Alpha Group Holdings Ltd. (New Zealand)

Alpha Group Holdings Ltd. (New Zealand) Health Care Product Distribute with Network Marketing Business

ကင်ဆာတို့၏ဘုရင်☠️👑☠️👑☠️👑ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ pancreatic cancer ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဖြစ်ပါတယ် ...
13/10/2023

ကင်ဆာတို့၏ဘုရင်
☠️👑☠️👑☠️👑
ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ pancreatic cancer ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဖြစ်ပါတယ် ။ ဒီရောဂါ ဖြစ်ပြီဆိုရင် - များသောအားဖြင့် ၂လ မှ ၆လ လောက်ပဲ အသက်ရှင်ပါတယ် ။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။
👑👑👑
ကမ္ဘာပေါ်မှာ နာမည်ကြီး မင်းသားမင်းသမီး ၊ နိုင်ငံရေးသမား များဒီရောဂါကြောင့် ဆုံးပါးသွားကြသူများရှိရာ အိုင်ဖုန်း၊ အိုင်ပတ် ၊Apple တည်ထောင်သူ SteveJobs မှာ လူသိများပါတယ် ။ မြန်မာပြည်က အဆိုတော် ခိုင်ထူးဟာ ဒီရောဂါနဲ့ ဆုံးပါးတာ ဖြစ်ပါတယ် ။
☠️
ဒီကင်ဆာရောဂါဖြစ်နေတာကို စောစောစီးစီး မသိကြပါဘူး။ များသောအားဖြင့် ဗိုက်နာရင် ၊ ဗိုက်မကောင်းရင် .. ဗိုက်ကို အာထရာဆောင်း လုပ်ကြည့်တယ်။ ပန်ကရိယက အစာအိမ်ရဲ့ အနောက်ဖက် မှာရှိပြီး သူ့ရှေ့မှာ တခြား အင်္ဂါတွေ ရှိနေတာမို့ အာထရာဆောင်းနဲ့ ကြည့်ရင် ကောင်းကောင်း မမြင်ရပါဘူး။ အာထရာဆောင်းနဲ့ တွေ့တဲ့အချိန်မှာ ကင်ဆာ အလုံးက တော်တော် ကြီးနေပါပြီ။ 5-7cm အရွယ် လောက်ကြီးမှ တွေ့တာ များပါတယ်။ အဲဒီအချိန်မှာ ဘေးမှာရှိတဲ့ အင်္ဂါတွေဆီကို ပြန့်နှံ့နေပြီး အချို့က အဝေးက အင်္ဂါတွေဆီလည်း ကင်ဆာဆဲလ်တွေက ပြန့်နေပြီ ဖြစ်ပါတယ် ။
😢😢😢
အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာ ဖြစ်နေရင် လူနာက ဗိုက်နာပါတယ် ။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ် ၊ အစာအိမ်ရောဂါ ဖြစ်တယ် လို့ ဆရာဝန်တွေက ထင်ကြပါတယ် ။ အစာမကြေတာ၊ အစာအိမ်ရောင်တာ ၊ အစာအိမ် အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ် ။ ဒီရောဂါတွေကလည်း အဖြစ်များတယ်လေ။ အစာအိမ်ဆေးတွေ ပေးပြီး ကုသတဲ့အခါ ဗိုက်နာတာကို သက်သာတယ်ဆိုတာ တွေ့ရှိရတယ်။ အနောက်နိုင်ငံမှာ ပန်ကရိယကင်ဆာ ဖြစ်နေသူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ... ပန်ကရိယကင်ဆာလို့ မသိခင်မှာ လူနာတွေဟာ ဆရာဝန်ဆီသွားပြတာ ၁၈ ခေါက်ထက် မနည်းရှိပြီလို့ ဆိုပါတယ် ။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့ အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။
😭😭😭
ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့ အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့ အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း ၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာ အပေါ် ထိရောက်မှု မရှိပါဘူး ။ အခြား ကုသနည်းတွေ ၊ ဆေးဝါး အသစ်တွေ ကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။
💉💉💉
​အစပိုင်းမှာ ရောဂါလက္ခဏာတွေက.... နုံးနေမယ် ၊ အစားအသောက်ပျက်မယ် ၊ ပိန်သွားမယ်.... အလုပ်ပင်ပန်းလို့ နုံးတာပဲလေ လို့ ထင်တတ်ကြတယ် ။ တခါတလေ အစားအသောက်ပျက်တာ ဖြစ်မှာပါ ။ ပိန်သွားတာ ကောင်းတာပေါ့ ၊ ဝ ရင် ဆီးချို သွေးတိုး နှလုံးရောဂါတွေ ဖြစ်မယ် ၊ ပိန်တာ ကျန်းမာတယ် လို့ ထင်တတ်ကြပါတယ် ။ ဒီလို ရောဂါ လက္ခဏာတွေ ပြနေပေမယ့်လည်း အများစုက အလေးမထားဘဲ လစ်လျူရှုလိုက်ကြပါတယ်။
နောက်ပိုင်းမှာ ဗိုက်နာ လာမယ် ။ ဒါလည်း အစာအိမ် ရောဂါ ဖြစ်မှာပါ ။ ဒီလို ထင်ကြတယ် ။
ပန်ကရိယ ခေါင်းမှာ ကင်ဆာ ဖြစ်ရင် သည်းခြေလမ်းကြောင်းကို သွားပိတ်တဲ့ အတွက် မျက်စိဝါမယ် ၊ အသားဝါမယ် ။ လူနာက ပျို့ချင် အန်ချင်မယ်။
တချို့က.. ဝမ်းလျှောမယ် ၊ ဝမ်းသွားတဲ့အခါ အဆီတွေပါမယ် ၊ ကျောကုန်း နာမယ် ။
ဒီလက္ခဏာတွေပေါ်လာရင် လျစ်လျူမရှုဘဲ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။
😇😇😇
ပန်ကရိကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့....
၃၀% က ဆေးလိပ်သောက်လို့ ဖြစ်တာပါ။
၂၀% က အစားအသောက်နဲ့ ဆိုင်ပါတယ် ။ အဆီများတဲ့ အစာ ၊ ဝက်အူချောင်းလို ပြုပြင်ထားတဲ့ အစာ ၊ အချိုများတဲ့ အစာတွေ က ဒီကင်ဆာရောဂါကို ဖြစ်စေပါတယ် ။
🐀🐀🐀🐀🐭🐭🐭
ထိုင်ဝမ် သုတေသန တစ်ခုက... ကြွက်တွေကို အုပ်စု နှစ်ခုခွဲပြီး တစ်စုကို သကြားများတဲ့ အစာတွေ ချည်းကျွေးပါတယ် ။ ရက်သတ္တပတ် ၂၀ အကြာမှာ ဒီကြွက်တွေကို စစ်ဆေးကြည့်တဲ့အခါ အချိုကျွေးတဲ့ ကြွက်တွေရဲ့ ပန်ကရိယမှာ DNA မှာပြောင်းလဲမှုတွေ ဖြစ်ပြီး အဲဒီကမှ ကင်ဆာဆဲလ် အဖြစ် ပြောင်းလဲနေတာကို တွေ့ရှိရပါတယ်။
အခု ၅ နှစ်အတွင်း ထိုင်ဝမ်မှာ ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်း တက်လာခြင်းမှာလည်း လူတွေရဲ့ အချိုစားသုံးမှု များလာခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်များက ပြောကြပါတယ်။
🍦🍨🎂🍩🍮🥤🥤🥮
အရက်သောက်ခြင်းကလည်း pancreatitis ပန်ကရိယကို ရောင်ရမ်းစေပြီး ပန်ကရိယကင်ဆာ ဖြစ်ပွားမှုကို တိုးပွားစေပါတယ်။
🍻🍺🥂🍷
မျိုးရိုးဗီဇကြောင့် ပန်ကရိယကင်ဆာ ဖြစ်တာ ၁၀% လောက် ရှိပါတယ်။ မိသားစုထဲမှာ ပန်ကရိယကင်ဆာ ဖြစ်ဖူးသူတယောက်ရှိပါက မိမိမှာ ဖြစ်နိုင်ခြေ ၃-၅ ဆ လောက် တက်လာပါတယ် ။
👨‍👩‍👧‍👧👨‍👩‍👧
၃၆% လူနာတွေကတော့ ဘာကြောင့်မှန်းမသိဘဲ အကြောင်းရင်း ကိုရှာလို့ မရပါဘူး ။ ဆေးလိပ် ၊အရက် မသောက်ဘူး ၊ အစားအသောက်လဲ ပုံမှန်ပဲ ၊ ဘာကြောင့် ဒီရောဂါ ဖြစ်လဲ မသိဘူး ။ တချို့က ယူဆတာက stress စိတ်ဖိစီးမှုများလို့ ထင်ကြပါတယ်။
🏨🏨🏨🏥
တချို့ရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ များတာတွေ့ရှိရပါတယ် ။
1. ဆီးချို သွေးချိုရောဂါ diabetes mallitus
2. အဝလွန်ခြင်း
3. ပန်ကရိယ တွင်ရေအိတ်များရှိခြင်း pancreatic cyst
4. နာတာရှည်ပန်ကရိယရောင်ရမ်းခြင်း chronic pancreatitis
ဒီရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ တခြားလူထက် ပိုများပါတယ်။
🔬🔬🔬
အမေရိကန် မှ ပညာရှင်တစ်ဦးက တွေ့ရှိရာမှာ...
ပန်ကရိယကင်ဆာ မဖြစ်ခင် ၂ နှစ်ခွဲမှ တနှစ်ခွဲကြားမှာ အဲဒီလူရဲ့ သွေးတွင်း သကြားဓာတ်က blood sugar level မြင့်နေပါတယ် ။ ဆီးချိုရောဂါလောက် မမြင့်ပေမယ့်ပုံမှန်ထက် ပိုမြင့် ပါတယ်။ တဖြည်းဖြည်း မြင့်လာပါတယ် ။ ကိုယ်အပူချိန်ကလည်း တက်လာပါတယ်။
🌡🌡🌡
ပန်ကရိယကင်ဆာမဖြစ်ခင် တနှစ်ခွဲက နေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ် ။ ကိုယ်လက်စထရော စတဲ့ သွေးတွင်း အဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာတယ်။ ကိုယ်အလေးချိန်က ကျမသွားဘူး။
🧪🧪🧪
ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်း အဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။
သွေးတွင်းအချိုဓာတ် blood glucose levels တဖြည်းဖြည်း တက်လာပြီး အကြောင်းထူး မရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန်ကျသွားရင် အထူး သတိထားဖို့ ကောင်းပါတယ်။
💊💊💊
ပန်ကရိယ ကင်ဆာကို ကုသခြင်းထက် ကြိုတင် ကာကွယ်ရေးက ပို အရေးကြီးပါတယ်။
1.ဆေးလိပ်ဖြတ်ပါ။
2.အရက်အလွန်အကျွံသောက်ခြင်း ၊ အချိုရည် အလွန်အကျွံ သောက်ခြင်းမှရှောင်ကျဉ်ပါ။
3.ပြုပြင်ထားသော အသားများ၊ အသားကင်များ လျှော့စားပါ။
4.သန့်ရှင်း လတ်ဆပ်သော အသီးအနှံ၊ အရွက်များ စားပေးပါ။
5.အသက် ၅၀ ကျော်ရင် သွေးတွင်းအချိုဓာတ် blood glucose levels ကို အမြဲတိုင်းပါ။
သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ် ၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ် ဆိုရင် အထူးဂရုစိုက်ရပါမယ်။
🥬🥒🥦🥑🍇🍓🍌🍒🍓
ဒေါက်တာမော်နီကာသူရိန်
15 June 2020🌈⚡️☀️

၄ မိနစ် အချိန်ပေးပြီး ဖတ်ကြည့်ပါလားနောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက် အချိန်ပ...
12/10/2023

၄ မိနစ် အချိန်ပေးပြီး ဖတ်ကြည့်ပါလား
နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ
အသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက်
အချိန်ပေးပြီး ဒီ post လေးကို ဖတ်ပေးပါ ။

လူတွေတော်တော်များများရဲ့ ကံကြမ္မာ
ကနောက်ဆုံးတော့ တူညီကြပါတယ် ။ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။
ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကို
ပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့)
လုံလောက်ပါပြီ။

၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ
၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင်
ကုသပေးပါမယ်။
၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။

ဘဏ်နဲ့ဆွေးနွေးတော့လည်း
ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။
၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။
၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။
၃။ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ။

ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေး
ကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို
နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။

♥၁။သင့်အတွက် အကောင်းဆုံးဆရာဝန်က
သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်
♥၂။အကောင်းဆုံးဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်
♥၃။အကောင်းဆုံးဆေးဝါးတွေကတော့
(ကျန်းမာသန့်ရှင်းတဲ့) အစာအာဟာရပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သင့်ကိုယ်စား
ကားမောင်းပေးမယ့်လူရှိမယ် ။
ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ် ။
ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ် ။
ဒါပေမယ့် ...
သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ
ဘယ်သူမှမရှိဘူး။
သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေ
အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ်
ဆုံးရှုံးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တာက
"အသက်" ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတဦးဖြစ်သူ
"ဂျက်မား" ပြောဖူးပါတယ်။ မျောက် တကောင်ရှေ့မှာ
ငှက်ပျောသီး တဖီးနဲ့ ဒေါ်လာ တထပ် ထားပြီး
ရွေးခိုင်းမယ်ဆိုရင် မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။
ပိုက်ဆံက ငှက်ပျောသီး အများကြီးကို ဝယ်လို့ရတာ
မျောက်က မသိဘူးလေ။ လူတွေရှေ့မှာ ကျန်းမာခြင်း နဲ့
ချမ်းသာခြင်း (ငွေကြေး) အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင် အများစုက ချမ်းသာခြင်းကိုပဲ ရွေးကြပါတယ်။
အံ့သြစရာကောင်းတယ် ။

ဒါပေမယ် ... သင်သိပါသလား။
ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့ ကျန်းမာရေးကို
ဝယ်လို့ မရဘူးဆိုတာ ။
လူတွေက အယူအဆ အမှားတွေနဲ့ ကိုယ့်ဘဝ ကို
ဖျက်စီးနေကြတယ်။

တနေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ ရုတ်တရက်
အလင်းရလိုက်တယ်။
ကျန်းမာခြင်းထက် တန်းဖိုးရှိတာ ဘာတခုမှ မရှိပါလား။

ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ။
ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက အမွေ အဖြစ်
ထားခဲ့ရမွာပါ။

လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့ ကျန်းမာရေးကို ပိုက်ဆံနဲ့
ဝယ်လို့ရတာလဲ မဟုတ်။ ပိုပြီးဝမ်နည်းဖို့ကောင်းတာက
သေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။

ဒီလို ကံကြမ္မာ ကနေ လွတ်မြောက်ချင်ပါသလား။
သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို
ရရှိဖို့ စဉ်းစားပါ။

သေမင်းမှာ အချိန်းအချက် မရှိဘူး။

တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာ
သွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ်။
ကမ္ဘာကျော် အနုပညာရှင် အဲဗစ်ပရက်စလေဟာ
အသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့
ကွယ်လွန်ခဲ့ပါတယ် ။
ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ
အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။
ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက်
လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။ ကျွန်ုပ်တို့ပဲ
အသိဆုံးပါ။

ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာ
နောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့
ယူဆလို့ မရပါဘူး။
သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာ
အသေးဆုံးပျက်စီးမှုက စတင်တာပါ ။
အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။
ပုဆိန်နဲ့ပေါက်ရလောက်အောင် ကုသရမဲ့ ရောဂါကို
အပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင်
ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။

ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်
တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ ပေးဆောင်ရမှာ
ဖြစ်ပါတယ် ။
၈၀% လူတွေက ကျန်းမာရေးအတွက် အကုန်အကျ
မခံချင်ကြ ဘဲ
နောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ နေသွားကြပါတယ်
နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီး
ကနေ ထွက်ခွာသွားကြပါတယ် ။
၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး
၅% ကသာ အသက်ကြီးလို့ သေဆုံးတာ ဖြစ်ပါတယ် ။

ဒီလို ရောဂါတွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့
မထင်ပါနဲ့။
မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့။
ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ကောင်းပါတယ်။
ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ ။
မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။
နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်းမလုံးရအောင် ၊
ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က
လူမမာတယောက် အပေါ် ငွေကြေး ၊အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်
ကျန်းမာရေး သတိထား နေရပါမယ်။

သင့်ရဲ့ နောက်ပိုင်း ဘဝ တဝက်ကို
လူနာ ကုတင်ပေါ်မှာပဲ ကုန်ဆုံးချင်ပါသလား ။
ဒါမှ မဟုတ်
မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲ
အသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ်
အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား။

သင့် ဘဝ က
သင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ် ။

Credit : original uploader.

______________________________________________

ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း
ပြသနေတဲ့လက္ခဏာ (၇) ရပ်။
******************************

၁။ ဆေးလိပ်နဲ့အရက်

ဒါကိုတော့ အထူးတလည် ရှင်းပြဖို့တောင် လိုမယ် မထင်ပါဘူး။ ဆေးလိပ်နဲ့အရက် စွဲနေတဲ့လူဟာ အသက်ရှည်ဖို့ မပြောနဲ့ လူ့သက်တမ်း စေ့အောင်တောင် မနေရပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးနိုင်ပါတယ်။

၂။ အလုပ်ကို ဦးစားပေးလွန်းတာ

အလုပ်လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေး ထိခိုက် လွယ်ပါတယ်။ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ပင်ပန်းမှုတွေက သင့်ရဲ့သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကိုဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန် မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။

၃။ တစ်နေကုန်ထိုင်နေရတာ

ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန်ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြချက်အရ တစ်နေ့ကို ၁၀ နာရီထက် မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီး အိုမင်း လွယ်သွားပါသတဲ့။

၄။ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာ

ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ် ဆိုတာမျိုးက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ်လွဲထားတာမျိုး မရှိဘဲ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေး ချို့ယွင်းမှု ပိုဖြစ်စေပါတယ်။ နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှု စနစ်နဲ့ ကြွက်သားတွေ မကောင်းဘူး ဆိုတဲ့ သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တကယ် အကျိုးရှိစေ ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

၅။ အလေးချိန် နည်းနည်းလေးကိုတောင်မှ မဖို့ မလွယ်တာ

ကိုယ့်ခန္ဓာကိုယ် အလေးချိန်လောက် ရှိတဲ့ အလေးအပင် တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကို တောင်မှ မသယ်နိုင် မ,မနိုင်ဘူး ဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်ကာ အားနည်းနေတဲ့ သဘော ပါပဲ။ ကြွက်သားတွေမှာ အဆီတွေ များနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခေါက်က အဆီတွေပေါ့။ ခြေထောက်မခိုင်တာ၊ ကြွက်သားတွေ တင်းရင်းမှု မရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ် လိမ့်မယ်လေ။

၆။ ဗဟုသုတ အသိဉာဏ်နည်းပါးတာ

အသိပညာ ကြွယ်ဝသူတွေနဲ့ ဗဟုသုတ လေ့လာ လိုက်စားသူတွေက ကိုယ့်ခန္ဓာကိုယ် အတွက် ကောင်းရာကောင်းကြောင်းတွေကို ပြုမူကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုတွေလုပ်ရမယ် ဆိုတာလည်း သိတာကြောင့် အသက်ပိုရှည် ပါတယ်။ အသိပညာ မရှိသူတွေကတော့ ကျန်းမာရေး အသိဉာဏ် နည်းပါးပြီး သေဆုံးလွယ်ကြတယ်လေ။

၇။ စားသောက်မှုပုံစံ

ဆီများများစားတဲ့ အကျင့်၊ အငန်နဲ့အချိုတွေ ကြိုက်လွန်းတဲ့ အကျင့်ကလည်း အဝလွန်မှုကို ဖြစ်စေကာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာတွေ ဖြစ်စေပါတယ်။ ဒီရောဂါတွေကြောင့်ပဲ သင်နေထိုင်ရမယ့် သက်တမ်းက ပိုတိုတောင်းသွားရမှာပါ။

Credit:
Duwun

အစဉ်အမြဲ ကြိုးစားတင်ဆက်လျက်
ကျန်းမာရေးဆောင်းပါးများ'

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်❗️ဖုန်းနဲ့ ငြိမ်တယ်ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိ...
09/10/2023

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်
မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်❗️

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်🥀
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့
ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ💜

မူရင်းရေးသားသူအား ပေးပါသည်🙏

09/10/2023
04/10/2023

လတ်တလောမရနိုင်သေးတဲ့ ထုတ်ကုန်ပစ္စည်းတွေပါ။

Ganopoly 3C, HarbalPmt,Renalcleanse, Ganopoly 1A, DiAche ,ImproX,Thropo,Rehair,Immurich
နောက်တစ်လလောက်နေမှ ကုမ္ပဏီမှာ ပစ္စည်းပြန်ရပါမယ် လို့ သတင်းရပါတယ်။

ချီမထားနဲ့ လက်ကြိုက်သွားလိမ့်မယ်တဲ့လား😿😿😿ဗိုက်ထဲမှာ ၉လနီးပါး ကွေးကွေးနွေးနွေးလေးနေခဲ့ရတဲ့ လူသားငယ်ငယ်လေးဟာ ရုတ်တရက် အပြင...
30/09/2023

ချီမထားနဲ့ လက်ကြိုက်သွားလိမ့်မယ်တဲ့လား

😿😿😿ဗိုက်ထဲမှာ ၉လနီးပါး ကွေးကွေးနွေးနွေးလေးနေခဲ့ရတဲ့ လူသားငယ်ငယ်လေးဟာ

ရုတ်တရက် အပြင်လောကကိုရောက်လာပြီး အေးစက်စက်လေနဲ့ထိတွေ့ပြီး အဖြူအမဲဘဲ မြင်ရတဲ့ ခံစားချက်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိမ့်မလဲ

😿😿😿ကြိုက်တာမကြိုက်တာပြောခွင့်မရှိဘဲ နှုတ်ခမ်းက ထွက်လာတာ စကားလုံးတွေမဟုတ်ဘဲ ငိုသံတွေဘဲ ဖြစ်နေတာဟာ ဘယ်လောက်နေရခက်နေလိမ့်မလဲ

😿😿😿ကြာကြာအိပ်နေချင်ပေမယ့်လဲ အများကြီးမဆံ့တဲ့ အစာအိမ်သေးသေးလေးကြောင့် ၂နာရီခြားတစ်ခါဗိုက်ဆာတဲ့ ဒုက္ခလေးကလည်း ဘယ်လောက်ဆိုးနေလိမ့်မလဲ

😿😿😿ရှူရှူး အီအီးတွေ ပေါက်ချပြီးတိုင်း စိုစိစိနဲ့ နေရခက်တဲ့ ခံစားချက်ကိုလည်း ဖော်ပြလို့ရတာ ငိုသံလေးပါဘဲ

😿😿😿ညနက်သန်းခေါင် ရုတ်တရက် ဆန့်ထွက်လာတဲ့ ကြီးထွားဟော်မုန်းတွေကြောင့်နာကျင်မှုကိုလည်း ဖော်ပြလို့ရတာငိုသံလေးပါဘဲ

😻😻😻အားလုံးသော နာကျင်ရမှု ဆိုးရွားမှုတွေကို ဖြေသိမ့်ပေးနိုင်တာ မေမေနဲ့ ချစ်ရတဲ့ မိသားစုရဲ့ နွေးနွေးထွေးထွေး ထွေးပွေ့ထားမှု ချီထားပေးမှု လေးပါ ချီထားရလို့ လက်မကြိုက်ပါဘူး

အချိန်တန်တော့ လက်ပေါ်ကကော့ဆင်းမယ့် လူသားလေးပါ နှစ်ပေါက်အောင် တစ်ညလုံးနို့မ
စို့ပါဘူး အချိန်တန်တော့ ကျောပေးအိပ်မယ့်

လူသားလေးပါ နှစ်ပေါင်းများစွာ တွယ်ကပ်မနေပါဘူး အချိန်တန်တော့ ကိုယ့်လမ်းကိုယ်လျှောက်မယ့် လူသားလေးပါ

ကျေးဇူးပြုပြီး

🙏🙏ဒီလူသားလေး ရက်၁၀၀မပြည့်ခင်အထိ တစ်ညလုံး မအိပ်ရလဲ စိတ်ရှည်ပေးပါ

🙏🙏ဒီလူသားလေး ၆လမပြည့်ခင်အထိတော့ ချီထားပေးပါ
🙏🙏ဒီလူသားလေး ဖြည့်စွက်စာမစားခင်အထိတော့ မေမေနို့တိုက်ပေးပါ

🙏🙏ဒီလူသားလေး တစ်သက်စာ ကြီးထွားဖို့အရေးကြီးတဲ့ ၂နှစ်အတွင်းမှာတော့ အာဟာရ
မျှတအောင်ဂရုစိုက်ပေးပါ

ဒီလူသားလေးဟာ မေမေတို့အတွက် ဆုလက်ဆောင်လေးမို့ စိတ်ရှည်ပေးပါနော်

**ကျွန်မသားလေး ချီထားမှအိပ်တဲ့ ညလုံး
ပေါက်နို့စို့တဲ့

အမေမှအမေဆိုတဲ့ လူသားငယ်ငယ်လေးဟာ
၅လနဲ့ ၅ရက်မြောက်နေ့မှာဘဲ ကျောခိုင်းပြီး
အိပ်တတ်နေပြီတဲ့

😣😣😣ချီထားရင်မနေချင်တော့ဘူး မှောက်
လိုက်လှန်လိုက်လုပ်ဖို့ အောက်ကို ကော့ဆင်း
တတ်နေပြီတဲ့

😣😣 ဘယ်လောက်မှမကြာခင် လမ်းလျှောက်တော့မယ် ကျောင်းသွားတော့မယ် အချိန်ဟာ ခဏလေးမို့ မေမေတို့လည်း စိတ်ရှည်ပေးကြပါ ပိုချစ်ပေးကြပါ နောင်တမရရလေအောင် တာဝန်ကျေပေးကြပါနော် 😊😊😊

ရန်ကုန်မြို့၌ ကူးစက်မြန် မျက်စိနာ၊ မျက်သားရောင် ရောဂါ ဖြစ်ပွားသူ များပြားနေ24 September 2023 by MPA CJ 006ရန်ကုန်မြို့တွ...
28/09/2023

ရန်ကုန်မြို့၌ ကူးစက်မြန် မျက်စိနာ၊ မျက်သားရောင် ရောဂါ ဖြစ်ပွားသူ များပြားနေ

24 September 2023 by MPA CJ 006

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ရာသီဥတု ပူနွေးစိုစွတ်မှုကြောင့်၊ စိုထိုင်းဆ မြင့်တက်လာသဖြင့် ကူးစက်မြန် မျက်စိနာ၊ မျက်သားရောင် ရောဂါ ဖြစ်ပွားနေသူများ များပြားနေကြောင်း ရောဂါဖြစ်ပွားသူများနှင့် ဆရာဝန်များထံမှ စုံစမ်းသိရှိရသည်။

မျက်စိနာ မျက်သားရောင်ရောဂါမှာ ​ဩဂုတ်လ လလယ်ခန့်မှစ၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ ရောဂါဖြစ်ပွားစေသည့် ကူးစက်မြန် ဗိုင်းရပ်စ်ပိုးမှာ ရာသီဥတုပူနွေးစိုစွတ်မှုကြောင့် လျှင်မြန်စွာ ပေါက်ဖွားလာရာ ယခုရက်ပိုင်းအတွင်း ကူးစက်နှုန်း ပိုမိုမြန်ဆန်လာကြောင်း ဆရာဝန်တစ်ဦးထံက သိရသည်။

"အစက မသိဘူး။ လေတိုက်လို့ပဲ မျက်လုံးရဲတာ ထင်တာ။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဆိုတော့။ နောက်တော့ ယားလာတယ်။ မဟုတ်သေးဘူးဆိုပြီး ဆရာဝန်နဲ့ပြပြီး မျက်စဥ်းထည့်လိုက်တာ။ ၄ ရက်လောက်မှ သက်သာသွားတယ်။ နောက်မှ သေချာသိရတာက စက်ရုံတွေလည်း အဖြစ်များနေတယ် ကြားတယ်။ အပြင်မှာလည်း တော်တော် ဖြစ်ကြတယ်ပြောတယ်" ဟု မျက်စိနာရောဂါ ​ဖြစ်ပွားဖူးသူ တစ်ဦးကဆိုသည်။

ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားသော မျက်စိနာ၊ မျက်သားရောင် ရောဂါ လက္ခဏာများမှာ မျက်စိယောင်ခြင်း၊ နီမြန်းခြင်း၊ နာခြင်း၊ ယားခြင်း၊ မျက်ရည်ကျခြင်းတို့ ဖြစ်ပေါ်ကြောင်း သိရသည်။

" အပူများတဲ့သူတွေ မခံနိုင်တော့ ဖြစ်ကြတာ။ ဖျားတော့ မဖျားဘူးတဲ့။ မျက်လုံးချည်းပဲ သီးသန့်။ မျက်စိနာတဲ့သူကို ကြည့်လိုက်မိတယ်၊ သူ သုံးထားတဲ့ ပစ္စည်းကိုင်ပြီး မျက်နှာ ပွတ်လိုက်မိလို့ဆိုရင်တော့ အဲ့ဒီလိုတွေဖြစ်တာပေါ့နော်။ ရုံးက ကလေးမလေးဆို အဆောင်နေတာ။ အဆောင်မှာ တစ်ယောက်ဖြစ်တော့ ကျန်တဲ့သူတွေ ဖြစ်ကြတာ။ အဆောင် မှာ ဖြစ်တာ လေးငါးခြောက်ယောက်ပဲ။ တစ်ဆောင်လုံး မကူးအောင်တောင် အကြံပေးလိုက်သေးတယ် " ဟု မရမ်းကုန်းမြို့နယ်ရှိ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ကူးစက်မြန် ဗိုင်းရပ်စ်ပိုးကြောင့် ၊ မျက်စိနာ၊ မျက်သားရောင် ရောဂါသည် စက်ရုံ အလုပ်ရုံကဲ့သို့သော လူနေထူထပ်သည့်နေရာများ၊ ရုံးဌာနများနှင့် အဆောင်နေထိုင်သူ အများစု တွင်ဖြစ်ပွားနေကြောင်းသိရသည်။

" လူနာပိုကျတဲ့ ဆေးခန်းဆိုရင်တော့ တစ်ရက်ကို နှစ်ယောက်၊ သုံးယောက် အဲ့ဒီလောက်တောင်ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ကူးတယ်။ များသောအားဖြင့် ကိုယ်ခံအားနည်းတဲ့သူတွေစီမှာ ဖြစ်ကြတယ်။ ဗိုင်းရပ်စ်ရဲ့ သဘာဝကိုက အဲ့ဒီလူရဲ့ ကိုယ်ခံအားနည်းတဲ့အချိန်ကို စောင့်နေတာ။ ကိုယ်ခံကောင်းအောင်နေဖို့၊ လက်ဆေးဖို့နဲ့ လူတွေ အရမ်းထူ ထပ်တဲ့နေရာ သွားတဲ့အခါ လက်ဆေးပါ။ အဓိကက လက်သန့်ရှင်းရေးပေါ့" ဟု သန်လျင်မြို့နယ်က ဆရာဝန် တစ်ဦးက ပြောသည်။

၎င်း၏ ဆက်လက်ပြောကြားချက်အရ မျက်စိနာ၊ မျက်သားရောင် ရောဂါဖြစ်ပွားသူများသည် အနည်းဆုံး ၂ ရက်မှ အများဆုံး ၇ ရက်အထိဖြစ်တတ်ကြောင်း၊ ရောဂါသက်သာစေရန်အတွက် တစ်ဦးချင်းစီ၏ ရောဂါအခြေအနေပေါ်မူ တည်၍ မျက်စဥ်း၊ ပိုးသတ်ဆေး၊ ယားနာသက်သာဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် ကိုယ်ခံအားကောင်းစေသည့် ဆေးများ သုံးစွဲနိုင်သည်ဟု သိရသည်။

လတ်တလောတွင် ကူးစက်မြန် မျက်စိနာရောဂါဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်မြို့အတွင်းရှိ မူကြိုကျောင်းတစ်ချို့ ယာယီ ပိတ်ထားကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/VxJP
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

ပုံစာ - ရန်ကုန်မြို့ မြင်ကွင်းတစ်ခု

စာတည်း - ကိုဆန်း
#ရန်ကုန် #ရာသီဥတု #ပူနွေးစိုစွတ် #မျက်စိနာ #မျက်သားရောင်

Recently Most Viewed Topics » NUG PDF Daw Aung San Su Kyi Covid-19 CDM Military Chin State

28/09/2023

လူတွေကို စိတ်မဆိုးတာကြာပြီ
စိတ်ဆိုးခြင်းကနေရလာတဲ့ စိတ်ပင်ပန်းမှုဒဏ်ကို
မလိုချင်တော့လို့ပါပဲ...

ဒီတော့ စိတ်ဆိုးချင်စရာတွေလုပ်လာရင်
အဲဒီလူဆီကနေ တစ်လှမ်းခွာလိုက်တယ်
စိတ်ချမ်းသာစရာတွေပေးတဲ့လူဆိုရင်တော့
တစ်လှမ်းတိုးလာခွင့်ပေးလိုက်တယ်။

တချို့က စိတ်မချမ်းမသာဖြစ်ရအောင်
ခဏခဏလုပ်တယ်
အဲဒီအခါကျ တစ်လှမ်းပြီးတစ်လှမ်း ခွာရင်းခွာရင်း
မြင်ကွင်းထဲကနေပျောက်သွားရော...

ဘဝထဲနီးနီးနားနားရှိနေပါလျက်နဲ့
မမြင်ရတော့လောက်အောင် ဝေးသွားတဲ့လူတွေ
သိပ်ရှိတာပေါ့
သာကြောင်းလည်းမသိချင်၊
မာကြောင်းလည်းမကြားချင်တော့တဲ့လူတွေပေါ့

မြင်ကွင်းထဲ တဖြည်းဖြည်း
ကြည်လင်ပြတ်သားလာတဲ့လူတွေကိုပဲ
ပိုဂရုစိုက်ဖြစ်တော့တယ်...🤍

ကလေးငယ်များတွင်အဖြစ်များနေသော မျက်စိနာရောဂါ *Adenoviral Conjunctivitis (မျက်မှေးရောင်နာ (သို့မဟုတ်) မျက်စိနာရောဂါ) အကြော...
26/09/2023

ကလေးငယ်များတွင်အဖြစ်များနေသော မျက်စိနာရောဂါ
*Adenoviral Conjunctivitis (မျက်မှေးရောင်နာ (သို့မဟုတ်) မျက်စိနာရောဂါ) အကြောင်းသိကောင်းစရာ*
မေမေဖေဖေတို့ရှင်
ယခု ရာသီအကူးအပြောင်းကာလ ပတ်ဝန်းကျင်မှာ *Adenoviral Conjunctivitis – Pink Eye (မျက်စိနာရောဂါ)* အဖြစ်များလေ့ရှိနေပါတယ်။ မျက်စိနာရောဂါမှာ အသက်အရွယ်မရွေး ကူးစက်နိုင်သောရောဂါ ဖြစ်ပါတယ်။
*မျက်စိနာရောဂါ လက္ခဏာများကတော့*
၁. မျက်စိတစ်ဖက် နီလာမယ်။
၂. မျက်ခွံဖောင်းလာမယ်။
၃. မျက်ရည်ကျမယ်။
၄. မျက်ချေးထွက်မယ်။ (အထူးသဖြင့် မနက်အိပ်ရာနိူးချိန် မျက်ချေးပိတ်ပြီး မျက်ခွံနှစ်ခု ကပ်နေမယ်။)
၅. အမှိုက်ဝင်သလို ခံစားရမယ်။
၆. မျက်လုံးယားယံမယ်။
၇. ရက်ပိုင်းအတွင်း နောက်တဖက် ကူးနိုင်ပါတယ်။

*ဘာကြောင့်ဖြစ်နိုင်တာလဲဆိုတော့*

၁. Bacteria (မျက်ချေးထွက်ပါမယ်။)
၂. Viral ( Virus) (မျက်ချေးမထွက်ပါ။)
၃. Allergy

*ဘယ်လိုကူးနိုင်လဲဆိုတော့*
• မျက်လုံး အချင်းချင်းကြည့်လို့ မကူးနိုင်ပါ။
• ရောဂါရှိသူနှင့် လက်ဆွဲနှုတ်ဆက်ရင် ကူးနိုင်ပါတယ်။
• ရောဂါ ရှိသောနေရာ မျက်နှာပြင်များကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မိမိ မျက်လုံးကို ကိုင်မိရင် ကူးနိုင်ပါတယ်။
• Viral Conjunctivitis ကြောင့် ဖြစ်ပွားပါက နှာစေးချောင်းဆိုးခြင်းမှ တဆင့်လဲ ကူးနိုင်ပါတယ်။
*တကယ်လို့ မျက်စိနာလာခဲ့ပြီ ဆိုရင်*
• လူစုလူဝေးတွေကို ရှောင်ပါ။
• မျက်စိနာရောဂါ ရှိသူနှင့် အတူတူ မျက်စင်းခတ်ဆေး ၊ လက်သုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ၊ မိတ်ကပ်၊ ခေါင်းအုံး အတူမသုံးပါနှင့် ။
• လက်ကို ခဏခဏ ဆပ်ပြာနဲ့ သေချာဆေးပါ။
• မျက်ချေးများ ကင်းစင် သက်သာသည် အထိ ကျောင်းသို့ မသွားပဲ အိမ်မှာပဲ နေပါ။

Credit : private school

https://www.facebook.com/100027298455809/posts/1370908153829120/?mibextid=cr9u03တစ်ပတ်သုံးကြိမ်၊ ဆားရည်စိမ်၊ ဇိမ်နဲ့အိပ်...
14/09/2023

https://www.facebook.com/100027298455809/posts/1370908153829120/?mibextid=cr9u03

တစ်ပတ်သုံးကြိမ်၊ ဆားရည်စိမ်၊
ဇိမ်နဲ့အိပ်ရသည်။
ရိုးရိုးရေတွင်၊ ဆားထည့်စဉ်၊
ပျော်ဝင်နေရမည်။
ဆားလက်သုံးဆုပ်၊ တစ်ကြိမ်လုပ်၊
အဟုတ်သင့်လှသည်။
ခြေမျက်စိနား၊ ရေထိထား၊
မှတ်သားလိုက်နာပါ။
ညဘက်သာစိမ်၊ သူ့အချိန်၊
အိပ်ချိန်နီးရမည်။
အကြောတက်တာ၊ လွန်သက်သာ၊
ကျန်းမာစေပါသည်။
တအားမအေး၊ ဘုရားဆေး၊
ဖြေပေးလိုက်ပါသည်။
တစ်ခါစိမ်ချက်၊ နာရီဝက်၊
မပျက်ရှိရမည်။
နာရီဝက်ပြီး၊ ခြေသုပ်ပြီး၊
အိပ်ပြီးနှပ်နေပါ။
တောင့်တင်းအကြော၊ စျာန်ကိုလျှော၊
သူမောသွားရပြီ။
အခိုးလည်းပွင့်၊ သွေးလေသင့်၊
လုပ်သင့်ကောင်းလှသည်။
ဆင်အော်မနိုး၊ စည်းစိမ်တိုး၊
အားတိုးကျန်းမာမည်။
မျက်စိအမြင်၊ လွန်ကြည်လင်၊
စိတ်တွင်ချမ်းသာမည်။
ရွှေလအသွင်၊ ရုပ်ဆင်းအင်၊
ကြည်လင်လှပမည်။။

"ကျန်းမာချမ်းသာကြပါစေ"

Credit
မင်းဒဿ
မေတ္တာဖြင့်မျှဝေသည်။
🙏🙏🙏🙏🙏🙏🙏🙏

Address

No, 208 (Ground Floor), 30th Street Upper Block, Pabaedan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595118562

Website

http://www.alpha-group.co.nz/

Alerts

Be the first to know and let us send you an email when Alpha Group Holdings Ltd. (New Zealand) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Alpha Group Holdings Ltd. (New Zealand):

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram