30/03/2026
ပညာရှင်တွေ တစ်ယောက်ထဲရုန်းကန်မနေရအောင် အထောက်အကူပြုချင်လို့ ကျွန်မ Program တစ်ခုကို ပုံဖေါ် ခဲ့တယ်။
ကျွန်မကိုယ်တိုင်က စားသောက်ကုန်လောကမှာ ကော်ပိုရိတ်ဝန်ထမ်းဘဝကလာတာဆိုတော့ Consultant အဖြစ်အလုပ်လုပ်နေရင်းနဲ့ တစ်ချိန်ကကျွန်မကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ Professional တို့ရဲ့ စိန်ခေါ်မှုတွေကို အနီးကပ်ထိတွေ့ရပါတယ်။
အများစုကတော့ ကိုယ့်အလုပ်ကိုဂုဏ်ယူစွာလုပ်နေကြပေမယ့် အချို့လည်း ထူးချွန်ရဲ့နဲ့ ရှေ့မတိုးနိုင် ဖြစ်နေတာလေးတွေ တွေ့ရပါတယ်။ ဒါနဲ့ပဲ Professional တွေအတွက် တစ်ခုခုလုပ်ပေးချင်စိတ် ဖြစ်လာတယ်။
မြန်မာနိုင်ငံမှာက အစားအသောက်နည်းပညာ (Food Technology) ကို ဘွဲ့အဆင့်၊ ဒီပလိုမာအဆင့် ပို့ချပေးနေတဲ့ တက္ကသိုလ်/ကျောင်းတွေ မရှိသေးပါဘူး။ အနီးစပ်ဆုံး ပညာရပ်တွေဖြစ်တဲ့ Chemical Engineering, Industrial Chemistry, Microbiology, Chemistry တို့လို ဘာသာရပ်တွေကို သင်ကြားပြီး Food Industry ထဲရောက်လာကြတာပါ။ စိုက်ပျိုးရေးပညာရှင်တချို့လည်း စားသောက်ကုန်ထုတ်လုပ်မှုဘက်ကို ကူးပြောင်းလုပ်ကိုင်ကြတာရှိပါတယ်။
အရည်အသွေးပိုင်းကို စီမံခန့်ခွဲနေသူတွေ၊ အစားအသောက်ဘေးကင်းရေးကို ဦးဆောင်နေသူတွေနဲ့ ထုတ်လုပ်မှုပိုင်းကို ကြီးကြပ်နေတဲ့ Professional တို့ဟာ သူတို့နေ့စဉ်လုပ်ကိုင်နေတဲ့ အလုပ်တွေ အတွက် စနစ်တကျ သင်ယူလေ့လာနိုင်မယ့် ပညာရေးလမ်းကြောင်းမျိုး အရမ်းရှားပါတယ်။
သူတို့ဟာ အလုပ်ခွင်ထဲမှာ ဖိအားတွေကြားကနေ ကိုယ့်ဘာသာကိုယ် ရှာဖွေသင်ယူခဲ့ကြရသလို အမှားတွေထဲကနေလည်း သင်ခန်းစာယူခဲ့ကြရပါတယ်။ ဒါကို မြင်တွေ့ရတာ ကျွန်မ စိတ်မကောင်းဖြစ်ရပါတယ်။
ဒါကြောင့်မို့လို့ စားသောက်ကုန်လုပ်ငန်းများရဲ့ ဖွဲ့စည်းပုံ၊ နည်းပညာအခြေခံများ၊ အရည်အသွေးနှင့် အစားအသောက်ဘေးကင်းရေး စီမံခန့်ခွဲမှုစနစ်များနဲ့ လူမှုဆက်ဆံရေးကျွမ်းကျင်မှုဆိုတဲ့ အဓိကမဏ္ဍိုင်လေးခုကို အခြေခံပြီး Professional Development Program တစ်ခုကို ကျွန်မ ပုံဖော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ ပထမဆုံးအသုတ်အနေနဲ့ Professional ၂၀ ဦး သင်တန်းဆင်းနိုင်ခဲ့ပါပြီ။ 🎓
ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အားလုံးပြည့်စုံနေဦးမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ပထမအသုတ်ကနေ သင်ခန်းစာယူ၊ ရှေ့ဆက်ပြီးတော့ ပိုကောင်းအောင် ပြင်ဆင်သွားမှာဖြစ်ပါတယ်။
စိတ်အားထက်သန်တဲ့ ပညာရှင်တွေ အသိပညာတွေလည်းရရှိပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာတာ မြင်တွေ့ရတဲ့အခါ ကျွန်မထင်တဲ့ လိုအပ်ချက်တွေက တကယ်ရှိနေပြီး၊ အဲဒီလိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ပါတယ်။
ဒီလုပ်ငန်းနယ်ပယ်ဟာ အခုထက်ပိုပြီး ကောင်းမွန်တဲ့ အလားအလာတွေနဲ့ ထိုက်တန်ပါတယ်။
မိတ်ဆွေတို့က အစားအသောက်လုပ်ငန်းနယ်ပယ်က ပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုရင် စောင့်မျှော်နေပါ။ မကြာခင် Batch 2 အဖြစ် ပြန်လာခဲ့ပါမယ်။
သင်တန်းပြီးစီးသွားတဲ့ Professional တို့ရေ Congratulations ပါ။