12/06/2023
June အတန်းသစ်ကို စောင့်မျှော်နေသူများအတွက် သူနာပြုအကူအတန်းသစ်ကို ဇွန်လ(19)ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်...
အချိန်တိုအတွင်းမှာ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ ထိထိရောက်ရောက်နဲ့ သင်တန်းတက်ချင်တဲ့သူများ၊ စင်္ကာပူနှင့်ဂျပန် စသည့်နိုင်ငံများသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဘိုးဘွားစောင့်ရှောက်မှု လုပ်ငန်းများနှင့်သွားရောက်လိုသူများ၊ ပညာရေးတစ်ပိုင်းတစနှင့် ရပ်တန့်နေသူများ အားလုံးအတွက် (3)လ အချိန်ပေးရုံနဲ့ ကရုဏာရှင်သူနာပြုအကူနှင့် ဆေးဝါးသင်တန်းကျောင်းမှာ သင်တန်းတက်ရောက် လို့ရပါပြီရှင့်။
သင်တန်းကာလ (3)လအတွင်း သူနာပြုအကူတစ်ယောက်အနေဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိရှိ လုပ်ငန်းခွင်ဝင်နိုင်ရန်အတွက် ခန္ဓာကိုယ်ဖွဲ့စည်းမှု အသိပညာပေး သင်ခန်းစာများ၊ မိခင်ကလေး စောင့်ရှောက်မှုသင်ခန်းစာများ၊ သက်ကြီးရွယ်အို ဘိုးဘွားစောင့်ရှောက်မှုဆိုင်ရာ သင်ခန်းစာများ၊ ကျန်းမာရေးဆိုင်ရာအသိပညာများကို စာတွေ့လက်တွေ့ သင်ခန်းစာတွေအပြင် စာတွေ့ကာလပြီးဆုံး ပါက ဘိုးဘွားရိပ်သာများသို့ လက်တွေ့ဆင်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ် ...
သင်တန်းပြီးဆုံးပါကလည်း ထူးချွန်သော သင်တန်းသူ/သားများကို သူနာပြုအကူတစ်ယောက် အနေဖြင့် လုပ်ငန်းခွင်ဝင်နိုင်ရန်အတွက် အလုပ်အကိုင်များ ဆက်လက်ချိတ်ဆက်ပေးလျက်ရှိလို့ သင်တန်းဆင်းပြီး အလုပ်လက်မဲ့ဖြစ်မှာ မပူရပါဘူးနော်...
ဒီအပြင် သင်တန်းကြေးကိုလဲ အရစ်ကျ (၃ကြိမ်) ပေးသွင်းခြင်းဖြင့်စီစဉ်ပေးထားပါသည်။ နယ်ကလာမယ့်သူများ အတွက်လဲ ရေ မီး ဝိုင်ဖိုင် ပြည့်စုံသော အဆောင်များကိုလဲ စီစဉ်ပေးထားလို့ နေရေးထိုင်ရေးအတွက်လဲ စိတ်အေးရပါမယ်။
အတန်းသစ် အချိန်စာရင်းအသေးစိတ်ကတော့
သင်တန်းလိပ်စာ- ကရုဏာရှင်သူနာပြုအကူနှင့် ဆေးဝါး သင်တန်းကျောင်း
(ကျောင်းခန်း)အခန်းအမှတ်(၀၀၁)၊ တိုက်အမှတ်(၃၇/၄၃)၊ မြေညီထပ်၊
ဦးအေးချစ်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
သင်တန်းစရက် - 19.6.2023
သင်တန်းအချိန် - 9:30 Am to 11:30 Am
သင်တန်းရက် - Monday to Friday
သင်တန်းကာလ- (3) months
သင်တန်းကြေး - 4,00,000/-
သင်တန်းတက်တဲ့ သူအားလုံးအတွက် အခမဲ့ ထောက်ပံ့ပေးမှာတွေကတော့ -
uniform နှစ်စုံ
သင်ရိုးစာအုပ်
သင်ထောက်ကူပစ္စည်း အပြည့်အစုံ
သင်တန်းကြေးအရစ်ကျ(3)ကြိမ်ထိ ခွဲသွင်းခွင့်
စာမေးပွဲအောင်မြင်သူတွေအတွက် Certificate
စင်္ကပူ၊ ဂျပန်သွားရောက်လုပ်ကိုင်လိုသူများအတွက် Agency နှင့်ချိတ်ဆက်ခြင်း စတာတွေကို အာလုံးအတွက် စီစဥ်ပေးလျက်ရှိပါသည်။
တန်းခွဲအသစ်နဲ့ ပတ်သတ်ပြီး စာရင်းပေးရန်နှင့် အသေးစိတ်သိရှိလိုပါက -
Page Chat box(or) 09 78 500 3802, 09 941 346 449 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်...
#သူနာပြုအကူ