Thurein Mon Oncology Clinic

Thurein Mon Oncology Clinic We care for your health.

ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအ​ကြောင်းနဲ့ မည်သို့ ပြုမူနေထိုင်ရမည်ကို တစ်ခုစီ ပြောပြပေးပါမယ်၃/ ဆံပင်ကျွတ...
26/01/2024

ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအ​ကြောင်းနဲ့ မည်သို့ ပြုမူနေထိုင်ရမည်ကို တစ်ခုစီ ပြောပြပေးပါမယ်

၃/ ဆံပင်ကျွတ်ခြင်း

ကင်ဆာဆေးသွင်း ကုသခြင်း၏ လက္ခဏာဟု ဆိုပါလျှင် လူအများဆုံးသိသည်က ဆံပင်ကျွတ်ခြင်းပင် ဖြစ်ပါသည်။ အချို့ သော ကင်ဆာဆေးများသည် အနည်းငယ် (သို့) ဆံပင်လုံး၀ ကျွတ်ခြင်း မရှိသော်လည်း၊ အချို့ဆေးများမှာ ဆံပင်အားလုံးသာမက၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ မျက်တောင်၊ မျက်ခုံးနှင့် ချိုင်းမွေးများပါ ကျွတ်စေနိုင်ပါသည်။ ထို့ကြောင့် ကင်ဆာဆေးကြောင့် ဆံပင်ကျွတ်ခြင်းသည် သွင်းယူကုသသည့် ဆေးအမျိုးအစားနှင့် ဆေးပမာဏနှင့် ကိုယ်ခန္ဓာ၏ ဆေးအပေါ်တုန့်ပြန်မှု အပေါ်မူတည်ပါသည်။
ဆံပင်ကျွတ်ခြင်းသည် ဆေးသွင်းပြီး ရက်အနည်းငယ် အကြာတွင် စတင်တတ်ပါသည်။ ဆေးသွင်းနေစဉ်အတွင်း ဆံပင်ပြန်မပေါက်ဘဲ ဆက်လက်ကျွတ်နိုင်ပြီး အမြဲမဟုတ်ဘဲ ဆေးသွင်းပြီး ၃-၄ လ လောက်အကြာတွင် ဆံပင်များ ပြန်လည်စတင်ပေါက်လာမည် ဖြစ်သည်။

မည်သို့ ပြုမူနေထိုင် သင့်သနည်း။

(၁) အကယ်၍ သင်ဆေးသွင်း ကုသမည့် ကင်ဆာဆေးသည် ဆံပင်ကျွတ်စေမည် ဆိုပါက ဆေးသွင်းကုသမှု မစတင်မှီ ဆံပင်အတိုညှပ်သင့်ပါသည် (အကယ်၍ ဆံပင်ကို ထားနိုင်သမျှထားမည်ဟု ဆုံးဖြတ်ထားလျှင်)၊ ရှည်လျားသော ဆံပင်၏ အလေးချိန်ကြောင့် ဦးရည်ပြားမှ ဆံပင်ကို ဆွဲသလိုဖြစ်ပြီး ဆံပင်ကျွတ်ခြင်းကို ပိုမိုမြန်ဆန်စေနိုင်ပါသည်။ သို့မဟုတ် ကင်ဆာဆေး မစတင်မှီ ကတုံးတုံးထားခြင်းဖြင့် ကင်ဆာဆေးကြောင့် ဆံပင်ကျွတ်ခြင်းမှ ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ စိတ်ဓာတ်ကျမှုများမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

(၂) ဆံပင်အတု တပ်ခြင်း

(၃) ကင်ဆာဆေးသွင်းစဉ်တွင် အာနိသင်ပြင်းထန်သော ခေါင်းလျှော်ရည်နှင့် ဆံပင်နှင့် ပတ်သတ်သော ထုတ်ကုန်များကို မသုံးစွဲသင့်ပါ။

(၄) ဆံပင်ဖီးလျှင် ဘီးကျဲဖြင့်သာ ဖီးသင့်ပါသည်။

(၅)ဆေးသွင်းကုသစဉ်နှင့် ကုသပြီး ၃-၄ လအထိ ဆံပင်ဆေးဆိုးခြင်း မပြုလုပ်သင့်ပါ။

သူရိန်မွန် ကင်ဆာအထူးကုဆေးခန်း
☎️ 01-508049 , 09-777324744
⏱️ မနက် ၁၀ နာရီမှ ညနေ ၆နာရီထိ (တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်ပါသည်)
🏥လိပ်စာ - ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
🚏ကားမှတ်တိုင် - အထက်ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်

ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအ​ကြောင်းနဲ့ မည်သို့ ပြုမူနေထိုင်ရမည်ကို တစ်ခုစီ ပြောပြပေးပါမယ်၂/ ပါးစပ်အနာ...
23/12/2023

ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအ​ကြောင်းနဲ့ မည်သို့ ပြုမူနေထိုင်ရမည်ကို တစ်ခုစီ ပြောပြပေးပါမယ်

၂/ ပါးစပ်အနာပေါက်ခြင်း
အချို့သော ကင်ဆာဆေးသွင်း ကုသမှုများတွင် ပါးစပ်အတွင်းပိုင်း ရောင်ရမ်းနာကျင်မှုများ ဖြစ်ပေါ်တတ်ပြီး ထိုမှတဆင့် ပါးစပ်အနာများ ဖြစ်တတ်ပါသည်။ ပါးစပ်အတွင်းပိုင်း ရောင်ရမ်းခြင်းသည် ကင်ဆာဆေးသွင်းပြီး ရက်အနည်းငယ် အကြာတွင် ဖြစ်ပေါ်တတ်ပြီး ၃-၄ ပတ် အကြာတွင် အလိုလိုပြန်လည် ပျောက်ကင်းသွားတတ်ပါသည်။ သို့သော်လဲ ပါးစပ်ထဲတွင် မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားများ ရှိသဖြင့် ရောင်ရမ်းနာသို့ ပိုးမွှားများ ၀င်ရောက်ပြီး အနာရင်းစေနိုင်ပါသည်။ အကယ်၍ ဆေးသွင်းပြီး ပါးစပ်အနာဖြစ်လာလျှင် ဆရာဝန်နှင့် တိုင်ပင်၍ ဆရာဝန်ညွန်ကြားသည့် အတိုင်း သောက်ဆေးများဖြင့် အနာကို သက်သာစေနိုင်ပြီး ပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။


မည်သို့ပြုမူနေထိုင်သင့်သနည်း။

(၁) ခံတွင်း သန့်ရှင်းရေးနှင့် သွားသန့်ရှင်းရေးကို ဂရုစိုက်ပါ။ အစာစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်တွင် ခံတွင်းဆေးကြောခြင်းနှင့် ပုံမှန်သွားတိုက်ခြင်းများကို နေ့စဉ်ပြုလုပ်ပေးပါ။ သွားတိုက်ရာတွင် သွားတိုက်တံ အနုကို သုံးစွဲသင့်ပါသည်။

(၂) နှုတ်ခမ်းခြောက်ရာမှ နှုတ်ခမ်း အနာဖြစ်ခြင်းကို ဖြစ်ပေါ်စေသဖြင့် ၊ နှုတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရန် နှုတ်ခမ်းဆီ တမျိုးမျိုးကို သုံးစွဲသင့်ပါသည်။

(၃) တနေ့ကို အနည်းဆုံး ရေ ၂ လီတာခန့် သောက်သုံးရပါမည်။ ရေသာမက လက်ဖက်ရည်၊ သစ်သီးဖျော်ရည် တို့ကိုလဲ သောက်သုံးနိုင်သည်။

(၄) အလွန်ပူသော အစားအစာများ၊ အစပ်များ၊ အငန်လွန်ကဲသော အစာများနှင့် မာကြောကြွတ်ဆတ်သော အစားများ (အကြော်ပူများ၊ ပေါင်မုန့်အမာများ) သည် ပါးစပ်အတွင်းသား ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေနိုင်သဖြင့် ပါးစပ်အနာဖြစ်နေလျှင် တတ်နိုင်သလောက် ရှောင်ရှား စားသုံးသင့်ပါသည်။

(၅) ပျော့ပျောင်း၍ မြိုချရန်လွယ်ကူသော အစာများ ဖြစ်တဲ့ ဆန်ပြုတ်၊ အာလူးပေါင်း၊ ရေခဲမုန့်၊ နို့၊ အသီးနုနု တို့ကို စားသုံးသင့်ပါသည်။

(၆) အရက်ပြန်ပါ၀င်သော ခံတွင်းသန့်ရှင်းရေး ဆေးရည်များကို မသုံးသင့်ပါ။ ခံတွင်းသန်ရှင်းရေး အတွက် ဆားရည်ကို ပလုတ်ကျင်းနိုင်ပါသည်။ သို့မဟုတ် ဆရာဝန် ညွှန်ကြားသော ခံတွင်းဆေးရည်ကို ညွှန်ကြားသည့် အတိုင်း အသုံးပြုခြင်းဖြင့် ခံတွင်း အတွင်းသား ရောင်ရမ်းခြင်းမှ ကာကွယ်နိုင်ပါသည်။ အကယ်၍ ခံတွင်းအတွင်း အနာဖြစ်လာပါက ဆရာဝန်ကို အသိပေးရမည်ဖြစ်ပြီး ဆရာဝန်မှ လိုအပ်သော ဆေးနှင့် ကုသမှုများဖြင့် အနာအမြန်ဆုံး ပျောက်ကင်းအောင် ကူညီကုသပေးမည် ဖြစ်သည်။

သူရိန်မွန် ကင်ဆာအထူးကုဆေးခန်း
☎️ 01-508049 , 09-777324744
⏱️ မနက် ၁၀ နာရီမှ ညနေ ၆နာရီထိ (တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်ပါသည်)
🏥လိပ်စာ - ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
🚏ကားမှတ်တိုင် - အထက်ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်

ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအ​ကြောင်းနဲ့ မည်သို့ ပြုမူနေထိုင်ရမည်ကို တစ်ခုစီ ပြောပြပေးပါမယ်၁/ ပျို့အန်ခ...
20/12/2023

ကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများအ​ကြောင်းနဲ့ မည်သို့ ပြုမူနေထိုင်ရမည်ကို တစ်ခုစီ ပြောပြပေးပါမယ်

၁/ ပျို့အန်ခြင်း

ပျို့အန်ခြင်းသည် ကင်ဆာဆေးသွင်းပြီး နာရီအနည်းငယ် အကြာတွင် စတင်တတ်ပြီး၊ နာရီပိုင်းမှ ရက်အနည်းငယ်ထိ ကြာမြင့်တတ်ပါသည်။ ခံစားရသည့် လက္ခဏာများသည်လည်း ပြင်းထန်ခြင်းမရှိပဲ ထိုဘေးထွက်ဆိုးကျိုးမျိုးကို ကာကွယ်ရန် ကင်ဆာဆေးမသွင်းမှီ အအန်ပျောက်ဆေးကို လူနာ၏ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်မှုကို မူတည်၍ ကြိုတင်ပေးထားမှာ ဖြစ်ပါသည်။
ပျို့အန်ခြင်းသည် အလွန်အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်သော်လည်း ကင်ဆာဆေးသွင်းကုသသူ အများစုမှာ ယခုအခါတွင် ထိုဘေးထွက်ဆိုးကျိုးကို ခံစားရခြင်း မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် အလွန်အစွမ်းထက်သော ပျို့အန်ပျောက်ဆေးများဖြင့် ထိုဘေးထွက်ဆိုးကျိုးကို ကုသထိန်းချုပ်နိုင်သဖြင့် လွန်ခဲ့သော နှစ်များက ဆေးသွင်းကုသ သကဲ့သို့ လူနာများ မခံစားရတော့ပါ။

မည်သို့ ပြုမူနေထိုင်သင့်သနည်း။

(၁) ကင်ဆာဆေးသွင်းခြင်း မပြုလုပ်မီ အစာအနည်းငယ် အဆာပြေစားပါ၊ ထို့နောက် ကင်ဆာဆေးသွင်းသွင်းပြီးချင်း အစာကို အများအပြား စားသုံးရန် မသင့်ပါ။

(၂) ဆရာဝန်မှ ပေးသော ပျို့အန်ပျောက်ဆေးကို ညွှန်ကြားထားသည့်အတိုင်း ဆေးသွင်းပြီးသည့် နေ့မှစ၍ မှန်မှန်သောက်သုံးပါ။ မှန်မှန်မသောက်ပဲ ပျို့အန်ချင်လာမှ သောက်သုံးလျှင် ဆေးအာနိသင် ချက်ချင်းရရှိမည် မဟုတ်ပဲ ထိုဘေးထွက်ဆိုးကျိုးကို ခံစားရမည်သာ ဖြစ်သည်။

(၃) အစာစားရာတွင်လည်း ပမာဏအနည်းငယ်ကို အကြိမ်အရေအတွက် များများ စားပေးပါ။ အစားအစာကို တနေ့စာ လိုအပ်သော ပမာဏကို ပြည့်မှီအောင် စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာတွင်း ဇီဝကမ္မ ဖြစ်စဉ်များ အတွက် လိုအပ်သော ကိုယ်တွင်းစွမ်းအင်ကို ရရှိစေသည့်အပြင်၊ ဆေးသွင်းကုသမှုဒဏ်ကို တွန်းလှန်နိုင်မည့် ကိုယ်ခံအားနှင့် လိုအပ်သော ဇီဝကြံ့ခိုင်မှုကို ရရှိစေနိုင်ပါသည်။

(၄) အစာကို အလောတကြီး မစားပါနှင့်၊ ကြေညက်အောင် ဝါးစားပါ။

(၅) အပူအစပ်များ၊ အဆီများသော အစာ၊ အလွန်ချိုသော အစာများနှင့် အနံ့ပြင်းသော အစာများကို ရှောင်ရှားသင့်ပါသည်။

(၆) ဖြစ်နိုင်လျှင် စက်ဖြင့် ချေညက်ထားသော အစာကိုစားပါ။ အဆီများသော အကြော်အလှော်များကိုလဲ ရှောင်ကျဉ်သင့်ပါသည်။

(၇) အစာကို အအေးခံပြီးမှ စားသုံးလျှင် ပိုမိုသင့်လျှော်ပါသည်၊ ပူနွေးသော အစာမှ အနံ့သည် ပျို့အန် ခြင်းကို ပိုမိုဆိုးရွားစေ နိုင်ပါသည်။

(၈) အနံ့ပြင်းသော ရေမွှေးများကိုလည်း တတ်နိုင်သမျှ ရှောင်ရှားသင့်ပါသည်။

(၉) အကယ်၍ ပျို့အန်ချင်လာလျှင် အသက်ရှုသွင်း ရှုထုတ် မှန်မှန်လုပ်ပေးပါ။

(၁၀) ရေကို နည်းနည်းနှင့် မကြာခဏသောက်ပေးပါ၊ အစာစားပြီး တစ်နာရီနှင့် မစားမှီ တစ်နာရီတွင် ရေပိုသောက်ပေးပါ။ ဖျော်ရည် အနေဖြင့် အချိုရှောင်ထားသော သဘာဝသစ်သီးဖျော်ရည်များကို သောက်သုံးနိုင်ပါသည်။

သူရိန်မွန် ကင်ဆာအထူးကုဆေးခန်း
☎️ 01-508049 , 09-777324744
⏱️ မနက် ၁၀ နာရီမှ ညနေ ၆နာရီထိ (တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်ပါသည်)
🏥လိပ်စာ - ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
🚏ကားမှတ်တိုင် - အထက်ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်

ကင်ဆာဆေးသွင်း ကုသခြင်းရဲ့  ဘေးထွက် ဆိုးကျိုးတွေကတော့§   ပျို့အန်ခြင်း§   ပါးစပ်အနာပေါက်ခြင်း§   ဆံပင်ကျွတ်ခြင်း§   ၀မ်းပ...
16/05/2023

ကင်ဆာဆေးသွင်း ကုသခြင်းရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့

§ ပျို့အန်ခြင်း
§ ပါးစပ်အနာပေါက်ခြင်း
§ ဆံပင်ကျွတ်ခြင်း
§ ၀မ်းပျက် ၀မ်းလျှောခြင်း
§ ၀မ်းချုပ်ခြင်း
§ ရိုးတွင်းချင်ဆီ အားနည်းခြင်း (သွေးဖြူဥ၊ သသွေးနီဥနှင့် သွေးတိတ်စေသာ သွေးဆဲလ်များကျဆင်းခြင်း)
§ သွေးအားနည်း ဖြူဖျော့ခြင်း
§ အားနည်း ချည့်နဲ့ခြင်း
§ အာရုံကြောနှင့် ပတ်သတ်သော ဆိုးကျိုးများ
§ လက်သည်း ခြေသည်းများ ပြောင်းလဲခြင်း
§ ဖောခြင်း
§ ကိုယ်အလေးချိန် ကျဆင်းခြင်း
§ လိင်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ဖြစ်နိုင်ပါတယ်

လူတိုင်း အထက်တွင်ဖော်ပြထားသော ဆိုးကျိုးများကို အကုန်မခံစားရနိုင်ဘဲ မိမိခံနိုင်ရည်အားပေါ်မူတည်ပြီး အချို့ကိုသာ ခံစားရနိုင်ပါတယ်

ဆေးပညာတိုးတက်လာမှုနဲ့ အတူ အထက်ပါကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးများကို ကုသထိန်းချုပ်မှုလည်း အလွန်တိုးတက်လာနေပြီ ဖြစ်ပါတယ်

သူရိန်မွန် ကင်ဆာအထူးကုဆေးခန်း
☎️ 01-508049 , 09-777324744
⏱️ မနက် ၁၀ နာရီမှ ညနေ ၆နာရီထိ (တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်ပါသည်)
🏥လိပ်စာ - ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
🚏ကားမှတ်တိုင် - အထက်ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်

09/05/2023

သူရိန်မွန် ကင်ဆာအထူးကုဆေးခန်းတွင် ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူလိုပါက ​အောက်ပါ ဖုန်းနံပါတ်များကိုဆက်၍ booking ရယူနိုင်ပါသည်။

👩‍⚕Dr.Daw Shu Mon (Medical Oncologist)
M.B.,B.S, MSc Oncology (UK)
🕖 တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ

👩‍⚕Dr. Daw Myo Khine (Medical Oncologist)
M.B.,B.S, M.Med.Sc (Oncology)
🕖 တနင်္လာ မှ သောကြာ

အချိန် နှင့် အခြားအ​သေးစိတ်အချက်အလက်များသိရှိလိုပါက ​အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

☎️ 01-508049 , 09-777324744

⏱️ မနက် ၁၀ နာရီမှ ညနေ ၆နာရီထိ (တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်ပါသည်)

🏥လိပ်စာ - ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

🚏ကားမှတ်တိုင် - အထက်ကြည့်မြင်တိုင် ဟုမ်းလမ်းမှတ်တိုင်

ကင်ဆာဆေးသွင်း ကုသခြင်း ဆိုသည်တာဘာလဲ ?? ကင်ဆာဆေးသွင်း ကုသခြင်းကို ကင်ဆာရောဂါကို ကုသရန်ဟု အလွယ်တကူ ညွန်းဆိုနိုင် သော်လဲ၊ က...
20/09/2021

ကင်ဆာဆေးသွင်း ကုသခြင်း ဆိုသည်တာဘာလဲ ??

ကင်ဆာဆေးသွင်း ကုသခြင်းကို ကင်ဆာရောဂါကို ကုသရန်ဟု အလွယ်တကူ ညွန်းဆိုနိုင် သော်လဲ၊ ကင်ဆာရောဂါ ကုသခြင်း ဟူသည့် ခေါင်းစဉ်အောက်တွင်ပင် ကွဲပြားသော ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြပါသည်။

၁/ ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသခြင်း

ကင်ဆာဆေးသွင်း ကုသခြင်းဖြင့် အချို့သော ကင်ဆာ ရောဂါများတွင် အမျိုးအစားနှင့် ဖြစ်ပွားသော အဆင့်အပေါ် မူတည်၍ ပျောက်ကင်းအောင် အသုံးပြုနိုင်ပါသည်။

၂/ ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်

ကင်ဆာဆေးသွင်းခြင်းကို ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့နှင့် တွဲဖက်၍ အသုံးပြုနိုင်သည်။ ဤသို့ အသုံးပြုခြင်းဖြင့် မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲသော လက်ကျန်ဆဲလ်များကို ဖျက်ဆီးနိုင်ပြီး ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါသည်။

၃/ ကင်ဆာရောဂါကို သက်သာအောင် ထိန်းချုပ်ရန်

ကုသပျောက်ကင်းသည် အထိမဖြစ်နိုင်သော အခြေအနေများတွင် ကင်ဆာဆေးသွင်း ကုသခြင်းကို ရောဂါထိန်းချုပ်ရန် အသုံးပြုပါသည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် ရောဂါဝေဒနာ ခံစားရခြင်းကို သက်သာစေနိုင်ပါသည်။

ကင်ဆာဆေးသွင်း ကုသခြင်းကို မည်သည့်အချိန်တွင် အသုံးပြုကြတာလဲ??

၁/ ခွဲစိတ်ကုသမှုနှင့် ဓာတ်ရောင်ခြည်ပေး ကုသမှု မတိုင်မီ (Neoadjuvant Chemotherapy)

ကင်ဆာဆေးသွင်း ကုသခြင်းကို ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည် ကုသခြင်း မတိုင်မီ အသုံးပြုလေ့ရှိပါသည်။ ဤသို့ ဆေးသွင်းကုသခြင်းဖြင့် ကင်ဆာရောဂါ အကျိတ်အဖုကို သေးငယ်သွားစေသောကြောင့် ခွဲစိတ်မှုပြုရာတွင် ပိုမိုလွယ်ကူစေသလို၊ ဓာတ်ရောင်ခြည်ပေး ကုသလျှင်လဲ ပိုမိုထိရောက်မှုရှိပါသည်။ အထူးသဖြင့် အခြားကုသမှုများ မတိုင်မီ ကြိုတင်ကင်ဆာဆေးသွင်း ကုသခြင်းကို ကင်ဆာအကျိတ်၊ အနာ အလွန်ကြီးမားသော အခြေအနေမျိုး၊ ကိုယ်တွင်းကလီစာ တခုခုနှင့် ထိစပ်ကပ်တွယ်နေသော အခြေအနေမျိုးများတွင် အများဆုံး အသုံးပြုလေ့ ရှိပါသည်။

၂/ ခွဲစိတ်ကုသမှုနှင့် ဓာတ်ရောင်ခြည်ပေး ကုသမှု ခံယူပြီး (Adjuvant Chemotherapy)

အချို့သော ကင်ဆာရောဂါများတွင် မျက်စိဖြင့် မြင်သာနိုင်သော ကင်ဆာအလုံး အကျိတ် အနာကို ခွဲစိတ်ကုသပြီး သော်လည်းကောင်း၊ ဓာတ်ရောင်ခြည်ပြ၍ ကုသပြီး သော်လည်းကောင်း ကုသရပြီး လက်ကျန် ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို ကင်ဆာဆေးသွင်း ကုသရပါသည်။ အချို့သော ကင်ဆာဆဲလ်များသည် သွေးစီးကြောင်းများ အတွင်းသို့ ၀င်ရောက် ပျံ့နှံ့ခြင်းမျိုးများ ရှိတတ်ပြီး ထိုကင်ဆာဆဲလ်များကို ကင်ဆာဆေးသွင်း ကုသခြင်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။

၃/ ပျံ့နှံ့နှင့် ပြီးသော ကင်ဆာရောဂါများ (သို့) အဆင့်မြင့် ကင်ဆာရောဂါ အခြေအနေ

နောက်ဆုံးအဆင့် ကင်ဆာရောဂါ အခြေအနေများ၊ အချို့သော ကိုယ်တွင်းအင်္ဂါဆိုင်ရာ ကင်ဆာရောဂါများနှင့် ကုသရန် နောက်ကျမှ သိရှိရသော အခြေအနေများတွင် ကင်ဆာဆေးသွင်းခြင်းကို ပျောက်ကင်းအောင် ကုသခြင်းထက် ရောဂါဝေဒနာသက်သာအောင် ကုသရာတွင် အသုံးပြုပါသည်။ ထိုသို့သော အခြေအနေများတွင် ဆေးသွင်းကုသခြင်းက ရောဂါပျံ့နှံ့ခြင်းကို ထိန်းသိမ်းနိုင်ပြီး ကင်ဆာအလုံးအကျိတ် ကြီးထွားခြင်းကို နှေးကွေးစေခြင်းဖြင့် လူနာ၏ ဝေဒနာကို သက်သာစေသလို သက်တမ်းကိုလဲ ပိုရှည်စေနိုင်ပါသည်။

မည်သည့် ကင်ဆာဆေးအမျိုးအစားနှင့် မည်သည့် ကုသမှုမျိုးကို ခံယူရမလဲ ဆိုတာကတော့ လူနာရဲ့ ကင်ဆာရောဂါ အမျိုးအစား၊ ကင်ဆာရောဂါ၏ အဆင့်၊ ပျံ့နှံ့နေမှု အခြေအနေနှင့် လူနာရဲ့ ပင်ကို ကျန်းမာရေး အခြေအနေအပေါ် မူတည်၍ ကုသသောကြောင့် လူတယောက်ခြင်းစီ အလျှောက် ကွဲပြားခြားနားပါသည်။ ကုသမှုအမျိုးအစားနှင့် ရောဂါ အခြေအနေကို အဓိက ကုသပေးနေသော ကင်ဆာဆရာဝန်ကြီးနှင့်သာ ဆွေးနွေးသင့်ပါသည်။

သူရိန်မွန်ဆေးခန်း
အမှတ် G3, ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်။ (ဟုမ်းလမ်းမှတ်တိုင်ရှေ့)
၀၁၅၀၈၀၄၉၊ ၀၉၇၆၇၇၉၇၆၆၃

ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) ကို ကင်ဆာရောဂါကုသရန်ဟု အလွယ်တကူညွှန်းဆိုနိုင်သော်လည်း ကင်ဆာရောဂါကုသခြင်းဟူသည့် ခေါင...
26/06/2020

ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) ကို ကင်ဆာရောဂါကုသရန်ဟု အလွယ်တကူညွှန်းဆိုနိုင်သော်လည်း ကင်ဆာရောဂါကုသခြင်းဟူသည့် ခေါင်းစဉ်အောက်တွင်ပင် ကွဲပြားသော ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်

(၁)ကင်ဆာရောဂါကို ပျောက်ကင်းအောင်ကုသခြင်း

ကင်ဆာဆေးသွင်းကုသခြင်းဖြင့် အချို့သောကင်ဆာရောဂါများတွင် အမျိုးအစားနှင့်ဖြစ်ပွားသော အဆင့်ပေါ်မူတည်၍ပျောက်ကင်းနိုင်ပါသည်

(၂)ကင်ဆာရောဂါပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်

ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်ကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့နှင့် တွဲဖက်၍အသုံးပြုနိုင်ပါသည်။ ဤသို့ အသုံးပြုခြင်းဖြင့် မျက်စိဖြင့်မြင်နိုင်ရန် ခက်ခဲသော လက်ကျန်ဆဲလ်များကို ဖျက်ဆီးနိုင်ပြီး ကင်ဆာရောဂါပြန်လည် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါသည်

(၃)ကင်ဆာရောဂါကို သက်သာအောင်ထိန်းချုပ်ရန်

ကုသပျောက်ကင်းသည် အထိမဖြစ်နိုင်သော အခြေအနေများတွင် ကင်ဆာဆေးသွင်းကုသခြင်းကို ရောဂါထိန်းချုပ်ရန် အသုံးပြုပါသည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် ရောဂါဝေဒနာခံစားရခြင်းကို သက်သာစေနိုင်ပါသည်။

credit

သူရိန်မွန်ဆေးခန်း
အမှတ် G-3, ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကြည့်မြင်တိုင်မြို့နယ်။ (ဟုမ်းလမ်းမှတ်တိုင်ထိပ်)
၀၁၅၀၈၀၄၉၊ ၀၉၇၇၇၃၂၄၇၄၄

ကြိုတင်သတိပြုသင့်သော ရင်သားကင်ဆာရောဂါလက္ခဏာများ(၁) နို့သီးခေါင်းပုံမှန်မဟုတ်ဘဲ ပုံစံပြောင်းလဲလာခြင်း(၂) နို့သီးခေါင်းမှ ...
19/06/2020

ကြိုတင်သတိပြုသင့်သော ရင်သားကင်ဆာရောဂါလက္ခဏာများ

(၁) နို့သီးခေါင်းပုံမှန်မဟုတ်ဘဲ ပုံစံပြောင်းလဲလာခြင်း
(၂) နို့သီးခေါင်းမှ သွေးစပါသော အရည်များထွက်လာခြင်း
(၃) ရင်သား (သို့) ချိုင်းတွင် အလုံးအကျိတ်များ စမ်းမိလာခြင်း
(၄) ရင်သား အ​ရောင်ပြောင်းလဲလာခြင်း
(၅)ရင်သားတွင် လိမ္မော်သီးအခွံကဲ့သို့ အချိုင့်လေးများပေါ်လာခြင်း
(၆) ရင်သား (သို့) နို့သီးခေါင်းတွင်နာကျင်သော ဝေဒနာခံစားလာရခြင်း

ရောဂါကိုစောစောသိလေ ကုသမှုအောင်မြင် နှုန်းမြင့်လေဖြစ်ပါတယ်
credit to WHO

13/06/2020

📣📣📣ကြေညာချက် 📣📣📣

၁၅.၆.၂၀၂၀ တနင်္လာနေ့မှ စတင်ပြီး ဆေးခန်းကို တနင်္ဂနွေပိတ်ရက်မှ အပ ကျန်နေ့များတွင်ပုံမှန် အချိန် အတိုင်းပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါ၍ OPD နှင့် Chemo ဆေးသွင်းလိုသူများ ကြိုတင် Booking ရယူနိုင်ပါသည်။

သူရိန်မွန်ဆေးခန်း အတွင်း ရောဂါပိုးမွှားကင်း​စင်​စေဖို့အတွက် Deep Cleaning (သန့်ရှင်း​ရေးကို အနုစိတ်လုပ်​ဆောင်​ပေးခြင်း) ...
03/05/2020

သူရိန်မွန်ဆေးခန်း အတွင်း ရောဂါပိုးမွှားကင်း​စင်​စေဖို့အတွက် Deep Cleaning (သန့်ရှင်း​ရေးကို အနုစိတ်လုပ်​ဆောင်​ပေးခြင်း) ​နှင့် Disinfection (ပိုးသတ်​ဆေးဖြန်းခြင်း) များကို CLEAN4U မှကူညီလုပ်ဆောင်ပေးပါတယ်။



မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ ကို လေးစားဂုဏ်ပြုအပ်ပါတယ်။Covid-19 ဖြစ်နေချိန်တွင်တောင် အလုပ်ကြိုးစားလုပ်ဆောင...
01/05/2020

မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ ကို လေးစားဂုဏ်ပြုအပ်ပါတယ်။

Covid-19 ဖြစ်နေချိန်တွင်တောင် အလုပ်ကြိုးစားလုပ်ဆောင်နေကြတဲ့ ဝန်ထမ်းများအားလုံး ကျန်းမာချမ်းသာပြီးဘေးကင်းကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။ 🙏


Thurein Mon Oncology Specialist Clinic တွင်ရရှိနိုင်သောဝန်ဆောင်မှုများ- Oncology Day Care Center (ကင်ဆာရောဂါအတွက်ဆေးသွင်...
19/02/2020

Thurein Mon Oncology Specialist Clinic တွင်ရရှိနိုင်သောဝန်ဆောင်မှုများ

- Oncology Day Care Center (ကင်ဆာရောဂါအတွက်ဆေးသွင်းကုသခြင်း)
- Specialists’ Consultation (ကင်ဆာရောဂါနှင့်ပတ်သတ်ပြီး ဆရာဝန်ကြီးများနှင့် ပြသတိုင်ပင်ဆွေးနွေးကုသခြင်း)
- Qualified Laboratory Service (အရည်အသွေးပြည့်မှီသော ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခြင်း)

Address

Lower Kyimyindine Road
Yangon

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00

Telephone

+959777324744

Website

Alerts

Be the first to know and let us send you an email when Thurein Mon Oncology Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thurein Mon Oncology Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram