Polaris

Polaris Your Spiritual Compass

The Clarity & Flow Charm 🌿 Made for my hardworking querent.🔑 A pocket ally for clarity, knowledge, right timing, and cal...
18/08/2025

The Clarity & Flow Charm 🌿 Made for my hardworking querent.
🔑 A pocket ally for clarity, knowledge, right timing, and calm focus.

✨ Polaris – Your Spiritual Compass

✨ Moon Day Reminder ✨"စိတ်ညစ်လိုက်တာ" ဆိုတဲ့စကားကို တော်တော်များများ ပြောဖြစ်ကြတယ်။ အဆင်မပြေတာတွေများ နေ့တိုင်းနီးပါးလို...
18/08/2025

✨ Moon Day Reminder ✨

"စိတ်ညစ်လိုက်တာ" ဆိုတဲ့စကားကို တော်တော်များများ ပြောဖြစ်ကြတယ်။ အဆင်မပြေတာတွေများ နေ့တိုင်းနီးပါးလိုလိုပေါ့။ ဉပမာ - ရုံးစတက်ရတဲ့ ဒီနေ့လို Monday မှာ ပိုဖြစ်ကြတယ်

တကယ်တမ်းတော့ ကိုယ့်ကို စိတ်ညစ်လာအောင် ရိုက်ခတ်လာတဲ့ လူ (သို့) အကြောင်းအရာတွေကို ကိုယ်က ထိန်းချုပ်လို့ ရချင်မှ ရမယ်ဆိုပေမယ့် ညစ်နေတဲ့စိတ်ကိုတော့ ကိုယ်ကပဲ တာဝန်ယူရမှာပါ။
ပုထုဇဉ်လူသားဖြစ်တဲ့အတွက်ကတော့ ရိုက်ခတ်မှုတိုင်း အပေါ်တော့ မတုန်မလှုပ် ကျောက်ဆစ်ရုပ်လို ခံနိုင်ချင်မှ ခံနိုင်မယ်။ ဒါပေမယ့် စိတ်ညစ်လာပြီဆိုရင် သတိလေးကပ်ပြီး အကြာကြီး စိတ်မညစ်နေဖို့ မပျော်ရွှင်ဖြစ်နေတဲ့စိတ်ကို ပြောင်းလဲဖို့အတွက် ကြိုးစားသင့်ပါတယ်။

ဘဝတာတိုတိုလေးမှာ မပျော်ရွှင်ရတဲ့အကြောင်းအရာတွေအတွက် အကြာကြီး အချိန်မဖြုန်းဘဲ Challenge အနေနဲ့ ရင်ဆိုင်သင့်တာ ရင်ဆိုင်ပြီး လျစ်လျူရှုသင့်တာဆို အချိန်မဆိုင်းဘဲ ပစ်ချလိုက်ဖို့လိုအပ်တယ်။

မလွယ်ဘူးဆိုပေမယ့် အရမ်းသန်မာတဲ့ Ascendants လေးတွေအဖို့ကတော့ မဖြစ်နိုင်တာမဟုတ်ပါဘူး။

" စိတ်ညစ် " မနေတော့ဘဲ "စိတ်သစ်လူသစ်" နဲ့ ရက်သတ္တပတ် အသစ်လေး စလိုက်ရအောင်နော်

Polaris - Your Spiritual Compass

✨ရှင်းမယ် ✨လင်းမယ် Virgo Season ဝယ် ဖိစီးမှုအဖြာဖြာ၊ ပျံ့လွှင့်စရာ အာရုံအဖုံဖုံ၊ အစုံစုံသော ခေတ်ကာလအပြောင်းအလဲတွေကြား လေ...
15/08/2025

✨ရှင်းမယ် ✨လင်းမယ် Virgo Season ဝယ်

ဖိစီးမှုအဖြာဖြာ၊ ပျံ့လွှင့်စရာ အာရုံအဖုံဖုံ၊ အစုံစုံသော ခေတ်ကာလအပြောင်းအလဲတွေကြား လေးလံစရာတွေများနေရတဲ့အထဲ သယ်ပိုးစရာ ကိုယ်ရေးကိုယ်တာများထဲမှ ကိုယ့်အတွက် မလိုအပ်တော့တဲ့အရာ၊ မကိုက်ညီတဲ့ Routine ကို ရှင်းလင်းကြရအောင်

Aug 23th မှာ ကျရောက်မယ့် New Moon In Virgo မှာ Declutter လုပ်ပြီး အဓိပ္ပါယ်ရှိရှိ ပေါ့ပါးလွတ်လပ်စွာ ရှင်သန်ကြရအောင်နော်

ကြိုက်နှစ်သက်ရာ ပုံလေးရွေးလို့ ကိုက်ညီရာ Declutter နည်းလေးတွေ စတင်ကြမယ်...

8.8 Lions Gate Portal မှာ manifest လုပ်မယ် ဆုတောင်းကြမယ် Ritual တွေ အမျိုးမျိုးလုပ်ကြမယ်သို့ပေမယ့် လောကီလူသားပေမို့ ဆုတစ...
07/08/2025

8.8 Lions Gate Portal မှာ manifest လုပ်မယ် ဆုတောင်းကြမယ် Ritual တွေ အမျိုးမျိုးလုပ်ကြမယ်
သို့ပေမယ့် လောကီလူသားပေမို့ ဆုတစ်ခုတည်းတောင်းရမယ်ဆိုတော့ ... အတော်လေး အကျပ်ရိုက်စရာဖြစ်ရတယ်... လိုချင်တာအများကြီး ဘယ်ဆုတောင်းရမလဲ မေးကြတဲ့သူများတယ်

ဆုတောင်းမမှားဖို့လည်းလိုသလို ဆုတောင်းတတ်ဖို့လည်းလိုတဲ့အတွက် များပြားလှတဲ့ တောင်းဆုတွေကြား ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ပြောပြချင်ပါတယ် (Ritual တွေကတော့ တော်တော်များများလည်း တင်နေကြတာမလို့ မိမိနဲ့ ကိုက်ညီရာ နှစ်သက်ရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်)

ဆုတောင်းတွေ မရွေးချယ်ခင်မှာ ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ

〽️ သူများတောင်းလို့ လိုက်တောင်းတဲ့ ဆု
〽️ သူများကို အားကျလို့ လိုက်တောင်းတဲ့ဆု
〽️ Peer Pressure တွေကြောင့် ဖြစ်ချင်တဲ့ ဆန္ဒ
〽️ ကိုယ့်ထိုက်တန်တာထက် ပိုသော ဝေးကွာလွန်းသော ဆန္ဒ စတာမျိုးတွေထက် ကိုယ်စိတ်ထဲမှာ 🌟 တကယ်ကိုလိုလားတောင့်တပြီး နှစ်နှစ်ကာကာလိုချင်တဲ့ ဆုတစ်ခုကို ဆန္ဒပြုပါ။ အဲ့အတွက်လည်း လျောက်ပတ်တဲ့ အားထုတ်မှုဆိုတာလည်း လိုပါလိမ့်မယ်။

ဆုတောင်းပြည့်ခဲ့ရင်တောင် အဲ့ဒီအပြောင်းအလဲတွေအတွက် ကိုယ့်မှာ လက်ခံပြောင်းလဲနိုင်စွမ်းရှိနေဖို့လည်းလိုပါတယ်။

မှန်ကန်သော ဆုမွန်ကောင်းများပြုနိုင်ကြပါစေရှင် ....

Ready to make your wish real? Anchor it with ritual. Speak it like a spell. Let it live in your bones.

Polaris ✦ Your Spiritual Compass

🙂‍↔️ ရွှေကိုမလို 🙂‍↔️ငွေကိုမလို 😻ကိုကို... ကိိုကို ဆိုပြီး 🥰ချစ်မှုရေးရာ သိချင်တဲ့သူလေးတွေအတွက် မေးခွန်းလေးတွေ တင်ပေးလို...
03/08/2025

🙂‍↔️ ရွှေကိုမလို 🙂‍↔️ငွေကိုမလို 😻ကိုကို... ကိိုကို ဆိုပြီး 🥰ချစ်မှုရေးရာ သိချင်တဲ့သူလေးတွေအတွက် မေးခွန်းလေးတွေ တင်ပေးလိုက်ပါတယ်ရှင်

အချစ်နဲ့ ပတ်သက်ရင် 😌 ဒီထက်ဆန်းပြားတဲ့ မေးခွန်းလေးတွေလည်း မေးနိုင်မယ်ဆိုတာ သိပေမယ့် ကျန်ခဲ့နိုင်တဲ့ မေးခွန်းလေးတွေ စုစည်းပေးထားတာပါ

Polaris နဲ့ အတူတူ အချစ်ပုစ္ဆာ အဖြေရှာကြမယ်နော် ✍️

🌞August လအတွက် Monthly Compass PAC Reading 🌞August လထဲမှာ သိထားသင့်တဲ့ ထူးခြားမှုသတင်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ...
01/08/2025

🌞August လအတွက် Monthly Compass PAC Reading 🌞
August လထဲမှာ သိထားသင့်တဲ့ ထူးခြားမှုသတင်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်
PAC Rules လေးတွေကို အထူးတလည်တော့ ရှင်းပြနေစရာမလိုတော့ဘူး ဟုတ်...

ကိုယ်သဘောအကျဆုံး ပုံလေး ၁ ပုံကို ရွေးချယ်ပြီး ဒီလအတွက် သိသင့်တာလေးတွေ ဖတ်ကြည့်ရအောင်

တကူးတက ပို့စ်တွေ 💞Share ပေးပြီး နွေးနွေးထွေးထွေး ✍️Review လေးတွေရေးပေး🤩တိုက်တိုက်တွန်းတွန်းနဲ့ Post တင်ဖို့ပါ အားပေးကြတဲ...
21/07/2025

တကူးတက ပို့စ်တွေ 💞Share ပေးပြီး နွေးနွေးထွေးထွေး ✍️Review လေးတွေရေးပေး
🤩တိုက်တိုက်တွန်းတွန်းနဲ့ Post တင်ဖို့ပါ အားပေးကြတဲ့ 🌟Ascendants လေးတွေကိုလည်း ကျေးဇူးတင်ပါတယ်ရှင်

ရှေ့ဆက်လျှောက်ဖို့ အားတွေလည်း ဖြစ်ရပါတယ်💪
Polaris – Your Spiritual Compass

🃏 Tarot မေးချင်လို့...ဘာလေးတွေ မေးလို့ရလဲ??🧐စိတ်ထဲရှိတာတွေကို ထိထိရောက်ရောက်တိတိကျကျ မေးချင်ပေမယ့် မမေးတတ်လို့..🤔စိတ်ထဲမ...
16/07/2025

🃏 Tarot မေးချင်လို့...ဘာလေးတွေ မေးလို့ရလဲ??
🧐စိတ်ထဲရှိတာတွေကို ထိထိရောက်ရောက်တိတိကျကျ မေးချင်ပေမယ့် မမေးတတ်လို့..🤔စိတ်ထဲမှာ ပြည့်နေတော့ ဘယ်ကနေ အစဆွဲထုတ်ရမလဲ မသိဘူးဆိုရင်...

ဒီ 🃏 Tarot Sample Questions လေးတွေနဲ့ ကိုယ်သိချင်တာလေးတွေ ဖြေးဖြေးချင်းအစဖော်လို့ရပါတယ်
💰အလုပ်ကိုင်နဲ့ 💎စီးပွားရေးအတွက် နမူနာလေးတွေအပြင် တခြား အကြောင်း အရာလေးတွေကိုလည်း ထပ်တင်ပေးမယ်နော်

🤗ဒီမေးခွန်းတွေမှရယ် မဟုတ်ပါဘူး ကိုယ်သိချင်တဲ့ အကြောင်းအရာလေးတွေ မေးလို့ရပါတယ်နော်... မမေးတတ်ဘူးဆိုလည်း မဖော်ပြတတ်တော့ဘူးဆိုလည်း 🧶စိတ်ချည်လုံးလေးတွေကို Polaris နဲ့ အတူတူ ထိုင်ဖြေကြတာပေါ့

Don’t worry — 🌟 Polaris is forever your constant star.

🌟ပြည့်ဝပျော်ရွှင် Private 🎂 Birthday Tarot Session တွင် ...The joy of reading 🔮 for a private birthday session — a sweet...
14/07/2025

🌟ပြည့်ဝပျော်ရွှင် Private 🎂 Birthday Tarot Session တွင် ...

The joy of reading 🔮 for a private birthday session — a sweet celebration with the birthday girl and her best friends.

Every reading is a mirror: every session, a soft unfolding.

Polaris ရဲ့ Ascendants တို့ရေ... Bommy ရဲ့ Personal Account ကို Direct လာမေးတဲ့ Querent တွေကိုပဲ Reading လေးတွေ လုပ်ပေးဖ...
11/07/2025

Polaris ရဲ့ Ascendants တို့ရေ...
Bommy ရဲ့ Personal Account ကို Direct လာမေးတဲ့ Querent တွေကိုပဲ Reading လေးတွေ လုပ်ပေးဖြစ်နေပေမယ့် Page လေးကိုတော့ အချိန်အတန်ကြာ ရပ်နားထားခဲ့ပါတယ်။ Bloomery ဆိုတဲ့ နာမည်လေးကနေ Bommy ရဲ့ ယုံကြည်ချက်၊ ရည်ရွယ်ချက်နဲ့ ပိုမိုကိုက်ညီ Align ဖြစ်တဲ့ ⭐️ Polaris ⭐️ ဆိုတဲ့ နာမည်လေးနဲ့ Page ပြန်လည်အသက်သွင်းပါတော့မယ်ရှင် .. Branding လေးကိုလည်း သေချာလုပ်ချင်တဲ့အတွက်ကြောင့် အချိန်တော်တော်ကြာယူဖြစ်သွားတာလည်းပါပါတယ်။

Bommy ရဲ့ Polaris က 🌞 ဘဝကို ပြည့်ဝပျော်ရွှင် ကျေနပ်စွာ နေထိုင်ချင်သူတွေအတွက် 🍃 အောင်မြင်အေးချမ်းတဲ့ဘဝကို လျှောက်လှမ်းလိုသူတွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုတွေကို ရွေးချယ်နိုင်အောင် ကူညီလမ်းပြပေးဖို့ရည်ရွယ်ပါတယ်။

🎴 Tarot Reading
☸️ Birth Chart Reading တွေကနေ တဆင့်
💫ဘဝရဲ့အချိုးအကွေ့တိုင်းမှာ ကိုယ့်ရဲ့ ဖုံးကွယ်မေ့လျော့နေတဲ့ ပင်ကိုယ်စွမ်းရည်တွေကို ဖော်ထုတ်ပြီး မှန်ကန်သင့်လျော်တဲ့ ရွေးချယ်မှုတွေပြုလုပ်နိုင်ဖို့
🏆ကိုယ့်ရဲ့ ဘဝပန်းတိုင် ဆန္ဒရှိရာကို လျှောက်လှမ်းတဲ့အခါ အရှေ့မှာ ရှိလာနိုင်တဲ့ အခွင့်အလမ်းတွေကို ကြိုတင်သိမြင်နိုင်ဖို့ 🧭 Compass လေးတစ်ခုအဖြစ် ရှိနေပေးမှာပါ။
🍂မိမိကိုယ်ကို ပျောက်ဆုံးနေတယ်...မရေရာမှုတွေနဲ့ ဘဝခရီးမှာ ဝေဝါးနေတယ်ဆိုရင်လည်း ⭐️ဓူဝံကြယ်လို လမ်းပြကြယ်လေးအဖြစ် ရှိနေမှာပေါ့...

ပြည့်ဝပျော်ရွှင်အေးချမ်းမှုများဆီသို့

Polaris – Your Spiritual Compass

For those who feel lost, misaligned, or quietly awakening…The journey begins gently.Come home to your soul.Polaris - You...
07/07/2025

For those who feel lost, misaligned, or quietly awakening…
The journey begins gently.
Come home to your soul.

Polaris - Your Spiritual Compass

Address

80 University Avenue Road, Bahan Township, Yangon.
Yangon
11201

Website

Alerts

Be the first to know and let us send you an email when Polaris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram