Sea Lion Medical Travel

Sea Lion Medical Travel Sea Lion Medical is one of the leading medical referral service providers in Myanmar.

14/03/2026

🌎 Bangkok Hospital – Michael Lesner (အမေရိကန် ကျန်းမာရေးကျွမ်းကျင်သူ) ကိုယ်တိုင် ညွှန်းဆိုထားသော အမေရိကန်နိုင်ငံသားများ အနှစ်သက်ဆုံးနှင့် ယုံကြည်ရဆုံးသော ဆေးဘက်ဆိုင်ရာကျန်းမာရေး ခရီးစဉ်

✅ သင်ဟာ ပြည်ပမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့အတွက် အမှန်တကယ် ယုံကြည်စိတ်ချရသော ဆေးကုသမှုဝန်ဆောင်မှုများကို ရှာဖွေနေပါသလား
✅ နိုင်ငံတကာ အာမခံ (International Insurance) တွေနဲ့ ပတ်သက်ပြီး အကျုံးဝင်မှု ရှိ၊ မရှိကိုရော ဝေခွဲမရ ဖြစ်နေပါသလား
✅ ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ လှပတဲ့ ကမ်းခြေတွေမှာ အပန်းဖြေရင်း ကမ္ဘာ့အဆင့်မီ ဆေးကုသမှုတွေကို ခံယူချင်ပါသလား

Bangkok Hospital မှာ နိုင်ငံတကာစံချိန်စံညွှန်းများ၊ အဆင့်မြင့်နည်းပညာများနှင့် ပြိုင်ဘက်ကင်းသော ဝန်ဆောင်မှုများကို အတူတကွပေါင်းစပ်ထားတဲ့ အလုံးစုံပြည့်စုံသော ဆေးဘက်ဆိုင်ရာ ထူးချွန်မှု (Medical Excellence) ကို တစ်နေရာတည်းမှာ ရရှိနိုင်မှာပါ။

ထိုင်းနိုင်ငံမှသည် ကမ္ဘာတစ်ဝန်းသို့ .... အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လူနာများ ရွေးချယ်မှုအများဆုံး ဆေးဘက်ဆိုင်ရာ ကျန်းမာရေးခရီးစဉ်တစ်ခုအဖြစ် ကျွန်ုပ်တို့ ဂုဏ်ယူစွာ ရပ်တည်လျက်ရှိပါသည်။

💙 Bangkok Hospital – ကျွမ်းကျင်မှုနှင့် စာနာနားလည်မှုတို့ ပေါင်းစပ်ရာနေရာ။

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
သင့်အတွက် အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ကျွန်ုပ်တို့နှင့်အတူ စတင်လိုက်ပါ။ ❤️



10/03/2026


ဘန်ကောက်ဆေးရုံကြီး ရန်ကုန်ရုံးများ နှင့် မန္တလေးရုံးခွဲ ခေတ္တပိတ်ရက် ကြေညာခြင်း♦️လေးစားအပ်ပါသော လူကြီးမင်းများနှင့် မိတ်...
10/03/2026

ဘန်ကောက်ဆေးရုံကြီး ရန်ကုန်ရုံးများ နှင့် မန္တလေးရုံးခွဲ ခေတ္တပိတ်ရက် ကြေညာခြင်း♦️

လေးစားအပ်ပါသော လူကြီးမင်းများနှင့် မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်။

ဘန်ကောက်ဆေးရုံကြီး ရန်ကုန်ရုံးများနှင့် မန္တလေးရုံးခွဲကို ၁၂-၃-၂၀၂၆ (Thursday) နေ့တွင် ခေတ္တပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ 🤗🤗

📣 ကျန်းမာရေးခရီးနှင့် ဝန်ဆောင်မှုများအတွက် အရေးပေါ် ဆက်သွယ်လိုပါက
မန္တလေး : 09 79790 6666
နေပြည်တော် : 09 94565 6666
မော်လမြိုင် : 09 95510 6666
ရန်ကုန် : 09 510 6666 , 09 98700 6666 သို့ ဆက်သွယ်နိုင်ပြီး အဆင်မပြေမှုများရှိခဲ့ပါက ကြိုတင်တောင်းပန်အပ်ပါတယ်။

၁၃-၃-၂၀၂၆ တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ရုံးများ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးခရီးအတွက် ဆွေးနွေးတိုင်ပင်မှုများဖြင့် ဆက်လက်ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။


Invisalign First – စောစောကုသလေ၊ ပိုကောင်းလေပါပဲပြီးပြည့်စုံတဲ့ အပြုံးလေးတစ်ခုဟာ ငယ်စဉ်ကတည်းက စတင်တာပါ။ မိဘတိုင်းရဲ့အိပ်မ...
09/03/2026

Invisalign First – စောစောကုသလေ၊ ပိုကောင်းလေပါပဲ

ပြီးပြည့်စုံတဲ့ အပြုံးလေးတစ်ခုဟာ ငယ်စဉ်ကတည်းက စတင်တာပါ။ မိဘတိုင်းရဲ့အိပ်မက်က ကလေးတွေ ယုံကြည်မှုရှိရှိ ပြုံးနိုင်ပြီး သွားလှလှလေးတွေနဲ့ ကြီးပြင်းလာဖို့ပါ။ ကလေးအတော်များများမှာ သွားထပ်တာ၊ သွားမညီတာ ဒါမှမဟုတ် သွားစောင်းတာ စတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပြီး ဒါဟာ ရုပ်ရည်သွင်ပြင်တင်မကဘဲ ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Invisalign ဆိုတာဟာ မမြင်နိုင်တဲ့ သွားညှိနည်းစနစ် (Invisible Orthodontic Solution) ဖြစ်ပြီး ကလေးတစ်ဦးချင်းစီရဲ့ သွားနဲ့ မေးရိုးတည်ဆောက်ပုံအလိုက် အထူးပြုလုပ်ထားတဲ့ အကြည်ရောင် သွားစွပ်လေးတွေကို အသုံးပြုကာ သွားတွေကို ဖြည်းဖြည်းချင်းနှင့် ညင်သာစွာ ညီညာလာအောင် ညှိပေးတာ ဖြစ်ပါတယ်။ ကလေးတစ်ဦးချင်းစီရဲ့ မေးရိုးနဲ့ သွားအနေအထားအပေါ် မူတည်ပြီး သက်တောင့်သက်သာရှိစွာနဲ့ ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

🦷 အသက် ၆ နှစ်နှင့်အထက် (ပထမဆုံး ကြီးသွားများ စတင်ထွက်ပေါ်လာချိန်) မှာ စတင်ကုသဖို့ အကြံပြုလိုပါတယ်။ စောစီးစွာ ဂရုစိုက်ခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေလို့ပါပဲ။

✨ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ -

✔ မေးရိုးအနေအထားကို ပိုမိုကောင်းမွန်စွာ ပြုပြင်ပေးနိုင်ခြင်း
✔ တပ်ဆင်ရတာ သက်တောင့်သက်သာရှိခြင်း
✔ ကုသမှုကြာချိန်ကို လျှော့ချပေးနိုင်ခြင်း
✔ သွားနှုတ်ရန်မလိုဘဲ ကုသနိုင်ခြင်း

Bangkok Hospital ရဲ့ Dental Center မှာ သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုအားလုံးကို အပြည့်အစုံ ရရှိနိုင်ပါတယ်။

📍 အသေးစိတ်လေ့လာရန်: https://bkhos.co/MfP76A

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
သင့်ကလေးငယ်များအတွက် အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ကျွန်ုပ်တို့နှင့်အတူ စတင်လိုက်ပါ။ ❤️



𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲!🎉၂၀၂၆ ခုနှစ်  “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲” မှာ မိသားစု...
08/03/2026

𝐇𝐚𝐩𝐩𝐲 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲!🎉

၂၀၂၆ ခုနှစ် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲” မှာ မိသားစုမှာရော လုပ်ငန်းခွင်မှာပါ ကဏ္ဍပေါင်းစုံကနေ ဘက်စုံစွမ်းဆောင်နိုင်မှုရှိကြတဲ့ အမျိုးသမီးများအားလုံးရဲ့ ထက်မြက်တဲ့ စိတ်ဓာတ်နဲ့ အရည်အချင်း တွေကို လေးစားဂုဏ်ပြုအပ်ပါတယ်။ ✨

ဒီနှစ်အတွက် ဆောင်ပုဒ်ဖြစ်တဲ့ 'Give To Gain' ဆိုတဲ့အတိုင်း အမျိုးသမီးတွေ အနေနဲ့ တစ်ဦးနဲ့တစ်ဦး အသိပညာတွေ၊ အခွင့်အလမ်းတွေနဲ့ ခွန်အားဖြစ်စေမယ့် အားပေးစကားတွေ မျှဝေပြီး ဖေးမကူညီခြင်းအားဖြင့် အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို အတူတကွ ဖန်တီးလိုက်ကြရအောင်။ 💜🤝

❤️ နှလုံးအဆို့ရှင်ရောဂါ ပြင်းထန်နေကြောင်း ညွှန်ပြနေတဲ့ သတိပြုဖွယ် လက္ခဏာရပ်များခေါင်းမူးတာ၊ နှလုံးခုန်မမှန်တာ၊ အသက်ရှူမဝ...
07/03/2026

❤️ နှလုံးအဆို့ရှင်ရောဂါ ပြင်းထန်နေကြောင်း ညွှန်ပြနေတဲ့ သတိပြုဖွယ် လက္ခဏာရပ်များ

ခေါင်းမူးတာ၊ နှလုံးခုန်မမှန်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာ ဒါမှမဟုတ် ခြေထောက်နဲ့ ခြေဖမိုးတွေ ဖောရောင်လာတာ... ဒီလက္ခဏာတွေဟာ ပြင်းထန်တဲ့ နှလုံးအဆို့ရှင်ရောဂါ (Heart Valve Disease) ရဲ့ အချက်ပြချက်လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ⚠️

နှလုံးကို ကျန်းမာအောင် ထိန်းသိမ်းဖို့အတွက် တိကျတဲ့ရောဂါရှာဖွေမှုနဲ့ အချိန်မီကုသမှု ခံယူဖို့က အလွန်အရေးကြီးပါတယ်။ အခုအခါမှာတော့ နှလုံးအဆို့ရှင်ကျဉ်းတာ ဒါမှမဟုတ် အဆို့ရှင်မလုံတဲ့ရောဂါတွေကို သေးငယ်သောခွဲစိတ်ဒဏ်ရာဖြင့် ခွဲစိတ်သည့် (Minimally Invasive) အဆင့်မြင့်နည်းပညာများနဲ့ ကုသနိုင်ပြီဖြစ်လို့ "နာကျင်မှုနည်းပြီး အမြန်ဆုံးပြန်လည်ကျန်းမာလာစေမှာ" ဖြစ်ပါတယ်။ ❤️

💓 ဘန်ကောက်နှလုံးဆေးရုံရဲ့ အဆင့်မြင့်ကုသမှုနည်းလမ်းများ -

✅ TEER / MitraClip / TriClip -
ပိုက်အသေးလေးမှတစ်ဆင့် နှလုံးအဆို့ရှင်ယိုစိမ့်မှုကို ပြန်လည်ပြုပြင်ပေးခြင်း။
🔗 https://bkhos.co/CCBjaX

✅ TAVI -
ရင်ဘတ်ဖွင့်ခွဲစိတ်စရာမလိုဘဲ ပေါင်ခြံသွေးကြောမှတစ်ဆင့် နှလုံးအဆို့ရှင်အသစ် လဲလှယ်ခြင်း သို့မဟုတ် ပြုပြင်ခြင်း။
🔗 https://bkhos.co/s1Dw6S

✅ Minimally Invasive 3D Endoscopic -
3D မှန်ပြောင်းနည်းပညာသုံးပြီး သေးငယ်သောခွဲစိတ်ဒဏ်ရာဖြင့် နှလုံးအဆို့ရှင်ကို ပြုပြင်ခြင်း သို့မဟုတ် အစားထိုးလဲလှယ်ခြင်း။
🔗 https://bkhos.co/TOPRZn

📊 နှလုံးကျန်းမာရေး စစ်ဆေးမှုပက်ကေ့ချ်များအတွက် -
👉 https://bkhos.co/Uh1l6O

နှလုံးကျန်းမာရေးအတွက် Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
သင့်အတွက် အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ကျွန်ုပ်တို့နှင့်အတူ စတင်လိုက်ပါ။ ❤️



ကျွမ်းကျင်သော ကုသမှု၊ နိုင်ငံခြားသားများ ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှု — EXPAT SUPER CARE 🌍နိုင်ငံရပ်ခြားမ...
06/03/2026

ကျွမ်းကျင်သော ကုသမှု၊ နိုင်ငံခြားသားများ ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှု — EXPAT SUPER CARE 🌍
နိုင်ငံရပ်ခြားမှာ နေထိုင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းသလို၊ မိမိနဲ့ မိသားစုအတွက် ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရှိနေခြင်းကလည်း အရာရာထက် အရေးကြီးပါတယ်။
Bangkok Hospital Headquarters မှ ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားများအတွက် အထူးရည်ရွယ်၍ ပုံဖော်ထားသော ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှု "EXPAT SUPER CARE" ကို မိတ်ဆက်ပေးလိုက်ပါတယ်။ နေ့စဉ်ကျန်းမာရေးမှသည် အရေးပေါ်အခြေအနေများအထိ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက သင့်အနားမှာ အမြဲရှိနေမှာပါ။ 🏥

✨ EXPAT SUPER CARE ၏ အဓိကဝန်ဆောင်မှုများ

🚁 အရေးပေါ်ကုသမှုနှင့် လူနာလွှဲပြောင်းသယ်ယူခြင်း (Emergency & Medical Evacuation)
အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်ပေးမည့် အရေးပေါ်အဖွဲ့များ၊ လေကြောင်းမှ လူနာသယ်ယူပို့ဆောင်ရေး အထောက်အပံ့များဖြင့်၂၄ နာရီပတ်လုံး အရေးပေါ်ဝန်ဆောင်မှုပေးနေပါသည်။ စက္ကန့်တိုင်းက အရေးကြီးလှတဲ့အချိန်မှာ ကျွမ်းကျင်တဲ့ ကုသမှုကသာ အသက်ကို ကယ်တင်နိုင်မှာပါ။

🧘 ကာကွယ်ခြင်းနှင့် ကျန်းမာသုခ (Prevention & Wellness)
ရေရှည်ကျန်းမာကြံ့ခိုင်စေရန်အတွက် ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုများ၊ တစ်ဦးချင်းအလိုက် ကျန်းမာရေးအစီအစဉ်များ၊ သွားနှင့်ခံတွင်း၊ မျက်စိနှင့် လေဆာ (LASIK) ကုသမှုများအပြင် အရေပြားနှင့် အလှအပဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါတယ်။

🏃 တက်ကြွသော လူနေမှုဘဝ (Active Living)
အားကစားဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုး၊ အကြော၊ အဆစ်၊ ခါးရိုးနှင့် ကျောရိုး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ စောင့်ရှောက်မှုများနှင့် စက်ရုပ်အကူအညီသုံး ခွဲစိတ်ကုသမှုများဖြင့် သင့်ဘဝကို အကောင်းဆုံး တက်ကြွစွာလှုပ်ရှားဖြတ်သန်းနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။

❤️ ပြီးပြည့်စုံသော နှလုံးကျန်းမာရေးစောင့်ရှောက်မှု (Complete Heart Care)
အဆင့်မြင့် နှလုံးစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများတွင် အရင်လို ရင်ဘတ်ဖွင့်ပြီး ရင်ညွှန့်ရိုးဖြတ်ခွဲစိတ်စရာမလိုသော (Minimally Invasive) နှလုံးခွဲစိတ်မှုများနှင့် Complex PCI နည်းလမ်းများဖြင့် သင့်နှလုံးသားကို ကျန်းမာသန်စွမ်းအောင် စောင့်ရှောက်ပေးပါတယ်။

🎗️ ဘက်စုံကင်ဆာစောင့်ရှောက်မှု (Total Cancer Care)
PET/CT scan၊ EDGE Radiosurgery၊ မျိုးဗီဇ ပြောင်းလဲမှုများရှိသော ကင်ဆာဆဲလ်များကို အဓိကပစ်မှတ်ထားသော ကုသမှု (Targeted therapy) နှင့် ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy) ကဲ့သို့သော ခေတ်မီနည်းပညာများ အသုံးပြု၍ ကင်ဆာရောဂါ ရှာဖွေခြင်း၊ အဆင့်မြင့်ရောဂါခွဲခြားခြင်းနှင့် တစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး ကုသမှုအစီအစဉ်များကို ဆောင်ရွက်ပေးနေပါတယ်။

👩‍👩‍👦 မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဝန်ဆောင်မှုများ (Mother & Child Services)
သားဖွားမီးယပ်နှင့် ကလေးအထူးကု ဆရာဝန်ကြီးများမှ မိခင်နှင့် ကလေးငယ်များအတွက် ချစ်ခင်နွေးထွေးသော၊ မိသားစုကို ဗဟိုပြုသော ဂရုစိုက်မှုများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သင့်ရဲ့ အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုများကို ကျွမ်းကျင်သူများလက်ထဲမှာ ယုံကြည်စိတ်ချစွာ အပ်နှံထားနိုင်တာကြောင့် ပြည်ပမှာ ယုံကြည်မှုအပြည့်နဲ့ သင့်ဘဝကို ဖြတ်သန်းနိုင်မှာပါ။

သင့်ကျန်းမာရေး၊ သင့်မိသားစုနှင့် သင့်ရဲ့ စိတ်အေးချမ်းမှုအတွက် -
💙 Bangkok Hospital Expat Super Care – ကျွမ်းကျင်သော ကုသမှု။ နိုင်ငံခြားသားများ ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှု။

📍 အသေးစိတ်ထပ်မံလေ့လာရန်: https://bkhos.co/MYi7PH

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ပြည်ပမှာ ယုံကြည်မှုအပြည့်နဲ့ သင့်ဘဝကို ဖြတ်သန်းနိုင်ဖို့ ကျွန်ုပ်တို့မှ ကူညီပေးဖို့အသင့်ရှိနေပါတယ်။ ❤️



03/03/2026

"CareConnect" ကျန်းမာရေးဟောပြောပွဲမှာ ဘာတွေ ထူးထူးခြားခြား ပါဝင်ခဲ့လဲ 🧐

Sea Lion Medical Travel နဲ့ Bangkok Hospital တို့ ပူးပေါင်းကျင်းပခဲ့တဲ့ "CareConnect" ကျန်းမာရေးဟောပြောပွဲမှာ တက်ရောက်လာသူတွေအတွက် တကယ်ကို အနှစ်သာရရှိတဲ့ ဗဟုသုတတွေ ဝေမျှပေးခဲ့ပါတယ်။

ဒီပွဲမှာ အဓိက ဘာတွေဟောပြောဖြစ်ခဲ့လဲဆိုရင် -

🧠 နေ့စဉ်ဘဝမှာ အမြဲကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုအပြုသဘောဆောင်ပြီး ရင်ဆိုင်ကျော်လွှားမလဲဆိုတာကို Dr. Anothai Soonsawat (စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)ကိုယ်တိုင် လမ်းညွှန်ပေးခဲ့ပါတယ်။

🦵 လူကြီးတော်တော်များများ ခံစားနေရတဲ့ ဒူးနာ၊ တင်ပါးဆုံရိုးနာရောဂါတွေအတွက် ထိရောက်တဲ့ ကုသမှုတွေအပြင်၊ နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာမှု မပြတ်တောက်စေဖို့ ဘာတွေ ဆောင်ရန်/ရှောင်ရန် လိုအပ်မလဲဆိုတာကို Dr. Panuwat Silawatshananai (အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး) က အသေးစိတ် ရှင်းလင်းပေးခဲ့ပါတယ်။

🎬 အဆိုပါပွဲကနေ ရရှိလာတဲ့ တန်ဖိုးရှိတဲ့ အချက်အလက်ကောင်းတွေကို အခု Video လေးထဲမှာ စုစည်းဖော်ပြပေးထားလို့ အတူတူ ကြည့်ရှုလိုက်ရအောင်နော်။

💬 လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဝန်ဆောင်မှုတွေကို Sea Lion Medical Travel မှ အမြဲတမ်း တာဝန်ယူ ဝန်ဆောင်မှုပေးနေပါတယ်။



မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုရင်း တောင်သူလယ်သမားများအားလုံး သီးနှံထွက်နှုန်းတိုး...
02/03/2026

မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုရင်း တောင်သူလယ်သမားများအားလုံး သီးနှံထွက်နှုန်းတိုးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

💕 "ချစ်ခြင်းမေတ္တာ" ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အနာဂတ်ကို အပြန်အလှန် ဂရုစိုက်ပေးခြင်းပါပဲ 💕အတူတကွဘဝအစ မစတင်ခင်၊ ချစ်သူန...
28/02/2026

💕 "ချစ်ခြင်းမေတ္တာ" ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အနာဂတ်ကို အပြန်အလှန် ဂရုစိုက်ပေးခြင်းပါပဲ 💕

အတူတကွဘဝအစ မစတင်ခင်၊ ချစ်သူနှစ်ယောက်အတွက် အသင့်တော်ဆုံးလက်ဆောင်က ဘာလဲ။

ပျားရည်ဆမ်း ခရီးတစ်ခုလား❓ ဈေးကြီးတဲ့ လက်စွပ်တစ်ကွင်းလား❓

တကယ့်တန်ဖိုးအရှိဆုံး လက်ဆောင်ကတော့... အနာဂတ်အတွက် ကျန်းမာရေး အာမခံချက်ပါ။ 💝
Bangkok Hospital ရဲ့ "မင်္ဂလာဦးကျန်းမာရေးစစ်ဆေးမှု" (Pre-Marital Screening) အထူးအစီအစဉ်နဲ့အတူ စိတ်အေးချမ်းမှုအတွက်တင်မကဘဲ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝအတွက် ခိုင်မာတဲ့ ယုံကြည်မှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

ဘာကြောင့် အရေးကြီးတာလဲ 💗

✔ အလုံးစုံ ကျန်းမာရေးအခြေအနေနဲ့ ရင်သွေးယူဖို့ အဆင်သင့်ဖြစ်မှုကို ဆန်းစစ်နိုင်ခြင်း။

✔ ကိုယ်ဝန်ဆောင်ချိန်၊ မျိုးအောင်နိုင်စွမ်း သို့မဟုတ် ရင်သွေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အခြေအနေများကို ကြိုတင်ရှာဖွေနိုင်ခြင်း။

✔ မျိုးရိုးလိုက်သော သို့မဟုတ် ကူးစက်တတ်သော ရောဂါများကို ကြိုတင်သိရှိကာ သင့်တော်သော ကုသမှုကို စီမံဆောင်ရွက်နိုင်ခြင်း။

💞 Pre-Marital Package (အမျိုးသား နှင့် အမျိုးသမီး)

🔹 အမျိုးသားများအတွက် ကျန်းမာရေးစစ်ဆေးမှု – ၆,၇၀၀ ဘတ်
🔹 အမျိုးသမီးများအတွက် ကျန်းမာရေးစစ်ဆေးမှု – ၇,၄၀၀ ဘတ်

သက်တမ်းကုန်ဆုံးရက် - ၃၁ ဒီဇင်ဘာ ၂၀၂၆

တကယ့်အချစ်စစ်ဆိုတာ အတူတကွ ကျန်းမာတဲ့ မနက်ဖြန်တစ်ခုကို ဖန်တီးခြင်းပါ။ ❤️

📍 အသေးစိတ်သိရှိလိုပါက - https://bkhos.co/o9zr82

အမျိုးသား: https://bkhos.co/l3IlYw
အမျိုးသမီး: https://bkhos.co/QEpg2p

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ကျန်းမာတဲ့ အနာဂတ်ကို အတူတူ ပုံဖော်နိုင်ဖို့ ကျွန်ုပ်တို့က ကူညီပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ ✨




Bangkok Hospital နှင့် Sea Lion Medical Travel တို့မှ ပူးပေါင်းကျင်းပခဲ့သော “CARE Connect: Connect Your Health with Our ...
26/02/2026

Bangkok Hospital နှင့် Sea Lion Medical Travel တို့မှ ပူးပေါင်းကျင်းပခဲ့သော “CARE Connect: Connect Your Health with Our Expert Care”

Bangkok Hospital နှင့် နှစ်ရှည်လများ ခိုင်မာစွာ လက်တွဲလာခဲ့သော Sea Lion Medical Travel တို့မှ “CARE Connect – Connect Your Health with Our Expert Care” အထူးပွဲလေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲသည် မြန်မာလူနာများ၊ မိသားစုဝင်များနှင့် မိတ်ဆွေအသိုင်းအဝိုင်းအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ယဉ်ကျေးမှုတို့ကို အလေးထား၍ ပြည့်စုံကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားရန် ခိုင်မာသည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းပဲ ဖြစ်ပါသည်။

အခမ်းအနားကို Bangkok Hospital Group 1 ၏ Assistant CEO နှင့် Bangkok International Hospital ၏ Hospital Director ဖြစ်သူ Mr. Ratapong Ambhanwong ဦးဆောင်မိတ်ဆက်ပြောကြားပေးခဲ့ပါသည်။

အစီအစဉ်များအနေဖြင့် Dr. Anothai Soonsawat (စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)မှ “စိတ်အားမလျော့ဘဲ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တည်ဆောက်ခြင်း (Mental Resilience)” ခေါင်းစဉ်ဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းရန် ဘဝ၏ စိန်ခေါ်မှုများကြားမှ ပြန်လည်ရုန်းထွက်နိုင်ရန် အဖိုးတန် ဗဟုသုတများကို မျှဝေပေးခဲ့ပါတယ်။

ထို့အပြင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက်လည်း Dr. Panuwat Silawatshananai (အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး) မှ “အရိုးအဆစ် နာကျင်မှုမရှိစေဘဲ ကောင်းမွန်စွာလှုပ်ရှားသွားလာနိုင်ခြင်း (No More Hip and Knee Pain - Protect Your Mobility for Life)” ခေါင်းစဉ်ဖြင့် စိတ်ဝင်စားဖွယ်မျှဝေခဲ့ပြီး တက်ရောက်သူများမှ လှုပ်ရှားနိုင်စွမ်းနှင့် ညှိနှိုင်းထိန်းချုပ်နိုင်စွမ်း တိုးတက်စေရန် လေ့ကျင့်ခန်းများနှင့် အကြောလျှော့လေ့ကျင့်နည်းများကို လက်တွေ့အသုံးချနိုင်အောင် လေ့လာနိုင်ခဲ့ကြပါသည်။
ဘန်ကောက်ဆေးရုံကြီးသည် မြန်မာလူမှုအသိုင်းအဝိုင်းနှင့် ဆေးရုံသို့ လာရောက်ဆေးကုသမှုယူသူတိုင်း၏ ကျန်းမာရေးနှင့် လူမှုဘဝအရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖန်တီးနိုင်ရေးကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

ပိုမိုသိရှိရန် - https://www.bangkokhospital.com/my/bangkok



✨ သင့်ဘဝကို အကောင်းဆုံးပြောင်းလဲပေးမည့် ထိရောက်သော ကိုယ်အလေးချိန်လျှော့ချခြင်း အစီအစဉ်ထိရောက်ပြီး ရေရှည်တည်တံ့တဲ့ ကိုယ်အ...
25/02/2026

✨ သင့်ဘဝကို အကောင်းဆုံးပြောင်းလဲပေးမည့် ထိရောက်သော ကိုယ်အလေးချိန်လျှော့ချခြင်း အစီအစဉ်

ထိရောက်ပြီး ရေရှည်တည်တံ့တဲ့ ကိုယ်အလေးချိန် လျှော့ချခြင်း အစီအစဉ်ဆိုတာ သင့်ကို ကြည့်ကောင်းစေရုံတင်မကဘဲ... သင့်ရဲ့ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုကို အတွင်းစိတ်ကအစ ပြောင်းလဲပေးနိုင်ပါတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုနဲ့ ဘဝအရည်အသွေးကိုလည်း မြှင့်တင်ပေးပါတယ်။ ⚖️

Bangkok Hospital ၏ ကိုယ်အလေးချိန် လျှော့ချခြင်း အစီအစဉ်ကို ကိုယ်အလေးချိန် ထိန်းညှိခြင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးများက ဦးဆောင်ပြီး အားကစားသိပ္ပံ ပညာရှင်များ အပါအဝင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက ဝိုင်းဝန်းကူညီပေးနေပါသည်။ ကျွန်ုပ်တို့အဖွဲ့သားများက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေရန်၊ လှုပ်ရှားသွားလာမှုကို ပိုမိုသွက်လက်စေရန်နှင့် ကိုယ်အလေးချိန် ပြန်မတက်လာအောင် ကာကွယ်ရန် ကူညီပေးခြင်းဖြင့် ရေရှည်တည်တံ့တဲ့ ရလဒ်များကို ဖော်ဆောင်ပေးပါတယ်။ 🌟

💪 ဘန်ကောက်ဆေးရုံရဲ့ Weight Loss Program ကို ဘာကြောင့် ရွေးချယ်သင့်သလဲ
✔ ရေရှည်တည်တံ့သော နေထိုင်မှုပုံစံ ပြောင်းလဲမှုများ
✔ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာခြင်း
✔ နာတာရှည်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်း
✔ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးခြင်း

စစ်မှန်တဲ့ ပြောင်းလဲမှုဆိုတာ သင့်ကိုယ်သင် ဂရုစိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာတင် စတင်တာပါ။ ပြောင်းလဲဖို့ အခုပဲ ရွေးချယ်လိုက်ပါ။

📍 အသေးစိတ်လေ့လာရန် - https://bkhos.co/Gwg19Y

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ယနေ့ကစပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး ခရီးစဉ်ကိုစတင်နိုင်ဖို့ ကျွန်ုပ်တို့က ကူညီပေးပါရစေ။ ✨



Address

181, Bo Myat Tun Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9518202120

Alerts

Be the first to know and let us send you an email when Sea Lion Medical Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sea Lion Medical Travel:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Sea Lion Medical Referral Centre’s Story

A subsidiary of the Sea Lion Group, SEA LION MEDICAL REFERRAL CENTER is leading the medical referral and travel services in Myanmar with 17 Years of healthcare excellence. Our dedication lies in bringing exceptional international medicare facilities to the people of Myanmar, with prime focus on patient’s care and convenience.

For the best surgical and other medical treatments, we have carefully chosen and partnered with some of the best hospitals across Asia. We are proud to exclusively represent Bangkok Hospital, Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand. We are also representing StemCells 21 Medical Center in Bangkok, and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima – Japan.

Addressing the need of the hour, we also assist in emergency evacuation through 24 x7 Emergency Air Ambulance Services which is efficiently coordinated with BDMS Medevac Center for best response time for the patients.

About SEA LION GROUP - Sea Lion Group is a leading comprehensive provider of healthcare, education, and industrial automation products, services, and solutions in Myanmar that is partnered with over 50 renowned global and regional business organizations. Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.