05/01/2026
အိပ်ချ်အိုင်ဗွီပိုး ကြိုတင်ကာကွယ်ဆေး၊
(Pre Exposure Prophylaxis)
လိင်မှတဆင့်ကူးစက်တဲ့ရောဂါဖြစ်ဖူးသူ၊
(ဂနို၊ ကာလသားရောဂါ၊ ရေယုန်၊ ကြွက်နို့၊)
လိင်ဆက်ဆံဖော်များပြားသူ၊
လိင်အပျော်အပါး အမြဲတမ်းရှိသူ၊
လိင်အပျော်အပါး တစ်ခါတစ်လေရှိသူ၊
အကြောင်းမသိတဲ့သူနဲ့ လိင်ဆက်ဆံသူ၊
စတဲ့ အခြေအနေတွေကို ကြုံတွေ့နေရသူ
တွေမှာ PrEP ဆေးဆောင်ထားသင့်ပါတယ်၊
Daily PrEP
==========
လိင်မဆက်ဆံခင် (၇)ရက်ကြိုတင်သောက်
ထားရမှာဖြစ်ပြီး လိင်ဆက်ဆံမှု ရှိနေသရွေ့
နေ့စဥ် အချိန်မှန်မှန် သောက်သုံးနေရပါမယ်၊
လိင်ဆက်ဆံမှုမရှိတော့ရင် နောက်ဆုံးအကြိမ်
ဆက်ဆံပြီးချိန်မှ (၅) ရက်ဆက်သောက်ပြီး
ဆေးရပ်လို့ရပါတယ်၊
Ondemand PrEP
===============
လိင်မဆက်ဆံခင် (၂၄) နာရီမှ (၂) နာရီအတွင်း
ဆေး (၂)လုံး သောက်ရပါမယ်၊ လိင်ဆက်ဆံပြီး
ချိန်မှ (၂၄) နာရီမှာ (၁)လုံး၊ (၄၈) နာရီမှာ (၁)လုံး
စုစုပေါင်း ဆေး (၄)လုံး သောက်သုံးခြင်းဖြင့်
ကာကွယ်မှုရပါတယ်၊
နည်းလမ်း (၂) မျိုးလုံးက ကာကွယ်အပြည့်
ရနိုင်မှာဖြစ်ပြီး မိမိနဲ့ အဆင်ပြေနိုင်မယ့်နည်း
ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်၊
PrEP ဆေးသောက်ထားခြင်းဖြင့် တကယ်လို့
ကွန်ဒုံး ပေါက်သွားတာ၊ ကွန်ဒုံးမသုံးမိလိုက်
တာ စတဲ့အခြေအနေတွေမှာ အိပ်ချ်အိုင်ဗွီပိုး
မကူးစက်အောင် ကာကွယ်နိုင်ပါတယ်၊
(99% အထိကာကွယ်နိုင်ပါတယ်၊)
သတိထားရမှာက PrEP ဆေးသောက်ရင်
အိပ်ချ်အိုင်ဗွီပိုးကို စိတ်ချစွာ ကာကွယ်လို့
ရပေမယ့် လိင်မှတဆင့်ကူးစက်တဲ့ အခြား
ရောဂါတွေကိုတော့ ကာကွယ်မပေးနိုင်ပါ
ကျန်းမာရေးဆိုင်ရာများ အခမဲ့သိရှိမေးမြန်းနိုင်ပါသည်
📞09942993567
📞09765199925 viber
credit # #