23/10/2024
အပိုင်း (1)
Tummy Tuck လို့ခေါ်တဲ့ Abdominoplasty
ခွဲစိတ်မှုဟာ နိုင်ငံတကာမှာ အင်မတန်ရေပန်းစားတဲ့
ခွဲစိတ်ပြုပြင်ရတဲ့ ကုထုံးတခုပါ။
ဘယ်လိုလူတွေအတွက် လိုအပ်သလဲဆိုရင်
-အဝလွန်တဲ့မျိုးရိုးကြောင့်ဖြစ်ဖြစ်
အစားအသောက်ပုံစံကြောင့်ဖြစ်ဖြစ်
အဆမတန် လက်ရှိအဝလွန်နေဆဲသူ
-အဝလွန်ထားပြီး ဝိတ်အလွန်အမင်းချထားပြီး
အသားအရေတွေပျော့တွဲကျသွားတဲ့သူ
အချို့သူတွေမှာ ( ဝမ်းဗိုက်၊ ပေါင်၊ ခြေသလုံး ၊လက်မောင်း ၊ လက်ဖျံ ၊လည်ပင်းတဝိုက် )
အသားအရေတွေ တွဲကျနေတတ်ပါတယ်
-အတွေ့ရအများဆုံးကတော့
အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်
ကလေးမီးဖွားပြီး ချက်အောက်ပိုင်း belly skin loose
ဖြစ်ပြီး ပျော့တွဲသွားတတ်ပါတယ် ။
ဒီအချက်တွေကြောင့် skin tightening ပြန်ရဖို့
ကြိုးစား လေ့ကျင့်ခန်းလုပ်လဲ
အဆီဆုံးရှုံးထားတဲ့အခါ
အရေပြားအတွင်းပိုင်းထဲက
collagen နဲ့ elastin တွေယိုယွင်းပျက်စီးသွားတဲ့အခါ
loose sagging skin ဖြစ်နေတဲ့အရေပြားတွေမှာ
ပြန်မတင်းရင်းနိုင်တော့ အခြေအနေမျိုးတွေ
ရှိကြပါတယ် ။
ဒါကို အဆီ၊ အသားပို အစိုင်အခဲ
အရေပြားအပိုတွေကိုခွဲစိတ်ဖယ်ရှားပြီး
ပြန်လည်တင်းရင်းကျစ်လစ်အောင်
ပြုပြင်ခြင်းပဲဖြစ်ပါတယ် ။
ဘာအခက်အခဲတွေကြုံရတတ်သလဲ ?
-ဗိုက်အောက်ပိုင်း တွဲကျတဲ့ အရေပြား သို့မဟုတ်
အဆီထုထည်များတဲ့ အမျိုးသားတွေမှာဆိုရင်
အမျိုးသားလိင်အင်္ဂါပေါ် ဖုံးဖိနေတဲ့အတွက်
လိင်ဆက်ဆံဖို့ ခက်ခဲတဲ့ ပြသနာတွေနဲ့ပါ
တွဲနေတတ်ပါတယ် ။
-လမ်းလျှောက်ရခက်ခဲတာ
-အထိုင်အထခက်တာ
-၎င်းနေရာတဝိုက်ထိတွေ့မှုမှာ အာရုံခံစားရမှုနည်းပါးတာ
-အဝတ်အစားဝတ်ရအဆင်မပြေတာ
-ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကင်းမဲ့လာတာ
စတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဥ်နေထိုင်မှု ဘဝမှာပါ
အဆင်မပြေမှုတွေပါ တွဲဖြစ်တတ်ပါတယ်
- overweight သမားတစ်ချို့သူတွေမှာ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုပုံစံကိစ္စအချို့တွေကိုပါ
ထိခိုက်နေတဲ့အထိဖြစ်နေတတ်ပါတယ်
ဥပမာ-ဘေးအကူမပါဘဲ မထနိုင် မသွားလာနိုင်ခြင်း
ဘာတွေ ပြင်ဆင်ထားရမလဲ ?
ခွဲစိတ်ဖို့ ဆုံးဖြတ်ပြီဆိုတာနဲ့
မိမိ ခွဲစိတ်ဖို့ရွေးချယ်ထားတဲ့ ခွဲစိတ်ဆရာဝန်နဲ့
-လက်ရှိစားသောက်နေထိုင်ပုံ /BMI
-ရောဂါရာဇဝင် (မှတ်တမ်းများရှိပါက တပါတည်းပြရန်)
-လက်ရှိသောက်နေသောဆေးဝါးများ
-မတည့်သည့်ဆေးအမျိုးအစားရှိမရှိ
-မိသားစုရောဂါရာဇဝင် အချို့
-ယခင်က ခွဲစိတ်ဖူးတာ ရှိမရှိ
-မိမိခွဲစိတ်လိုတဲ့ ပုံစံနဲ့နေရာ
-တတ်နိုင်တဲ့ ငွေကြေးပမာဏ
-ဆေးရုံတက်ရမည့်ကာလ /အလုပ်နားရက်ရမရ
-အနီးကပ် ပြုစုစောင့်ရှောက်မည့်သူ
-ကူးစက်စေနိုင်သော ရောဂါများရှိမရှိ စစ်ရန်
သွေးပေါင်ပြည့်မပြည့် စစ်ရန်
-ဆီးချို/သွေးတိုးရှိပါက controlရမရ
စတာတွေ သေချာစစ်ဆေးပြီး
သေချာ အချိန်ယူ ဆွေးနွေးရပါမယ်
ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရပါမယ် ။
ဘာတွေဆောင်ထားရမလဲ
-ခွဲပြီးရက် ဗိုက်ချပ်ခါးပတ်တွေနဲ့ ခပ်တင်းတင်း
စည်းထားဖို့လိုနိုင်တာကြောင့်
ကြိုတင်ဝယ်ယူထားရပါမယ် ။
-အလုပ်နားရက်တွေ ကြိုတင်ပြင်ဆင်ရပါမယ် ။
ခွဲစိတ်တဲ့ပုံစံ အဆီပြင်ဖယ်ရှားတဲ့အပိုင်းကို
အပိုင်း (2) အနေနဲ့ ဆက်တင်ပေးသွားပါမယ် ။
like, follow ,comment ,share
ပြုလုပ်ပေးတဲ့သူ တယောက်စီတိုင်းကို
အထူးကျေးဇူးတင်ပါတယ် ။
အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက
Cb or 09404099840 Viber ကနေ
ပုံပို့ဆွေးနွေးနိုင်ပါတယ်
#ဗိုက်အဆီပြင် #အဆီ
#ခွဲစိတ်ခြင်း