The Healing Room by For You Yoga

The Healing Room by For You Yoga Awaken your soul, find peace within, and let each breath guide you to harmony. Experience healing like never before.

Reiki Healing for your healthy and happy living.🍃

05/12/2025

❤️‍🩹ဒဏ်ရာမပေါ်တဲ့ စိတ်အနာတွေကို သေချာကုစားပေးဖို့အတွက် Remember Me 12.12 Retreat မှာ စောင့်နေမယ်နော်။

🎁Online Ceremony မှာ ပါဝင်မယ့် soul family များအတွက် လက်ဆောင်လေးတွေလည်း ပို့ပေးပါတော့မယ်ရှင်။

ပါဝင်ချင်တဲ့ soul family များအနေနဲ့လည်း စာရင်းသွင်းနိုင်ပါတယ်ရှင်။ 🤍

🤍12.12 Portal မှာ Soul family များအားလုံးနဲ့ ပြန်လည်ဆုံစည်းချင်ပါတယ်ရှင့် 🤍🙏🏻



#12.12

02/12/2025

မင်္ဂလာနံနက်ခင်းပါ🍂⛅
ဒီနေ့ဟာ သင့်အိပ်မက်တွေကို စတင်အကောင်အထည်ဖော်ဖို့အတွက် အကောင်းဆုံးနေ့တစ်နေ့ပါပဲ❤️‍🩹
ခွန်အားအပြည့်နဲ့ စတင်လိုက်ပါ! 💪

#မင်္ဂလာနံနက်ခင်း
#စိတ်ခွန်အား



30/11/2025
28/11/2025

တစ်နေ့တာလုံး ဟန်ဆောင်ပြုံးထားရတဲ့ မျက်နှာဖုံးတွေကို ခွာချပြီး၊ လွတ်လပ်စွာ ငိုကြွေးနိုင်မယ့် နေရာတစ်ခုကို ရှာနေပါသလား?

မွန်းကျပ်နေတဲ့ စိတ်အဖုအထစ်တွေကို ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရတဲ့အခါ The Healing Room က မိတ်ဆွေရဲ့ စကားသံတွေကို တိတ်တဆိတ် နားထောင်ပေးမယ့် ရင်ခွင်တစ်ခု ဖြစ်ပေးပါရစေ။
❤️‍🩹🌿
ဒီနေရာလေးမှာ...
✅ သင့်ကို ဝေဖန်မယ့်သူ မရှိဘူး။
✅ သင့်ခံစားချက်တွေကို အလေးထားတယ်။
✅ သင့်စိတ်ဝိညာဉ်ကို ပြန်လည်ကုစားပေးမယ်။
ပင်ပန်းသမျှကို ဒီတံခါးဝမှာ ချထားခဲ့ပြီး ငြိမ်းချမ်းမှုကို လာရောက်ရယူလိုက်ပါ။ ✨
📍 -အမှတ် ၁၉၂၊မဟာဗန္ဓုလလမ်းမ၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

☎️ - 09 953353363

27/11/2025

Finding the poetry in the pause of a misty autumn morning. ☕️✨





🎁 12.12 Portal “Remember Me” Chiang Mai Retreat Giveaway 🎁 🔮December 12 ရက်နေ့ မှာကျရောက်တဲ့ 12:12 Portal ဟာတစ်နှစ်တာရဲ့...
24/11/2025

🎁 12.12 Portal “Remember Me” Chiang Mai Retreat Giveaway 🎁

🔮December 12 ရက်နေ့ မှာကျရောက်တဲ့ 12:12 Portal ဟာတစ်နှစ်တာရဲ့ Energy တွေ စုစည်းနေပြီး နှစ်သစ်အတွက် ပိုကောင်းတဲ့ စွမ်းအင် တံခါးတစ်ချပ်ပွင့်မယ့် အချိန်အခါဖြစ်ပါတယ်။

🧿လူသားတွေရဲ့ instinct မှာ စိတ်မလုံခြုံမှုဟာ အမြဲတမ်း ကိန်းအောင်းနေပါတယ်။ ဘယ်နေရာ၊ ဘယ်အခြေအနေမှာဖြစ်ဖြစ် ပူပန်စရာတစ်ခုခုဟာ အမြဲရှိနေပါလိမ့်မယ်။ တကယ့်လုံခြုံမှုအစစ်ဟာ နှလုံးအိမ်မှာ အရင်းတည်တာ ဖြစ်လို့ ကိုယ့်ရဲ့ စိတ်နှလုံးကို လုံခြုံအေးချမ်းနေအောင် ထားရှိဖို့ အရေးကြီးပါတယ်။

🤍မွေးဖွားခြင်းရဲ့ နောက်ဆက်တွဲမှာ ဒီလို အေးချမ်းတဲ့ စိတ်နှလုံးကို ရရှိပိုင်ဆိုင်ထားပြီး မိမိကိုယ်ကိုယ် မှတ်မိနေမယ်ဆိုရင်တော့ ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်လုံးကို အကောင်းဆုံး ပျော်ရွှင်ဖြတ်သန်းသွားနိုင်မှာပါ။

💭ငါဟာ ဘယ်လိုအရာတွေမှာ ကောင်းမွန်ထူးချွန်သလဲ
💭ငါကိုယ်တိုင်ရဲ့ မကောင်းတာတွေကရော ဘာတွေများလဲ
💭သိသိကြီးနဲ့ ထပ်ခါတလဲလဲကျူးလွန်နေမိတာက ဘာတွေလဲ
💭ငါက ဘယ်လိုလူတစ်ယောက်အဖြစ် အသက်ရှင်နေခဲ့ရတာလဲဆိုတာတွေကို ကိုယ်ကိုယ်တိုင် ပြန်ပြီး မှတ်မိပုံပေါ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Remember Me Event လေးကို စီစဉ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်ရှင်။

⏳အပေါ်ယံတွေမှာ ဖုံးအုပ်ထားတဲ့ တစ်လွှာချင်းကို ခွါချပြီး ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာမှတ်မိလာတဲ့အထိ real self, real me ကို တီချယ်ဝတ်ရည်စိုး၊ တီချယ် Anii (AniiChann Elysian) တို့နဲ့အတူ 12.12 မှာ ရှာဖွေဖို့

Remember Me Retreat ကို
⚜️ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ညအိပ် ၄ ရက်ခရီးစဉ်နဲ့ဖြစ်စေ
⚜️12.12 Portal Online Ceremony သီးသန့် မှာဖြစ်စေ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

💠December 12 ရက်နေ့ အတွက် Online Retreat Ceremony ကို Happy Money 88000 kyats ဖြင့် တစ်နေ့တာလုံး Zoom မှတဆင့် ပါဝင်ရမှာဖြစ်ပါတယ်။

💠မနက်ခင်း ၈ နာရီကနေ ည ၉ နာရီအထိ ဖြစ်ပါတယ်ရှင့်။

🤍Online Ceremony မှာပါဝင်တဲ့ Soul Family များအတွက် လူကိုယ်တိုင် လိုက်ပါဝင်ရသလိုဖြစ်စေဖို့ တီချယ် Anii က Ceremony မှာလုပ်ဆောင်မယ့် အစီအရင်အတွက်
လိုအပ်တဲ့ Ritual Kit , နေ့လည်ခင်း လက်ဖက်ရည် သောက်ရန် Tea Kit နဲ့ အဆောင် ကျောက်လက်ဆောင်များကို တစ်ဦးချင်းစီအတွက် အပြည့်အစုံ ပို့ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်ရှင့်။

🤍12.12 မတိုင်ခင် လိုအပ်တဲ့ Ritual Kit များ ကြိုတင် ပို့ဆောင်ထားနိုင်ဖို့ Online Ceremony တွင်ပါဝင်လိုသူ Soul Family များက နာမည်လေးများကို ကြိုတင် Register လုပ်ဆောင်ထားနိုင်ပါတယ်။

🤍ချင်းမိုင်မြို့သို့ လူတွေ့ ၃ ည အိပ် ၄ ရက်ပါဝင်လိုသူ Soul Family များကလည်း အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်။

🤍12.12 Portal အတွက်လည်း ကံကောင်းတဲ့ soul family တွေနဲ့ တွေ့ဆုံခွင့်လေး ရချင်တာမို့ ၅ ဦးစာ giveaway လေး စီစဉ်ထားပါတယ်ရှင့်။

Giveaway မှာ ကံစမ်းနိုင်ဖို့အတွက်
1. ယခုပို့စ်ကို like & share လုပ်ပြီး shared post မှာ Facebook friends ၃ ဦးကို tag လုပ်ပေးရပါမယ်။
2. Public setting နဲ့ share လုပ်ထားရပါမယ်။
3. Share ထားတဲ့ screenshot ကို ယခု ပို့စ်အောက်မှာ comment ပြန်မန့်ပေးရပါမယ်ရှင်။

🤍ကံထူးတဲ့ soul family များကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာပေးသွားပါမယ်ရှင့်။ online ceremony မှာ လူကိုယ်တိုင်ပါဝင်ရသလို စီစဉ်ပေးချင်တာဖြစ်လို့ ritual kit အပါအဝင် လိုအပ်တဲ့ပစ္စည်းလေးတွေကို တီချယ် Anii ကိုယ်တိုင် ထိုင်းနိုင်ငံကနေ မေတ္တာနဲ့ပို့ဆောင်ပေးမှာဖြစ်လို့ တကယ်ပါဝင်နိုင်တဲ့သူတွေပဲ ကံစမ်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။

🤍ရွေးချယ်မှုမှာ အငြင်းပွါးဖွယ်ရာတစ်စုံတစ်ရာဖြစ်လာပါကလည်း The Healing Room ရဲ့ final decision သာအတည်ဖြစ်ကြောင်း ပြောကြားပါရစေရှင့်။

🤍12.12 Portal မှာ Soul family များအားလုံးနဲ့ ပြန်လည်ဆုံစည်းချင်ပါတယ်ရှင့် 🤍🙏🏻



#12.12

🪐Retrograde ရဲ့ ကမောက်ကမတွေကြားကနေ အောင်မြင်မှုလမ်းကြောင်းပေါ်ကို တည့်မတ်စွာရောက်ရှိသွားနိုင်ပါတယ်။ သင်ကိုယ်တိုင် အကောင်...
22/11/2025

🪐Retrograde ရဲ့ ကမောက်ကမတွေကြားကနေ အောင်မြင်မှုလမ်းကြောင်းပေါ်ကို တည့်မတ်စွာရောက်ရှိသွားနိုင်ပါတယ်။ သင်ကိုယ်တိုင် အကောင်းဆုံးပြင်ဆင်ပြောင်းလဲလိုက်တဲ့အခါမှာပေါ့။

🪐2025 တစ်နှစ်လုံးမှာ Mercury Retrograde သုံးကြိမ် ဖြစ်ပွါးခဲ့ပြီး retrograde ဆိုတာနဲ့ ကျွမ်းထိုးမှောက်ခုံ အဆင်မပြေမှုတွေကြုံရတော့မှာပဲလို့ ချက်ချင်းတွေးမိကြမှာပါ။ ဒါက retrograde ကို လူတွေ တွဲပြီးမှတ်မိကြတဲ့ ဝိသေသတစ်ခုလို့ ဆိုရအောင်ကို ဖြစ်နေတာပါပဲ။

🌟တကယ်တမ်းမှာ Retrograde ဆိုတာ ကိုယ့်ကို အဟန့်အတားလုပ်တာ မဟုတ်ပါဘူး။ အရှိန်လျှော့ပြီး ကိုယ့်ရဲ့ စနစ် System နဲ့ Strategy ကို 'Bug Fix' လုပ်ဖို့ အချိန်ပေးတာပါ။

🙏🏻တီချယ်ဝတ်ရည်စိုးနဲ့အတူ webinar တွေမှာ join ထားဖူးသူတွေကတော့ ပထမအကြိမ် Retrograde in Aries (မီး) မှာ စွမ်းအင်နှင့်အတူ စိတ်ခံစားမှု၊ စတင်မှုတွေကို ပြန်သုံးသပ်နိုင်ခဲ့သလို

🙏🏻ဒုတိယအကြိမ် Retrograde in Leo (မီး) မှာလည်း စွမ်းအင်နှင့်အတူ ကိုယ်ပိုင်ဖန်တီးမှု၊ ချစ်ခြင်းမေတ္တာနဲ့ဂုဏ်ယူဝမ်းမြောက်မှုတွေကို ပြန်လည်မြင်ယောင်နိုင်ခဲ့ပါတယ်။

🤍ဒါကြောင့် အခုတစ်ခါမှာ ၂၀၂၅ ရဲ့ နောက်ဆုံး retrograde ဖြစ်တဲ့ တတိယအကြိမ်က (November 9 - 29) Retrograde in Sagittarius & Scorpio (မီးနှင့် ရေ) စွမ်းအင်နှစ်ခုရောနှောပြီး အဆုံးသတ်သွားမယ့်ကာလဖြစ်ပါတယ်။ ဒီကာလကနေ ဘာတွေကို အကောင်းဆုံးပြန်လည်ရယူနိုင်မလဲဆိုတဲ့ အကျိုးအမြတ်ကို ကျွန်မတို့နဲ့အတူတူရှာဖွေဖို့ ဖိတ်ခေါ်ချင်လို့ပါ။

🪐RETROGRADE ဆိုတဲ့အတိုင်း နောက်ဆုတ်ပြီးပြန်လည်တစ်ဖန်စတင်လို့အကောင်းဆုံးအချိန်မို့
🤍Re-power
🤍Re-think
🤍Re-plan
🤍Re-launch လုပ်ကြဖို့အတွက် free webinar လေးတစ်ခုကို

🙏🏻တီချယ် ဝတ်ရည်စိုးနဲ့အတူ Energetic Node ရဲ့ ပဲ့ကိုင်ရှင် ဆရာမ Mi Mya ကလည်း ပါဝင်အားဖြည့်ဆွေးနွေးပေးမှာ ဖြစ်လို့

🙏🏻နှစ်သစ်အတွက် အကောင်းဆုံးပြင်ဆင်ထားချင်တဲ့ soul family တွေအနေနဲ့ zoom meeting မှာအခမဲ့တက်ရောက်နိုင်ပါတယ်ရှင့်။

🪐Retrograde က ရှေ့ကိုသွားဖို့ ခက်ပေမယ့်၊ နောက်ပြန်ဆုတ်ပြီး ပြင်ဆင်ဖို့ အကောင်းဆုံး အချိန်ဖြစ်တာကြောင့် နောက်ဆုံး Retrograde (Sagittarius/Scorpio) မှာ

🤍ဘယ်အရာတွေကို "Re-" လုပ်ခဲ့သင့်လဲ၊
🤍ဘာတွေကို ပြန်လည်စစ်ဆေးသွားရမလဲ၊
🤍ပြန်လည်ပြင်ဆင်သွားအရာတွေက ဘာဖြစ်မလဲ၊
🤍ဘယ်သူနဲ့ ဆက်သွယ်ရေး ချို့ယွင်းခဲ့လဲ၊
🤍ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ် (Emotional Resources) ကို ဘယ်လောက် အလေအလွင့် ဖြစ်စေခဲ့လဲ၊🤍ဘာတွေကိုလွှတ်ချပြီး ရှင်းလင်းမှုအနေနဲ့ဘာပြောင်းလဲဖို့ လိုအပ်နေပြီလဲ ဆိုတာကို

✅လာမယ့် November 28
✅8:00 pm မှာ ပြောပြပေးသွားမှာဖြစ်လို့

📲စိတ်ပါဝင်စားတယ်ဆိုရင်တော့ The Healing Room by For You Yoga page messenger မှာ ကြိုတင်စာရင်းသွင်းထားနိုင်ပါတယ်ရှင့်။

🍃 The Healing Room


21/11/2025

Concentration ကျလာတာကြောင့်ဘဲ ဖြစ်ဖြစ်၊အတွေးများလွန်းတာဘဲ ဖြစ်ဖြစ် Chakra Meditation လေး ၅ မိနစ်လောက် လုပ်ကြည့်လိုက်ပါ။

ဒီ Video လေးကတော့ Online Zoom Session မှာ Guidance လုပ်ပေးထားတာလေးဖြစ်ပါတယ်။

တကယ်လို့ နှစ်သစ်ကို ရောက်ခါနီးအချိန်မှာ မိမိရဲ့ အကျင့်ဟောင်းတွေ ပြင်ချင်တယ် ဘယ်ကစတင်ရမလဲ မသိရင် လာမယ့် Nov 28 မှစ Dec 3 ရက်နေ့အထိ ၇ ရက်တာ Effective Morning Program လေးရှိပါတယ်။

🌿Morning Meditation
🌿Soft movement
🌿Breathing exercise
🌿Journaling/Affirmation

စတဲ့ တနေ့တာအတွက် Positive Energy တွေ ဖြည့်မယ့် Program လေးဖြစ်ပါတယ်။
အချိန်လေးကတော့ နံနက် ၆:၁၅-၇ နာရီ (၄၅မိနစ်)
Early Bird Fees -77000 MMK
Original-110000 MMK

For registration messenger or 09953353363

healing room

18/11/2025

12:12 Portal Remember ME Online Retreat 💚🍃

December 12 ရက်နေ့ 12:12 Portal ဟာတစ်နှစ်တာရဲ့ Energy တွေ စုစည်းနေပြီး နှစ်သစ်
အတွက် ပိုကောင်းသော စွမ်းအင် တံခါးတစ်ချပ်ပွင့်မယ့် အချိန်အခါဖြစ်ပါတယ်။

Anii နဲ့အတူ The Healing Room by For You မှ Tchel Wut Yi တို့နှစ်ယောက်အတူ ပေါင်းကာ 12:12 Portal ရဲ့ စွမ်းအင်နဲ့အတူ စစ်မှန်သော မိမိကိုယ်ကို ပြန်လည်မှတ်မိစေမယ့် Remember ME retreat လေးကို လည်း ကျင်းပ သွားကြမှာဖြစ်ပါတယ်။

Remember ME Retreat လေးကတော့ ချင်းမိုင်မြို့လေးမှာ လူတွေ့ လုပ်ဆောင်သွားကြမှာဖြစ်ပြီး လူတွေ့ ချင်းမိုင်မြို့ကို မလိုက်ဖြစ်သော Soul Family များအတွက် Online Ceremony ကိုပါ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

Online Ceremony ပါဝင်လိုသော Soul Family များကတော့ December 12 ရက်နေ့ တစ်နေ့တာလုံး အချိန် ၅ ချိန်ခွဲ၍ Zoom မှတဆင့် ပါဝင်ကြရမှာဖြစ်ပါတယ်။

မနက်ခင်း ၈ နာရီမှစတင်ပြီး ည ၉ နာရီမှာ Online Ceremony ပြီးမြောက်အောင်မြင်မှာဖြစ်ပါတယ်။

✨🪬Online Ceremony ပါဝင်သူ Soul Family များအတွက် လူကိုယ်တိုင် လိုက်ပါဝင်ရသကဲ့သို့ ခံစားမှုရစေဖို့ Anii က Ceremony တွင် လုပ်ဆောင်ကြမည့် အစီအရင်အတွက်
လိုအပ်သော Ritual Kit , နေ့လည်ခင်း လက်ဖက်ရည် သောက်ရန် Tea Kit နှင့် အဆောင် ကျောက်လက်ဆောင်များကို တစ်ဦးချင်းစီအတွက် ပို့ဆောင်ပေးသွားမည်ဖြစ်ပါတယ်။

December 12 ရက်နေ့ အတွက် Online Retreat Ceremony ကို Happy Money 88000 kyats ဖြင့် ပါဝင်နိုင်မည်ဖြစ်ပြီး Coming home to yourself 3 days webinar လေး ပါဝင်သူ Soul family များကတော့ Happy Money 77000 kyats ဖြင့် ပါဝင်နိုင်မည်ဖြစ်ပါတယ်။

Online Ceremony တွင်ပါဝင်လိုသူ Soul Family များက နာမည်လေးများကို Chatbox တွင်ဖြစ်စေ comment တွင်ဖြစ်စေ ရေးကာ ကြိုတင် Register လုပ်ဆောင်ထားနိုင်ပါတယ်။
ဒါမှ Anii တို့ 12:12 Ceremony မတိုင်ခင် လိုအပ်သော Ritual Kit များ ကြိုတင် ပို့ဆောင်ထားနိုင်ဖို့ ဖြစ်ပါတယ်။

ချင်းမိုင်မြို့သို့ လူတွေ့ ၃ ည အိပ် ၄ ရက်ပါဝင်လိုသူ Soul Family များကလည်း chatbox တွင် အသေးစိတ်စုံစမ်းနိုင်ပါတယ်။

12:12 Portal မှာ Anii တို့ အားလုံးနဲ့ ဆုံကြမယ်နော်၊

18/11/2025

မနက်ခင်းအိပ်ရာထချိန်ရဲ့ first hour ကို ဘယ်လိုသုံးသလဲဆိုတာ…
တစ်နေ့တာရဲ့ Energy, Mood, Confidence, Productivity တို့ကို 80% ဆုံးဖြတ်ပေးပါတယ်။

ဒါကြောင့် နံနက်ခင်းမှာ ၄၅ မိနစ်တည်း အချိန်ပေးရုံနဲ့ Mind Vitamin အတွက် Positive Energy တွေဖြည့်နိုင်မယ့်
🌞 7 Days Vitamin Dopamine Morning Ritual

✨နံနက်အိပ်ရာထချိန် ၆:၁၅ မိနစ်မှစပြီး
✨Vitality အတွက် အသက်ရှူလေ့ကျင့်ခန်းလေးလုပ်မယ်၊
✨Body awake ဖြစ်အောင် gentle movement လေး ၁၅ မိနစ်လုပ်မယ်၊
✨တနေ့တာကို ဘာတွေရရှိအောင် ဘယ်လိုရည်ရွယ်ချက်နဲ့ဖြတ်သန်းမလဲ Journaling ၁၀ မိနစ် ရေးမယ် Spiritual life style
✨ပြီးရင် concentration power တက်စေဖို့ အကောင်းဆုံး လေ့ကျင့်စဉ် Gratitude Meditation ၁၀ မိနစ်လုပ်မယ်။

ဒီလို ဒီလိုလေးတွေလည်း လုပ်ချင်တယ် ဘယ်ကစလို့ စရမှန်း မသိတဲ့သူတွေအတွက် THR မှာ မကြာမီ စတင်တော့မယ့် 7 Days Commitment အစီအစဉ်လေး ရှိပါတယ် 😍🌿🍀🤍

နှစ်ဟောင်းက အကျင့်ဟောင်းတွေ နှစ်သစ်ကို ပါမသွားစေဖို့အတွက်

Nov 28-29-30 Dec 1-2-3-4 ၇ ရက်ဆက်တိုက် နံနက် ၆:၁၅ မှ ၇ နာရီ
morning habit, morning session လေးကို Join ကြရအောင်။

Early Bird Price - 77000 MMK
Original Price - 110000 MMK

For registration; 09953353363 or page cb

16/11/2025

❤️‍🩹🍀✨Meet your soul sisters at 12.12 Remember Me - Chiang Mai Retreat (Overseas Retreat)

🤍You’re not lost, you’re just unaware of what your heart says. ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ထင်မိတိုင်း သင်ဟာ တကယ်ပျောက်ဆုံးမနေသေးပါဘူး။ နှလုံးသားရဲ့ ပဲ့တင်သံကို မကြားမိသေးတာပါ။

🤍သင့်နှလုံးသားက သိစေချင်တဲ့ အသံတွေကို ကြားယောင်နိုင်ဖို့ 2026 နှစ်သစ်ဆီ မကူးပြောင်းခင် လွှတ်ချခဲ့ရမယ့် စိတ်အနာတရတွေကိုကုစားရင်း စစ်မှန်တဲ့ မိမိကိုယ်ကိုယ်နဲ့ ပြန်လည်တွေ့ဆုံလိုက်ရအောင်။

🙏🏻Elysian ရဲ့ ပဲ့ကိုင်ရှင် Anii နဲ့ The Healing Room by For You Yoga ရဲ့ founder ဖြစ်တဲ့ tr.Wutyi (Wut Yi Soe )တို့ အတူတူ ပူးပေါင်းစီစဉ်ပေးထားတဲ့ 12.12 Remember Me - Chiang Mai Retreat မှာ ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့ နှလုံးသားတံခါးတစ်ချပ် ဖွင့်ပေးထားပါတယ်ရှင်။

❤️‍🩹ငယ်ငယ်တုန်းက မပြည့်ဝခဲ့ရတဲ့ inner child ကို ကုစားရင်း၊ ဘဝတစ်လျှောက်လုံးရဲ့ ပင်ပန်းမှုကြောင့် ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မှတ်မိစေအောင်ယုံကြည်မှု (Trust) ၊ မေတ္တာတရား (love) နဲ့ ကြံ့ကြံ့ခံနိုင်ခြင်း (Resilience) တို့ကို တည်ဆောက်ပေးမယ့် 12.12 Remember Me - Chiang Mai Retreat မှာ

🍃Yoga
🍃Healing
🍃Chakra meditation
🍃Divine connection
🍃Vision board
🍃Tea break
🍃Breath work
🍃Inner child healing
🍃Dance ritual
🍃Guided meditation
🍃Journaling
🍃Shadow work
🍃Spell creation အပါအဝင် အခြားသော
🍃Outdoor activities များစွာကို

🙏🏻Soul sisters နှစ်ဦးဖြစ်တဲ့ tr. Wut Yi နဲ့ Anii က အတူတူလမ်းပြခေါ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်။

❤️‍🩹ကာလကြာရှည်စွာမေ့လျော့နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် ပြန်လည်မှတ်မိသွားစေမယ့် ဒီ retreat လေးမှာ ပါဝင်နိုင်ဖို့ အသေးစိတ်အတွက်ကိုတော့ အောက်ပါ ဖုန်းနံပါတ်က တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့် 🤍

📞 09953353363

🍃 The Healing Room”



#12.12

14/11/2025

Emotions တွေမွန်းကြပ်ပိတ်လှောင်ဆစတဲ့ခံစားချက်တွေကိုခန္ဓာကိုယ်မှာသိမ်းထားတယ်။ဒါတွေကိုရှင်းထုတ်လို့ရပါတယ်။☘️

ဒါမှသာပေါ့ပါးတဲ့စိတ်နှလုံးသားနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်။☘️

တစ်ပတ် ၁ရက်
ကြာသပတေးနေ့
ည၈-၉

Online session for mental wellbeing ;
discuss about energy blockages and healing meditation

゚viralシfypシ゚

Address

Golden Park Spa Land, Pin Lon Road
Yangon
11421

Telephone

+959265415717

Website

Alerts

Be the first to know and let us send you an email when The Healing Room by For You Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Healing Room by For You Yoga:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category