25/02/2026
🪑 တစ်နေ့ကုန် အထိုင်များတဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပြီလား?
ရုံးမှာ ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်လုပ်ရတာပဲဖြစ်ဖြစ်၊ ကားအကြာကြီး မောင်းရတာပဲဖြစ်ဖြစ် "အထိုင်များခြင်း" ဟာ ခေတ်လူနေမှုဘဝရဲ့ ရှောင်လွှဲမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။း….
ဒါပေမဲ့ ဒီလို အကြာကြီးထိုင်နေခြင်းက သင့်ရဲ့ ကျောဘက်ပိုင်း နာကျင်မှုကိုသာမက အမျိုးသား လိင်မှုကျန်းမာရေး (Sexual Health) ကိုပါ တိတ်တဆိတ် ခြိမ်းခြောက်နေတယ်ဆိုတာ သိပါသလား?
⚠️ အထိုင်များခြင်းက "ညီလေး" ကို ဘယ်လို ထိခိုက်စေပါသလဲ?
‼️ သွေးလည်ပတ်မှုကို ဟန့်တားခြင်း (Poor Circulation)
လိင်အင်္ဂါ သန်မာဖို့ဆိုတာ သွေးစီးဆင်းမှုကောင်းမွန်မှ ဖြစ်တာပါ။ အကြာကြီးထိုင်နေတဲ့အခါ တင်ပါးဆုံနဲ့ ပေါင်ခြံတစ်ဝိုက်မှာ သွေးကြောတွေ ဖိမိပြီး သွေးစီးဆင်းမှုကို နှေးကွေးစေပါတယ်။ ရေရှည်မှာ ဒါဟာ ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်ဖို့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
‼️ ကျားဟော်မုန်း ကျဆင်းခြင်း (Low Testosterone)
လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်းက ကိုယ်အလေးချိန်တက်စေပြီး ဝမ်းဗိုက်အဆီတွေ စုလာစေပါတယ်။ အဆီများလာတာနဲ့အမျှ အမျိုးသားဟော်မုန်း (Testosterone) ထုတ်လုပ်မှု ကျဆင်းလာပြီး လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေပါတယ်။
‼️ ဆီးကျိတ်ကို ဖိအားပေးခြင်း (Prostate Pressure)
ထိုင်ခုံပေါ် အကြာကြီးထိုင်ခြင်းက ဆီးကျိတ် (Prostate Gland) ပေါ်ကို ဖိအားသက်ရောက်စေပါတယ်။ ဒါဟာ ဆီးကျိတ်ရောင်ရမ်းခြင်း (Prostatitis) နဲ့ အခြား ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ပိုမိုဖြစ်ပွားလွယ်စေပါတယ်…
အထိုင်များတာကို ကာကွယ်ဖို့ အလုပ်ထွက်လိုက်လို့တော့ မရပါဘူး…. ဒါပေမဲ့ ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်နိုင်ပါတယ်။
⏰ အလုပ်လုပ်ရင်း ၁ နာရီ (သို့) ၄၅ မိနစ် တစ်ကြိမ်လောက် လမ်းခဏလျှောက်ပေးခြင်း
🧘♂️ ပေါင်ခြံကြွက်သားများ လျော့ရဲစေမယ့် Stretching လေ့ကျင့်ခန်းလေးတွေ နေ့စဉ်လုပ်ပေးခြင်း
🏃♂️ အလုပ်ချိန်ပြင်ပမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ Gym ဆော့တာမျိုး တစ်ခုခု ပုံမှန်လုပ်ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်…
"အထိုင်များတဲ့အလုပ်ကြောင့် လိင်မှုရေးရာ စွမ်းဆောင်ရည် ကျဆင်းလာတယ်လို့ ခံစားနေရပြီလား?"
ဒါဆိုရင်တော့ သွေးလည်ပတ်မှု ပြန်ကောင်းအောင်၊ ဟော်မုန်းဓာတ် ပြန်လည်မျှတအောင် ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်ခင်ဗျာ…
◾𝐃𝐫. 𝐊𝐲𝐚𝐰 အမျိုးသားကျန်းမာရေးဆေးခန်း
☎️ Phone - 09 5120118 ၊ 09977339477
🏥 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰 𝐂𝐥𝐢𝐧𝐢𝐜
ရွှေချီ ၈ လမ်း၊ မောင်ခင်လမ်းနဲ့ ဗိုလ်ချုပ်လမ်းကြား၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။
🏥 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐥𝐢𝐧𝐢𝐜
အမှတ် -၆၅၂၊ တက်သစ်နေဝန်းကွန်ဒို ပထမထပ်၊ ဝရုဏာလမ်း နဲ့ မေတ္တာလမ်းထောင့်၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
🏥 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐂𝐥𝐢𝐧𝐢𝐜
ရည်မွန်ဆေးကုခန်း၊ ဦးပွားကုန်းကျော်တံတားအနောက်ဖက်အနီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
🏥 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐂𝐥𝐢𝐧𝐢𝐜
KMD Center အပေါ်ထပ် TOYOTA CAR SHOWROOM အရှေ့၊ ဗိုလ်ချုပ်လမ်း၊ ညောင်ရွှေဟော်ကုန်းရပ်၊ တောင်ကြီးမြို့။
🏥 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐢𝐧𝐞 𝐂𝐥𝐢𝐧𝐢𝐜
ဥယာဉ် လမ်းထိပ်၊ တောင်ဝိုင်းလမ်းမကြီး၊ မော်လမြိုင်မြို့။
#အမျိုးသားကျန်းမာရေးဆေးခန်း
#အပြီးမြန်ကုသခြင်း
#လိင်တံအရေပြားဖြတ် #မေးသိုင်းဖြတ် #ဂေါ်လီ #ပန်းသေပန်းညှိုး