OSC Hospital

OSC Hospital This is the official page of OSC Hospital. OSC Hospital has been in the healthcare industry since 2009.

Day Care Infusion/ Chemo Centerနေ့ချင်းပြီး ဆေးသွင်း/ကင်ဆာဆေးသွင်းဌာန==========================OSC အထွေထွေရောဂါကုဆေးရုံက...
30/03/2026

Day Care Infusion/ Chemo Center
နေ့ချင်းပြီး ဆေးသွင်း/ကင်ဆာဆေးသွင်းဌာန
==========================
OSC အထွေထွေရောဂါကုဆေးရုံကြီးတွင် နေ့ချင်းပြီး
ဆေးသွင်း/ကင်ဆာဆေးသွင်း (Day Care Ward) တွင်
ညအိပ်ရန်မလိုသော
၁။ သွေးသွင်းခြင်း
၂။ ကင်ဆာဆေးသွင်းခြင်း
၃။ ဝမ်းဗိုက်ရေဖျင်းဖောက်ထုတ်ခြင်း
၄။ သွေးပြန်ကြောသွေးဖောက်ထုတ်ခြင်း (Veniesection)
၅။ ပုလင်းကြီး(အားဆေး) ချိတ်ခြင်းများကို အခန်းခဝန်ဆောင်ခနှုန်းထားများ သက်သာစွာဖြင့် ဝန်ဆောင်မှုပေးနေပါပြီ။
ထိုသို့ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သောကြောင့် လူနာနှင့် လူနာစောင့်မှာ အဆင်ပြေချောမွေ့ရုံသာမက ကုန်ကျစရိတ်လဲ သက်သာစေပါသည်ရှင်။

▶️အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို
ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင့် ...
📞09 973515077
📞09 795193867
📞 09 43208326



ပူပြင်းတဲ့ရာသီဥတုမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ? ☀️🌡️လူအတော်များများက နွေရာသီကို သဘောကျကြပေမဲ့ ပူပြင်းတဲ့ရာသီဥတုက တ...
28/03/2026

ပူပြင်းတဲ့ရာသီဥတုမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ? ☀️🌡️

လူအတော်များများက နွေရာသီကို သဘောကျကြပေမဲ့ ပူပြင်းတဲ့ရာသီဥတုက တစ်ချို့သူတွေအတွက်တော့ နေထိုင်မကောင်းဖြစ်စေပါတယ်။ အပူလွန်ကဲခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အပူကြောင့် နုံးချိခြင်း၊ အပူလျှပ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။ 🥵

ဒီလိုတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
အပူဆုံးအချိန်ကို ရှောင်ပါ 🚫 - နေ့ခင်းဘက် အပူဆုံးအချိန် မနက် (၁၁) နာရီ မှ နေ့လယ် (၃) နာရီကြားအချိန်မှာ နေပူထဲ မထွက်ပါနဲ့။

လေ့ကျင့်ခန်းလုပ်ချိန်ကို ရွေးချယ်ပါ 🏃‍♂️ - ပူပြင်းတဲ့ရာသီမှာ ကိုယ်လက်လှုပ်ရှားပြုလုပ်မယ်ဆိုရင် မနက်ခင်း သို့မဟုတ် ညနေခင်း အပူသက်သာတဲ့အချိန်တွေမှာပဲ ပြုလုပ်ပါ။

နေအိမ်ကို အေးမြအောင်ထားပါ 🏠 - နေရောင်တိုက်ရိုက်ကျတဲ့အခန်းကို ပြတင်းပေါက်တွေ ပိတ်၊ လိုက်ကာတွေ ပိတ်ထားပြီး အိမ်ကို အေးနေအောင် လုပ်ထားပါ။

အကာအကွယ်ပစ္စည်းများ အသုံးပြုပါ 👒 - အပြင်သွားတိုင်း ဦးထုတ် (သို့မဟုတ်) ထီး၊ နေကာမျက်မှန် အသုံးပြုခြင်း၊ နေရောင်ကာလ် ခရင်မ် လိမ်းပေးခြင်းများအပြင် ရာသီဥတုနဲ့ သင့်တော်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်သွားပါ။🕶️

ရေဓာတ်ဖြည့်တင်းပါ 💧 - ရေများများသောက်ပါ။ အရက်လျှော့သောက်ပါ။
တစ်ဦးကိုတစ်ဦး ဂရုစိုက်ပါ 🤝 - နေထိုင်မကောင်းဖြစ်နိုင်ချေရှိသည့် မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများကို အမြဲတမ်း သတင်းမေးပါ။

လက္ခဏာများကို သတိပြုပါ ⚠️ - အပူကြောင့် နုံးချိခြင်းနှင့် အပူလျှပ်ခြင်းလက္ခဏာများကို လေ့လာထားပါ။ သင် (သို့မဟုတ်) တစ်ယောက်ယောက်က ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သိထားရပါမယ်။
အရေးကြီးသတိပေးချက် 🚨

ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနဲ့ ကိုယ်အပူချိန် အလွန်မြင့်မားခြင်း စတဲ့ အပူလျှပ်ခြင်းလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပါ။

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နွေရာသီလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ ✨💖
#ပူပြင်းတဲ့ရာသီဥတုမှာကျန်းမာအောင်ဘယ်လိုနေထိုင်ကြမလဲ?


"ဆေးရုံတက်စရာမလို မိမိအိမ်မှာတွင်ပဲ OSA (Obstructive Sleep Apnea) ရောဂါရှိမရှိ စမ်းသပ်ခြင်းကို လုပ်ဆောင်နိုင်ပါပြီ…"SLEE...
28/03/2026

"ဆေးရုံတက်စရာမလို မိမိအိမ်မှာတွင်ပဲ OSA (Obstructive Sleep Apnea) ရောဂါရှိမရှိ စမ်းသပ်ခြင်းကို လုပ်ဆောင်နိုင်ပါပြီ…"

SLEEP STUDY
အိပ်ပျော်နေစဥ် အသက်ရှူလမ်ကြောင်းပိတ်၍
ဟောက်သောသူများအတွက် စမ်းသပ်ပေးခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~
OSC ဆေးရုံကြီးမှ OSA (Obstructive Sleep Apnea) ရောဂါရှိမရှိ စစ်ဆေးလိုသူများအား ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ OSA (Obstructive Sleep Apnea) ရောဂါရှိမရှိ စမ်းသပ်ခြင်းကို မိမိ နေအိမ်မှာပဲ စက်ကိရိယာများ တပ်ဆင်၍ စက်တပ်ပြီး စမ်းသပ်နိုင်အောင် OSC ဆေးရုံကြီးမှ စီစဉ်ဆောင်ရွက်ပေးလိုက်ပါပြီ….!

▶️OSA ရောဂါဆိုတာဘာလဲ…?

OSA ဆိုတာ Obstructive Sleep Apnea ဖြစ်ပြီး အဖြစ်များသော ရောဂါတစ်မျိုး ဖြစ်ပါတယ်။

အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်း ပိတ်ဆို့၍ အသက်ရှုရပ်သွားခြင်းကြောင့် Oxygen (လေ) လုံလောက်စွာ မရနိုင်သော ရောဂါ ဖြစ်ပါတယ်။

▶️OSA ရောဂါ၏ လက္ခဏာများ

• အိပ်နေစဉ် မကြာခဏကျယ်လောင်စွာဟောက်ခြင်း
• အိပ်နေစဉ် အသက်ရှူမွန်းကျပ်ခြင်း
• အိပ်ယာနိုးလျှင် စိတ်မကြည်လင်ခြင်း ၊ ခေါင်းကိုက်ခြင်း
• နေ့အချိန်တွင် အိပ်ငိုက်ခြင်း
• အားအင်ကုန်ခမ်းခြင်း နှင့် အာရုံစူးစိုက်မှုအားနည်းခြင်း

▶️ OAS ရောဂါရှိမရှိ ဘယ်လိုစမ်းသပ် သိရှိနိုင်ပါသလဲ ???
OSA ရောဂါရှိမရှိကို Overnight Sleep Study ဟုခေါ်သော အိပ်ပျော်နေစဉ် (Polysomnography) PSG စက်နှင့် တပ်ဆင်ထား၍ မှတ်တမ်းယူပြီး ရောဂါစမ်းသပ်ရှာဖွေနိုင်ပါတယ်။

ယခင်က OSA ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခြင်း Sleep Study လုပ်လိုလျှင် စက်ကိရိယာများ တပ်ဆင်ပြီး ဆေးရုံတွင် တစ်ည အိပ်စက်အနားယူရပါတယ်။

သို့သော် ယခုအခါ OSA ရောဂါရှိမရှိ စစ်ဆေးလိုသူများအား ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ ဆေးရုံမှ စက်ကိရိယာများ တပ်ဆင်ပုံတပ်ဆင်နည်းများကို သင်ပြပေးပြီး မိမိ၏ နေအိမ်တွင် စက်ရိယာများတပ်ဆင် အိပ်စက်အနားယူပြီး မနက်မှ ဆေးရုံသို့ စက်ပြန်လာပေးရင်း result များ ရယူနိုင်ပြီ ဖြစ်ပါတယ်။
OSA ရောဂါရှိမရှိကို OSC ဆေးရုံတွင် စမ်းသပ်စစ်ဆေးပေးနေပီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်ရှင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
အသေးစိတ်သိရှိလိုပါက
01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================

💜 World Purple Day 2026 💜၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ဟာ “World Purple Day" ဖြစ်ပါတယ်။ အဲ့ဒီနေ့ဟာ Epilepsy Awareness Day ဖ...
26/03/2026

💜 World Purple Day 2026 💜
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ဟာ “World Purple Day" ဖြစ်ပါတယ်။ အဲ့ဒီနေ့ဟာ Epilepsy Awareness Day ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အတက်ရောဂါရှိသူတွေဟာ ဝေဒနာရှင်အဖြစ် ဖယ်ကျဉ်ခံရခြင်းကြောင့် အထီးကျန်ရခြင်းမရှိဘဲ လူ့အသိုင်းအဝိုင်းထဲမှာ ပုံမှန်အတိုင်း ယုံကြည်ချက်ရှိရှိ ရှင်သန်နိုင်ဖို့ ဖေးမကူညီပေးကြဖို့ပဲ ဖြစ်ပါတယ်ရှင်။ 🤝✨

🧠 အတက်ရောဂါ ဆိုတာ ဘာလဲ?
အတက်ရောဂါဆိုတာဟာ ဦးနှောက်အတွင်းမှာရှိတဲ့ အာရုံကြောဆဲလ်တွေရဲ့ လျှပ်စစ်စီးဆင်းမှု ခေတ္တခဏ ကမောက်ကမဖြစ်ရာကနေ ဖြစ်ပေါ်လာတဲ့ အာရုံကြောဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်ရှင်။ ဒါဟာ ကူးစက်ရောဂါ မဟုတ်သလို၊ မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူနေရင်း သာမန်လူတွေလိုပဲ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းနဲ့ ဘဝကို သက်တမ်းစေ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်ရှင်။ 🌈💪

သင့်ပတ်ဝန်းကျင်မှာ အတက်ရောဂါရှိသူတစ်ဦးက အတက်ရောဂါ ရုတ်တရက် ရပြီဆိုရင် ဒါဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတစ်ခုဖြစ်လို့ မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းကို သိထားဖို့ အရေးကြီးပါတယ်ရှင်။ စနစ်တကျ ပြုစုပေးခြင်းဖြင့် လူနာကို ဘေးကင်းအောင် ကူညီပေးနိုင်ပါတယ်ရှင်။ 🚑🩹

၁။ အတက်ရောဂါ စရချိန်မှာ မတ်တတ်အနေအထားဖြစ်ပါက လဲကျချိန်တွင် ဒဏ်ရာမရအောင် ဆွဲထိန်းထားပြီး လှဲလျက်အနေအထားသို့ ရောက်အောင် ပြုလုပ်ပေးပါ။ တက်နေတဲ့အချိန်မှာ လူနာကို ချုပ်ထားတာ ဒါမှမဟုတ် မတက်အောင် တားဆီးဖို့ မကြိုးစားပါနဲ့ရှင်။ 🙅‍♂️🛌

၂။ တက်နေချိန်မှာ အဝတ်စပတ်ထားတဲ့တုတ် (သို့မဟုတ်) အရာဝတ္ထုတစ်ခုခုတို့ကို အပေါ်အောက်သွားကြားမှာ ထည့်ပြီး လျှာမကိုက်မိအောင် ကာကွယ်ပေးပါရှင်။ 🥢🛡️

၃။ စိတ်အေးအေးထားပါ။ အများစုက မိနစ်အနည်းငယ်အတွင်းမှာပဲ အလိုလို ပြန်ကောင်းသွားတတ်ပါတယ်ရှင်။ 🧘‍♂️⏳

၄။ လူနာရဲ့ခေါင်းကို မထိခိုက်အောင် ခေါင်းအောက်မှာ အင်္ကျီ (သို့) ပစ္စည်းပျော့ပျော့လေးတွေ ခံထားပေးပါရှင်။ 👕☁️

၅။ လူနာကို ဝိုင်းမကြည့်ကြဖို့ ဘေးနားက လူတွေကို ခပ်ဝေးဝေး ဖယ်ခိုင်းပါ။ အသက်ရှူရလွယ်ကူအောင် ပတ်ဝန်းကျင်လေဝင်လေထွက်ရှိအောင် စီစဉ်ပါရှင်။ 🌬️🚫👥

၆။ အချိန်မှတ်ထားပါ။ တက်နေတဲ့အချိန် ဘယ်လောက်ကြာလဲဆိုတာကို စမှတ်ပါရှင်။ ⏱️📝

၇။ အနားမှာ ဘေးအန္တရာယ်ရှိတဲ့အရာတွေရှိရင် ဖယ်ရှားပါရှင်။ ⚠️🧹

၈။ တက်နေတဲ့အချိန်မှာ ရေ၊ အစားအစာ (သို့) ဆေးဝါးတွေကို ပါးစပ်ထဲ အတင်းမထည့်ပါနဲ့၊ သီးပြီး အသက်ရှူလမ်းကြောင်းထဲရောက်သွားနိုင်ပါတယ်ရှင်။ 🚫💧🚫💊

၉။ အတက်ရပ်သွားတဲ့အခါ လူနာကို ဘေးစောင်းအနေအထားနဲ့ အနားယူစေခြင်းဖြင့် အသက်ရှူလမ်းကြောင်းပွင့်အောင် ကူညီပေးပါရှင်။ 💤🛌

၁၀။ တက်နေတာ ၅ မိနစ်ထက်ကြာရင် အရေးပေါ်ဖုန်းခေါ်ပါ။ တစ်ကြိမ်တက်ပြီးနောက် သတိမရဘဲ ထပ်တက်ရင် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ တစ်ခုခုရရှိထားရင် အရေးပေါ်လူနာတင်ယာဉ် (သို့) ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါရှင်။ 📞🚨🏥

"မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းက သင့်ချစ်ခင်ရသူရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်ရှင်။" 💜🙏

Purple Day 2026

🌍 World TB Day 2026 | 24 March💬 Yes! We can end TB.
24/03/2026

🌍 World TB Day 2026 | 24 March
💬 Yes! We can end TB.

𝐎𝐒𝐂 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐂𝐞𝐧𝐭𝐞𝐫--------------------------------------------ကာကွယ်ခြင်းဟာ ကုသခြင်းထက် များစွာ ကောင်းမ...
23/03/2026

𝐎𝐒𝐂 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐂𝐞𝐧𝐭𝐞𝐫
--------------------------------------------
ကာကွယ်ခြင်းဟာ ကုသခြင်းထက် များစွာ ကောင်းမွန်
ပါတယ်။ ရောဂါဖြစ်မှ ကုသခြင်းက ငွေကြေးအရ
ပိုကုန်မယ်၊ ရောဂါကုသမှုတွင်ပါ ပိုမိုခက်ခဲနိုင်ပါတယ်။
အာရောဂျံ ပရမံလာဘံ ဆိုတဲ့အတိုင်း ကျန်းမာခြင်း
လာဘ်တစ်ပါးကို 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 ပြုခြင်းနဲ့
စောလျင်စွာရယူပါ၊ ကိုယ်ချစ်ခင်ရတဲ့ ချစ်သူခင်သူ
စောင့်ရှောက်သူ မိဘဆွေမျိုး ဆရာသမားတို့ကိုလည်း
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 လုပ်ပေးခြင်းဖြင့် သင့်ရဲ့ ဂရုစိုက်မှူကို
ဖော်ပြနိုင်ပါပြီ။

ဘယ်လို 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 တွေရနိုင်မှာလဲ ......
▶ ဘယ်နေရာ ဘာရောဂါမှ မလွတ်ရစေအောင် အမြဲကျန်းမာနေစေဖို့
💎 Comprehensive Plus Package (Whole Body Screening)
၁။ The whole Body Check Up (Male)
၂။ The whole Body Check Up (Female)

▶ အသက်(၅၀) နှစ် နှင့် အထက် အသက်အရွယ်ရှိသူများနှင့်
အထူးသင့်လျော်သည့်
💠 Comprehensive Life Package(အသက် ၅၀ နှင့် အထက်)
(Male / Female)

▶ အသက်၄၀အထက် ကျန်းမာရေးအထူးဂရုပြုလာရတဲ့
လူကြီးလူရွယ်တွေအတွက်
👑 Executive Life Package(အသက် ၄၀ နှင့် ၅၀)
(Male / Female)

▶ အသက် ၄၀အောက် လှူပ်လှူပ်ရှားရှားလူငယ် လူလတ်တွေအတွက်
💠Healthy Life Package (အသက် ၄၀ နှင့် အောက်)
(Male / Female)

▶ မကြာမီ ဘ၀နှစ်ခုကို အတူပေါင်းစည်းကြမယ့်သူတွေအတွက်
လက်မထပ်မိ အကြိုစစ်ဆေးခြင်း
💑Premarital Check Up

▶ ကုမ္ပဏီလုပ်ငန်းများအတွက် အလုပ်မ၀င်ခင် ကြိုတင်စစ်ဆေးခြင်း
👨‍💻 Pre-employment Check Up Package

▶ လုပ်ငန်းခွင်အတွင်း စစ်ဆေးခြင်း
👩‍💻Employment Check Up Package

▶ အလုပ်များတဲ့ အမှူဆောင်အရာရှိများ၊ နှလုံးနှင့်ပတ်သတ်ပြီး
မောလွယ်သူ၊ ရင်ဘတ်အောင့်တတ်သူ စတဲ့ ဝေဒနာသည်တို့နှင့်
သက်ကြီးရွယ်အိုတို့အတွက်
💖Heart Screening Check Up Package

▶ အရက်သောက်တတ်သူ၊ ဘီပိုးစီပိုးနှင့် အသည်းရောင်ဖူးသူတို့အတွက်
🌼Liver Screening Check Up Package

▶ဆွေမျိုးမကင်းသူတွေထဲ ကင်ဆာရောဂါရှိခဲ့ဖူးရင်ဖြစ်ဖြစ်
လက်ရှိကင်ဆာဖြစ်နှူန်းတွေ မြင့်နေလို့ဖြစ်ဖြစ် ကင်ဆာနှင့်
ပတ်သက်၍ စစ်ဆေးခြင်း
👨‍🦰Cancer Screening Check Up Package (Male )
👩‍🦰Cancer Screening Check Up Package (Female )

▶ကွမ်းစားလွန်းသူ၊ လမ်းခရီးအမြဲသွားရလွန်းသူ၊ ဆီးနှင့်
ကျောက်ကပ်ဝေဒနာခံစားရတတ်သူတို့အတွက်
Kidney Checkup Package

▶ကိုဗစ်အလွန်ကျန်းမာရေးစစ်ဆေးြခင်း
Post COVID Checkup

▶ဆီးချိုနောက်ဆက်တွဲအန္တရာယ်များကိုကြိုတင်ကာကွယ်နိုင်ရန်
ဆီးချိုရောဂါရှိသူများအတွက် စစ်ဆေးကြည့်နိုင်သည့်
Diabetes Medical Checkup Package

▶ ကလေးငယ်လေးများအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း
Child Package
-----------------------------------------------------
ကျန်းမာရေးစစ်ဆေးခြင်း (Medical Checkup) ဌာနအား
နေ့စဉ် ပိတ်ရက်မရှိ နံနက် (8:00 နာရီ မှ ညနေ 5:00)နာရီထိ
ဖွင့်လှစ်ထားရှိပါတယ်ရှင်။

ကျန်းမာရေးစစ်ဆေးမှုများနှင့် ပတ်သက်၍
☎️☎️အသေးစိတ်ကို Call Center Ph: 014706622, 09-43208326 မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
=====================================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️

#ကျန်းမာရေးကြိုတင်စစ်ဆေးမှုများ

𝐖𝐨𝐫𝐥𝐝 𝐎𝐫𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 𝟐𝟎𝟐𝟔ကမ္ဘာ့သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ 🦷🪥🦷နှစ်စဉ်နှစ်တိုင်း မတ်လ (၂၀) ရက်နေ့ကို “ကမ္ဘာ့သွားနှင့်...
20/03/2026

𝐖𝐨𝐫𝐥𝐝 𝐎𝐫𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 𝟐𝟎𝟐𝟔
ကမ္ဘာ့သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ 🦷🪥🦷

နှစ်စဉ်နှစ်တိုင်း မတ်လ (၂၀) ရက်နေ့ကို “ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့” အဖြစ် သတ်မှတ် ကျင်းပပြုလုပ်ကြပါတယ်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ
“𝐀 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐮𝐭𝐡 𝐢𝐬 𝐚 𝐇𝐚𝐩𝐩𝐲 𝐋𝐢𝐟𝐞.” ဖြစ်ပြီး ခံတွင်းကျန်းမာရေးဆိုတာ ပါးစပ်ကိုပဲ ထိခိုက်စေတာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး ခံတွင်းကျန်းမာရေးကို လစ်လျှူရှုထားမယ်ဆိုရင် နေ့စဉ်ဘဝအပေါ် သက်ရောက်ပြီး အဆင်မပြေဖြစ်နိုင်ကြောင်းကို အလေးပေးဖော်ပြထားပါတယ်။

သွားနှင့်သွားဖုံးများ ကြံ့ခိုင်စေရန် လိုက်နာရမည့် အလေ့အကျင့်များ

• တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ - ဖလိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးနှင့် အမွေးနုသော သွားပွတ်တံကိုသုံး၍ အနည်းဆုံး ၂ မိနစ်ကြာ တိုက်ပေးပါ။ အထူးသဖြင့် ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းက သွားချေးနဲ့ အစာဟောင်းတွေကို ဖယ်ရှားပေးဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။

• သွားပွတ်ကြိုး (Floss) နေ့စဉ်သုံးပါ - သွားပွတ်တံ မရောက်နိုင်တဲ့ သွားကြားထဲက အစာအကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးခြင်းဖြင့် သွားဖုံးရောဂါနဲ့ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။

• ခံတွင်းသန့်စင်ဆေး (Mouthwash) သုံးပါ - ဘက်တီးရီးယားတွေကို လျှော့ချပေးဖို့၊ သွားကြွေလွှာကို ခိုင်မာစေဖို့နဲ့ ခံတွင်းနံ့သင်းပျံ့စေဖို့ ခံတွင်းသန့်စင်ဆေးကို အသုံးပြုပေးပါ။ ဒါဟာ သွားတိုက်ခြင်းရဲ့ အားဖြည့်မှုတစ်ခုသာဖြစ်ပြီး သွားတိုက်ခြင်းကို အစားမထိုးနိုင်တာ သတိပြုပါ။

• အချိုနှင့် အက်ဆစ်ဓာတ်များသော အစားအစာများကို လျှော့စားပါ - သကြားနဲ့ အက်ဆစ်ဓာတ်တွေက သွားကြွေလွှာကို အားနည်းစေပြီး သွားပိုးစားစေပါတယ်။ အဲဒီအစားအစာတွေကို စားပြီးရင် ရေသောက်ပေးတာက ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။

• ရေများများသောက်ပါ - ရေများများသောက်ခြင်းက အစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဆေးကြောပေးသလို၊ သွားပိုးစားနိုင်ခြေရှိတဲ့ ခံတွင်းခြောက်ကပ်မှုကိုလည်း ကာကွယ်ပေးပါတယ်။

• သွားဆရာဝန်နှင့် ပုံမှန်ပြသပါ - သွားနှင့်ခံတွင်းကို ပုံမှန်စစ်ဆေးခြင်း၊ သန့်စင်ခြင်းတွေ ပြုလုပ်ပေးတာက ပြဿနာတွေကို စောစောစီးစီး သိရှိကုသနိုင်စေပြီး နောင်မှာ ပိုဆိုးမလာအောင် ကာကွယ်ပေးပါတယ်။

သွားနှင့်ခံတွင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို မွေးမြူပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်
နိုင်ကြပါစေကြောင်း OSC ဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


𝐃𝐲𝐬𝐥𝐢𝐩𝐢𝐝𝐞𝐦𝐢𝐚 သွေးတွင်းအဆီများခြင်းအကြောင်း==============================အဆီဆိုတာ ခန္ဓာကိုယ်အတွက် အထိုက်အလျောက်တော့လည်း လ...
18/03/2026

𝐃𝐲𝐬𝐥𝐢𝐩𝐢𝐝𝐞𝐦𝐢𝐚 သွေးတွင်းအဆီများခြင်းအကြောင်း
==============================
အဆီဆိုတာ ခန္ဓာကိုယ်အတွက် အထိုက်အလျောက်တော့လည်း လိုအပ်ပါတယ်။ဒါပေမဲ့ အဆီဆိုးတွေ စုလာရင်တော့ ဒုက္ခရောက်ကြရပါတယ်။

၁။ နှလုံးသွေးကြောပိတ်ခြင်း
ရင်ဘတ်အောင့်ခြင်း၊ နှလုံးအမောဖောက်ခြင်း စသည့်လက္ခဏာများ ဖြစ်တတ်ပါတယ်။

၂။ ဦးနှောက်သွေးကြောပိတ်ခြင်း
လေဖြတ်ခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း စသည့် လက္ခဏာများ ဖြစ်တတ်ပါတယ်။

၃။ အသည်းအဆီဖုံးခြင်း
အဆီဖုံး၊ အသည်းယောင်၊ အသည်းခြောက်၊ နောက်ဆုံးကင်ဆာဘဝရောက်နိုင်ပါတယ်။

၄။ ခြေထောက်သွေးကြောပိတ်ခြင်း
ℹ️ သွေးမလျှောက်လို့ လမ်းလျှောက်တိုင်းကိုက်တတ်ပါတယ်။
ℹ️ခြေပုပ်လို့ ဖြတ်လိုက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
ℹ️သည်လိုဆိုးကျိုးတွေဖြစ်မလာရလေအောင် သွေးတွင်းအဆီဓာတ်
မတက်အောင်နေဖို့၊ တက်လာလျှင်လည်း ချဖို့ လိုအပ်ပါတယ်။
ℹ️ အဆီကိုသည်လိုဖြစ်ချင်ပါတယ်။ ဖြစ်အောင်လုပ်လို့လည်း ရပါတယ်။
ℹ️ အဆီကောင်းလေး HDL ကို 50 mg% အထက်
ℹ️ အဆီဆိုးလေးများ (Total Cholesterol ကို 200 mg% အောက်, Triglyceride ကို 150 mg% အောက်, LDL Cholesterol ကို 100 mg% အောက်
ℹ️ Cholesterol/HDL အချိုးချရင် 5 အောက်
သွေးတွင်းအဆီများခြင်း မဖြစ်စေရန် အစားအသောက်ပုံစံ

၁။ (က) စားသုံးရန်များ
ℹ️ အသီးအရွက်၊ အစေ့အဆံများများစားပါ။
ℹ️ ဆီးချိုမရှိလျှင် အသီးအနှံပုံမှန်စားပါ။
ℹ️ ငါးအမျိုးမျိုးနှင့် ပင်လယ်စာစားပါ။
ℹ️ တိရိစ္ဆာန် အဆီအစား ဟင်းရွက်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီများ အစားထိုးသုံးပါ။

(ခ) လျှော့ရန်နှင့် ရှောင်ရန်များ
ℹ️ ဆီကြော်မုန့်၊ အသားညှပ်ပေါင်မုန့်၊ ပီဇာ၊ ဒိုးနတ်၊ အာလူးကြော်၊ မုန့်အချိုအမျိုးမျိုးနှင့် အချိုရည်များကို တတ်နိုင်သမျှ လျှော့ပါ။
ℹ️ ဝက်ဆီ၊ ဟင်းအဆီအနှစ်များ၊ ထောပတ်၊ ဒိန်ခဲတို့ကို ရှောင်ပါ။

၂။ လေ့ကျင့်ခန်းပြုလုပ်ပါ။
ℹ️ တစ်နေ့ အနည်းဆုံး နာရီဝက် တစ်နာရီ ပုံမှန်လုပ်ပါ။
ℹ️ ချွေးစို့တဲ့အထိ ခပ်သုတ်သုတ်လုပ်ပါ။
ℹ️ ဝိတ်ကျလေလေ ကျန်းမာလေပါ။

၃။ အဆီကျဆေး
ℹ️ ဆရာဝန် ညွှန်ကြားလျှင် သောက်ပါ။
အဆီကျ၍ ကျန်းမာကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်

ွေးတွင်းအဆီများခြင်းအကြောင်း

မင်္ဂလာပါ …..ဖုန်းလိုင်းများပြတ်တောက်နေပါသောကြောင့်မိဘပြည်သူများအနေဖြင့် -0943208326  - 09765485562 သို့ ဆက်သွယ်ပေးပါရန်...
18/03/2026

မင်္ဂလာပါ …..
ဖုန်းလိုင်းများပြတ်တောက်နေပါသောကြောင့်
မိဘပြည်သူများအနေဖြင့်
-0943208326
- 09765485562 သို့ ဆက်သွယ်ပေးပါရန်
အသိပေးအကြောင်းကြားအပ်ပါသည်။


.oschospitalmm.com

Electroencephalogram (EEG)(ဦးနှောက်လျှပ်စီးလှိုင်း စမ်းသပ်စစ်ဆေးခြင်း)==========================OSC Hospital တွင် USA နိ...
16/03/2026

Electroencephalogram (EEG)
(ဦးနှောက်လျှပ်စီးလှိုင်း စမ်းသပ်စစ်ဆေးခြင်း)
==========================
OSC Hospital တွင် USA နိုင်ငံထုတ် "Cadwell Arc Essentia E3 EEG" စက်ဖြင့် EEG ရိုက်ကူးစစ်ဆေးမှုများကို ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။
EEG ဆိုတာ ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ (သို့မဟုတ်) လှိုင်းများ၏ မူမမှန်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေဖို့ လုပ်ဆောင်သည့် စစ်ဆေးမှု ဖြစ်ပါတယ်။ ဦးခေါင်းတွင် သေးငယ်သည့် သတ္တုလျှပ်ကူးပစ္စည်းကိရိယာလေးများ တပ်ဆင်ပြီး ဦးနှောက်အတွင်းရှိ လျှပ်စစ်လှိုင်း လှုပ်ရှားမှုများကို တိုင်းတာပေးသည့် စစ်ဆေးမှုမျိုး ဖြစ်ပါတယ်။
ဖြင့် မည်သည့်ရောဂါများကို စစ်ဆေး သိရှိနိုင်ပါသလဲ?
#အောက်ပါရောဂါအခြေအနေများကို EEG ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။
 အတက်ရောဂါများ
 ဦးခေါင်းထိခိုက်ဒဏ်ရာများ
 အိပ်စက်ခြင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းများ
 ဦးနှောက်အကျိတ်ရောဂါများ
 ဦးနှောက်ရောင်ရမ်းခြင်းများ
 ဦးနှောက်ထိခိုက်ပျက်စီးခြင်းများ
 ဦးနှောက်ကင်ဆာ
 ဦးနှောက်သေဆုံးခြင်းများ
 လေဖြတ်ခြင်း
 ကလေးများတွင် အသက်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာ နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်းနှင့် ၎င်း၏လက္ခဏာများဖြစ်သော သတိလစ်ခြင်း၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ နှင့် အပြုအမူများဖြစ်နေခြင်း
အစရှိသည့် ရောဂါများကို အဖြေရှာဖွေ ဖော်ထုတ်နိုင်ပါသည်။

Test မစစ်ဆေးမီ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဦးစွာဆွေးနွေးတိုင်ပင်ရပါမည်။

သက်ဆိုင်ရာ ဆရာဝန်ကြီးမှ EEG စစ်ဆေးရန် ညွှန်ကြားချက် ပါရှိမှသာ EEG ကို စစ်ဆေးနိုင်မည်။

စစ်ဆေးပြီးပါက သက်ဆိုင်ရာ ဦးနှောက်နှင့်အာရုံကြော ဆရာဝန်ကြီးမှ ဖတ်ရှုပေးပါမည်။

ဟာ လူနာအတွက် ဘေးကင်းစိတ်ချရမှု ရှိပါသလား?
သည် လူနာကို နာကျင်စေခြင်းမရှိဘဲ အန္တရာယ်မရှိတာကြောင့် စိတ်ချယုံကြည်စွာ ရိုက်ကူးနိုင်ပါတယ်။

ရိုက်လျှင် ကြာချိန်မှာ (၁) နာရီခန့် ဖြစ်ပါတယ်။

မဆွဲခင် ဘာတွေပြင်ဆင်လာရမလဲ?
- (၁) ရက်ကြိုတင်၍ ခေါင်းလျှော်ထားရမည် ဖြစ်ပါသည်။ ခေါင်းလျှော်ရည်မှလွဲ၍ အခြားသော ဆံပင်ပျော့ဆေး၊ ပေါင်းဆေး၊ ခေါင်းလိမ်းဆီ၊ ဂျယ် အစရှိသည်တို့ကို အသုံးမပြုရပါ။

- EEG ရိုက်နေစဉ်အတွင်း လူနာအိပ်စက်နေစေရန် ရည်ရွယ်၍ EEG ရိုက်မည့်နေ့ မတိုင်ခင် ညတွင် အိပ်စက်ချိန်အနည်းငယ်သာ အိပ်စက်ရပါမည်။

- ကော်ဖီ၊ လက်ဖက်ရည် အစရှိသည့် ကဖိန်းဓာတ်ပါဝင်သော အစားအသောက်များကို စမ်းသပ်မှု မပြုလုပ်ခင် (၁၂) နာရီအတွင်း မသုံးဆောင်ပါနှင့်။

- မိမိသောက်သုံးနေသော ဆေးဝါးများ ရှိနေလျှင် သက်ဆိုင်ရာ ဆရာဝန်ကြီးနှင့် အရင်ဆွေးနွေးတိုင်ပင်ရပါမည်။
#နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၅)နာရီထိ ၀န်ဆောင်မှု ပေးနေပါပြီ။
အသေးစိတ်သိရှိရန်နှင့် ဘိုကင်တင်ရန်အတွက်
☎️☎️09-785907477, 01-4706622
===================================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️


www.oschospitalmm.com

အိပ်ချိန်များလွန်းခြင်းက ကျန်းမာရေးအတွက် တကယ်ပဲ ကောင်းပါသလား?"အိပ်ရေးဝရင် ပြီးတာပဲ" လို့ ထင်နေပါသလား? တကယ်တော့ အိပ်ချိန်...
14/03/2026

အိပ်ချိန်များလွန်းခြင်းက ကျန်းမာရေးအတွက် တကယ်ပဲ ကောင်းပါသလား?

"အိပ်ရေးဝရင် ပြီးတာပဲ" လို့ ထင်နေပါသလား? တကယ်တော့ အိပ်ချိန်နည်းတာက ကျန်းမာရေးကို ထိခိုက်စေသလိုပဲ၊ အိပ်ချိန်တွေ အရမ်းများလွန်းတာကလည်း ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်ပါတယ်။

လူတစ်ယောက်အတွက် ပုံမှန်အိပ်ချိန်ဟာ (၇) နာရီကနေ (၉) နာရီအတွင်း ရှိသင့်ပေမဲ့ ထိုထက်ပိုပြီး အိပ်စက်တဲ့အခါ အောက်ပါဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

#ပိုပြီးနုံးချိလာခြင်း - အိပ်ချိန်များသွားတဲ့အခါ နိုးလာရင် လန်းဆန်းမယ့်အစား တစ်နေ့လုံး ထိုင်းမှိုင်းနေတာ၊ လူက ပျင်းရိပြီး အားအင်ကုန်ခမ်းနေသလိုမျိုး ခံစားရတတ်ပါတယ်။

#ခေါင်းကိုက်ခြင်းနှင့်ကိုယ်လက်မအီမသာဖြစ်ခြင်း - အိပ်ချိန်လွန်သွားခြင်းဟာ ဦးနှောက်အတွင်းက Neurotransmitters တွေကို သက်ရောက်မှုရှိစေလို့ မနက်နိုးတဲ့အခါ ခေါင်းကိုက်တာ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို ပျော့ခွေနေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

#ဟော်မုန်းနှင့်စိတ်ခံစားချက်မညီမမျှဖြစ်ခြင်း - ပုံမှန်မဟုတ်တဲ့ အိပ်စက်မှုစက်ဝန်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုကို ကမောက်ကမဖြစ်စေပြီး စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်အပြောင်းအလဲမြန်တာတွေကို ဖြစ်ပေါ်စေပါတယ်။

#တခြားရောဂါအခံများရှိနေနိုင်ခြင်း - အမြဲတမ်း အိပ်ငိုက်နေတာ ဒါမှမဟုတ် အိပ်ချိန်တွေ အရမ်းများနေတာဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဒါမှမဟုတ် စိတ်ဖိစီးမှုလိုမျိုး တခြားကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ကျန်းမာတဲ့ အိပ်စက်ခြင်းဆိုတာ ဘာလဲ? ကျန်းမာတဲ့ အိပ်စက်ခြင်းဆိုတာ အချိန်ပမာဏ မှန်ကန်ရုံတင်မကဘဲ ညစဉ် ပုံမှန်အချိန်တစ်ခုမှာ အိပ်စက်ပြီး ပုံမှန်အချိန်မှာ ပြန်နိုးထတဲ့ "စနစ်တကျရှိတဲ့ အိပ်စက်မှု" ကို ဆိုလိုတာပါ။
ဒါကြောင့် အိပ်ချိန်ကို အလွန်အကျွံ မဖြစ်စေဘဲ စနစ်တကျ အိပ်စက်အနားယူဖို့ တိုက်တွန်းလိုက်ရပါတယ်။

+



www.oschospitalmm.com

Holter ECG (၂၄) နာရီ ECG ဖြင့် နှလုံးခုန်နှုန်း စမ်းသပ်စစ်ဆေးခြင်း=========================▶️နှလုံးခုန်နှုန်းတွေမမှန်ဘဲ ...
14/03/2026

Holter ECG (၂၄) နာရီ ECG ဖြင့် နှလုံးခုန်နှုန်း စမ်းသပ်စစ်ဆေးခြင်း
=========================
▶️နှလုံးခုန်နှုန်းတွေမမှန်ဘဲ ရင်ထဲမှာ တလှပ်လှပ်ခံစားနေရတာလား?
▶️ရင်တုန်ပန်းတုန်ဖြစ်ပြီး ခေါင်းတွေအမြဲမူးနေသလား?
▶️ခြေတွေလက်တွေ မသယ်ချင်လောက်အောင် ပင်ပန်းနှုံးချိနေပြီလား?
▶️အသက်ရှူမဝဖြစ်နေပြီလား?
▶️ရင်ဘတ်တွေအောင့်နေပြီလား?
ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ နှလုံးကို စစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီ။
နှလုံးခုန်နှုန်း မူမမှန်ခြင်းကြောင့် နောက်ဆက်တွဲ နှလုံးရောဂါများ ဖြစ်လာနိုင်ပါတယ်။ နှလုံးခုန်နှုန်းမူမမှန်ခြင်းကို မကုသဘဲ ထားလျှင် လေဖြတ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း နှင့် နှလုံးရုတ်တရက် ရပ်ပြီး သေဆုံးခြင်း အစရှိတဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ခံစားရတတ်ပါတယ်။
ဒီလို မဖြစ်ရအောင် နှလုံးခုန်နှုန်း မှန်မမှန်ကို စစ်ဆေးကြည့်သင့်ပါတယ်နော်
နှလုံးခုန်နှုန်း မှန်မမှန်ကို ဘယ်လိုစစ်ဆေးကြည့်နိုင်မလဲဆိုရင် (၂၄) နာရီ Holter ECG ဖြင့် နှလုံးခုန်နှုန်းစမ်းသပ်ပြီး ရောဂါကို အလွယ်တကူ ရှာဖွေနိုင်ပါပြီ။
ရောဂါ စောလျင်စွာတွေ့ရှိပါက အချိန်မီကုသနိုင်ခြင်းကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။
နှလုံးခုန်နှုန်း စမ်းသပ်ဖို့ 24 hours ECG Holter ဝန်ဆောင်မှုကို OSC ဆေးရုံကြီးမှာ ရရှိနေပြီနော်။
-------------------------------------------------------------
အသေးစိတ်သိရှိလိုပါက
01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================


www.oschospitalmm.com

Address

No. 137/D, Thudhamma Road, North Okkalapa Township
Yangon
11031

Alerts

Be the first to know and let us send you an email when OSC Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OSC Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

OSC (Okkala Specialist Center) Hospital is a private hospital providing multidisciplinary medical care services with international healthcare standards and a subsidiary of AMPS (Aung Myin Pyae Sone Co.ltd) Company limited. The location of the hospital is No.137(D), Thudamma Main Road, North Okkalapa Township, Yangon, near to Mel Lamu Pagoda. The 6 storied 100-bedded hospital is built on large area of compound with adequate space for car parking, and it is just a few minute drive from Yangon International Airport and Tooth Relic Pagoda. International Standard of Organization (ISO 9001:2015) certification for OSC hospital was achieved in 2018 and it is also a member of UN Global Compact organization. The tertiary care center deliver high quality healthcare services with advanced medical technology.

OSC (Okkala Specialist Center) သည် AMPS (Aung Myin Pyae Sone Coltd.) လက်အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်ပါသည်။OSC ဆေးရုံသည် အမှတ် (၁၃၇) သုဓမ္မာလမ်းမကြီး ၊ မယ်လမုဘုရားအနီး ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ တွင်တည်ရှိသော အထွေထွေရောဂါကု ပုဂ္ဂလိကဆေးရုံကြီး ဖြစ်ပါသည်။ ကားရပ်နားရန် နေရာအလုံအလောက်ရှိသော ကျယ်ဝန်းသော မြေနေရာတွင် ခုတင် (၁၀၀)ဆန့် ၆ ထပ် ဆေးရုံကြီးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် စွယ်တော်မြတ် စေတီတော် တို့ဖြင့် နီးကပ်လျက်ရှိပါသည်။ International standard of organization (ISO 9001:2015) ရရှိထားပြီး UN Global Compact အဖွဲ့အစည်းဝင်ဖြစ်ပြီး အထူးကုဆရာဝန်ကြီးများ ၊ ကျွမ်းကျင်ဆရာဝန်ကြီးများမှ ခေတ်မီ စက်ကိရိယာများဖြင့် ၂၄ နာရီ ၀န်ဆောင်မှုပေးနေသော နိုင်ငံတကာအဆင့်မီ ဆေးရုံကြိးဖြစ်ပါသည်။