Evergreen Dental Care Myanmar

Evergreen Dental Care Myanmar Evergreen Dental Care is Yangon, Myanmar's premier state-of-the-art dental healthcare facility, providing a wide range of services in Lanmadaw Township.

A state-of-the-art facility with world-class services. Evergreen Dental Care is Yangon's premier dental facility, equipped with the advanced tools and capacity to meet the dental needs of the whole family. Through our tailor-made treatment approach, we aim to improve each patient's individual well-being through personalized care. Our skilled and experienced staff are dedicated to service, ensuring that you and your loved ones receive the best dental care available in Yangon. Our office features:
• nine operating rooms with Sirona ergonomic patient chairs
• the latest in instrument sterilization technology
• paperless patient filing and charting system
• Cerec crown and bridge milling system
• Galileos 3D digital X-Ray
• digital prosthetics lab on premises


Services Available at Evergreen Dental Care:

Zoom! Tooth Whitening
Veneers
Tooth-Colored Fillings
Crown & Bridge
Extraction
Impacted Wisdom Tooth Operation
Orthodontics (Fastbraces & Invisalign)
Dentures, Partial and Full
Root Canal Treatment
Dental Implants
Deep Cleaning
Gum Treatment

Meet our founding doctors:

Dr. Tun Hla, BDS, DDS

• BDS, University of Dental Medicine, Yangon (1982)
• Licensed DDS, USA (1991)
• Member: American Dental Association (2004)
• Opened Evergreen Dental Care in San Leandro, California in 1995 and second Evergreen Dental Care in Pleasanton, California in 2006
• 25 years of dental care experience in USA


Love your smile!

လူနာတိုင်းရဲ့ မျက်နှာပေါ် လှပကျန်းမာတဲ့ အပြုံးပန်းတွေ အမြဲပွင့်လန်းနေစေဖို့ စေတနာအပြည့်နဲ့ ကုသပေးနေကြတဲ့ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮...
06/03/2026

လူနာတိုင်းရဲ့ မျက်နှာပေါ် လှပကျန်းမာတဲ့ အပြုံးပန်းတွေ အမြဲပွင့်လန်းနေစေဖို့ စေတနာအပြည့်နဲ့ ကုသပေးနေကြတဲ့ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှ သွားဆရာဝန်များအားလုံးကို ယနေ့မှာ ကျရောက်တဲ့ "National Dentist Day" မှာ အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ 💚✨


ပူအိုက်တဲ့ရာသီဥတုမှာ ရေခဲရေသောက်တာဖြစ်ဖြစ်၊ ရေခဲမုန့်စားတာဖြစ်ဖြစ် ခံတွင်းထဲရောက်တာနဲ့ "စူး" ခနဲ "ကျဉ်" သွားတတ်တာမျိုးတွ...
05/03/2026

ပူအိုက်တဲ့ရာသီဥတုမှာ ရေခဲရေသောက်တာဖြစ်ဖြစ်၊ ရေခဲမုန့်စားတာဖြစ်ဖြစ် ခံတွင်းထဲရောက်တာနဲ့ "စူး" ခနဲ "ကျဉ်" သွားတတ်တာမျိုးတွေ ကြုံဖူးပါလိမ့်မယ်။ ဒါဟာ သင့်သွားလေးတွေ ထိခိုက်နေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ 🔔❗

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ❓ အဓိက တရားခံ (၂) ယောက် ရှိပါတယ်။ 🧊⚡

၁။ သွားကြွေလွှာပါးခြင်း
သွားတိုက်တံကြမ်းကြမ်း သုံးခြင်း၊ အက်ဆစ်ဓာတ်ပါတဲ့ အစားအစာတွေစားခြင်းနဲ့ မကြာခဏသွားကြိတ်တတ်တဲ့ အကျင့်တွေကြောင့် သွားအကာအကွယ် ကြွေလွှာတွေ ပါးသွားပြီး အပူ၊ အအေးနဲ့ ထိတဲ့အခါ သွားကျဉ်တတ်ပါတယ်။

၂။ သွားဖုံးနိမ့်ကျခြင်း
သွားဖုံးရောဂါ ရှိနေတာနဲ့ သွားတိုက်ကြမ်းတာတွေကြောင့် သွားဖုံးတွေ နိမ့်ကျလာပြီး အကာအကွယ်မရှိတဲ့ သွားမြစ်တွေပေါ်လာကာ ပိုပြီး ကျဉ်လွယ်သွားတတ်ပါတယ်။

🏡 ဘာမှစိတ်မပူပါနဲ့။ အိမ်မှာတင် သက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ဒါတွေကတော့ ...

👉 သွားကျဉ်သက်သာစေတဲ့ အထူးထုတ် သွားတိုက်ဆေး ပြောင်းသုံးပါ။
👉 အမွှေးအနုဆုံး သွားတိုက်တံ ကိုသာ သုံးပြီး ခပ်ဖွဖွ ဖြည်းဖြည်းချင်း တိုက်ပါ။
👉 သွားကြွေလွှာကို ထိခိုက်စေမယ့် အချဉ်ဓာတ်ကဲတဲ့ အစားအစာနဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေကို လျှော့ပါ။

အိမ်တွင်းကုထုံးတွေနဲ့ မသက်သာဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ ဆေးခန်းမှာ သွားကျဉ်တဲ့နေရာတွေကို ဖလိုရိုက် လိမ်းပေးတာမျိုး၊ လိုအပ်ပါက သွားဖာဆေးနဲ့ ဖုံးအုပ်ပေးခြင်းစတဲ့ Desensitizing Treatment တွေ ပြုလုပ်ပြီး ရေရှည်အတွက် သွားကျဉ်ခြင်းကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ 🔥

သွားကျဉ်တဲ့ ဝေဒနာကြောင့် ကိုယ်ကြိုက်တဲ့ အစားအသောက်တွေကို စွန့်လွှတ်စရာ မလိုတော့ပါဘူး။ သင့်သွားလေးတွေကို သေချာဂရုစိုက်ပြီး လွတ်လွတ်လပ်လပ် စားသောက်လို့ ရပါပြီ။ 🤓☝️

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today

🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


သွားကိုက်လာပြီဆိုရင် လူတိုင်း အရင်ဆုံး တွေးမိတာက "သွားနုတ်ပစ်လိုက်ရမလား" ဆိုတာပါပဲ။ တကယ်တော့ သွားတစ်ချောင်းဆုံးရှုံးလိုက...
03/03/2026

သွားကိုက်လာပြီဆိုရင် လူတိုင်း အရင်ဆုံး တွေးမိတာက "သွားနုတ်ပစ်လိုက်ရမလား" ဆိုတာပါပဲ။ တကယ်တော့ သွားတစ်ချောင်းဆုံးရှုံးလိုက်ရတာဟာ ထင်သလောက် မရိုးရှင်းပါဘူး။ သွားတစ်ချောင်းမရှိတော့ရင် ဝါးစားရခက်မယ်၊ ဘေးကသွားတွေ ယိုင်နဲ့လာနိုင်တယ်၊ ပြီးတော့ သွားပြန်စိုက်ဖို့ ကုန်ကျစရိတ်တွေ ရှိလာနိုင်ပါတယ်။

ဒါကြောင့် သွားကိုမနုတ်ဘဲ သဘာဝသွားအတိုင်း ပြန်ကောင်းအောင် ကုသနိုင်တဲ့ နည်းလမ်းကတော့ "Root Canal Treatment (အမြစ်ကုသခြင်း)" ပဲ ဖြစ်ပါတယ်။

✅ Root Canal ကုသခြင်းဟာ သွားကိုက်ဝေဒနာကို ပျောက်ကင်းစေရုံသာမက သင့်ရဲ့ တန်ဖိုးရှိတဲ့ သဘာဝသွားကိုပါ မဆုံးရှုံးရအောင် ကာကွယ်ပေးနိုင်ပါတယ်။

သွားကိုက်နေပြီလား ❓ ကြောက်စိတ်ကြောင့် အချိန်မဆွဲပါနဲ့။
ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်ရဲ့ ချစ်စရာကောင်းတဲ့သွားလေးတွေကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 နဲ့အတူ အခုပဲ ကယ်တင်လိုက်ပါ။

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


ယနေ့မှာ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့” အခါသမယမှာ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအားလုံး ရောဂါဘယများကင်းဝေးပြီး လှပကျန...
02/03/2026

ယနေ့မှာ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့” အခါသမယမှာ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများအားလုံး ရောဂါဘယများကင်းဝေးပြီး လှပကျန်းမာတဲ့ အပြုံးပိုင်ရှင်တွေအဖြစ် အမြဲရပ်တည်နိုင်ပါစေလို့ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🌾🦷



လာမည့် မတ်လ (၂) ရက်နေ့ (တနင်္လာနေ့)ဟာ မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ "တပေါင်းလပြည့်နေ့" နှင့် "တောင်သူလယ်သမားနေ့" ဖြ...
01/03/2026

လာမည့် မတ်လ (၂) ရက်နေ့ (တနင်္လာနေ့)ဟာ မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ "တပေါင်းလပြည့်နေ့" နှင့် "တောင်သူလယ်သမားနေ့" ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ Evergreen ဆေးခန်းကို (၁) ရက် တိတိ ပိတ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါသည်။ 📢

✅ မတ်လ (၃) ရက်နေ့မှစ၍ ဆေးခန်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး သွားနှင့်ခံတွင်း ကျန်းမာရေး ဝန်ဆောင်မှုများကို အကောင်းဆုံး ပြန်လည်ပေးသွားမှာ ဖြစ်ပါသည်။


#တပေါင်းလပြည့်

25/02/2026

The sign you were looking for? Here it is.
🦷 Let’s keep that smile healthy and beautiful. Message us to book your slot! ✨

"ကလေး သွားစုံမှပဲ သွားဆရာဝန်ဆီ ခေါ်သွားတော့မယ်..." လို့ တွေးမိနေပြီလား မေမေတို့ရေ ? 🤔တကယ်တော့ ဒါဟာ မိဘတော်တော်များများ အ...
23/02/2026

"ကလေး သွားစုံမှပဲ သွားဆရာဝန်ဆီ ခေါ်သွားတော့မယ်..." လို့ တွေးမိနေပြီလား မေမေတို့ရေ ? 🤔

တကယ်တော့ ဒါဟာ မိဘတော်တော်များများ အမှတ်မှားနေတတ်တဲ့ အရာတစ်ခုပါပဲ။ ကလေးငယ်တွေရဲ့ သွားကျန်းမာရေးဟာ သွားမစုံခင်ကတည်းက ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

✅ ပညာရှင်တွေရဲ့ အကြံပြုချက်အရ -
(၁) ကလေးရဲ့ ပထမဆုံးသွားလေး စပေါက်တဲ့အချိန် (ဒါမှမဟုတ်)
(၂) အသက် (၁) နှစ် ပြည့်တဲ့အချိန် ဒီနှစ်ခုထဲက စောတဲ့အချိန်တစ်ခုမှာ သွားဆရာဝန်နဲ့ စတင်ပြသပေးသင့်ပါပြီ။

✅ ဘာကြောင့် ဒီလောက်စောစော ပြသင့်တာလဲ ?

ကလေးငယ်စဉ်ကတည်းက ပြသထားရင် သွားပိုးစားခြင်းကို ကြိုတင်ကာကွယ်နိုင်ပြီး ကုသစရိတ်လည်း ပိုမိုသက်သာစေနိုင်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။

နောက်ပြီး ငယ်ငယ်ကတည်းက သွားနဲ့ ပတ်သက်ပြီး ပုံမှန်စစ်ဆေးမှုလုပ်ပေးတာကြောင့် ကလေးက သွားခန်းကို ကြောက်စရာနေရာလို့ မမြင်တော့ဘဲ ရင်းနှီးသွားပါလိမ့်မယ်။

မိဘတွေအနေနဲ့လည်း ကလေးရဲ့ သွားကို ဘယ်လိုသန့်ရှင်းရေးလုပ်ပေးရမလဲဆိုတဲ့ နည်းလမ်းမှန်တွေကို စောစောစီးစီး သိခွင့်ရမှာပါ။

ဒါကြောင့် သားသားမီးမီးတို့ရဲ့ အပြုံးပန်းလေးတွေ လှပနေစေဖို့ ပထမဆုံး သွားကျန်းမာရေးစစ်ဆေးမှုကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 မှာ အချိန်မဆွဲဘဲ စတင်လိုက်ကြရအောင်။ 🥰💚

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today

🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com

📞 Call Us: 09 799 395 395


21/02/2026

ကိုယ့်ရဲ့ခံတွင်းနံ့ နံနေမှန်းသိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေလို့တော့ မဖြစ်ဘူးနော်။ ဒါဟာ ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်တာကြောင့် ပေါ့ဆနေလို့ မရပါဘူး။ ကိုယ်တိုင် သတိမထားမိရင်တောင် ဘေးလူက အားနာပြီး မပြောတာမျိုး ဖြစ်နေတတ်ပါတယ်။❗

ဘာလို့ ခံတွင်းနံ့ဆိုးရတာလဲ❓
အဖြေကတော့ (၅) ချက်တည်းပါ။

1️⃣ အစာတွေက တရားခံ ဖြစ်နေတတ်တယ်။
ကြက်သွန်တို့၊ မျှစ်တို့လို အနံ့ပြင်းတာတွေ စားထားရင် ခံတွင်းနံ့နံတာကို ရှောင်လွှဲလို့မရပါဘူး။

2️⃣ သွားဂျီးတွေကို ပေါ့ဆမိခြင်း။
သွားတိုက်ပေမဲ့ သွားကြားထဲ အစာတွေကျန်နေရင်လည်း ပုပ်ပြီး အနံ့ထွက်လာတတ်ပါတယ်။

3️⃣ ရေလုံလုံလောက်လောက်မသောက်ခြင်း။
ရေမသောက်လို့ ပါးစပ်ခြောက်နေရင် ဘက်တီးရီးယားတွေ ပိုပေါက်ပွားလွယ်ပါတယ်။ ဒီလိုနဲ့ ခံတွင်းနံ့နံခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။

4️⃣ ဆေးလိပ်သောက်ခြင်း။
ဒါကတော့ ပြောစရာမလိုအောင် ခံတွင်းကို အနံ့ဆိုးစေနိုင်ပါတယ်။

5️⃣ ရောဂါတစ်ခုခု ရှိခြင်း။
သွားဖုံးယောင်တာ၊ အစာအိမ်မကောင်းတာတွေကြောင့်လည်း ခံတွင်းနံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါဆိုရင် ဘယ်လို ဖြေရှင်းမလဲ❓💡
အဖြေကတော့ ရိုးရိုးလေးပါ။ မနက်ရော ညပါ သွားမှန်မှန်တိုက်ပြီး၊ လျှာပါခြစ်မယ်၊ ရေများများသောက်ပြီး (၆) လ တစ်ခါ သွားဆရာဝန်နဲ့ ပြကြည့်မယ်ဆိုရင်တော့ ခံတွင်းနံ့နံခြင်းကို အထိရောက်ဆုံး သက်သာသွားစေပါလိမ့်မယ်။

ဒါဆိုရင်တော့ ခံတွင်းကြောင့် ဘယ်လိုချိန်ပဲဖြစ်ဖြစ် ယုံကြည်မှုအပြည့်ပဲပေါ့! 😉✨

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


ယုံကြည်မှုရှိတဲ့ "အပြုံး" တိုင်းမှာ ကျွမ်းကျင်မှုပြည့်ဝတဲ့ "ဂရုစိုက်မှု" ရှိနေတတ်ပါတယ်။ 💚လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ ...
19/02/2026

ယုံကြည်မှုရှိတဲ့ "အပြုံး" တိုင်းမှာ ကျွမ်းကျင်မှုပြည့်ဝတဲ့ "ဂရုစိုက်မှု" ရှိနေတတ်ပါတယ်။ 💚

လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ "အပြုံး" ကနေ စတယ်ဆိုပေမဲ့... ကိုယ့်ရဲ့ သွားကျန်းမာရေးအတွက် စိတ်မလုံခြုံတဲ့အခါ ရဲရဲကြီးပြုံးဖို့ ခက်ခဲနေတတ်ပါတယ်။

သွားနဲ့ပတ်သက်ရင် ကုသမှုမှားယွင်းမှာ ကြောက်တာ၊ နာကျင်မှာ စိုးရိမ်တာတွေက လူတိုင်းရှိတတ်တဲ့ သဘာဝပါ။ ဒါကြောင့် လူကြီးမင်းရဲ့ အပြုံးအလှတွေအတွက် Evergreen Dental Care မှ "ကျွမ်းကျင်မှု" ကို အရင်းပြုပြီး "ယုံကြည်မှု" ကို တည်ဆောက်ပေးပါရစေ။ 🤝

ဘာကြောင့် Evergreen ကို ရွေးချယ်သင့်တာလဲ ?
✅ ကုသမှုတိုင်းအတွက် ကျွမ်းကျင်ဆရာဝန်များ ကိုယ်တိုင် အနီးကပ် ဂရုတစိုက် ကုသပေးခြင်း၊
✅ ခေတ်မီစက်ကိရိယာများ သုံးစွဲထားလို့ နာကျင်မှုသက်သာပြီး စိတ်ချရခြင်း၊
✅ ဆေးခန်းရောက်နေတာနဲ့ မတူဘဲ မိသားစုလို သက်တောင့်သက်သာ ခံစားရစေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးထားခြင်း။

ကျန်းမာကြံ့ခိုင်တဲ့ သွားကျန်းမာရေးနဲ့အတူ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးပိုင်ရှင် ဖြစ်ချင်တယ်ဆိုရင်တော့ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 မှာ အခုပဲ လာရောက်ဆွေးနွေးကုသလိုက်ပါ။ ✨💚

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


🏮 Gong Xi Fa Cai 🏮🧧 Happy Chinese New Year 🧧ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးအခါသမယမှာ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁...
17/02/2026

🏮 Gong Xi Fa Cai 🏮

🧧 Happy Chinese New Year 🧧

ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးအခါသမယမှာ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ မိတ်ဆွေများအားလုံး စီးပွားလာဘ်လာဘများတိုးပွား၍ ကျန်းမာချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨


𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ ခရီးသွားပိတ်ရက် ကြေညာခြင်း 📣လာမယ့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 ...
15/02/2026

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ ခရီးသွားပိတ်ရက် ကြေညာခြင်း 📣

လာမယ့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မိသားစု ဝန်ထမ်းများအားလုံး ငွေဆောင်ခရီးစဉ်လေး ထွက်မှာဖြစ်တာကြောင့် ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါတယ်။ 📣

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ မိတ်ဆွေများ အားလုံး ကျန်းမာချမ်းမြေ့ကြပါစေရှင့်။ ✨💚


ချစ်စရာကောင်းတဲ့ Valentine Day လို နေ့ရက်မျိုးမှာ ချစ်ရသူဆီက လက်ဆောင်ရတဲ့ ချောကလက်တွေ၊ ကိတ်မုန့်တွေ စားပြီး Sweet Date လ...
13/02/2026

ချစ်စရာကောင်းတဲ့ Valentine Day လို နေ့ရက်မျိုးမှာ ချစ်ရသူဆီက လက်ဆောင်ရတဲ့ ချောကလက်တွေ၊ ကိတ်မုန့်တွေ စားပြီး Sweet Date လုပ်ရင်း သောက်လိုက်တဲ့ အချိုရည်တွေကို သောက်လိုက်ရတဲ့အခါ ... 🍰🥤

အချစ်တွေချိုတာ ကောင်းပေမဲ့ သွားလေးတွေပါ "ချို" ပြီး သွားပိုးစားသွားရင်တော့ စိုးရိမ်ရပါပြီ။ 😰

ဒါကြောင့်ချိုတာတွေ စားပြီးတိုင်း ...
💧 ရေများများသောက်ပါ / ပလုတ်ကျင်းပေးပါ။
🪥 ညအိပ်ရာမဝင်ခင် သွားသေချာပြန်တိုက်ဖို့ မမေ့ပါနဲ့။

ဒါမှ ချစ်ရသူပေးတဲ့ အချိုတွေလည်း စားနိုင်သလို၊ သွားကျန်းမာရေးလည်း မထိခိုက်ဘဲ ယုံကြည်မှုရှိရှိ ဆက်ပြီး ပြုံးနိုင်မှာဖြစ်ပါတယ်။ အချိုတွေစားပြီးတိုင်း ကိုယ့်ရဲ့ သွားလှလှလေးတွေ ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။ 💁🏻‍♀️

အားလုံးပဲ ချစ်ရသူနဲ့ အတူ ပျော်ရွှင်စရာ Valentine's Day လေး ဖြစ်ကြပါစေ။ 💚✨

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


Address

No. 6 Corner Of Pyay Road And Min Yae Kyaw Swar Rd, Lanmadaw Township
Yangon
0000

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959799395395

Alerts

Be the first to know and let us send you an email when Evergreen Dental Care Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Evergreen Dental Care Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category