24/11/2025
2016 က စတင်ခဲ့တဲ့ Der Celebrity လေးဟာ ခုဆိုရင် ၉ နှစ်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ Der Celebrity ချစ်သတွေအတွက် 9th anniversary promotionလေး နဲ့ မိတ်ဆက်ပေးပါစေ။
ခရီးတွေထွက်၊ ပွဲတွေ တက်တဲ့အခါ လှသည်ထက် ပိုလှနေအောင်၊ နုပျိုတင်းရင်းနေအောင် အမြန်ဆုံးပဲ လှမ်းလာခဲ့လိုက်တော့နော်...
Promotion ကတော့ 31.12.2025 အထိပါရှင်။
==============================
Laser Hair Removal and Laser Whitening ( Up to 70% OFF )
ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင် တော်တော်များများဟာ ကျွန်မတို့အနေနဲ့ မလိုအပ်တော့ပါဘူး။ ဒါကြောင့်မလို့ မျက်နှာ၊ ဂျိုင်း၊ ခြေ၊ လက်၊ bikini စတဲ့ နေရာတွေမှာ မလိုချင်တဲ့အမွှေးတွေကို Laser လေးနဲ့ ဖယ်ရှားလိုက်မယ်ဆိုရင် ပုံမှန်လုပ်နေကြ waxing တွေ shaving တွေလို အလုပ်မရှုပ်တော့ပဲ ပြန်ထွက်နှုန်းကို သိသိသာသာကြီး လျှော့ချနိုင်ပြီလေ။
70% အထိ လျော့ပေးထားတဲ့ နှုန်းထားတွေအပြင် Follow up လုပ်ဖို့ပါ လက်ဆောင် အကြိမ်အရေအတွက်တွေလည်း ထဲ့ထားပေးပါသေးတယ်။ Full Course လုပ်မလို့ 10 + 2 package ပဲ ရွေးမလား၊ ဒါမှမဟုတ် area အစုံစမ်းဖို့ 5 + 1 package ပဲ ရွေးမလား ကြိုက်နှစ်သက်တဲ့ package တွေကို သက်သာသော နှုန်းထားများနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါပြီရှင်။
Hair removal လုပ်ရင်းတဲ့ တစ်ခါထဲ whitening ပါ လုပ်ချင်လဲ ရအောင် wavelength ၄ မျိုး အလိုအလျောက်ညှိုနှိုင်းပေးတဲ့ လေဆာစက်များ ထားရှိပေးထားပါတယ်။
area တစ်ခုချင်းစီအတွက် အသေးစိတ်ကို message ပေးပို့ မေးမြန်းနိုင်ပါတယ်ရှင်။
================================
HIFU
အလုပ်လဲမရှုပ်၊ ရှောင်စရာ ဆောင်စရာတွေလဲမလိုပဲ သက်တောင့်သက်သာ ရှိစွာနဲ့ လှပနုပျိုစေမယ့် HIFU
Korea နိင်ငံ ထိပ်တန်း အလှအပ Company တစ်ခုဖြစ်တဲ့ Jeysis ရဲ့ နောက်ဆုံးပေါ် Fourth Generation HIFU မှာ Linear ရော Dotted နည်းပညာပါ ပေါင်းစပ်ပါဝင်တဲ့ အတွက်
- မျက်နှာကို ပြန်လည် နုပျိုစေခြင်း
- တင်းရင်းကျစ်လစ်စေခြင်း
- မျက်နှာအဆီပိုများ ချေဖျက်ပေးခြင်း
- အသားအရောင်မညီညာခြင်းများ ပျောက်ကင်းသက်သာစေခြင်း
- ချွေးပေါက်ကျယ်ခြင်းများ သက်သာပျောက်ကင်းစေခြင်း
- အသားအရေ ကြည်လင်ဝင်းပစေခြင်း
စတဲ့ အာနိသင်များ အားလုံးပါရှိပါတယ်ရှင်။
နောက်ဆုံးပေါ် generation ဖြစ်တဲ့အတွက် နာကျင်မှု မရှိပဲ ၁နာရီဝန်းကျင်မှာ သက်တောင့်သက်သာနဲ့ အာနိကောင်းမွန်စွာ ရရှိစေပါတယ်ရှင်။
📍3 times HIFU package ကို 20% OFF
📍5 times HIFU package ကို 30% OFF
နဲ့ ရမှာဆိုတော့ အရမ်းကိုတန်သွားပြီပေါ့ ...
================================
Jawline Contouring Treatment
ကျွန်မတို့ Der Celebrity မှ ဆရာဝန်ကိုယ်တိုင်ပြုလုပ်ပေးတဲ့ ဒီ Treatment ဟာ ကြီးမားနေတဲ့ မေးရိုးကြွက်သားတွေကို အနားပေးပြီး သဘာဝအတိုင်း ပြန်လည်သေးသွယ်သွားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာသွင်ပြင်ကို နူးညံ့ပြီး ပိုမိုကျော့ရှင်းသွားစေပါတယ်။
ဒီ Treatment ကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?
မျက်နှာသွယ်လျပြီး V-Shape ပုံစံလေး ဖြစ်စေခြင်း။
တင်းရင်းမာကြောနေသော မျက်နှာသွင်ပြင်ကို နူးညံ့ပျော့ပျောင်းစေခြင်း။
သွားကြိတ်ခြင်းကြောင့်ဖြစ်တဲ့ ကိုက်ခဲမှုကို သက်သာစေခြင်း။
ဆရာဝန်ကိုယ်တိုင် ပြုလုပ်ပေးသောကြောင့် ဘေးကင်းလုံခြုံစိတ်ချရခြင်း။
အချိန်ခဏလေးသာပေးရပြီး ထိရောက်တဲ့ ရလဒ်ကောင်းကို ရရှိခြင်း။
📍မူရင်းစျေး = 395,000
📍Promotion Price = 288,000
==================================
မျက်နှာပေါ်က အရေးအကြောင်းတွေအတွက်ဆိုရင်...
မျက်နှာပေါ်က အရေးအကြောင်းတွေကို လျော့ချကြမယ်လေ။
မျက်လုံးဘေး၊ နဖူးပေါ်၊ မျက်ခုံး၂ခုအကြား မျက်မှောင်ရှုံ့အရေးအကြောင်း စတာတွေကို အချိန် ၁ပတ်ခန့်အတွင်းမှာ သက်သာပျောက်ကင်းစေပါတယ်။
📍မူရင်းစျေး = 93,000
📍Promotion Price = 69,000
==================================
Glow Face Premium ( 40% OFF )
မျက်နှာကို glow နေအောင် ထားချင်တယ်၊ ထိန်းသိမ်းချင်တယ်၊ procedure တွေ အများကြီးနဲ့ ရှုပ်ယှက်ယှက်မလုပ်ချင်ဘူးဆိုရင် Glow Face Premium လေး ရှိနေပြီလေ။
အချိန်တစ်နာရီလောက်အတွင်းမှာ သက်တောင့်သက်သာရှိစွာနဲ့ Glow နိုင်ပါပြီ။ Premium အဆင့် ၇ ဆင့် နဲ့ မျက်နှာကို Deep Cleansing တွေ၊ Oxygen ဓာတ် ဖြည့်တင်းတာတွေ၊ Serum အားဖြည့်တာတွေ၊ Phototherapy တွေ ပါဝင်မှာဖြစ်တဲ့အတွက် ပုံမှန် အသားအရေထိန်းသိမ်းချင်သူတွေ၊ ပွဲသွားပွဲလာတွေ၊ ခရီးသွားလာတာတွေအတွက် အလှပဆုံး အတောက်ပြောင်ဆုံးဖြစ်စေမယ့် Glow Face Premium Treatment လေး ဖြစ်ပါတယ်ရှင်။
📍တစ်ကြိမ် မူရင်းစျေး = 119,000
📍Promotion Package ( 5 times ) = 357,000
============================
အသက်အရွယ်ကို နောက်ပြန်လှည့်ပြီး သဘာဝအတိုင်း နုပျိုလန်းဆန်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ချင်သူတိုင်းအတွက်... 💁♀️💕
မျက်နှာရဲ့ အလှပဆုံး အချိုးအစားတွေကို ပေါ်လွင်စေဖို့၊ လျော့ရဲနေတဲ့ နေရာတွေကို အနုစိတ် ပုံဖော်ပြင်ဆင်မှု ဖြင့် အားဖြည့်လိုက်ရအောင်! ပေါ့ပါးတဲ့ နည်းလမ်းလေးနဲ့ သင့်ရဲ့ ပါးပြင်နဲ့ မေးရိုးတစ်ဝိုက်ကို တင်းရင်းပြီး ကြည်လင်တဲ့ အသွင်အပြင် ရရှိစေမှာပါ။
မျက်နှာသွင်ပြင်ကို သဘာဝအတိုင်း ဆွဲဆောင်မှုရှိရှိ ပြန်လည် နုပျိုစေဖို့၊ ယုံကြည်စိတ်ချရတဲ့ ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်သူတွေနဲ့ အခုပဲ ဆွေးနွေးလိုက်ပါ။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အပြောင်းအလဲလေး စလိုက်ရအောင်နော်! 😊
Package လေးများကို 25% အထိ လျော့ပေးထားတဲ့အတွက် မိမိနဲ့ ကိုက်ညီမယ့် package များကို လာရောက် တိုင်ပင်နိုင်ပါတယ်ရှင်။
==================================
ဒါ့အပြင် အခြားသော promotion များလည်း ရှိသေးတာမလို့ Der Celebrity ရဲ့ Anniversary Promotion နဲ့အတူ မိမိကိုယ်တိုင် လှပလန်းဆန်းနေဖို့ပဲဖြစ်ဖြစ်၊ မိမိချစ်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အမြန်ဆုံးပဲ ဆက်သွယ်လိုက်ပါနော်။
အရည်အသွေးမြင့် America, Korea, Italy မှ Premium Quality ပစ္စည်းများဖြင့် ဝါရင့် ဆရာဝန်များကိုယ်တိုင် ဝန်ဆောင်မှုပေးနေပါပြီ...
အသေးစိတ် သိချင်တာလေးတွေကို Page message box မှတဆင့်၊ ဒါမှမဟုတ် ဖုန်းလေးဆက်ပြီးပဲဖြစ်ဖြစ် မေးမြန်းလို့ရပါတယ်ရှင်။
Ph / Viber : 09 451 889 009
No. 0216, ရွှေဂုံတိုင် , Excel Hotel ပထမထပ် , ကမ္ဘာအေးဘုရားလမ်း, ဗဟန်းမြို့နယ်, ရန်ကုန်မြို့။
အလှအပတွက် စိတ်အချရဆုံး ... Der Celebrity ...
#အလှအပ #အသားအရေကျန်းမာရေး