31/01/2026
ဝက်ခြံထွက်တဲ့လူတွေက ငါးကြီးဆီသောက်လို့ရရဲ့လား?
ဝက်ခြံ ဆိုတာ အရေပြားအပေါ်ယံပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။
အဆီပိုထွက်တာ၊ မွေးညှင်းပေါက်ပိတ်တာ နဲ့ ပြင်းထန်တဲ့ ရောင်ရမ်းမှု တွေကြောင့် အဓိက ဖြစ်ပေါ်လာတာပါ။ ငါးကြီးဆီထဲက Omega-3 ဟာ ဒီ "ရောင်ရမ်းခြင်း" ဆိုတဲ့ အဓိကပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
🔥 ငါးကြီးဆီ (Omega-3) ရဲ့ ဝက်ခြံအတွက် အကျိုးကျေးဇူး (၃) ချက်ရှိပါတယ်။
သုတေသနတွေအရ Omega-3 fatty acids ဟာ ဝက်ခြံကို ဘယ်လိုကောင်းမွန်စေလဲဆိုတာ ကြည့်လိုက်ရအောင်။
၁။ ရောင်ရမ်းမှု လျော့ကျခြင်း (Anti-inflammatory Effect) 🛑
ဝက်ခြံအများစုဟာ အရေပြားရောင်ရမ်းခြင်းကနေ စပါတယ်။ ငါးကြီးဆီမှာပါတဲ့ EPA နဲ့ DHA တို့ဟာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ (ဥပမာ - LTB4) ကို ထိန်းချုပ်ပြီး၊ ရောင်ရမ်းမှု လျှော့ချတဲ့ ဓာတ်တွေကို မြှင့်တင်ပေးပါတယ်။ ဝက်ခြံကြောင့် နီရဲတာ၊ ရောင်ရမ်းဖောင်းကားတာ၊ ပြည်တည်တာတွေကို Omega-3 ဖြည့်စွက်အားေဆးသောက်သုံးခြင်းဟာသိသိသာသာ လျော့နည်းသက်သာ စေနိုင်ပါတယ်။
၂။ Skin Barrier ကို အားကောင်းစေခြင်း 💪
Omega-3 ဟာ အရေပြားရဲ့ အတွင်းထဲအထိ (Skin Barrier) ကျန်းမာစေဖို့ ထောက်ပံ့ပေးပါတယ်။အရေပြား အစိုဓာတ်ကို ထိန်းပေးနိုင်ပြီး၊ ပတ်ဝန်းကျင်က ဝက်ခြံဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘက်တီးရီးယားတွေကို ပိုမိုခံနိုင်ရည်ရှိအောင် ကူညီပေးပါတယ်။
၃။ အသားအရေ စိုပြည် နူးညံ့စေခြင်း ✨
Omega-3 ဟာ ဆဲလ်နံရံတွေကို ကျန်းမာစေပြီး အရေပြားကို အတွင်းပိုင်းကနေ အစိုဓာတ်ဖြည့်ပေးပါတယ်။အသားအရေ ခြောက်သွေ့မှု လျော့ကျစေပြီး ပိုမို နူးညံ့စိုပြည်လာအောင် ကူညီပေးပါတယ်။ သိထားရမှာတစ်ခုကတော့ ငါးကြီးဆီဟာ ဝက်ခြံကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမဟုတ်ပါဘူး။
လက်ရှိကုသမှုရဲ့ ဘေးကနေ ပံ့ပိုးပေးနိုင်တဲ့ ဖြည့်စွက်စာ (Supplement) သာ ဖြစ်ပါတယ်။ ကိုယ်ဟာ ဝက်ခြံကို ဆေးဝါးတွေနဲ့ ကုသနေရတယ်ဆိုရင်၊ ငါးကြီးဆီကို သောက်သုံးသင့်/မသင့်နဲ့ မှန်ကန်တဲ့ ပမာဏကို သိရှိဖို့အတွက် ဆရာဝန် (သို့မဟုတ်) အရေပြားအထူးကုဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ စနစ်တကျ သောက်သုံးတာကတော့ အကောင်းဆုံးပါပဲနော်။
✅NAZCO MARINE OMEGA-3 လေးကတော့ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO TRADING LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ် 💯
Tiktok Link : https://www.tiktok.com/