Khitthit Academy

Khitthit Academy Khitthit Academy is Educational Initiative of Citta Consultancy - Psychological Services.

We provide online and in-person courses for your professional and personal development.

🩷Available services of Khitthit Academy for April 2026 ▫️ Khitthit အကယ်ဒမီရဲ့ 4လပိုင်း တစ်လတာ ရရှိနိုင်မဲ့ services များ...
01/04/2026

🩷Available services of Khitthit Academy for April 2026

▫️ Khitthit အကယ်ဒမီရဲ့ 4လပိုင်း တစ်လတာ ရရှိနိုင်မဲ့ services များကို မျှဝေပေးလိုက်ပါတယ်ရှင် 🩷
_______________________________

▫️ခေတ်သစ်အကယ်ဒမီတွင် စိတ်ပညာ၊ နှစ်သိမ့်ဆွေးနွေးပညာ၊ စိတ်လူမှုထောက်ပံ့ရေးအစီအစဉ်နှင့် စိတ်ကျန်းမာရေးတို့အတွက် ပညာရေးပိုင်းဆိုင်ရာအတန်းများနှင့် လက်တွေ့အသုံးချမှုပညာအတန်းများ ဖွင့်လှစ်လျက်ရှိပြီး တစ်ဦးတစ်ယောက်ချင်းစီ၏တိုးတက်မှုပိုင်းဆိုင်ရာလမ်းကြောင်းများ၊ စိတ်လူမှုပျိုးထောင်နိုင်ရေးနည်းလမ်းများ နှင့် လူမှုအဖွဲ့အစည်း၏ ကောင်းမွန်မှုအတွက် လမ်းကြောင်းပေးနိုင်သော ပညာရေးသင်တန်းများ ပါဝင်ပါသည်။ သင်တန်းများအားလုံးကို အွန်လိုင်းပလက်ဖောင်းများမှတဆင့် သင်ကြားနိုင်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှတဆင့် သင်တန်းများပို့ချလျက်ရှိပါသည်။

☎️သိလိုသည့် informationများအတွက် ခေတ်သစ်အကယ်ဒမီသို့ ဆက်သွယ်စုံစမ်းရန်-

Email - khittitmyanmar@gmail.com
Ph number - 09 - 965 121 551



အားလုံးအတွက် မတ်လရဲ့ newsletter လေးကနေတဆင့် စိတ်ကျန်းမာချမ်းသာစေမယ့် နည်းလမ်းများကိုမျှဝေပေးလိုက်ရပါတယ်။ 🍀✨
01/04/2026

အားလုံးအတွက် မတ်လရဲ့ newsletter လေးကနေတဆင့် စိတ်ကျန်းမာချမ်းသာစေမယ့် နည်းလမ်းများကိုမျှဝေပေးလိုက်ရပါတယ်။ 🍀✨

မင်္ဂလာပါရှင်။ Khitthit Academy Page မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်။💗စိတ်ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူများနဲ့ မ...
31/03/2026

မင်္ဂလာပါရှင်။ Khitthit Academy Page မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်။

💗စိတ်ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူများနဲ့ မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ကို ပိုမိုနားလည်သဘောပေါက်လိုသူများအတွက် Khitthit Academy ရဲ့ ဧပြီလမှာ ဖွင့်လှစ်သွားမယ့် သင်တန်းများနဲ့ မိတ်ဆက်ပေးပါရစေ။

Khitthit Academy ရဲ့ သင်တန်းများအားလုံးကို Citta Consultancy မှ အတွေ့အကြုံရင့် ကျွမ်းကျင်သော Wellness Counselor များမှဦးဆောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🌺 ပြီးခဲ့တဲ့မတ်လတုန်းကတော့ Disaster Mental Health (Video Class) နဲ့ Workplace Mental Health (Video Class) တို့ကို ဖွင့်လှစ်ခဲ့ပါတယ်ရှင်။

🌸 လာမယ့် ဧပြီလမှာတော့ အောက်ပါသင်တန်းများကို ဖွင့်လှစ်ပေးသွားမယ့်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။

🌺 Counselling for Relationship (Video Class)
လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာများကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်၊ နှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်ကို စနစ်တကျအသုံးချနိုင်စေရန်၊ ဆက်ဆံရေးအတွင်း လိုအပ်တဲ့ စွမ်းရည်များကို သိရှိနိုင်စေရန်၊ ကျန်းမာကောင်းမွန်သော ဆက်ဆံရေးပုံစံကို လေ့လာနိုင်စေရန် အထိရောက်ဆုံးနဲ့ အခြေခံကျတဲ့ သင်ခန်းစာများကို စုံစုံလင်လင် မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ လာမယ့် မေလမှာ ဖွင့်လှစ်မယ့် Counseling for Relationship (Long course) မှာလိုအပ်တဲ့ အခြေခံ သင်ခန်းစာများကိုလည်း ထည့်သွင်းပို့ချပေးသွားမှာ ဖြစ်လို့ လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာများကို အမှန်တကယ်နားလည်သင်ယူလိုပြီး ပြန်လည်အသုံးချရာမှာ များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။

🌺 CSR Training
စိတ်ကျန်းမာရေးနယ်ပယ်မှာ လုပ်ကိုင်နေတဲ့သူတွေသာမက လူတိုင်း သိသင့်တဲ့ အခြေခံအသိပညာတွေနဲ့ ဆောင်ရန်ရှောင်ရန် တွေကို သိနိုင်စေဖို့၊ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်ပေးနိုင်ဖို့ မှန်ကန်တဲ့ နည်းလမ်းများ၊ လိုက်နာရမယ့် ကျင့်ဝတ်များ၊ မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်နိုင်ရန် နည်းလမ်းများကိုလည်း အသေးစိတ် မျှဝေပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

🌺 All available video classes
ခေတ်သစ်အကယ်ဒမီမှ သင်ကြားဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့
(၁) Disaster Mental Health Class
(၂) Su***de Prevention Training
(၃) Relationship Counseling
(၄) Grief Counseling for Mental Health Professionals
(၅) Workplace Mental Health
(၆) Professionalism in Mental Health စတဲ့ Video Class အတန်းများကို ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ အခုလာမယ့် ဧပြီလအတွင်း မိမိနှစ်သက်ရာကို ရွေးချယ်ပြီး အပ်နှံတက်ရောက်နိုင်မှာဖြစ်ပါတယ်။

Khitthit Academy မှ ပို့ချပေးနေတဲ့ သင်တန်းတွေဟာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဗဟုသုတများကို တိုးပွားစေဖို့အပြင်၊ ပတ်ဝန်းကျင်က လူအများနှင့် လူမှုဆက်ဆံရေးများအကြောင်းကို ပိုမိုနားလည်သိရှိပြီး ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်ရှင်။🩷

သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက khittitmyanmar@gmail.com သို့မဟုတ် 09 - 965 121 551 သို့လည်း ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

‘စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ အလုပ်ခွင်ကို ဖန်တီးလိုသူတိုင်း တက်ရောက်သင့်တဲ့ Workplace Mental Health Video Class’ လုပ်ငန...
29/03/2026

‘စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ အလုပ်ခွင်ကို ဖန်တီးလိုသူတိုင်း တက်ရောက်သင့်တဲ့ Workplace Mental Health Video Class’

လုပ်ငန်းခွင်ဆိုတာ ‘ဒုတိယအိမ်’ ပါ။

အိမ်က မိသားစုပြီးရင် တစ်နေ့တာရဲ့ အချိန်အများဆုံးကို ကုန်ဆုံးရတာက လုပ်ငန်းခွင် ဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ စိတ်ပျော်ရွှင်ဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အလုပ်ထဲက တဦးတယောက်ချင်းစီရဲ့ စိတ်က ပျော်ရွှင်ကျန်းမာနေခြင်းက အဖွဲ့အစည်းတခုလုံးကို သက်ရောက်မှု ရှိနေပါတယ်။
ဝန်ထမ်းတစ်ယောက် စိတ်မပျော်ရွှင်တဲ့အခါ၊ Burnout ဖြစ်နေတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေ ပိနေတဲ့အခါ သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်း (Productivity) ဟာ သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။ ဒီအချိန်မှာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရလဒ်တွေကိုပါ ထိခိုက်လာပါတော့တယ်။ ဥပမာ ဝန်ထမ်းတွေကြား ပြဿနာတွေနဲ့ ပဋိပက္ခတွေ များလာတာ၊ အလုပ်ပြီးမြောက်မှုကျဆင်းလာတာ၊ အဖွဲ့လိုက် လုပ်ဆောင်မှု၊ စည်းရုံးမှုအား နည်းလာတာအပြင် လစ်ဟာမှုတွေလည်း ရှိလာနိုင်ပါတယ်။
ဒါတွေကို Team Leader တယောက်အနေနဲ့ ဒါမှမဟုတ် မိမိကိုယ်တိုင် မြင်တွေ့နေတယ်၊ ပြဿနာတွေကို လျှော့ချပြီး ကိုယ့်အဖွဲ့သားတွေကို လုပ်ငန်းခွင်မှာ နေပျော်လာအောင် ဘယ်လို နည်းလမ်းတွေသုံးရမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ Khitthit Academy ရဲ့ Workplace Mental Health Video Class ရှိနေပါပြီ။

ဒီသင်တန်းမှာ သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့ Mental Health အခြေခံကစပြီး အလုပ်ခွင်အတွင်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆောင်ရမယ့် ရှောင်ရမယ့် အချက်တွေ၊ Mental Health First Aid အပြင်၊ Employee Counseling , Mental Health Counseling, Solution Focused Counseling Skills တွေအပြင် HR/ Manager တယောက်အနေနဲ့ အဖွဲ့သားတွေအတွက် ဘယ်လို Support System ကောင်းဖြစ်အောင် ပြုမူနေထိုင်မယ်၊ ကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကိုပါ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လုပ်ငန်းခွင်မှာ စီမံခန့်ခွဲမှုအဆင့် ရှိနေတဲ့ မန်နေဂျာတွေ၊ HR ပိုင်း အကြီးအကဲတွေ၊ Supervisor နဲ့ Team Leader တွေ အနေနဲ့ တက်ရောက်သင့်တဲ့ သင်တန်းတခု ဖြစ်ပါတယ်။ အလုပ်များလို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် Video Class ပုံစံ စီစဥ်ထားတာ ဖြစ်ပြီး လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းတွေကိုပါ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Course Outlines
📝 What is Mental Health?
📝 Understanding Workplace Mental Health
📝 Psychosocial Hazards at Workplace
📝 Employee Counseling VS Mental Health Counseling
📝 Solution-Focused Counseling Skills
📝 Mental Health First Aid Skills
📝 Safety and Severity Considerations and Solutions
📝 HR/Manager Support System
📝 Self-care and Practical activities

Video Classဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ် ။📍

“Workplace Mental Health - Employee Counseling Video Class ကို တက်ရောက်ချင်သူတွေအနေနဲ့ Registerလေး လုပ်ဖို့တော့လိုပါမယ်နော်”

Register here:
https://forms.gle/SKSevzxsPsrn5Q1WA

Date: April 2026 (1Month)
Class: Google Classroom (Video class)
Fees: 37,500MMK

သင့်အဖွဲ့အစည်းကို ပျော်ရွှင်စရာကောင်းတဲ့ ဒုတိယအိမ်လေး ဖြစ်လာစေဖို့ ရည်ရွယ်ထားတယ်။ ကိုယ့် အလုပ်ခွင်က အဖွဲ့သားတွေအတွက် စိတ်လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီသင်တန်းကို မဖြစ်မနေ တက်ရောက်သင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

‘ဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေရန် ကူညီပေးနိုင်ဖို့ Disaster Mental Health Video Class’ခန့်မှန်းလို့ မရ...
27/03/2026

‘ဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေရန် ကူညီပေးနိုင်ဖို့ Disaster Mental Health Video Class’

ခန့်မှန်းလို့ မရတဲ့ သဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေက သိပ်ကို ကြီးမားပါတယ်။ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ခံစားခဲ့ရသူတွေအတွက် ခံစားချက် အတိမ်အနက်က ကြီးမားသလို ဆုံးရှုံးမှုတွေအတွက် ယူကြုံးမရတဲ့ စိတ်ကလည်း နာကျင်စေပါတယ်။
ဒီလိုအချိန်မှာ ဖေးမမယ့်သူ၊ အားပေးမယ့်သူ ရှိနေတာက ခံစားချက်တွေကို အထိုက်အလျောက် သက်သာစေပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေအပြင် "စိတ်ပိုင်းဆိုင်ရာ အရေးပေါ်ကုသမှု" က အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရှေ့ဆက်မယ့်ဘဝအတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
ဒီလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို တတ်နိုင်သလောက် လျော့ပါးသက်သာစေဖို့ သင့်မှာ ဆန္ဒရှိတယ်ဆိုရင် အခု Khitthit Academy က ထပ်မံဖွင့်လှစ်လိုက်တဲ့ Disaster Mental Health – Video Class ကို တက်ရောက်လို့ ရနေပြီ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာတွေ ထူးခြားချက်ရှိလဲ?
👉 သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို လေ့လာနိုင်မယ်
👉 အခြေအနေအရ လိုအပ်ခဲ့ရင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း (Psychological First Aid) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ စနစ်တကျ သင်ကြားပေးမယ်
👉 အလုပ်တဖက်နဲ့ အချိန်ပေးရခက်သူတွေအတွက် Video Class ဖြစ်လို့ အားလပ်ချိန်မှာ အေးဆေးလေ့လာပြီး Certificate ရယူနိုင်မှာ ဖြစ်တယ်။

သင်တန်းမှာ ဘာတွေလေ့လာရမလဲ?
✅ ဘေးအန္တရာယ်နှင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ။
✅ ထိခိုက်လွယ်သောအုပ်စုများ (Vulnerable populations) ကို ဦးစားပေးကူညီခြင်း။
✅ Psychological First Aid (PFA) လက်တွေ့အသုံးချနည်း။
✅ ကူညီကယ်ဆယ်သူများအတွက် Self-care (မိမိကိုယ်ကို ပြန်လည်စောင့်ရှောက်ခြင်း)။
✅ ရပ်ရွာလူထု စုပေါင်းအားဖြင့် အတူတူ ဖေးမကူညီပေးခြင်း စတာတွေကို ထိရောက်စွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီသင်တန်းမှာ လူမှုကူညီရေးလုပ်ဆောင်နေသူ (Social Workers/Volunteers) များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးပညာရေးလောကမှ ဆရာ/ဆရာမများ၊ ကျောင်းသားလူငယ်များနှင့် စိတ်ကျန်းမာရေးကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

Course Outlines
📝 Introduction to Disaster Mental Health
📝 Disaster and human experience
📝 Psychological and emotional responses
📝 Support vulnerable and high-risk populations
📝 Psychological First Aid (PFA)
📝 Community-driven recovery
📝 Self-care for helpers and responders
📝 Conclusion

Video Classဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။📍

Disaster Mental Health အတန်းလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ အောက်ပါ link ကနေတဆင့် Registerလေး လုပ်ဖို့တော့လိုပါမယ်။

Register here: https://forms.gle/EKo6bYQLGurYG1BWA

Date: April, 2026 (1 Month)
Class: Google Classroom (Video class)
Fees: 37,500MMK


🧐၂၁ ရာစုမှာ ဘာကြောင့် Video Class တွေက အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်လာတာလဲ⁉️👉 သင်ယူလေ့လာမှုကို ရပ်တန့်လို့ မရဘူးဆိုတာ ...
25/03/2026

🧐၂၁ ရာစုမှာ ဘာကြောင့် Video Class တွေက အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်လာတာလဲ⁉️

👉 သင်ယူလေ့လာမှုကို ရပ်တန့်လို့ မရဘူးဆိုတာ သိနေပေမဲ့ အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ အချိန်လုနေရတယ်ဆိုတဲ့ သူတွေ ရှိကြလား?

👉သင်တန်းတက်ချင်ပေမဲ့ မအားလပ်တာကြောင့်ပဲ သင်ယူမှုတွေကို လက်လွှတ်နေရပြီလား?

🎉ဒါဆိုရင်တော့ Video Recorded Class တွေက သင့်အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ 🥳

Video Class တွေရဲ့ အားသာချက်က -
✅ အချိန်မရွေး နေရာမရွေး ကိုယ့်အားလပ်ချိန်နဲ့ ညှိပြီး သင်ယူလို့ရတယ်

✅ နားမလည်တဲ့ သင်ခန်းစာ၊ လွတ်သွားတဲ့ သင်ခန်းစာတွေကို ထပ်ခါ ထပ်ခါ ပြန်ကြည့်လို့ရတယ်

✅သင်တန်းတက်ရင်း မှတ်စုထုတ်လိုသူတွေ၊ ဖြေးဖြေးချင်း သင်ယူလေ့လာလိုသူတွေအတွက် အဆင်ပြေတယ်

✅ ကိုယ်ပိုင်အချိန်မှာ စိတ်အေးလက်အေး သင်ယူနိုင်တာကြောင့် သင်ယူမှုကို ပိုမို ထိရောက်စေနိုင်တယ်

ဒါ့ကြောင့်လည်း Video Class တွေကို ရွေးချယ်သူတွေ များပြားလာကြပြီး သင်ယူမှုတွေကို အရှိန်မြှင့်ပြီး အရယူနေကြတာ ဖြစ်ပါတယ်။

ခေတ်သစ်အကယ်ဒမီ Khitthitacademy အနေနဲ့လည်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး Video Class သင်တန်းတွေကို လစဉ် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေပါတယ်။ စိတ်ကျန်းမာရေး အကြောင်း ကိုယ်တိုင် စိတ်ဝင်စားလို့ လေ့လာချင်တာပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်ကို ကူညီချင်တာကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတွေကို ထပ်မံ ဖြည့်စွက်လိုတယ်ဆိုရင်ပဲ ဖြစ်ဖြစ် ခေတ်သစ်အကယ်ဒမီမှာ ကိုယ်နှစ်သက်ရာ Video Class အတန်းတွေကို စုံစမ်းအပ်နှံပြီး တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်ရှင်။ 💕

Video Class အတန်းများနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုတယ်ဆိုရင် Khitthit Academy Facebook Messenger မှ တဆင့် စုံစမ်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ 💌

‘သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နှစ်သိမ့်အားပေးတဲ့အခါ သိထားသင့်တဲ့အရာတွေ’ ဘဝမှာ ခက်ခဲတဲ့အချိန်တွေ၊ တယောက...
20/03/2026

‘သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နှစ်သိမ့်အားပေးတဲ့အခါ သိထားသင့်တဲ့အရာတွေ’

ဘဝမှာ ခက်ခဲတဲ့အချိန်တွေ၊ တယောက်တည်း ကျိတ်မှိတ်ခံစားဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာတဲ့အခါ ရင်ဖွင့်လို့ရမယ့် တစုံတယောက် သေချာပေါက် လိုပါတယ်။ ဒါက ကိုယ့်ရဲ့ မိသားစုဝင်လည်း ဖြစ်နိုင်သလို၊ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် တယောက်ယောက် ဒါမှမဟုတ် ကိုယ့်ကို နားလည်ပေးနိုင်တဲ့ ရင်ဘက်ချင်းနီးတဲ့ သူတယောက်ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က ဒီလို ရပ်ဝန်းတခု ဖန်တီးချင်တယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲ?
(၁) စိတ်ပါဝင်စားမှု အပြည့်နဲ့ နားထောင်ပေးပါ။
စကားလုံးကို နားထောင်ရင်းနဲ့ သူ့ရဲ့ ခံစားချက်အထိ ရင်ထဲက စကားသံတွေအထိ ကြားနိုင်ဖို့ဆိုရင် သူ့ကို စိတ်ပါဝင်စားစွာ နားထောင်ပေးဖို့ လိုပါတယ်။ သူပြောနေတဲ့အချိန်မှာ စကားဖြတ်ပြောတာ၊ ကိုယ့်ကိစ္စတခုကို အလေးပေးနေတာ၊ ဖုန်းပြောနေတာတွေက တဖက်လူရဲ့ ခံစားချက်ကို အလေးမထားရာရောက်သလို ဖြစ်နိုင်တာကြောင့် အထူးသတိပြုရမှာ ဖြစ်ပါတယ်။
(၂) စည်းဘောင်ကို အလေးထားပါ။
တဖက်လူက ကိုယ့်ကို ပြောဖို့ အဆင်သင့် မဖြစ်သေးတဲ့ အကြောင်းအရာ၊ တဆင့်တက် ပြောဖို့ ခက်နေသေးတဲ့ ကိစ္စတွေကို အတင်းအကြပ် မမေးမိဖို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ သူ ပြောတဲ့ အတိုင်းအတာ အထိကို အကောင်းဆုံး နားထောင်ပေးတာက ယုံကြည်မှု တည်ဆောက်ရာမှာ သိပ်ကို အရေးကြီးပါတယ်။
(၃) လျှို့ဝှက်ချက်ကို ထိန်းသိမ်းပါ။
လုံခြုံတဲ့ ရပ်ဝန်းတခုမှာ လျှို့ဝှက်ချက်ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ ကိုယ့်အပေါ် ယုံကြည်လို့ ရင်ဖွင့်လာတဲ့ အကြောင်းအရာ၊ အတွင်းရေးနဲ့ တဖက်လူရဲ့ ခံစားချက်တွေကို ကိုယ်တိုင်က ဖောက်ဖျက်ပြီး တခြားသူတွေကို မျှဝေမိနေမယ်ဆိုရင် ဒါဟာ လုံခြုံတဲ့ ရင်ဖွင့်ပြောဆိုမှု တခု မဖြစ်လာနိုင်ပါဘူး။
(၄) အကြံဉာဏ် မပေးပါနဲ့။
ရင်ဖွင့်တာကို လက်ခံနားထောင်တဲ့ ရပ်ဝန်းတခုမှာ အကြံပေးတာက အမြဲတမ်းအတွက် အဆင်မပြေနိုင်ပါဘူး။ တခါတရံ ကိုယ်ပေးတဲ့ အကြံဉာဏ်က သူ့အတွက် ဝန်ထုတ်ဝန်ပိုးတခုတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် အကြံပေးတာထက် သူကိုယ်တိုင် အကောင်းဆုံး အဖြေကို ရှာနိုင်အောင် အတူတူ စဥ်းစားအဖြေထုတ်ပေးဖို့ လိုပါတယ်။
(၅) သူ့ခံစားချက်ကို အလေးထားပေးပါ။
ပြဿနာ၊ အခြေအနေအလိုက် သူခံစားနေရတဲ့ သူ့ရဲ့ ခံစားချက်တွေကို ပျက်ရယ်ပြုတာ ၊ ပေါ့ပေါ့ တွေးတာမျိုးမလုပ်ဘဲ အလေးထားပေးဖို့ လိုပါတယ်။ ပြဿနာ သေးသေးလေးကို သူဘာကြောင့် ဒီလောက်တောင် ခံစားနေရတာလဲ? ဆိုတဲ့ ဝေဖန်မှုတွေကို ကိုယ်တိုင်က မလုပ်မိဖို့ ၊ လှောင်ပြောင်တာမျိုး မပြုမူမိဖို့ သိပ်ကို လိုအပ်ပါတယ်။
ဒီအချက်တွေအပြင် ကိုယ်တိုင်ကလည်း တဖက်လူအတွက် နားထောင်ပေးရင်းနဲ့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အထူးဂရုပြုဖို့၊ ကိုယ့်ကိုယ့်ကိုယ်လည်း စိတ်ခံစားချက်တွေ မကူးစက်စေဖို့ သတိထားနိုင်မယ်ဆိုရင်တော့ လုံခြုံတဲ့ ရပ်ဝန်းတခုကို အကောင်းဆုံး တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ခေတ်သစ်ကနေ မျှဝေလိုက်ရပါတယ်။
#ခေတ်သစ်အကယ်ဒမီ

🌸 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၂၀၂၆ 🌸ခေတ်သစ်အကယ်ဒမီ မှ အမျိုးသမီးတိုင်းရဲ့ ကြံ့ကြံ့ ခံနိုင်ရည်စွမ်းအားနှင့် အောင်မ...
08/03/2026

🌸 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၂၀၂၆ 🌸
ခေတ်သစ်အကယ်ဒမီ မှ အမျိုးသမီးတိုင်းရဲ့ ကြံ့ကြံ့ ခံနိုင်ရည်စွမ်းအားနှင့် အောင်မြင်မှုများကို အမှတ်တရ ဂုဏ်ပြုလိုက်ရပါတယ်။
အမျိုးသမီးများဟာဆိုရင်တော့ မိသားစု၊ လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းများမှာ အရေးပါတဲ့ အခန်းကဏ္ဍများစွာမှာ ထမ်းဆောင်နေကြသော်လည်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနှင့် မိမိကိုယ်ကို ဂရုစိုက်မှုသည်လည်း တခြားအောင်မြင်မှုများကဲ့သို့ပင် အရေးကြီးပါတယ်ဆိုတာကို အသိပေးရင်း ယနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လေ့လာသင်ယူမှု၊ ကိုယ်တိုင်နားလည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှုတို့ကို အားပေးမြှင့်တင်ရင်း အမျိုးသမီးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုကို ဂုဏ်ပြုလိုက်ရပါတယ်။

စိတ်ကျန်းမာရေးပညာကို အလွယ်တကူ လက်လှမ်းမှီပြီး လေ့လာနိုင်စေဖို့နဲ့ အမျိုးသမီးများရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန် ခေတ်သစ်အကယ်ဒမီကနေ ဆက်လက်ပံ့ပိုးကူညီသွားဖို့ရည်ရွယ်ပါတယ်။

✨ ပျော်ရွှင်ဖွယ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါစေ 💜

🍀လုပ်ငန်းခွင်စိတ်ကျန်းမာရေးအကြောင်း လေ့လာချင်တဲ့သူတွေအတွက် ခေတ်သစ်အကယ်ဒမီရဲ့ Workplace Mental Health – Video Class လေးပြ...
07/03/2026

🍀လုပ်ငန်းခွင်စိတ်ကျန်းမာရေးအကြောင်း လေ့လာချင်တဲ့သူတွေအတွက် ခေတ်သစ်အကယ်ဒမီရဲ့ Workplace Mental Health – Video Class လေးပြန်လာပါပြီနော် 👩🏻‍💻🥳

🔺 Management ပိုင်းဆိုင်ရာလုပ်ကိုင်နေသူတွေအနေနဲ့ ကိုယ့်အဖွဲ့သားနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုကူညီပံ့ပိုးရမလဲ တွေးနေရင်...

🔺 လုပ်ငန်းခွင်တွင်း ဖြစ်ပွားတတ်တဲ့ ပြဿနာတွေနဲ့ ပဋိပက္ခတွေကို အထိရောက်ဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်...

Khitthit Academy ကနေ အခုလာမယ့် မတ်လမှာ ဖွင့်လှစ်မယ့် Workplace Mental Health (Employee Counseling) Video Class က အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

အလုပ်တဖက်နဲ့ အချိန်ပေးဖို့လည်း ခက်နေတယ် ဆိုသူတွေအတွက် ကိုယ်အားလပ်တဲ့အချိန်တွေမှာ Video တွေကြည့်ပြီး လေ့လာနိုင်မယ်၊ Assignment တွေကို ကိုယ်နားလည်သလို သီအိုရီတွေ၊ လက်တွေ့လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေနဲ့ ချိတ်ဆက်ရေးသားပြီး Certificate ရယူနိုင်မယ့်သင်တန်းလည်း ဖြစ်ပါတယ်။ 📄

Workplace Mental Health - Video Class ဟာ

🔎 နယ်ပယ်အသီးသီးက မန်နေဂျာရာထူးနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေ
🔎 HR Manager နဲ့ HR Executiveတွေ
🔎 Supervisorတွေ
🔎 Team တခုကို တာဝန်ယူထားရတဲ့ Team leader တွေအတွက် လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်တွေကို ပို့ချပေးသွားမှာဖြစ်လို့ အချိန်ကိုအကျိုးရှိစွာ အသုံးချလေ့လာလိုသူတွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေမှာပါ။

Course Outlines
📝 What is Mental Health?
📝 Understanding Workplace Mental Health
📝 Psychosocial Hazards at Workplace
📝 Employee Counseling VS Mental Health Counseling
📝 Solution-Focused Counseling Skills
📝 Mental Health First Aid Skills
📝 Safety and Severity Considerations and Solutions
📝 HR/Manager Support System
📝 Self-care and Practical activities

Video Classဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ် ။📍

“Workplace Mental Health - Employee Counseling Video Class ကို တက်ရောက်ချင်သူတွေအနေနဲ့ Registerလေး လုပ်ဖို့တော့လိုပါမယ်နော်”

Register here:
https://forms.gle/SKSevzxsPsrn5Q1WA

Date: April 2026 (1Month)
Class: Google Classroom (Video class)
Fees: 37,500MMK


📢 စိတ်ကျန်းမာရေးအကူအညီပေးခြင်းကို မိမိအတွက်သာမက မိမိရဲ့ မိသားစုနှင့် ရပ်ရွာပတ်ဝန်းကျင်အတွက်ပါ ပံ့ပိုးပေးချင်တဲ့သူတွေအတွက...
04/03/2026

📢 စိတ်ကျန်းမာရေးအကူအညီပေးခြင်းကို မိမိအတွက်သာမက မိမိရဲ့ မိသားစုနှင့် ရပ်ရွာပတ်ဝန်းကျင်အတွက်ပါ ပံ့ပိုးပေးချင်တဲ့သူတွေအတွက် ခေတ်သစ်အကယ်ဒမီရဲ့ Disaster Mental Health – Video Class ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ 👩🏻‍💻

🔺 စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုပေးခြင်းကို မိမိနေထိုင်ရာ ပတ်ဝန်းကျင် Community အတွက် ထိထိရောက်ရောက် ဘယ်လိုကူညီပံ့ပိုးရမလဲ တွေးနေရင်...

🔺 သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရချိန် မိမိကိုယ်တိုင်နှင့် ရပ်ရွာလူထုကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှ လျော့နည်းအောင် နည်းစနစ်တကျ ကိုင်တွယ်နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်...

Khitthit Academy ကနေ လာမယ့် မတ်လမှာ ဖွင့်လှစ်မယ့် Disaster Mental Health - Video Class က အသင့်တော်ဆုံးဖြစ်မှာပါ။

အလုပ်တဖက်နဲ့ အချိန်ပေးဖို့လည်း ခက်နေတယ်ဆိုသူတွေအတွက် အားလပ်တဲ့အချိန်တွေမှာ Video တွေကြည့်ပြီး ကိုယ်တိုင်လေ့လာနိုင်ပြီး Certificate ရယူနိုင်မယ့်သင်တန်းလည်း ဖြစ်ပါတယ်။ 📄

Disaster Mental Health - Video Class ဟာဆိုရင်တော့ နယ်ပယ်အသီးသီးမှာလုပ်ကိုင်နေကြတဲ့
🔎 Social Worker များ၊ Volunteer များ
🔎 စိတ်ကျန်းမာရေးကို စိတ်ဝင်စားသူလူငယ်များ
🔎 ဆေးပညာလောကတွင် လုပ်ကိုင်နေသူများ
🔎ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများအတွက် အထူးပင်သင့်တော်ပြီး လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်များ နည်းလမ်းကောင်းများကို ပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

Course Outlines
📝 Introduction to Disaster Mental Health
📝 Disaster and human experience
📝 Psychological and emotional responses
📝 Support vulnerable and high-risk populations
📝 Psychological First Aid (PFA)
📝 Community-driven recovery
📝 Self-care for helpers and responders
📝 Conclusion

Video Classဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။📍

Disaster Mental Health အတန်းလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ အောက်ပါ link ကနေတဆင့် Registerလေး လုပ်ဖို့တော့လိုပါမယ်။

Register here: https://forms.gle/EKo6bYQLGurYG1BWA

Date: April, 2026 (1 Month)
Class: Google Classroom (Video class)
Fees: 37,500MMK


🩷Available services of Khitthit Academy for March 2026▫️ Khitthit အကယ်ဒမီရဲ့ 2026 ခုနှစ် 2လပိုင်း တစ်လတာ ရရှိနိုင်မဲ့ se...
01/03/2026

🩷Available services of Khitthit Academy for March 2026

▫️ Khitthit အကယ်ဒမီရဲ့ 2026 ခုနှစ် 2လပိုင်း တစ်လတာ ရရှိနိုင်မဲ့ services များကို မျှဝေပေးလိုက်ပါတယ်ရှင် 🩷
_______________________________

▫️ခေတ်သစ်အကယ်ဒမီတွင် စိတ်ပညာ၊ နှစ်သိမ့်ဆွေးနွေးပညာ၊ စိတ်လူမှုထောက်ပံ့ရေးအစီအစဉ်နှင့် စိတ်ကျန်းမာရေးတို့အတွက် ပညာရေးပိုင်းဆိုင်ရာအတန်းများနှင့် လက်တွေ့အသုံးချမှုပညာအတန်းများ ဖွင့်လှစ်လျက်ရှိပြီး တစ်ဦးတစ်ယောက်ချင်းစီ၏တိုးတက်မှုပိုင်းဆိုင်ရာလမ်းကြောင်းများ၊ စိတ်လူမှုပျိုးထောင်နိုင်ရေးနည်းလမ်းများ နှင့် လူမှုအဖွဲ့အစည်း၏ ကောင်းမွန်မှုအတွက် လမ်းကြောင်းပေးနိုင်သော ပညာရေးသင်တန်းများ ပါဝင်ပါသည်။ သင်တန်းများအားလုံးကို အွန်လိုင်းပလက်ဖောင်းများမှတဆင့် သင်ကြားနိုင်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှတဆင့် သင်တန်းများပို့ချလျက်ရှိပါသည်။

☎️သိလိုသည့် informationများအတွက် ခေတ်သစ်အကယ်ဒမီသို့ ဆက်သွယ်စုံစမ်းရန်-

Email - khittitmyanmar@gmail.com
Ph number - 09 - 965 121 551



Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Alerts

Be the first to know and let us send you an email when Khitthit Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khitthit Academy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram