Min Mahar Swe Medical Center

Min Mahar Swe Medical Center Diagnostics and specialists clinic

13/04/2026

မင်္ဂလာရှိသော..
မြန်မာ့နှစ်ကူး အတာသကြင်္န်အခါသမယမှာ
မိဘပြည်သူများ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Min Mahar Swe Medical Center မှ မိသားစုမှ ဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

နှစ်သစ်မှာလည်း
ကျွန်မတို့ Min Mahar Swe Medical Center အနေနဲ့
မိဘပြည်သူတို့ရဲ့ ကျန်းမာရေးကို အမြဲအလေးထားစောင့်ရှောက်ပေးသွားမှာဖြစ်တာကြောင့်
ဆေးစစ်ဖို့ဆို မင်းမဟာဆွေကိုသာ သတိရလိုက်တော့နော်

👉 မိဘပြည်သူများအတွက် သကြင်္န်တွင်းမှာလည်း ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ရှင့် 🥰

Your Health, Our Priority.

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

🏠 Address:
No. 202(B), 5 Ward, Parami Road,
South Okkalapa Township, Yangon

ပိတ်ရက်မရှိ ကျန်းမာရေးဝန်ဆောင်မှုပေးမည့် မင်းမဟာဆွေ ဆေးခန်း🏥💦သင်္ကြန်ကာလအတွင်း လူကြီးမင်းတို့ အဆင်ပြေစေရန် မင်းမဟာဆွေ ဆေ...
09/04/2026

ပိတ်ရက်မရှိ ကျန်းမာရေးဝန်ဆောင်မှုပေးမည့် မင်းမဟာဆွေ ဆေးခန်း🏥💦

သင်္ကြန်ကာလအတွင်း လူကြီးမင်းတို့ အဆင်ပြေစေရန် မင်းမဟာဆွေ ဆေးခန်း ကို သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် (ဧပြီလ ၁၃ ရက်မှ ၁၈ ရက်အထိ) ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

✅ ပုံမှန်အတိုင်း လာရောက်စစ်ဆေးနိုင်မည့်ရက်များ
🗓 ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်များ

⚠️ Urgent (အရေးပေါ်) စစ်ဆေးမှုများ ရရှိနိုင်မည့်ရက်များ
🗓 ဧပြီ ၁၄၊ ၁၆၊ ၁၈ ရက်များ

လူကြီးမင်းတို့အနေဖြင့် ကြိုတင်ချိန်းဆိုလိုပါက သို့မဟုတ် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📞 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

အားလုံးပဲ ဘေးအန္တရာယ်ကင်းစင်ပြီး ပျော်ရွှင်စရာ သင်္ကြန်အခါသမယလေး ဖြစ်ပါစေကြောင်း မင်းမဟာဆွေ မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကျေးဇူးတင်ပါတယ်ရှင့်။ 🙏✨

📍 Address : အမှတ် ၂၀၂ (B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ (ပိတ်ရက်မရှိ)

" မင်းမဟာဆွေ " မှာဆို ဆေးစစ်ဖို့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးနေမလားလို့ စိတ်ပူစရာမလိုဘူးနော် 🤗👉 Min Mahar Swe Medical Center...
23/03/2026

" မင်းမဟာဆွေ " မှာဆို ဆေးစစ်ဖို့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးနေမလားလို့ စိတ်ပူစရာမလိုဘူးနော် 🤗

👉 Min Mahar Swe Medical Centerမှာ
Medical Checkupလုပ်ဖို့လာတဲ့အခါ စနစ်တကျ၊ မြန်ဆန်ပြီး လွယ်ကူတဲ့ Process နဲ့ ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။

👉 ဒီတော့ မင်းမဟာဆွေမှာ ဆေးလာစစ်မယ်ဆို ဘယ်လို အဆင့်တွေရှိလဲဆိုတာ ပြောပြပေးချင်ပါတယ်။

𝐒𝐭𝐞𝐩 𝐛𝐲 𝐒𝐭𝐞𝐩 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩 𝐏𝐫𝐨𝐜𝐞𝐬𝐬

𝐒𝐭𝐞𝐩 ( 𝟏 ) – 𝐀𝐫𝐫𝐢𝐯𝐚𝐥 & 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧
🔹 ဆေးခန်းကို ရောက်လာတာနဲ့ Reception မှာ မိမိစစ်ဆေးမယ့် Medical Check-up အမျိုးအစားကို စာရင်းသွင်း (Registration)ပြုလုပ်ရပါမယ်။
🔹 ဝန်ထမ်းများက နွေးထွေးစွာ ကြိုဆိုကူညီပေးမှာမလို့ မစိုးရိမ်နဲ့နော်။

𝐒𝐭𝐞𝐩 ( 𝟐 ) – 𝐈𝐧𝐢𝐭𝐢𝐚𝐥 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠
🔹 Registration ပြီးသွားရင် Height, Weight, Blood Pressure စတဲ့ အခြေခံ ကျန်းမာရေးအချက်အလက်တွေကို ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးပါတယ်။

𝐒𝐭𝐞𝐩 ( 𝟑 ) – 𝐄𝐂𝐆 𝐓𝐞𝐬𝐭
👉 နှလုံးကျန်းမာရေးအခြေအနေကို စစ်ဆေးနိုင်ရန် ECG (Electrocardiogram) စစ်ဆေးမှုကို ပြုလုပ်ပေးပါတယ်။

𝐒𝐭𝐞𝐩 ( 𝟒 ) - 𝐁𝐥𝐨𝐨𝐝 & 𝐔𝐫𝐢𝐧𝐞 𝐓𝐞𝐬𝐭𝐬
👉 လိုအပ်သော သွေးစစ်ခြင်းနှင့် ဆီးစစ်ခြင်း စမ်းသပ်မှုများကို Laboratory တွင် စနစ်တကျ ပြုလုပ်ပေးပါတယ်။

𝐒𝐭𝐞𝐩 ( 𝟓 ) – 𝐂𝐡𝐞𝐬𝐭 𝐗-𝐫𝐚𝐲
👉 အဆုတ်နှင့် ရင်ဘတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများကို စစ်ဆေးရန် Chest X-ray ရိုက်ပေးပါတယ်။

𝐒𝐭𝐞𝐩 ( 𝟔 ) – 𝐄𝐲𝐞 & 𝐄𝐚𝐫 𝐓𝐞𝐬𝐭
👉 မျက်စိမြင်နိုင်မှုနှင့် နားကြားနိုင်မှုတို့ကို Eye / Ear Test ဖြင့် စစ်ဆေးပေးပါတယ်။

𝐒𝐭𝐞𝐩 ( 𝟕 ) – 𝐔𝐒𝐆 𝐀𝐛𝐝𝐨𝐦𝐞𝐧
👉 အတွင်းပိုင်း အသည်း၊ ကျောက်ကပ် စတဲ့ အစိတ်အပိုင်းများကို စစ်ဆေးရန် Ultrasound (USG Abdomen) ရိုက်ပေးပါတယ်။

𝐒𝐭𝐞𝐩 ( 𝟖 ) – 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫
👉 စစ်ဆေးမှုအားလုံးပြီးသွားပါက အတွေ့အကြုံရှိ ဆရာဝန်များ က Result တွေကို သုံးသပ်ပြီး ကျန်းမာရေးအခြေအနေကို အပြည့်အစုံ အကဲဖြတ်ပေးပါတယ်။

📄 Medical Certificate Issued
စစ်ဆေးမှုအားလုံးကို စနစ်တကျ စစ်ဆေးပြီးနောက် တိကျသော Medical Certificate ကို ထုတ်ပေးပါတယ်။

Registration စလုပ်ချိန်မှစ၍ တစ်ရက်မှ နှစ်ရက်အတွင်း Medical Certificate ရရှိနိုင်ပါတယ်။

🌟 မင်းမဟာဆွေ ဆေးစင်တာ၏ အထူးဝန်ဆောင်မှုများ
✔️ စနစ်တကျ စီမံထားသော Medical Check-up Process
✔️ အတွေ့အကြုံရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ
✔️ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော Laboratory Services
✔️ သင်္ဘောသားများအတွက် အထူးသင့်လျော်သော ဝန်ဆောင်မှုများ

📍 Address : အမှတ် ၂၀၂ (B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်

📞 Hotline :
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ (ပိတ်ရက်မရှိ)

သင်္ဘောသားတွေအနေနဲ့ ဘာကြောင့် ISO လက်မှတ်ရ ဆေးခန်းတွေမှာ ဆေးစစ်သင့်တာလဲ?👉 သင်္ဘောသားများအတွက် Medical Check-up ဆိုတာ Ves...
20/03/2026

သင်္ဘောသားတွေအနေနဲ့ ဘာကြောင့် ISO လက်မှတ်ရ ဆေးခန်းတွေမှာ ဆေးစစ်သင့်တာလဲ?

👉 သင်္ဘောသားများအတွက် Medical Check-up ဆိုတာ Vessel Join ဖို့အတွက် အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။

👉 ဒါကြောင့် သင်္ဘောသားတွေအနေနဲ့ ယုံကြည်စိတ်ချရပြီး စံချိန်စံညွှန်းပြည့်မီသော ဆေးစစ်ချက်ရရှိနိုင်ဖို့
ISO လတ်မှတ်ရရှိထားပြီး DMA Approve ရရှိထားတဲ့ Medical Center တွေမှာ ဆေးစစ်ဖို့လိုအပ်တာပါ။

ဒီတော့ ISO ဆိုတာဘာလဲ ?
• ISO (International Organization for Standardization) ဆိုတာ ရိုးရိုးပြောရရင် လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုဟာ "ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်း" အတွင်းမှာ ရှိနေကြောင်း သက်သေပြတဲ့ လက်မှတ်ပဲ ဖြစ်ပါတယ်။

👇ဒီလို ISO လက်မှတ်ရ ဆေးခန်းတွေမှာ ဆေးစစ်ခြင်းက အောက်ပါ အားသာချက်များကို ရရှိနိုင်ပါတယ်။ 👇

✅ တိကျသေချာသော ရလဒ် (Highest Accuracy)
ISO စံနှုန်းအရ ဓာတ်ခွဲခန်းသုံး စက်ကိရိယာတွေကို နေ့စဉ်၊ အပတ်စဉ် ပုံမှန် စစ်ဆေးချိန်ညှိ (Calibration) ရပါတယ်။ ဒါကြောင့် သင့်ဆီကထွက်လာတဲ့ ဆေးစစ်ချက်ရလဒ်ဟာ အမှားအယွင်းမရှိဘဲ အတိကျဆုံး ဖြစ်နေမှာပါ။

✅ နိုင်ငံတကာအဆင့်မီ ယုံကြည်မှု (Global Recognition)
အထူးသဖြင့် နိုင်ငံခြားထွက်မယ့်သူတွေ၊ သင်္ဘောသားတွေနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေသူတွေအတွက် ISO လက်မှတ်ရဆေးခန်းမှာ စစ်ဆေးထားတဲ့ ဆေးစစ်ချက်ဟာ သံရုံးတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေက အလွယ်တကူ လက်ခံရလောက်အောင် ခိုင်မာတဲ့ အထောက်အထား ဖြစ်ပါတယ်။

✅ ဘေးကင်းလုံခြုံမှု (Patient Safety)
ISO စနစ်ဟာ လူနာရဲ့ သွေးနမူနာယူခြင်းကအစ အချက်အလက် သိမ်းဆည်းခြင်းအဆုံး အမှားအယွင်း (Human Error) မရှိရအောင် တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားလို့ သင့်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေဟာ စနစ်တကျနဲ့ လုံခြုံနေမှာပါ။

✅ မြန်ဆန်ချောမွေ့တဲ့ ဝန်ဆောင်မှု (Standardized Workflow)
မှတ်ပုံတင်တာကနေ ဆေးစစ်ချက်လက်မှတ် (Certificate) ထုတ်ယူတဲ့အထိ အဆင့်တိုင်းဟာ Step-by-Step စနစ်တကျ ရှိနေတာကြောင့် အချိန်ကုန်သက်သာပြီး လူနာတွေအတွက် အဆင်ပြေချောမွေ့စေပါတယ်။

ကျွန်တော်တို့ Min Mahar Swe Medical Center သည်
👉 ISO 9001 ClassNK လက်မှတ် ရရှိထားသည့်အပြင်
👉 DMA (Department of Marine Administration) မှ တရားဝင် အသိအမှတ်ပြုထားသည့် ဆေးခန်းဖြစ်ပါသည်။
ဒါကြောင့် သင်္ဘောသားညီအကိုများနှင့် နိုင်ငံခြားသွားရန် ပြင်ဆင်နေသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ လက်လွတ်မခံရစေရန် မင်းမဟာဆွေမှာ ယုံကြည်စိတ်ချစွာ လာရောက်ဆေးစစ်နိုင်ကြောင်း နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ 🤗

Safe Health , Safe Voyage ⚓

————————————

📍 Address : အမှတ် ၂၀၂ ( B ) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )


📢 Computer ကျွမ်းကျင် ဝန်ထမ်း အလိုရှိသည်!!Min Mahar Swe Medical Center တွင် တာဝန်ထမ်းဆောင်ရန် Computer ကျွမ်းကျင်ပြီး သွ...
12/03/2026

📢 Computer ကျွမ်းကျင် ဝန်ထမ်း အလိုရှိသည်!!

Min Mahar Swe Medical Center တွင် တာဝန်ထမ်းဆောင်ရန် Computer ကျွမ်းကျင်ပြီး သွက်လက်ဖော်ရွေသော Female Staff တစ်ဦး အမြန်အလိုရှိပါသည်။

📌 အဓိကတာဝန်များ:
• Documentation (စာရွက်စာတမ်း ထိန်းသိမ်းခြင်း )
• Data Entry (လူနာမှတ်တမ်းနှင့် အချက်အလက်များ စနစ်တကျ ရိုက်သွင်းခြင်း)

✅ လိုအပ်ချက်များ:
• အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။
• Computer (Microsoft Office / Excel) အခြေခံ ကျွမ်းကျင်ရမည်။
• စာရိုက်နှုန်း မြန်ဆန်ပြီး အလုပ်အပေါ် စိတ်ပါဝင်စားသူ ဖြစ်ရမည်။

⏰ အလုပ်ချိန်: မနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ
📍 အလုပ်နေရာ: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📩 လျှောက်ထားရန် : မိမိတို့၏ CV Form ကို Email : info@minmaharswe.com
Viber : 09988894111 , 099888894222 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

အအေးမိတာလား ? တုပ်ကွေးလား? ဘယ်လိုခွဲခြားမလဲ 🤔 !!👉 ရာသီဥတု အကူးအပြောင်းမှာ နှာစေး၊ ချောင်းဆိုး ဖြစ်လာရင် "သာမန် အအေးမိတာပ...
10/03/2026

အအေးမိတာလား ? တုပ်ကွေးလား?
ဘယ်လိုခွဲခြားမလဲ 🤔 !!

👉 ရာသီဥတု အကူးအပြောင်းမှာ နှာစေး၊ ချောင်းဆိုး ဖြစ်လာရင် "သာမန် အအေးမိတာပါလေ" ဆိုပြီး ပေါ့ဆနေတတ်ကြပါတယ်။

👉 ဒါပေမဲ့ တကယ်တမ်းက သာမန်အအေးမိခြင်း (Common Cold) နဲ့ တုပ်ကွေး (Flu) ဟာ မတူပါဘူး။

👉 တုပ်ကွေးက ပိုပြင်းထန်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ပိုများနိုင်ပါတယ်။

ဘယ်လိုကွာခြားလဲဆိုတာ ကြည့်လိုက်ရအောင် 👇

🔹 ၁။ အဖျားတက်ခြင်း (Fever)
• အအေးမိရင်: ဖျားခဲပါတယ်။ ဖျားရင်လည်း အငွေ့ပြန်ရုံလောက်ပဲ ရှိတတ်ပါတယ်။
• တုပ်ကွေးဖြစ်ရင်: အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်အထက် အပြင်းအထန် တက်တတ်ပါတယ်။

🔹 ၂။ ကိုယ်လက်ကိုက်ခဲခြင်း (Aches & Pains)
• အအေးမိရင်: အနည်းငယ်ပဲ ကိုက်ခဲတတ်ပါတယ်။
• တုပ်ကွေးဖြစ်ရင်: တစ်ကိုယ်လုံး ရိုက်နှက်ခံထားရသလို အရမ်းနာကျင်ကိုက်ခဲပြီး နုံးချည့်နေတတ်ပါတယ်။

🔹 ၃။ နှာစေး/နှာပိတ် (Nose Symptoms)
• အအေးမိရင်: နှာစေးတာ၊ နှာပိတ်တာက အဓိက လက္ခဏာပါ။
• တုပ်ကွေးဖြစ်ရင်: တစ်ခါတရံမှသာ ဖြစ်တတ်ပါတယ်။

🔹 ၄။ ချောင်းဆိုးခြင်း (Cough)
• အအေးမိရင်: ရင်ကျပ်ပြီး ချောင်းအနည်းငယ် ဆိုးတတ်ပါတယ်။
• တုပ်ကွေးဖြစ်ရင်: ချောင်းခြောက်ဆိုးတာကနေ ပြင်းထန်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါတယ်။

👉 ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ?

✅ အသက်ရှူရ ခက်ခဲလာရင်၊ ရင်ဘတ်အောင့်ရင် ဒါမှမဟုတ် အဖျားက ၃ ရက်ထက်ပိုပြီး မကျရင်တော့ ပေါ့ဆလို့မရပါဘူး။

✅ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုဂရုစိုက်ရပါမယ်။

✅ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးထားခြင်းက သင့်ကို အပြင်းအထန် ဖျားနာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

ယနေ့ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်တဲ့"တောင်သူလယ်သမားနေ့" မှာ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်း...
02/03/2026

ယနေ့ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်တဲ့
"တောင်သူလယ်သမားနေ့" မှာ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကျန်းမာသုခအဖြာဖြာနှင့် ပြည့်စုံကျပါစေ။

စီးပွားလုပ်ငန်းများ ဒီရေကဲ့သိုတိုးတက်ပါစေကြောင်း Min Mahar Swe Medical Center မှ ဆုမွန်ကောင်းတောင်းအပ်ပါ တယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

#တောင်သူလယ်သမားနေ့

" ကျန်းမာခြင်းသည် လာဘ်တစ်ပါး "ဖြစ်တဲ့အတွက် မိမိရဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။ Min Mahar Swe မှာ လူကြီး...
26/02/2026

" ကျန်းမာခြင်းသည် လာဘ်တစ်ပါး "
ဖြစ်တဲ့အတွက် မိမိရဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

Min Mahar Swe မှာ လူကြီးမင်းတို့အတွက် အခြေခံကျန်းမာရေးစစ်ဆေးမှု Package များကို ကျွမ်းကျင်ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ခေတ်မှီစက်ပစ္စည်းကိရိယာများကို အသုံးပြုပြီး စနစ်တကျ စမ်းသပ် စစ်ဆေးပေးလျက်ရှိပါတယ်။

ဒါဆို Min Mahar Swe မှာ ဘာတွေ စမ်းသပ်စစ်ဆေးလို့ရတာလဲ? 🤔

✅ အထွေထွေစစ်ဆေးမှုများ (General Examinations)
• Physical Examination (ခန္ဓာကိုယ် စစ်ဆေးခြင်း)
• Mental State Examination (စိတ်ကျန်းမာရေး စစ်ဆေးခြင်း)
• Eyes & Ears Test (မျက်လုံး နှင့် နား စစ်ဆေးခြင်း)

✅ ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory Tests)
• Urine RE (ဆီး စစ်ဆေးခြင်း)
• CP Auto (သွေးဖြူဥ / သွေးနီဥ စစ်ဆေးခြင်း)
• RBS (သွေးတွင်း သကြားဓာတ် / ဆီးချို စစ်ဆေးခြင်း)
• SGOT / SGPT (အသည်း လုပ်ဆောင်ချက် စစ်ဆေးခြင်း)
• Total Cholesterol & Uric Acid (သွေးတွင်း အဆီဓာတ် နှင့် အဆစ်အမြစ် ကိုက်ခဲမှု စစ်ဆေးခြင်း)
• ABO & Rh Grouping (သွေးအုပ်စု ခွဲခြား စစ်ဆေးခြင်း)
• Urea / Creatinine (ကျောက်ကပ် လုပ်ဆောင်ချက် စစ်ဆေးခြင်း)

✅ ကူးစက်ရောဂါနှင့် မူးယစ်ဆေးစစ်ဆေးမှုများ (Screening)
• အသည်းရောင်အသားဝါ B ပိုး ( Hepatitis B ) နှင့် C ပိုး ( Hepatitis C ) စစ်ဆေးခြင်း
• ကာလသားရောဂါပိုး (VDRL) နှင့် HIV ပိုး ( HIV I & II) စစ်ဆေးခြင်း
• Drugs & Alcohol Screening ( မူးယစ်ဆေးဝါးနှင့် အရက်သေစာ သုံးစွဲမှု ရှိ / မရှိ စစ်ဆေးခြင်း )

✅ Imaging & Diagnostic Tests
• Chest X-ray (ရင်ဘတ် ဓာတ်မှန်)
• ECG (နှလုံး စမ်းသပ်စစ်ဆေးခြင်း)
• Ultrasound USG (ဝမ်းဗိုက်အတွင်း အင်္ဂါများ စစ်ဆေးခြင်း)
အစရှိတဲ့ ကျန်းမားရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာကြောင့်

👉 ကျန်းမာရေးကို ကြိုတင်စစ်ဆေးပြီး အနာဂတ်ကို ယုံကြည်စိတ်ချစွာ ရင်ဆိုင်နိုင်ရန် Medical Check Up ပြုလုပ်လိုပါက Min Mahar Swe သို့ ယုံကြည်စိတ်ချစွာ လာရောက်နိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

‼️ ရန်ကုန် လေထုညစ်ညမ်းမှု သတိပြုရန် ‼️ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု (Air Pollution) မြင့်မားနေခြင်းကြောင့် မိဘပြည်သူ...
24/02/2026

‼️ ရန်ကုန် လေထုညစ်ညမ်းမှု သတိပြုရန် ‼️

ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု (Air Pollution) မြင့်မားနေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန် Min Mahar Swe Medical Center မှ မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

👉 လတ်တလော လေထုအတွင်း ဖုန်မှုန့်နှင့် အမှုန်အမွှားများ များပြားနေသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ မျက်စိယားယံခြင်းနှင့် ခေါင်းကိုက်ခြင်းများ အလွယ်တကူ ဖြစ်ပေါ်နိုင်ပါသည်။

👉 အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် အထူးသတိထားရန် လိုအပ်ပါသည်။

🛡️ မိမိကိုယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုချက်များ -

✅ Mask စနစ်တကျတပ်ဆင်ပါ - အပြင်ထွက်လျှင် အရည်အသွေးမီ Maskကို စနစ်တကျ တပ်ဆင်ပါ။

✅ ပြင်ပလှုပ်ရှားမှု လျှော့ချပါ - လေထုညစ်ညမ်းမှု မြင့်မားချိန်တွင် မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို ခေတ္တရှောင်ကြဉ်ပါ။

✅ ရေဓာတ်ဖြည့်တင်းပါ - ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ။

✅ ကျန်းမာရေးကို စောင့်ကြည့်ပါ - မျက်စိ၊ နှာခေါင်း ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးတာမရပ်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းများ ခံစားရပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းမှ ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။

လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်းက အရေးအကြီးဆုံး ဖြစ်ပါသည်။

📍 အသေးစိတ် စစ်ဆေးကုသမှုနှင့် ကျန်းမာရေးအကြံဉာဏ်များအတွက် -
Min Mahar Swe Medical Center သို့ ယုံကြည်စိတ်ချစွာ လာရောက်တိုင်ပင်နိုင်ပါသည်။

နွေးထွေးပျူငှာသော ဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေးကို အစဉ်တစိုက် စောင့်ရှောက်ပေးနေတဲ့ မင်းမဟာဆွေ ❤️

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

ရုံးထိုင်အလုပ်လုပ်သူတိုင်း ကြုံတွေ့နေရတဲ့ ခါးနာ၊ ဇက်နာ ဝေဒနာတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ? 👉 တစ်နေ့ကို ၈ နာရီကျော် က...
23/02/2026

ရုံးထိုင်အလုပ်လုပ်သူတိုင်း ကြုံတွေ့နေရတဲ့
ခါးနာ၊ ဇက်နာ ဝေဒနာတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ?

👉 တစ်နေ့ကို ၈ နာရီကျော် ကွန်ပျူတာရှေ့မှာ အချိန်ကုန်ဆုံးနေရတဲ့ ရုံးထိုင်ဝန်ထမ်းတွေအတွက် Office Syndrome (ရုံးထိုင်ရောဂါ ) က အမြဲလိုလို နှိပ်စက်လေ့ရှိပါတယ်။

👉 ဇက်ကြောတက်တာ၊ ပခုံးနာတာနဲ့ ခါးနာတာတွေက အလုပ်အာရုံစိုက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

👉 ဒါကြောင့် ဒီဝေဒနာတွေကို အလွယ်တကူ သက်သာစေမယ့် နည်းလမ်း (၅) သွယ်ကို မျှဝေပေးလိုက်ပါတယ်။

✅ မှန်ကန်တဲ့ ထိုင်ခုံအနေအထား (Posture is Key)။
ထိုင်တဲ့အခါ ခါးကို မတ်မတ်ထားပါ။ ကွန်ပျူတာ Screen က မျက်စိနဲ့ တစ်တန်းတည်းရှိနေရပါမယ်။ ခြေထောက်ကို ကြမ်းပြင်နဲ့ အပြိုင်ချထားပြီး ဒူးကို ၉၀ ဒီဂရီ ကွေးထားပါ။

✅ ၂၀-၂၀-၂၀ စည်းမျဉ်းကို ကျင့်သုံးပါ။
မိနစ် ၂၀ အလုပ်လုပ်ပြီးတိုင်း မိနစ် ၂၀ လောက် ဝေးဝေးကို ကြည့်ပေးပါ။ အဲဒီအချိန်မှာ ခဏထပြီး လမ်းလျှောက်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု (Stretching) အနည်းငယ် လုပ်ပေးခြင်းက ကြွက်သားတောင့်တင်းမှုကို လျော့ကျစေပါတယ်။

✅ ဇက်နှင့် ပခုံး လေ့ကျင့်ခန်းလုပ်ပါ။
အလုပ်လုပ်နေရင်းနဲ့ပဲ ခေါင်းကို ဘယ်/ညာ ဖြည်းဖြည်းချင်း လှည့်ပေးပါ။ ပခုံးကို အရှေ့အနောက် ဝိုင်းပြီး လှည့်ပေးပါ။ ဒါက သွေးလည်ပတ်မှု ကောင်းစေပြီး ဇက်ကြောတက်တာကို သက်သာစေပါတယ်။

✅ ရေများများသောက်ပါ။
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ရင် ကြွက်သားတွေ နာကျင်တတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေရင်း ရေကို ပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့။

✅ အနားယူချိန်ပေးပါ။
ညဘက်မှာ အိပ်ရာမဝင်ခင် ခါးနဲ့ ဇက်ကို ရေနွေးအိတ်လေး ကပ်ပေးတာမျိုး လုပ်ပေးရင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေပါတယ်။

💡 Min Mahar Swe မှ အကြံပြုချက်:
အကယ်၍ သင့်ရဲ့ ခါးနာ၊ ဇက်နာဝေဒနာက ရက်ရှည်ကြာနေပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေးတွေချည်းပဲ အားမကိုးဘဲ ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

🏥 Min Mahar Swe Medical Center မှာ ရုံးထိုင်ဝန်ထမ်းတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ကုသမှုတွေကို နွေးထွေးစွာ ဝန်ဆောင်မှုပေးနေပါပြီ။

" ယုံကြည်စိတ်ချရတဲ့ ဆေးစစ်မှု - နွေးထွေးတဲ့ ဝန်ဆောင်မှု "

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

တိကျတဲ့ ဆေးစစ်မှုနဲ့အတူစိတ်အေးချမ်းမှုကို ရယူလိုက်ပါ !🤔 ပျော်စရာ တရုတ်နှစ်သစ်ကူးကာလအပြီးမှာ သင့်ကျန်းမာရေး အခြေအနေကို ၁၀...
19/02/2026

တိကျတဲ့ ဆေးစစ်မှုနဲ့အတူ
စိတ်အေးချမ်းမှုကို ရယူလိုက်ပါ !

🤔 ပျော်စရာ တရုတ်နှစ်သစ်ကူးကာလအပြီးမှာ သင့်ကျန်းမာရေး အခြေအနေကို ၁၀၀% စိတ်ချရရဲ့လား?

👉 ပွဲတော်ရက်တွေမှာ အစားအသောက် အပြောင်းအလဲနဲ့ ခရီးသွားလာမှုတွေကြောင့် ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေနိုင်ပါတယ်။

👉 ဘာလက္ခဏာမှ မပြသေးခင်မှာ ကြိုတင်စစ်ဆေးထားခြင်းက သင့်ရဲ့ အဖိုးတန်တဲ့ အချိန်နဲ့ ငွေကြေးကို သက်သာစေရုံတင်မကဘဲ " စိတ်အေးချမ်းမှု " ကိုပါ ပေးစွမ်းနိုင်ပါတယ်။

👉 နှစ်သစ်မှာ ကျန်းမာခြင်းထက် ပိုကောင်းတဲ့ လက်ဆောင်မရှိတာမို့ မိမိကိုယ်ကိုရော မိသားစုကိုပါ ဂရုစိုက်ဖို့အတွက်
အခုပဲ Min Mahar Sweကို ဆက်သွယ်လိုက်ပါ။ 🏥

✅ Min Mahar Swe Medical Center ရဲ့ တိကျတဲ့ စမ်းသပ်မှုတွေ၊ ခေတ်မီစက်ကိရိယာတွေနဲ့ မိမိခန္ဓာကိုယ်ရဲ့ အခြေအနေကို အခုပဲ အဖြေရှာကြည့်လိုက်ကြပါစို့...

"ယုံကြည်စိတ်ချရတဲ့ ဆေးစစ်မှု - နွေးထွေးတဲ့ ဝန်ဆောင်မှု"

📍 Address: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline: 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours: မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

Address

202B, Parami Road, 5 Wards, South Okkalapa
Yangon
11031

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Min Mahar Swe Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share