Healthy Animal

Healthy Animal Sein Ngwe Mya Trading Co.,Ltd
Animal Health Product Department

"ဒါကို တွေ့ရင်... မဆူပါနဲ့""သူတို့လေးတွေအိမ်ထဲမှာ မှားပြီး အပေါ့အလေး သွားမိတဲ့အခါ၊ ဒါဟာ မကျန်းမာလို့ ဒါမှမဟုတ် စိတ်ဖိစီး...
22/04/2026

"ဒါကို တွေ့ရင်... မဆူပါနဲ့"

"သူတို့လေးတွေအိမ်ထဲမှာ မှားပြီး အပေါ့အလေး သွားမိတဲ့အခါ၊ ဒါဟာ မကျန်းမာလို့ ဒါမှမဟုတ် စိတ်ဖိစီးနေလို့ ဖြစ်နိုင်ပါတယ်။ မဆူပါနဲ့။ သူတို့ကို ဂရုစိုက်ပေးပါ။"

ဘယ်လိုစနစ်တကျ သွားတတ်အောင် ပြုလုပ်ရမလဲ?

၁။နေရာသတ်မှတ်ပါ။
အပေါ့သွားရမည့်နေရာကို တိကျစွာသတ်မှတ်ပေးပြီး ထိုနေရာမှာပဲ သွားတတ်အောင် လေ့ကျင့်ပေးပါ။

၂။အချိန်မှတ်ပါ။
အစာစားပြီးချိန်၊ အိပ်ရာနိုးချိန်တို့မှာ အိမ်အပြင်ထုတ်ပေးတာ (သို့) သတ်မှတ်ထားတဲ့ သဲဗန်း/နေရာမှာ ခေါ်သွားပေးတာမျိုး လုပ်ဆောင်ပါ။

၃။စောင့်ကြည့်ပါ။
အိမ်ထဲမှာ ပေါက်ချင်တဲ့ အရိပ်အယောင်ပြရင် (ဥပမာ-နေရာရှာခြင်း၊ နမ်းခြင်း) တွေ့ရှိပါက ချက်ချင်း သတ်မှတ်ထားတဲ့နေရာသို့ ခေါ်သွားပေးပါ။

၄။ ကျန်းမာရေးစစ်ဆေးပါ။
ရုတ်တရက် အိမ်ထဲမှာ လိုက်ပေါက်တာမျိုးက ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ပြဿနာ၊ (သို့) စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်ခဲပါက တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်ပါ။

"မိတ်ဆွေတို့ရဲ့ ခွေးလေး/ကြောင်လေးတွေကော အိမ်ထဲမှာ အပေါ့သွားတတ်လား? ဘယ်လိုနည်းလမ်းတွေ သုံးလဲဆိုတာ Comment မှာ မျှဝေခဲ့ပါဦးနော် "

🙏"မြန်မာ့ရိုးရာ နှစ်ဆန်းတရက်နေ့ဆုတောင်း🙏"နှစ်ဟောင်းမှ အညစ်အကြေးများ ဆေးကြောသန့်စင်ကာ နှစ်သစ်မှာ အားအင်အသစ်၊ အောင်မြင်မှု...
17/04/2026

🙏"မြန်မာ့ရိုးရာ နှစ်ဆန်းတရက်နေ့ဆုတောင်း🙏

"နှစ်ဟောင်းမှ အညစ်အကြေးများ ဆေးကြောသန့်စင်ကာ နှစ်သစ်မှာ အားအင်အသစ်၊ အောင်မြင်မှုအသစ်များဖြင့် ရှေ့ဆက်နိုင်ကြပါစေ။ 🙏

အေးချမ်းသာယာသော နှစ်သစ်လေး ဖြစ်ပါစေကြောင်း Healthy Animal မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။😍

#နှစ်သစ်ဆုတောင်း

"💦 ၂၀၂၆ အတာသင်္ကြန်လေးမှာ ချစ်ရသူတွေအားလုံး ဘေးဘယာဝေးကွာပြီး အေးချမ်းပျော်ရွှင်ကြပါစေခင်ဗျာ။ 💦​ဒီနှစ်သင်္ကြန်ပိတ်ရက်လေးမ...
13/04/2026

"💦 ၂၀၂၆ အတာသင်္ကြန်လေးမှာ ချစ်ရသူတွေအားလုံး ဘေးဘယာဝေးကွာပြီး အေးချမ်းပျော်ရွှင်ကြပါစေခင်ဗျာ။ 💦

​ဒီနှစ်သင်္ကြန်ပိတ်ရက်လေးမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ စိတ်အပန်းပြေ ပျော်ရွှင်နိုင်ပြီး ဘေးအန္တရာယ်ကင်းပါစေလို့ Healthy Animal (စိန်ငွေမြ )မိသားစုမှ ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။
အတာရေအေးအေးလေးနဲ့အတူ အညစ်အကြေးတွေအားလုံး ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေ။ 💦🫶

မြောင်လေးတွေ ဗိုက်ပြတာဟာ များသောအားဖြင့် သူတို့က သင့်ကို ယုံကြည်စိတ်ချပြီး၊ ဘေးကင်းတယ်လို့ ခံစားရတဲ့အခါ ပြုလုပ်လေ့ရှိတဲ့...
11/04/2026

မြောင်လေးတွေ ဗိုက်ပြတာဟာ များသောအားဖြင့် သူတို့က သင့်ကို ယုံကြည်စိတ်ချပြီး၊ ဘေးကင်းတယ်လို့ ခံစားရတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ အပြုအမူတစ်ခုပါ။
ဗိုက်ဟာ မြောင်တွေအတွက် အထိခိုက်မခံဆုံး နေရာတစ်ခုဖြစ်တာကြောင့်၊ ဗိုက်ကို ပြသခြင်းဟာ "ငါ မင်းကိုယုံတယ်၊ မင်းငါ့ကို နာကျင်အောင်မလုပ်ဘူး" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။

ဒါပေမယ့် ဗိုက်ပြတိုင်း ပွတ်ပေးစေချင်တာ မဟုတ်ပါဘူး။ အချို့မြောင် တွေဟာ ဗိုက်ကို အပွတ်ခံရတာကို ကြိုက်နှစ်သက်ကြပေမယ့်၊ အချို့ကတော့ ဗိုက်ကို ထိတွေ့တာကို မကြိုက်ကြပါဘူး။

သူတို့ရဲ့ ဗိုက်ကို ပွတ်ဖို့ ကြိုးစားတဲ့အခါ၊ သူတို့က မင်းရဲ့လက်ကို ဖမ်းပြီး၊ ကိုက်တာ ဒါမှမဟုတ် ကုတ်တာမျိုး လုပ်ရင်တော့၊ ဒါဟာ ထောင်ချောက်လို့ ယူဆနိုင်ပါတယ်။
သင့်ရဲ့ ကလေးကကော သင့်ကိုဘယ်လိုမျိုးတုံ့ပြန် လဲ။ အချစ်စမ်းသူလား ထောက်ချောက်ဆင်သူနေတာလား? အောက်ကမန့်မှာ ဝင်ရောက်ဆွေးနွေးခဲ့ပေးနော်။

10/04/2026
သားသားမီးမီးတို့ ခေါင်းခါပြီး နားတွေ ကုတ်နေလို့ စိတ်ပူနေရပြီလား? 🐶🐾.အသည်းကျော်လေးတွေ နားယားလို့ ခေါင်းခါတာ၊ နားက အနံ့ထွက...
08/04/2026

သားသားမီးမီးတို့ ခေါင်းခါပြီး နားတွေ ကုတ်နေလို့ စိတ်ပူနေရပြီလား? 🐶🐾.

အသည်းကျော်လေးတွေ နားယားလို့ ခေါင်းခါတာ၊ နားက အနံ့ထွက်တာ ဒါမှမဟုတ် နားထဲမှာအမည်းတွေ ရှိနေတာမျိုးက သူတို့လေးတွေတကယ်ကို နေမသာယာဖြစ်ရတဲ့ ကိစ္စပါ။

ဒီပြဿနာတွေကိုအမြန်ဆုံး ဖြေရှင်းပေးဖို့ Marboxa Ear Drops ရှိတယ်နော်။ ✅

Marboxa Ear Drops က နားတွင်းပိုးဝင်ခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပြီ အနံ့ဆိုးထွက်တာကို ဖယ်ရှားပေးပါတယ်။

နားအတွင်းယားယံခြင်းကို သက်သာစေလို့ ကလေးများအမြဲပျော်ရွှင်နေမှာပါ။

ဖေဖေ၊မေမေတို့ရဲ့ချစ်လှစွာသော ကလေးများရဲ့နားကျန်းမာရေးအတွက်" Marboxa " ကို အမြဲဆောင်ထားကြစို့။ ❤️

သုံးစွဲရန် အညွှန်းကိုတော့ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် သေချာ ဆွေးနွေးတိုင်ပင်ပေးဖို့ အကြံပြုပေးလိုပါတယ်နော်။
🔺Packing size : 10 ml
ထုတ်လုပ်သူ - K.M.P Biotech Co., Ltd., Thailand
ဖြန့်ချီသူ - စိန်ငွေမြကုမ္ပဏီ
ဖုန်းနံပါတ် - 09-5121606
CP ဆေးဝါးအရောင်းဌာ ၌ မိမိတို့ သိရှိလိုသည့် အကြောင်းရာများအား
ဆက်သွယ် စုံစမ်းမေးမြန်း ရနိုင်ပါတယ်။

゚viralシfypシ゚viralシalシ

ကိုယ့်ရဲ့ အာဝုလိမ္မာလေးတွေ ဘယ်လောက်ပဲအစားကောင်းကျွေးကျွေး ဝမလာဘူး ဖြစ်နေလား? 🐕ဒါဆိုရင်တော့သန်ကောင်တွေကြောင့် ဖြစ်ဖို့မျာ...
04/04/2026

ကိုယ့်ရဲ့ အာဝုလိမ္မာလေးတွေ ဘယ်လောက်ပဲအစားကောင်းကျွေးကျွေး ဝမလာဘူး ဖြစ်နေလား? 🐕
ဒါဆိုရင်တော့သန်ကောင်တွေကြောင့် ဖြစ်ဖို့များပါတယ်။
ဝုလေးတွေမှာ သန်ကောင်ရှိနေရင် အာဟာရဓာတ်တွေ ရရှိတော့ဘဲကိုယ်ခံအားနည်းပြီး ဖျားနာလွယ်တတ်ပါတယ်နော်။
Prarintel Plus သန်ချဆေးဟာ...
✅ သန်လုံးကောင်၊ သန်ပြားကောင်နဲ့ အူလမ်းကြောင်းထဲက သန်ကောင်မျိုးစုံကို ရှင်းလင်းပေးပါတယ်။
✅ အာဝုလေးတွေ အစာစားချင်စိတ်ကိုပြန်လည်ဖြစ်ပေါ်စေပါတယ်။
✅ အမွှေးအမျှင်လေးတွေ ပြန်လည်စိုပြေကျန်းမာလာစေပါတယ်။
ပုံမှန် (၃) လတစ်ကြိမ် သန်ချပေးခြင်းဖြင့် သင့်ရဲ့ သားသားမီးမီးတွေကို ကျန်းမာပျော်ရွှင်အောင် ထားလိုက်ပါနော်။ ❤️
ဖြန့်ချီသူ - စိန်ငွေမြကုမ္ပဏီ
ဖုန်းနံပါတ် - 09-5121606
CP ဆေးဝါးအရောင်းဌာ ၌ မိမိတို့ သိရှိလိုသည့် အကြောင်းရာများအား ဆက်သွယ် စုံစမ်းမေးမြန်း ရနိုင်ပါတယ်။

"Healthy ဖြစ်ဖို့ဆိုတာ တစ်ယောက်တည်းလုပ်လို့မရဘူးလေ... ဒါကြောင့် အဖွဲ့လိုက် Yoga Class လေး ဖွင့်လိုက်ပါပြီ။ 🧘‍♂️🐈🐕‍🦺Healt...
01/04/2026

"Healthy ဖြစ်ဖို့ဆိုတာ တစ်ယောက်တည်းလုပ်လို့မရဘူးလေ... ဒါကြောင့် အဖွဲ့လိုက် Yoga Class လေး ဖွင့်လိုက်ပါပြီ။ 🧘‍♂️🐈🐕‍🦺
Healthy Animal Page မှာ အဝလွန်နေတဲ့ သင့်ရဲ့ မြောင်နဲ့ အာဝု တို့အတွက် တစ်ရက်အတွင်း ပိန်စေမယ့် 'Extreme Yoga & Gym' အစီအစဉ်ရှိနေပြီနော်။😍
ဒီနေ့ပဲ Register လုပ်မယ်ဆိုရင် Yoga ဝတ်စုံနဲ့ ခြေအိတ်လေးတွေကို Free လက်ဆောင်ပေးမှာပါ။ 🎁
သင်တန်းကာလ - ( ဧပြီလ ၁ ရက်နေ့သာ )

ယုံနေပြီလား? Happy April Fool's Day ပါ။
"သင့်ရဲ့ မြောင်နဲ့ အာဝု ကို ကျန်းမာစေချင်တာတော့ အမှန်ပါပဲနော်။ ❤️"

ဘေဘီလေးတို့ရဲ့အမွှေးလေးတွေသန့်ရှင်းတောက်ပြောင်ပြီး အိန်ဂျယ်လေးတွေလို ဘလင်းဘလင်းဖြစ်နေစေမယ့်"MACRODERM Shampoo"အဓိက ပါဝင်...
28/03/2026

ဘေဘီလေးတို့ရဲ့အမွှေးလေးတွေသန့်ရှင်းတောက်ပြောင်ပြီး အိန်ဂျယ်လေးတွေလို ဘလင်းဘလင်းဖြစ်နေစေမယ့်"MACRODERM Shampoo"
အဓိက ပါဝင်ပစ္စည်းများ
Miconazole Nitrate20 g
မှို ကူးစက်မှုများကို ထိန်းချုပ်ပေးသော antifungal agent
Chlorhexidine gluconate 20 g မှိုနဲ့ ဘတ်တီးရီးယား ပွားများမှုကို ထိန်းချုပ်ပေးနိုင်တဲ့ disinfectant & antiseptic agent။
အသုံးပြုပုံ
သန့်ရှင်းသောရေဖြင့် ခန္ဓာကိုယ်အနှံ့ ဦးစွာသန့်ရှင်းအောင် ဆေးကြောပေးပါ။
Shampooကို ခန္ဓာကိုယ်အနှံ့ အမြှုပ်ထသည်အထိလိမ်းပေးပြီး အရေပြားထဲကို စိမ့်ဝင်အောင်နှိပ်နယ်ပေးပါ။
၁၀ မိနစ်ခန့် ထားပြီးမှ ရေသန့်ဖြင့် ဆေးချပါ။
ထုတ်လုပ်သူ(moa)* Macro Phar Co., Ltd., Thailand
Registered No : 2D 1/61
**✨ဖြန့်ချီသူ✨** 💎စိန်ငွေမြ ကုမ္ပဏီ💎
အသေးစိတ်သိရှိလိုပါက CP ဆေးဝါးအရောင်းဌာန Phone : 09-5121606 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

"ဒီအချက်တွေကို သိပြီးရင် သင့်ရဲ့‌တိလေးတွေ ကိုကာကွယ်ဆေးထိုးဖို့ ပိုပြီး ယုံကြည်စိတ်ချရပြီလား?"🤔🐱🐕💊တိလေးတွေကို ကာကွယ်ဆေးထိ...
26/03/2026

"ဒီအချက်တွေကို သိပြီးရင် သင့်ရဲ့‌တိလေးတွေ ကို
ကာကွယ်ဆေးထိုးဖို့ ပိုပြီး ယုံကြည်စိတ်ချရပြီလား?"🤔
🐱🐕💊တိလေးတွေကို ကာကွယ်ဆေးထိုးရခြင်း၏ အဓိကအကြောင်းရင်း ၃ ချက်။ 🤔
🐱🐕"ဒီမေးခွန်းကို ပိုင်ရှင်တော်တော်များများ မေးကြပါတယ်။ကာကွယ်ဆေးထိုးထားလို့ကူးစက်ခံရနိုင်သေးပေမယ့်၊ဘာကြောင့်ထိုးသင့်တာလဲ?
🐱🐕ရောဂါပြင်းထန်မှုကို လျှော့ချပေးတယ်။ ကာကွယ်ဆေးထိုးထားတဲ့ တိလေးတွေရောဂါပိုးကူးခံရရင်တောင် ဖျားနာမှု သက်သာပြီး မြန်မြန်ပြန်ကောင်းပါတယ်။ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
🐱🐕ခုခံအားအသစ်တွေ ဖန်တီးပေးတယ်။
ဗိုင်းရပ်စ်တွေက ပြောင်းလဲနေတတ်ပါတယ်။ ကာကွယ်ဆေး ထပ်ခါထပ်ခါထိုးခြင်းက အသစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေကို တိုက်ခိုက်ဖို့ ခုခံအားကို အဆင့်မြှင့်တင်ပေးပါတယ်။
🐱🐕အုပ်စုလိုက်ခုခံအားကိုကာကွယ်ပေးတယ်။
တိအများစု ကာကွယ်ဆေးထိုးထားရင် ရောဂါပြန့်ပွားမှု နည်းသွားပြီး၊ ဆေးထိုးလို့မရသေးတဲ့ ခွေးကလေး၊ ကြောင်ကလေးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။"

ရာသီဥတုကတဖြည်းဖြည်း ပြောင်းလဲလာပြီဆိုတော့...အချစ်တော်လေးတွေကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်လာပြီနော်။🐶🐱ကိုယ့်ရဲ့ အချစ်တော...
25/03/2026

ရာသီဥတုကတဖြည်းဖြည်း ပြောင်းလဲလာပြီဆိုတော့...

အချစ်တော်လေးတွေကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်လာပြီနော်။🐶🐱

ကိုယ့်ရဲ့ အချစ်တော်လေးတွေက စကားမပြောတတ်ပေမဲ့ သူတို့မှာလည်းခံစားချက်ရှိတာမို့
ရာသီဥတုအပြောင်းအလဲမှာ အထူးလေးဂရုစိုက်ပေးကြရအောင်။ ☁️🌡️

ရာသီဥတုပူရင်

"ကားထဲတွင် သင့်အိမ်မွေးတိရစ္ဆာန်ကို မထားခဲ့ပါနဲ့။

"သင့်အာဝုနဲ့ မြောင်လေးကို ရေများများတိုက်ပါ"

"အပူလျှပ်သည့် လက္ခဏာများကို သတိပြုပါ"
"
ပူပြင်းသော လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ မသွားပါစေနှေင့်။

ရာသီဥတုအေးရင်

ရာသီဥတုအေးချိန်တွင် အိမ်ထဲ၌သာ နွေးထွေးအောင်ထားပါ"။

ကားစက်မနှိုးမီ: အင်ဂျင်ဖုံးကို ပုတ်ပေးပါ"

"အပြင်ထွက်လျှင် နွေးထွေးအော အင်္ကျီ ဝတ်ပေးပါ"။

ခြေဖဝါးကို ခြောက်သွေ့အောင်ထားပါ။

Address

PyinMaPin
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+9595121606

Website

Alerts

Be the first to know and let us send you an email when Healthy Animal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share