Dr. Mon Myat Htun GP

Dr. Mon Myat Htun GP International certified General Practitioner, Doctor, who loves sharing women's health, maternal and child health. Health Education channel!

30/03/2026

သားလေးအတွက် တစ်နေ့စာ ပြင်ဆင်ခြင်း

မနက်စာ- နို့ထောပတ်ငှက်ပျောသီးကြော်
နေ့လည်စာ ညစာ - ငါးချိုချဥ်ဆန်ပြုတ်
အဆာပြေမုန့် - Chia seeds ပူတင်း

အလုပ်သွားတဲ့နေ့ Rowan လေးအတွက်ပြင်ဆင်ချက်ပြုတ်ပုံလေးပါ ။ Working Mom တွေအတွက် အဆင်ပြေအောင် sharing လုပ်လိုက်ပါတယ်ရှင်။

#၈လအထက်
#ကလေးဖြည့်စွက်စာ

19/03/2026

ဘဝတူတွေရှိကြလား မေမေတို့ရေ 😁

17/03/2026

ပန်းပွင့်စိမ်း ကြက်ဥကိတ်မုန့်

ပါဝင်ပစ္စည်း - ပန်းပွင့်စိမ်း၊ ကြက်ဥ၊ cheese powder၊ pancake powder
Baby လေးတွေ Breakfast ဖြစ်ဖြစ် Snack Time မှာ ဖြစ်ဖြစ်ကျွေးလို့ရလို့ မေမေတို့စမ်းလုပ်ကြည့်နော် 😊

၇လအထက် ကြက်ဥစမ်းပြီးတဲ့ baby လေးတွေကိုကျွေးနိုင်ပါတယ်။
အရွက်ကျွေးရခက်တဲ့ baby လေးတွေကို ဒီလိုလေးလုပ်ကျွေးလို့ရပါတယ်
#ကလေးဖြည့်စွက်စာ
#၇လအထက်




ချက်ထားတဲ့ကလေးဖြည့်စွက်စာတွေကို ဘယ်လောက်ကြာ ခဲပြီးသိမ်းလို့ရလဲ? Working Mom တွေပဲဖြစ်ဖြစ် မအားလပ်လို့ကလေးအတွက် အစာတွေကို...
11/03/2026

ချက်ထားတဲ့ကလေးဖြည့်စွက်စာတွေကို ဘယ်လောက်ကြာ ခဲပြီးသိမ်းလို့ရလဲ?

Working Mom တွေပဲဖြစ်ဖြစ် မအားလပ်လို့ကလေးအတွက် အစာတွေကို ရက်များများစာ ကြိုတင်ချက်ပြီး သိမ်းထားတဲ့အခါ
🤔 ဘယ်လောက်ကြာသိမ်းလို့ရလဲ?
🤔 ဒီလိုသိမ်းထားတာ စိတ်ချရရဲ့လား?
🤔 ကျန်းမာရေးထိခိုက်စေလား?
🤔 အာဟာရပြည့်ပြည့်ဝဝရမှာလား?
ဆိုတာ မေမေတို့တွေးပြီးစိတ်ပူကြမယ်လို့ထင်ပါတယ်။

လတ်လတ်ဆတ်ဆတ်ချက်ကျွေးတာအကောင်းဆုံးဆိုပေမယ့် ကလေးဆာတဲ့အခါ အမြန်အဆင်သင့်ဖြစ်ဖို့ရော၊ မအားတာရော ၊ ပျင်းတာရောအပါပေါ့ 😁ဆရာမကိုယ်တိုင်လည်း သားလေးအတွက် ဒီလိုမျိုး ၃ရက်စာ ၄ရက်စာလောက် ကြိုချက်ပြီး သိမ်းလေ့ရှိပါတယ်။

သိမ်းပြီးကျွေးတာ စိတ်ချရလား ဆိုစိတ်ချရပါတယ်။ ကျန်းမာရေးထိခိုက်မှုမရှိအောင်ဆို ဂရုတစိုက်ပြင်ဆင်သိမ်းဆည်းတဲ့ပေါ်ပဲမူတည်ပါတယ်။

❓ ဘယ်လောက်ကြာသိမ်းလို့ရလဲ
အစားအစာတွေကို ပူပူနွေးနွေး ချက်ပြုတ်ပြီးရင် အရင်ဆုံးအအေးခံရပါတယ် ( 1နာရီ 2နာရီ လောက်ပေါ့) ပြီးရင်တော့ ရေခဲသေတ္တာ ထဲထည့်သိမ်းပါတယ်။
👉 ရေခဲသေတ္တာ ရိုးရိုးအကန့်ဆို ၂၄နာရီအတွင်းစားသုံးပေးတာအကောင်းဆုံးပါ။
👉 ရေခဲသေတ္တာ အခဲအကန့်မှာဆို ၁လမှ ၃လ အထိ ထားနိုင်ပါတယ်။

အမျိုးအစားခွဲပြီးပြောရရင်တော့👇
🍏🥦 အသီးများ၊ အရွက်များဖြင့်လုပ်ထားပြီး Purees တွေက ရေခဲသေတ္တာ
👉 ရိုးရိုးအကန့်မှာ 2ရက်မှ3ရက်အထိ ထားနိုင်ပါတယ်။ 👉 အခဲကန့်ထဲမှာဆို ၆လမှ ၈လ အထိ ထားသိမ်းနိင်ပါတယ်။
🍗🥚 ချက်ထားတဲ့ အသားနဲ့ဥများကတော့
👉 ရိုးရိုးအကန့်မှာဆို 24နာရီ ၁ရက်ပဲထားသင့်ပါတယ်။
👉 အခဲကန့် မှာဆို ၁လမှ၂လ ထိ ထားနိုင်ပါတယ်

🥗 အသားရောအရွက်ရော အစုံချက်ထားတဲ့ ဝါစိမ်းနီအစာတွေက
👉 ရိုးရိုးအကန့်မှာ ၁ရက်မှ၂ရက်အထိ ထားနိုင်ပြီး
👉 အခဲကန့်မှာဆို ၁လမှ၂လထိ ထားနိုင်ပါတယ်။

ဒါကတော့ အများဆုံးထားနိုင်တဲ့ အချိန်ကာလကိုဖော်ပြထားခြင်းဖြစ်ပါတယ်။

အစာသိမ်းရန်ခွက်များကို ဖန်၊ Food grade စီလီကွန်၊ BPA free ပလပ်စတစ် ခွက်များဖြင့် သိမ်းနိုင်ပါတယ်။ ''အဖုံးပါ လေလုံ'' ဖို့တော့လိုပါတယ်။ ဒီလိုမျိုး စနစ်တကျ သိမ်းမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး ကလေးလည်းအာဟာရပြည့်ဝစွာရမှာပဲဖြစ်ပါတယ်။

📌သတိပြုရန်အချက်များ
🛑ကလေးစားပြီးအကျန်များ၊ ကလေးကိုတိုက်ရိုက်ကျွေးတဲ့ဇွန်းနဲ့ခပ်ထားသည်များကို ပြန်မသိမ်းရပါ။ ( တံတွေးမှတစ်ဆင့် ဘက်တီးရီးယား ပိုးမွှားများ ပေါက်စေလို့ပါ)
🛑ခဲထားသည်များ၊ အအေးခန်းမှထုတ်လာသည်များကို အပူပေးနွှေးပြီးပါက ပြန်မခဲရပါ။

အချိန်ကြာလေလေ အစားအစာရဲ့ အနံ့အရသာကတော့ ပြောင်းလဲနိုင်လေမို့ မေမေတို့လည်း ချင့်ချိန်ပြီးသိမ်းလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်ရှင်။ မေမေတို့ရော baby လေးတွေကို နေ့တိုင်းချက်ကျွေးကြလား သိမ်းပြီးကျွေးကြလားရှင့်? ထပ်သိချင်တာရှိရင်လည်း comment မှာမေးမြန်းနိင်ပါတယ်နော်။ 🥰

ရေးသားသူ ✍
Dr. Mon Myat Htun
M.B.,B.S(YGN)
MRCGP[ International]
အထွေထွေရောဂါကု ဆရာဝန်

( စာများကိုတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါတယ်)

အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။

ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
🏥ဆေးခန်းလိပ်စာ - အမှတ် ၂က၊ (၁၆၆) လမ်း၊ တာမွေကြီး (ခ)ရပ်ကွက်၊ တာမွေမြို့နယ်။
⏱ဆေးခန်း ဖွင့်ချိန် - နံနက် ၉ နာရီ မှ ည၇နာရီထိ
095063031, 09795389583
(ကြိုတင်စာရင်းပေးရန်လိုသည်)

08/03/2026

ခဲထားတဲ့ ကလေးဖြည့်စွက်စာတွေကို ဘယ်လိုပြန်နွှေးလဲ?
#အစာနွှေးခြင်းနည်းလမ်း
#ကလေးဖြည့်စွက်စာ
#ခဲထားသောအစာ

04/03/2026

၇လ ကလေးဖြည့်စွက်စာချက်နည်း

ဆန်+ပဲနီပဲဝါ+ကြက်သား+ခရမ်းသီး+ပန်းပွင့်စိမ်း+ရွှေဖရုံသီး+ဂေါ်ရခါးသီး
#ကလေးဖြည့်စွက်စာ
#ဝါစိမ်းနီချက်နည်း

01/03/2026

၇လ အရွယ်ကလေးနဲ့ ခရီးသွားတဲ့အခါ ခရီးမှာ ဘယ်လိုတွေပြင်ဆင်ကျွေးလဲ? ဘာတွေသယ်သွားလဲ?
#ကလေး
#ခရီးသွား
#ကလေးဖြည့်စွက်စာ

24/02/2026

၇လ ဖြည့်စွက်စာ ချက်နည်း
( ကြက်သား+ ရွှေဖရုံသီး + ပဲတောင့်ရှည် + မုန်လာဥဖြူ+ ပဲနီလေး + ဆန်)
ခရီးသွားမှာဖြစ်လို့ ရက်များများ ၅ရက်စာချက်ဖြစ်ပါတယ် 😊

#ကလေးဖြည့်စွက်စာ
#၇လဖြည့်စွက်စာ
#ဝါစိမ်းနီ
#ဖြည့်စွက်စာချက်နည်း

10/02/2026

၆လ ကလေးဖြည့်စွက်စာ
ဆန်+ပဲနီလေး+ဂေါ်ရခါးညွန့်+မုန်လာဥနီ+ငါးကြင်းဖြူ
သားသားအတွက်ချက်ဖြစ်တာလေးပါ
#ကလေးဖြည့်စွက်စာ
#၆လပြည့်ဖြည့်စွက်စာ

01/02/2026

ကလေးကို တစ်နေ့ နို့ဘယ်လောက်ပမာဏတိုက်သင့်လဲ?
ကလေးသောက်တာနည်းနေလားလုံလောက်ရဲ့လား ကိုယ်တိုင်တွက်ချက်တဲ့နည်းလမ်းလေးရှင်းပြထားပါတယ် 😊

#နို့တိုက်မိခင်
#မိခင်နို့

❓ ကိုယ်ဝန်ပျ-က်-ကျပြီးနောက် ဘယ်တော့အတူပြန်နေလို့ရလဲ?အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ပျ-က်-ကျပြီးတဲ့အခါ အချို့စုံတွဲတွ...
30/01/2026

❓ ကိုယ်ဝန်ပျ-က်-ကျပြီးနောက် ဘယ်တော့အတူပြန်နေလို့ရလဲ?

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ပျ-က်-ကျပြီးတဲ့အခါ အချို့စုံတွဲတွေမှာ ကလေးချက်ချင်းပြန်လိုချင်လို့ အတူဘယ်တော့နေလို့ရပြီလဲ သိချင်ကြတယ်.
အချို့အမျိုးသမီးတွေကြတော့လည်း မနေချင်သေးလို့ တစ်လလောက်မနေရဘူးလို့ အမျိုးသားကို ပြောပေးပါဆိုပြီးလည်း ဆရာမကိုတောင်းဆိုပြီးပြောခိုင်းတာမျိုးတွေလည်းကြုံရတယ်

💡 ဒါကြောင့် အမှန်တကယ်အတူပြန်နေလို့ရတဲ့အချိန်ကတော့ ကိုယ်ဝန်ပျ-က်-လို့ သွေးအကုန်ဆင်းပြီး နောက်ဆက်တွဲဘာပြသနာမှလည်းမရှိဘဲ သွေးဆင်းတာလုံးဝရပ်သွားချိန်ကနေ ''၃ရက်''ဆိုရင်ရပါပြီ။ တစ်နည်းအားဖြင့်ဆို သွေး ''၃ရက်'' ဆက်တိုက်မဆင်းတော့ဘူးဆို အတူပြန်နေလို့ရပါပြီ။ နောက်တစ်ခါရာသီပြန်ပေါ်တဲ့အထိစောင့်ရန်မလိုပါ။ ကလေးပြန်ယူသင့်တဲ့အကောင်းဆုံးအချိန်ကတော့ ရှေ့ကဆောင်းပါးမှာ ဖော်ပြပြီးပြီဖြစ်လို့ ဖတ်ရှုနိုင် ပါတယ်ရှင်။

ရေးသားသူ ✍
Dr. Mon Myat Htun
M.B.,B.S(YGN)
MRCGP[ International]
အထွေထွေရောဂါကု ဆရာဝန်

( စာများကိုတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါတယ်)

အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။

ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
🏥ဆေးခန်းလိပ်စာ - အမှတ် ၂က၊ (၁၆၆) လမ်း၊ တာမွေကြီး (ခ)ရပ်ကွက်၊ တာမွေမြို့နယ်။
⏱ဆေးခန်း ဖွင့်ချိန် - နံနက် ၉ နာရီ မှ ည၇နာရီထိ
095063031, 09795389583
(ကြိုတင်စာရင်းပေးရန်လိုသည်)

Address

Yangon

Telephone

+959795389583

Website

Alerts

Be the first to know and let us send you an email when Dr. Mon Myat Htun GP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mon Myat Htun GP:

Share