WIN OSHE Safety Academy

WIN OSHE Safety Academy Occupational safety, health and environmental solutions provider in Myanmar. OSHE Services Co.

Ltd is an established, leading nationwide provider of Occupational Safety, Health, Environment Services such as Training, Consultancy, Risk Management and Safety Management System Development to a broad range of industry sectors in Myanmar. Our highly experienced and professional consultants include expertise in industries such as Manufacturing, Construction, Mining, Shipyards, Chemical Process, Services, Institutions, Logistic, and Fleet can offer comprehensive on all aspects of Occupational Safety, Health and Environment Consultancy services. We provide several levels of service essential to effectively meet the ever-growing demand and complexity of Occupational Safety, Health and Environment. We can assist every organization to maximize its productivity and efficiency by reducing workplaces accidents. Utilize our collective Occupational Safety, Health and Environment professional expertise, knowledge base and experience to achieve higher work for you to achieve and sustain business growth.

Certified Occupational Safety and Health Supervisor Course =====================================WIN OSHE Safety Academy ...
07/01/2026

Certified Occupational Safety and Health Supervisor Course
=====================================
WIN OSHE Safety Academy နှင့် World Safety Organization- Myanmar တို့ပူးပေါင်းစီစဉ်သော Certified “Occupational Safety and Health Supervisor Course- Online” ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဖွင့်လှစ်သွားပါမည်။

တည်ဆောက်ရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်း ကုမ္ပဏီများတွင် OSH Supervisors/ Safety Supervisors ရာထူးတာဝန် ထမ်းဆောင် လိုသူများ တက်ရောက်သင့်ပါတယ်။

Online သင်တန်းဖြစ်သောကြောင့် အင်တာနက်လိုင်းရသော မည်သည့်နေရာဒေသမှ မဆို အလွယ်တကူတက်ရောက်နိုင်ပါတယ်။

ဤသင်တန်းကို တက်ရောက်သင့်သူများ

👷ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး နှင့် လုပ်ငန်းဌာန အသီးသီးတွင် OSH Supervisor / Safety Supervisor အဖြစ် တာဝန်ထမ်းဆောင်လိုသူများ

👷‍♀️ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ‌ရေး နှင့် နှင့် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ Professional Certificate ရယူလိုသူများ

👷 အဖွဲ့အစည်း၊ လုပ်ငန်းဌာန များအတွင်း OSH စံနှုန်းများ မြှင့်တင်ရန် တာဝန်ရှိသူများတက်ရောက်သင့်ပါတယ်။

သင်တန်း၏ ထူးခြားချက်များ (Key Features)
-------------------------------------------
✅ World Safety Organization (Myanmar) မှ အသိအမှတ်ပြု လက်မှတ်

✅ လက်တွေ့အသုံးချနိုင်သော လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း နှင့် ကျန်းမာရေး စီမံခန့်ခွဲမှု နည်းလမ်းများကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်း အတွေ့ အကြုံနှင့် သင်ကြာရေး အတွေ့ အကြုံရှိသည့် ဆရာများမှ သင်တန်း ပို့ချခြင်း

✅ အွန်လိုင်းမှတစ်ဆင့် နေရာမရွေး တက်ရောက်နိုင်ခြင်း

✅ လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသော Case Studies များဖြင့် သင်ကြားပေးခြင်း

✅ သင်တန်းတွင် သင်ယူလေ့လာမှု များကို အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများနှင့် အလုပ်သမားများအား ဘေးကင်းရေး အသိပညာမျှဝေနိုင်ခြင်း


သင်တန်းကို စိတ်ပါဝင်စားသူများ ဖုန်း ၀၉၇၉၃ ၈၉၉၆၆၅, ၀၉၉၆ ၄၀၅၅ ၇၇၆ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။



⭐⭐⭐ Chemical Safety Course/Chemical Hazard Communication Course ⭐⭐⭐ ⭐⭐⭐ ဓာတုပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု...
07/01/2026

⭐⭐⭐ Chemical Safety Course/Chemical Hazard Communication Course ⭐⭐⭐
⭐⭐⭐ ဓာတုပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခြင်း သင်တန်း ⭐⭐⭐
=============================================================
စက်ရုံ၊ အလုပ်ရုံများတွင် ဓာတုပစ္စည်းများစွာကို နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲနေရပါသည်။ ထိုသို့အသုံးပြုရာတွင် ဓာတုပစ္စည်းများကို အသုံးပြုသူများ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် အရေးကြီးပါသည်။ ဓာတုပစ္စည်းများကို သုံးစွဲရာတွင် အမျိုးအစားတစ်မျိုးခြင်းစီ အလိုက် သက်ဆိုင်ရာ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များကို သိရှိနိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် WIN OSHE Safety Acadamy အနေဖြင့် Chemical Hazard Communication Course ကို 14-Jan-2026 တွင် Online Class ဖွင့်လှစ်ရန်ရှိပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဤသင်တန်းသည် ဓာတုပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေရသော ဝန်ထမ်းများ၊ ၎င်းဝန်ထမ်းများကို ကြီးကြပ်နေရသော Supervisors များ၊ Managers များနှင့် Engineers များလည်း တက်ရောက်နိုင်ပါသည်။ သင်တန်းမှာ တစ်ရက်သင်တန်းဖြစ်ပြီး စာတွေ့၊ လက်တွေ့သင်ခန်းစာများ ပါဝင်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
လူဦးရေ ကန့်သန့်ချက်ရှိခြင်းကြောင့် စာရင်းကြိုတင်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သင်တန်းစုံစမ်းလိုပါက - Phone 0979 3899 665, 0996 4055 776 📞📞📞📞
email: info@osheservices.com 🖥🖥🖥 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။



🙋WIN OSHE Safety Academy မှ 2026ခုနှစ် Janလအတွင်း တွင် အောက်ပါ သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။🙇💁အ...
06/01/2026

🙋WIN OSHE Safety Academy မှ 2026ခုနှစ် Janလအတွင်း တွင် အောက်ပါ သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။🙇

💁အောက်ပါသင်တန်းများမှ မိမိတက်လိုသည့်သင်တန်းများကိုရွေးချယ်ပြီး စာရင်းသွင်းအပ်နှံနိုင်ပါသည်။✍️

သင်တန်းများအကြောင်း အသေးစိတ်စုံစမ်းလိုပါက
📲ဖုန်း 09-793899665, 09-964055776 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🌟Hazardous Area Classification Online Training🌟💁မီးလောင် ပေါက်ကွဲမှုအန္တရာယ်ဖြစ်ပွားနိုင်သည့် ဓါတုနှင့် ဆက်စပ်ပစ္စည်းမျာ...
05/01/2026

🌟Hazardous Area Classification Online Training🌟

💁မီးလောင် ပေါက်ကွဲမှုအန္တရာယ်ဖြစ်ပွားနိုင်သည့် ဓါတုနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်၊ ကိုင်တွယ် ထုတ်လုပ်သည့် စက်ရုံ၊ သိုလှောင်ရုံ၊ သိုလှောင်ကန် များရှိသည့် လုပ်ငန်းခွင်များတွင် အန္တရာယ်ရှိတဲ့ ဧရိယာ (Hazardous Areas) များကို နိုင်ငံတကာစံနှုန်း များနှင့် အညီ ခွဲခြားသတ်မှတ်နိုင်ဖို့ Hazardous Area Classification (Online) ကို WIN OSHE Safety Academy မှ ဖွင့်လှစ်ပို့ချပါမည်။🧑‍💻

✨နိုင်ငံတကာအန္တရာယ် ကင်းရှင်းရေး စံနှုန်းများနှင့် စနစ်တကျ အန္တရာယ်ရှိသည့် ဧရိယာများခွဲခြားခြင်း စွမ်းရည်သည့် မီး‌လောင် ပေါက်ကွဲမှု များကြောင့် လူ့အသက်ပေါင်းများစွာသေဆုံးရခြင်းနှင့် စက်ရုံ၊ သိုလှောင်ရုံ၊ သိုလှောင်ကန်နှင့် ထားသို ကိုင်တွယ်ရသော ပစ္စည်းများ ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါမည်။
ဒီသင်တန်းပြီးပါက ရရှိမည့် စွမ်းရည်များ
• Zone 0, 1, နှင့် 2 အမျိုးအစားများကို နားလည်စွာ ခွဲခြားခြင်း။
• ဓာတ်ငွေ့ (Gas)၊ အခိုးအငွေ့ (Vapor)၊ ဖုန်မှုန့် (Dust) နှင့် အမျှင်ဓာတ် (Fiber) ဆိုင်ရာ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း။
• သင့်လျော်သော စက်ကိရိယာများ ရွေးချယ်ခြင်း (Ex equipment markings များအကြောင်း)။
• ATEX နှင့် IECEx စံချိန်စံညွှန်းများကို ထိရောက်စွာ အသုံးချခြင်း။

• သင်တန်းကို 🧑‍💼
U Win Bo
MSc ( Safety, Health & Environment)-National University of Singapore, BE ( Mining)
Director, World Safety Organization National Office for Myanmar
CQI- IRCA Lead Auditor Trainer: ISO 9001 (QMS), ISO 14001 (EMS), ISO 45001(OH&SMS)
Professional Member(SISO, Singapore), International Member ( ASSP, USA)
Registered WSHO, ECO, Fire Safety Manager( Singapore)
ပို့ချပါမည်။

🗓️သင်တန်းဖွင့်မည့်ရက် 31st Jan 2026 စနေနေ့

• အချိန် - နံနက် ၉း၀၀ မှ နေ့လည် ၁၂း၀၀

သင်တန်းကြေး -
• တစ်ဦးလျှင် - 50,000 MMK ( WIN OSHE သင်တန်းသားဟောင်းများအတွက် 40,000 MMK)
သင်တန်းစုံစမ်းလိုပါက - 📲Phone 0979 3899 665, 0996 4055 776
📧email: info@osheservices.com သို့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🔥 MASTER THE PERILOUS ZONE. Online Training Now Open! 🔥
Are you working in industries where explosive atmospheres are a constant threat? Confidently classifying hazardous areas is not just a best practice—it's a legal imperative and a lifesaving skill.
Our comprehensive Hazardous Area Classification Online Training empowers you with the expertise to:
✅ Prevent Explosions: Understand the science behind ignition and containment.
✅ Ensure Compliance: Navigate complex ATEX, IECEx, and local regulations.
✅ Protect Lives: Implement robust safety measures that make a real difference.
✅ Boost Your Career: Become an indispensable asset in industries from Oil & Gas to Pharmaceuticals.
What You'll Master in this Course:
• Understanding Zone 0, 1, and 2 classifications.
• Identifying gas, v***r, dust, and fiber hazards.
• Selecting appropriate equipment (Ex equipment markings).
• Applying ATEX and IECEx standards effectively.



𝑾𝒐𝒓𝒌𝒊𝒏𝒈 𝑨𝒕 𝑯𝒆𝒊𝒈𝒉𝒕 𝑺𝒂𝒇𝒆𝒕𝒚 𝑪𝒐𝒖𝒓𝒔𝒆အမြင့်တွင် ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်းဆိုင်ရာ သင်တန်း==============================...
05/01/2026

𝑾𝒐𝒓𝒌𝒊𝒏𝒈 𝑨𝒕 𝑯𝒆𝒊𝒈𝒉𝒕 𝑺𝒂𝒇𝒆𝒕𝒚 𝑪𝒐𝒖𝒓𝒔𝒆
အမြင့်တွင် ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်းဆိုင်ရာ သင်တန်း
=========================================
အမေရိကန်နိုင််ငံ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးဋ္ဌာန ထုတ်ပြန်ချက် အရ အမြင့်မှ ပြုတ်ကျစဉ်အတွင်း လူတစ်ယောက် အတွက် သက်ရောက်မှု ခံနိုင်ရည်အား ပမာဏသည် ပေါင် ၁၈၀၀ ဖြစ်သည်။ ၎င်းထက် ကျော်လွန်ပါက ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှု၊ ပျက်စီးမှု သို့မဟုတ် သေဆုံးသည်အထိ ဖြစ်နိုင်သည်။
=========================================
အမြင့်မှ ပြုတ်ကျခြင်းသည် တစ်ကမ္ဘာလုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နံပါတ်တစ် လူသေဆုံးမှု အများဆုံးသော အမှုအခင်းဖြစ်သည်။ ဆက်သွယ်ရေးတိုင်၊ တာဝါတိုင် တက်ခြင်းကြောင့် သေဆုံးသည့် နှုန်းထားသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသည့် နှုန်းထားထက် ၁၀ ဆ ပိုများပါသည်။
==========================================
ထို့ကြောင့် တာဝါတိုင်များတွင် အလုပ်လုပ်ကိုင်သူများ၊ အမြင့်တွင် အလုပ်လုပ်ကိုင်ရသော professional cleaner များ၊ ဆောက်လုပ်ရေး လုပ်သားများ၊ အခြား အမြင့်တက်ရသော လုပ်သားများ အနေဖြင့် မဖြစ်မနေ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။
========================================
WIN OSHE Safety Academy အနေဖြင့် Working At Height Safety Course ကို 🗓️ 09-10 Jan 2026 တွင် ဖွင့်လှစ်ပါမည်။ သင်တန်းတက်ရောက် ပြီးစီးပါက WIN OSHE Safety Academy (နှင့် World Safety Organization မှ) ချီးမြင့်သော သင်တန်းဆင်းလက်မှတ်နှင့် အိတ်ဆောင် ကဒ်ကို ရရှိမည်ဖြစ်ပါသည်။ အိတ်ဆောင်ကဒ်၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်ပါသည်။
ကဒ်သက်တန်းပြည့်သူများသည်လည်း Refresher Course တက်ရောက်ပြီး သက်တမ်းတိုးသင်တန်းတက်ရောက်နိုင်ပါသည်။
=======================================
သင်တန်းစုံစမ်းလိုပါက - 📞Phone 0979 3899 665, 0996 4055 776
📧email: training@osheservices.com သို့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါသည်။


𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐒𝐚𝐟𝐞𝐭𝐲 𝐂𝐨𝐮𝐫𝐬𝐞 (𝐎𝐧𝐥𝐢𝐧𝐞)----------------------------------------💁-လျှပ်စစ်နှင့်တိုက်ရိုက် (သို့) အနီးအနားတွင် လ...
05/01/2026

𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐒𝐚𝐟𝐞𝐭𝐲 𝐂𝐨𝐮𝐫𝐬𝐞 (𝐎𝐧𝐥𝐢𝐧𝐞)
----------------------------------------

💁-လျှပ်စစ်နှင့်တိုက်ရိုက် (သို့) အနီးအနားတွင် လုပ်ကိုင်ရသူများကို လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေး၏ အရေးပါပုံနှင့် လိုအပ်သည့်ကြိုတင်ကာကွယ်မှု့များကို သိရှိစေရန် သင်ကြားပေးမှာဖြစ်ပါတယ်...

🧑‍💻WIN OSHE Safety Academy မှ Electrical Safety Course အား 🗓️ 08-Jan-2026 တွင် Online Class ဖွင့်လှစ်မည်ဖြစ်ပါတယ်....

👉ကျောင်းသားအသစ်များလည်း ဤသင်တန်းကို တက်လို့ရသလို ‌ကဒ်သက်တမ်းကုန်ထားသော ကျောင်းသားဟောင်းများလည်း သက်တမ်းတိုးသင်တန်းတက်လို့ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ်စုံစမ်းလိုပါက 📞ဖုန်း 09-793899665, 09-964055776 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


စက်ရုံများတွင် သွယ်တန်းထားသော ပိုက်လိုင်းများ အတွက် အရောင် သတ်မှတ်ချက် Pipeline Colour  Standard ( ANSI/ ASME)
04/01/2026

စက်ရုံများတွင် သွယ်တန်းထားသော ပိုက်လိုင်းများ အတွက် အရောင် သတ်မှတ်ချက် Pipeline Colour Standard ( ANSI/ ASME)

03/01/2026

❗❗BUY 2 GET 1❗❗
❗❗၂စုံဝယ်ရုံနဲ့ ၁စုံလက်ဆောင်ရမယ့်ခွင့်အရေး❗❗

Quality ကောင်းပြီး EN standard တွေနဲ့အညီထုတ်လုပ်ထားပြီးတော့ Tested Certificate တွေရရှိထားတဲ့ ရဲ့ Glove ကို GET1နဲ့ ရနေပါပြီနော်။

📍ရေလုပ်ငန်း/အဝတ်လျှော်ဆပ်ပြာ/ ပန်းကန်ဆေး ဆပ်ပြာတွေ/ အပင်စိုက်တဲ့အခါတွေမှာအသုံးပြုရတဲ့ ဆေးတွေကလည်း ရေရှည်မှာ လက်အရေပြားကို ထိခိုက်ပျက်ဆီးစေနိုင်တာကြောင့် လက်အိတ်လေးတွေ ဝတ်ဆင် အသုံးပြုသင့်ပါတယ်နော်။
❗ဒါကြောင့် GET1 ရှိတုန်း နောက်မကျခင်အမြန်ဝယ်ဆောင်ထားသင့်ပါတယ်နော်။

1prs = 5,000
Available size = 6/7, 7/8




31/12/2025
🎉နှစ်သစ်ကူး ရုံးပိတ်ရက်ကြေငြာခြင်း🎉(01-Jan-2026) ရက်နေ့နှင့် (02-Jan-2026) ရက်နေ့တို့သည် " နိုင်ငံတကာနှစ်သစ်ကူးနေ့" အမျာ...
31/12/2025

🎉နှစ်သစ်ကူး ရုံးပိတ်ရက်ကြေငြာခြင်း🎉

(01-Jan-2026) ရက်နေ့နှင့် (02-Jan-2026) ရက်နေ့တို့သည် " နိုင်ငံတကာနှစ်သစ်ကူးနေ့" အများပြည်သူရုံးပိတ်ရက် ဖြစ်သောကြောင့် WIN OSHE Safety Academy နှင့်ရုံးခန်းတို့ ပိတ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်🎉🎆

Address

95 Insein Road, 4B, San Yeik Nyein Kamaryut Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

09793 899665

Alerts

Be the first to know and let us send you an email when WIN OSHE Safety Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to WIN OSHE Safety Academy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram