Global Food Safety Institute

Global Food Safety Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Food Safety Institute, Food consultant, 589-B, Thihathu Street, Qtr 11, South Okkapala, Yangon.

I help Food Businesses develop innovative food products and get their food safety certificates so they can supply safe products to global markets with peace of mind.

နှစ်သစ်ကို Goal အသစ်တွေနဲ့ စဖို့ Ready ပဲလား။ ရိုးရှင်းတဲ့ ဒီမေးခွန်းသုံးခုကို မေးကြည့်ပါ။ 1️⃣ 2026 မှာ ဘယ်လို Professio...
05/01/2026

နှစ်သစ်ကို Goal အသစ်တွေနဲ့ စဖို့ Ready ပဲလား။
ရိုးရှင်းတဲ့ ဒီမေးခွန်းသုံးခုကို မေးကြည့်ပါ။
1️⃣ 2026 မှာ ဘယ်လို Professional ဖြစ်ချင်တာလဲ။
- ရာထူးကိုပဲမကြည့်နဲ့၊ ဝင်ငွေကိုပဲမကြည့်ပါနဲ့။
- အလုပ်ခွင်ထဲမှာ ကိုယ့်ရဲ့ Team က ဘယ်လိုလေးစားသလဲ။
- လုပ်ဖေါ်ကိုင်ဖက်တွေက ဘယ်လိုအလေးထားသလဲ။
- အထက်အရာရှိတွေက ကိုယ့်ကို ဘယ်လိုအားကိုးနေရာပေးသလဲ ဆိုတာတွေပါ စဥ်းစားပါ။

2️⃣ ကိုယ်ဖြစ်ချင်တဲ့ Professional တစ်ယောက်ဖြစ်လာဖို့ ဘာတွေကို သင်ယူဖို့လိုလဲ။
- Operations
- Quality and Food Safety
- Technology
- AI
- Soft Skills အားလုံးကို စဥ်းစားပြီး ချရေးကြည့်ပါ။

3️⃣ ငါဘယ်သူနဲ့ အတူတူ သင်ယူနေတာလဲ။ ဒီတစ်ခုက ထင်တာထက် ပိုအရေးကြီးတယ်။
- မြန်မြန်ရောက်ချင်ရင် တစ်ယောက်ထည်းသွားပါ။
- မှန်မှန်နဲ့ ဝေးဝေးရောက်ချင်ရင် အစုအဖွဲ့နဲ့သွားပါ။
- ကိုယ့်လို ရည်မှန်းချက်တူတဲ့သူတွေနဲ့ တစ်စုတစ်စည်းထဲဖြစ်ပြီလား။
- အလုပ်ပြဿနာတွေကြုံရင် သူတို့ရောဘယ်လိုဖြေရှင်းလဲဆိုတာ လှမ်းကြည့်ဖို့၊ တိုင်ပင်ဖို့ ရပ်ဝန်းလေးတစ်ခု ရှိပြီလား။

ရည်မှန်းချက်တူတဲ့သူတွေ အတူတူရှိကြတဲ့ ရပ်ဝန်းတွေမှာဆိုရင်
👉 အတူတူ သင်ယူတတ်မြောက်ကြတယ်။
👉 အတူတကွ ဆင်ခြင်သုံးသပ်ကြတယ်။
👉 အချင်းချင်း Bechmark လုပ်ကြတယ် (ဒါက ပြိုင်တာမဟုတ်ဘူးနော်)။
👉 အချင်းချင်း “ဒါလား၊​ သိပြီးသားပါ” လို့ ဟန်မဆောင်ကြပါဘူး။
👉 ကူညီစဥ်းစား ဖြေရှင်းပေးကြတယ်။ လိုအပ်ရင် အားပေးကြတယ်။
အဲဒီလို ရပ်ဝန်းတစ်ခုဖြစ်ဖို့ ကျမတို့က Professional Development Program ကို ဖန်တီးထားပါတယ်။
မိတ်ဆွေက
(၁) Food Industry ထဲက ဖြစ်တယ်။
(၂) Professional ဘဝမှာ ရည်မှန်းချက်ထားပြီး ကြိုးစားတဲ့သူ ဖြစ်တယ်။
(၃) စိတ်တူတဲ့ ရပ်ဝန်းတစ်ခုမှာ အတူတူကြိုးစားချင်တယ်ဆိုရင်
PD လို့ Viber 09764574071 ကို ပို့လိုက်ပါ။ Program အကြောင်း အသေးစိတ်ကို ပြန်ပို့ပေးပါမယ်။

04/01/2026

အခုတလော သတင်းတွေအရ စင်ကာပူလို နိုင်ငံမျိုးမှာ စားသောက်ကုန်လုပ်ငန်းခွင်က အလုပ်တွေကို AI အသုံးပြုပြီး ပုံစံအသစ်ပြောင်းလဲဖို့ ပြင်ဆင်နေကြပြီတဲ့။
ဒါပေမဲ့ အကြီးမားဆုံး အခက်အခဲက နည်းပညာမဟုတ်ဘူး၊ "လူတွေရဲ့ စိတ်နေစိတ်ထား (Mindset)" ကို ပြောင်းဖို့ပဲလို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ အပြောင်းအလဲဆိုတာ ကြားလိုက်တာနဲ့ လူတိုင်းက ထိတ်လန့်တတ်ကြတာ သဘာဝပဲလေ။
ဒါကို ဖတ်ရတော့ ကျွန်မ သွားသတိရမိတာက "မြင့်မြင့်ခင် ထိုးမုန့်" ရဲ့ ဒါရိုက်တာ Dr-Myint Myint Khin ပြောပြဘူးတဲ့ သူတို့ရဲ့အတွေ့အကြုံ တစ်ခုအကြောင်းပါ။ တစ်ချိန်က ထိုးမုန့်ကိုလက်နဲ့ပဲ အပင်ပန်းခံ ထိုးခဲ့ကြရာကနေ စက်နဲ့ထိုးဖို့ ပြောင်းလဲတဲ့အခါ Resistance (တွန်းလှန်မှု) တွေ အများကြီး ရှိခဲ့ဖူးတယ်တဲ့။
"စက်နဲ့လုပ်ရင် လူလက်ရာလောက် ကောင်းပါ့မလား"
"အရင်လို စားလို့ရော ကောင်းပါ့မလား" ဆိုတဲ့အတွေးတွေနဲ့ပေါ့။
လူအများစုက ကိုယ်တိုင် သက်သာသွားမယ်ဆိုရင်တောင် မစမ်းသပ်ရသေးတဲ့ အပြောင်းအလဲ (Change) ကို မကြိုက်ကြဘူး။ ဟုတ်ပါ့မလားဆိုပြီး သံသယနဲ့ ကြည့်တတ်ကြတယ်။
တကယ်တမ်း Change က အကောင်အထည်ပေါ်သွားတဲ့အခါမှာတော့...
✅ လုပ်ငန်းခွင်က ပိုပြီး သန့်ရှင်းသပ်ရပ်သွားတယ်။ ✨
✅ လူတွေလည်း ပိုသက်သာသွားတယ်။
✅ စနစ်တကျပြောင်းလဲထားတော့ အရည်အသွေးကလည်း အရင်လိုပဲကောင်းတယ်။
အပြောင်းအလဲကို တောင့်ခံထားတာ လူ့သဘာဝဆိုတော့၊ ဒီလိုအချိန်မျိုးမှာ ရှေ့ဆုံးက အတားအဆီးကို ဖေါက်ထွက်ပေးမယ့် "Champion (ရှေ့ဆောင်လမ်းပြသူ)" တွေ လိုအပ်ပါတယ်။
အပြောင်းအလဲကို အရင်ဆုံး စလုပ်ပြမယ့်သူ၊ ရလဒ်ကောင်းကို ပြသနိုင်တဲ့သူရှိလာမှ ကျန်တဲ့သူတွေက လိုက်ပြောင်းကြတာ များတယ်။
👉 မိတ်ဆွေကို မေးကြည့်ချင်ပါတယ်။
နည်းပညာတွေ ပြောင်းလာတဲ့အခါ...
AI တွေ ဝင်လာတဲ့အခါ...
• ကိုယ်က အပြောင်းအလဲကို လက်ခံပြီး အရင်ဆုံး စမ်းသပ်မယ့် Champion လုပ်မှာလား။
• ဒါမှမဟုတ် အရင်အတိုင်းပဲ ကောင်းပါတယ်ဆိုပြီး တွန်းလှန်မယ့်သူ (Resister) အဖြစ် နေမှာလား။
ကိုယ်ပိုင်အတွေ့အကြုံတွေရှိရင် Comment မှာ ပြောပြပေးခဲ့ပါဦး။ 👇

🔰Food Industry ထဲက Professional တွေအတွက် AI ကဘယ်လို စိိန်ခေါ်မှုတွေခေါ်လာမယ်ထင်လဲ။ 🔰Pro တွေအနေနဲ့ရော ဘာတွေကို ဘယ်လိုကြို...
03/01/2026

🔰Food Industry ထဲက Professional တွေအတွက် AI ကဘယ်လို စိိန်ခေါ်မှုတွေခေါ်လာမယ်ထင်လဲ။
🔰Pro တွေအနေနဲ့ရော ဘာတွေကို ဘယ်လိုကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ထင်လဲ။
🔰ဝန်ထမ်းခန့်ဖို့ cost တွေများပြီး Infrastructure ကောင်းတဲ့ Singaore မှာတော့
▶️Automation လုပ်ဖို့ အားပေးတယ်။
▶️အလုပ်တွေကို redsign လုပ်ဖို့တိုက်တွန်းတယ်။
▶️Skill Gap တွေကိုရှာဖွေပြီး လုပ်ငန်းခွင်ထဲမှာ ဆက်ရှိနေနိုင်အောင် Training တွေစီစဥ်ပေးတယ်။
ကိုယ့်အားကိုယ်ကိုးရမယ့် လုပ်ငန်းရှင်တွေ၊ professional တွေ အနေနဲ့ရော ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်လဲ။

🔥 Food Industry Professional Development Program (09-January-2026 to 27-March-2026, Fridays 7:30 PM to 9:00 PM) Program ...
02/01/2026

🔥 Food Industry Professional Development Program (09-January-2026 to 27-March-2026, Fridays 7:30 PM to 9:00 PM)
Program Details:
✔️ Know Your Organization: ကိုယ့်လုပ်ငန်းကြီးတစ်ခုလုံး ဘယ်လို လည်ပတ်တာလဲ။
• Food Manufacturing Company တွေမှာ ဘာဌာနတွေရှိတာလဲ။
• ကိုယ့်ကုမ္ပဏီက MNC/Structured Organizaiton လား မိရိုးဖလာစီးပွားရေးလား။
• ကိုယ့်ကုမ္ပဏီရဲ့ အခြေအနေအရ ကိုယ်က Professional ဆန်ဆန်ဘယ်လို တိုးတက်နိုင်မလဲ။

✔️ Know Your Technology: ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ ဘယ်လို ထုတ်လုပ်တာလဲ။
• ကိုယ့်လုပ်ငန်းမှာ အသုံးပြုနေတဲ့ Technology တွေကဘာတွေလဲ။
• အသုံးပြုနေတဲ့ Technology အတွက် Professional တစ်ယောက်အနေနဲ့ သိရမယ့်အချက်အလက်များ

✔️ Know Your Systems: အရည်အသွေးနှင့် စားနပ်ရိက္ခာ ဘေးကင်းရေး စနစ်များ။
• ကိုယ့်လုပ်ငန်းမှာအသုံးပြုနေတဲ့ စနစ်တွေကဘာတွေလဲ
• ISO9001, GHP, HACCP, ISO22000, FSSC 22000 တို့ရဲ့ Overview များ

✔️ Life Skills You Need to Use: Communication and Leadership ကျွမ်းကျင်မှုများ။
• Email etique
• Effective Communication for Professionals

✔️ ခိုင်မာပြီး လေးစားမှုရှိတဲ့ Professional Identity ကို တည်ဆောက်နည်း။
• Your Professional Identity
✔️ Guest Speaker များရဲ့ အတွေ့အကြုံမျှဝေခြင်း
✔️ နယ်ပါယ်တူ Professional များနဲ့ ချိတ်ဆက်ခွင့်

သုံးသိန်းကျော် တန်ဖိုးရှိတဲ့ သုံးလအစီအစဥ်ကို သင်တန်းကြေး 150,000 MMK နဲ့ ပထမဆုံး အသုတ် (ဇန်နဝါရီ မှ မတ်လ ၂၀၂၆) အတွက် ခုံနေရာ ၃၀ ဖွင့်လှစ်ထားတာကို Come, First Serve အစီအစဥ်နဲ့ လက်ခံနေပါပြီ။
(၁၂) ပတ်ကြာတဲ့ Program မှာ သင်ကြားမယ့်ပုံစံက 100% Online ဖြစ်ပြီးတော့
• Pre-recorded Video တွေ
• တစ်ပါတ်တစ်ကြိမ် မျက်နှာချင်းဆိုင် သင်ကြားဆွေးနွေးခြင်း
• ဧည့်သည် Professional များကို ဖိတ်ကြားဆွေးနွေးခြင်း
• Tools & Templates အပါအဝင် သင်ကြားရေး အရင်းအမြစ်များ
• Certificate ရယူချင်သူများက Capstone Project တစ်ခုတင်ရမှာဖြစ်ပါတယ်။
သင်တန်းတက်ဖို့ စိတ်ဝင်စားရင် Viber 09764574071 ကို PD လို့မက်ဆေ့ပို့လိုက်ပါ။

01/01/2026

🔥 Food Industry Professional Development Program (09-January-2026 to 27-March-2026, Fridays 7:30 PM to 9:00 PM)
Program Details:
✔️ Know Your Organization: ကိုယ့်လုပ်ငန်းကြီးတစ်ခုလုံး ဘယ်လို လည်ပတ်တာလဲ။
• Food Manufacturing Company တွေမှာ ဘာဌာနတွေရှိတာလဲ။
• ကိုယ့်ကုမ္ပဏီက MNC/Structured Organizaiton လား မိရိုးဖလာစီးပွားရေးလား။
• ကိုယ့်ကုမ္ပဏီရဲ့ အခြေအနေအရ ကိုယ်က Professional ဆန်ဆန်ဘယ်လို တိုးတက်နိုင်မလဲ။
✔️ Know Your Technology: ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ ဘယ်လို ထုတ်လုပ်တာလဲ။
• ကိုယ့်လုပ်ငန်းမှာ အသုံးပြုနေတဲ့ Technology တွေကဘာတွေလဲ။
• အသုံးပြုနေတဲ့ Technology အတွက် Professional တစ်ယောက်အနေနဲ့ သိရမယ့်အချက်အလက်များ
✔️ Know Your Systems: အရည်အသွေးနှင့် စားနပ်ရိက္ခာ ဘေးကင်းရေး စနစ်များ။
• ကိုယ့်လုပ်ငန်းမှာအသုံးပြုနေတဲ့ စနစ်တွေကဘာတွေလဲ
• ISO9001, GHP, HACCP, ISO22000, FSSC 22000 တို့ရဲ့ Overview များ
✔️ Life Skills You Need to Use: Communication and Leadership ကျွမ်းကျင်မှုများ။
• Email etique
• Effective Communication for Professionals
✔️ ခိုင်မာပြီး လေးစားမှုရှိတဲ့ Professional Identity ကို တည်ဆောက်နည်း။
• Your Professional Identity
✔️ Guest Speaker များရဲ့ အတွေ့အကြုံမျှဝေခြင်း
✔️ နယ်ပါယ်တူ Professional များနဲ့ ချိတ်ဆက်ခွင့်

သုံးသိန်းကျော် တန်ဖိုးရှိတဲ့ သုံးလအစီအစဥ်ကို သင်တန်းကြေး 150,000 MMK နဲ့ ပထမဆုံး အသုတ် (ဇန်နဝါရီ မှ မတ်လ ၂၀၂၆) အတွက် ခုံနေရာ ၃၀ ဖွင့်လှစ်ထားတာကို Come, First Serve အစီအစဥ်နဲ့ လက်ခံနေပါပြီ။
(၁၂) ပတ်ကြာတဲ့ Program မှာ သင်ကြားမယ့်ပုံစံက 100% Online ဖြစ်ပြီးတော့
• Pre-recorded Video တွေ
• တစ်ပါတ်တစ်ကြိမ် မျက်နှာချင်းဆိုင် သင်ကြားဆွေးနွေးခြင်း
• ဧည့်သည် Professional များကို ဖိတ်ကြားဆွေးနွေးခြင်း
• Tools & Templates အပါအဝင် သင်ကြားရေး အရင်းအမြစ်များ
• Certificate ရယူချင်သူများက Capstone Project တစ်ခုတင်ရမှာဖြစ်ပါတယ်။

သင်တန်းတက်ဖို့ စိတ်ဝင်စားရင် Viber 09764574071 ကို PD လို့မက်ဆေ့ပို့လိုက်ပါ။

နှုတ်ဆက်ပါတယ် ၂၀၂၅။ကျမတို့ ရှေ့မှာ ဖွင့်ပေးခဲ့တဲ့တံခါးချပ် တိုင်းအတွက် ကျေးဇူးတင်ပါတယ်။တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေ၊တ...
31/12/2025

နှုတ်ဆက်ပါတယ် ၂၀၂၅။

ကျမတို့ ရှေ့မှာ ဖွင့်ပေးခဲ့တဲ့
တံခါးချပ် တိုင်းအတွက် ကျေးဇူးတင်ပါတယ်။

တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေ၊
တစ်ခါမှ မလုပ်ဖူးသေးတဲ့ အလုပ်တွေ၊
မိတ်ဖက်အဖွဲ့အစည်းအသစ်တွေ၊
ပြီးတော့ ကျမ မမျှော်မှန်းဖူးတဲ့
ပူးပေါင်းဆောင်ရွက်မှု (Collaboration) တွေအတွက်ပါ။

ဒီနှစ်ဟာ ကျမတို့ကို နည်းပညာပိုင်းရော၊
စိတ်ခံစားမှုပိုင်းနဲ့ အသိပညာပိုင်းမှာပါ
နယ်ပယ်သစ်တွေဆီ ရောက်စေခဲ့တယ်။

ကျမတို့နဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်သစ်တွေမှာ
တာဝန်တွေကို ပုံစံအသစ်နဲ့ ထမ်းဆောင်ဖို့
တွန်းအားပေးခဲ့တယ်။
Growth ဆိုတာ
လက်တွေ့ဖြတ်သန်းနေတဲ့ အချိန်မှာ
သက်သောင့်သက်သာ ရှိမနေဘူးဆိုတာ
ပြန်သတိပေးခဲ့တယ်။

သင်ယူခွင့်၊ ဝန်ဆောင်မှုပေးခွင့်နဲ့
တည်ဆောက်ခွင့် ရခဲ့တဲ့
အခွင့်အရေး တိုင်းအတွက် ကျေးဇူးတင်ပါတယ်။.....

မင်္ဂလာပါ ၂၀၂၆။

ကျမတို့ လောမကြီးပါဘူး။
ကျယ်ကျယ်လောင်လောင်တွေလည်း မလိုပါဘူး။

တောင်းဆိုချင်တာကတော့
ရိုးသားဖြောင့်မတ်စွာနဲ့
မမှိတ်မသုန်
ကြိုးစားခွင့် ရနေဖို့ပါပဲ။

အမြင်တွေ ပိုနက်ရှိုင်းလာဖို့၊
ပိုပြီး ရှင်းလင်းစွာ ပြောပြနိုင်ဖို့၊
ပိုပြီး တိကျစွာ စဉ်းစားနိုင်ဖို့နဲ့
ပိုသေချာတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့
ကိုယ့်အလုပ်ကိုယ် လုပ်နိုင်ဖို့ပါပဲ။

ဖြစ်နိုင်မယ်ဆိုရင်တော့...
ကျမတို့ နေထိုင်တဲ့ ကမ္ဘာကြီးအတွက်
အနှစ်သာရရှိပြီး ခိုင်မာတဲ့
ပြောင်းလဲမှု လေးတစ်ခု
လုပ်ဆောင်ချင်ပါတယ်။

ကျမတို့ရဲ့ တာဝန်တွေနဲ့ ထိုက်တန်တဲ့
ပြောင်းလဲမှုမျိုးပေါ့။

ကဲ... အတူတူ စတင်လိုက်ကြရအောင်။

30/12/2025

Professionalism ကို email နဲ့ စတင်လိုက်ပါ။

Productivity Tool တွေဘယ်လောက်ပဲကောင်းကောင်း လက်နဲ့ချရေးဖို့ ဒိုင်ယာရီတစ်အုပ်တော့လိုအပ်တယ်။ ၂၀၁၀ ပြည့်နှစ်တွေကတည်းက ကိုယ်...
29/12/2025

Productivity Tool တွေဘယ်လောက်ပဲကောင်းကောင်း လက်နဲ့ချရေးဖို့ ဒိုင်ယာရီတစ်အုပ်တော့လိုအပ်တယ်။
၂၀၁၀ ပြည့်နှစ်တွေကတည်းက ကိုယ့်စိတ်ကြိုက် ဒိုင်ယာရီစာအုပ်ပုံစံတစ်ခုကို သေချာရွေးပြီး နှစ်တိုင်းသုံးလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့တယ်။ စာအုပ်ကိုစက်ရုံထဲက ကိုယ့် cubical ထဲမှာပဲထားတာ၊ အဖြစ်အပျက်တွေကိုတော့ English နဲ့ ရေးပြီး​၊ ရင်တွင်းခံစားချက်တွေကိုတော့ မြန်မာလိုရေးတယ်လေ 😄
၂၀၂၂ ခုနှစ်အတွက် ရန်ကုန်တစ်မြို့လုံးပတ်ပြီး ဒိုင်ယာရီဝယ်တာမရခဲ့ဘူးလို့ အခုပြန်ပြောရင် ယုံမယ်မထင်ဘူး။ အဲဒီတစ်နှစ်တော့ အွန်လိုင်းက မှာသုံးခဲ့တယ်။
Canva သုံးတတ်လာတော့ တစ်နှစ်စာကို ကိုယ့်စိတ်ကြိုက်ဒီဇိုင်းထုတ်ပြီး သုံးလာတာ ၂၀၂၃ ကတည်းကဆိုတော့ အခုဆိုရင် လေးနှစ်မြောက်ပေါ့။
ဒီ Weekly Planner ကိုလည်း 9-January-2026 မှာ စတင်မယ့် Professional Development Program ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းထားပါတယ်။
Program က သောကြာနေ့ ညနေတိုင်း Online Class, သင်တန်းမတက်နိုင်သူတွေအတွက် Video Recording နဲ့ ဆွေးနွေးဖို့ Telegram Group ရှိပါမယ်။ အချိန်က 27-March-2026 အထိ အချိန်သုံးလကြာမြင့်မှာပါ။
- Know Your Organization
- Know Your Technology
- Know Your Systems
- Life Skills You Need to Know ဆိုတဲ့ ကဏ္ဍလေးခုနဲ့ သင်ကြားဆွေးနွေးမှာဖြစ်ပြီး
- လုပ်ငန်းခွင်ထဲက Guest Speaker တွေကိုလည်း ဖိတ်ကြားစကားပြောတဲ့ Fireside Chat တွေလည်းပါဝင်ပါမယ်။
ဒီခေါင်းစဥ်တွေပါတဲ့ Programကို စိတ်ဝင်စားတယ်ဆိုရင် PD လို့ Viber 09764574071 ကို မက်ဆေ့ပို့လို့ ရပါတယ်။
အခု eBook ကိုရယူဖို့အတွက်တော့ အများကြီးလုပ်စရာမလိုပါဘူး။ ဒီပို့စ်ကလေးကို Share လုပ်ပေးပြီး ကွန်မင့်လေးမှာ Shared လို့ရေးခဲ့ရင် Soft Copy ကို သင့်ရဲ့ Messenger ထဲအရောက် ပို့ပေးပါမယ်။
Global Food Safety Institute ရဲ့ 2026 Goal မှာ မြန်မာ Food Industry Professional Development အတွက် သိသိသာသာ အကျိုးကျေးဇူးရှိစေမယ့် အစီအစဥ်တွေအောင်မြင်အောင် ထူထောင်သွားဖို့လည်း ပါဝင်ပါတယ်။
မိတ်ဆွေက ကိုယ့်ရဲ့ Career Development အတွက် နည်းလမ်းရှာနေတယ်ဆိုရင် ကျမတို့ အတူတူတိုးတက်အောင် စွမ်းဆောင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
Building Safer Food Systems Together.

စားသောက်ကုန်လောကထဲကဆို ကျမပြောတာကို နားလည်မှာသေချာတယ်။ Client စက်ရုံတွေသွားတိုင်း ဂျာကြီးတွေ၊ စူပါတွေ အမြဲတမ်း Busy. အလု...
28/12/2025

စားသောက်ကုန်လောကထဲကဆို ကျမပြောတာကို နားလည်မှာသေချာတယ်။
Client စက်ရုံတွေသွားတိုင်း ဂျာကြီးတွေ၊ စူပါတွေ အမြဲတမ်း Busy.
အလုပ်ဖွင့်တဲ့ရက်တွေအားလုံး အလုပ်တွေက အပြည့်။
Audit စစ်မယ့်နေ့၊ Sample ပို့ရမယ့်နေ့၊ Calibration အတွက်အပြင်ကို စက်ပစ္စည်းပို့ရမယ့်နေ့၊ Validation လုပ်ရမယ့်နေ့.... တစ်နေ့မှ ကျော်သွားလို့ မရဘူး။
အားလုံးကို ခေါင်းထဲပဲထည့်ထားရင် ခေါင်းခဲသွားလိမ့်မယ်။
ပညာရှင်တို့ ခေါင်းရှင်းစေဖို့ အင်မတန်ရိုးရင်းတဲ့ Excel Calendar (2026) ကိုမျှဝေပေးချင်ပါတယ်။ ဒီ Calendar က Overall ပဲမှတ်ဖို့ပါ၊ အသေးစိတ်ရေးဖို့မဟုတ်ပါဘူး။
ဒီ Calendar ကို Productivity Guru, “Feel Good Productivity” စာအုပ်ကိုရေးတဲ့ Ali Abdaal ဆီက ရထားတာဖြစ်ပြီး ကျမကိုယ်တိုင် 2024, 2025 နှစ်နှစ်လုံး အသုံးပြုခဲ့ပြီးပါပြီ။
ရိုးရှင်းအလုပ်ဖြစ်တဲ့ Tools တွေက Professional တွေကို အလုပ်တွေပြီးမြောက်ဖို့ ကူညီပေးပါတယ်။ ဒီ Calendar လေးက
✅ရိုးရှင်းပြီး သုံးရလွယ်ပါတယ်။
✅တစ်ပတ်၊ တစ်လ၊ တစ်ရက် စသည်ဖြင့် ကြိုတင်ပြင်ဆင်နိုင်ဖို့ အများကြီးအသုံးတည့်ပါတယ်။
✅Professional Devlopment Program တက်မယ့်သူတွေအတွက်တော့ Virtual Class ရှိတဲ့ Friday တွေကို တစ်ခါတည်းမှတ်ပေးထားပါတယ်။
ဒီ Tool လေးကလည်း 9-Jan မှာစမယ့် Professional Development Program ရဲ့ Tools တွေထဲက တစ်ခုပါ။ Program မှာ Know Your Organization, Know Your Technology, Know Your Systems နဲ့ Soft Skills You Need to Know ခေါင်းစဥ်တွေ ပါဝင်ပါမယ်။
Excel Calendar လေးကိုတော့ Comment ထဲက down ယူလိုက်ပါ။ ကိုယ့်ပါတ်ဝန်းကျင်က Professional တွေအတွက် အသုံးတည့်မယ်ထင်ရင် Share လုပ်ပေးလိုက်ပါ။
Global Food Safety Institute ကတော့ 2026 မှာ မြန်မာ Food Industry Professional Development အတွက် သိသိသာသာ အကျိုးကျေးဇူးရှိစေမယ့် အစီအစဥ်တွေအောင်မြင်အောင် ကြိုးစားသွားဖို့ သံဓိဌာန် ချထားပါတယ်။

မိတ်ဆွေက ကိုယ့်ရဲ့ Career Development အတွက် နည်းလမ်းရှာနေတယ်ဆိုရင် ကျမတို့ အတူတူတိုးတက်အောင် စွမ်းဆောင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

P/S: Programကို စိတ်ဝင်စားတယ်ဆိုရင် PD လို့ Viber 09764574071 ကို မက်ဆေ့ပို့လို့ ရပါတယ်။

Building Safer Food Systems Together.

သင့်ရဲ့ Professionalism ကို email ကနေစလိုက်ပါ။ စားသောက်ကုန်လုပ်ငန်းတစ်ခုခုမှာ QA/QCFood SafetyProductionR&DEngineering ဌ...
27/12/2025

သင့်ရဲ့ Professionalism ကို email ကနေစလိုက်ပါ။

စားသောက်ကုန်လုပ်ငန်းတစ်ခုခုမှာ
QA/QC
Food Safety
Production
R&D
Engineering ဌာနတစ်ခုခုမှာ အလုပ်လုပ်နေတယ်ဆိုရင် ဒီစာကိုဆက်ဖတ်ရင် အကျိုးရှိမှာသေချာပါတယ်။

ပြဿနာတွေလည်းရှင်းတယ်။
ထုတ်ကုန်တွေဘေးကင်းဖို့လည်း အလုပ်လုပ်တယ်။
Audit တွေလည်းအောင်အောင်ဖြေတယ်။
ဒါပေမယ့် လုပ်သလောက်ရလာဒ်မပေါ်ဘူးဆိုရင် ပြန်စစ်သင့်တဲ့ထဲမှာ မိတ်ဆွေရဲ့ email တွေလည်းပါပါတယ်။

Email တွေက စာတွေရေးပို့နေယုံပဲ မဟုတ်ပါဘူး။
သူတို့က ပညာရှင်တစ်ယောက်ရဲ့ Professional Identity ဖြစ်ပါတယ်။

Audit တွေမှာ သက်သေအဖြစ်နဲ့အသုံးပြုနိုင်သလို
ဖိအားများတဲ့အချိန်တွေမှာ စာနဲ့ရေးထားတာတွေက ရှင်းလင်းမှုကိုပေးပါတယ်။
Email တွေက ခံစားချက်တွေထက်၊ အချက်အလက်တွေကို ပေးသင့်ပြီးတော့
ပညာရှင်ဆန်မှုကို သက်သေပြုနေတဲ့အရာတွေလည်း ဖြစ်ပါတယ်။

Professional တွေအတွက် အသုံးဝင်မယ့် Professional တွေအတွက် Enhancing Email Etiquette eBook ကလေးကို ကျမတို့ ဖန်တီးထားပါတယ်။

ဒီ eBook မှာ Subject, Salutation, Signing Off အပိုင်းသုံးပိုင်းလုံးမှာ သတိထားစရာတွေကို ရှင်းပြ ထားပါတယ်။ email ရေးရတာ အဆင်ပြေချောမွေ့စေဖို့ AI ကို လက်ထောက်အနေနဲ့ ဘယ်လိုအသုံးချ နိုင်မလဲ ဆိုတာကိုပါ ဆွေးနွေးထားပါတယ်။

ဒီ eBook က 9-January-2026 မှာ စတင်မယ့် Professional Development Program ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ Program က သောကြာနေ့ ညနေတိုင်း Online Class, သင်တန်းမတက်နိုင်သူတွေအတွက် Video Recording နဲ့ ဆွေးနွေးဖို့ Telegram Group ရှိပါမယ်။ အချိန်က 27-March-2026 အထိ အချိန်သုံးလကြာမြင့်မှာပါ။
- Know Your Organization
- Know Your Technology
- Know Your Systems
- Life Skills You Need to Know ဆိုတဲ့ ကဏ္ဍလေးခုနဲ့ သင်ကြားဆွေးနွေးမှာဖြစ်ပြီး
- လုပ်ငန်းခွင်ထဲက Guest Speaker တွေကိုလည်း ဖိတ်ကြားစကားပြောတဲ့ Fireside Chat တွေလည်းပါဝင်ပါမယ်။
ဒီခေါင်းစဥ်တွေပါတဲ့ Programကို စိတ်ဝင်စားတယ်ဆိုရင် PD လို့ Viber 09764574071 ကို မက်ဆေ့ပို့လို့ ရပါတယ်။

အခု eBook ကိုရယူဖို့အတွက်တော့ အများကြီးလုပ်စရာမလိုပါဘူး။ ဒီပို့စ်ကလေးကို Share လုပ်ပေးပြီး ကွန်မင့်လေးမှာ Shared လို့ရေးခဲ့ရင် eBook ကို သင့်ရဲ့ Messenger ထဲအရောက် ပို့ပေးပါမယ်။

Global Food Safety Institute ရဲ့ 2026 Goal မှာ မြန်မာ Food Industry Professional Development အတွက် သိသိသာသာ အကျိုးကျေးဇူးရှိစေမယ့် အစီအစဥ်တွေအောင်မြင်အောင် ထူထောင်သွားဖို့လည်း ပါဝင်ပါတယ်။

မိတ်ဆွေက ကိုယ့်ရဲ့ Career Development အတွက် နည်းလမ်းရှာနေတယ်ဆိုရင် ကျမတို့ အတူတူတိုးတက်အောင် စွမ်းဆောင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

Building Safer Food Systems Together.

ဘာလို့များ ဒီလောက် Stress တွေများနေရတာလဲ။ 🥺 သူများတွေကြည့်ရင် ကိုယ့်ကို ဖြည့်ပြီးသား Record တွေစစ်လိုက်၊ Report လေးရေးလိ...
26/12/2025

ဘာလို့များ ဒီလောက် Stress တွေများနေရတာလဲ။ 🥺
သူများတွေကြည့်ရင် ကိုယ့်ကို ဖြည့်ပြီးသား Record တွေစစ်လိုက်၊ Report လေးရေးလိုက်နဲ့ သာသာယာယာပဲ။ ကိုယ်တိုင်ကတော့ မျက်နှာကပြုံးနေရင်တောင် ရင်ထဲမှာ ဘလောင်ဆူနေတဲ့နေ့တွ အများကြီး။ ရေပေါ်မှာ ကြွကြွရွရွလေး သွားနေပေမဘ့် ခြေထောက်က တရစပ်ခပ်နေရတဲ့ ငန်းတွေလိုပဲ။
စားသောက်ကုန် လုပ်ငန်းထဲက Professional တစ်ယောက်ဆိုရင် ကျမဘာပြောလဲ ခံစားမိမှာပါ။
အပြင်ကကြည့်ရင် ရိုးရှင်းနေပေမယ့် စိတ်ထဲမှာ ဘာလို့ ဒီလောက်တောင် Stress ပိနေရတာလဲ?

တကယ်တမ်း ကျွန်မတို့ ခံစားရတာက...
👉ဘယ်တော့မှ ပြီးဆုံးမသွားတဲ့ Audit ဖိအားတွေ။
👉ကိုယ့်ကြောင့် မဟုတ်တဲ့ ပြဿနာတွေအတွက် အပြစ်တင်ခံရတာမျိုး။
👉စားသုံးသူဘေးကင်းရေးဆိုတဲ့ တာဝန်ကြီးကို နေ့စဉ်နေ့တိုင်း ပုခုံးပေါ်မှာ ထမ်းထားရတာ။
👉အမြဲတမ်း တည်ငြိမ်ရမယ်၊ ခိုင်မာရမယ်၊ ပြဿနာတွေရှင်းနိုင်ရမယ်လို့ ထင်ကြတဲ့ မျှော်လင့်ချက်တွေ။
အရှေ့တောင်အာရှတလွှားက စက်ရုံတွေမှာ ကျွန်မ ဒါတွေကို အမြဲမြင်တွေ့နေရပါတယ်။ စိတ်ထားကောင်းတဲ့သူတွေ၊ အလုပ်ကို အလေးအနက်ထားတဲ့ ပညာရှင်တွေဟာ အရာရာကို တိတ်တိတ်လေး အောင့်အည်းသည်းခံပြီး ထမ်းထားကြရတာပါ။
ဒါတွေကိုဖွင့်ပြောတာက ညည်းနေတာ မဟုတ်ဘူး။ ရိုးရိုးသားသား ဝန်ခံတာပဲ ဖြစ်ပါတယ်။
Professional အများစုက တူညီတဲ့ စိန်ခေါ်မှုတွေကို ကိုယ့်ဘာသာ တိတ်တိတ်လေး ရုန်းကန်နေရတယ်ဆိုတာ အသိအမှတ်ပြုလိုက်တာပါပဲ။
ဒီစကားတွေက Heart ထိသွားတယ်ဆိုရင်... ကိုယ့်ကိုကိုယ် ညံ့တယ်လို့မထင်လိုက်ပါနဲ့။ ငါဟာ "လူ" တစ်ယောက်မို့ ဒီခံစားချက်တွေရှိတာလို့ နားလည်လိုက်ပါ။ ❤️
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိလိုက်ရတာကိုက အကြီးမားဆုံးသော အားပေးမှုတစ်ခု ဖြစ်နေတတ်ပါတယ်။
Professional အချင်းချင်း အသံတွေကို နားထောင်ပေးကြရအောင်။

Address

589-B, Thihathu Street, Qtr 11, South Okkapala
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Global Food Safety Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Global Food Safety Institute:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

မစိမျ့သိတဲ့ Food Safety

Food Safety အကြောင်း Framework တွေ သီအိုရီတွေသာမက ဆယ့်ငါးနှစ်ကျော် ကျင်လည်ခဲ့တဲ့ Food Industry ထဲက အတွေ့အကြုံတွေကိုပါ ဒီ Page ကနေ ဝေမျှသွားပါမယ်။