31/03/2026
🌟 Why Repetition Matters in Early Play 🌟
Did you know that revisiting the same activity over several days can be far more powerful than trying something new each time?
In the first years of life, your child’s brain is busy building millions of connections. Each new experience sparks fresh pathways—but it’s the ones that get used again and again that become “hardwired.” The rest naturally fade away.
That’s why repeating skills and concepts is an essential component. Familiar play strengthens those brain connections, laying the foundation for learning, problem-solving, and creativity later in life.
At Little Eagles, play activities are repeated several times during your child’s time with us, while new concepts are gently introduced through the same experiences. This approach helps children feel secure, confident, and ready to grow—because strong foundations today lead to brighter learning tomorrow.
—————————
🌟 ကလေးငယ်တွေရဲ့ အစောပိုင်း လုပ်ဆောင်မှုတွေမှာ အကြိမ်ကြိမ် လုပ်ခိုင်းခြင်းက ဘာကြောင့်အရေးကြီးသလဲ🌟
ကလေးတွေကို တစ်နေ့ပြီးတစ်နေ့ အသစ်အသစ်တွေ လုပ်ကြည့်ခိုင်းတာထက် တူညီတဲ့ လှုပ်ရှားမှုလေးတွေကို အကြိမ်ကြိမ် အဖန်ဖန် လုပ်ကြည့်ခိုင်းတာက ပိုပြီးထိရောက်မှုရှိစေတယ်ဆိုတာ သိပြီးကြပြီလားနော်?
အစောပိုင်းအသက်အရွယ်မှာ ကလေးတွေရဲ့ ဦးနှောက်ဟာ သိန်းသန်းချီတဲ့ အချိတ်အဆက်လေးတွေကို စတင်တည်ဆောက်ကာစ အချိန်ဖြစ်လို့ အရာရာ ရှုပ်ထွေးမှုတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ်သော အရာတွေကို ထိတွေ့လေ့လာခိုင်းမယ်ဆိုရင် ဦးနှောက်မှာ လမ်းကြောင်းအသစ်တွေကို ဖန်တီးပေးရာရောက်ပေမဲ့ တစ်ခုခုကို အကြိမ်ကြိမ် လုပ်ကြည့်မနေဘဲ အသစ်ပြီးရင်းအသစ်ပဲ မှတ်နေရဦးမယ်ဆိုရင် ရှေ့ကအရာတွေကို မမှတ်မိဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေကို နေ့တိုင်း လုပ်နေကျ အရာလေးတွေကိုပဲ ထပ်တလဲလဲ လုပ်ခိုင်းမယ်ဆိုရင် ဦးနှောက်မှာ သံမှိုစွဲထားသလိုမျိုး အကြောင်းအရာတွေကို သဘာဝအတိုင်း သိသိသာသာ မှတ်မိလာစေပါတယ်။
ဒါကြောင့် အကြိမ်ကြိမ်အဖန်ဖန် လုပ်တတ်ခြင်းဟာ လေ့ကျင့်တဲ့အခန်းကဏ္ဍရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပါ။ ကြိမ်ဖန်များစွာလုပ်ရင်းကနေ ကလေးတွေနဲ့ ရင်းနှီးပြီးသား ကစားနည်းလမ်းတွေ၊လုပ်ဆောင်မှုတွေဟာ ဦးနှောက်ထဲမှာ ပိုပြီးမှတ်မိလာစေသလို၊ နောက်ပိုင်းမှာ သင်ယူနိုင်စွမ်းတွေ၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေအတွက်ပါ အခြေခံခိုင်မာလာစေပါတယ်။
Little Eagles မှာဆိုရင် ကလေးတွေရဲ့လုပ်ဆောင်စရာလေးတွေကို အကြိမ်ကြိမ်လုပ်ခိုင်းပြီးတော့ အသစ်အဆန်းတွေကိုလည်း တူညီတဲ့ လှုပ်ရှားမှုတွေ၊ ဆော့ပုံဆော့နည်းတွေကနေ တစ်ဆင့်ပဲ စမ်းသပ်သင်ကြား ထိတွေ့ပေးပါတယ်။ ဒီလိုနည်းလမ်းလေးတွေက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း ရှိစေပါတယ်။
ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားတဲ့ အခြေခံလေးတွေ ခိုင်ခံ့မယ်ဆိုရင်မနက်ဖြန်တွေမှာ ကလေးတွေအတွက် ပိုမိုတောက်ပ ကောင်းမွန်တဲ့ သင်ယူမှုတွေဆီကို ခေါ်ဆောင်သွားပေးနိုင်မှာပါ။
ℙ𝕝𝕒𝕪. 𝕃𝕖𝕒𝕣𝕟. 𝔾𝕣𝕠𝕨. 𝕋𝕠𝕘𝕖𝕥𝕙𝕖𝕣
Our campuses:
Inya Campus | 09401352196
No. 42, Inya Road, Kamayut Township, Yangon
https://maps.app.goo.gl/bnYoatahEJQ1SWt7A
YIS Campus | 09754667647
No. 117, Thumingalar Housing, Thingangyun Township, Yangon.