QEC Lifestyle Management

QEC Lifestyle Management Mental Health Lifestyle by Dr Min with Lifestyle Management & Well-being Leadership in practice Apply in practice. Affordable fees.

Lifestyle management, chronic disease management, Leadership, General Management & Marketing Certificate short-courses from world top universitites now at QEC Myanmar.

နှင်းကျတာတွေ့လို့ပျော်နေတုန်းပြောရင်းအန္တရာယ် ⚠️ သတိထားဖို့တင်ပေးလိုက်ပြီ
02/01/2026

နှင်းကျတာတွေ့လို့ပျော်နေတုန်း
ပြောရင်းအန္တရာယ် ⚠️ သတိထားဖို့တင်ပေးလိုက်ပြီ

02/01/2026

နှင်းကျတာတွေ ရေခဲတာတွေကြည့်ချင်လို့လာခဲ့တာ..
ဘယ်လိုအန္တရာယ်ရှိလည်း ဗီဒီယိုမှာကြည့်။ ၁မိနစ်
အပျော်ဆိုတာ ဝမ်းနည်းမှုနဲ့တွဲလာသတဲ့
"ဝမ်းနဲ ဝမ်းသာ ခံစားရတာတွေ မများစေဘဲ လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ 🙏"

ပြဿနာတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြုံးနဲ့ ရင်ဆိုင်ဖြေရှင်းခြင်းဟာ ဘဝရဲ့ အနုပညာတစ်ခုပါပဲ။ကိုယ်စိတ်နှလုံးရွှင်ပ...
27/12/2025

ပြဿနာတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြုံးနဲ့ ရင်ဆိုင်ဖြေရှင်းခြင်းဟာ ဘဝရဲ့ အနုပညာတစ်ခုပါပဲ။
ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ💞

22/12/2025

You are my sunshine 💕
"နေခြည်ဖြာမှ နွေးသောကြောင့်....
နေ‌ေကာင်းကောင်းမပွင့်တဲ့ရာသီချိန် ယူကေရောက်လာလို့ ကိုယ့်‌ပြည်က နေရောင် တမ်းတ
မိတယ်
အပြင်ထွက်ဖို့ကလည်း "လေပြေသွေးလို့ အေးသောကြောင့်...
အိမ်ထဲကုပ် စိတ်မှာ မှောင်ကုပ် အလုပ်မဖြစ်ပြန် ...
လူ့အလိုနတ်မလိုက်နိုင်တာမို့
လက်ရှိကိုယ်ရထားတဲ့ အနေအထား ကောင်းကွက်လေးတွေ တန်ဖိုးထားဖို့ တွေးမိလို့ ရေးသားတင်ပြလိုက်ပါကြောင်း


min lifestyle

ဝိတ်များလို့ စိတ်ဓါတ်ကျစိတ်ကျလို့ စွတ်စား၊ ပို ဝ လာဝလို့ ဒူးနာ  လေ့ကျင့်ခန်းလည်း မလုပ်နိုင် ဝိတ်ပိုတက်...အစမှာ သောက်ဆေး ...
08/12/2025

ဝိတ်များလို့ စိတ်ဓါတ်ကျ
စိတ်ကျလို့ စွတ်စား၊ ပို ဝ လာ
ဝလို့ ဒူးနာ လေ့ကျင့်ခန်းလည်း မလုပ်နိုင် ဝိတ်ပိုတက်...
အစမှာ သောက်ဆေး ထိုးဆေး ကူပေးလိုက်မှ အဆင်ပြေ

ဒီပိုစ့်မှာဝိတ်ချထိုးဆေးများရဲ့ #ရှားပါးပေမယ့်အသက်အန္တရာယ်ရှိတဲ့ severe side effects အကြောင်းကိုအပိုင်း ၃ အနေနဲ့ ဆက်တင်ပေးလိုက်ပါတယ်။
ဆိုးကျိုးတွေကို ဘယ်လိုကာကွယ်ရမလဲ လျော့ချရမလဲ အတိုချုပ်ပြောပေးထားပါတယ်။

ကိုယ်အလေးချိန်ချရန်အတွက် Semaglutide (ဥပမာ- Ozempic, Wegovy) နှင့် Tirzepatide (ဥပမာ- Mounjaro, Zepbound) ကဲ့သို့သော ဆေးဝါးများသည် FDA အသိအမှတ်ပြု တရားဝင် ဝိတ်ချဆေးများဖြစ်ပါတယ်။
ဘော်ဒီဝိတ်ကို ထိရောက်စွာချနိုင်သော်လည်း ဆရာဝန်၏ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုဖြင့်သာ အသုံးပြုသင့်ပြီး အချို့သော သတိထားရမည့်အချက်များကို သိထားရန် လိုအပ်ပါသည်။

#ပြင်းထန်ပြီးရှားပါးသောဘေးထွက်ဆိုးကျိုးများ (ဆရာဝန်ကို ချက်ချင်းပြသသင့်သည်)

🔺 သိုင်းရွိုက်ကင်ဆာ (Thyroid Tumors - C-cell hyperplasia): အထူးသဖြင့် Medullary Thyroid Carcinoma (MTC) ၏ မိသားစုရာဇဝင်ရှိသူများ သို့မဟုတ် Multiple Endocrine Neoplasia syndrome type 2 (MEN 2) ရှိသူများတွင် ဤဆေးများကို လုံးဝမသုံးစွဲသင့်ပါ။
လည်ပင်းတွင် အဖုအကျိတ်ထွက်ခြင်း၊ မျိုချရခက်ခဲခြင်း၊ အသံဩခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် လက္ခဏာများရှိပါက ချက်ချင်းဆရာဝန်နှင့် တိုင်ပင်ပါ။

🔺 ပန်ကရိယ ရောင်ရမ်းခြင်း (Pancreatitis): ပြင်းထန်သော ဗိုက်နာခြင်း (အများအားဖြင့် ဝမ်းဗိုက်အပေါ်ပိုင်းမှ ကျောဘက်သို့ ပျံ့နှံ့နိုင်သည်)၊ ပျို့အန်ခြင်း စသည်တို့ခံစားရပါက ချက်ချင်းဆေးရုံသွားသင့်ပါသည်။

🔺 သည်းခြေအိတ်ပြဿနာများ (Gallbladder Issues): အထူးသဖြင့် ကိုယ်အလေးချိန် မြန်မြန်ကျသူများတွင် သည်းခြေကျောက်တည်ခြင်း သို့မဟုတ် သည်းခြေအိတ် ချို့ယွင်းမှုများ ဖြစ်နိုင်ပါသည်။

🔺 ကျောက်ကပ် ထိခိုက်မှု (Acute Kidney Injury): ပြင်းထန်သော ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။

🔺 ပြင်းထန်သော ဓာတ်မတည့်ခြင်း (Severe Allergic Reactions): အင်ပျဉ်ထွက်ခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်း စသည့် လက္ခဏာများတွေ့ပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။

🔺 ဆီးချိုရောဂါရှိသူများအတွက် အမြင်အာရုံပြောင်းလဲခြင်း (Diabetic Retinopathy) ကို ဂရုပြုသင့်ပါသည်။

🔺 စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (Mental Health Changes): စိတ်ဓာတ်ကျခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံးသတ်ရန် စဉ်းစားခြင်း စသည့်အတွေးများ ပေါ်လာပါက ဆရာဝန်အား ချက်ချင်းအသိပေးရမည်။

✨ #ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရန် နည်းလမ်းများ
☑️ ကျွမ်းကျင်ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သလိုဆေးစစ်ဆေးပြီးမှ ဝိတ်ချထိုးဆေးကိုသုံးပါ။
☑️ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးပမာဏကို တဖြည်းဖြည်းတိုးပါ။ (Start Slowly)
☑️ ရေဓာတ်ပြည့်ဝအောင် နေပါ (Stay Hydrated): ရေများများသောက်ပါ။
☑️ အစာကို နည်းနည်းနှင့် မကြာခဏ စားပါ (Smaller, more frequent meals)
☑️ ဆီများသော အစားအစာများ၊ အကြော်အလှော်များနှင့် အချိုလွန်ကဲသော အစားအစာများကို ရှောင်ပါ။
☑️ အပေါ်မှာရှင်းပြထားတဲ့ သတိပေးလက္ခဏာများကို စောင့်ကြည့်ပါ: မည်သည့် မသက်မသာမှု သို့မဟုတ် မူမမှန်သည့် လက္ခဏာများမဆို ဖြစ်ပေါ်ပါက သင့်ဆရာဝန်အား ချက်ချင်းအသိပေးပါ။

🔥 အချုပ်အားဖြင့်ဆိုရသော်၊ ကိုယ်အလေးချိန်ချရန် ဤဆေးများကို အသုံးပြုခြင်းသည် တကယ် ထိရောက်မှုရှိပါသည်။ ဝိတ်ကောင်းကောင်းကျပါသည်။ သို့သော်၊ ၎င်းတို့သည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့် ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သင့်လျော်သော ဆေးပမာဏနှင့် အသုံးပြုပုံကို တိကျစွာ လိုက်နာရန် အရေးကြီးဆုံး ဖြစ်ပါသည်။

👉 အရင်နေ့ကတင်ထားတဲ့ အပိုင်း ၁ နဲ့ အပိုင်း ၂ မဖတ်ရသေးရင် လင့်လည်း ကွန်မန့်မှာကြည့်ပါ။
သိချင်တာရှိလည်းမန့်မှာ မေးထားလို့ရပါတယ်။
အများသူငါ သတိထားနိုင်အောင် ကျန်းမာရေးပညာ မျှဝေ share ပေးကြဖို့ တောင်းဆိုပါတယ်။

ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ 💞
Dr Min Lifestyle Online clinic
#ဝိတ်ချထိုးဆေး

ကင်ဆာဖြစ်လို့ စိတ်ဓါတ်မကျနဲ့တော့ 👉
06/12/2025

ကင်ဆာဖြစ်လို့ စိတ်ဓါတ်မကျနဲ့တော့ 👉

သွေးကင်ဆာနဲ့ သွေးရောဂါတွေအတွက် မျှော်လင့်ချက်ရောင်ခြည် "Stem Cell (စတမ်းဆဲလ်) ကုထုံး"

တလောက ဘန်ကောက်သွားကုတဲ့ လူနာနဲ့ စကားပြောဖြစ်တယ်။ အတော်လေး သက်သာနေကောင်းနေပါပြီ။
ပရိတ်သတ်ဗဟုသုတ အတိုချုပ် သိရအာင်မျှဝေပေးပါမယ်။

ဒီမှာ အရင်တင်ဖူးတဲ့စာက ဆေးပညာအသုံးအနှုန်းတွေများပြီး နည်းနည်းရှုပ်နေတာကြောင့် သာမန်လူတွေ ဖတ်လိုက်တာနဲ့ တန်းနားလည်သွားအောင် စကားပြောပုံစံလေးနဲ့ ပြန်ရေးပေးထားပါတယ်နော်။

Stem Cell (စတမ်ဆဲလ်) ကုသနည်းဆိုတာ ဒီဘက်ခေတ်မှာ တော်တော်လေး ခေတ်စားလာတဲ့ နည်းပညာတစ်ခုပါ။ ဆေးပညာသုတေသနတွေအရ ဒီကုထုံးဟာ အောက်ပါရောဂါတွေအတွက် တကယ်ကို ထိရောက်မှုရှိကြောင်း အခိုင်အမာ တွေ့ရှိထားပါတယ်။

☑️ (၁) သွေးကင်ဆာနဲ့ သွေးရောဂါများအတွက် အထိရောက်ဆုံးပါ
ဒီကုထုံးကို ဆေးပညာအရ "ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း (HSCT)" လို့ ခေါ်ပါတယ်။

* ဘယ်လိုကုသတာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် ခန္ဓာကိုယ်ထဲမှာ သွေးဆဲလ်တွေထုတ်လုပ်ပေးနေတဲ့ စက်ရုံပျက်နေပြီဆိုပါစို့။ အဲဒီပျက်စီးနေတဲ့ သွေးဆဲလ်စက်ရုံဟောင်းနေရာမှာ လူကောင်းတစ်ယောက်ဆီကရတဲ့ သွေးဆဲလ်အသစ် (ဒါမှမဟုတ်) ရိုးတွင်းခြင်ဆီအသစ်နဲ့ အစားထိုး လဲလှယ်လိုက်တဲ့ သဘောပါပဲ။

* ဘယ်လောက်ထိ ထိရောက်လဲ?
* သွေးကင်ဆာ (Acute Myeloid Leukemia): ဒီနည်းနဲ့ ကုသမယ်ဆိုရင် လူနာတွေရဲ့ (၅) နှစ်အထက် အသက်ရှင်နိုင်စွမ်းဟာ တခြားကုထုံးတွေထက် (၂) ဆလောက်ပိုများပါတယ်။ (၄၀% ကနေ ၆၀% ထိ ရှိပါတယ်)။
* နာတာရှည် သွေးကင်ဆာ (CML): ရောဂါပြန်ဖြစ်နိုင်ခြေကို ၁၀% အောက်ထိ လျှော့ချပေးနိုင်ပါတယ်။
* ဒါ့အပြင် မွေးရာပါ သွေးအားနည်းရောဂါ (ဥပမာ- သွေးလေးဘက်နာလိုမျိုး၊ Thalassemia လိုမျိုး) ရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

* ဘာလို့ ဒီလောက်ထိရောက်တာလဲ?
ရောဂါဖြစ်နေတဲ့ ဆဲလ်အဟောင်းတွေကို ဖယ်ရှားပြီး အသစ်လဲလိုက်နိုင်လို့ပါ။ နောက်ပြီး ထည့်သွင်းလိုက်တဲ့ ဆဲလ်အသစ်တွေက ကျန်နေသေးတဲ့ ကင်ဆာဆဲလ်တွေကိုပါ တိုက်ထုတ်ပေးနိုင်စွမ်း ရှိလို့ဖြစ်ပါတယ်။

☑️ (၂) တခြား ဘယ်ရောဂါတွေအတွက် ကောင်းသေးလဲ?
သွေးရောဂါတွေအပြင် တခြားရောဂါတွေအတွက်လည်း ထိရောက်မှုရှိကြောင်း တွေ့ရှိရပါတယ်-

* အာရုံကြော ထိခိုက်ပျက်စီးခြင်းများ
ခါးရိုးဆစ်ဒဏ်ရာရပြီး လမ်းမလျှောက်နိုင်သူတွေမှာ Stem Cell ကုထုံးကြောင့် လှုပ်ရှားမှု ၃၀% လောက် ပြန်ကောင်းလာတာ တွေ့ရပါတယ်။

* နှလုံးရောဂါ
နှလုံးသွေးကြောပိတ်ပြီး နှလုံးကြွက်သား ပျက်စီးသွားသူတွေမှာ ကြွက်သားတွေ ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

* အရိုးအဆစ်ရောဂါများ
ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်ရောင်ရောဂါတွေမှာ နာကျင်မှုကို သိသိသာသာ သက်သာစေပါတယ်။

⚠️ သတိပြုစရာ အချက်များ
ဒီကုထုံးက ကောင်းကျိုးများပေမယ့် သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်-
* ဘေးထွက်ဆိုးကျိုး: တခါတလေမှာ အသစ်ထည့်လိုက်တဲ့ ဆဲလ်နဲ့ ကိုယ့်ခန္ဓာကိုယ် ဓာတ်မတည့်တာမျိုး (GVHD) ဖြစ်တတ်ပါတယ်။
* ကုန်ကျစရိတ်: ကုသစရိတ် အတော်လေး မြင့်မားနိုင်ပါတယ်။
* လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။

FMS မှာ နိုင်ငံခြားဆေးရုံကုသမှုအတွက်တိုင်ပင်ဆွးနွေး နိုင်ပါတယ်။ ဘယ်ဆေးရုံသွားသွား ကူညီဖြေပေးပါတယ်။ လူနာကရွေးချယ်ပါ။

🔑 အတိုချုပ်ပြောရရင်
Stem Cell ကုထုံး (HSCT) ဟာ သွေးကင်ဆာနဲ့ သွေးရောဂါတွေ အတွက်တော့ လက်ရှိအချိန်မှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကုသနည်းတစ်ခုပါပဲ။ တခြားရောဂါတွေအတွက်လည်း ဆေးပညာရှင်တွေက ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
💁‍♀️ အသေးစိတ် စုံစမ်းလိုပါက
Foreign Medical Service page ရဲ့ chatbox တဆင့်ဆက်သွယ်နိုင်ပါတယ်။
📲 Online clinic booking Viber 097972 39686






မေးချင်တာရှိရင် ကွန်မန့်မှာပြောပေးပါ။

ဒူးနာတာ ခွဲဖို့လိုနေပြီလား?ဒူးဆစ်အစားထိုးရတော့မယ့် အနေအထားကနေ ခွဲစရာမလိုအောင် 👉
06/12/2025

ဒူးနာတာ ခွဲဖို့လိုနေပြီလား?
ဒူးဆစ်အစားထိုးရတော့မယ့် အနေအထားကနေ ခွဲစရာမလိုအောင် 👉

အမှုကတော့ နက်နဲလာပြီ အိုင်ပီ
21/10/2025

အမှုကတော့ နက်နဲလာပြီ အိုင်ပီ

ကလေးကို သမီးတို့အလုပ်သွားနေတုန်း ဆွေမျိုးနီးစပ် အဒေါ်ကြီးက ခဏဆိုပြီး ခေါ်သွားတာ 😓 ဒီလိုဖြစ်လာတော့ ကျွန်မသားလေးအတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်ဆိုပြီး ပြောလာတဲ့ ကလေးရဲ့မိခင် ဇာခြည်ဖြိုး 💔

အဒေါ်ကြီးကလည်း ကိုယ့်ကလေးလည်း မဟုတ်ပဲနဲ့နော်...

#ခရက်ဒစ်

မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ကြည်နူးဖွယ်ဒီပါဝလီနေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်
20/10/2025

မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ကြည်နူးဖွယ်ဒီပါဝလီနေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959797239686

Website

Alerts

Be the first to know and let us send you an email when QEC Lifestyle Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to QEC Lifestyle Management:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram