြင်းက ဘာကြောင့်လဲ❓❓❓

♦️အမျိုးအစားမတူသော အိမ်သုံးသွေးချိုတိုင်းစက်နှစ်မျိုး ကို တစ်ချိန်တည်း တိုင်းတဲ့အခါ အဖြေနှစ် ခု ကွာခြားတာကို တွေ့ရှိရခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။
ဒီလိုကွာခြားမှုကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းများစွာ ရှိပါတယ်။

၁။ စက်တစ်ခုနှင့်တစ်ခု၏ ချိန်သားကိုက်မှု ကွာခြားခြင်း (Device Accuracy and Tolerance)
❗ ထုတ်လုပ်သူမတူခြင်း စက်အမှတ်တံဆိပ် (brand) မတူညီလျှင် သို့မဟုတ် မော်ဒယ်မတူညီလျှင် သူ တို့ရဲ့ တိုင်းတာသည့်နည်းပညာ (technology) algorithm နှင့် calibration လုပ်ထားပုံ ကွာခြားနိုင် ပါတယ်။
❗ ခွင့်ပြုချက်လွှဲချော်မှု (Allowable Margin of Error):
သွေးချိုတိုင်းစက်တိုင်းတွင် ခွင့်ပြုထာ သော လွှဲချော်နိုင်သည့် ပမာဏ (Tolerance) ရှိပါတယ်။
❗ IS0 15197:2013 စံသတ်မှတ်ချက်အရ စက်သည်
သွေးချို 100 mg/dL (5.6 mmol/L) အောက် ရှိလျှင် 15 mg/dL အတွင်း တိကျရမည်။ · သွေးချို 100 mg/dL (5.6 mmol/L) အထက် ရှိလျှင် + 15% အတွင်း တိကျရမည်။ - ဆိုလိုတာကး သင့်အမှန်တကယ် သွေးချိုက 100 mg/dL ရှိခဲ့ရင၊ စက်တစ်လုံးက 85 mg/dL! အခြားစက်က 115 mg/dL ပြနိုင်တယ်ဆိုတာ စံသတ်မှတ်ချက်အရ လက်ခံနိုင်တဲ့ ကွာခြားမှုပါ။ ဒါ ကြောင့် စက်နှစ်လုံးကြား 20-30 mg/dL လောက် ကွာနေတာဟာ ဖြစ်နေကျပါ။
၂။ Test Strip များ ကွာခြားခြင်း
စက်အမျိုးအစားတစ်ခုချင်းစီအတွက် သီးသန့်ထုတ်လုပ်ထားသော test strip များကို အသုံးပြုရပါတယ်။ ထိုအစီအစဉ်များတွင် သွေးထဲရှိဂလူးကို့စ်ကို တိုင်းတာ သည့် ဓာတုပစ္စည်း (enzyme) နှင့် နည်းပညာ ကွာခြားနိုင်ပါတယ်
(ဥပမာ. Glucose Oxidase vs. Glucose Dehydrogenase) ဒီကွာခြားမှုကလည်း အဖြေအနည်းငယ် ကွဲပြားစေနိုင်ပါတယ်။
· Test Strip ၏ အရည်အသွေး: Strip များသည် ရက်လွန်/မလွန်၊ မူလဘူးကို လေလုံအောင်ပိတ်ထား ခြင်း ရှိ/မရှိ၊ စိုထိုင်းမှုဒဏ်ခံရခြင်း ရှိ/မရှိ စတာတွေကလည်း တိုင်းတာမှုအဖြေကို သက်ရောက်မှုရှိပါ တယ်။

၃။ အသုံးပြုသူ၏ တိုင်းတာနည်း (Technique)
· သွေးနမူနာ ယူတဲ့ပုံစံ...
လက်ချောင်းကို ညှစ်တဲ့အားနည်းမှု/များမှု၊ သွေးစက်အရွယ်အစား ကြီးခြင်း/) သေးခြင်းတို့ကြောင့် သွေးနမှုနာထဲတွင် တစ်ရှူးအရည် (interstitial fluid) ရောနေခြင်းမျိုး ဖြစ်နိုင်ပြီး
စက်နှစ်ခုကို တစ်ပြိုင်နက်တည်း တိုင်းရာတွင် ကွာခြားမှုဖြစ်စေနိုင်ပါတယ်။

❗❗ဘယ်စက်ကို ယုံကြည်ရမလဲ?

တိကျမှုစစ်ဆေးခြင်း (Vverification with Lab Test):
အကောင်းဆုံးနည်းလမ်းကတော့ ဆေးရုံ/ ဆေးခန်းသွားပြီး ဓာတ်ခွဲခန်းမှာ
venous plasma glucose test လုပ်ကာ ကိုယ့်စက်နှစ်လုံးထဲက ဘယ်စက်က
Lab result နဲ့ ပိုနီးစပ်သလဲ ဆိုတာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Control Solution အသုံးပြုခြင်း: စက်ဝယ်လျှင် ပါလာလေ့ရှိသော သီးသန့်ဝယ်ယူရသော control solution ကို အသုံးပြုပြီး စက်၏ တိကျမှုကို စစ်ဆေးနိုင်ပါတယ်။

အဓိက အကြံပြုချက် ....
♦️စက်တစ်လုံးတည်းကိုသာ ပုံမှန်အသုံးပြုပါ
သင့်ရဲ့ နေ့စဉ်‌‌ေသွးချိုကိန်းဂဏန်းများ၏ အပြောင်းအလဲ ပုံစံ (Trend) ကို ကြည့်ရှုရန်အတွက် စက်တစ်လုံးတည်းကို ပုံမှန်အသုံးပြုခြင်းက ပိုမိုအဓိပ္ပါယ်ရှိပါ တယ်။ စက်နှစ်လုံးကို တစ်ပြိုင်နက်တိုင်းတာခြင်းသည် စိတ်ရှုပ်ထွေးစေပြီး မလိုအပ်ဘဲ စိုးရိမ်သောက ရောက်စေနိုင်ပါတယ်။

❗❗သတိပြုရန်
အကယ်၍ကွာခြားမှုသည်အလွန်ကြီးမားပြီး(ဥပမာ၂၀% ထက်ပိုခြင်း)နည်းလမ်းမှန်ကန်ကြောင်းသေချာသော်လည်းဆက်ဖြစ်နေပါကသင့်ဆရာဝန်နှင့်တိုင်ပင်ကာ စက်အသစ်လဲလှယ်ရန်စဉ်းစားသင့်ပါသည်။

♦️အထက်ပါ အကြောင်းအရင်များကြောင့် အဖြေကွာခြားချက်များကြောင့် ဘာလုပ်သင့်သလဲ ဆိုတာကတော့ ♦️
၁။ ❗အိမ်သုံးစက်ကို ဆေးခန်းသို့ယူဆောင်သွားပါ
ဆရာဝန်(သို့မဟုတ်)ဆေးဝါးကျွမ်းကျင်သူအား သင့်အိမ်သုံးစက်ဖြင့်တိုင်းပြပါ။ထို့နောက်
ဆေးခန်းစက်ဖြင့်တိုင်းပါ။နှစ်ခုကိုတစ်ပြိုင်နက်ယှဥ်၍ကြည့်နိုင်လျှင်သင့်စက်၏ တိကျမှုကိုသိနိုင်ပါသည်။
၂။ ❗စက်နှင့်TestStripများကိုစစ်ဆေးပါ
Test Strip များ သက်တမ်းကုန်နေခြင်း၊ မှန်ကန်စွာ သိမ်းဆည်းထားခြင်းရှိ/မရှိစစ်ဆေး
ပါ။
၃။ ❗တိုင်းတာနည်းကိုပြန်လည်သုံးသပ်ပါ
လက်ကိုဆပ်ပြာ၊ရေနှင့်သေချာဆေးကြောပြီး ခြောက်သွေ့အောင်သုတ်ပါ။လက်ချောင်းထိပ်ကိုအရက်ပျံသန့်စင်ပြီးလုံးဝခြောက်သွေ့သွားမှ သွေးထုတ်ယူပါ။လက်ချောင်းကိုမညှစ်ဘဲ
သဘာဝအတိုင်းထွက်လာသော သွေးစက်ကိုသာအသုံးပြုပါ။
၄။ ❗ဆရာဝန်နှင့်တိုင်ပင်ပါ
သင့်စက်၏ ရလဒ်နှင့်ဆေးခန်း၏ ရလဒ်ကွာခြားမှုကိုဆရာဝန်အားပြောပြပါ။ဆရာဝန်က
မည်သည့်ရလဒ်ကိုအခြေခံ၍ ကုသပေးရမည် ကိုညွှန်ကြားပေးပါလိမ့်မည်။

စာချစ်သူတို့ရေ…စိုးရိမ်စရာကောင်းတဲ့ COVID-19 တတိယလှိုင်းကြီးက အနီးအနားကို ရောက်လာပြန်ပြီနော်။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က က...
22/05/2025

စာချစ်သူတို့ရေ…
စိုးရိမ်စရာကောင်းတဲ့ COVID-19 တတိယလှိုင်းကြီးက အနီးအနားကို ရောက်လာပြန်ပြီနော်။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်နေပါပြီ။

ကဲ... ဒါဆို ဒီဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ထူးခြားလာနိုင်လဲဆိုတာကို Chulalongkorn ဆေးရုံ (ထိုင်းနိုင်ငံ) ကနေ ထုတ်ပြန်ထားတာလေးတွေကို ကြည့်လိုက်ရအောင်နော်။

အစောပိုင်းရက်များ (၁-၃ ရက်)

ပထမဆုံးရက်တွေမှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။ ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။

အလယ်အလတ်ရက်များ (၄-၅ ရက်)

ဒီရက်တွေမှာ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်တယ်။ ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။

နောက်ပိုင်းရက်များ (၆-၉ ရက်)

၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ 37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။

၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီနော်။

ဒီတော့ ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်!

၁။ Mask သေချာတပ်ပါ။ 😷
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။ 🧼
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။ ↔️
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။ 🧴
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။ 🚫
၆။ အပြင်သွားတဲ့အခါ လက်အိတ်လေးတွေ ဝတ်သွားရင်တော့ ပိုပြီး စိတ်ချရတာပေါ့နော်။ 🧤

ဒီအချက်အလက်တွေက အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေပေးတာပါ။

မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု
ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့ လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။

အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!

"ဆိုင်ပိတ်ရက် ကြေငြာခြင်း"မြန်မာ့နှစ်သစ်ကူး အခါသမယဖြစ်သောမဟာသင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့်"(၁၂.၄.၂၀၂၅)(စနေနေ့) မှ (၁၇.၄...
08/04/2025

"ဆိုင်ပိတ်ရက် ကြေငြာခြင်း"

မြန်မာ့နှစ်သစ်ကူး အခါသမယဖြစ်သော
မဟာသင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့်

"(၁၂.၄.၂၀၂၅)(စနေနေ့) မှ (၁၇.၄.၂၀၂၅)(ကြာသပတေးနေ့) အထိ "

"ညီညီရှင်းသန့်ကုမ္ပဏီ" ၏ ဆိုင်ခွဲများအားလုံး ‌ပိတ်မှာဖြစ်ပါတယ်ရှင်။

"(၁၈.၄.၂၀၂၅)(သောကြာနေ့") မှစ၍ ပုံမှန်အချိန်များအတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း
ရပ်နီး၊ ရပ်ဝေးမှ Customers များအား လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ရှင်။

💥Manual Operation Table  (HFMH – 3008D)💥
04/06/2024

💥Manual Operation Table (HFMH – 3008D)💥

💥ECG 3 Channel (Carewell 1103L)💥ECG 3 Channel (Thada –MK 1203C)🔸 Warranty 1 Year Free Service 🔸
29/05/2024

💥ECG 3 Channel (Carewell 1103L)
💥ECG 3 Channel (Thada –MK 1203C)

🔸 Warranty 1 Year Free Service 🔸

Address

Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30

Telephone

+959401601056

Website

Alerts

Be the first to know and let us send you an email when Nyi Nyi Shin Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyi Nyi Shin Thant:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram