The Healing Room by For You Yoga

The Healing Room by For You Yoga Awaken your soul, find peace within, and let each breath guide you to harmony. Experience healing like never before.

Reiki Healing for your healthy and happy living.🍃

06/01/2026

🌿 Slow living and Self-care 🌿
ဒါတွေက ၂၀၂၆ မှာ သင်လိုအပ်နေတာတွေပါ။ နေ့ရက်တိုင်းကို အပူအပင်များစွာနဲ့ ခပ်လောလော ဖြတ်သန်းနေကြတဲ့ lifestyle တစ်ခုကို slowdown လုပ်သင်တဲ့အချိန်ရောက်ပါပြီ။

🔥အရှိန်ကုန်မြှင့်တင်ပြီး မောင်းနှင်နေတဲ့ ကားတစ်စီးဟာ ဘေးပတ်ဝန်းကျင်က ဘယ်လောက်သာယာလဲ ဆိုတာကို ခံစားမိဖို့ အချိန်မရကြဘူးမဟုတ်လား။ ဖြေးဖြေးအေးအေးလေး မောင်းနှင်နေမှ ကိုယ့်ဘေးမှာရှိတဲ့အရာတွေကို အမှန်အတိုင်းမြင်ယောင်နိုင်ပြီး၊ အလှကို အလှအတိုင်း ခံစားနိုင်ပြီး နေပျော်တဲ့အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

🍃ဒါကြောင့်မို့လို့ တစ်နေ့တာမှာ ဘာပြီးရင် ဘာလုပ်ရဦးမယ်ဆိုတဲ့ tight schedule ထဲကနေ ခဏလောက် ထွက်လာကြည့်ပါ။ အချိန်တွေကို slowdown လုပ်ကြည့်ပါ။ အချိန်ကြာကြာ ပျောက်ဆုံးနေတဲ့ ကောင်းမွန်ခြင်းတွေကို တစ်ခုချင်းပြန်ခံစားကြည့်ပါ။ မိမိကိုယ်တိုင်အတွက်လည်း ထိုက်တန်တဲ့ self-care တစ်ခု ပေးကြည့်ပါ။

🍃အနားရသွားတဲ့ကိုယ်ဟာ လုပ်ချင်တဲ့ စိတ်ဆန္ဒတွေကို အကောင်းဆုံးပြန်တည်ဆောက်ဖို့ အရှိန်ရသွားမယ်မဟုတ်လား။ ဒါကြောင့် ခဏလောက် slowdown လုပ်ကြည့်လိုက်ရအောင်ပါရှင်။

ကိုယ့်ရဲ့ daily routine ထဲကနေ ခဏနားပြီး သဘာဝတရားကြီးနဲ့ အပန်းဖြေနိုင်ဖို့လည်း The Healing Room နဲ့ ဆရာမ Mon Halsey တို့ ပူးပေါင်းပြီး Nature Retreat လေးတစ်ခုကို ဖေဖော်ဝါရီလမှာ ဖန်တီးပေးမှာဖြစ်လို့ ချစ်သောစိတ်နဲ့ စောင့်မျှော်ပေးကြပါဦးရှင် 🤍


🤍ပြည်တွင်းပြည်ပ retreat များစွာ🤍Free webinar များစွာ🤍Healing sessions များစွာအပါအဝင် 🤍Client ပေါင်း ၃၀၀ ကျော်အတွက် spiri...
31/12/2025

🤍ပြည်တွင်းပြည်ပ retreat များစွာ
🤍Free webinar များစွာ
🤍Healing sessions များစွာအပါအဝင်
🤍Client ပေါင်း ၃၀၀ ကျော်အတွက် spiritual healing journey ကို ဖန်တီးခွင့်ရရှိခဲ့တဲ့ The Healing Room by For You Yoga ရဲ့ 2025 achievement လေးတွေဖြစ်ပါတယ်။

🤍နောင်လာမယ့် နှစ်များစွာမှာလည်း soul family တွေရဲ့ healing journey အတွက် လက်ကမ်းကြိုရင်း …


#2025

31/12/2025

အောင်မြင်တဲ့နေ့တစ်နေ့ဟာ အိပ်ရာထထချင်း ပြုလုပ်တဲ့ အလေ့အထတွေပေါ်မှာ မူတည်ပါတယ်။🌿

ခန္ဓာကိုယ်ကို ဆန့်ထုတ်ပါ ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။🧘🏻‍♀️

သဘာဝနေရောင်ခြည်ကို ထိတွေ့ပြီး စွမ်းအင်ဖြည့်ပါ။💪🏻✨

ကျေးဇူးတင်စရာ (၃) ခုကို ချရေးပါ ဒါမှမဟုတ် တွေးပါ။🤍

ပိုမိုကောင်းမွန်တဲ့ Life Balance ကို The Healing Room နဲ့အတူ အတူတူ တည်ဆောက်ကြစို့။ #💪⭐

31/12/2025

🫂လူတစ်ဦးနဲ့တစ်ဦး ခေတ္တဆုံစည်းဖို့ရာ ရေစက်တွေအများကြီးလိုအပ်ပါတယ်တဲ့။ Bonding တွေ ချိတ်ဆက်ပြီး healing အတူလုပ်ခဲ့ရတဲ့ soul family များကို ဒီလိုသာယာအေးချမ်းတဲ့ သီးသန့်ကမ္ဘာလေးမှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်ရှင်။

❤️‍🩹အနာအဆာသေးသေးလေးတွေနဲ့ လူသားတွေဖြစ်တာကြောင့်မို့ စိတ်ဒဏ်ရာတွေကို ခဏတာလွှတ်ချဖြစ်ခဲ့ကြပါတယ်။

💭ငိုတစ်လှည့်၊ ရယ်တစ်လှည့် လောကကြီးထဲက ပျော်စရာတွေကို မျှဝေရင်းလည်း ကြည်နူးပီတိဖြစ်ခဲ့ကြပါတယ်။

🙏🏻ဘဝရဲ့ ကောင်းကွက်လေးတွေကို ချီးမွမ်းရင်း ကျေးဇူးတရားတွေကိုလည်း အောက်မေ့ခဲ့ရပြန်ပါသေးတယ်။

🤍ကုစားရင်း၊ ဖြေသိမ့်ရင်း၊ မိမိကိုယ်ကိုယ်နားလည်ရင်းနဲ့ ကိုယ့်ရဲ့အစစ်အမှန်ကို ပြန်လည်တွေ့ရှိသွားစေတဲ့ Remember Me - Chiang Mai Retreat လေးရဲ့ အမှတ်ရစရာပုံရိပ်အချို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

🤍“Heal လုပ်ဖို့ လိုအပ်နေပြီ” ဆိုတဲ့ universe ရဲ့ calling ကို လက်ခံရရှိရင်တော့ The Healing Room by For You Yoga က နွေးထွေးစွာကြိုဆိုပါတယ်ရှင်။

30/12/2025

🕊️2025 ဟာ ကုန်လွန်တော့မှာမို့ အကောင်းဆုံးတွေကို မျှော်လင့်ပြီး အသစ်အသစ်တွေနဲ့ 2026 ကို ချီတက်လိုက်ရအောင်။ ကိုယ့်ရဲ့ 2025 flashback တွေမှာလည်း သင်ယူစရာတွေ၊ reflect လုပ်စရာတွေ အများကြီး ပြည့်နေခဲ့မှာပဲနော်။

🍃The Healing Room ရဲ့ 2025 ကတော့ retreat ပေါင်းများစွာနဲ့အတူ client ပေါင်း ၃၀၀ ကျော်ကို လက်တွဲရင်း healing လုပ်ပေးနိုင်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်ရတဲ့တစ်နှစ်တာကို ပိုင်ဆိုင်ခဲ့ရပြန်ပါတယ်။

🍀လာရောက်ဆုံစည်းကြတဲ့ soul family တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ရှိရင်း mindful 2026 ကို အတူဖြတ်သန်းကြရအောင်လားရှင်။ 🙏🏻

26/12/2025

Letting go of what weighs me down.
၂၀၂၆ မှာ ပေါ့ပေါ့ပါးပါးနဲ့ အောင်မြင်မှုတွေဆီ ပျံသန်းမယ်✨☘️

🔮လက်ရှိဘဝကနေ ပြောင်းလဲဖို့ ကိုယ့်ရဲ့ true node ကို ရှာတွေ့ပြီလား။ နှစ်သစ်မှာ မိမိစိတ်တိုင်းကျ ရည်ရွယ်ထားတဲ့ living တစ်ခု...
22/12/2025

🔮လက်ရှိဘဝကနေ ပြောင်းလဲဖို့ ကိုယ့်ရဲ့ true node ကို ရှာတွေ့ပြီလား။ နှစ်သစ်မှာ မိမိစိတ်တိုင်းကျ ရည်ရွယ်ထားတဲ့ living တစ်ခုကို တိကျသေချာစွာ တည်ဆောက်ပုံဖော်ဖြတ်သန်းနိုင်စေမယ့် New Year New Me Online Workshop ကနေ ကြိုဆိုလိုက်ပါတယ်ရှင်။

🪬ကျွန်မတို့ လူသားတိုင်းဟာ မတူညီတဲ့ ရည်ရွယ်ချက်တစ်ခုစီနဲ့ ဒီဘဝမှာ မွေးဖွားဖြတ်သန်းလာကြရပါတယ်။ ကိုယ်ဟာ ဒီလောကကို ဘာလို့ရောက်ရှိလာတာလဲ၊ ဘာလုပ်ဖို့အတွက် ရောက်ရှိလာရသလဲဆိုတာကို သေချာဆန်းစစ်နိုင်ရင်တော့ ကိုယ့်ရဲ့ lifestyle ဟာ perfectly aligned living ဖြစ်ဖြစ်နဲ့ ကျေနပ်စွာ နေနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ true node ကို ရှာဖွေသိရှိဖို့ အရေးကြီးလာရပြန်ပါတယ်။

🪐True node ဆိုတာက ကိုယ့်ဘဝရဲ့ ကံကြမ္မာအပြင် ကိုယ်လုပ်ဆောင်ဖြည့်ဆည်းရမယ့် သက်ဆိုင်ရာ spiritual purpose တွေကို သတ်မှတ်ပေးပါတယ်။ ဒါတင်မကသေးဘဲနဲ့ ကံ၊ ကံရဲ့ အကျိုးတွေ၊ past lives သင်ယူခဲ့ပြီး ပါရမီပါလာတဲ့အရာတွေနဲ့လည်း ချိတ်ဆက်နေပြန်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ true node ကို သိရှိနားလည်သွားတဲ့အခါ ဒီဘဝမှာ ကိုယ်ဘာတွေ လုပ်သင့်တယ်၊ ဘယ်အရာတွေကို ဖန်တီးတည်ဆောက်သင့်တယ်ဆိုတာအတွက် မှန်ကန်တဲ့ အလင်းရောင်လေးတစ်ခုကို ဖမ်းဆုပ်နိုင်သွားမှာဖြစ်ပါတယ်။

🌟လာမယ့်နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ မိမိကိုယ်ကို အကောင်းဆုံး တည်ဆောက်ဖို့ get ready ဖြစ်ချင်တယ်ဆိုရင်တော့ ဒီလို နှစ်ရက်တာ workshop လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

🪐ကိုယ့်ရဲ့ သက်ဆိုင်ရာ true node ကိုရှာဖွေဖို့ တီချယ် မိမြ Mi Mya Energetic Node က ကူညီပေးမှာဖြစ်ပြီး “Your pure soul is waiting for you” ဆိုတဲ့ ကိုယ့်ရဲ့ soul ကို ပြန်လည်ဆုံတွေ့နိုင်ဖို့ရယ်၊ 2026 ရဲ့ energy တွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

🌟တီချယ် မိမြနဲ့အတူ ကိုယ့်ရဲ့ true node ကို တွေ့ရှိသွားပြီဆိုရင်တော့ လက်တွေ့ဘဝမှာ ဘာတွေဆက်လုပ်မလဲ၊ ဘယ်လိုအားသာချက်တွေကို ကိုယ့်ဘက်က အသုံးချသင့်လဲ၊ true node တွေကို ဘယ်လို action ယူပြီး perfectly aligned living ဖြစ်အောင် ဘယ်လို ရှေ့ဆက်ရမလဲဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာတော့ တီချယ် ဝတ်ရည်စိုး Wut Yi Soe The Healing Room by For You Yoga နဲ့အတူဆက်လက်ရှာဖွေရမှာဖြစ်ပါတယ်။

🤍နှစ်သစ်မှာ အောင်မြင်တဲ့ lifestyle အသစ်တစ်ခုကို သေချာတိကျစွာနားလည်ထားပြီး တစ်ဆင့်ထက်တစ်ဆင့် ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီနှစ်ရက်တာ workshop လေးက soul family တွေအတွက်ပဲဖြစ်ပါတယ်။

🤍လူဦးရေ အနည်းငယ်ပဲ လက်ခံမှာဖြစ်တဲ့အတွက် ကြိုတင် စာရင်းသွင်းထားနိုင်ပါပြီရှင်။

📌နေ့ရက် - ၂၉ ရက် နှင့် ၃၀ ရက်၊ ဒီဇင်ဘာ ၂၀၂၅
📌အချိန် - ည ၈ နာရီမှ ၉ နာရီ ၃၀ မိနစ်
📌နေရာ - Zoom Meeting

🔮နှစ်သစ်မှာ စိတ်ရောကိုယ်ပါ ပြောင်းလဲမယ့် soul family များအားလုံးကို New Year New Me မှာ ပြန်လည်ဆုံတွေ့ပါမယ်ရှင်။

19/12/2025

ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာ မာန်မာနတက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို လက်ခံတာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတဲ့အခါ သူများရဲ့ ဝေဖန်မှုတွေအပေါ် စိတ်ဒဏ်ရာရတာ နည်းသွားပါလိမ့်မယ်။❤️‍🩹☘️
"Be your own kind of beautiful."✨🌿







゚viralシ

16/12/2025

You cannot change what happened yesterday, but you can choose how you move forward today.☘️❤️‍🩹

゚viralシ

12/12/2025

We are here to heal. ❤️‍🩹✨

🍃Retreat လုပ်တယ်ဆိုတာ relax လုပ်တာ မဟုတ်ပါဘူး။ Release လုပ်တာဖြစ်ပါတယ်။ 💨ဘာတွေကို release လုပ်ရမလဲဆိုရင် သယ်ပိုးထားရတဲ့ ...
12/12/2025

🍃Retreat လုပ်တယ်ဆိုတာ relax လုပ်တာ မဟုတ်ပါဘူး။ Release လုပ်တာဖြစ်ပါတယ်။

💨ဘာတွေကို release လုပ်ရမလဲဆိုရင် သယ်ပိုးထားရတဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိအားတွေကို လွှတ်ချပြီး တကယ့် real you ကို အစစ်အမှန်အတိုင်း ပြန်လည်ရှာဖွေနိုင်ခြင်းကမှ retreat ရဲ့ အနှစ်သာရတစ်ခုပါ။ ဒါကြောင့် ခဏလောက် physically relaxed ဖြစ်သွားဖို့ထက် emotionally relaxed ဖြစ်စေဖို့ကို ဦးတည်ရင်း ကိုယ့်ကိုယ်ကိုမှတ်မိစေမယ့် retreat လေးကို client တွေအတွက် စီစဉ်ပေးဖြစ်ပါတယ်။

💭Self-finding journey ဟာ တန်းပြီးအမြင်မှန်မရတတ်ပါဘူး။ မိမိကိုယ်ကို အနည်းငယ် reflect ဖြစ်လာမယ်။ ဘေးလူတွေရဲ့ အကျင့်စရိုက်တွေကို reflect ဖြစ်လာမယ်။ ဒီလို reflect ဖြစ်လာတာနဲ့အမျှ “ငါဟာ ဘယ်လိုလူမျိုးပဲ” ဆိုတဲ့ တကယ့်စစ်မှန်တဲ့ကိုယ့်ဖြစ်တည်မှုကို ပြန်လည်မှတ်မိသွားမှာဖြစ်ပါတယ်။

🍀2025 ရဲ့ နောက်ဆုံးလ ဒီဇင်ဘာမှာ 2025 ရဲ့ နောက်ဆုံး portal ဖြစ်တဲ့ 12.12 ဟာ ရှိနေတဲ့ စိတ်ဒဏ်ရာတွေကို လွှတ်ချဖို့ အကောင်းဆုံး ဖြစ်နေတဲ့အချိန်ရယ်၊ soul family တွေ ဆုံစည်းဖို့ တိုက်ဆိုင်စွာ အကြောင်းဖန်လာတာရယ်ကြောင့် ဒီနေ့ ဒီအချိန် ဒီနေရာလေးမှာ ရင်းနှီးနွေးထွေးစွာ ဆုံဖြစ်ခဲ့ကြပါတယ်။

🍀ကိုယ်တိုင်သတိမထားမိ၊ လွှမ်းမိုးခံရလို့ ခံရမှန်းမသိဘဲနဲ့ ပျောက်ဆုံးနေတဲ့ မိမိ ကိုယ်ကို ပြန်လည်ရှာဖွေဖို့အတွက် Remember Me Event လေးမှာ soul family တွေ အတူတကွ ပြန်လည်ရှာဖွေခဲ့ပါတယ်။

အားလုံးပဲ ငြိမ်းချမ်းတဲ့အတွင်းစိတ်လေးမှာ ကိန်းအောင်းနေတဲ့ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မှတ်မိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ မနက်ဖြန်မှာလည်း ဒီ journey လေးကို ခရီးဆက်ကြမယ်နော် 🤍

05/12/2025

❤️‍🩹ဒဏ်ရာမပေါ်တဲ့ စိတ်အနာတွေကို သေချာကုစားပေးဖို့အတွက် Remember Me 12.12 Retreat မှာ စောင့်နေမယ်နော်။

🎁Online Ceremony မှာ ပါဝင်မယ့် soul family များအတွက် လက်ဆောင်လေးတွေလည်း ပို့ပေးပါတော့မယ်ရှင်။

ပါဝင်ချင်တဲ့ soul family များအနေနဲ့လည်း စာရင်းသွင်းနိုင်ပါတယ်ရှင်။ 🤍

🤍12.12 Portal မှာ Soul family များအားလုံးနဲ့ ပြန်လည်ဆုံစည်းချင်ပါတယ်ရှင့် 🤍🙏🏻



#12.12

Address

192, Maharbandoola Street, Ward 37, North Dagon
Yangon
11421

Telephone

+959265415717

Website

Alerts

Be the first to know and let us send you an email when The Healing Room by For You Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Healing Room by For You Yoga:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram