ကျန်းမာသုခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ကျန်းမာသုခ အထူးကုဆေးခန်း

ကျန်းမာသုခ အထူးကုဆေးခန်း အထွေထွေ နှင့် အကြောအဆစ် အထူးကုဆေးခန?

15/02/2025

သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျန်းမာသုခ​ဆေးခန်း တွင် လုပ်ကိုင်ရန် Nurse Aid (မ) အလိုရှိသည်။
-အသက် 20 မှ 30 ကြား
-Nurse aid သင်တန်းဆင်းဖြစ်ရမည်။
-ပညာအရည်ချင်းအနိမ့်ဆုံး (10) တန်းထိတက်ဖူးရမည်။
-တစ်ပတ် (၁)ရက် နားရက် ရပါမည်
-Page Messgener မှ တဆင့် CV ပို့၍ ​လျှောက်ထားနိုင်ပါသည်။

ကျန်းမာသုခ အ​ထွေ​​ထွေနှင့်အ​​ကြောအဆစ် အထူးကု​ဆေးခန်း
09444144417
68, လေးထောင့်ကန်လမ်းမကြီး၊ဘဝမြင့်မှတ်တိုင်

10/06/2024

သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျန်းမာသုခ​ဆေးခန်း တွင် လုပ်ကိုင်ရန် Nurse Aid (မ) အလိုရှိသည်။
-အသက် 20 မှ 30 ကြား
-Nurse aid သင်တန်းဆင်းဖြစ်ရမည်။
-ပညာအရည်ချင်းအနိမ့်ဆုံး (10) တန်းထိတက်ဖူးရမည်။
-တစ်ပတ် (၁)ရက် နားရက် ရပါမည်
-Page Messgener မှ တဆင့် CV ပို့၍ ​လျှောက်ထားနိုင်ပါသည်။

ကျန်းမာသုခ အ​ထွေ​​ထွေနှင့်အ​​ကြောအဆစ် အထူးကု​ဆေးခန်း

12/09/2023

ဆေးခန်းဖွင့်ချိန်မနက်(၁၀:၀၀မှညနေ၆:၀၀)အထိမီးလာသည်ဖြစ်စေမီးမလာသည်ဖြစ်စေစက်များနဲ့ကုသရန်လိုသူများလာရောက်လုပ်လို့ရပါတယ်ဘာကြေးမှလဲထပ်ပေးရန်မလိုပါ..

💦ကလေးနှာစီး၊နှာရည်ကျ၊နှာခေါင်းပိတ်ခြင်းခုလိုရာသီဥတုပူလိုက်အေးလိုက်စိုထိုင်းလာတဲ့အခါကလေးတွေမှာနှာစီးခြင်း၊နှာရည်ကျ၊နှာခေါ...
12/08/2022

💦ကလေးနှာစီး၊နှာရည်ကျ၊နှာခေါင်းပိတ်ခြင်း

ခုလိုရာသီဥတုပူလိုက်အေးလိုက်စိုထိုင်းလာတဲ့အခါကလေးတွေမှာနှာစီးခြင်း၊နှာရည်ကျ၊နှာခေါင်းပိတ်ခြင်းတွေဖြစ်တတ်ပါတယ်။

🍓ဖြစ်ရသည့်အကြောင်းအရင်း
ကလေးတွေရဲ့နှာခေါင်းနှင့် လည်ချောင်းမှာ ပုံမှန်အားဖြင့်အကျိအချွဲ လေးတွေရှိနေတတ်ပီးနှာခေါင်းအတွင်းလမ်းကြောင်းနှင့်လည်ချောင်းကိုခြောက်သွေ့မသွားထိန်းပေးထားခြင်းအပြင် ရောဂါပိုးမွှားတွေ ဝင်ရောက်ခြင်းကိုကာကွယ်ပေးပါတယ်။

👉ဒါပေမဲ့အကျိအချွဲတွေများလာတဲ့အ‌ကြောင်း(ရာသီဥတုပြောင်းခြင်း၊အ‌အေးမိခြင်း၊အမှုန်တွေရှုမိခြင်း) တွေရှိလာတဲ့အခါ ချွဲတွေစုပုံလာပီးနှာခေါင်းတွေပိတ်၊အသက်ရှုသံပြောင်းလာပီးနှာရည်ကျ၊ပိတ်၊ချွဲသံတွေဖြစ်လာတတ်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ နား၊ နှာခေါင်း၊ လည်ချောင်းက တဆက်တည်းဖြစ်နေတဲ့အတွက်နှာခေါင်းပိတ်တာနဲ့လည်ချောင်းထဲမှာပါအကျိအချွဲတွေများပီးချွဲသံဖြစ်ခြင်းကဆက်စပ်နေရခြင်းဖြစ်ပါတယ်။

🍄ကလေးငယ်လေးတွေမှာက‌လေးကြီးတွေထက်အကျိအချွဲများပီးမြန်မြန်နှာခေါင်းပိတ်ရတဲ့အကြောင်းအရင်းက ကလေးငယ်တွေမှာနှာခေါင်းအတွင်းလမ်းကြောင်းက ကျဉ်းနေသေးလို့ဖြစ်ပါတယ်။

👉နောက်တခုက ကလေးငယ်တွေရဲ့ခုခံစွမ်းအားစနစ်ကရောဂါပိုးမွှားတခုခုဝင်လာပီဆိုတာနဲ့ကာကွယ်ရန်အတွက် အကျိအချွဲပိုထွက်အောင် လှုံဆော်ပေးခြင်းကြောင့်ဖြစ်ပါတယ်။လေပြွန်တလျှောက်ရောင်ရမ်းနေတတ်ပါတယ်။

🍄နောက်ထပ်အကြောင်းရင်းတွေက
-ရာသီတုပ်ကွေး၊အဆုတ်ရောင်ခြင်း၊လေပြွန်ရောင်ခြင်း
-ကလေးအနီးနားမှာဆေးလိပ်သောက်ခြင်း
-ဓာတ်မတည့်ခြင်း
-ဖုန်ထူခြင်း
-ခွေး၊ကြောင်တို့တဲ့အမွှေးတွေရှိနေခြင်း
-ဓါတုပစ္စည်းများရှိခြင်း
-ရာသီဥတု ပြောင်းလဲခြင်း တို့ပဲဖြစ်ပါတယ်။

🍓နှာရည်အရောင်များ
ကလေးငယ်ရဲ့နှာရည်အရောင်ကလည်း ရောဂါပြင်းထန်မှု အခြအနေကိုဖော်ပြနေပါတယ်။
👉အဖြူရောင်–ပုံမှန်

👉အဝါရောင် – ကလေးက အအေးမိပြီး ရေဓာတ် အနည်းငယ်ခမ်းခြောက်နေတာပါ။

👉အစိမ်း/အညိုရောင် – ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ပိုးဝင်နေတာပါ။

👉အနီအညိုရောင် – နှပ်ချေးမှာ သွေးစတွေပါနေခြင်းပါ။

🛑ဝါ၊စိမ်း၊ညို၊နီ ဖြစ်ရင်အရေးကြီးပါတယ်။

🍓နှာစီး/ပိတ်ခြင်းကြောင့်ကလေးဘာတွေခံစားရနိုင်လဲ
ကလေးငယ်ရဲ့ နှာခေါင်း/လည်ချောင်းမှာ အကျိအချွဲတွေများလာရင် ကလေးအသက်ရှုရခက်ပီး နို့မစို့နိုင်၊အစားမစားနိုင်၊အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။

👉ကိုယ်အပူချိန်တက်ခြင်း

👉ကလေးမောပီးအသက်ရှုတဲ့အခါ "ရွီး၊ရွီး" ဆိုတဲ့လေချွန်သံလိုကြားရပီးမောနေတတ်ပါတယ်။

👉ကလေးတွေမှာချွဲတွေမဟပ်ထုတ်တတ်သေးတဲ့အတွက်ချွဲတွေများလွန်းရင်ချောင်းဆိုးရင်းအန်တာတွေဖြစ်လာကြပါတယ်။

🍓ကလေးနှာခေါင်းပိတ်တာအမြန်သက်သာအောင်ဘာတွေလုပ်ပေးမလဲ?

👉နှာခေါင်းအစက်ချဆေးချပေးခြင်း(Physiodose or normal saline)
ပိတ်တိုင်းထည့်လို့ရပါတယ်။တခါထည့်ရင်တစက်ကိုတဖက်ပီးမှခဏစောင့်ပီးတဖက်ထည့်ပေးပါ။

👉နှာခေါင်းချွဲစုပ်တဲ့စက်လေးတွေ၊ဘဲနှုတ်သီးလေးတွေအသုံးပြုပီးစုပ်ပေးလို့ရပါတယ်။နှာခေါင်းအဝတွင်သာထားရ်ျစုပ်ပေးပါ။

👉ရေဓာတ်မခမ်းခြောက်စေရန် အရည်များများတိုက်ပေးပါ။

👉ကလေးနှင့်ဓာတ်မတည့်နိုင်တဲ့ အငွေ့၊ဖုန်မှုန့်၊အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအမျှင်များနှင့် ဝေးဝေးထားပါ။

👉ကလေးကိုလူကြီးဒူးပေါ်တင်ပေးထားပီးနောက်ကျောကို ဖြေးဖြေးပွတ်ပေးပါ။

👉ကလေးနှာခေါင်းမှ အကျိအချွဲတွေကို နူးညံံ့တဲ့ အဝတ်၊tower နဲ့သုတ်ပေးပါ။

👉ရေနွေးနွေးဖြင့်ရေချိုးပေးပါ။

👉နွေးနွေးထွေးထွေးထားပါ။ခေါင်းစွတ်စွတ်ပေးထားခြင်း၊ခြေအိတ်လက်အိတ်ဝတ်ပေးထားပါ။
စသည်တို့ဖြစ်ပါတယ်။

🍓ဆရာဝန်နှင့်ဘယ်အချိန်ပြသဖို့လိုမလဲ?
-အထက်ပါနည်းတိုင်းပြုစုရ်ျမသက်သာခြင်း
-အဖျားတက်ခြင်း
-နှာရည်အရောင်-ဝါ၊စိမ်း၊ညို၊နီ ဖြစ်နေခြင်း
-ချောင်းဆိုးခြင်း၊ချွဲအန်ခြင်း
-အသက်ရှုတိုင်းအသံတွေမြည်နေခြင်း
-ကလေးအသက်ရှုနှုန်းမြန်နေခြင်း
-မစားနိုင်၊နို့မစို့နိုင်၊မှိန်းနေခြင်း
-ရင်ဘတ်အောင်ကြွက်သား၊နံရိုးကြားကြွက်သားတွေချိုင့်ဝင်ကာအသက်ရှုနေခြင်း
-အနီပြင်များထွက်လာခြင်း
-နှာခမ်းလေးတွေပြာခြင်း၊တက်ခြင်း တွေပါ။

🛑သတိပြုရန်
-နှာစီးပျောက်ဆေးအများစု(burmeton,cetrizine)က ကလေးအိပ်ချင်ပီးမှိန်းတာနဲ့မှားနိုင်ပါတယ်။
-နှာစီး၊နှာပိတ်ခြင်းက ကလေးတွေမှာသာမန်ဖြစ်နိုင်သလို ဆေးတွေမိမိသဘောနဲ့တိုက်ခြင်းဖြင့်ဆေးဒဏ်၊ရောဂါဒဏ်ကြောင့် ရက်ကြာလာရင်ကလေးပိုခံစားရပီးရှုပ်ထွေးလာနိုင်တဲ့အတွက်အထက်ပါနည်းလမ်းများတိုင်းသာပြုစု‌ပေးပီးဆေးဝါးများကိုဆရာဝန်နဲ့ပြသတိုင်ပင်ပီးမှသာတိုက်ဖို့အကြံပြုလိုက်ပါတယ်။
မေတ္တာဖြင့်

ဒေါက်တာကောင်းထက်ကျော်

Credit

 #ကိုယ်ဝန်ဆောင်မိခင်Diet ဒေါက်တာကြယ်စင်ယုမွန် - အာဟာရဆိုင်ရာ ဆရာဝန် ✅ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဟာ အာဟာရ ပြည့်ဝဖို့ အရေးက...
03/08/2022

#ကိုယ်ဝန်ဆောင်မိခင်Diet
ဒေါက်တာကြယ်စင်ယုမွန် - အာဟာရဆိုင်ရာ ဆရာဝန်

✅ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဟာ အာဟာရ ပြည့်ဝဖို့ အရေးကြီးပါတယ်။ မိခင်စားလိုက်တဲ့ အာဟာရတွေဟာ ကလေး ကြီးထွားဖို့ လိုအပ်ပါတယ်။

❌ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင် တွေ အစား မတရား ရှောင်တာမျိူး မလုပ်သင့်ပါဘူး။

နို့တိုက်မိခင်တွေဟာလည်း မိခင်နို့ အာဟာရပြည့်ဝဖို့ လိုပါတယ်။ ဒါမှ ကလေးတွေက အာဟာရ အပြည့်အဝ ရရှိမှာပါ။ ရေဓာတ်လည်း ပြည့်ဝ ဖို့ အရေးကြီးပါတယ်။

✅✅ ကိုယ်ဝန်ဆောင် မိခင်တွေ စားသင့်တဲ့ Diet ပုံစံ ကတော့ -

မနက်စာ - ပေါင်မုန့် 2 ချပ် + ကြက်ဥ 1 လုံး + နို့ တစ်ခွက် (မနက်စာ စားရင် နို့ တစ်ခွက် ပါအောင် သောက်ပါ)

နေ့လယ်စာ - ထမင်း ပန်းကန်ဝက် (သို့) 1 ပန်းကန် + အသား/ငါး 2 တုံး + အရွက်ကြော် 1 ခွက် + စွပ်ပြုတ် 1 ခွက်

အဆာပြေ - အသီး ဖျော်ရည်/ဒိန်ချဉ်/အသီး/ပူတင်း တစ်မျိုး

ညနေစာ - ထမင်း ပန်းကန်ဝက် (သို့) 1 ပန်းကန် + အသား/ငါး 2 တုံး + အရွက်ကြော် 1 ခွက် + ဟင်းချို 1 ခွက်

ညမအိပ်ခင် - နို့ တစ်ခွက် + ခရက်ကာ 4 ချပ်/ပေါင်မုန့် 1 ချပ်

တစ်ရက်ကို ရေ 2 လီတာခွဲလောက် သောက်ပေးပါ။

Credit

💦က‌လေးငယ်တွေရှိတဲ့အိမ်မှာသတိပြုပီးထားရမဲ့ပစ္စည်းများလွန်ခဲ့တဲ့ရက်‌ပိုင်းကထိုင်းနိုင်ငံမှာကလေးငယ်တယောက်မီးပလပ်ပေါက်ထဲဇွန်...
02/08/2022

💦က‌လေးငယ်တွေရှိတဲ့အိမ်မှာသတိပြုပီးထားရမဲ့ပစ္စည်းများ

လွန်ခဲ့တဲ့ရက်‌ပိုင်းကထိုင်းနိုင်ငံမှာကလေးငယ်တယောက်မီးပလပ်ပေါက်ထဲဇွန်းထည့်ပီးကိုင်လိုက်လို့ဓာတ်လိုက်သေဆုံးသွားကြောင့်ဖတ်ရလို့ဒီပို့စ်လေးရေးဖြစ်ခဲ့ပါတယ်။အလားတူအဖြစ်ပျက်များစွာရှိပါတယ်။

ကလေးငယ်လေးတွေထိုင်တတ်စအရွယ်ကစပီးမတ်တပ်သွားတတ်တဲ့အရွယ်၊စူးစမ်းတတ်တဲ့ အရွယ်တွေကို ရှိရင်သတိထားပီးစောင့်ကြည့်ဖို့လိုပါတယ်။ကလေးတွေနဲ့ဆို သတိထား စောင့်ကြည့်သင့်တဲ့ အိမ်က ပစ္စည်းတွေ အကြောင်း သတိပေးလိုက်ချင်ပါတယ်။

🍓ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ သတိထားသင့်တဲ့ ပစ္စည်းများ

👉ဓာတ်ခဲ အသေးစား

ကလေးဆေးရုံမှာအတွေ့ရအများဆုံးပါ။ကလေးအရုပ်ထဲမှာပါတတ်တဲ့ဓာတ်ခဲအပြား၊နာရီဓာတ်ခဲအပြားလေးကို ကလေးငယ်တွေ မျိုချမိ၊နှာ‌ခေါင်းထဲထည့်မိတတ်ပါတယ်။
အလားတူသတိထားရမှာကအစေ့အမျိုးမျိုး(ဩဇာစေ့၊ပြောင်းဖူး၊ခဲဖျက်ကဲ့သို့သောအရာများ)ပါ။

👉ချွန်ထက်တဲ့ အရာတွေ (ဓား)

ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားရင် အန္တရာယ်များနိုင်ပါတယ်။ ဓားထည့်စင်နဲ့ စီပြီးထားတာလည်း မတော်တဆ တိုက်ချမိနိုင်လို့ သတိထားပါ။
🍄ဓားအပါအဝင် ချွန်ထက်တဲ့ အရာတွေကို ကလေးတွေ မမှီနိုင်လောက်တဲ့ နေရာမှာ ထားပါ။

👉ဆေး
အိမ်မှာ ဆေးတွေ ဆောင်ထားသင့်တယ် ဆိုပေမယ့် သိမ်းဆည်းတဲ့ နေရာက အရေးကြီးပါတယ်။
🍄ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပီးကလေးတွေ မမှီတဲ့နေရာမှာ ထားသင့်ပါတယ်။

👉မှိုတက်နေတဲ့ ပစ္စည်းတွေ
မှိုအမှုန် သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ပန်းနာရင်ကျပ် နဲ့ တခြားဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်က မှိုလဲ ဆိုတော့ အိမ်က အစားအသောက် မှာ တက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့ မှို၊ အိမ်မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာ ဖြစ်တဲ့ မှို ဖြစ်ပါတယ်။

အရောင်စုံ ဖြစ်လာတတ်တဲ့ မှိုအမှုန်လေး တွေက ကျန်းမာရေး အတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ။ ရက်လွန်အစားအစာ တွေကို လွှင့်ပစ်ပါ။ အမှိုက် တွေကို စနစ်တကျစွန့်ပစ်ပါ။ မှိုတက်နေတဲ့ အရာတွေကို ကလေးတွေ မထိတွေ့မိစေဖို့ အိမ်သန့်ရှင်းရေး မကြာခဏ လုပ်သင့်ပါတယ်။

👉လျှပ်စစ်ပစ္စည်း၊မီးခလုတ်များ
ကလေးမှီသောနေရာမှာရှိတတ်တဲ့မီးခလုတ်ပေါက်လေးတွေ၊အားသွင်းကြိုး‌ခုံတွေကိုသတိထားသင့်ပါတယ်။စူးစမ်းတတ်တဲ့အရွယ်မှာလက်ထိုးထည့်တာတွေ၊မီးခလုတ်တွေနဲ့ကစားတာတွေကကလေးကိုဓာတ်လိုက်ခြင်းအန္တရယ်ကြုံတွေ့စေနိုင်ပါတယ်။

👉မီးဖို
ဂက်စ်မီးဖို၊မီး‌သွေးမီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင် ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ် အတွက်ပါ သတိထားရမယ့် အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အတိုင်းဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထု အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာ ထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်

ဒါ့ကြောင့် အလုံပိတ်အခန်း အတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ

• အိမ်ထဲမှာ (မီးဖိုနဲ့ မနီးကပ်ရပါ) ပန်ကာ ဖွင့်ထားပါ။

• ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေ ဖွင့်ထားပါ။

• မီးတောက်က ပြာလဲ့လဲ့ ဖြစ်ရပါမယ်။ လိမ္မော်ရောင် သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ။

• အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ။

• ဂက်စ်အိုး နားမှာ မီးနဲ့ ပတ်သက်တာ မယူလာပါနဲ့။ (ဥပမာ ဖယောင်းတိုင်) ဂက်စ်အိုး နဲ့ ပိုက်တွေ လုံမလုံ၊ ယိုစိမ့်မှု ရှိသလား အမြဲစစ်ဆေးပါ။

👉ရေတွင်း၊ ရေကန်
ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်တွေ တစ်ဝိုက်မှာ ရေညှိတွေနဲ့ ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှ လူကြီးတွေပါ အန္တရာယ် ကင်းနိုင်မှာပါ။ ရေချိုးခန်းထဲက အုတ်ကန်တောင် ကလေးတွေအတွက် မေ့မေ့လျော့လျော့ မထားပါနဲ့။

👉Flat တီဗီ

အထူးသဖြင့် ဆွဲချတတ်တဲ့ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ Flat တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင် လျှပ်စစ်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင် တွေကို လည်း သတိထား ကိုင်တွယ်ပါ။

တီဗီ ပလပ်ပေါက်တွေ ကလေး ကိုယ်တိုင် မဖွင့်၊ မပိတ်ဖို့ သတိထားစောင့်ကြည့်ပါ။ မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကို ကလေးတွေ ပေးကိုင်တဲ့ အကျင့်မလုပ်ပါနဲ့။

👉လှေကား ၊ ဝရံတာ

တိုက်ခန်းမှာ နေထိုင်သူတွေဆို အိမ်ရှေ့ဝရံတာ နဲ့ လှေကားတွေမှာ ကလေးတွေ ကို မျက်စိအောက်မှာပဲ စောင့်ကြည့်သင့်ပါတယ်။ ဆော့ကစားရင်း မတော်တဆ ပြုတ်ကျ၊ ချော်ကျ နိုင်ပါတယ်။

သားသားမီးမီးတို့အန္တရယ်ကင်းရှင်းကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

Credit
Dr Kaung Htet Kyaw

02/08/2022

ကျန်းမာသုခ အထွေထွေနှင့်အကြောအဆစ်အထူးကုဆေးခန်းမှ ထပ်တိုးကျန်းမာရေးဝန်ဆောင်မှုများအဖြစ် သားဖွားမီးယပ် နှင့် ကလေးအထူးကုဆရာဝန်ကြီးများ ကို ထပ်မံအားဖြည့်ထားပါတယ်ခင်ဗျာ။

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
Dr Thandar Lwin
အင်္ဂါ၊ ကြာသပတေး ညနေ ၅နာရီမှ၇နာရီ

ကလေးအထူးကုဆရာဝန်ကြီး
Dr Wint Khine Aye
တနင်္လာနေ့ မှ သောကြာနေ့အထိ
ညနေ ၄ နာရီမှ ၆နာရီအထိ

ဆရာဝန်ကြီးများနှင့်ပြသရန် စာရင်းပေးသွင်းလိုပါက ဆေးခန်းဖုန်း ၀၉၄၄၄၁၄၄၄၁၇ ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

06/09/2021

Covid ကာလတွင်ကျန်းမာသုခဆေးခန်းအားပိတ်ရက်မရှိနေ့စဥ်နံနက် ၁၀နာရီမှညနေ၅နာရီထိဖွင့်လှစ်လျက်ရှိပြီး အကြောအဆစ်အထူးကုဆရာဝန်ကြီးများမှလူနာများအား online teleconsultation ဖြင့်ကြည့်ရှုကုသပေးကာ လိုအပ်သည့် physiotherapy treatment များကို ဆေးခန်းရှိကျွမ်းကျင်သောphysiotherapist များမှ နေ့စဉ်ကုသပေးလျက်ရှိပါသည်။အိမ်အရောက်ကုသပေးရန်လိုအပ်သည့်လေဖြတ်လူနာများအတွက်လည်း အကြောအဆစ်အထူးကုဆရာဝန်ကြီးများမှ Onlineဖြင့်ကြည့်ရှုကုသပေးပြီးလိုအပ်သည့်ကုသမှုများကို physiotherapist ကာယကုပညာရှင်များမှအိမ်တိုင်ရာရောက်လိုက်လံကုသပေးလျက်ရှိရာမှ ယခု
1 .9 .2021 မှစ၍ နေ့လည် ၃ နာရီ မှ ၅ နာရီ အချိန်အတွင်း အကြောအဆစ်အထူးကုဆရာဝန်ကြီးများ ယခင်အတိုင်းဆေးခန်းသို့လာရောက်ကာ လူနာများကိုတိုက်ရိုက်ကြည့်ရှုကုသပေးသွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

***သွေးတိုးရောဂါ နှင့်နောက်ဆက်တွဲ လေဖြတ်ရောဂါအကြောင်း***ကမ္ဘာတစ်ဝန်း လူသန်းပေါင်းတစ်ထောင်မှာ သွေးတိုးရောဂါခံစားနေကြရပြီး...
27/07/2020

***သွေးတိုးရောဂါ နှင့်နောက်ဆက်တွဲ လေဖြတ်ရောဂါအကြောင်း***
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းတစ်ထောင်မှာ သွေးတိုးရောဂါခံစားနေကြရပြီး နှစ်စဉ် ၇ ဒသမ ၁ သန်း သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း သွေးတိုးရောဂါခံစားနေရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာနေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) လို့တင်စားခေါ်ဝေါ်ကြပါတယ်။

****သွေးတိုးရောဂါဆိုသည်မှာ*****
သွေးပေါင်ချိန် ၁၄၀/၉၀ နှင့်အထက်ရှိပါကသွေးတိုးရောဂါသွေးတိုးရောဂါဟုသတ်မှတ် ပါသည်။
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
- အဆီအဆိမ့်အငန်အလွန်အကျွံစားသုံးခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဆေးလိပ်အရက်သောက်သုံးခြင်းစသည့် လူနေမှုပုံစံများကြောင့်ဖြစ်နိုင်ပါသည်။
သွေးတိုးရောဂါလက္ခဏာများ
• ခေါင်းမူးမည်
• ခေါင်းကိုက်မည်
• ဇက်ကျောတက်မည်
• အော့အန်မည်
• မိုက်ခနဲ မိုက်ခနဲ ဖြစ်မည်
• သတိလစ်မည်

**သွေးတိုးရောဂါရှိလျှင် နောက်ဆက်တွဲအနေဖြင့်**
• လေဖြတ်နိုင်ပါသည်
• မျက်စိကွယ်နိုင်ပါသည်
• နှလုံးရောဂါဖြစ်ပွားနိုင်သည်
• ကျောက်ကပ်ပျက်ဆီးနိုင်ပါသည်
• အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါသည်။
**လေဖြတ်ရောဂါလက္ခဏာများ**
• ခေါင်းကိုက်ခြင်း၊ ခေါင်းမူး‌‌ဝေလာခြင်း
• မအီမသာဖြစ်လာခြင်း
• မျက်နှာ(သို့)ပါးရွဲ့နေခြင်း
• ကိုယ်လက်အင်္ဂါလေးလံလာခြင်း
• ထုံကျင်လာခြင်း
• လက်တစ်ဖက်မမြှောက်နိုင်ခြင်း
• စကားပြောရန်ခက်ခဲခြင်းနှင့်ဗလုံးပထွေးပြောနေခြင်း
ထိုကဲ့သို့ ​ရောဂါလက္ခဏာများရှိခဲလျှင် နီးစပ်ရာ​ဆေးရုံ ​ဆေးခန်းသို့ အလျင်အမြန် သွား​​ရောက်ပြသပါရန် နှင့် ထိုသို့ပြသသည့် အချိန်တွင် စတင်ဖြစ်ပွားသည့်အချိန်ကို အသိ​ပေးရပါမည်။ ​လေဖြတ်​ရောဂါသည် ပြန်ဖြစ်လွယ်​သော​​ရောဂါဖြစ်သဖြင့် အထ​အောက်ဖော်ပြပါ လိုက်နာရမည့်အချက်များကို သတိပြုလိုက်နာပြူမူ​နေထိုင်သင့်ပါသည်။

***သွေးတိုးနှင့်လေဖြတ်ရောဂါကာကွယ်ရန်လိုက်နာရမည့်အချက်များ***

• အငန်ဓါတ်ပါဝင်သောအစားအစာများရှောင်ကျဥ်ခြင်း
• ဆီအများအပြားပါသောအစားအစာများအလွန်အကျွံစားသုံးခြင်းမှရှောင်ကျဥ်ခြင်း(ဥပမာ ဝက်သား၊အမဲသား စသည့်တိရိစ္ဆာန် များမှထွက်သောအဆီများ ၊ စားအုန်းဆီ နှင့်ထောပတ်များ)
• အသင့်ပြုလုပ်ထားသောအစားအစာများကိုရှောင်ကျဥ်ခြင်း (ဥပမာ ခေါက်ဆွဲခြောက်၊ ဆီသွပ်ဘူး)
• လက်ဆက်သောဟင်းသီးဟင်းရွက်များကိုစားပေးခြင်း
• ဝမ်းချုပ်ခြင်းမှကာကွယ်ရန် အမျှင်ဓါတ်ပါဝင်သောအစားအစာများကိုစားပေးခြင်း
• အသားဓါတ်အများအပြားပါဝင်သောအစားအစာများကိုစားပေးခြင်း (ငါး၊ကြက်သား၊ပဲအမျိုးမျိုး၊အဆီထုတ်ထားသောနွားနို့)
• ရေကိုအနဲဆုံး တစ်နေ့ ၃ လီတာခန့်သောက်သုံးခြင်း
• ဆေးလိပ်၊အရက်၊ကွမ်းယာစားသုံးခြင်းမှရှောင်ကျဥ်ခြင်း
• စိတ်ဖိစီးမှုများကို တတ်နိုင်သမျှနည်းအောင်လျှော့ချခြင်း
• ကိုယ်လက်လှုပ်ရှားမှုကိုနေ့စဥ်ပုံမှန်ပြုလုပ်ခြင်း
• ဆရာဝန်ညွှန်ကြားထားသောဆေးများကိုအချိန်မှန်မှန်သောက်သုံးခြင်း
• သွေးပေါင်ချိန်ပုံမှန်တိုင်းပေးခြင်း
• ကောင်းစွာအိပ်စက်အနားယူခြင်းတို့ကို လိုက်နာကျင့်သုံးသင့်ပါသည်။

အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

CREDIT – JICA
…………………………………………………..

.........မင်္ဂလာပါ.....ကျန်းမာသုခ အထွေထွေနှင့် အကြောအဆစ်အထူးကုဆေးခန်းမှ လူကြီးမင်းတို့၏ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လ...
07/06/2020

.........မင်္ဂလာပါ.....

ကျန်းမာသုခ အထွေထွေနှင့် အကြောအဆစ်အထူးကုဆေးခန်းမှ လူကြီးမင်းတို့၏ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ရောဂါဝေဒနာအမျိုးမျိုးကို အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေး‌နွေးနိုင် ၍ Physiotherapist (အကြောအဆစ်ပညာရှင်) များမှ ခေတ်မှီ Electrotherapy စက်ကြီးများဖြင့် နာကျင်မှုမရှိ ဘေးထွက်ဆိုးကျိုး မရှိစေဘဲကုသပေးခြင်းဖြင့်လည်းကောင်း၊ Exercise therapy လေ့ကျင့်ခန်းကုထုံး များဖြင့်လည်းကောင်း စနစ်တကျကုသပေးလျှက်ရှိပါသည်။

**ကုသပေးနိုင်သောရောဂါများ**

၁။ လည်ပင်းကျီးပေါင်းတက်ခြင်းကြောင့် ခံစားရသော နောက်ဆက်တွဲဝေဒနာများ (ခေါင်းမူးခြင်း၊ အကြောတက်ခြင်း၊ လက်များထုံကြဥ်ခြင်း) ၊ ဇက်ခိုင်ခြင်း
၂။ ပခုံးကပ်ခြင်း နှင့် ပခုံးကြွက်သားအရွတ်များရောင်ရမ်းခြင်း ၊ ပခုံးနာကျင်ခြင်းနှင့် နောက်ဆက်တွဲဝေဒနာများ ဖြစ်သည့် (လက်လှုပ်ရှားမှုမရခြင်း၊ လက်ကြွက်သားများအားနည်းခြင်း)
၃။ ခါးနာခြင်း၊ ခါးကျီးပေါင်းတက်ခြင်း ကြောင့် ခံစားရသောနောက်ဆက်တွဲဝေဒနာများ (ပေါင်တန်းနာခြင်း၊ ခြေထောက်များထုံကြဥ်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း)
၄။ ခါးရိုးဆစ်ကျွံခြင်း၊ အာရုံကြောထိခိုက်မှုကြောင့် ခါးအောက်ပိုင်းမသန်စွမ်းခြင်းနှင့် နောက်ဆက်တွဲလှုပ်ရှားမှုခက်ခဲခြင်း၊ ကြွက်သားများအားနည်းခြင်း
၅။ ထိခိုက်ဒဏ်ရာအမျိုးမျိုးကြောင့် ဒူးနာခြင်း၊ အသက်အရွယ်ကြောင့် ဒူးနာခြင်း
၆။ လေးဘက်နာရောဂါကြောင့် အဆစ်အမြစ်များရောင်ရမ်းခြင်း နှင့် အခြားအဆစ်ရောင်ရောဂါအမျိုးမျိုး
၇။ လက်ကောက်ဝတ်များနာကျင်ခြင်း၊ လက်ချောင်းအဆစ်များ ရောင်ရမ်းနာကျင်ခြင်း၊ ကွေးဆန့်ရန်ခက်ခဲခြင်း
၈။ ခြေတလုံးကြွက်သားများတောင့်တင်းခြင်း၊ နာကျင်ခြင်း
၉။ ခြေဖနောင့်အတက်ထွက်ခြင်း နှင့် ခြေဖဝါးအရွတ်ဖြား ရောင်ရမ်းခြင်း
၁၀။ မျက်နှာတခြမ်းရွဲ့ခြင်း
၁၁။ လေဖြတ်၊ လေဖြန်းခြင်းကြောင့် နောက်ဆက်တွဲမသန်စွမ်းမှုများ
၁၂။ အားကစားနှင့် မတော်တဆ ထိခိုက်မှုများကြောင့် အရွတ်ရောင်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်း
၁၃။ အရိုးကျိုး ပြီးနောက်ဆက်တွဲဝေဒနာများဖြစ်သည့် အဆစ်ရောင်ရမ်းခြင်းနှင့် လှုပ်ရှားမှုပုံမှန်မရခြင်း
၁၄။ မွေးရာပါအာရုံကြောအားနည်း၍ မသန်စွမ်းခြင်း
၁၅။ အဆုပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် အသက်ရှူလေ့ကျင့်ခန်းများ သင်ကြားပေးခြင်း
၁၆။ အခြားအကြောအဆစ်ဝေဒနာအမျိုးမျိုး

ခေတ်မှီ Electrotherapy စက်ကြီးများဖြင့် ကုသမှုများပြုလုပ်ရန်အတွက် လူကြီးမင်းများအနေဖြင့် ကျွန်တော်များဆေးခန်းရှိ ဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဆွေး‌နွေး၍သော်လည်းကောင်း၊ တခြားသောဆေးခန်းမှ ဆရာဝန်ကြီးများ နှင့်တိုင်ပင်၍ ကျွန်တော်များဆေးခန်းသို့ လွှဲအပ် (Refer) ပြုလုပ်၍သော် လည်းကောင်း ကုသနိုင်ရန်အတွက် ကျန်းမာသုခဆေးခန်းမှ ဝန်ဆောင်မှုများပေးနေပြီ ဖြစ်ပါတယ်ခင်ဗျာ။

အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။(ဘဝမြင့်မှတ်တိုင်အနီး)
Ph : 09-444144417
ဆေးခန်းဖွင့်ချိန်- နံနက် ၁၀ : ၀၀ - ည ၇ : ၃၀ နာရီ

ရာသီတုပ်ကွေးရောဂါ နှင့် တုပ်ကွေးကာကွယ်ဆေး (Influenza Vaccine)ကျွန်တော်တို့ ကျန်းမာသုခ အထူးကုဆေးခန်းတွင် 2020 အတွက် တုပ်က...
31/05/2020

ရာသီတုပ်ကွေးရောဂါ နှင့် တုပ်ကွေးကာကွယ်ဆေး (Influenza Vaccine)
ကျွန်တော်တို့ ကျန်းမာသုခ အထူးကုဆေးခန်းတွင် 2020 အတွက် တုပ်ကွေးကာကွယ်ဆေး (Influenza Vaccine) လာရောက် ထိုးနှံနိုင်ပါပြီ။
ဇွန်လ မှ စက်တင်ဘာလ အထိ မိုးကာလများသည် မြန်မာနိုင်ငံအတွက် တုပ်ကွေးအဖြစ်များသော ရာသီချိန် ဖြစ်ပါသည်။ ရာသီအချိန်မှီ ကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် အလွန်အရေးကြီးပါတယ်ခင်ဗျာ။
ရာသီတုပ်ကွေးရောဂါလက္ခဏာများ ကတော့
• အဖျားရှိခြင်း
• ခေါင်းကိုက်ခြင်း
• ချောင်းဆိုးခြင်း
• လည်ချောင်းနာခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း
တို့ဖြစ်တဲ့အတွက် ယခုလို ရောဂါ ကူးစက်နေချိန်တွင် ရောဂါလက္ခဏာများယွင်း မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် အလွန်အ‌ရေးကြီးပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းသည် ရာသီတုပ်ကွေး ဖြစ်ပွားမှုကို
ထိရောက်စွာ ကာကွယ်ပေးရုံမျှမက ဖြစ်ပွားပါကလည်းရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။
• အသက် ၃နှစ်အထက်ကလေးများ
• အသက် ၆၀ ကျော်အဖိုးအဖွားများ
• သွေးတိုး၊ ဆီးချို နှင့် နာတာရှည်‌ရောဂါရှိသူများ
• ကျန်းမာရေးဝန်ထမ်းများ
• အပြင်ထွက်၍ လူအများနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ
အနေဖြင့် ကာကွယ်ဆေးကြိုတင်ထိုး ထားသင့်ပါတယ်။ ဆေးထိုး ပြီး Antibody ထွက်ချိန် နှစ်ပါတ်ကြာသောကြောင့် ယခုအချိန်ထိုးနှံခြင်း သည် ထိရောက်မှု အရှိဆုံးဖြစ်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့အနေဖြင့် ကာကွယ်ဆေးထိုးရန် အောက်ပါဖုန်းနံပါတ်သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်မြို့။
Ph : 09-444144417

မင်္ဂလာပါခင်ဗျာယခု လက်ရှိ ဖြစ်ပွားနေသော Covid 19 Virus သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ကူးစက်မှုများရ...
30/05/2020

မင်္ဂလာပါခင်ဗျာ
ယခု လက်ရှိ ဖြစ်ပွားနေသော Covid 19 Virus သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ကူးစက်မှုများရှိနေပါသည်။ ကျွန်တော်များ ကျန်းမာသုခ အထွေထွေနှင့် အ‌ကြောအဆစ်အထူးကု ဆေးခန်းမှ လူကြီးမင်းတို့၏ ဘေးအန္တရာယ်ကင်းရှင်း ရေး ကို အထူး ဂရုပြု ကာကွယ်မှုများပြုလုပ်ထားပါသည်။ ကျွန်တော်များ ဆေးခန်းမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူနာ များစနစ်တကျလက်ဆေးနိုင်ရန် စီစဥ်ထားရှိခြင်း၊ လူနာတစ်ဦးကုသမှုပြီးတိုင်း စနစ်တကျ ပိုးသတ်ဆေး ဖြန်းခြင်း၊ ဆေးခန်းမှ ဆရာဝန် ဆရာမ အကူဝန်ထမ်း များ ကာကွယ်ရေးဝတ်စုံ အပြည့်ဖြင့်ဝန်ဆောင်မှု ပေးခြင်း များကို စနစ်တကျ စီစဥ်ထားရှိပါသည်။ လူကြီးမင်းတို့၏ ဘေးကင်းလုံခြုံ‌ရေး သည် ကျွန်တော်တို့ ၏ ဦးစားပေး တာဝန်ဖြစ်ပါသည်။ လူကြီးမင်းတို့မှ လည်း နှာခေါင်းစည်း (Mask)တပ်ခြင်း၊ စနစ်တကျလက်ဆေးခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ခြင်းဖြင့် Covid 19 ကိုပူးပေါင်းကာကွယ်ပေးကြပါခင်ဗျာ။
ဆေးခန်းဖွင့်ချိန် ပိတ်ချိန် နှင့် လူနာများအချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ မဖြစ်စေရန် အတွက် ဆေးခန်း ဖုန်း ၀၉-၄၄၄-၄၄၄၁၇ ကို ဆက်သွယ်၍ ကြိုတင် Booking တင်ပေးကြပါခင်ဗျာ။.......
ကျန်းမာသုခ အထွေထွေ နှင့် အကြောအဆစ် အထူးကုဆေးခန်း မှ
ခါးနာခြင်း၊ ဒူးနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျီးပေါင်းရောဂါအမျိုးမျိုး၊ လေးဘက်နာအဆစ်ရောင်ရမ်းခြင်း နှင့် အခြားအဆစ်ရောင်ရောဂါအမျိုးမျိုး စသည့်အကြောအဆစ်ဝေဒနာများ နှင့် လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ အာရုံကြောအားနည်းခြင်း စသည့် ဝေဒနာများကို
အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေး အထူးကုဆရာဝန်ကြီး များနှင့် ပြသတိုင်ပင်ဆွေးနွေးပြီး ကျွမ်းကျင်အကြောအဆစ်ကုပညာရှင် (Physiotherapist) များ မှ နောက်ဆုံးပေါ် အကြောအဆစ်ကု Electrotherapy စက်ကြီး များဖြင့် ထိရောက်စွာကုသပေးလျက်ရှိပါသည်။......................
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်မြို့။
Ph : 09-444144417

Address

Yangon
11071

Telephone

+959444144417

Website

Alerts

Be the first to know and let us send you an email when ကျန်းမာသုခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram